Saturday, September 4, 2021

ဝင်္ကပါလမ်းကလေးများ အပိုင်း ( ၃ )

ဝင်္ကပါလမ်းကလေးများ အပိုင်း ( ၃ )

ရေးသူ - လမင်းအေးချမ်း

မနက်‌ရောက်တော့ အိပ်ရာထ နောက်ကျနေလို့ စက်ရုံကို အမှီပြေးရသည် ။ ပိုးပိုး ခေါ်ထားသည့် အဝင်ခေါတွေ တွေ့ပေမယ့်လို့ ပြန်မခေါ်နိုင်အားပဲ မသဇင်ကို သူ့အိမ်မှ အမှီကြိုရန်သာ လောနေမိသည် ။

မသဇင် ကားပေါ်ရောက်တော့ မိမိ နေရထိုင်ရ တစ်မျိုး ဖြစ်နေပြီး မျက်နှာပူနေမိသည် ။ မသဇင်လည်း ရိပ်မိပုံရသည် ။ တစ်လမ်းလုံး စကားတစ်ခွန်းမျှ မပြောပဲ လိုက်ပါလာသည် ။ VIP ဝင်ပေါက်ရှေ့ရောက်တော့ ထူးထူးဆန်းဆန်း ကြည်ပြာထွက်ကြိုနေတာ တွေ့သည် ။

မိမိဌာနသို့ ကားကို မောင်းလာရင်း မနေ့ညနေက မသဇင် ဘယ်လို အိမ်ပြန်ရောက်လဲ ဆိုတာ တွေးမိနေသည် ။ မိမိ သူတို့အခန်းက ပြန်ထွက်သည့်အချိန်သည်ပင် ညနေခြောက်နာရီကျော်နေပြီ ။မိမိ အခုမှ သတိရမိသည်က ပိုးပိုး ။ ကဗျာကယာ ဖုန်းထုတ်၍ ဆက်လိုက်တော့ ဖုန်းပိတ်ထားသည် ။ သူတို့ ငှာန ဆီ မသိမသာသွားချောင်းကြည့်တော့လည်း အရိပ်အယောင်မျှ မတွေ့ရပေ ။ တစ်စုံတစ်ခုကို သတိရလို့ မက်‌စေ့ ဖွင့်ကြည့်တော့ စာတိုလေးတွေရောက်နေသည် ။

" ကိုကို မနေ့က တစ်နေကုန် ဘယ်တွေသွားနေလဲ အလုပ်ကိစ္စဆိုတာ ပိုးပိုး မယုံပါဘူးနော် "

" ကိုကိုရေ ပိုးပိုး ချက်ချင်းနယ်ပြန်ရမယ် ဖေဖေ နေမကောင်းဘူးတဲ့ မေမေ က ချက်ချင်းပြန်လာခိုင်းတယ် စိတ်ညစ်တယ် ကိုကိုက ဖုန်းခေါ်လို့လည်း မရ "

" ကိုကိုရေ ပိုးပိုး ဒီနေ့လည် ကားကြုံနဲ့ ပြန်သွားပြီ အလုပ်ကိုတော့ ဆယ်ရက်လောက် ခွင့်တင်ထားခဲ့တယ် "

" ကိုကို ဖုန်းဆက်ပါနော် ပြန်ခါနီး ကိုကို့ကို နမ်းချင်ပေမယ့် မျက်နှာလေးတောင် မတွေ့လိုက်ရဘူး  ပြန်ရောက်မှ အတိုးနဲ့နမ်းတော့မယ်နော် "

စာတိုလေးတွေ ဖတ်ရင်း ကြည်နူးရသည် ။ မိမိကို တကယ်ချစ်ရှာတာကိုး ။ ဖုန်းဆက်လို့‌ဆိုပေမယ့် ဘာလို့ ဖုန်းပိတ်ထားပါလိမ့် ။

ဒီလိုနဲ့ပဲ အရာအားလုံးက ပုံမှန်လို လည်ပတ်နေပြန်သည် ။ နှစ်ပါတ် သုံးပါတ်ကြာသည်အထိ ပိုးပိုး ကို မတွေ့ရ‌တော့ပေ ။ သူ့ ဖေ့ဘုတ်အကောင့်လေးက ပြန်သွားသည့်နေ့မှ စ၍ မီးမစိမ်းတော့သလို ဖုန်းနံပါတ်တွေကလည်း တစ်လုံးမျှ ဆက်မရတော့ပေ ။ မိမိလွမ်းတာရော စိတ်ပူတာရော ရောထွေးစွာ ခံစားနေရသည် ။

မိမိနှင့် ပှံမှန် အဆက်အသွယ် ရှိနေသည်က ကိုကျော်စွာ ။ မိမိတို့ သုံးယောက် အတူနေပြီးနောက်နှစ်ရက်အကြာ ကိုကျော်စွာက အရေးကြီးကိစ္စကြောင့် စင်ကာပူသို့ ပြန်သွားခဲ့ရ‌ကြောင်းသိရသည် ။ မသဇင်ကိုလည်း သေချာ စောင့်ရှောက်ပေးဖို့မှာရှာသည် ။ ကျွန်တော် မျက်နှာပူတယ် လို့ ပြောပြတော့ သူ ဟက်ဟက်ပက်ပက် ရီနေသည် ။

မသဇင်ကတော့ မိမိအပေါ် ပုံမှန်အတိုင်း ဆက်ဆံသည် ။ ရက်နည်းနည်းကြာလာတော့ တချို့ကိစ္စတွေပါ မေ့မေ့ပျောက်ပျောက်ထားနိုင်လာသည် ။ အလုပ်နှင့် ပါစင်နယ် ခွဲခြားထားနိုင်လို့လည်း မသဇင်တစ်ယောက် MD နေရာထိုင်နေနိုင်သည်ပင်။ ကြိုချိန် ပို့ချိန် တွေနှင့် တခြား အပြင်သွားသည့် အချိန်‌တွေမှာ တခါတလေ ကားနောက်ခန်းကနေ မိမိကို ကြည်နေတတ်သည်ကိုတော့ သတိထားမိသည် ။

" ဟာ "

ဘရိတ်ကို အမြန်နင်းလိုက်လို့တော်သေးသည် ။ ကိုယ့်အတွေးနဲ့ ကိုယ် ကားမောင်းနေခိုက် ရုတ်တရက် လမ်းချိုးမှ ဘေးနားကပ်ဝင်လာသော စက်ဘီးတစ်စီးကြောင့် လန့်ပြီး ဘရိတ်နင်းလိုက်မိခြင်းဖြစ်သည် ။ စက်ရုံ အသွားလမ်းမှာမို့ လူတော့ ရှင်းနေသည် ။ စက်ဘီးသမားကတော့ မိမိကားနှင့် မချိတ်မိပါပဲ လဲ နေပြီ ။ ကားကို ဘေးထိုးရပ် ၊ စက်ဘီးသမားဆီ သွားကြည့်သည် ။

ကျော အထိရှည်သော ဆံပင်ကို ပြေလျော့လျော့စည်းထားသော ကောင်မလေး တစ်ယောက် ။ စက်ဘီးက သူ့အပေါ်ထပ်လဲနေသည် ။

" ဘာဖြစ်သွားသေးလဲ ညီမ "

ပြောလည်းပြော စက်ဘီးကိုလည်း ဆွဲယူသည် ။  ကောင်မလေးက ခြေထောက်ကို ကိုင်ရင်း ဖြေးဖြေးချင်းထ ရပ်သည် ။

" ရတယ် အကို ညီမ မှားတာပါ "

ခေါင်းကြီး ငုံ့ပြီး သူ့‌ခြေထောက်သာ သူကြည့် ပြောနေသောကြောင့် မျက်နှာတော့ သေချာ မမြင်ရသေး‌ပါ ။

" ရရဲ့လား ညီမ ဘယ်သွားမှာလဲ ဝေးသေးလား "

သူမ ပြန်မဖြေပဲ စက်ဘီးကိုသာ မိမိလက်ထဲမှ ဆွဲယူပြီး နင်းရန်ပြင်သည် ။

" ခဏ‌နေဦး ဖိုင်ယူသွားဦး "

လမ်းမပေါ်ကျနေတဲ့ ဖိုင်ကို မိမိ ကောက်ယူပြီး ရှေ့က ထမင်းချိုင့်ထည့်ထားသည့် စက်ဘီးခြင်းထဲ ထည့်ပေးလိုက်သည် ။

" ဟုတ် ကျေးဇူး "

ကောင်မလေးက သူ့ကို တည့်တည့်ကြည့်၍ ဖြေသည် ။ ဝိုင်းစက်သည့် မျက်လုံးလေးတွေ အောက်က ပါးဖောင်း‌ဖောင်းလေးနှင့် နှုတ်ခမ်းထော်ထော်လေးကို တွေ့လိုက်ရသည် ။ မိမိ အသိအမှတ်ပြု ခေါင်းညှိမ့်ပြလိုက်ပြီး နောက်မှာ သူမ စက်ဘီးကလေး နင်းထွက်သွားသည် ။ မိမိလည်း ကားပေါ်ပြန်တက်ပြီး စက်ရုံသို့ မောင်းလာခဲ့သည် ။

ရောက်ရောက်ခြင်း သိပ်မကြာလိုက် မသဇင် ခေါ်သည် ဆို၍ သူ့အခန်းသို့ ချက်ချင်း ကူးခဲ့သည် ။ အထဲရောက်တော့ ကြည်ပြာ ပါ အထဲရောက်နေသည် ကို တွေ့ရသည် ။ မျက်နှာတော့ သိပ်မကောင်းလှ ။

" အေး မောင်လေး သေချာ ပို့ခဲ့လား "

" ဟုတ်အမ အမှီပို့ခဲ့ပါတယ် လက်ခံရရှိကြောင်း လက်မှတ်ပါယူခဲ့ပြီး အကောင့်ငှာနကိုပါ ပြန်အပ်ခဲ့ပါတယ် အမ "

မသဇင်က ပါဆယ်ထုတ်တစ်ခု မြို့ထဲသို့ပို့ခိုင်းသည် ကို ဆိုလိုခြင်း ဖြစ်သည် ။

" အပြန်မှာ စက်ဘီး တစ်စီးနဲ့ ငြိ မလိုဖြစ်လို့ နည်းနည်း ကြာသွားတယ် အမ အဲ့ ကလေးမလေး မှားတာပါ ဘာပြသနာမှ ထွေထွေထူးထူး မဖြစ်ဘူး အမ  "

မိမိ ပြောသမျှ မသဇင်က သေချာစိုက်ကြည့်၍ နားထောင်နေသည် ။

" အိုကေ အိုကေ "

" ဟုတ် "

" ဒီလိုငါ့မောင်ရ အမ တို့ ကုန်ကြမ်းတချို့မှာထားတာ မနေ့က ရောက်ရမှာ ရောက်မလာဘူး သေချာ ပြန်လိုက်ကြည့်တော့ ဒီက မိကြည်ပြာလေ ရောက်ရမယ့် ဒိတ်ကို စစီစဉ်ကတည်းက တစ်ပါတ်လောက်လွဲနေတယ် "

