Thursday, May 28, 2020

လိင်စိတ်ဆန္ဒကို ပြန်လည် တက်ကြွလာစေမယ့် အလေ့အကျင့် ၁၅ ခု

 ⭐ လိင်စိတ်ဆန္ဒကို ပြန်လည် တက်ကြွလာစေမယ့် အလေ့အကျင့် ၁၅ ခု


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်စိတ်ဆန္ဒနည်းတယ်ဆိုတာ ချစ်သူ လင်မယားတွေကြားမှာတော့ ပုံမှန်လို့ပဲ ပြောနိုင်ပါတယ်။ ၃၀ ရာခိုင်နှုန်းသော မိန်းမတွေနဲ့ ၁၅ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ အဲဒီအခြေအနေကို ကြုံတွေ့နေကြပါတယ်။ နဂိုလိင်စိတ်ကို ပြန်ရနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ အချက် ၁၅ချက်ကို ဖော်ပြပါ့မယ်။


⭐ များများ ချိန်းတွေ့ပေးပါ။

ပိတ်ရက်တွေမှာ အိမ်မှာမနေပါနဲ့။ အဲဒါက သင့်လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အိမ်မှာနေမယ့် အစား စားသောက်ဆိုင် တစ်ဆိုင်မှာ ချိန်းတွေ့ပြီး ရိုမန်တစ်ဆန်တဲ့ ညတစ်ညကို ဖန်တီးလိုက်ပါ။ အချစ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုက သင့်လိင်စိတ်ကို ပြန်လည် မြင့်မားစေပါလိမ့်မယ်။


⭐ တားဆေး ပြောင်းသုံးပေးပါ။

တားဆေးတွေကြောင့် ဟော်မုန်းပြောင်းလဲခြင်းက တက်စတိုစတီရုန်းဟော်မုန်းကို နည်းစေခြင်းအားဖြင့် လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။


⭐ အခြားဆေးတွေကြောင့်လား ဆန်းစစ်ကြည့်ပါ။

သင်လိင်စိတ်နည်းနေပြီဆိုရင်တော့ သွေးတိုး၊ စားချဉ့်ပြန်ရောဂါ ၊ စိတ်လှုပ်ရှားခြင်းနှင့် စိတ်ဓာတ်ကျခြင်း တို့အတွက် ပေးထားသော ဆေးများကြောင့် ဖြစ်နိုင်ပါတယ်။ ထိုအတွက် ဆရာဝန်ကို မေးမြန်းအကူအညီတောင်းနိုင်ပါတယ်။


⭐ အိမ်အလုပ်တွေကို အညီအမျှ ခွဲလုပ်ပါ။

ရုံးအလုပ်နဲ့ အိမ်အလုပ်တွေကြောင့် သင့်လိင်စိတ်ကို ထိခိုက်မခံပါနဲ့။ ကိုယ့် ချစ်သူနဲ့ အိမ်အလုပ်တွေ ညီညီမျှမျှ ခွဲလုပ်သင့်ပါတယ်။ အဲဒါမှ နှစ်ယောက်လုံး အချိန်ကော အင်အားပါ ရှိမှာပါ။


⭐ အခန်းကို ရိုမန်တစ်ဆန်အောင် လုပ်ပါ။

ကလေး၊ ခွေးနဲ့ ကြောင်တွေကြောင့် ပေပွနေတဲ့ အခန်းက သင့်တို့ရဲ့ အခိုက်အတန့်ကို ဖျက်စီးပစ်နိုင်ပါတယ်။ လိင်မဆက်ဆံခင်မှာ အခန်းကို ရိုမန်တစ်ဆန်အောင် ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ထားရပါမယ်။


⭐ ပျော်ပါးကြမယ့် အချိန်ကို သင့် အချိန်ဇယားထဲ ထည့်ထားပါ။

အလုပ်နဲ့ပတ်သက်ပြီး ချိန်းတာတို့ အစည်းအဝေးတို့ လျောက်လည်တာတို့လို အတူနေရမယ့်အချိန်ကိုလည်း အချိန်ဇယားထဲမှာ ထည့်သွင်းထားပါ။ အချိန်ဇယားနဲ့ စီစဉ်ထားမယ်ဆိုရင်တော့ သင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိတ်မကောင်းပါဘူးလို့ ပြောစရာအကြောင်းတွေ မရှိတော့ဘူးပေါ့။


⭐ ချောဆီသုံးပါ။

ဆက်ဆံစဉ်မှာ နာကျင်ခြင်းဟာ ကောင်းတဲ့ အတွေ့အကြုံတော့ မဟုတ်ပါဘူး။ မွေးလမ်းကြောင်းခြောက်သွေ့ခြင်းက တရားခံပါ။ သာယာတဲ့ ဆက်ဆံခြင်းဖြစ်စေဖို့ ဆီလီကွန်အခြေခံ ချောဆီ ဒါမှမဟုတ် မွေးလမ်းကြောင်း အစိုဓာတ်ထိန်း Moisturizer ကို အသုံးပြုနိုင်ပါတယ်။


