ဝင်္ကပါလမ်းကလေးများ အပိုင်း ( ၄ )
လမင်းအေးချမ်း ရေးသည်။
စက်ရုံမှာ အချိန်ပို ဆင်းရတာစိပ်လာတဲ့နောက်ပိုင်း ခြံထဲ မရောက်ဖြစ်တာ ကြာသွားသည် ။ မနေ့ညက အဘ ဖုန်းလှမ်းဆက်သည် ။ ခြံက စည်းရိုးဘက်နှင့် ကပ်နေသော အပင်များ တစ်စုံတစ်ခုကြောင့် ပျက်စီးနေတာ ခဏခဏရှိနေပြီ ဖြစ်ကြောင်း တချို့နေရာများ၌လည်း စည်းရိုးများ သဘာဝမဟုတ်ပဲ ပျက်ယွင်းနေတာတွေ့ကြောင်း ပြောသည် ။
အဘက အသက်ကြီးပြီဖြစ်တာကတကြောင်း တစ်ယောက်တည်းဖြစ်နေတာကတကြောင်းကြောင့် အရင်လို ခြံထဲ အားစိုက် လှည့်ပတ်မကြည့်ရှုနိုင်တော့သလို မိမိ ကိုယ်တိုင်လည်း မခိုင်းတော့ပါ ။ အရေးကြီး သည့် ပင်မ အဆောက်အဦး နှင့် စိုက်ခင်းတချို့ကိုသာ ကြည့်ရှုခိုင်းတော့သည် ။ မိမိကိုယ်တိုင်လည်း သွားတိုင်း သေချာ ဂရုစိုက် စေ့စေ့စပ်စပ် လိုက်ကြည့်ပြီး လိုအပ်တာ ပြုပြင်ပေးဖြစ်ပေမယ့် အခုလို ခပ်ကြာကြာ မသွားဖြစ်တာစိပ်လာလျင်တော့ ပိုမို အဆင်မပြေ ဖြစ်လာနိုင်သည် ။
ဆန္ဒရှိတာ ကြာပေမယ့် လက်တွေ့မလုပ်ဖြစ်သေးသည့် စီစီတီဗွီ နှင့် ထိန်းချုပ်ဖို့ စဉ်းစားကြည့်သည် ။ ခြံပတ်လည် အရေးကြီးနေရာများ ၊ အဆောက်အဦး အရေးကြီး နေရာများကို သေချာတွက်ချက်ကြည့်တော့ အရေအတွက်များများတက်ရမှာဖြစ်သည့်အတွက် ကုန်ကျမည့်စားရိတ်က မနည်းလှပေ ။ ဦးလေးချန်ထားခဲ့သည့်အထဲကပဲ ထုတ်သုံးရတော့မည် ။ မိမိဒရိုင်ဘာလစာနဲ့က မဖြစ်နိုင်ပါ ။ ကုန်ကျစားရိတ်ထက် စနစ်ပိုကျစေချင်သောကြောင့် အေးဂျင့် ကိုပဲ အပ်ပြီး တပ်ဆင်ရန် ပြင်ဆင်သည် ။ စိတ်ချရသည့် မိတ်ဆွေများနှင့် ချိတ်ဆက်ပြီးအသေးစိတ်ဆွေးနွေးဖြစ်သည် ။
စီစီတီဗွီ ကိစ္စနဲ့ မြို့ထဲရောက်ဖြစ်တော့ မေရီကို မွေးနေ့လက်ဆောင် တစ်ခုခု ဝယ်ပေးဖို့ သတိရသည် ။ သေချာဝယ်ပေးပြီးမှ သဘောမကျမှာလည်း စိုးသည် ။ ပိုးပိုးမွေးနေ့တုန်းကဆို သူ့ကိုယ်ပါခေါ်ပြီး စိတ်ကြိုက်တစ်ခုခု ဝယ်ပေးဖြစ်သည် ။ မေရီကိုတော့ အလုပ်ကိစ္စနှင့် အပြင်ထွက်ဖြစ်မှပဲ သူကြိုက်တာ ဝယ်ပေးတော့မည်ဟုသာ စိတ်ပိုင်းဖြတ်လိုက်သည် ။
စီစီတီဗွီများ တစ်ပါတ်လောက်အချိန်ယူ တပ်ဆင်ပြီးနောက်မှာ သူ့စိတ်တိုင်းကျ ဖြစ်သွားသည် ။ ဝါယာလက် စနစ်ကို အဓိကထားပြီး မိန်းကွန်ထရိုးက အွန်လိုင်းကနေ တိုက်ရိုက်မို့ ပိုမို အဆင်ပြေသည် ။ ရက်ကော့သိမ်းတာ ပြုတာ လိုချင်သည့် မြင်ကွင်း အော်တိုဒီဂရီ အရွေ့အပြောင်း အတော်များများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းကနေ ပြုလုပ်နိုင်သည် ။ အော်တိုရက်ကော့ဒင်း ပါသလို နိုက်ရှု ပါ အဆင်ပြေအောင် ကင်မရာ တွေကို အဆင်အပြေဆုံး အသုံးပြုဖြစ်သည် ။
အထူးသဖြင့် တိုက်ကလေး ဝန်းကျင်မှာ ဟိုက်ရီဆိုလူးရှင်း ကမ်မရာတွေကိုပဲ တပ်ဆင်ထားလို့ အနီးကပ် အဆချဲ့ ကြည့်နိုင်သည် ။ တိုက်ကလေး အတွင်းဘက်မှာတော့ တပ်ဆင်ရန်မလိုဟု ယူဆပြီး တပ်ဆင်သည့် အစီအစဉ်ထဲ မပါပေ ။ သို့ပေမယ့် လာတပ်ဆင်သော အိုင်တီ ဆရာ၏ အကြံပေးမှုကြောင့် အိပ်ခန်းအတွင်းဘက် အပေါ် မျက်နှာကြက်ထောင့်မှာ လျို့ဝှက်ကင်မရာတစ်လုံးတပ်ဆင်ဖြစ်လိုက်သည် ။
" အကို့ အရေးကြီးတာတွေ ဒီမှာပဲ သိမ်းတတ်တယ်ဆိုရင်တော့ လိုလိုမယ်မယ် တပ်ထားလိုက်တာ ကောင်းပါတယ် ကျွန်တော် ပီဇယ် ကောင်းကောင်းလေး တပ်ပေးထားမယ် "
သူပြောတာလည်း မှန်သည် ။ မြို့ထဲ တိုက်ခန်းထက် ဒီမှာပဲ အရေးကြီးတာတွေ စာရွက်စာတမ်းတွေ သိမ်းဆည်းထားသည် ။ အခန်းထောင့်တွင် အခန်းကျဉ်းလေးတစ်ခု သက်သက် တည်ဆောက်ထားပြီး အထဲတွင် မီးခံသေတ္တာနှင့် သေချာသိမ်းသည် ။
အကုန်လုံးပြီးစီးတော့ သူတော်တော်စိတ်တိုင်းကျသွားသလို အဘလည်း တော်တော်အဆင်ပြေသွားသည် ။ ရှေးလူကြီးမို့ ခေတ်မှီကိရိယာ တွေ အသုံးပြုပုံကို နားမလည်ပေမယ့် သူစိတ်ချသွားပုံတော့ရသည် ။ စိတ်ပူလည်း ပူရှာမှာပေါ့ ။ ဒီခြံမှာတင်ပဲ နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့တာဖြစ်သောကြောင့် သူ့ခြံသူ့အိမ် လို ဖြစ်နေပြီပဲလေ ။
.............................................................................