ကြည်ပြာ့ ဆီ မေးငေါ့ပြရင်း ပြောသည် ။

" အမ တို့က မနေ့ကအရောက်လိုချင်တာ စီစဉ်မိသွားတာ နောက်တပါတ် အဲ့လိုဖြစ်သွားတော့ နောက်အကျဆုံး မနက်ဖြန် ဒါမှ သဘက်ခါ ရောက်ဖို့ အတွက် စာရွက်စာတမ်းတွေ ပြန်ပြင် ဆိုင်ရာကို ပြန်တင်ရတာမျိုး အမြန်လုပ်ဖို့လိုတယ် "

" ဟုတ် အမ "

" ပစ္စည်း က အခု ပုသိမ် ဘက်‌ ရောက်နေပြီ အဲ့တော့ စီစဉ်စရာရှိတာ စီစဉ်ရအောင် ကြည်ပြာကို ဒီနေ့ပဲ ပုသိမ် ကို လွှတ်ချင်တယ် အဲ့တာ မင်းကားနဲ့ အကြို အပို့ လုပ်ပေးဖို့ပဲ "

မသဇင် ဆိုလိုရင်း မိမိ သဘောပေါက်သည် ။

" အပြန်မိုးချုပ်လိမ့်မယ် ထင်တယ် အမ ကြည်ပြာ အဆောင်က အဆင်ပြေပါ့မလား "

ကြည်ပြာ အဆောင်နေမှန်း မိမိ သိသည် ။ တစ်ချိန်လုံး တစ်ခွန်းမှ မထွက်သော ကြည်ပြာက ခေါင်းညိမ့်ပြသည် ။

" ရတယ် မောင်လေး မိုးချုပ်လို့ အဆောင် အဆင်မပြေတော့ရင် အမ အိမ် သာ လာပို့ "

မသဇင် ပြန်ဖို့အတွက်တော့ မမေးတော့ပါ ။ ဒီလို သူမအားသည့် နေ့တွေဆို ဦးလေးတင်မောင်ကို လိုက်ပို့ခိုင်းတတ်သည် ။

..........................................................................................................

သိပ်မကြာခင် ကားလေး က ဟိုင်းဝေးလမ်းပေါ်ပြေးနေသည် ။

ကြည်ပြာက မိမိဘေးက လိုက်ပါလာပြီး တစ်လမ်းလုံး တစ်ခွန်းမှ မပြော ။ အရင်ကတည်းကလည်း စကားနည်းသူ တစ်‌ယောက်ဖြစ်ကြောင်း သိထားတာမို့ တော်ရုံ စကားစမပြောဖြစ်ပဲ ရှိနေသည် ။ မသဇင် ဆူထားလို့လည်းဖြစ်မည် ထင်သည် ။

" ကြည်ပြာ "

" ရှန် "

" နေ့လည်စာ ဘယ်မှာ စားချင်လဲ "

မပြောမဖြစ် ပြောရမည့် အရာမို့ မိမိကပဲ စကားစလိုက်သည် ။

" ရတယ် ကိုတိုး အဆင်ပြေတဲ့ နေရာမှာပဲ - ကြည်ပြာ ဗိုက်တော့ သိပ်မဆာသေးဘူး "

မိမိဘက်လှည့်၍ ပြောသည် ။ ဒီကလေးမလေး နှာတံလေးက မျက်နှာဝယ် အထင်းဆုံးဖြစ်သည်။ ထူပိန်းနေသည့် အောက်နှုတ်ခမ်းလေးနှင့် ဆန့်ကျင်ဘက် အပေါ်နှုတ်ခမ်းက ပါးပါးလေး ။ မျက်နှာ တစ်ခုလုံးက မိတ်ကပ်တွေ ဖွေးနေသည် ။ အနက်ရောင်စကပ်တိုလေးရှိနေသည့် ပေါင်နှစ်ဖက်ပေါ် လက်ဖျားလေးတွေယှက်တင်ထားရင်း ရှပ်အင်္ကျီအဖြူလေးက မို့မောက်နေသော ရင်သားတွေနှင့် တိတိကျကျ လိုက်ဖက်နေသည် ။

" ဘယ်ဆာမလဲ မနက်က အမက အဝ ကျွေးလိုက်တယ်မလား "

ရီ၍ မိမိပြောလိုက်တော့ သူက အသက်မပါသလို ပြန်ပြုံးပြသည် ။

" မဟုတ်ပါဘူး ကြည်ပြာ စိတ်ညစ်နေတာ တခြား "

" ဆောရီး "

စကားပြတ်သွားပြန်သည် ။

လမ်းမှာ ခဏတဖြုတ် နားရုံသာနားပြီး ပုသိမ်သို့ နေ့လည်ပိုင်းလောက်ရောက်သွားသည် ။ ဆိုင်ရာ ရုံးမပိတ်မှီ မှီရုံလေးမှီသည် ဆိုရုံပင် ။ ကြည်ပြာ က မသဇင်ဆီ သတင်းလှမ်းပို့ပြီး လိုအပ်သည့် လက်မှတ် နှင့် တခြား ကိစ္စများ ပြီးတော့ ညနေစောင်းခါနီးပင် ဖြစ်နေပြီ ။

" ကိုတိုး တစ်ခုခု စားရအောင်လေ "

" ဟုတ် ကြည်ပြာ ခုမှ ဆာလာတာလား "

" ဟုတ်တယ် "

ကားမောင်းရင်း မိမိဆိုသည် ။ ကြည်ပြာဆီ တစေ့တစောင်းကြည့်တော့ တနေကုန် နေပူထဲ သွားထားသည့် မျက်နှာ မှာ အဆီတွေ တဝင်းဝင်းနှင့် ဖြစ်နေသည် ။

" ကိုတိုး ဘာကြည့်တာ "

လူမိသွားတဲ့ ပုံမျိုး မဖြစ်အောင် သေချာထိန်းရင်း

" အော် ကြည်ပြာ ပင်ပန်းနေပြီလား လို့ပါ "

မရည်ရွယ်ပါပဲ ထွက်သွားသည့် စကားများနောက်ဝယ် အပြုံးတစ်ခုတော့ရလိုက်သည် ။

မိမိကားလေး ကို စုံစုံလင်လင် ရနိုင်မည် ထင်သည့် ဆိုင်တစ်ဆိုင်သို့ချိုးဝင်လိုက်သည် ။ ထမင်းနှင့်ဟင်း အချို့မှာပြီးနောက် မိမိ သတိတရနှင့် ရန်ကုန်ပြန်လက်ဆောင်ပေးရန် ထန်းရည် ပါဆယ် မှာသည် ။

" ကိုတိုး ကြည်ပြာလည်း သောက်ချင်တယ် "

" ကြည်ပြာ သောက်တတ်လို့လား "

မိမိ ပြုံးစစနှင့် မေးတော့

" သောက်ဖူးတယ် ကိုတိုး ထန်းရည်ချိုလေ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်တိုင်း ကြုံရင် ကြုံသလို သောက်တယ် "

" အင်း အဲ့တာဆိုလည်း မှာလေ "

ထန်းရည် ရောက်လာတော့ အရင် သောက်ကြသည် ။

" ကျွန်တော်တော့ နည်းနည်းပဲ သောက်မယ်နော် ကားလည်းမောင်းရမှာမို့ "

" ဟာ ကိုတိုးကလည်း ကြည်ပြာလည်း အာဆွတ်ရုံပါ အဟီး "

ရှားရှားပါးပါး ကြည်ပြာရီတာ ဒီတခါပဲ သေချာမြင်ဖူးလိုက်သည်။ ညာဘက်ပါးပေါ်က ပါးချုင့်လေးက ပိုပြီး နှစ်လိုဖွယ်ကောင်းသည် ။

တကယ်တမ်းလည်း မိမိနှင့် သူ တစ်ခွက်ဆီပဲ သောက်ဖြစ်ပါသည် ။ စားစရာရှိတာ အမြန်စားကြပြီး ပြန်ထွက်လာခဲ့ကြသည် ။ ရန်ကုန်ပြန်အဝင် နောက်ကျမည်စိုးသောကြောင့် ကားကို ခပ်မြန်မြန်လေး မောင်းဖြစ်သည် ။

" မသဇင် ဆီ ဆက်ပြီးပြီလား ကြည်ပြာ "

" ဟုတ် ပြီးပြီ ခုနက ဆိုင်မဝင်ခင်ကတည်းက ကြိုဆက်ထားတယ် "

" အိုကေ "

ကားလေးက ဟိုင်းဝေးလမ်းပေါ်  ပှံမှန် အတိုင်းပြေးနေသည် ။

" ကားမှန်ခဏချမယ်နော် ကိုတိုး "

အပြင်က လေနုအေးလေးတွေက ကြည်ပြာကို ဖြတ်ပြီး မိမိဆီဝင်လာသည် ။ နေဝင်ရီတရောလေးမို့ ကြည်ပြာဘက် လှည့်လှည့်ကြည့်တိုင်း နုဖတ်နေသည့် မျက်နှာလေးကို ရှုပ်ထွေးနေသည့် ဆံနွယ်တွေကြားမှ မြင်နေရသည် ။ သတ်သတ်မှတ်မှတ် မဟုတ်ပါပဲနှင့် ဒီအခိုက်အတန့်လေးကို ကြည်နူးနေမိလာပြန်သည် ။

ခဏကြာတော့ ကြည်ပြာ မှန်တံခါးလေး ပြန်ပိတ်လိုက်သည် ။

" ကိုတိုး "

" ဗျာ့ "

" ပြောလို့ရရဲ့လား "

" ဟုတ်ရပါတယ် ကြည်ပြာ ပြော "

" ကိုတိုး တစ်ခုခုကို အများကြီး မျှော်လင့်မိတာမျိုး ဖြစ်ဖူးလား "

ရုတ်တရက် အဆုံးအစမရှိ မေးခွန်းကြောင့် သူ ကြည်ပြာကို လှည့်ကြည့်မိသည် ။

" အဲ့ဒီ မျှော်လင့်ချက်တွေကိုရော ပစ်ပစ်ခါခါ  ရိုက်ချိုးခံရတာမျိုး ဖြစ်ဖူးလား "

" ဟုတ် ဖြစ်ဖူးတာပေါ့ ကြည်ပြာ "

မိမိ အလိုက်သင့်ပြန်ဖြေမိသည် ။

" ကျွန်တော် ငယ်ငယ်တုန်းက ရန်ကုန်ကို ဦးလေးခေါ်လို့ အလည်ရောက်တယ် မြို့ပြရဲ့ မက်မောစရာတွေ ကြည့်ပြီး တစ်နေ့ ငါ့မိသားစုကို ရန်ကုန်အပြီး ခေါ်လာမယ် လို့ ကလေးအတွေးနဲ့တွေးဖူးတယ် ဒါပေမယ့် နာဂစ်ဖြစ်ပြီးနောက် မိသားစု ဆိုတဲ့ ဝေါဟာရပါ ကျွန်တော်ဆီက ပျောက်သွားခဲ့တယ် "

