Tuesday, April 6, 2021

ညစ်ညမ်းစာပေ

 ညစ်ညမ်းစာပေ 

(အချီး )

တလောကကျနော်ရေးတဲ့ ဗမာ အောစာအုပ်များအကြောင်းပိုစ့်ကို ရှယ် သွားတဲ့ တယောက်ရဲ့ ရှယ်ပိုစ့်အောက်မှာ အမျိုးသမီးတယောက်က ရန်ကုန်ဘဆွေရဲ့ နန်းဟာဗီးက အပြာဝတ္တုမဟုတ်ဘူးလို့ တယောက်ထဲ အငြင်းပွားနေတာကိုတွေ့ရလို့ ယခုလိုမျိုး ညစ်ညမ်းစာပေ နဲ့ပတ်သတ်ပြီး လက်လှမ်းမီသလောက် လေ့လာဖူးတဲ့ ညစ်ညမ်းစာပေများအကြောင်းကို တထွာတမိုက်အသိဉာဏ်နဲ့ရေးလိုက်

ရခြင်းပဲဖြစ်ပါတယ်၊ ဒီနေရာမှာ ညစ်ညမ်းစာပေ ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ ကြိုတင်ပြောလိုရင်းတခုကတော့ နိုင်ငံတကာ ညစ်ညမ်းစာပေ ကို ယေဘုယျ ကိုယ်ထည်မျှသာထည့်သွင်းပြောဆိုသွားမှာဆိုတာကိုပါပဲ၊အဓိက ထားပြီးပြောသွားမှာကတော့ ပြည်တွင်း ညစ်ညမ်းစာပေများအကြောင်းပဲဖြစ်ပါတယ်၊ 

၁၊

ညစ်ညမ်းစာပေဆိုတာ ဘာလဲ မေးခွန်းကို ဖြေဖို့အတွက် ဖြစ်ခဲ့ပြီးသော အရင်ဆုံးအတိတ်ကိုပြန်သွားရပါ့မယ်၊ ဖြစ်ခဲ့ပြီးသော အတိတ်ဆိုတာ ကုန်လွန်ခဲ့ပြီးသော အချိန်များတုန်းကပွဲဆူခဲ့ဖူးတဲ့ညစ်ညမ်းစာပေများအကြောင်းဆီကို ပြန်သွားလိုရင်းပဲဖြစ်ပါတယ်၊ညစ်ညမ်းစာပေနဲ့ပတ်သတ်ပြီးတော့ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ အမူပြသနာများစွာရှိပါတယ်၊ကျနော်တို့ဆီမှာ လူသိများလှတဲ့ ညစ်ညမ်းစာပေအမူကတော့မြသန်းတင့်ဘာသာပြန်တဲ့ (ဆောင်းပါး)D.H.lawrence ရဲ့ Lady Chatterly ဝတ္တုအမူပဲဖြစ်ပါတယ်၊လော့ရင့်ရဲ့ ချက်တလေ ဝတ္တုကို ညစ်ညမ်းစာပေဆိုပြီး အိန္ဒိယ၊သြဇီ၊ကနေဒါနဲ့ ဂျပန်လို့ နိုင်ငံမျိုးတွေမှာ နှစ်အတော်ကြာပိတ်ထားခဲ့ဖူးပါတယ်၊ လော့ရင်ရဲ့ ချက်တလေဝတ္တုဟာ ၁၉၂၈ ခုနှစ်မှာပထမအကြိမ်ထုတ်ဝေခဲ့ပေမယ့်၊အင်္ဂလန်က စာပေအနုပညာအသိုင်းအဝိုင်းကတော့ အသိအမှတ်မပြုခဲ့ကြပါဘူး။