" မေရီ "
" ရှင် "
အလုပ်ကိစ္စနှင့် မြို့ထဲရောက်ခိုက် ကားနောက်ခန်းမှာ ပါလာသည့် မေရီက စာရွက်စာတမ်းတွေ ကြည့်နေရာမှ ခေါင်းမော့ ပြန်ဖြေသည် ။
" အကို ခဏ ပြောလို့ရလား "
" ရတယ်လေ အကို ပြော "
" မွေးနေ့လက်ဆောင် ဝယ်ပေးချင်လို့လေ ရက်တော်တော်ကျော်နေပြီ ဆိုပေမယ့်ပေါ့ "
" ဟာ ရပါတယ် "
ပြောရင်း နှုတ်ခမ်းထော်ထော်လေးနှင့် စပ်ဖြဲဖြဲ လုပ်နေသည် ။
" မဟုတ်ဘူးလေ ကြာဇံကြော်စားထားတော့ တစ်ခုခု ပြန်ပေးချင်တာ နောက်ပြီး ကလေးကလည်း မုန့်ဝယ်ကျွေးမယ်ဆို "
" အယ် အဲ့တာကို မှတ်ထားတာလား လကုန်မှ ဝယ်ကျွေးမယ်လေ ခုက နိုး မန်းနီး ဟီးးး "
နှစ်ယောက်သား ပြိုင်တူ ရယ်မိသည် ။
" အကိုက နောက်တာပါကွ အကို ဝယ်ကျွေးပါ့မယ် လက်ဆောင်လည်း ကလေး ကြိုက်တာ တစ်ခုခုဝယ်ပေးရင်းလေ "
ကလေးမ တွေးတွေးဆဆဖြစ်သွားသည် ။ မီးပွိုင့် မိနေတုန်းဖြစ်သောကြောင့် နောက်လှည့် ကြည့်တော့ ခဏမျှ အကြည့်ချင်းဆုံသွားသည် ။ မေရီက အရင်မျက်လွှာချသွားသည် ။
" အကို စက်ရုံထဲမှာလည်း ကောင်မလေးတွေကို အဲ့လို အပြောတွေနဲ့ သိမ်းသွင်းခဲ့တာလား "
ရုတ်တရက် ရုတ်တည်ကြီးနဲ့ အမေးခံလိုက်ရလို့ ကြောင်အမ်းအမ်းဖြစ်သွားသည် ။
" ရည်းစားတွေ အများကြီးထားတယ် ကြားလို့လေ "
" ဘယ်သူပြောတာလဲ ကွ "
" အဘ ဦးတင်မောင် လေ "
ဒီလူကြီး လုပ်ချလိုက်ပြန်ပြီ ။ စိတ်ထဲ ရေရွတ်ရင်း ပြန်ပြုံးပြလိုက်သည် ။
" သူပြောတာ မေရီက ယုံလို့လား "
" အံမယ် မဟုတ်တာကျနေတာ ထားပါတော့ လာမယ့်ပိတ်ရက် မေရီလည်း သင်တန်းတစ်ခု စုံစမ်းဖို့ မြို့ထဲ သွားဖို့ရှိတယ် တွေ့ကြမယ်လေ မြို့ထဲမှာ "
မီးပွိုင့်လည်း မီးစိမ်းပြောင်း ရင်ထဲလည်း ရထားတစ်ခု စတင်ခုတ်မောင်းသွားသည် ။
..........................................................................................
ချိန်းထားသည့် မြေနီကုန်းတံတား အဆင်းနားက ကော်ဖီဆိုင်ကို နာရီဝက်လောက်ကြိုရောက်ဖြစ်နေသည် ။ တစ်နာရီကျော်ကြာမှ ကော့ကော့ ကော့ကော့နှင့် မေရီ ရောက်လာသည် ။ ရိုးရိုး ရှပ် အဝါလေးကိုပဲ အပေါ်ကနေထမိန်အမဲရောင်လေးကို ခပ်တင်းတင်းစည်းပြီး သူ့မစတိုင်အတိုင်း ဝတ်လာသည် ။ အစကတည်းက မိတ်ကပ်သိပ်မသုံးသော သူမ နှုတ်ခမ်းထော်လေးကို နီရဲ နေအောင် ဆိုးထားသည် ။ နဖူးမှာတော့ ချွေးစတွေနှင့် ။
" ဆောရီး အကို ညီမ နောက်ကျသွားတယ် "
" ရတယ် တစ်ခုခုစားရအောင် ဘာစားမလဲပြော အကိုက အအေးပဲသောက်ပြီး ကလေးကို စောင့်နေတာ "
" ဟာ အဲ့ဒီကလေးကြီး မခေါ်ပါနဲ့ ကလေးမဟုတ်တော့ဘူးဗျ "
ဗျ ဆိုတာ သုံးတော့ မဆီမဆိုင် ကြည်ပြာ့ကို သွားသတိရမိသေးသည် ။
" မေရီ ပဲ ကျွေးမယ် မကျွေးရရင် လက်ဆောင် မယူဘူးနော် "
ပြောပြောဆိုဆို ပိုက်ဆံအိတ်အသေးလေးယူပြီး ထွက်သွားသည် ။ ဆံပင်တွေက နောက်ကျောဘက်မှာသေသေသပ်သပ်ချထားလို့ ကြည့်ကောင်းလှသည် ။ အိပ်မက်ထဲက ပုံစံမျိုးပင် ။
" ကြေးအိုးပဲ မှာလိုက်တယ်နော် ကြိုက်တယ်မလား "
ခဏကြာတော့ တုန်ကင်နံပါတ်ပြားလေးကိုင်ပြီး ပြန်ရောက်လာသည် ။
" အွန်း "
တစ်လုံးတည်းပြောပြီး သူမကိုသာ စိုက်ကြည့်နေမိသည် ။ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက် မေရီက စကားစသည် ။
" အကိုက ဒီကပဲလား ရန်ကုန်ဇာတိလား "
တိုတိုနှင့်လိုရင်း ပဲ ရှင်းပြလိုက်သည် ။ ပြောသမျှ ခေါင်းလေးညှိမ့်ပြီး နားထောင်နေသည် ။
" စိတ်မကောင်းစရာပဲနော် "
" ညီမ က မန်းကလေ အဖေက ငယ်ငယ်ကလေးထဲက ဆုံးသွားတာ အမေနဲ့ အမ နှစ်ယောက်ရှိတယ် အိမ်ထောင်မကျကြသေးဘူး အကြီးဆုံးအမက အကိုနဲ့ရွယ်တူလောက်ပဲ ရှိမယ် "
" အော် ဟုတ်လား ညီမလိုပဲ အချောမျိုးလား "
သူမ သွားလေးတွေ ပေါ်အောင်ရီသည် ။
" ညီမထက်ချောတယ် မန်းရောက်ဖြစ်ရင် လာလည်လေ မိတ်ဆက်ပေးမယ် "
တုန်ကင်ပြားလေး မီးလင်းလာလို့ ကိုယ်တိုင်ပဲ ထယူပေးလိုက်သည် ။ ကြေးအိုး စားနေခိုက် ပြောလက်စ စကားက ပြတ်သွားသည် ။ စားနေရင်း အသားဖတ် တော်တော်များများကို မိမိထဲ လာလာ ထည့်ပေးနေသည် ။
" မကြိုက်ဘူးလား အသား "
" ကြိုက်တယ် အကို များများစားစေချင်လို့ "
ကြည်နူးမှုလေးတွေ ရရှိပြီးနောက်မှာ ထိုကြည်နူးမှုလေးတွေကို ပိုင်ဆိုင်ချင်သည့် လောဘက နောက်က ကပ်ပါလာမိသည် ။စားပြီးတော့ အအေးသောက်ရင်း စကားဆက်ဖြစ်ကြသည် ။
" ဗိုက်ကိုတင်းသွားတာပဲ "
သူ့ဗိူက်ကလေးကို ပုတ်ပြတော့ မိမိလှမ်းကြည့်မိသည် ။ ဗိုက်ဖောင်းဖောင်းလေးအောက်ဘက်ကို ကြည့်ဖြစ်အောင် ကြည့်လိုက်မိသေးသည် ။