" အင်းး "

ကြည်ပြာက ရီဝေသော မျက်လုံးတွေနှင့် လှည့်ကြည့်နေမှန်း ခံစားရသည် ။

" ကိုတိုး အဲ့‌ခံစားချက်တွေ ဘယ်လိုဖြေဖျောက်လဲ လွယ်လွယ်မမေ့နိုင်ဘူးမလား "

" ဘယ်မေ့နိုင်မလဲကြည်ပြာ အချိန် တစ်ခုပေါ့ အချိန်တစ်ခုကြာတဲ့ အခါ သက်သာသွားတာပေါ့ နောက်အချိန်တစ်ခု ကြာတဲ့အခါကျရင်တော့ မေ့နိုင်မယ် ထင်တယ် ခုထိတော့ မေ့နိုင်မယ့်အချိန် ရောက်မလာနိုင်သေးဘူးလေ "

ကားလေးအတွင်းဝယ် တိတ်ဆိတ်သွားပြန်သည် ။

" ကြည်ပြာ ချာတိတ်လေးတစ်ယောက်နဲ့ ချစ်ခဲ့တယ် "

မိမိ ကြည်ပြာဘက် လှည့်မကြည့်ပဲ ဆက်နားထောင်နေသည် ။

" သူက ကြည်ပြာတို့အဆောင်ရှိတဲ့ လမ်းထဲကပဲ "

" ဟုတ် ကြည်ပြာ "

" စမတ်ကျတယ် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ရှိတယ် ကြည်ပြာတွက် အဖော်မွန်ကောင်းတစ်ယောက်လို့ ယုံကြည်မိတယ်လေ "

ကြည်ပြာ ဆက်ပြောနေသည် ။

" သူနဲ့ မိုးမမြင်လေမမြင် ချစ်ခဲ့ကြတာ တစ်နှစ်တောင် ကျော်ပြီ ကလေးကို ချစ်မိလို့ ကလေးဆိုးဆိုးသမျှ အကုန်လိုက်လျောပြီး ချစ်ခဲ့တာ "

ကြည်ပြာရှေ့တည့်တည့်ကြည့်နေရာမှ လမ်းမဘေးမှ ဖြတ်ကျော်ထားခဲ့ရသော လမ်းမီးတိုင်တွေကို လိုက်ကြည့်နေသည် ။

" ရုတ်တရက် သူ့ဆီက အဆက်အသွယ်ပြတ်သွားတာ တစ်လလောက်ရှိသွားပြီ "

" ဟင် "

မိမိ အဖြစ်နှင့် လာတူနေပြန်သည် ။

" မနေ့က ကြည်ပြာ မသဇင် ခိုင်းလို့ အလုပ်ကိစ္စနဲ့ မြို့ထဲသွားတော့ သူ့ကို တခြား ကောင်မလေး တစ်ယောက်နဲ့ တွေ့လိုက်တယ်လေ "

" ဗျာ "

သူ နှုတ်မှ ထွက်ရွတ်မိသည် ။ ကြည်ပြာ အကြောင်းက ရိုးရှင်းပေမယ့် ကြည်ပြာ့ အသံတွေက တုန်နေသည် ။

" အထင်မှားတာရော မဖြစ်နိုင်ဘူးလား ကြည်ပြာ "

ကြည်ပြာခေါင်းခါနေသည် ။

" အချိန်တစ်ခုကြာမှ ချက်ချင်းအဆက်အသွယ်ပြတ်ပြီး နောက်တစ်ယောက်နဲ့ တွဲနေတယ်ဆိုတာ မရိုးရှင်းဘူးလား ကျွန်တော့်စိတ်ထင် တစ်ခုခုတော့ လွဲနေတယ် ထင်တယ် "

မှီရာ ကြည်ပြာ့ ပုခုံးလေး ပုတ်ရင်း ပြောမိသည်။

" အချိန်ခဏပေး စောင့်ကြည့်ပါဦး "

" တစ်လနီးပါးလေ ကိုတိုး ကြည်ပြာ -- ကြည်ပြာ သူ့ကို မခွဲနိုင်ဘူး "

ကြည်ပြာ ရှိုက်ရှိုက်၍ ငိုနေပါပြီ ။ ကားမောင်းရင်းတစ်ဖက်မို့ ဘယ်လိုမှ မကူညီတတ် ။ ရန်ကုန်လည်း ဝင်ခါနီးပြီမို့ ကားကိုလမ်းဘေးခဏ ချရပ်‌ပေးလိုက်သည် ။ ကြည်ပြာက ကားရပ်ရပ်ခြင်း တံခါးဖွင့်၍ လမ်းမပေါ်ဆင်းကာ ရှိုက်ကြီးတငင် ငိုနေတော့သည် ။ မိမိက ကားပေါ်မှာ ထိုင်လျက် ကြည်ပြာကို ကြည့်နေမိသည် ။ မထင်မှတ်ပဲ ကြည်ပြာ စိတ်ခံစားချက်ကို သနားတောင် သနားမိလာသည် ။ အတန်ကြာသည်အထိ သူမ မျက်နှာကြီးအုပ်ပြီး ငိုနေသောကြောင့် ကားပေါ်မှ ဆင်း၍ ကြည်ပြာအနားသွားပြီး ပုခုံးလေးပုတ် နှစ်သိမ့်ပေးမိသည် ။

" သွားရအောင် ကြည်ပြာ အရမ်းနောက်ကျရင် မသဇင် ဆူနေဦးမယ် အဆောင်ပိတ်ချိန်လည်း မမှီတော့ဘူးဆိုတော့ "

ကြည်ပြာ့ကို ကားပေါ် ပြန်တက်စေပြီး မောင်းထွက်ခဲ့သည် ။ သူမ အငိုတော့ တိတ်သွားပြီ ။ ခဏနေတော့ -

" ကိုတိုး ဝယ်လာတဲ့ ထန်းရည်တွေရော "

" နောက်မှာလေ "

မပြောမဆို ထန်းရည်တွေ ယူသောက်နေတော့သည် ။

" အများကြီးဆို မူးမယ် ကြည်ပြာ "

" မူးချင်တာ "

တား၍ရမည် မဟုတ်‌သောကြောင့် လွှတ်ထားလိုက်သည် ။

ကားလေးက ရန်ကုန်ထဲ ဝင်လာပြီ ။ ကြည်ပြာ့ကို ကြည့်တော့ အိပ်မောကျနေသည် ။

" .... "

ရုတ်တရက် ဖုန်းဝင်လာသည် ။ ကြည်ပြာလန့်နိုးပြီး သူ့ဖုန်းလေး ကြည့်ရင်း ကိုင်လိုက်သည် ။

" ဟုတ်အမ "

" ..."

" ဟုတ် "

" ...."

" မလာတော့ဘူး အမ အဆောင်မှူးက စောင့်ပေးမယ်ပြောတယ် အဆောင်ပဲ ပြန်လိုက်တော့မယ် ဟုတ် "

ကားမောင်းရင်း မိမိ ကြည်ပြာ့ဆီ စောင်းကြည့်မိသည် ။ အဆောင်က ပိတ်ချိန်တောင်ကျော်နေပြီ ။ ဒီကလေးမ ဘာလုပ်မလို့ပါလိမ့် ။ ကြည်ပြာ ဖုန်းပြန်ချလိုက်တော့မှ မိမိ မေးလိုက်သည်။

" အဆောင်က ပြန်လို့ ရသေးလို့လား ကြည်ပြာ "

" မရတော့ဘူးလေ "

" ဟင် အဲ့တာဆို ခုနက မသဇင်ကို ဘာလို့ လိမ်လိုက်တာ "

" ဒီပုံစံကြီးနဲ့ မသဇင် ဆီ မပြန်ရဲဘူးလေဗျာ "

မန္တလေးသူ ပီပီသသ ပြောလာတာ ခုမှ တွေ့ဖူးသည် ။ခက်ပြီ ။ အဆောင်က ပိတ်ပြီ ။ မသဇင်ဆီလည်း မသွားဘူးဆိုတော့ ဘယ်ကို လိုက်ပို့ရမှာ ။

" အဲ့ဒါဆို ကြည်ပြာကို ဘယ်လိုက်ပို့ရမှာ "

" မသိဘူး "

ကြည်ပြာ ထန်းရည်တန်ခိုးတော့ ပြနေပြီ ။ မိမိ တိုက်ခန်းလည်း ဒီအချိန် ခေါ်မသွားရဲ ။ ရပ်ကွက်ထဲ တမျိုးတမည် ထင်ကြဦးမည် ။

" ကြည်ပြာ အဲ့တာဆို ကျွန်တော့ ခြံ မှာ လိုက် အိပ်မလား ဟိုမှာ ခြံစောင့် အဘလည်း ရှိတယ် ကျွန်တော် အဘနဲ့ သွား အိပ်မယ် မနက်ကျ စောစော ကျွန်တော်ပြန်လိုက်ပို့ပေးမယ် "

" ဟုတ် ကိုတိုး သဘော "

ကြည်ပြာ တစ်‌ယောက် မျက်လုံးများ ပွင့်မလာတော့ပေ ။မိမိ ကားလေးကို သန်လျင်ဘက် ဦးတည်လိုက်သည် ။

................................................................................................

