Tuesday, May 20, 2014

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၆ )

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၆ )

ရေးသူ - Snow Flake

နံနက်ခင်း ဆည်းဆာ အချိန်.. သူရိန်နေမင်းသည် ကမ္ဘာမြေအတွက် တဟုန်ထိုး ခွန်အားပေးရန် အရှိန် ယူနေ၏။ ဆည်ရေပြင်ကို ဖြတ်တိုက်လာသော လေညှင်းက အေးမြမြနှင့်မို့အသက်ရှုရတာ အားပါးတရ ရှိလှသည်။ ရန်ကုန်မှာမွေး ရန်ကုန်မှာ ကြီးသော နွယ့် အဘို့ခင်ပွန်းရှိရာ သည်မြို့လေး သို့ယောင်နောက် ဆံထုံး ပါခဲ့ရပြီ။ ရောက် စ က မနေတတ်သော်လည်း ယခု တော့ သည်နေရာလေးကို ချစ်မိလာ၏။ 

မနက်စောစော လမ်းလျှောက်တတ်သော ကိုထက်အောင် အကျင့်ကြောင့် နွယ်ပါ ခုဆို မနက်ခင်း ဆည်ကန်ဘောင်ပေါ် လမ်းလျှောက်ရသည့် အရသာကို နှစ်သက်တတ်လာပြီ။ကန်ဦးစေတီနှင့် ကန်ရေပြင်အလှက နွယ့်ကို စိတ်ပြေလက်ပျောက် ဖြစ်စေသည်လေ။ သို ့သော် ချစ်သူကို တမ်းတစိတ်ကတော့ ရံဖန်ရံခါ ပေါ်လာမိဆဲ။ မိမိအပေါ် တာ၀န် ကျေသော ခင်ပွန်းသည်ကို နဘေးတွင်ထားပြီး အချစ်ဟောင်းကို တမ်းတနေမိသော စိတ်က အပြစ်ကင်းပါရဲ့လား။ 

သည်လို သာယာလှပသော နေရာကလေးတွင် မိမိနှင့် အတူ ရှိနေသူသည် မိမိချစ်သူသာ ဖြစ်မည် ဆိုပါက မည်မျှ ကောင်းမည်နည်း။ သည်အတွေးကကော တရားမျှတပါရဲ့လား။ အသိခေါက်ခက် အ၀င်နက်နေသော မိမိကိုယ်ကို အပြစ်ရှိမှန်း သိပါသော်လည်း သည်ခံစားချက် အောက်မှ ယနေ့အထိ ရုန်းမထွက်နိုင်သေး။

ရန်ကုန်ရှိ သူငယ်ချင်းများ အပြောအရ ဖိုးဉာဏ် အိမ်တွင် မနေတော့ဘဲ ဆိုင်သို ့ ပြောင်းနေကြောင်း သိရသည်။ မိမိနှင့် နောက်ဆုံးတွေ ့ခဲ့ ကြသော အိမ်ကလေးကို မည်သည့် အကြောင်းကြောင့် ကျောခိုင်း ခဲ့ပါသနည်း။ 

မိမိကို မေ့ဘို့ ကြိုးစားခြင်းလေလား.. သို့တည်းမဟုတ် မိမိကို ထာ၀ရ စောင့်မျှော်နေမည် ဆိုသည့် သဘောနှင့် အိမ်ကလေးကို သိမ်းထားခြင်းများလား။ ခင်ပွန်းဖြစ်သူက တနေကုန် အလုပ်များနေတတ်သည့်အပြင် မိမိကလည်း အထွေအထူး တာ၀န်မရှိသည်မို့နွယ့်စိတ်တို့က အမြဲလိုလို သူ့အကြောင်း တွေးနေမိခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်ပေါ့။ 

ကိုထက်အောင်ကတော့ နွယ်မပျင်းရအောင် သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် တစ်ယောက် လောက် အမြန်ယူကြဘို ့ ပြောသည်။ သည့်အတွက် ညစဉ်ညတိုင်း ၀ီရိယ ပြုရသည်မှာလည်း အမောပင်။ ခုလည်း လမ်းလျှောက်ထွက်ပြီးအပြန် ပြီးခဲ့သည့်အပတ်ကမှ ရန်ကုန်က ပြောင်းလာ သည် ဆိုသော သူ့သူငယ်ချင်း ဆရာ၀န်မ တစ်ဦးကို သွားနှုတ်ဆက်ရန် ထွက်လာကြခြင်းပင်။

“ကိုအောင့် သူငယ်ချင်းဆိုတော့ ဘယ်တစ်ယောက်လည်း မင်္ဂလာဆောင်လာတဲ့အထဲမှာ ဆရာ၀န်မ မပါဘူးလားလို့..”