" ညီမလေ ရန်ကုန်ရောက်တာ သိပ်မကြာသေးဘူး ဝလာတယ် အရင်က ဒီအင်္ကျီဆို တော်တော်ချောင်နေတာ "
သူ့အင်္ကျီ ထိုးပြရင်း ပြောနေပြန်သည် ။
" ကလေးက ဗိုက်တင်းနေတယ်ဆို အကို က ဘယ်လိုလုပ်မလဲ ခုနက ကလေးမလာခင် အအေးသောက်ထားသေးတာ "
" မဆိုင်ပါဘူး အကိုက ဘီယာ ဗိုက် "
" ဟာကွာ "
ပြောရင်း နှစ်ယောက်သား ပြိုင်တူရီမိကြပြန်သည် ။ ဆူညံနေသည့် ဆိုင်ထဲမှာ နှစ်ယောက်တည်း ရှိနေသလိုပင် ။ တခြားအသံတွေကို သတိမထားမိနိုင်အောင် ဖြစ်ရသည် ။
" ဟုတ်တယ် အတည်ပြောတာ လေ့ကျင့်ခန်းပြန်လုပ်ရမယ် မန်းမှာတုန်းက မနက်တိုင်းပြေးဖြစ်တယ် ဒီရောက်တော့ အပျင်းတက်နေတာ "
သူမ ဆက်ပြောနေတုန်း မိမိ တစ်ခုခု သတိရသွားသည် ။ လက်ကလေးလှမ်းကြည့်တော့ ငွေရောင် လက်ပတ်နာရီလေး ။
" ကလေး တကယ်လေ့ကျင့်ခန်းလုပ်မှာလား အဲ့တာဆို ရက်ကော့လုပ်လို့ရတဲ့ ဖစ်နက် နာရီလေးဝယ်ပေးမယ်လေ "
" ဪ သိပြီ ညီမလည်း ဂလက်ဇီဖစ် အမျိုးအစားတစ်ခုခု လိုချင်နေတာ သုံးတာလည်း ဆမ်ဆောင်းဖုန်း ဆိုတော့ "
ဖုန်းလေး ထောင်ပြရင်း ပြောသည် ။လှည်းတန်းက ရှိုးရွန်း ထိ ကားငှားသွားကြရင်း သူ့စိတ်တိုင်းကျ ဈေးမကြီးသည့် နာရီလေး ဝယ်ပေးဖြစ်သည် ။ တစ်ခါတည်း ဝတ်ထားပါလားဆိုတော့ လေ့ကျင့်ခန်းလုပ်မှ ဝတ်မည် ဟု ပြောသည် ။
လှည်းတန်းရောက်ခိုက် ကန်ဘောင်သို့ခေါ်သွားသည် ။ ကန်ဘောင်မှာ ထိုင်မိကြတော့ သူမကပဲ သူငယ်ချင်းတွေ အကြောင်း ၊ အဆောင် အကြောင်း ကို ဖောင်ဖွဲ့အောင် ပြောသည် ။ မိမိကတော့ သူမ မျက်နှာလေးကို ငေးကြည့်နေမိသည် ။ တပြိုင်တည်းမှာ ထိုအခိုက်အတန့်မျိုး နောက်တစ်ကြိမ်ပြန်မရတော့မှာလည်း စိုးနေမိပြန်သည် ။
" ဒါနဲ့ သင်တန်း အကြောင်းပြောပါဦး "
" ဟုတ်သားပဲ ဂျပန်ဘာသာသင်တန်းသွားအပ်တာ အကို အန်ဖိုက် စတက်မယ်လေ "
" ကောင်းတယ် ရုံးထဲက မသဇင် လက်ထောက် ကြည်ပြာ့ကို သိလား သူဆို အန်ဖော အထိတောင် တက်ထားတယ်ထင်တယ် "
မေရီ က မျက်စောင်းလေးထိုးပြောသည် ။
" အဲ့ဒါလည်း သိတာပဲလား "
" မေရီကလည်း အကို့ကားက လူပေါင်းစုံ စီးဖြစ်ကြတယ်လေကွာ စကားစမြည်ပေါ့ "
ကြည်ပြာနှင့် အကြောင်းစုံတော့ မေရီ သိလို့ မဖြစ်ပါ ။ထော်နေသည့် နှုတ်ခမ်းလေးက ပိုထော်သွားသည် ထင်မိသည် ။
" ဒါနဲ့လေ အကို့အကြောင်းပြောတုန်းက ဦးလေး အမွေထားခဲ့တဲ့ ခြံဆိုတာ ပါတယ်နော် ညီမ လိုက်လည်ချင်လိုက်တာ "
" ခေါ်မယ်လေ မေရီ ပိတ်ရက် တစ်ရက်ချိန်းမယ်လေ "
ရင်ထဲမှာ ဖော်ပြရန်မလွယ်ကူသည့် ပျော်ရွှင်ရမှုကြောင့် အချိန်တွေကုန်ဆုံးမှာပင် စိုးနေမိသည်။ ဘဝရဲ့ အထီးကျန်ခြင်းနှင့် ပူပင်သောကတွေ ပျောက်မှန်းမသိ ပျောက်ကုန်သည် ။ မေရီ ကို အဆောင်ထိ လိုက်ပို့ပြီးတော့ ညနေပင် အတော်စောင်းနေပြီ ။
ညကျတော့ ဖုန်းပြောဖြစ်ကြသည် ။ ကိုယ့်ရဲ့ ညဘက်သီးသန့် အချိန်တချို့က မေရီ အတွက် ဖြစ်လာခဲ့သည် ။ ဖုန်းမပြောဖြစ်ရင် ဗိုင်ဘာ ဖြင့် ပြောဖြစ်ကြသည် ။ ဖေ့ဘုတ်အကောင့်တောင်းတော့ အိုင်ဒီတင်လိုက်တာ လော့ပါကျသွားလို့ အသစ်ဖွင့်ပြီးမှ ပြောမည်ဖြစ်ကြောင်းပြောသည် ။
စက်ရုံတွင်တွေ့တိုင်း ရွှန်းလဲ့သည့် မျက်လုံးများဖြင့် ပြုံးပြတတ်သလို နေ့လည်ဘက်ဆို သူကိုယ်တိုင်ချက်သည်ဟုဆိုသော ဟင်းတမျိုးမျိုး ကို လာလာပေးတတ်သည် ။ အလုပ်ကိစ္စနှင့် အပြင်သွားတိုင်း ဆိုင်တခုခု အတူထိုင်ဖြစ်ကြသလို တစ်ရက်ခြားတစ်ခါလောက် ဖုန်းအမြဲပြောကြသည် ။
လူချင်းတွေ့ရင်ပဲဖြစ်ဖြစ် ၊ ဖုန်းပြောကြရင်ပဲဖြစ်ဖြစ်ကလေးလေးလို တစ်နေကုန် ဖြစ်ပျက်သမျှ ပျော်စရာ စိတ်ညစ်စရာတွေကို ရင်ဖွင့်လာသည် ။ တဖြေးဖြေး မိမိနှင့်သူမ နှလုံးသားချင်းနီးစပ်လာပြီ ဟု ယူဆမိသည် ။ သူမ ၏ ပွင့်လင်းရဲတင်းသော အပြောအဆိုနှင့် ဖော်ရွေမှုများကြောင့် နှလုံးသားထောင့်တစ်နေရာမှာသာ နေရာပေးထားမိသော်လည်း မိမိနှလုံးသား အကုန်လုံးနီးပါး တိုးဝင်နေရာဝင်ယူလာနေပြန်သည် ။
သူမနှင့်တွေ့လျှင် စိတ်ပျော်ရွှင်ရပြီး မတွေ့ရလျှင် သတိရ လွမ်းဆွတ်နေခြင်းကို အချစ်ဟု မိမိ ယုံကြည်နေမိသော်လည်း ထိုအချစ်ကို ဆိုင်သူ သိစေရန် ဖွင့်ပြောဖို့ မိမိနှလုံးသား၏ထောင့်တစ်နေရာထိ လျော့ကျနေရာယူနေဆဲဖြစ်သော ပိုးပိုးကြောင့် တွန့်ဆုတ်နေမိသည် ။ တစ်ဆက်တည်းမှာ ခုလက်ရှိ ပိုင်ဆိုင်နေသော ပျော်စရာ အချိန်လေးများက မိမိကိုယ်တိုင်ကြောင့်ပင် ပျောက်ဆုံးလွင့်ပျောက်သွားမှာစိုးနေမိပြန်သည် ။
...............................................................................................................