⭐ မဆက်ဆံခင် စိတ်ကို ဖြေလျော့ပေးပါ။ စိတ်ဖိစီးမှု မရှိအောင်လုပ်ပါ။

စိတ်ဖိစီးမှုက သင့်ရဲ့ လိင်စွမ်းရည်အတွက် ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်း၊ လက်ဖက်ရည် သောက်ခြင်း၊ စိတ်ကို ဖြေလျော့ထားခြင်းတွေက မဆက်ဆံခင်မှာ စိတ်ဖိစီးမှုတွေကို ပျောက်စေပါလိမ့်မယ်။


⭐ ကျန်းမာစွာ စားသောက်ပါ။

အသီးအရွက်တွေနဲ့ ကျန်းကျန်းမာမာ စားသောက်ခြင်းက သွေးစီးဆင်းမှုကို ကောင်းစေပြီး ကိုလက်စ်ထရောကို ကျစေပါတယ်။ လိင်စိတ် အထွတ်အထိပ်ရောက်ဖို့ ပိုမိုလွယ်ကူသွားတာကို တွေ့ရပါလိမ့်မယ်။


⭐ သဘာဝ ကာမအားတိုးဆေး စားပါ။

ထောပတ်သီး၊ မက်မွန်သီး၊ စတော်ဘယ်ရီသီး၊ ကမာကောင် စတာတွေက ဗီတာမင်နဲ့အခြားသော အာဟာရတွေ ပါဝင်ကြပါတယ်။ ယင်းတို့က သင့်ရဲ့လိင်စိတ်ကို ပြန်လည် တက်ကြွစေပါလိမ့်မယ်။


⭐ ချစ်သူလင်မယားချင်း ဆက်ဆံရေး ကောင်းမွန်သလား ကြည့်ပါ။

လိင်စိတ်လျော့နည်းခြင်းက နှစ်ယောက်သား အဆင်မပြေတာကြောင့် ဖြစ်ပါတယ်။ ကိုယ့်အဖော်နဲ့ အဆင်ပြေလား နှစ်ယောက်သား တစ်သားထဲ ဖြစ်ရဲ့လားဆန်းစစ်ကြည့်ပါ။ သင်တို့နှစ်ယောက် ဆက်ဆံရေးအဆင်မပြေပါက ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီယူနိုင်ပါတယ်။


⭐ နှစ်ယောက် အတူ ခရီးတစ်ခုထွက်ကြည့်ပါ။

နှစ်ယောက်အတူတူ လုပ်ဆောင်နိုင်မယ့် အလုပ်တစ်ခုခု ဒါမှမဟုတ် ဝါသနာတစ်ခုခုကိုရှာပါ။ ယင်းသို့ပြုလုပ်ခြင်းက သင်တို့နှစ်ယောက်ရဲ့ အချစ်တွေ တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်တွေနဲ့ လိင်ဆက်ဆံခြင်းတွေကို တိုးတက်လာစေမှာပါ။


⭐ မကြာမခဏ လေ့ကျင့်ခန်းလုပ်ပါ။

ပုံမှန် အားကစားလုပ်ခြင်းက စိတ်ပူပင်သောကတွေ ကိုလျော့နည်းစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကောင်းစေပါလိမ့်မယ်။ လိင်မှုကိစ္စမှာ ကောင်းကျိုးရရှိစေပါလိမ့်မယ်။


⭐ မိမိခန္ဓာကိုယ်ကို ဂရုစိုက်ပေးပါ။

လိင်စိတ်နည်းခြင်းက အခြားရောဂါတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်း အရေပြားခြောက်သွေ့ခြင်း အမွေးကျွတ်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းများအပါအဝင် အခြားခန္ဓာကိုယ်ရဲ့ အပြောင်းအလဲတွေကို ဂရုစိုက်ပေးပါ။ ယင်းလက္ခဏာတွေ တွေ့နေပြီဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းပြပေးပါ။


⭐ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

အထက်ဖော်ပြပါ အချက်များကို ကြိုးစားကြည့်ခဲ့သော်လည်း လုံလောက်တဲ့ လိင်စိတ် မရသေးပါက ဆေးဝါးအချို့က ကူညီပေးနိုင်ပါလိအ့်မယ်။ ဆရာဝန်နဲ့ ပြတဲ့အခါမှာ သင့်ကို စစ်ဆေးပြီး သင့်တော်တဲ့ ဆေးကုသမှုကို စီစဉ်ပေးပါလိမ့်မယ်။

သင့်လိင်စိတ် ပြန်လည် တက်ကြွလာအောင် တစ်နည်းမဟုတ်တစ်နည်းတော့ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်မပူသင့်ပါဘူး။ စိတ်အေးအေးထားပြီး အထက်ဖော်ပြပါ နည်းလမ်းတွေနဲ့ ကြိုးစားကြည့်ပါ အပြောင်းအလဲကို ခံစားရမှာပါ။


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်