“အွန်း အဲ့တုန်းက သူ မလာနိုင်တာလေ.. ခုတိုက်တိုက်ဆိုင်ဆိုင် သည်ကိုပြောင်းလာတယ် ဆိုတော့ နွယ်လည်း အဖော်ရတာပေါ့.. ကိုယ်နဲ့သူက အထက်တန်းကတည်းက သူငယ်ချင်းအရင်းတွေ.. ပြီးတော့ သူက အိုဂျီကွ.. ကိုယ်တို့ကလေးမြန်မြန်ရဘို့သူနဲ့ ကောင်းကောင်း တိုင်ပင်လို့ရတယ်.. နွယ် ကိုယ်၀န်ဆောင်ရင်လည်း သူ့ဆီအပ်ရုံပဲ..”

“အော်.. သူက အိမ်ထောင်သည်လား ကိုအောင်.. ”

“အိမ်ထောင်သည်ပဲ.. ဒါပေမယ့် သူ့ယောင်္ကျားက ယူအက်စ်မှာလေ.. ပါရဂူဘွဲ့ယူဘို့ကျောင်းတက်ရင်း အလုပ်လုပ်နေတာ ဆရာ၀န်ပဲ.. ”

“…..”

“ကိုယ် တောင်းဆိုတာပါနွယ်.. နွယ် ကိုယ့်ကို မချစ်ဘဲ လက်တွဲခဲ့ရမှန်း ကိုယ် သိပါတယ်.. ဒါပေမယ့် နွယ့်အတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်စေရမယ်လို့ကိုယ် ကတိပေးပါတယ်ကွာ နွယ် ကိုယ်နဲ့အတူနေရတာ..”

“အဲ့လို သဘော မဟုတ်ပါဘူး.. နွယ်လည်း ကိုအောင့် ဆန္ဒကို ဖြည့်ပေးချင်ပါတယ်.. အချိန်တန်တော့လည်း ရလာမှာပေါ့.. သားသမီးဆိုတာ ကံနဲ့လည်း ဆိုင်သေးတာ..”

နွယ် သူနှင့် လက်မထပ်မှီက (၆)လ ခံ ကိုယ်၀န်တားဆေး ထိုးခဲ့ဘူးတာကိုး။ သည်တော့ ကလေးရဘို့ အနည်းဆုံး နောက် ( ၁ ) လ စောင့်ရဦးမည်။ နွယ်တို့အိမ်ထောင်သက် ခုမှ ( ၅ ) လ လေ။ သည့်နောက် တွင်တော့ ထပ်မထိုးတော့ဘဲ ကလေးတစ်ယောက်လောက် မွေးလိုက်လျှင် ကောင်းမလား။ သားသမီး သံယောဇဉ်တစ်ခု ရသွားလျှင် ဖိုးဉာဏ်ကို နွယ်မေ့သွားနိုင်မလား။ 

နွယ်လည်း သည် အပြစ်ဒဏ် တစ်ခုဆီမှ လွတ်မြောက်လိုလှပါပြီ။ မေမေကလည်း မြေးချီချင်နေပြီလေ။ စကားတပြောပြောနှင့် လမ်းလျှောက် လာကြရင်း ဆရာ၀န်မ နေထိုင်ရာ အိမ်သို့ရောက်လာကြ၏။ ကိုထက်အောင်က အိမ်ရှေ့တွင် တွေ့ရသော အမျိုးသမီးတစ်ဦးကိုလှမ်း၍

“ဒေါက်တာ မြတ်မြတ်မွန် ရှိလား ခင်ဗျ.. ကျနော် သူ့သူငယ်ချင်းပါ..”

“ဟုတ်ကဲ့.. အိမ်ထဲ၀င်သွားလိုက်ပါ ဆရာ..”