ဘာလို့ဆို ဒီဝတ္တုက အင်္ဂလန်ရဲ့ လူမူထုံးတမ်းအစဉ်လာတွေနဲ့မညီမညွတ်ဘူးဆိုတဲ့အကြောင်းပြချက်ကြောင့်ပါပဲ၊ ဒီဝတ္တုဟာ တရားစွဲခံရတဲ့ ကမ္ဘာကျော် ညစ်ညမ်းစာပေ အမူတခုဖြစ်ခဲ့ပေမယ့်၊ ၁၉၆၀ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ လော့ရင့် အမူနိုင်ခဲ့ပါတယ်၊ စာအုပ်လည်းသုံးသန်းကျော်ရောင်းလိုက်ရပါတယ်၊ စာအုပ်ထဲက အထက်တန်းလွှာအမျိုးသမီးနဲ့ အလုပ်သမားတို့ရဲ့ချစ်ခြင်းမေတ္တာတရားနောက်ကွယ်ကနေ ရောထွေးယှက်တင်ကာလိုက်ပါလာတဲ့ လိင်ဆက်ဆံမူအခန်းတွေက ကြမ်းတမ်းတယ်၊ဆိုပြီးတော့ တချိန်က ပိတ်ပင်ခံခဲ့ရတဲ့ လော့ရင့်ရဲ့ ချက်တလေဝတ္တုဟာ အခုဆိုရင် ကမ္ဘာ့ ဂန္ထဝင်စာရင်းဝင်ဖြစ်နေပါပြီ၊ ကျနော်တို့ဆီမှာတော့ ဒီဝတ္တုကို ဘာသာပြန်မရှိပါ။

 အမှီးအနေနဲ့သာ ၁၉၅၀ ကျော်လောက်က လင်းယုန်နီက မင်းကတော်လေး အမည်နဲ့ရှူမဝမှာ အခန်းဆက်ရေးသားခဲ့ဖူးပါတယ်၊ လော့ရင့်ရဲ့ ချက်တလေ ဝတ္တုလိုမျိုး နောက်ထပ်  နိုင်ငံတကာစာပေမှာ ညစ်ညမ်းစာပေပါဆိုပြီး တံဆိပ်ကပ်ခံရကာ ဖြစ်ပွားခဲ့တဲ့ အမူတွေရှိပါသေးတယ်၊ တွေ့ရသလောက်တော့ ညစ်ညမ်းစာပေပါဆိုပြီး ကမ္ဘာ့စာပေလောကမှာ ပထမဆုံး တရားစွဲခံရတဲ့ အမူကတော့ အင်္ဂလိပ်လူမျိုး စာရေးဆရာ Jhon Cleland ရဲ့ Memoirs Of Fanny Hill ဆိုတဲ့ဝတ္တုပါပဲ၊ ဒီဝတ္တုဟာဆိုရင် ၁၆ ရာစု နှစ်လယ်ပိုင်းလောက်မှာထွက်ခဲ့တာပဲဖြစ်ပါတယ်၊ ၁၇၄၉ ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပါတယ်၊ ၁၇၄၉ ဆိုတဲ့အချိန်က ကျနော်တို့ဆီမှာဆိုရင် ဒုတိယအင်းဝပျက်ပြီးအလောင်းဘုရားက ဘုရင်မဖြစ်သေး၊ လယ်ထွန်ကောင်းတုန်းအချိန်တခုပါပဲ၊ ၁၆ရာစုထဲမှာပဲ နောက်ထပ်ထင်ရှားတဲ့ ညစ်ညမ်းစာပေ အနေနဲ့ တရားစွဲဆိုမူ တခုကတော့ပြင်သစ်စာရေးဆရာ Marquis De Sade ၏ Justine ဝတ္တု ကိုတရားစွဲဆိုတဲ့အမူအခင်းပါပဲ။