မကြာခင် ဆောင်းရောက်တော့မည် ။ ခြံတစ်ခုလုံး မြူတွေ ဆိုင်းနေသည် ။ မနက်စောစော ဒီလို တစ်ယောက်တည်း ထိုင်ပြီး ကော်ဖီသောက်ရင်း ရှုခင်းတဆုံးကို မကြည့်ရတာ ကြာပြီ ။ ရှားရှားပါးပါး ရုံးပိတ်ရက် နှစ်ရက် ရတာဖြစ်လို့ မေရီ ကို ခြံထဲ အလည်ခေါ်ဖို့ ကြိုတင်စဉ်းစားထားမိသော်လည်း ကိုကျောစွာထက် ဖုန်းကြောင့် မခေါ်ဖြစ်တော့ပါ ။
ကိုကျော်စွာထက် က သူ ရန်ကုန် ပြန်ရောက်နေတာ တစ်ပါတ်ကျော်ကြာပြီ ဖြစ်ကြောင်း ၊ မသဇင်ကလည်း ဝင်္ကပါခြံကို မရောက်ဖူးလို့ လာလည်ချင်နေကြောင်း ပြောခဲ့သည် ။ မိမိကလည်း လောကဝတ်အရ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာ ဒီပိတ်ရက် လာလည်မည် ဟု ချက်ချင်းစီစဉ်သွားသည် ။
ညနေစောင်းသည် အထိ ကိုကျော်စွာတို့ ရောက်မလာပါ ။ မလာဖြစ်လောက်တော့ဟု ထင်နေရာမှ အခုမှ သူတို့ ထွက်လာပြီဖြစ်ကြောင်း မက်စေ့ ရသည် ။ တစ်ဆက်တည်း နောက်ထပ်တစ်စောင်ထပ်ဝင်လာသည် ။
" မင်းအမက မနက်စောစော ခြံထဲ လျှောက်လည်ချင်တယ် ဆိုလို့ ညအိပ်ခေါ်လာခဲ့လိုက်တယ် ၊ မင်းဆိုတော့ မင်းအမကလည်း စိတ်ချတယ်လေ "
အကြောင်းပြချက် က သက်သက် ၊ ရည်ရွယ်ချက်က သက်သက်မှန်း စာကို မြင်ရုံနှင့် မိမိ သဘောပေါက်သည် ။ ကိုယ်တိုင် လိုက်လိုက်လျောလျော ပါဝင် ပက်သက်ခဲ့ဖူးတာဖြစ်လို့ ငြင်းဆန်ရန် ဝန်လေးမိခြင်းနှင့်အတူ ဒီတစ်ခေါက်တော့ ရှိစေတော့ ဟု စိတ်ကို ဖြေသိမ့်ရင်း သူတို့ မရောက်လာခင် မိမိ အခန်းလေးကို သေချာ ပြင်ဆင်သည် ။
ကြည်ပြာ့ကိုခေါ်လာပြီး နောက်ပိုင်း သူ့အခန်းလေးက တိတ်ဆိတ်နေတာကြာပြီ ။ ဒီအခန်းလေးနဲ့ အမှတ်တရများစွာရှိပေမယ့် အချစ်မပါသည့် တပ်မက်မှုများသာ များသည် ။ ပိုးပိုးကို သတိရမိပြန်သည်။ အိပ်ခန်းလေးမှာ လူနေနေ မနေနေ မိမိရှိရှိ မရှိရှိ တစ်ပါတ်တစ်ခါ အဘက သူ့တူမလေး တစ်ယောက်နှင့် လျှော်စရာရှိတာလျှော် လဲစရာရှိတာ လဲပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းပေးနေကြဖြစ်သည် ။
ကိုကျော်စွာတို့ရောက်လာမှ မေရီ ဖုန်းခေါ်နေလျှင် ကိုင်ဖို့ အဆင်မပြေဖြစ်မည်စိုးသောကြောင့် မေရီကို ပဲ ဦးစွာဖုန်းဆက်ပြီး ဒီည အတွက် ကိစ္စတစ်ခုခု အကြောင်းပြရမည် ။ တိုက်တိုက်ဆိုင်ဆိုင် မေရီ ဆီက ဖုန်းဝင်လာသည် ။
" အကို ဘယ်မှာလဲ ခြံမှာလား "
" မဟုတ်ဘူး မြို့ထဲ ပြန်ရောက်နေပြီ ကလေး "
မရည်ရွယ်ပါပဲနှင့် ညာပြောမိလိုက်သည် ။ တဖက်မှ ခဏတိတ်ဆိတ်သွားသည်။
" မေရီ အကို့ကို တစ်ခုခု ပြောစရာရှိနေလား "
" အင်း ဟုတ်တယ် ဘယ်ကစပြောရမှန်း မသိဘူး ဖြစ်နေတယ် "
" ကလေး အဆင်ပြေတဲ့နေရာက စပြောပေါ့ "
" ထားပါတော့ လူချင်းတွေ့မှ ပြောပြတော့မယ် ဒါပဲနော် "
ချက်ချင်း ဖုန်းချသွားသည် ။ မေရီ အသံနားထောင်ရတာ တစ်ခုခု ဖြစ်နေမှန်း သိသာသည် ။ မိမိကိုယ်လည်း တစ်ခုခု ပြောချင်နေပုံရသည် ။
ကိုကျော်စွာတို့ရောက်လာတော့ ညနေတော်တော်စောင်းနေပြီ ။ မသဇင်က အကျီအဖြူ စကပ်အနက်နှင့် ရိုးရိုးလေးပဲ ဝတ်လာသည် ။ တာဝန်ချိန်ပြင်ပ ဖြစ်နေတော့ ပြောဆို ဆက်ဆံတာ ဖော်ဖော်ရွေရွေရှိလှသည် ။ ကိုကျော်စွာ တို့ကို အိပ်ခန်းထဲ သေချာ နေရာချထားပေးသည် ။ ညပိုင်းကျတော့ တိုက်နောက်ဖက် ကွက်လပ်ကလေးမှာထိုင်ရင်း သုံးယောက်သားအတူတူ သောက်ဖြစ်ကြသည် ။ မိမိကတော့ ဘီယာ ပဲသောက်သည် ။ နဂိုကတည်းက မိမိက အသောက်လိုင်းမဟုတ်လို့ ဘာမှ ကြိုတင်မဝယ်ထားဖြစ်ခဲ့ပါ ။ တခါတလေ သောက်ချင်လျှင်ပဲဖြစ်ဖြစ် ၊ အကြောင်းရှိလာလျှင်ပဲဖြစ်ဖြစ် အပြင်ကဝယ်လာဖြစ်တာပဲ များသည် ။
အချိန်ကြာလာသည်နှင့်အမျှ စကားတွေက ဟိုရောက်လိုက် ဒီရောက်လိုက်နှင့် သုံးယောက်သား ဝိုင်းလေးက စိုစိုပြေပြေဖြစ်လာသည် ။ မျက်မှန်လေးချွတ်ထားတာမို့ မသဇင်မျက်နှာဝိုင်းဝိုင်းလေးက နုဖတ်နေပြီး သောက်ထားသည့် အရှိန်ကြောင့် နီရဲနေသည် ။ ကိုကျော်စွာကတော့ တည်တည်ငြိမ်ငြိမ်ပင် ။ မသဇင် မျက်လုံးများက ရွှန်းလဲ့စွာ မိမိကို ခဏခဏစိုက်ကြည့်နေမှန်း သတိထားမိသည် ။ သက်ပြင်းမသိမသာချရင်း ကိုကျော်စွာနှင့်သာ စကားလက်ဆုံကျနေလိုက်သည် ။ ခဏ နေတော့ မသဇင်က သူဝင်နှင့်မည်ဖြစ်ကြောင်း ရေလည်းချိုးချင်ကြောင်း ပြောရင်း ထသွားရန်ပြင်သည် ။ သောက်ထားသည့်အရှိန်နှင့် ယိုင်နေလို့ ကိုကျော်စွာက မိမိကို တွဲ၍ အထဲထိ လိုက်ပို့ပေးရန်ပြောသည် ။