အမျိုးသမီးစကားနှင့် အတူ နှစ်ဦးသား အိမ်ထဲ၀င်လာခဲ့လိုက်သည်။ ဒေါက်တာ မြတ်မြတ်မွန် ဆိုသော နံမည်က နွယ့် နားထဲတွင် ကြားဖူးနေသလိုလို။ အထဲရောက်တော့ အထုပ်အပိုး တစ်ပုံတစ်ပင်နှင့် အလုပ်ရှုပ်နေသော အမျိုးသမီးတစ်ဦး။ ကိုထက်အောင်ကပင် အရင်လှမ်းနှုတ်ဆက်လိုက်၏။

“ဟေ့.. ဒေါ်ရွှေမြတ် ဘာတွေ သည်လောက် အလုပ်များနေလည်းဟ..ဧည့်သည် လာတာတောင် မမြင်ရအောင်.. ”

“အယ်.. မနက်ကတည်းက နင်လာမယ်ဆိုလို့မျှော်နေတာပါဟယ်.. အခုက ငါ အိမ်ပြောင်း….”

စကားကို ဆက်မပြောဘဲ ရပ်လိုက်သော ဆရာ၀န်မကို နွယ့် စိတ်ထဲ မြင်ဖူးသလိုလို ဖြစ်မိပြန်သည်။ သိပ်မကြာသေးမှီကမှ မြင်ဘူးသော သည်မျက်နှာ.. ဘယ်မှာပါလိမ့်.. ရုတ်တရက် လူက စဉ်းစားမရ ဖြစ်နေစဉ် သူမက..

“ဒါ နင့် မိန်းမလား…”

“အေးလေ.. နင်က ငါ့မင်္ဂလာဆောင်မှ မလာဘဲ.. ဘယ်လိုလည်း.. ငါ့မိန်းမ လှတယ်မဟုတ်လား…”

“ဟင်.. အင်း.. အင်း လှတယ်.. လှတာမှ ငါ့မျက်စိထဲ စွဲနေရောပဲ…”

“ဟဟ နင်ကတော့ ခုထိ သည်အကျင့် မပျောက်သေးဘူး ဟုတ်လား… ငါ့မိန်းမတော့ ချမ်းသာပေးပါဟာ.. တော်ကြာ ဟိုကောင် ဇော်ကြီး သိလို့ကျောင်းတန်းလန်းနဲ့ပြန်ပြေးလာနေ ဦးမယ်.. ဒါနဲ့ပြောပါဦး စောစောက အိမ်ပြောင်းမယ် ဆိုတာက.. ”

“အော်.. ငါက အခု သည်အိမ်မှာ ခဏ တည်းတာလေ.. မနက်ဖြန် ဆေးရုံ၀င်းထဲက အိမ်ကို ရွှေ ့ ရမယ်.. နင်အားလား နက်ဖြန်…”

“အွန်း.. ဘာလည်း ငါ့ကို ထမီထုတ် ထမ်းခိုင်းမလို ့လား…”

“အေး.. လာခဲ့ဟာ.. အဲ့ကျမှ စကားလည်း အေးအေးဆေးဆေး ပြောတာပေါ့.. ခုက ဧည့်သည် ပါလာတော့…”

နွယ့်စိတ်ထဲ တင်းကနဲ ဖြစ်သွားမိသည်။ သည်မိန်းမ ဘာစကားပြောတာလည်း။ အတူပါလာသော ဇနီးကို ဧည့်သည်ဆိုတာ ပြောသင့်တဲ့စကားလား။ နောက်ပြီး မနက်ဖြန် စကားအေးအေးဆေးဆေး ပြောရအောင် ဆိုတော့ အခုပြောလို့မရတဲ့စကား.. သူမရှေ့မှာပြောလို့မရတဲ့စကားမို့… အိုး တွေးရင်း စိတ်တိုလိုက်တာ။ ပုံစံကိုလည်း ကြည့်ဦး အိမ်နေရင်း စပန့်သားဂါ၀န်ကို အောက်က အတွင်းခံမပါဘဲ ၀တ်ထားသည်။ 

ဖွံ့ထွားသော ရင်သားနှင့် တင်ဆိုင်များက အတုံးလိုက် အတစ်လိုက်.. အကျီကလည်း လည်ပင်းက ဟိုက်ရသည့်အထဲ ပခုံးပေါ်တွင် ကြိုးလုံးသေးသေးလေး တစ်ချောင်းတည်းသာပါသော အကျီပုံစံမျိုး။ ဘယ်လောက်ပဲ အိမ်ထောင်သည်ဖြစ်ဦးတော့ ယောကျ်ားနှင့် အနေေ၀းနေသော မိန်းမတစ်ဦး၏ ခန္ဓာကိုယ် အလှမို့အပျိုရိုင်းတစ်ဦးလို တင်းရစ်ဆူဖြိုးနေ၏။