 Marquis De Sade ကို ကျနော်တို့ဆီက ပညာရှင်များကတော့ ဗမာလို မာကီးဒီဆာ့ဒ် လို့အသံဖလှယ်ကြတာများပါတယ်၊ Justine ဝတ္တုဟာ ၁၇၉၁ ခုနှစ်မှာထုတ်ဝေတာဆိုတော့ ကျနော်တို့ မြန်မာပြည် ခေတ်ကာလ နဲ့နှိူင်းယှဉ်ရင် အဲ့ဒီအချိန်ကာလ ဟာ ကျနော်တို့ဆီမှာ ဘိုးတော် ဘုရားက စစ်ပွဲများတိုက်ကောင်းဆဲကာလပဲဖြစ်ပါတယ်၊ Marquis De Sade ဆိုတာကလည်း စာရေးဆရာသက်သက်မဟုတ်ပါဘူး၊ ဗော်တလဲယား၊ရူးဆိုးတို့လို့ အတွေးအခေါ်သမားပဲဖြစ်ပါတယ်၊ နိုင်ငံတကာမှာ နောက်ထပ်ထင်ရှားတဲ့ ညစ်ညမ်းစာပေအမူတခုကတော့ ကျနော်တို့ ဗမာစာဖတ်ပရိတ်သတ်နဲ့ သိပ်ပြီးတော့ မရင်းနှီးလှတဲ့ Henery Miller ရဲ့ Tropic Of Cancer ဆိုတဲ့ ဝတ္တုပါပဲ၊ ဒီဝတ္တုကို အမေရိကန်က ညစ်ညမ်းစာပေပါဆိုပြီး ပိတ်ထားခဲ့ဖူးပါတယ်။

 ဒီဝတ္တုကိုအကြောင်းပြုပြီးတော့လည်း အမူပေါင်း ၆၀ နီးပါးဖြစ်ပွားခဲ့ပါတယ်၊ အခုပြောသွားခဲ့တာတွေကတော့ နိုင်ငံတကာ စာပေမှာဖြစ်ပွားခဲ့တဲ့ ညစ်ညမ်းစာပေဆိုင်ရာကမ္ဘာကျော်အမူအခင်းများပဲဖြစ်ပါတယ်၊မျက်မှောက်ခေတ်စာပေလောကမှာဆိုရင်တော့ ဝဲလ်ဘတ် နဲ့ မူယာကာမိကတော့အရပ်စကားအရ ပြောစမှတ်တွင်တဲ့ ညစ်ညမ်းစာပေရေးသားသူများပါပဲ၊ဆက်ပြောရင် အများကြီးကျန်နေသေးပေမယ့်၊ ဒီလောက်ပဲပြောတာကောင်းပါမယ်၊ ပြည်တွင်းညစ်ညမ်းစာပေဘက်ကို လှည့်ပါအုံးမယ်၊

၂၊

ဗမာပြည်မှာ အစောဆုံး ပြည်တွင်းဖြစ် ညစ်ညမ်းစာပေကတော့ ကိုလိုနီခေတ် ၁၉၄၀ ဝန်းကျင်က ပေါ်ထွက်ခဲ့ဖူးတဲ့ ကာမ ဒမြ ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ရေးသူအမည်နဲ့ ထုတ်ဝေခုနှစ်ကိုမဖော်ပြထားပါ။ ဒါ့အပြင် ဒီစာအုပ်လည်း ဤစာရေးသူ၏ လက်ဝယ်အပိုင်မရှိသောကြောင့် ဘယ်လိုဘယ်ပုံဆိုတာ စေ့စေ့ငှငှ မပြောပြနိုင်ပါ။မှတ်

တမ်းများအရသာ ၁၉၄၀ ဝန်းကျင်မှာ ပေါ်ထွက်လာတဲ့ ကာမ ဒမြ ဝတ္တုက အစောဆုံးလိုဆိုနိုင်ခြင်းပဲဖြစ်ပါတယ်။ ၁၉၄၅ စစ်ပြီးခေတ်မှာတော့ မေမြို့မောင်ရဲ့ မှောင်

ဆိုတဲ့ဝတ္တု၊ မွန်းသော်တာ ရဲ့ နတ်ရွာစံဝတ္တု၊ စတဲ့ကာမ အသားပေးဝတ္တုများကနာမည်ကြီးပါတယ်။ရဲထွတ် လည်းရေးခဲ့ဖူးပါတယ်။ မွန်းသော်တာဝတ္တုဆိုရင် တရားပါအစွဲခံရဖူးပါတယ်။ စစ်ပြီးခေတ်မှာနောက်ထပ်နာမည်ကြီးတဲ့စာအုပ်တအုပ်ကတော့ မဟာဆွေ ရေးတဲ့ လူကြီးချိုချိုစို့နည်းစာအုပ်ပဲဖြစ်ပါတယ်။ နောက် ဆရာရန်အောင်ရဲ့ ကာမ ပညာပေး စာအုပ်များလည်းနာမည်ကြီးပါတယ်။ ကာမ ပညာပေးဆိုကထဲပ မဖြစ်မနေ လိင်ဆက်ဆံခန်းက ပါလာပါပြီ။ ဒီတော့ ကာမ ပညာပေးအမည်တပ်စာအုပ်များကိုလည်းပဲ အပြာစာအုပ်စာရင်းသွင်းသင့်မသွင်းသင့်ဆိတဲ့အပိုင်းကို အကဲဖြတ်ကောက်ချက်ချရလောက်အောင် စာရေးသူမှာ သြဇာ အာဏာမရှိပါ။ 