ခြံရှေ့ရောက်တော့ အတော်ပင် မိုးချုပ်နေပြီ ။ ခြံစောင့် အဘ ကို ကြိုဖုန်းဆက်ထားတာမို့ တံခါးအဆင်သင့် ဖွင့်ထားပေးသည် ။ ကားကို သေချာ ပါကင်ထိုးပြီး ကြည်ပြာ့ကို တွဲခေါ်ရသည် ။ အဘက အစကတည်းက စကားနည်းသူမို့ လိုအပ်သည်ထက်ပို၍ ထပ်မမေးပေ ။

" ကျွန်တော့် အခန်းထဲ သူ့ကို သိပ်ပြီး အဘဆီ ကျွန်တော်လာအိပ်မယ် အဘ "

" ရတယ်‌လေ လူလေး မင်းတောင် အဘဆီ လာမအိပ်ဖြစ်တာ ကြာပြီပဲ အေးအေး အဘ ပြင်ထားလိုက်မယ် "

ခြံထောင့်ရှိ အဘ ပျဉ်ထောင်အိမ်လေးနှင့် ကွက်ပျစ်ကလေးကို မိမိငယ်ငယ်ကတည်းက နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းဖူးသည် ။ အဘထွက်သွားမှ ကြည်ပြာ့ကို အခန်းထဲ တွဲခေါ်လာခဲ့သည် ။

အခန်းထဲ ရောက်တော့ သူမကို မွေ့ရာပေါ်အသာဆွဲတင်ရင်း လှုပ်နိုးကြည့်သေးသည် ။ တုတ်တုတ်မှ မလှုပ်လို့ ဒီအတိုင်း ကြည့်ကောင်းအောင် အသာထားခဲ့ပြီး ရေချိုးရန်ပြင်သည် ။ တစ်ခန်းထဲ သူစိမ်းမိန်းကလေးနှင့်မို့ မိမိ သူမဆီ လှမ်းကြည့်မိသော်လည်း ကလေးမက အိပ်မောပင်ကျနေသည် ။

ရေချိုးခန်းထဲက ထွက်လာတော့ ကြည်ပြာက မိမိဘက် မျက်နှာမူပြီး တစ်စောင်းလေး အိပ်နေသည် ။ မိမိ သဘက်တစ်ထည်ယူသုတ်ရင်း ကြည်ပြာ့ မျက်နှာလေး အနီးကပ် ကြည့်မိသည် ။ တနေကုန် ခရီးသွားထားသည့် မျက်နှာလေးက အဆီတွေဝင်းနေသည့်တိုင် နုဖတ်နေသည် ။ မျက်နှာပေါ် အုပ်ကျနေသည့် ဆံပင်လေးတွေကို အလိုလျောက် ဖယ်ပေးဖြစ်သည် ။ အဲကွန်းတစ်အား‌အေးနေမည် စိုး၍ ဒီဂရီ ကစားပေးသည် ။

" မောင် မောင် "

မိမိ ငုံကြည့်တော့ တတွတ်တွတ်ရွတ်နေသော ကြည်ပြာ့ကို တွေ့ရသည် ။ ကြည်ပြာ့လက်ကလေးက မိမိလက်ကိုလာဆုပ်ကိုင်လို့ မျက်လုံးလေး မှိတ်ပြီး ညည်းနေသည် ။ သူ့ကောင်လေးတော့ သူတော်တော်ချစ်ရှာသည် ။ ဆံပင်ဖျားလေးတွေ ဖယ်ပေးနေသော မိမိလက်ဝါးပြင်ကို ကြည်ပြာက သူ့ပါးလေးနှင့် ပွတ်ဆွဲနေသည် ။ မိမိလက်ကို သူ့နှုတ်ခမ်းလေးတွေနှင့်နမ်းနေသည် ။ ဒီလိုကျတော့လည်း သနားဖို့ကောင်းနေလိုက်တာ ။ ဖွေးနုနေသည့် နဖူးလေးကို မရိုးသားစွာဖြင့် တချက် ငုံနမ်းမိသည် ။

" အင့် "

ကြည်ပြာရဲ့ နောက်လက်တစ်ဖက်ကပါ မိမိကို ဆွဲဖက်၍ မိမိမျက်နှာ မှီရာကို နမ်းလာသည် ။

" မောင် ချစ်တယ် မောင် "

မပီမသ စကားလုံးတွေ ပြောရင်း နှုတ်ခမ်းတွေကို စုတ်ယူတာခံလိုက်ရပြီးနောက် မိမိ လက်တွေက သူ့ခေါင်းလေးကို ပွတ်သပ်ပေးနေမိပြန်သည် ။ အတွေ့ဆိုသည့် တပ်မက်မှုကို မိမိရီဝေစွာဖြင့် လက်ခံနေမိသည် ။ သူ့ပုခုံးလေးဖက် သူ့အပေါ်ထပ်လျက် သူမနှုတ်ခမ်းတွေကို အတန်ကြာအောင် ပြန်စုတ်နမ်းနေမိသည် ။ မိမိအပေါ်နှုတ်ခမ်းတွေကို မနာတနာလေး သူမ သွားတွေနှင့် ကိုက်ကိုက်ဆွဲလာသည် ။

တင်းကျပ်နေအောင် ပွေ့ဖက်ထားရင်း သူမလည်တိုင်လေးကို ထိုးနမ်းမိသည် ။ သူမရဲ့ လက်တွေက အဝတ်မဲ့နေသောမိမိကျောပြင်တလျှောက် တင်းကျပ်စွာ ဖက်ရမ်းပွတ်ဆွဲနေသည့်အပြင် လှုပ်ရှားမှုကြောင့် မိမိခါးမှာဝတ်ထားသော သဘက်ပြေလျော့သွားပြီးနောက် သူမက မိမိ တင်ပါးတွေပါ ဆုတ်ကိုင်ပွတ်သပ်လာသည် ။

" မောင်ရယ် ဟင်း အာ့ "

သူ့ကောင်လေးနှင့် အမှတ်မှားနေသော ကြည်ပြာ့ကို ရပ်တန့်ပစ်ရန် မိမိ ခက်ခဲနေသည် ။ အထိတို့မှ တဆင့် မြစ်ဖျားခံလာသော အတွေ့မှာ အစုန်ကိုပဲမျောလိုက်ချင်မိသည် ။ ရီဝေစွာဖြင့် ကြည်ပြာ ရှပ်အင်္ကျီအဖြူလေးပေါ်မှ ရင်သားတွေ ထိကပ် နမ်းရှိုက်လိုက်သည် ။ လက်တွေက စကပ်လေးအတွင်းဘက်ထိ တိုးဝင်ရင်း အတွင်းခံလေးကို အောက်ထိ ဆွဲချွတ်လိုက်မိသည် ။ ကြည်ပြာ တင်ပါးလေး ကော့ပေးလို့ အလွယ်တကူပင် ကျွတ်ကျလာသည် ။ ကျန်နေသည့် စကပ်မဲလေးကို အပေါ်သို့လှန်တင်ရင်း အောက်က ထောင်မတ်နေသော မိမိဟာကို ကြည်ပြာ့အင်္ဂါလေးဆီ တေ့ထည့်လိုက်သည်။

" အာ့ ဟားးး"

မိမိတင်ပါးနှစ်ဖက်ကို ကုတ်ခြစ်နေသောကြည်ပြာ့လက်တွေက ပိုမိုတင်းကျပ်သွားသည် ။ ကြည်ပြာ့ အင်္ဂါလေးက အရည်တွေ ရွှဲနေနှင့်ပြီးသားမို့ တင်းတင်းရင်းရင်းပင် အထဲသို့ဝင်သွားသည် ။

" အား "

မိမိ ကြည်ပြာ အား ကပ်လျက်ပင် တစ်ချက်ချင်းဆီ ဆောင့်ပေးနေမိသည် ။ ပါးစပ်မှ အသံမျိုးစုံထွက်နေသည့် ကြည်ပြာက မိမိ ကို ဖက်ထားရင်း ခြေထောက်နှစ်ဖက်က ခါးကို ချိတ်လာသည် ။ တင်ပါးလေးတွေလည်း ကော့ကော့ပေးလာသောကြောင့် အနည်းငယ်ခွာ၍ ခပ်မြန်မြန်လေး ဆောင့်ပေးလိုက်သည် ။

" အင့် ဟင့် ဟင့် "

ကြည်ပြာမျက်လုံးတွေ မှိတ်ထားဆဲ ။

ဆောင့်နေရင်း တစ်ချက်တစ်ချက် တွန့်တွန့်သွားတာသတိထားမိသည် ။ သူမ သုံးလေးကြိမ်လောက် အထွတ်အထိပ် ရောက်ရောက်နေလေပြီ ။ မိမိကိုယ်တိုင်လည်း စိတ်ခံစားမှုတွေ မြင့်မားလာတာမို့ ကြည်ပြာဆီမှ အသာခွာရင်း မှောက်ခုံလေး ဖြစ်အောင် ဆွဲလှည့်လိုက်သည် ။ သူမ မှောက်ခုံဖြစ်သွားမှ ခါးလေးကနေကိုင်ပြီး ဆွဲယူလိုက်ရာ လေးဘက်ထောက်‌လေး ဖြစ်သွားသည်။ စကပ်ကို ခါးအထိဆွဲလှန်လိုက်ရင်း တင်ပါးနှစ်ဖက်ကြားရှိ သူမအင်္ဂါ နှုတ်ခမ်းသားလေးတွေကို မိမိဒစ်ထိပ်နှင့် အစုန်အဆန်ပွတ်သည်။ ပြီးမှ တစ်ချက်တည်း အဆုံးထိ ဝင်အောင် အားသုံး၍ ဆောင့်ထည့်လိုက်သည် ။

" အာ့ ကိုတိုး အား "

မိမိ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရသည် ။ သူကောင်လေးမဟုတ်မှန်း ဘယ်အချိန်ကတည်းက အသိပြန်ဝင်နေပါလိမ့်။ ဆက်တွေးမနေတော့ပဲ မချွတ်ရသေးသည့် သူမရှပ်အင်္ကျီစကို ဆွဲရင်း တင်ပါးလေးတွေ ကပ်သွားသည်အထိ အားကုန်ဆောင့်မိတော့သည် ။

" အာ့ အား အာ့ "

" အင်း အာ့ "

တဖြေးဖြေးချင်း ကြည်ပြာက တင်ပါးလေးခွက်သည်အထိ ကော့ပေးထားရင်း မိမိနှင့်အတူ စည်းချက်ညီညီ ကော့ကော့ပေးလာလို့ မကြာခင် မိမိ အထွတ်အထိပ်ရောက်တော့မည်မှန်း ခံစားမိလာသည် ။

" အား ကြည်ပြာ ကြည်ပြာ ပြီးတော့မယ် မြန်မြန် မြန်မြန်လေး "

မပီမသ ရေရွတ်လာလို့ ခပ်သွက်သွက်ဆောင့်ပေးဖြစ်လိုက်မိပြီး မကြာခင် ကြည်ပြာ ဝမ်းခေါင်းသံပါအောင် အော်မြည်ရင်း တွန့်တက်သွားသည် ။ မိမိလည်း လေးငါးဆယ်ချက်လောက် ဆက်တိုက်ဆောင့်ပေးရင်း ဆတ်ခနဲ ဆွဲထုတ်၍ တင်ပါးကြားထဲကို ပန်းထုတ်လိုက်ပစ်လိုက်သည် ။

မိမိ ကြာပြာ့ ဘေးနား အသာလှဲ၍ အမောဖြေရင်း သူမဘက်လှည့်ကြည့်တော့ ခွေခွေလေး လှဲရင်း မိမိကို ကြည့်နေသည်။

" ကြည်ပြာ "

" ဟုတ် "

" အကို့ကို စိတ်ဆိုးနေလား "

ကြည်ပြာက တိုးတိုးလေး ပြောသည် ။

" ဘာလို့လဲ "

" ခုလို ဖြစ်ခဲ့ကြလို့ပေါ့ "

ကြည်ပြာ့ လက်ကလေးတွေက မိမိ ပုခုံးပေါ်တင်ရင်း

" မသိဘူး ကြည်ပြာကိုယ် ကြည်ပြာလည်း ခုစိတ်ခံစားချက်ကို ခွဲခြားမရဘူး "

" အင်း "

ကြည်ပြာ့ နဖူးလေး အသာငုံ့နမ်းမိသည် ။

" ကြည်ပြာရေချိုးချင်တယ် တစ်ကိုယ်လုံး ညစ်ပတ်နေတာ အမူးတောင် နည်းနည်းပြေသွားပြီ အဟတ် "