အခန်းထဲရောက်တော့ အသုံးအဆောင် ပစ္စည်းများကို သေချာလိုက်ပြလိုက်သည်။ မသဇင်က ခေါင်းတညိမ့်ညိမ့်နှင့် နားထောင်ရင်း မိမိကို ကျစ်နေအောင်ဖက်လာသည် ။ ပြီးတော့ ဒူးထောက်ထိုင်ချလိုက်ရင်း မိမိညဝတ်ဘောင်းဘီကို ပေါင်ဝက်ထိဆွဲချွတ်ချပြီး ညီတော်မောင် ကို အတွင်းခံဘောင်းဘီထဲမှ အတင်းဆွဲထုတ်သည် ။ ကိုယ့်ကောင်ကလည်း ခုနကကတည်းက အတွေ့တို့ကြောင့် ရုန်းထွက်ချင်နေသည် ထင်သည် ။ မသဇင် လက်ထဲမှာ ပင် တဆတ်ဆတ် တုန်နေသည် ။
" အိုးး အကြောတွေထောင်နေတာပဲ ကြည့်စမ်း "
ကော့တက်နေသည့် ညီတော်မောင်၏ အကြောထရာနေရာများကို နှုတ်ခမ်းတွေနဲ့ လိုက်နမ်းရင်း ပြောနေသည် ။
" အမ ရေချိုးလိုက်ပါလား ပြီးမှ အေးဆေးပေါ့ "
မိမိ ပြောရင်း ဆွဲထူလိုက်သည် ။ သိပ်ကြာသွားလျင် ကိုကျော်စွာ တမျိုးမြင်နေလိမ့်သည် ။ ကိုကျော်စွာ မသိရှိသည့် ပက်သက်မှုက တမျိုး အဓိပ္ပါယ်သက်ရောက်သွားစေနိုင်တာမို့ ရှောင်တာက အကောင်းဆုံးဖြစ်မည် ယူဆသည် ။
မသဇင် ကို ထားခဲ့ပြီး မိမိ ပြန်ထွက်လာသည် ။
ကိုကျော်စွာ တစ်ယောက် ကောင်းကင်ကြီးကို ငေးကြည့်နေဆဲ ။
" ညီ နောက်နှစ်လလောက်ဆိုရင် ကိုယ်တို့ လက်ထပ်ကြတော့မယ် "
တော်တော်များများသောက်ထားပေမယ့် ကိုကျော်စွာက အရှင်းတည်ငြိမ်နေသည် ။
" ဟုတ် အကို လက်ထပ်ပြီး ဟိုမှာပဲ နေကြမှာလား "
" မင်းအမ က ဒီကမှ မခွါနိုင်တာ ကိုယ်ပဲ ဒီကို ပြန်လာဖို့ စိတ်ကူးတယ် ဟိုဘက်အလုပ်က အစကတည်းက သူငယ်ချင်းတွေနဲ့ ပေါင်း ထောင်ထားတာမို့ သူတို့ပဲ အပ်ခဲ့ရမှာပေါ့ ကိုယ်ကိုယ်တိုင် ဦးစီးတာလောက်တော့ စိတ်တိုင်းမကျနိုင်ပေမယ့် ဘယ်တတ်နိုင်မလဲ "
" ကောင်းတာပေါ့ အကို ဒီမှာကလည်း မသဇင် မရှိရင် သူ့လောက်လုပ်ပေးနိုင်မယ့်သူမှ မရှိတာ "
ကိုကျော်စွာက ခွက်ကလေးထဲမှ လက်ကျန်ကို အပြီးမော့သောက်သည် ။
" မင်းအမ မှာ ညီမတစ်ယောက်ရှိသေးတာ မင်းသိလား "
" ဗျာ မကြားမိပါဘူး "
" အင်း ဟုတ်တယ် အရင်းတော့ မဟုတ်ဘူး အဘိုးကြီးရဲ့ အငယ်က မွေးတာ အဖေတူ အမေကွဲ ညီမပေါ့ ခု ဩစီ မှာ ပါရဂူဘွဲ့သွားတက်နေတယ် "
" ဟုတ်လား "
" အင်း ဟုတ်တယ် "
" အကိုပြောချင်တာ မသဇင် တကယ်လို့ အကို့နောက်လိုက်ဖြစ်ခဲ့ရင် သူ့ညီမ က ဒီစက်ရုံမှာ ဝင်ထိုင်မယ့် သဘောလား "
" အဝေးကြီးပါကွာ အင်ပေါ့ဆေးဘယ် ပါ သူ့ ညီမ က ပိုပြီး ကိန်းဂဏန်းကြီးတယ် အဟဲ "
ရီတယ်ဆိုပေမယ့် မဲ့သည့်ဘက် ပိုရောက်သည် ။
" အချစ်ဆိုတာ မပိုင်ဆိုင်ရသေးခင်တော့ အလူးအလဲ ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ အချိန်ပေး တစ်ဖက်အလိုကျ အကုန်လျှောက်လုပ် တကယ်ပိုင်ဆိုင်ပြီးတော့လည်း အရင်က ကိုယ်လုပ်ခဲ့တာတွေပြန်တွေးပြီး ရီစရာကြီးဖြစ်နေတတ်တယ်ကွ "
ဘာကိုဆိုလိုမှန်းသေချာမသိပေမယ့် မိမိ ငြိမ်နေပြီးနားထောင်မိသည် ။
" ဒါပေမယ့် အချိန်တွေဘယ်လောက်ကြာကြာ ပြောင်းလဲ မသွားတာတော့ သူ့အပေါ်ထားတဲ့ ငါ့ရဲ့ အချစ်ပဲ အချစ်ကို ပိုင်ဆိုင်ခွင့်ရနေပေမယ့် ရိုးမသွားပဲ ပိုချစ်လာလေလေပဲပေါ့ကွာ အချစ်စစ်လို့ခေါ်မလား အဲ့တာကို "
မိမိ အသံတိုးတိုးလေး ပြန်ရီပြလိုက်သည် ။ ကိုကျော်စွာ တစ်ယောက် မသဇင်ကို တော်တော်ချစ်ရှာသည် ။ တကယ်ချစ်တဲ့ အချစ်စစ်ကို ရှာဖွေနိုင်ပြီး ထိုအရာကို ရယူပိုင်ဆိုင်နိုင်အောင် ကြိုးစားနိုင်တာ အရည်အချင်းတမျိုးလို့ ယူဆမိသည် ။
" မင်းရော အချစ်စစ် ရှာတွေ့ပြီးလား "
" ကျွန်တော်လား အချစ်ကို ရှာတွေ့ဖို့ကြောက်နေမိတယ် အကို "
" ဟေ ဘာလို့လဲ "
" ရှာတွေ့ပြီဆိုတာနဲ့ ကျွန်တော့်ဆီက ထွက်ပြေးဖို့ကြိုးစားတော့တာပဲ အကို့လောက် အရည်အချင်းမရှိတော့ ပိုင်ဆိုင်ရယူဖို့ဆိုတာ ကိုယ်နဲ့ အလှမ်းမမှီတဲ့ အရာမျိုး ဖြစ်နေတတ်တယ် "
" ဟားး မင်းက ရီစရာ ပြောတတ်တာပဲ "
" ဟုတ်ကဲ့ အကို ဒါနဲ့ ကျွန်တော် တစ်ခု အကို့ကို ပြောပြထားချင်တာ ရှိတယ် "