ထိုအပြက် ၁၉၅၀ ကျော်ကာလမှာတော့ မောင်ကကြီး။နဝရတ်၊ရဲနိုင်၊ စတဲ့ လူတွေရေးတဲ့ ကာမပညာပေးအမည်ခံဝတ္တုများနဲ့ ပွင့်ပွင့်လင်းလင်းဖွင့်ရေးတဲ့အပြာဝတ္တုတွေက နာမည်ကြီးလာပါတယ်။ ပဲရစ်ပြန်သခင်ချစ်သန်းရဲ့ ပဲရစ်ရိပ်မြုံ၊လှိုင်ဘုံမြနန်း၊ စာအုပ်ဆိုရင်လည်း ညစ်ညမ်းပါတယ်ဆိုပြီး၊စာရေးဆရာကိုတရားစွဲထောင်ချခံရတဲ့အထိ နာမည်ကြီးခဲ့ဖူးပါတယ်။  အဲ့လိုနာမည်ကြီးစာအုပ်တွေထဲမှာမှ နဝရတ် ရဲ့ ဃရာဝါနိသျည်း ဆိုတဲ့စာအုပ်ကို သော်တာဆွေက နဝယုတ် ၏ ဃရာဝါနိသျည်း ဆိုပြီး တော့လည်းဝေဖန်ဖူးပါတယ်။ ဒါ့အပြင် မဟာဆွေရဲ့ လူကြီးချိုချိုစို့နည်းဆိုတဲ့စာအုပ်သည်လည်းပဲ စာအုပ်ထွက်စတုန်းက နာမည်မကြီးလှပါ။ နောက်များမကြာမီ အစိုးရ က ညစ်ညမ်းတယ်ဆိုပြီးတရားစွဲတော့မှ ရောင်းမလောက်ဖြစ်ရပါတယ်။ ဒီလိုနဲ့ နေဝင်း ရဲ့ ၁၉၆၂ အာဏာသိမ်းတဲ့ခေတ်ရောက်တော့ အပြာစာအုပ်များကိုမရေးရ၊ ဖမ်းဆီးထောင်ချစေဆိုတဲ့ အမိန့်တွေထွက်လာတော့ အပြာစာအုပ်များရေးသားထုတ်ဝေမူ အတော်ပပျောက်သွားပါတယ်။

 ၁၉၇၀ ကျော်ရောက်တော့ နတ်နွယ်ရဲ့ တံခွန်တိုင်မောင်နှများဝတ္တုထွက်လာပါတယ်။နတ်နွယ်ရဲ့ တံခွန်တိုင်မောင် နှမ များ ဝတ္တုထွက်လာတော့ မောင်စွမ်းရည်က အပြာစာပေ၊ညစ်ညမ်းစာပေ ဆိုပြီးတော့ ပျစ်ပျစ်နှစ်နှစ်ကိုဝေဖန်ခဲ့ဖူးပါတယ်၊ (၁၉၇၀ နှစ်ဦးပိုင်းကာလပါပဲ) ဒီနေရာမှာ တခုစိတ်ဝင်စားဖိုကောင်းတာက ၁၉၇၀ ဝန်းကျင်ဆိုတဲ့ကာလ တခုပါပဲ၊ ဒီကာလ မှာဆိုရင် မောင်စွမ်းရည်ဆိုတာ ဝေဖန်ရေးမှာဆရာ့ဆရာ့ကြီးတဆူဖြစ်ပြီးနတ်နွယ်ဆိုတာကလည်း စာရေးဆရာရင့်မာကြီးတယောက်ဖြစ်နေပါတယ်၊ မောင်စွမ်းရည်ဘက်က နေပြီးတော့ တံခွန်တိုင်မောင်နှမများကို ဝေဖန်တဲ့အမြင်၊ရှူ့ထောင့်ကိုကြည့်လိုက်တဲ့အခါ၊ တံခွန်တိုင်မောင်နှမ များကို ဘာလို့အပြာစာပေလို့ဝေဖန်ရသလဲဆိုတော့ ဒီဝတ္တုထဲမှာ နတ်နွယ်က အမျိုးသမီးတယောက်ရဲ့ ခန္ဓာကောက်ေဲကာင်းကို မလိုအပ်ပဲ တခုတ်တရ ဖွဲ့နွဲ့ထားလို့ပါပဲတဲ့၊ နောက်ထပ်ထင်ရှားတဲ့ ညစ်ညမ်းစာပေပါဆိုပြီး တံဆိပ်ကပ်ကာ အပိတ်ပင်ခံရဖူးတဲ့ ဝတ္တုကတော့ နတ်နွယ်ဘာသာပြန်တဲ့ မိုရေးဗီယားရဲ့ ရောမက မိန်းမပျက်ဝတ္တုပါပဲ။