" သွားချိုးလေ ကြည်ပြာ "

" ကိုတိုး က မချိုးဘူးလား "

" ကြည်ပြာချိုးနှင့်လေ "

ကြည်ပြာရေချိုးခန်းထဲ ဝင်သွားတော့ မိမိ ဖုန်းလေးယူရင်း အဘကို လာမအိပ်ဖြစ်ကြောင်း စာတို ပို့သည် ။ အခြေအနေ တွေက ချက်ချင်း ပြောင်းလဲ သွားတာမို့ ခုချိန်ဝယ် စိတ်လှုပ်ရှားမှုတွေသာ စိုးမိုးနေသည် ။

" ကိုတိုး "

ရေချိုးခန်းထဲမှ ကြည်ပြာ့အသံ ။ မိမိ ထသွားပြီး စေ့ရုံစေ့ထားသော ရေချိုးခန်းတံခါး အသာဟလိုက်တော့ မျက်လုံးလေးဝိုင်းစက်နေသော သူမကို တွေ့လိုက်ရသည် ။ လုံးဝန်းကြီးမားသော ရင်သားအစုံနှင့် နို့‌သီးခေါင်း သေးသေးလေးတွေပေါ်မှာ ရေစလေးတွေ စီးကျနေသည် ။ မိမိရေပန်းအောက်ကိုတိုးဝင်သွားရင်း ကြည်ပြာ့ကို ထွေးပွေ့လိုက်မိတော့သည် ။ အောက်နှုတ်ခမ်းထူထူလေးကို လှမ်းစုတ်တော့ သူက ရှောင်သွားရင်း မိမိခါးကို ကိုင်၍ ဒူးထောက်ထိုင်ချလိုက်သည် ။

............................................................................................................

မနက်စောစောထ၍ ကားယူပြီး မသဇင်ကို ကြိုရန်ထွက်လာခဲ့သည် ။ မိမိ ထွက်ခါနီးမှ ကြည်ပြာ့ကို နှိုးခဲ့ပြီး သူမ အဝတ်အစားများလည်း မခြောက်သေးသည်မို့ တစ်နေကုန် ခြံတွင်သာနေစေပြီး ညနေမှ ပြန်ပို့မည်ဟု မှာခဲ့သည် ။

" မောင်လေး ညက ကြည်ပြာ့ ကို သေချာပို့ခဲ့လား "

ကားပေါ်ရောက်တော့ မသဇင်က မေးသည် ။

" ဟုတ် ပို့ခဲ့တယ် အမ မနေ့က သူလည်း ပင်ပန်းသွားတယ် "

" အေး ခုနက အမ ဆီ ခွင့်လှမ်းတိုင်တယ် "

" ဪ ဟုတ် အမ "

မိမိ ပြုံးနေလိုက်ပြီး ထိုအပြုံးတို့ကို မသဇင် မမြင်စေရန် အမှီဖုံးကွယ်လိုက်ရသည် ။ဌာနကို ရောက်တော့ တခြားငှာနကို တာဝန်ယူထားသော ကားနှစ်စီးက ဝပ်ရှော့ရောက်နေလို့ မိမိအစားထိုးသွားရဖို့ ဖြစ်လာသည် ။ MD ကို ကြိုပို့ရန် သီးသန့်ကား ဆိုပေမယ့် လိုအပ်ရင် လိုအပ်သလို တခြားငှာနတွေအတွက် အသုံးပြုခွင့်ပေးထားသည် ။

" ငတိုးရေ ထမင်းစားပြီးရင် မင်း အကောင့်ဌာန သွားလိုက်ဦး ဘဏ်သွားမယ် ပြောတယ် "

" ကိုစိုးမြင့် လှမ်းဆက်တာလား ဦးလေး "

ကိုစိုးမြင့်သည် မိမိတို့ဌာန ကားလမ်းကြောင်းများ ချပေးသော စီမံငှာနက တာဝန်ရှိသူဖြစ်သည် ။ ဦးလေးတင်မောင်က စကားဆက်သည် ။

" အေး ဟုတ်တယ် ငါက HR လမ်းကြောင်းရှိနေလို့ "

" ဟုတ် "

ထမင်းစားတော့ ထုံးစံအတိုင်း ရုံးက စီစဉ်ပေးသည့် ကန်တင်းသွားစားဖြစ်သည် ။ အလုပ်များနေသည့်ကြားမှ ပိုးပိုး ကို သတိရမိပြန်သည် ။ ထမင်းစားနေရင်း ပိုးပိုးဆီ မျှော်လင့်ချက် တစ်ခုနှင့် ဖုန်းခေါ်လိုက်သေးသည် ။ စက်ပိတ်ထားမြဲပင် ။

အကောင့်ဌာနရှေ့ရောက်တော့ အန်တီသီတာ က စောင့်ကြိုနေသည် ။ သူ့ဘေးနားတွင် ခပ်ကုပ်ကုပ်ကောင်မလေးတစ်ယောက် ။ မြင်ဖူးနေလို့ သေချာကြည့်တော့ ဟိုတနေ့က စက်ဘီးနှင့် နှုတ်ခမ်းထော်ထော်ကောင်မလေး ဖြစ်နေသည် ။

လမ်းရောက်တော့ အန်တီသီတာက စတင်မိတ်ဆက်သည် ။

" မောင်တိုးရေ ဒီသမီးလေး က မေရီ တဲ့ မှတ်ထားဦး နောက်ပိုင်း ဘဏ်ကိစ္စနဲ့ အပြင်သွားရင် အန်တီ့အစား သူပဲ သွားမှာ "

" ဟုတ်ကဲ့ အန်တီ "

နောက်ကြည့်မှန်မှ လှမ်းကြည့်တော့ ကောင်မလေးက ခပ်ပြုံးပြုံးလေး ကြည့်နေတာတွေ့ရသည်။ မိမိ ပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည် ။

" ဒါက ကိုတိုးအောင် တဲ့ တို့စက်ရုံက သဘောအကောင်းဆုံး ကားဆရာလေးပေါ့ကွယ် ပုံမှန် MD ကို ကြို ပို့ လုပ်တာ ခုက အန်တီတို့ ပို့နေကျ ကား ပျက်နေလို့ "

" ဟုတ်ကဲ့ အန်တီ "

မေရီ အသံလေးက ဩဩလေးနှင့် ကလေးအသံလို ဖြစ်နေသည် ။ အန်တီသီတာ က ဆက်ပြောနေသည် ။

" အန်တီက လကုန်ရင် နားပြီ မောင်တိုးရေ အသက်လည်းကြီးပြီဆိုတော့ နားနားနေနေ ပဲ နေတော့မလားလို့ ရီဆိုင်း တင်ထားတာ ကြာပြီ နင့် MD က အန်တီကို မထွက်စေချင်ဘူးဖြစ်နေတာ ခု အန်တီက ထပ်ပြောလို့ "

" ဟုတ် အန်တီ မသဇင်က  လူကောင်း လူဟောင်းဆိုရင် တော်ရုံ မထွက်စေချင်တဲ့ သဘောဖြစ်လို့နေမယ် ဦးလေး ဦးတင်မောင်ဆိုရင်လည်း ကြာပြီလေ "

" ဟုတ်တယ် မောင်တိုး ကိုတင်မောင်နဲ့ အန်တီ အလုပ်ဝင်တာ လပိုင်းလောက်ပဲ ခြားတယ် "

ဘဏ်ရောက်တော့ သူတို့နှစ်ယောက်ဆင်းသွားသည် ။ မေရီ ဆိုသည့် ကောင်မလေးက ရှိလှမှ အသက်နှစ်ဆယ် စွန်းစွန်းလောက်ပဲ ရှိဦးမည် ။ ထမိန်အနက်ရောင်အပွင့်လေးကို တင်းတင်းဝတ်ထားလို့ ရှပ်အင်္ကျီ ခရမ်းရောင်လက်တိုလေးနှင့်အတူ ခါးလေးက သိမ်သိမ်လေးဖြစ်နေသည် ။ မိမိ မသိမသာရင်ခုန်မိပြန်သည် ။

ကားပေါ်ထိုင်‌စောင့်ရင်း တစ်ကိုယ်တည်း ပြုံးမိသည် ။ မိမိအဖြစ်က ခုတလော ပိုပြီး ရှုပ်ထွေးလာသလိုပင် ။ ပိုးပိုး ၊ မသဇင် ၊ ပြီးတော့ ကြည်ပြာ ။ မရည်ရွယ်ပါပဲနှင့် ဖြစ်ပျက်သွားသော အဖြစ်အပျက်လေးတွေ ပြန်တွေးမိသည် ။ တခါတလေကျတော့လည်း လောကကြီးက မရိုးရှင်းပဲ ဆန်းကြယ်နေပြန်သည် ။ ဒီလိုအချိန်မျိုးမှာ တိုင်ပင်ဖော်တိုင်ပင်ဖက်အချစ်ဆုံး သူငယ်ချင်း ခိုင်မင်းကို သတိရသည် ။

မိမိမှာ စိတ်ရောကိုယ်ပါ ပေါင်းသင်းဖြစ်သည့် ရှားရှားပါးပါး သူငယ်ချင်းက ခိုင်မင်း ပဲရှိသည်။ ငယ်ဘဝက ရန်ကုန် ပြောင်းလာလာခြင်း အထက်‌တန်းကျောင်းမှာ မိဘမဲ့မို့ ဘယ်သူမှ အပေါင်းအသင်းမလုပ်သည့်အချိန် တစ်ခုံတည်းထိုင်သည့် မိမိကို သူငယ်ချင်းဆိုတာထက်ပို၍ စောင့်ရှောက်ကာကွယ်ပေးခဲ့ဖူးသည် ။ ခိုင်မင်းမိဘတွေက ချမ်းသာတာမို့ ကိုယ်က ရိုးရိုးဘွဲ့တစ်ခုအတွက် အဝေးသင်တက်တဲ့အချိန် သူက အမှတ်လည်းကောင်းတာမို့ ရေကြောင်းတက္ကသိုလ်တက်ရင်း မျိုးရိုးလိုက်ပြီး သ‌င်္ဘောသားဖြစ်ခဲ့သည် ။ 

နောက်ပိုင်း မန္တလေးသို့ပြောင်းသွားခဲ့ကြပေမယ့် မိမိနှင့် အဆက်အသွယ်မပြတ်ခဲ့ပေ ။ သူရန်ကုန်ရောက်တိုင်း ဝင်္ကပါခြံကို ရောက်အောင်လာပြီး ရှေးဟောင်းနှောင်ဖြစ်တွေ ပြောကြသည် ။ ရင်ဘတ်ချင်းတူသူ သူငယ်ချင်းမို့ နှစ်ယောက်သားတွေ့လျှင် ပြောစရာတွေက မကုန်ခဲ့ ။ မိမိအကြောင်း အသိဆုံးက ခိုင်မင်းဖြစ်သလို ခိုင်မင်းအကြောင်းအသိဆုံးကလည်း မိမိ ကိုယ်တိုင်ပင် ။ သူငယ်ချင်းနှစ်ယောက် နောက်ထပ်တူသည့် အချက်က အခုချိန်ထိ အိမ်ထောင်မကျသေးခြင်းပင် ။ ဒီတစ်ခါ နားရက်ကျမှ ခိုင်မင်းဆီ ဖုန်းဆက်ဦးမည် ။

.................................................................................