ပုလင်းထဲမှ လက်ကျန်အနည်းငယ်ကို ခွက်ထဲသို့ အကုန်ငဲ့ထည့်ရင်း ကိုကျော်စွာက ဆက်ပြောဆိုသည့် အဓိပ္ပါယ်နှင့် မေးငေါ့ပြသည် ။
" အကိုတို့နဲ့ ကျွန်တော် ခုလို ဆက်ဆံရေးမှာ ကျွန်တော့်အနေနဲ့ မသဇင်အပေါ် ဆက်စ်ပါတနာဆိုတဲ့စိတ်ကလွဲရင် တခြား တလွဲတမည် စိတ်မျိုး လုံးဝ မရှိဘူးဆိုတာ သိစေချင်တာပါ ကျွန်တော်က မသဇင်ကို အမြဲ အကြို အပို့ လုပ်နေရတဲ့သူဆိုတော့ အကိုတမျိုးမမြင်စေချင်ဘူး "
" ဟားးးးး "
ကိုကျော်စွာ သဘောကျစွာ ထရီသည် ။
" ညီ ကိုယ်တို့ မင်းကို ယုံလို့ ဒီလို ရွေးချယ်ခဲ့တာပေါ့ ကိုယ်တို့အနေနဲ့ သိက္ခာပိုင်းက ပိုအရေးကြီးတယ် ဆိုတာ ညီ နားလည်မှာပါ ပြီးတော့ ညီ့ထက် မင်းအမ ကို ကိုယ်ပိုယုံတယ် ဘာလို့လဲ ဆိုတော့ "
ကိုကျော်စွာ သူ့လက်ထဲက ခွက်ကလေးကို လှည့်ရင်း ခဏ စကားကို ရပ်ထားသည် ။
" ဘာလို့လဲ ဆိုတော့ မင်းအမ ကိုယ့်အပေါ်ထားတဲ့ အချစ်ကို ကိုယ်ယုံလို့ပေါ့ "
ခဏနေတော့ ကိုကျော်စွာက သူဝင်နှင့်မည် ဖြစ်ကြောင်းပြောရင်း အရင်ထသွားသည် ။ မိမိတစ်ယောက်တည်း ကျန်ခဲ့တော့ မေရီ ဆီ ဖုန်းဆက်မိပြန်သည်။
" နောက်တောင်ကျနေပြီ မအိပ်သေးဘူးလား ဒီည လိုင်းတက်တာလည်း မတွေ့ဘူးနော် "
မေရီက အရင်စပြောသည် ။
" ဟယ်လို အကို ဘာလဲ ဖုန်းမှားခေါ်တာလား ဟယ်လို "
" မဟုတ်ပါဘူး ဒီအတိုင်း အသံကြားချင်လို့ "
" - "
နှစ်ဖက်လုံး တိတ်ဆိတ်သွားသည် ။
" ခုနက ပြောစရာရှိတယ်ဆို "
" ဟင့်အင်း လူချင်းတွေ့မှပဲ ပြောတော့မယ် "
" အင်းပါ အဲ့တာဆိုလည်း ကလေး အိပ်တော့လေ ဂွတ်နိုက် "
ဘာရယ်မဟုတ် စိတ်တခုခု ထင့်နေသည်ကို ခံစားမိလာသည် ။ ဘီယာသောက်တာများသွားလို့ပဲ ထင်သည် ။
..................................................................................
မိမိအခန်းထဲ မရောက်ခင်ကပင် အမ၏ တချို့အသံများကို ကြားနေရသည်။ အခန်းထဲ ရောက်တော့ ကိုကျော်စွာ၏အပေါ်ကနေ ဆောင့်ကြောင့်ထိုင်ရင်း ဆံပင်တွေခါရမ်းသည် အထိ သူမပုံစံအတိုင်း အားပါးတရ ပစ်ချဆောင့်နေသည် ။
" ဟင့် အာ့ အင့် အား ကိုရယ် ကောင်းလိုက်တာ "
မိမိ အဝတ်အစားများ အကုန် ချွတ်လိုက်ပြီး မွေ့ရာပေါ်တက်ခဲ့သည် ။ အောက်က ညီတော်မောင်က တစ်ချက် နှစ်ချက်လောက် ထုပေးလိုက်တော့ အကြောမျှင်တွေထကာ ပိုမိုကော့တက်လာသည် ။ အမက လက်နောက်ပစ်ပြီး အကို့ ပေါင်ကို ထောက်၍ ဆောင့်ကြောင့်ဆောင့်နေခိုက် ခါရမ်းနေသော ရင်သားနှစ်ဖက်ကို သူ့ဘေးနားဒူးထောက်၍ မိမိ စုံညစ်ပေးလိုက်သည် ။ နှုတ်ခမ်းတွေကို ကပ်ပြီး စုတ်လိုက်တော့ အမ အသံတွေ လုံးထွေးသွားသည် ။ ရင်သားလေးတွေကို ညှစ်ပေးနေရာမှ နို့သီးခေါင်းလုံးလေးတွေကို လက်မ လကိညှိုးလေးနှင့် ချေပေးသည် ။ လက်ဖနောင့်လေးနှင့် နို့သီးခေါင်းထိပ်ကလေးတွေကို မထိတထိ ပွတ်ဆွဲပေးသည် ။ နားရွက်ကလေးကို ငုံခဲတော့ တပ်မက်လွန်းသည့် ညည်းသံတွေက ပိုထွက်လာသည် ။
" အာ့ ဟင့် ဟင့် ရှီးးးး "
ဆောင့်နေရင်း ဆတ်ခနဲ တွန့်တက်သွားပြီးနောက် ဆောင့်ကြောင့်ထိုင် ဆောင့်နေရာမှ ဒူးအောက်ချလိုက်ရင်း အပေါ်အောက် ဖြေးဖြေးချင်း ပွတ်ဆွဲ ဆောင့်ပေးနေပြန်သည် ။ အကိုက အမခါးလေး ကိုင်ရင်း အောက်ကနေ အသာကော့၍ ပင့်ဆောင့်လေး စည်းချက်ညီညီ ပြန်ဆောင့်ပေးသည် ။ မိမိ ဒူးထောက်လျက်ပင် အမနောက်ကျောဘက်တွင် နေရာ ယူလိုက်ပြီး ဖားလျားကျနေသည့် ဆံပင်တွေကို စုကိုင်လိုက်သည် ။ ပေါ်လာသည့် ဂုတ်သားနီနီလေးနှင့် ကျောပြင်ကျယ်အနှံ့ အနမ်းမိုးရွာပေးလိုက်သည် ။ ပုခုံးတလျှောက် ကြက်သီးဘုလေးတွေ ထလာတာ မြင်ရပြီးနောက် အမ၏လက်တွေက မိမိညီတော်မောင်ဆီ ရောက်လာသောကြောင့် အလိုက်တသိ မိမိမတ်တပ်ရပ်၍ သူမမျက်နှာနားကပ်ပေးလိုက်သည် ။
" ပြွတ် "
" အာ့ ဖြေးဖြေး အမ "