 ဒီဝတ္တုကို ပုဂံစာအပ်တိုက်က ၁၉၆၄ ခုနှစ်မှာ ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့ပါတယ်၊ ထုတ်ဝေပြီးသိပ်မကြာခင်မှာပဲ၊ လိင်အသားပေးအခန်းတွေများပါတယ်ဆိုပြီး ရွှေဉာဏ်တော်စူးရောက်လှသည့် အာဏာပိုင်လူကြီးမင်းများက ကာလ အနည်းငယ်ကြာမြင့်သည့်အထိ ပိတ်ပင်ခဲ့ဖူးပါတယ်၊ ညစ်ညမ်းစာပေါဆိုပြီး ဂယက်ထခဲ့တဲ့ နောက်ထပ်ထင်ရှားသော စာအုပ်တအုပ်ကတော့ ဟန်ဝင်းအောင် ရဲ့ ၁၄ ၁၅ ၁၆ ပါပဲ၊ဒီဝတ္တုစထွက်တော့ ညစ်ညမ်းပါတယ်ဆိုပြီး ပိတ်ခံရဖူးပါတယ်၊နောက်ထပ် ဗမာစာပေလောကမှာ ညစ်ညမ်းစာပေပါဆိုပြီး အမည်တပ်ကာ အပိတ်ပင်ခံရဖူးတဲ့ ဝတ္တုတွေကတော့ တက္ကသိုလ်နေဝင်းရဲ့ သူလိုမင်းသမီး၊မွန်းသော်တာရဲ့နတ်ရွာစံ၊ဦးနုကာမတဏှာ၊တက္ကသိုလ်ခင်မောင်အေး၏မလွမ်းချင်ရင်မှာဆွေးမဟာဆွေ ရဲ့အင်္ကျီပါးလို ဝတ္တုမျိုး၊စသဖြင့် ဝတ္တုများပဲဖြစ်ပါတယ်၊ နောက်ထပ်

လည်း အပိတ်ခံရတဲ့ ဝတ္တုတွေရှိပါအုံးမယ်၊ဒါပေမယ့် ဆက်ရေးစရာတွေလည်းရှိသေး၊စာလည်းအရမ်းရှည်မှာဆိုလို့ ဒီအပိုင်းမှာ ဒီလောက်နဲ့ပဲ တော်လိုက်ပါအုံးမယ်၊