ညနေခြံရောက်တော့ တိုက်နောက်ကကွက်လပ်ကလေးမှာ ထိုင်ရင်း ကြည်ပြာက အဘနှင့် စကားလက်ဆုံပင်ကျနေသည် ။ မိမိရောက်သွားတော့ အဘက ကိစ္စ တစ်ခု အကြောင်းဖော်၍ ပြန်သွားသည် ။

" အမ ဘာမေးနေသေးလဲ ကိုတိုး "

" မနက်က ကားပေါ်မှာတုန်းကတော့ ခွင့်လှမ်းတိုင်တယ် ပြောတယ် ကျန်တာတော့ ဘာမှ မမေးဘူး "

ကြည်ပြာ ပြုံးစိစိ ဖြစ်နေသည် ။ မိမိ နှင့်သူ မျက်နှာချင်းဆုံမိသည် ။

" ကြည်ပြာ တို့ အဖြစ်ကလည်း ရယ်စရာနော် "

" ကိုယ်က မထိန်းနိုင်ခဲ့တာ "

" ဟာ အဲ့တာတွေ ပြောမနေပါနဲ့ ကိုတိုးရာ ကြည်ပြာ ကိုယ်တိုင် မလွန်ဆန်နိုင်တာလည်း ပါတယ် ကိုတိုးကိုပဲ ကျေးဇူးတင်ရမှာ "

" ဟင် ဘာလို့ "

သောက်လက်စ ရေနွေးကြမ်းခွက်ကို ချရင်း မေးလိုက်သည် ။

" ကြည်ပြာ့ထဲ အဆုံးထိ မပြီးလိုက်လို့လေ "

ကြည်ပြာ ခေါင်းလေးငုံ့ပြီး တိုးတိုးလေးပြောသည် ။

" အင်း "

" ထားပါ အဲ့တာတွေ "

" ဟုတ် ကျွန်တော် အကြံပေးဦးမယ် ကြည်ပြာ့ ကောင်လေးနဲ့ သေချာ ညှိကြပါဦး သေချာတဲ့ အကြောင်းအရင်းမဟုတ်ပဲနဲ့ မပြတ်စေချင်ဘူး "

" ညှိဖို့ ဟုတ်လား ကိုတိုး ဘယ်နည်းနဲ့မှ ဆက်သွယ်လို့ မရတာ ဘယ်လိုညှိရမလဲ "

ကြည်ပြာ က စိတ်တိုသံလေးတွေ ဖြည့်စွက်ပြောသည် ။ညနေတအား မစောင်းခင် ကြည်ပြာ့ကို အဆောင် ပြန်ပို့ပေးလိုက်သည် ။ ကားလေးကို စက်ရုံကိစ္စတွေအပြင် တခြား ကိစ္စတွေပါ သုံးနိုင်ရန် နားလည်မှု ပေးထားလို့ အတော်အဆင်ပြေနေသည် ။ ဒီလိုရက်မျိုးဆို စက်ရုံ ပြန်မထားပဲ မိမိဆီသာ ယူထားဖြစ်သည် ။

...............................................................................................................

အလုပ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ ကြိမ်ဖန်များစွာ လုပ်နေရသူသည် အချိန်တစ်ခုကြာလွန်သောအခါ ထိုအလုပ်ကို ငြီးငွေ့၍ စိတ်ပါဝင်စားမှု နည်းပါးလာနိုင်သည် ဆိုသော စကားကို မိမိကြားဖူးသည့် အလျောက် ကိုယ်တိုင်လည်း တွေ့ကြုံနေရသည် ။ ဒီကားလေးတစ်စီးနဲ့ တစ်နေကုန် အချိန်တွေ ကုန်လွန်နေရသည် ။ နေရာပေါင်းစုံ ရောက်ခဲ့ပြီး အဖြစ်ပေါင်းစုံလည်း ကြုံခဲ့ရသည် ။ ရှုပ်ထွေးပွေလီသည့် လောကဇာတ်ခုံဝယ် ဘယ်အချိန်ထိ ကံဇာတ်ဆရာ အလိုအတိုင်း ကရဦးမည် မသိနိုင်ချေ ။ မိမိအသက်အရွယ်အရ တခါတလေ တစ်ယောက်တည်းသမားဘ၀ကို ငြီးငွေ့မိသည် ။ ရင်ဘတ်ထဲခိုနားဝင်လာဖူးသော ခဏတာ အပျော်လေးများကို သာယာနေမိခဲ့သော်လည်း အချိန်တန် အနားက ထွက်သွားမှာပါပဲ ဆိုသည့် အတွေးက အကျင့်တစ်ခုလို ကပ်ပါနေမြဲပင် ။

ကာမတဏှာတို့ဖြင့် လွှမ်းခြုံထားသော အချစ်နှင့်သံယောဇဉ်တို့သည်လည်း အဘယ်မျှလောက်ကြာရှည်ခံမည်နည်း ။ တဏှာရာဂ ကင်းသော မေတ္တာနှင့် ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်မျိုးကို ပိုင်ဆိုင်ရယူနိုင်ခွင့် ဆိုတာကိုရော လက်ရှိဘဝမှာ ရရှိနိုင်ပါ့မလား ။

" လူလေး တွေးလှချည်လား "

လာသာသောညမို့ ကွပ်ပျစ်ကလေးပေါ် ဝမ်းလျားမှောက်ရင်း တွေးမိတွေးရာ တွေးနေမိသည် ။

" ဒီလိုပါပဲ အဘရာ ရောက်တတ်ရာရာ ပေါ့ "

အဘက မီးမှိန်မှိန်လေး အောက်ဝယ် ကုလားထိုင်ပေါ်ထိုင်၍ ရေးနွေးကြမ်းကို မတ်ခွက်နှင့်သောက်ရင်း လှမ်းပြောနေသည် ။ ဦးလေးဆီ အပြီးပြောင်းလာကတည်းက မိမိ အနားတွင် မိဘသဖွယ် လိုအပ်သည်များဖြည့်ဆည်းပေးသော အဘ ။ အသက်ခုနှစ်ဆယ်ကျော်သည်အထိ သန်မာနေဆဲပင် ဖြစ်သည် ။

အလုပ်နားရက်မို့ တစ်နေကုန် ခြံထဲ လာနေဖြစ်နေသည် ။ တခါတလေ အဘ ပျဉ်ထောင် အိမ်လေးဆီလည်း လာအိပ်နေကြမို့ အဘ အိမ်လေးမှာ သူ့အတွက် အခန်းသက်သက်တစ်ခန်းဖွဲ့ထားသည် ။ အခန်းရှေ့ ခေါင်းရင်းတည့်တည့်က တံခါးလေး ဖွင့်လိုက်လျှင် ယခု ထိုင်နေသော ကွပ်ပျစ်ကလေးနှင့် ကောင်းကင်ကြီးကို ထင်ထင်ရှားရှားကြည့်နိုင်သည် ။

" လူလေး အိမ်ထောင်ပြုသင့်ပြီ "

" ဘယ်သူ့ ယူရမလဲ အဘရာ အဟားး "

မိမိက ရီကျဲကျဲလုပ် ပြောရင်း လက်ဖက်တစ်ဇွန်းပါးစပ်ထဲ ကောက်ထည့်လိုက်သည် ။

" ဟေ မင်းအတွက် အဲ့သလောက်ရှားသလား ရည်းစား‌တွေ အများကြီးကျထားပြီးတော့ "

အဘက ဆက်ပြောသည် ။

" အဘ က အသက်ကြီးပြီ လူလေးရ ရွာက တူမလေး‌တွေဆီ အပြီးပြန်နေလို့ရပေမယ့် မင်းနဲ့ ဒီခြံကို သံယောဇဉ် ဖြစ်နေလို့ ပြီးတော့ မင်းဦးလေး မရှိတော့တဲ့ နောက်ပိုင်း အဘပါ မရှိတော့ရင် လူလေးတစ်ယောက်တည်း စိတ်မချလို့ "

အဘက စိတ်လိုလက်ရ ရှည်လျားစွာ ထပ်ပြောနေပြန်သည် ။

" အဘ ဘယ်လိုပဲ စိတ်မချသည် ဖြစ်စေ တစ်နေ့တော့ ထားခဲ့ရမှာပဲ အဘမသွားခင်တော့ မင်းအိမ်ထောင်ပြုသွားတာလေး မြင်သွားချင်တယ် "

မိမိ ထထိုင်လိုက်ရင်း အဘ ကို တလေးတစား ပြန်ပြောသည် ။

" စိတ်ချပါ အဘ တခါတလေ ကျွန်တော်လည်း အထီးကျန်ပါတယ် ဒါပေမယ့် ဒီကိစ္စ ဆိုတာကလည်း အတင်းလုပ်ယူလို့မှ မရတာ အဘရယ် "

" အေးပါကွယ် "

အဘက ဆေးပြင်းလိပ်သာ ခပ်ပြင်းပြင်း ဆက်ဖွာနေသည် ။

" မောင်ခိုင်မင်းနဲ့ရော စကားပြောဖြစ်ကြ‌သေးရဲ့လား "

" မပြောဖြစ်တာ ကြာပြီ အဘ အွန်လိုင်း‌ပေါ်လည်း မတွေ့မိဘူး နောက်နေ့မှ ကျွန်တော် အေးဆေးဖုန်းဆက်ကြည့်ဦးမယ် "

" အေး တချို့ကိစ္စတွေကျ မင်းတို့ လူငယ်ချင်း တိုင်ပင်ကြပေါ့ မင်းတို့အချင်းချင်းကျ ပိုပြောလို့ ကောင်းတာပေါ့လေ "

" ဟုတ်ကဲ့ပါ အဘ "

ထိုညက အဘ အိပ်သွားသည့်တိုင်အောင် မိမိ တော်တော်နှင့် အိပ်မပျော် ။ ရုတ်တရက် ခံစားလာရသော အထီးကျန်ခြင်းဝေဒနာကို တွန်းလှန်နိုင်ရန် ရှောင်လွှဲစရာ အကြောင်းများရှာဖွေမိဖို့ ခဲယဉ်းပေစွ ။

.......................................................................