မိမိညီတော်မောင်ကို ဒစ် တစ်ခုလုံး ပါးစပ်ထဲထည့်ငုံလိုက်ပြီး အားကုန်စုတ်ယူလိုက်သောကြောင့် တင်ပါးကြောတွေထိ ဆိမ့်သွားအောင် ကောင်းလှသည် ။ ဒစ်ထိအောင်စုတ်ထားရင်း အရင်းပိုင်းကို လက်တစ်ဖက်နှင့် ညှစ်၍ ထုပေးနေသည် ။ တခြား လက်တစ်ဖက်က ဉတွေကို ဆုတ်ညစ်နေသည် ။ အကိုအပေါ် ကနေ ရှေ့တိုးနောက်ဆုတ် အသာဆောင့်ရင်း သူ့ဘေးက မတ်တပ်ရပ်နေသော မိမိညီတော်မောင်ကို စုတ်ပေးနေသော အမ အလုပ်နှစ်ခု လုပ်ပေးနေသည်ပင် မထင်ရအောင် စည်းချက်ညီလှသည် ။ ထိုအတူ သူမနောက်အသာဖေးမလိုက်နေသော အကိုနှင့် မိမိ၏ လှုပ်ရှားမှုများကလည်း တက်ညီ လက်ညီ ရှိလှသည် ။
သိပ်မကြာခင် အကို ပြီးသွားသည် ။ အကို ခဏ ဖယ်သွားတုန်း အမ အရှိန်မကျစရေန် အမကို လေးဘက်လေးထောက်ခိုင်းလိုက်သည်။ ကားထွက်သွားသောတင်ပါး နှစ်ဖက်ကို အသာဟခိုင်းပြီး ခေါင်းနှင့်ခါးကို မွေ့ရာထိသည်အထိ နှိမ့်ခိုင်းသည် ။ ပြူထွက်နေသော အမအင်္ဂါက အရည်တွေ သုတ်ဖြူဖြူတွေနှင့် ရွှဲနစ်နေသည် ။ ညီတော်မောင်ကို အမအင်္ဂါနားတေ့ရင်း စအိုဝလေးကနေ အင်္ဂါနှုတ်ခမ်းသားအထိ ကျော်ဖြတ်ပြီး အစေ့လေး ရောက်သည်အထိ အထက်အောက်ပွတ်ဆွဲပေးလိုက်သည် ။ တင်ပါးလိုက် လွန့်လူးလာပြီး အမ လက်တွေက သူမခါးကို ကိုင်ထားသော မိမိလက်ကောက်ဝတ်ကို လာကိုင်သောကြောင့် ပွတ်ဆွဲနေရာမှ ဆတ်ခနဲ ရပ်ပြီး သူမအင်္ဂါထဲ တစ်ချက်တည်း အားနှင့်ဆောင်ထည့်လိုက်သည် ။
" အာ့ အားးးး "
ချက်ချင်းပင် အင်္ဂါနှုတ်ခမ်းသားလေးတွေ ဖျစ်ညစ်တာခံလိုက်ရပြီး မိမိကောင်ကို ပြန်ဆွဲအထုတ်မှာ သုတ်ရည် ဖြူတွေက ပျစ်နှစ်နေအောင်ပါလာသည် ။ အမ တစ်ခါ ထပ်ပြီးသွားသည် ထင်သည် ။
" အာ့ ရှီးးး ကောင်းတယ် ကောင်းတယ် အားးး "
မိမိ အဆက်မပြတ်ဆောင့်တော့သည် ။ မိမိညီတော်မောင်ကလည်း အစာမစားရတာကြာသည့် မြွေတစ်ကောင်နှယ် တင်းမာကော့တက်နေပြီး ဆန့်ကျင်ဘက်နှုတ်ခမ်းသားများကို ပွတ်ဆွဲသွားတိုင်း အကြောတွေက တင်းသထက်တင်းမာလာနေလို့ ကောင်းမွန်လှသည့် အရသာကို ပေးစွမ်းနေသည် ။
မိမိ ဆောင့်ချက်တွေအောက်မှာ တွန့်လူးနေသော အမနှုတ်မှ အသံများလည်း ဗလုံးဗထွေးထွက်နေသည် ။ ခါးသိမ်လေး မဟုတ်ပဲ တင်းရင်းသော ခါးကို ကိုင်ဆောင့်ရတာလည်း တမျိုးကြည့်ကောင်းလှသည် ။ တစ်ဆုံးဖိမိတိုင်း တင်ပါးနှစ်ဖက်အသားတွေက တွန့်တွန့်တက်သွားသည် ။ လက်တစ်ဖက် ဖားလျားကျနေသည့် ဆံပင်တွေကို စုကိုင်ဆောင့်ဆွဲပြီး နောက်လက်တစ်ဖက်က ခါးလေးကို ကိုင်လျက် အားကုန်လှုပ်ရှားပေးလိုက်တဲ့နောက်မှာ အမအင်္ဂါဆီက သုတ်ရည်ဖြူဖြူတွေ ဒလဟော ထွက်လာပြန်သည် ။ ခဏနေတော့ အကို ပြန်ရောက်လာပြီး အမ မျက်နှာရှေ့နေရာယူသည် ။ အကို့ဉတွေကို အငမ်းမရနမ်းရင်း တင်းပါးလေးကို နောက်ပစ်ပစ်ပြီး မိမိကို ပြန်ဆောင့်ပေးနေပြန်သည် ။
အခန်းထဲဝယ် အမ၏ အသံများကသာ လွှမ်းမိုးနေသည် ။ အကိုနှင့်အမ ပြီးသွားတာတောင် မပြီးအောင် ထိန်းထားနိုင်သော မိမိကိုယ်မိမိ အံဩမိနေသည် ။
" ညောင်းတယ် "
အမ ပြောလာလို့ လေးဘက်ထောက်နေရာမှ အကိုက ထိုင်လိုက်ရင်း သူရင်ခွင်ထဲ ပက်လက်ကလေး ဝင်မှီနေစေသည် ။ အကို့ရင်ခွင်ထဲဝင်မှီရင်း ခေါင်းလေးအသာမော့ ပေးလိုက်တော့ အမ နှုတ်ခမ်းလေးတွေကို အကိုက အနောက်ကနေ ငုံနမ်းသည် ။ အကို့လက်ကလေးတွေက အမချိုင်းအောက်မှ လျိုပြီး ရင်သားတွေ ဆုတ်နယ်လာသည် ။ မိမိက အလိုက်တသိ အမပေါင်လေးတွေကားလိုက်ရင်း ရှေ့တည့်တည့်မှ ထိုင်၍ နေရာယူလိုက်သည် ။
အမ နဲ့ အကို ကတော့ အနမ်းတွေ ပေးနေတုန်း ။ အကိူ့ရင်ခွင်ထဲ ဝင်မှီရင်း ခေါင်းလေးမော့လို့ အကို့အနမ်းတွေ တုန့်ပြန်နေတုန်း မိမိအတွက်တော့ သူ့ပေါင်နှစ်ဖက်ကို ကားပေးထားသည် ။ အမ ခါးလေးကို ကိုင်ရင်း ညီတော်မောင်ကို အသာထိုးထည့်လိုက်သည် ။ တစ်ချက်တွန့်သွားရုံကလွဲပြီး အကိုနှင့်အမ အနမ်းတွေက အဆက်ပြတ်မသွားပါ ။ ညီတော်မောင်ကို အကုန်ဆွဲမထုတ် အတင်းထိုးမသွင်းပဲ ညှောင့်ဆောင့်လေးသာ ဆောင့်ပေးနေလိုက်သည် ။ မိမိရည်ရွယ်ချက်က သူတို့ လိုချင်သည့် အရသာကို သေချာဖြည့်စွမ်းပေးဖို့ပဲလေ ။
တဖြေးဖြေး မိမိ ပြီးချင်လာသည် ။
" ကျွန်တော် ပြီးချင်လာပြီ "
ထုတ်ပြောလိုက်တော့ အမ က အကို့ဆီမှ ခွာရင်း မိမိညီတော်မောင်ကို လှမ်းကြည့်သည် ။
" မောင်လေး အမ ကို ဒီတီ လုပ်ပေးမလား "