၃၊

ကျနော်တို့ဆီ မှာ တချိန်က အပိတ်ခံရဖူးပါတယ်ဆိုတဲ့ ဝတ္တုတွေကိုကျနော်လိုက်ဖတ်ကြည့်ပါတယ်၊ ဘာတွေ များညစ်ညမ်းနေလို့ပိတ်ရသလဲဆိုပြီး အသိနဲ့ဖတ်ကြည့်ပါတယ်၊ ပိတ်ပင်ရလောက်တဲ့အထိ မညစ်ညမ်းလှပါဘူး၊ ဒီနေရာမှာ မေးစရာရှိလာတာက ညစ်ညမ်းစာပေဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပါပဲ၊ လိင်စိတ်ကို မမြင်ကွယ်ရာကနေ တမျိုး၊မြင်ကွယ်ရာကနေ တမျိုး သွယ်ဝိုက်ပြီး အပေးအားမြှောက်ပြု လှူံဆော်တာမျိုးကို ညစ်ညမ်းစာပေလို့ သတ်မှတ်တာလား၊ ဒါမှမဟုတ် တစ်တစ်ခွခွ ရေးလို့သတ်မှတ်ထားလား၊ စသဖြင့်မေးစရာတွေရှိလာပါတယ်၊ သွယ်ဝိုက်ပြီးအားပေးအားမြှောက်ပြုတယ်ဆိုရင် ဗမာ့စာပေလောကရဲ့ ပင်ကိုယ်ရေး နိုဗယ်ကဏ္ဍမှာ နံပါတ်တစ်နေရာက ယူထားတဲ့ သိန်းဖေမြင့်ရဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာ ဝတ္တုကြီးဟာညစ်ညမ်းစာပေအကြီးစားပါပဲ။

ဘာလို့ဆို့ အဲ့ဒီဝတ္တုထဲမှာပါတဲ့ မမြမှီကအထာပေးပြီး တင်ထွန်းက မနေနိုင်ဖြစ်တော့ရထားပေါ်မှာ ဝင်လုံးတဲ့အခန်းမျိုးဟာဆိုရင် ဖတ်ရင်းနဲ့ လိင်စိတ်ကို အမြင့်မားဆုံးအခြေအနေအထိ ရောက်အောင်ပေးလာတဲ့ အခန်းကဏ္ဍတခုပါပဲ၊ နောက်တခါ ရန်ကုန်ဘဆွေရဲ့ နန်းဟာဗီးဝတ္တု ဟာဆိုရင်လည်း မိန်းမပျိုတယောက်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုဖွဲ့နွဲ့ထားတာဖတ်ရင်းနဲ့အိမ်သာထဲပြေးတမောင်းဆွဲရလောက်တဲ့အထိပါဲ၊နောက်တခါ၁၉၄၀ လောက်မှာထွက်ခဲ့တဲ့ ဒဂုန်တာရာရဲ့ မေဝတ္တုထဲက မေနဲ့ ကိုဘသိန်းတို့အတူတူနေကြတဲ့အခန်းမျိုးဟာဆိုရင်လည်း လိင်စိတ်ကို အပြင်းအထန်မဟုတ်တောင် တနည်းတဖုံအနေနဲ့အနည်းအကျဉ်းတော့ လှူံဆော်ပေးခဲ့တာပါပဲ၊ ဒီတော့ မေးစရာရှိလာတာက ဒီလိုမျိုးသွယ်ဝိုက်ပြီးရေးတာမျိုးကညစ်ညမ်းစာပေ အရာမမြောက်ဘူး၊တစ်တစ်

ခွခွရေးမှ ညစ်ညမ်းစာပေ အရာမြောက်တယ်ဆိုပြန်ရင်လည်း အမျိုးသမီးတယောက်ရဲ့ စအိုနဲ့ယောနိကိုပယ်ပယ်နယ်နယ် လျှာနဲ့လျက်ပြီး လိင်ဆက်ဆံနဲ့ နိုင်ငံတကာစာပေမှာ ထွန်းပေါက်နေတဲ့ဆရာကြီးများရဲ့ စာပေလက်ရာများဆိုပြန်ရင်ရော ?ခဗျားတို့အနေနဲ့ ဘယ်လိုသတ်မှတ်ကြမလဲ ?