ခုရက်ပိုင်းထဲ စက်ရုံက လူတိုင်းလိုလို အရင်ကထက် အလုပ်ပိုများကြသည် ။ ISO ယူထားပြီး‌ပေမယ့် ထပ်တိုးအစစ်ခံဖို့ရှိလို့ ငှာနတိုင်းလိုလိုက သူ့တာဝန်နှင့်သူ အလုပ်ရှုပ်နေကြသည် ။

မသဇင်ကိုယ်တိုင်လည်း အရင်ကထက် အလုပ်မှာရှိသည့် အချိန်‌တွေက ပိုများလာသည် ။ ပုံမှန်အလုပ်ချိန်ထက် အချိန်ပိုဆင်းဖြစ်တာများနေသည် ။ သူမနှင့် အတူ ကြည်ပြာ တစ်ယောက်လည်း လပ်တော့ တစ်လုံးနှင့် ချာလည်လိုက်နေသည် ။ မိမိကတော့ ယဉ်မောင်းတာဝန်ပဲ ယူထားရတာမို့ ကားကျန်းမာရေး ဂရုစိုက်နေဖို့ပဲ လိုသည် ။ မိမိကြောင့် သွားလာရေး နှောင့်နှေးကြန့်ကြာတာမျိုး မဖြစ်စေချင် ။

ဌာနရှိ ဝပ်ရှော့ရောက်နေသော ကားနှစ်စီးမှ တစ်စီးပဲ ပြန်ရောက်သေးတာဖြစ်လို့ MD ကြို ပို့ ပြီးလျှင် တခြားဌာနတွေဘက်အလှည့်ပေးရပြန်သည် ။

အကောင့်ဌာန ဘက်က ထွက်ဖြစ်လျှင်တော့ မေရီ နဲ့ပဲ သွားဖြစ်တာ များသည် ။ စက်ရုံနှင့် အနီးဆုံးရပ်ကွက်တွင် အဆောင်လာနေလို့ အသွားအပြန် ရုံးဆင်း ရုံးတက် စက်ဘီးလေးနှင့် တွေ့နေရသည် ။ ဒီကောင်မလေးကို မြင်တိုင်း ပိုးပိုး ကို သတိရသည် ။ မျက်နှာပေါက် အသားအရည် ဆံပင်ပုံစံ နှင့် ခန္ဓာကိုယ် အချိုးအဆစ်က အစ မတူသော်လည်း ငယ်ဂုဏ်လေးတွေနှင့် ယဉ်စစ မျက်နှာပေးလေးတွေကို နှစ်‌ယောက်စလုံးမှာ တွေ့ရလို့လည်း ဖြစ်နိုင်သည် ။ ပိုးပိုး က အသားပိုညိုသည် ။ ဆတ်တောက်ဆတ်တောက်နှင့် လုံးလုံးကျစ်ကျစ်လေး ။ မေရီကျတော့ အသားသိပ်မညို ။ သူမ လမ်းလျှောက်ရင် ကော့ကော့လေး ။ ပိုးပိုးထက် အချိုးအဆစ် ပိုကျသည် ။ ပိုးပိုးထက်လည်း ဆံပင်ပိုရှည်သည် ။ နှုတ်ခမ်းလေးလည်း ပိုထော်သည်ပေါ့ ။

" ..."

ဌာန‌တွင်ထိုင်ရင်း အတွေးထဲ မျောနေခိုက် ဖုန်းထမြည်လာသည် ။ ကိုကျော်စွာထက် ဆီက ဖြစ်နေသည် ။

" ဟယ်လို အကို "

" အေး ကောင်လေး အေးဆေးပဲလား "

" ခုတလော အလုပ်ပိုများလာတယ် အကို "

အဓိက မသဇင် ဆီ ဖုန်းခေါ်မရလို့ ဒီနေ့ အလုပ် ဆင်းမဆင်း မေးခြင်း ဖြစ်သည် ။ ဟိုဒီ ပြောဖြစ်ကြရင်း လကုန်ပိုင်းလောက် ပြန်လာဖြစ်မည် ဖြစ်ကြောင်း နှင့် ဝင်္ကပါခြံကိုလည်း ထပ်လာလည်ဦးမည် ဖြစ်ကြောင်း ပြောသွားသည် ။ ဒီဘဲကြီး သူ့ကိုတော့ တော်တော် ခင်သည် ။ သူပြန်လာလျှင်တော့ ဖြစ်လာနိုင်သော တချို့ အကြောင်းလေး‌ကို ကြိုတွေးမိရင်း အသက်ရှူနှုံး မြန်လာမိပြန်သည် ။ တခါတလေ သူတို့စိတ်ကို မိမိနားမလည်သလို သာယာမိသော မိမိ စိတ်ကိုလည်း နားမလည်နိုင်ချေ ။

" အကို "

ဖုန်းကြည့်ရင်း အတွေးထဲနစ်နေသောကြောင့် အနားရောက်လာသော ခြေအစုံကို ခေါ်မှပဲ မော့ကြည့်မိသည် ။

" ဪ မေရီ "

" ဒီနေ့ မွေးနေ့ အကို အဲ့တာ ကြာဇံကြော် လာပေးတာ "

လက်ထဲ ဖော့ဘူး လေးကိုင်ရင်း လှမ်းပေးသည် ။ သူ့အမှတ်အသား နှုတ်‌ခမ်းလေးထော်နေအောင်ပြောပြီး ပါးချိုင့်လေး ပေါ်အောင် ရီသည် ။

" ကြာဇံကြော် မကြိုက်ဘူးဟ "

" မသိဘူး ကျွေးတာပဲစား "

နှစ်ယောက်သား ပြိုင်တူရီလိုက်ကြသည် ။

" မေရီက ဘယ်နှစ်နှစ်ပြည့်တာလဲ "

" နှစ်ဆယ့်တစ် အကို "

" ဟုတ်လား အကိုက ဒီထက်တောင် ငယ်ဦးမယ် ထင်တာ "

" ဟုတ်ပါပြီ နောက်မှ မုန့်ထပ်ဝယ်ကျွေးမယ် သွားတော့မယ် "

" အေး အေး "

ချက်ချင်းပင် လှည့်ထွက်သွားသော မေရီကို ငေးကြည့်မိသည် ။ ရင်ခုန်သံတွေက မြန်နေဆဲ ။ ဒီနေ့မှ ခရမ်းပွင့် မြန်မာရင်ဖုံးဝတ်စုံလေးနှင့် ပို‌ကြော့မော့နေသည် ထင်မိသည် ။

..........................................................................................

ပုံမှန်ဆို စနေ ၊ တနင်္ဂနွေ ပိတ်ရက် မဟုတ်လျှင် ကြားရက်တွေမှာ သွားရလာရ ပိုအဆင်ပြေသည့် မြို့ထဲ တိုက်ခန်းကိုပဲ ပြန်ဖြစ်တာများသည် ။

" ငတိုး "

တိုက်ခန်းပြန်ရောက် ရေချိုး ထမင်းစားပြီးတော့ ခိုင်မင်းနှင့် မက်စင်ဂျာ ဗီဒီယိုခေါ ပြောဖြစ်သည် ။ ပုံမှန်ဆို သိပ်အကြာကြီး အဆက်အသွယ် မပြတ်ဖူးပေမယ့် ဒီတစ်ခါ ခိုင်မင်းနှင့် စကားမပြောဖြစ်တာ တော်တော်ကြာသွားသည် ။

" အဘတောင် မင်းကို မေးနေသေးတာကွ "

ပြောဖြစ်ကြတော့လည်း ဟိုရောက်လိုက် ဒီရောက်လိုက်နှင့်သူငယ်ချင်းအရင်းကြီး‌တွေဖြစ်လို့ ပြောစရာမကုန်နိုင်‌အောင်ဖြစ်‌နေသည် ။ မိမိ အကြောင်း ၊ အလုပ်အကြောင်းတွေ ပြောဖြစ်သည် ။ သူကတော့ ရှာနိုင်တုန်း သင်္ဘောတက်ဦးမည် ဖြစ်ကြောင်း ၊ အရင်နှစ်လ‌ကျော်လောက်က အမရပူရ ဘက်ကို ရောက်ဖြစ်ကြောင်းပြောသည် ။

ပိုးပိုးနှင့်ကြိုက်တာ သူသိတာမို့ သူ့ကို ပိုးပိုး အကြောင်းတွေ ရင်ဖွင့်ဖြစ်တော့ သူက ပိုးပိုးရှိရာ ပင်းတယ ထိ လိုက်သွားရှာရန် အကြံပေးသည် ။ သူရန်ကုန်လာဖြစ်လျှင် အတူတူလိုက်ခဲ့မည် ဖြစ်ကြောင်း ပြောရှာသည် ။ မိမိကတော့ သိပ်မျော်လင့်ချက် မထားတော့ကြောင်း ပြောမိသည် ။

" အေး ဒါနဲ့ ငါပြောရဦးမယ် အမရပူရမှာ ကောင်မလေးတစ်ယောက်နဲ့ ပြန်တွေ့တယ် "

သူ့အကြောင်းပြောနေသည့် ခိုင်မင်းမှာ ရွှင်လန်းတက်ကြွနေသည် ။

" ဆောရီး ပြန်တွေ့တယ်ဆိုတာက အဲ့ကောင်မလေး ဆယ်တန်းတုန်းက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့ကွာ ငါတို့ မြို့ပေါ်နားမှာ အဆောင်နေတာကွ အဲ့မှာ သူ့အမေက ငါ့အမေနဲ့ ရင်းနှီးလို့ သူ့သမီး ဆယ်တန်း ကို ဂိုက် အနေနဲ့ ငါ့ကို သင်ခိုင်းတယ် အဲ့ကောင်မလေး ငါ့အိမ်မှာ တစ်ပါတ် နှစ်ရက် လာသင်တယ် ငါစာပြပေးရတယ်ပေါ့ကွာ အဲ့တုန်းက တကယ့် အကောင် သေးသေးလေးကွ "

" အင်း "

ဒီကောင် ကောင်မလေးတွေ အကြောင်းပြောရမည် ဆိုလျှင် ဖြူဖွေးသော မျက်နှာကနေ နားရွက်ကအစ အနီရောင် ပြောင်းသွားတတ်သည် ။

" အင်း အဲ့ဒီအကြောင်း ငါ့လည်း တစ်ခါမှ မပြောဖူးပါဘူး "

" အေး အဲ့တုန်းက ထည့်ပြောစရာ အကြောင်းမရှိခဲ့လို့နေမယ် "

" ထားပါတော့ "

" အဲ့ကောင်မလေးကို ဦးပိန် နားမှာ အမှတ်တမဲ့ ပြန်တွေ့တာ သူက မှတ်မိတယ် ငါက သေချာ မျက်နှာ ပြန်ဖမ်းယူရတယ် ပါးကွက်ကလေးနဲ့ ဆံပင်က အရှည်လေး ယဉ်လိုက်တာကွာ မင်းတို့ ငါတို့ အကြိုက်ပဲ "

ဒီကောင် ဇာတ်လမ်းစလာပြီ ။

" အဲ့တော့ မင်းက တစ်ခါတည်း ရည်းစားစကား မပြောလိုက်ဘူးလား "