ဒီတီ ဆိုတာ ဒိသရုပ် ၊ သုတ်ရည် လည်ချောင်းထဲအထိရောက်အောင် ပန်းထည့်ခြင်း ၊ စုတ်ယူမျိုချခြင်း လို့ မိမိနားလည်ထားသည် ။ ကြိုက်နှစ်သက်သော ပြီးဆုံးခြင်းတစ်မျိုးဆိုပေမယ့် တစ်ဖက် ပါတနာ ခံနိုင်ရည်ရှိဖို့နှင့် လိုလိုလားလားရှိဖို့ အရမ်းအရေးကြီးလို့ ဘယ်မိန်းကလေးနှင့်မှ တော်ရုံ မနေပါ ။
" ကျွန်တော်က ကြမ်းကြမ်း ကြိုက်တာနော် အမ အဆင်ပြေပါ့မလား "
" မင်းသဘော "
မိမိနှင့်အမ ပြောနေတာကို အကိုက ပြုံးရင်းနားထောင်နေသည် ။ မိမိ မေးငေါ့ပြတော့ အကိုက ခေါင်ညှိမ့်ပြသည် ။
အမကို မွေ့ရာပေါ် ပက်လက်လှန်စေလိုက်သည် ။ ဦးခေါင်းကို မွေ့ရာအစွန်းဘက် လွတ်သည်အထိတိုးစေလိုက်တော့ အမခေါင်းလေးက မွေ့ရာအပြင်ဘက်သို့လန်ကျသွားသည် ။ မိမိလည်း မွေ့ရာအောက်ဆင်း၍ အမ ခေါင်းလေးကို ပြောင်းပြန်ပုံစံခွလိုက်ပြီး အမမျက်နှာပေါ်မှာ ညီတော်မောင်ကို ပြောင်းပြန် ပွတ်ဆွဲနေလိုက်သည် ။ ဉတွေက နဖူးထက်မှာ ဒစ်ထိပ်ကတော့ နှုတ်ခမ်းနားဝဲနေသည် ။ ပြီးမှ အသာလေး အမ နှုတ်ခမ်းတွေကြားထဲ ထိုးသွင်းလိုက်သည် ။ ချက်ချင်းပင် လျှာနွေးနွေးဖြင့် စုတ်ယူမွှေနောက်ခြင်းခံလိုက်ရသည်။
" ရှီး အားးး "
ဒီတခါ မိမိ အသံထွက်မိလိုက်ခြင်းဖြစ်သည် ။ စစ်စတီးနိုင်းလို ပြောင်းပြန်အနေအထားဖြစ်သောကြောင့် မိမိ မျက်စိရှေ့က အမစည်းခုံစပ်နှင့် ဝမ်းဗိုက်ပြင်က လှုပ်လှုပ်ရွရွဖြစ်နေသည် ။ အမ လက်တွေက မိမိခါးကို ကိုင်ရင်း ခေါင်းလေးက ကြွကြွလာသည် ။ တဖြေးဖြေး ခေါင်းကိုပြန်အကြွမခံပဲ ခပ်မြန်မြန် ထိုးသွင်းပေးလိုက်သည် ။ အကိုက မိမိနှင့် အမကို ကြည့်ရင်း သူ့ကောင်ကို လက်နဲ့ ကောင်းကောင်း ထုနေသည် ။
ပိုပြီးအားရအောင် အမကို ဆွဲထူလိုက်သည်။ ဒူးထောက်ကလေး ဖြစ်တော့မှ အမ ပါးလေးနှစ်ဖက်ကို လက်ဝါးများဖြင့်ပွတ်သပ်ရင်း ညီတော်မောင်ကို ပါးစပ်ထဲထည့် ခပ်မြန်မြန်လှုပ်ရှားမိသည် ။ အကိုက မိမိနှင့် အတူ ဘေးနားလာမတ်တပ်ရပ်ရင်း သူ့အကောင်ကို အမ မျက်နှာနားကပ်၍ ခပ်မြန်မြန်ထုနေတာမို့ အကိုလည်း ပြီးချင်နေမှန်း သိသာသည်။
" အွန်းးးး "
အမ၏ လုံးထွေးသည့် အသံ ။
" အား ရှီးးးး "
" အာ အ ဟာ့ "
အကို နင့် မိမိ ၏ အထွတ်အထိပ်ရောက်ချင်သည့် အသံတွေနှင့် အခန်းလေးက ဆူညံနေသည် ။
" အာ့ပြီးပြီး ပြီးပြီ အမ "
အမ နောက်စေ့လေးကို လက်နှစ်ဖက်ထပ်ဖိ၍ တစ်ချောင်းလုံးကို အရင်းထိရောက်အောင်နှစ်ထားရင်း မိမိ ပြီးဆုံးသွားသည် ။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို အကိုကလည်း သူ့သုတ်ရည်ဖြူတွေကို အမ မျက်နှာပေါ် ပန်းချလိုက်သည် ။
......................................................................................................
မိမိ အစောထပြီး မနက်ခင်းစားစရာ တစ်ခုခု စီစဉ်ပေးပြီးသည်အထိ အခန်းထဲက နှစ်ယောက်မှာ မနိုးသေးပေ ။ မနက်ခင်းအလှကို မမြင်လိုက်ရမှာစိုးသောကြောင့် အကို့ ကို အရင်နှိုး၍ အကျိုးအကြောင်းပြောလိုက်တော့မှ အမပါ နိုးလာသည် ။
သုံးယောက်သား အတူတူ ကော်ဖီကြမ်း သောက်ရင်း မြူတွေဆိုင်းနေသည့် ရှုခင်းကို တမက်တမောကြည့်ကြသည် ။ ခုလိုဆိုတော့လည်း အကို ၊ အမ နှင့် မိမိက အဆင့်အတန်း ဂုဏ်ပကာသန တွေမပါပဲ တစ်သားတည်း ဖြစ်သွားသလို ထင်ရသည် ။ ပိုပြီး ရင်းနှီးသွားသလို ခံစားရသည် ။
အထူးသဖြင့် မိမိကိုကြည့်သည့် အမ၏ မျက်ဝန်းတွေက ပထမအကြိမ်ကထက် ပိုပြီး အရောင်လဲ့နေသည် ထင်မိသည် ။ အကိုကတော့ အမ မျက်နှာလေးသာ တစိမ့်စိမ့်ကြည့်နေသည် ။ မိမိ အနေနှင့် အမအပေါ်မှာ ဆက်စ်ပါတနာဆိုသည့် ရင်းနှီးသည့် ခံစားချက်မှလွဲ၍ တခြားစိတ် တစိုးတစဉ်းမျှ မရှိတာ သေချာသည် ။
သူတို့ကားကလေး ထွက်သွားမှ အဘ၏ပျဉ်ထောင်အိမ်ကလေးထဲက မိမိအတွက်အခန်းလေးထဲမှာ ခြေပစ်လက်ပစ် လှဲချလိုက်မိသည် ။
အာသာပြေနိုင်ဖွယ် မရှိသည့် ဆားငံရည်ကို ထပ်တလဲလဲ သောက်နေရသည့် ဘဝက မလွတ်မြောက်နိုင်ရသည့်တိုင်အောင် ဆိုင်သူ တစ်ဦးတည်းနှင့်သာ အတူတူ သောက်ချင်လိုသော ဆန္ဒတော့ ပြည့်ဝချင်မိ၏ ။
အပိုင်း ( ၅ ) ဆက်ရန် >>>
No comments:
Post a Comment