၄၊

ဒီတော့ ညစ်ညမ်းစာပေ ဆိုတာမျိုးက စာပေလွပ်လပ်ခွင့် ၊လူအခွင့်အရေးနဲ့ တိုင်းပြည်ရဲ့ သမာရိုးကျ ယဉ်ကျေးမူထုံးတမ်းအစဉ်အလာများနဲ့ တိုက်ရျုက်မဟုတ်တောင် အချိုးမည်မျှကျသနည်းဆိုတာမျိုးကိုပါ ထည့်တွေးဖို့လို့လာပြီ။ ကျနော့်ကို ပန်းချီဆရာတယောက်ကပြောဖူးတယ်၊ ဟိုးတုန်းကတော့ ပြင်သစ်ဆိုတာ ကမ္ဘာ့အနုပညာ ဗဟိုချက်မကြီးပေါ့၊အမေရိကားဆိုတာ ချွတ်တားလေးပဲ၊ နောက်ကျတော့ အမေရိကားမှာ ဒီကူးနင်းနဲ့ ပေါလ်လော့ခ် တို့လည်းပေါ်လာရော ပြင်သစ်ကနောက်ကျန်နေခဲ့ရော၊ အမေရိကန် အခုလိုမျိုးကမ္ဘာပေါ်မှာ အနုပညာနဲ့ပတ်သတ်ပြီး နောက်ပြတ်မကျန်ခဲ့ရအောင်လုပ်ပေးခဲ့သူနှစ်ဦးကတော့ ဒီကူးနင်းနဲ့ ပေါ့လော့ခ် ပဲတဲ့၊ သူ ဘာကိုဆိုလိုချင်တာလဲဆိုတာ အပြည့်အဝနားမလည်ပေမယ့်၊ တချို့တဝက်ကိုတော့ကျနော်နားလည်လိုက်ပါတယ်။

ဒီတော့ ကျနော်တို့ဆီမှာ အခုက ဘာဖြစ်နေလဲဆိုတော့ စာပေလွပ်လပ်ခွင့်ဆိုတဲ့အောက်မှာ ညစ်ညမ်းစာပေဆိုတာနဲ့ပတ်သတ်ပြီး စာဖတ်သူတွေဘက်မှာကိုယ်က ဘူးလုံးနားထွင်းဖြစ်နေတာတွေများတယ်၊ညစ်ညမ်းစာပေ ဆိုတဲ့နေရာမှာ စာပေဆိုတာဖြုတ်လိုက်အုံး၊ ညစ်ညမ်းတယ်ဆိုတာ ဘာလဲဆိုတာကိုတောင် ဂဃနဏ ခွခြမ်းစိတ်ဖြာဖို့ မလုံလောက်သေးတဲ့ အသိပညာမျိုးတွေရှိနေသေးသ၍တော့ ညစ်ညမ်းစာပေဆိုတာ မိန်းမတယောက်ရေချိုးတာကိုဖွဲ့နွဲပြီးရေးတာနဲ့တင် အရာမြောက်နေခဲ့ပြီဖြစ်တဲ့ တိုင်းပြည်၊ ဒါကြောင့်နေရာတကာမှာ ညစ်ညမ်းစာပေ ဆိုပြီး ကိုယ်လျှောက်နေတဲ့ တထွာတမိုက် လမ်းကျဉ်းလေးနဲ့ လိုက်တိုင်းတွာနေလို့မရဘူး၊ ဒီလိုပဲ ညစ်ညမ်းစာပေနဲ့အပြာစာပေဆိုတာလည်းမတူပြန်ဘူး၊ အင်္ဂလိပ်လို ပိုနိုဂရပ်ဖီဆိုပြီးညစ်ညမ်းနဲ့အပြာစာပေကို အတူတူရောချလို့ရပေမယ့်၊ ဗမာစကားမှာတော့ ညစ်ညမ်းနဲ့အပြာက မတူဘူး၊ ညစ်ညမ်းစာပေနဲ့အပြာစာပေကို ကဏ္ဍ ဘယ်လိုခွဲမလဲဆိုရင် ညစ်ညမ်းကကျတော့ ကိုရီးယား အောကားတွေနဲ့တူတယ်၊ လိင်စိတ်ကို တဆင့်ချင်းစီမြင့်တင်ပေးတယ်၊ အပြာစာပေ ကတော့ အမေရိကန် အောကားတွေနဲ့တူတယ်၊ ရှူးဒိုင်းဆို တန်းဆော်တာပဲ၊သွယ်ဝိုက်မနေဘူး၊ တွေ့ဆို အဝတ်အစားတန်းချွတ်ပြီး တန်းဗြုန်းတော့တာပဲ၊ ဒါအပြာစာပေပေါ့၊ 