ခိုင်မင်း ထရီတော့သည် ။

" အဲ့ဒီနေ့က အကြာကြီး စကားပြောဖြစ်တာကွ ကောင်မလေးက ဘွဲ့တောင် ရပြီးလို့ မင်းတို့ ရန်ကုန်မှာ အလုပ်လုပ်သွားဖို့စီစဉ်ထားတယ်တဲ့ ကိုကြီးရော အိမ်ထောင်ကျပြီလား ဘာ ညာပေါ့ကွာ "

" အင်း "

" နောက်တော့ ဖုန်းနံပါတ်တောင်းထားလိုက်တယ် နောက်ပိုင်း ဖုန်းတွေ ဘာတွေ ဆက်ပြီး လိုင်းပေါ်က စကားပြောလိုက် ဖုန်းဆက်လိုက်ပေါ့ကွာ "

ခိုင်မင်း အားတက်သရော ပြောနေသည် ။

" သိပ်မကြာပါဘူး မင်းသူငယ်ချင်း အဖြေရတယ်ပေါ့ကွာ ငါတော့ ဒီတခါ အတည်ဖြစ်ပြီ ထင်တယ် ဟေ့ကောင်ရေ နှစ်ဖက် အိမ်လည်း သိပြီး အခြေအနေတွေက အော အိုကေ "

" အဲ့တာဆို ယူဖို့လုပ်လိုက်ကြတော့လေကွာ "

" အေး ကောင်မလေးက ငါ့ အပေါ်တော့ တော်တော်ချစ်ရှာတယ်ကွ ငါတို့ ပြီးခဲ့တဲ့လက နှစ်ကြိမ်လောက်တွေ့ဖြစ်ကြ‌သေးတယ် "

" ဘယ်မှာတွေ့တာလဲ "

" ဘယ်မှာတွေ့တွေ့ပေါ့ကွာ ဟီးးး "

ဒီလောက်ဆို သဘောပေါက်သည် ။ ခိုင်မင်းက မိမိထက် အများကြီး လက်သွက်ခြေသွက်ရှိသည် ။ မျက်နှာ သိပ်ပြေပြစ် တဲ့ အထဲမှာ မပါပေမယ့် အသားဖြူဖြူ ခပ်တောင့်တောင့် သန့်သန့်ပြန့်ပြန့်မို့ တော်ရုံ မိန်းကလေးမျိုး မငြင်းဆန်နိုင်တာကို မိမိသိသည် ။

" နှစ်ခါတည်းပါကွာ "

ခိုင်မင်းက ဆက်ပြောနေသေးသည်။

" ဘယ်လိုပဲဖြစ်ဖြစ်လေ မင်းတို့ ငါတို့ အသက်တွေ မငယ်တော့ဘူး အတည်တကျ ဖြစ်သင့်ပြီ တခြား အဆင်မပြေတာမရှိရင် ယူလိုက်တော့ သူငယ်ချင်း "

စိတ်ရင်းနှင့် ခိုင်မင်းကို ပြောဖြစ်သည်။

" ငါလည်း သူ့ကို တော်တော်ချစ်မိသွားပါကွ တန်ဖိုးလည်းထားတယ် အသက်ချင်း အတော်ကွာပေမယ့် တို့နှစ်ယောက်အချင်းချင်း နားလည်မှု ဂရုစိုက်မှုက အတိုင်းအဆမရှိပဲကွာ "

" အင်း "

" အဓိက ငါမင်းကို ပြောချင်တာ ခုမှလာမှာကွ သူက ခု ရန်ကုန်ရောက်နေတာ အလုပ်တောင် ရတာ သိပ်မကြာသေးဘူး "

" ဟုတ်လား "

" အေး အဲ့တာ မင်းအခွင့်သာရင်လည်း သွားတွေ့ပေးပြီး စောင့်ရှောက်ပေးစေချင်တာ ငါလည်း ရန်ကုန် လာဦးမှာ လာရင်တော့ သေချာ မိတ်ဆက်ပေးမယ် "

" အေးပါ ငါ့တာဝန်ထား "

မိမိ ရီကျဲကျဲလုပ်ပြောလိုက်တော့ ခိုင်မင်း ဟက်ဟက်ပက်ပက်ရီသည် ။

" နေပါဦး မင်း ကောင်မလေးကို ငါ့အကြောင်း ပြောပြထားဖြစ်သေးလား "

" ရန်ကုန်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် ဆိုတာပဲ သိသေးတယ် "

" ကောင်းတာပေါ့ သူ့လည်း ငါမသိ ငါ့လည်း သူမသိ နဲ့ "

ရွဲ့ပြောမှန်း ခိုင်မင်း သိသည် ။

" သူ့ဓါတ်ပုံရော ဖေ့ဘုတ် အကောင့်ရော အဆောင်လိပ်စာ အလုပ်လိပ်စာပါ ငါပေးပါ့မယ်ကွာ မင်းကလည်း စိတ်ကြီးတာ ငယ်ငယ်တုန်းကလိုပဲ "

" ထင်လို့ပါကွာ တော်ရုံ သည်းခံတတ်နေပါပြီ "

" အေးပါ "

ပြောရင်းနှင့် တစ်ဖက်က ခိုင်မင်း မြင်ကွင်းက ပျောက်သွားသည် ။ ခဏကြာတော့ မိမိ ဖုန်းကို လှမ်းဆက်သည် ။ အလုပ်ကိစ္စ ပေါ်လာလို့ ဖုန်းခဏ ပြောရမည် ။ နောက်မှပဲ သူ့ကောင်မလေး လိပ်စာနဲ့ ဓါတ်ပုံ ပို့ပေးတော့မည် ပြောပြီး ဖုန်းချသွားသည် ။အဲ့ဒီနေ့ညက မိမိ တော်တော်နှင့် အိပ်မပျော်တော့ပေ ။

လူဆိုသည်မှာ လိုချင်ပါလျက် အလှမ်းဝေးသော တစ်ချို့အရာတွေကို ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်သည့်အနေဖြင့် ရောင့်ရဲလက်ခံကျေနပ်နိုင်ကြသော်လည်း ထိုအရာများအား တစ်ပါးသူနှင့် နှိုင်းယှဉ်ချန်ရစ်ခံကြရသည့်အခါ စိတ်ဓါတ်ကျတတ်ကြစမြဲပင် မဟုတ်ပါလား ။

မိမိကိုယ်တိုင် မကြာခဏ ခံစားနေရသော အထီးကျန်ခြင်း စိတ်ခံစားမှုများမှ လွတ်မြောက်ချင်လှသည် ။ လုပ်ယူ၍ မရသော တမင်လွှင့်ပစ်၍ မရသော ထိုခံစားမှုများအတွက် အားမလိုအားမရဖြစ်မှုတွေနှင့်သာ အချိန်ကုန်ရပြန်ဦးမည် ။

..................................................................................

မြူတွေဆိုင်းနေသည့် သစ်ပင်တန်းတွေထဲ မိမိကိုယ်တိုင် သတိမထားမိလိုက်ခင်မှာပဲ အလိုလိုလမ်းလျှောက်နေမိသည်။ ဘေးဝဲယာ နှစ်ဖက်မှ မြင့်မားသော ကံ့ကော်ပင်တွေကိုကြား ရှေ့က ကုန်းမြင့်လေးတစ်ခုပေါ်မှာ တစုံတခုကို မြင်နေရသည် ။ ထိုမြင်နေရသော အရာက မိမိကို ကျောခိုင်းလျက် ဝေးရာသို့ ထွက်ခွာဟန်ပြင်နေပြန်သည် ။ အထိန်းအကွပ်မဲ့သည့် မသိစိတ်က ထိုအရာကို ဟန့်တားနိုင်ရန် စေခိုင်းနေသည် ထင်သည် ။ ထိုအရာဆီ မိမိ တဟုန်ထိုးပြေးသွားသည် ။

" ဟင် "

အနားရောက်လေလေ မိမိ အဝေးသို့ရောက်သွားလေလေ ။ လှုပ်ရှားသွားသည့် အရိပ်သဏ္ဌာန်ကို ပိုမို ခွဲခြမ်းကြည့်မိတော့ မိန်းကလေး တစ်ဦးလိုလို ။

" ပိုးပိုး "

" ပိုးပိုး ကလေး ဘယ်တွေလျှောက်သွားနေတာလဲ "

မြူခိုးတွေဝေနေသည့် သစ်ပင်တန်းလေးရဲ့ အဆုံးမှာ ထိုမိန်းကလေးက ရပ်တန့်သွားသည် ။ သူမ အနီးသို့ မိမိရောက်ရှိတော့ ဆံပင်တွေက ကျောလယ်အထိအောင် ဖားလျားချထားသည်ကို မြင်လာရသည်။ ကျောခိုင်းထားသည့် အဝတ်မဲ့ ခန္ဓာကိုယ် ကောက်ကြောင်းက တဖြေးဖြေး ပီပြင်လာသည်။ သူမကို လှမ်းဆုပ်ကိုင်နိုင်သည့် အကွာအဝေးမို့ ပုခုံးလေးကို ကိုင်လိုက်တော့ နွေးထွေးနေသည် ။

" ဟင် "

ရုတ်တရက် မိမိဘက်လှည့်ကြည့်လိုက်တော့ အံ့အားသင့်စွာဖြင့် ရေရွတ်မိသည် ။

" မေရီ "

" မေရီ "

ဘီလူးစီးသလို ဝူးဝူးဝါးဝါးအော်ရင်း လန့်နိုးလာသည် ။ အဲကွန်းခန်းထဲမှာတောင် တကိုယ်လုံး ချွေးတွေပြန်နေသည် ။ ဘေးစားပွဲပေါ်က နာရီကြည့်တော့ မနက် သုံးနာရီ ။ မသိစိတ်ရဲ့ စွဲလမ်းမှု နှင့် အတ္တ ကိုတွေးရင်း သက်ပြင်းရှည်ချမိသည် ။

တကယ်ဆို ပိုးပိုးနှင့်ကိုယ်က လမ်းခွဲခဲ့ကြတာ မဟုတ်သလို ပိုးပိုးကိုလည်း ရင်ထဲက ထုတ်လို့မရသေးတာ ကိုယ်တိုင်သိသည် ။ သို့တိုင်ပါလျက် မေရီကို စွဲလမ်းလာမိတာ နီးစပ်ချင်လာမိတာမျိုး မဖြစ်သင့်ပါ ။ မိမိကို ပုံအပ်ပေးထားသော နှလုံးသားတစ်စုံကို သစ္စာဖောက်တာမျိုး မဖြစ်ချင်ပါ မဖြစ်ရပါ ။

သို့တိုင်ပါလျက် -

သို့တိုင်ပါလျက်ပင် -

တဖြည်းဖြည်း ရင်ထဲတိုးဝင်‌လာသော မေရီကို သူ့နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ နေရာပေးနေမိပြန်ပြီ ။


အပိုင်း ( ၄ ) ဆက်ရန် >>>




Print Friendly and PDF

No comments:

Post a Comment