၅၊

နှစ်ခုခက်နေတာကကျနော်တို့ဆီမှာ အခုထိMade Inဆိုရှယ်လစ် လက်ကျန်စာပေတွေကိုမှ စာပေအရာမြောက်တယ်ထင်နေကြသေးတာပဲ မိတ် အင် ဆိုရှယ်လစ်ဆိုတာကတော့ နေဝင်းရဲ့ ခေတ်ပြောင်းတော်လှန်ရေးကာလကြီးမှာ ကြွေးကြော်ခဲ့တဲ့ စာပေသည့် ပြည့်သူအတွက် ပြည့်သူရဲ့ကြေးမုံ၊ ဘယ်အကြောင်းအရာဖြစ်ဖြစ် နှလုံးသားနှင့်ရင်း၍ရေးမည်ဆိုတဲ့ သောက်ရေးမပါတာတွေရှိနေသေးတော့ ခက်တယ်၊ဇာတ်တွေအလွန့်အလွန်နာပြမှ စာပေအရာမြောက်တယ်ထင်နေကြသူတွေကဒုနဲ့ဒေးရှိနေသေးတော့ဒီကိစ္စတွေကိုပြောရခက်နေပြန်တယ်၊ကျန်

တဲ့နောက်တခုကျပြန်တော့လည်း ဗမာ့လူယဉ်ကျေးများအဖွဲ့အစည်းပဲ၊ တခုခုဆိုတာနဲ့ဘာသာရေး၊ယဉ်ကျေးမူ ဆိုတဲ့ ပေတံဟောင်းကြီးတွေထုတ်ပြီးတိုင်းတော့တာပဲ၊ အဲ့ဒီ ဘာသာရေးပါဆိုတဲ့ ဘုန်းကြီးများကိုယ်တိုင်က မာတုကာမ တွေကို လစ်ရင် လစ်သလို တက်ခွနေတာ၊ ယဉ်ကျေးမူပါဆိုတဲ့ ငနဲတွေက တိုင်းပြည်အမွေအနှစ်ကိုပြည်ပခိုးရောင်းစားနေတာ၊ ဒါတွေကျတော့ကျနော်တို့တွေက သိသိကြီး ဖင်ချခံနေရတယ်၊ ဘယ်လိုစာပေပဲဖြစ်ဖြစ်၊ကဗျာဖြစ်ဖြစ် ဝတ္တုဖြစ်ဖြစ်၊ ဘာသာပြန်ဖြစ်ဖြစ် လိင်ဆက်ဆံခန်းပါလာရင် ညစ်ညမ်းတယ်ဆိုပြီး တယောက်လောက်က ထအော်လိုက်ရင် အနောက်ကနေ ရောရောယောင်ယောင် မောင်ဘမောင်တွေကလည်း ထအော်တော့တာပါပဲ၊ဘာတွေမှန်းမသိဘူး၊ ရူးသလိုလိုပေါသလိုလိုနဲ့သူများယောင်တိုင်းထယောင်တဲ့အမောင်တောင်မှန်းမောက်မှန်းမသိတဲ့ ငနဲတွေကအများကြီး၊တွေးကြည့်ရင် တောင်စိတ်ပျက်စရာကြီးပါ။

သို့သော်ငြားလည်း ယနေ့မျက်မှောက်ခေတ်စာပေလောကမှာ ညစ်ညမ်းစာပေဆိုတဲ့ အကြောင်းကိစ္စနဲ့ပတ်သတ်ပြီးတော့ အတော်အတန်ပွင့်လင်းမြင်သာမူရှိလာပါပြီလို့ပြောရပါမယ်။ ဒါကို ရောင်းရတိုင်း အလုအယက် ခွပြီးတော့ ဘာသာပြန်နေကြတဲ့ မူယာကာမိဆိုတဲ့ ဗမာပြည်ရောက် ငပေါကြီးရဲ့ စာအုပ်တွေကို ဖတ်ရှူကြည့်ရင် သိသာမြင်သာနိုင်ပါတယ်။ဒီနေ့တော့ ဒီလောက်ပါပဲ။


...................................................................................................................................