အသားပျော့သော စပန့်အကျီ၏ ပံ့ပိုးမှုကြောင့် ရင်သားမို့မို့ပေါ်မှ သီးလုံးနှစ်ခုက ထင်ထင်ရှားရှား ထောင်ထွက်နေသည်။ ဖြူစင်၀င်းမွတ်သော ပခုံးနှင့် လက်မောင်းတို့ကလည်း အသည်းအေးစရာ။ သည်မိန်းမ သူစိမ်း ယောကျ်ား ရှေ့မှာ အနေအထိုင်ရဲလှပါလား။ 

ဒါမှ မဟုတ်သူတို ့နှစ်ဦးက သူစိမ်းမဟုတ်ဘဲ မိမိက သူစိမ်းဖြစ်နေတာလား။ သူတို့ နှစ်ဦး၏ ရှေးဟောင်းနှောင်းဖြစ် များကို သူမ စိတ်မပါ လက်မပါ နားထောင် ပေးနေရသည်။ စကားပြောရင်း တချက်တချက် သည်မိန်းမ မိမိကို ကြည့်ပုံက စပ်စပ်စုစု နိုင်လွန်းသည်ဟု နွယ်ထင်မိ၏။

ဆွဲလက်စ ဒီဇိုင်း တစ်ခုကို လက်စ သတ်ရင်း နာရီကို ကြည့်မိတော့ (၄) နာရီခွဲ။ ပစ္စည်းများကို ခပ်သွက်သွက် သိမ်းဆည်းကာ ဆိုင်သို့ ပြန်ရန်ပြင်လိုက်သည်။ခုတလော သူ့စိတ်တွေ ညနေခင်းကို မျှော်တတ်နေပြီ။ တေးသံကို ခံစားရင်း မျက်လုံးဖြင့် ရယ်တတ်သော ချစ်စရာ ကောင်မလေးကို ငေးကြည့်တတ်ပြီ။ 

တစ်စစီ ကွဲအက်နေသော သူ့နှလုံးသားကို အကောင်းအတိုင်း အသစ်ပြန်ဖြစ် စေခဲ့သော သူမကို မြတ်နိုးတွယ်တာမှု အပြည့်ဖြင့် နမ်းရှိုက်တတ်နေပြီ။ တစ်ပါတ်တစ်ကြိမ် အားလပ်ရက်လေးများတွင် သူမကို အိမ်သို့ ခေါ်လာပြီး အတူ ချက်ပြုတ် စားသောက်ကြသည်။ 

ကားလျှောက်မောင်းရင်း သူမသွားချင်သောနေရာများကို လိုက်ပို ့ရင်း တူတူပျော်တတ်ပြီ။ သူမပါးပြင်ပေါ်တွင် သူ အသက်ရှုခဲ့သလို သူ ့ရင်ခွင်တွင် သူမ မှေးစက်ခဲ့ဖူးပြီ။ အလိုလောဘ ကင်းပြီး ဖြူစင်သော သည်ကလေးမကို တစ်နေ့ထက် တစ်နေ့တိုးကာ သူ အချစ်ပိုလာမိသည်။ ရုံးခန်းမီးကို ပိတ်ရင်း မနေ့က သူ့ထံမှ ပူဆာပုံကလေးကို ပြန်သတိရမိ၏။

“မနက်ဖြန် ငုတို့ချစ်သူဖြစ်တာ (၃) လတိတိပြည့်တဲ့နေ ့နော်.. ဆရာ..”

“အွန်း (၃)လ ပြည့်တဲ့ အထိလည်း ဆရာပဲလား..”

“ခိခိ.. ဘာဖြစ်လည်း.. လူတိုင်းက အကို အကို ချင်းထပ်နေတာ.. ငု ကသူများနဲ ့ တူအောင် လိုက်ခေါ်ရမှာလား..”

“ခေါ်ပေါ့ကွ.. ကိုကို.. ကို.. မောင်.. ခေါ်လို ့ရတဲ့နည်းတွေ တစ်ပုံကြီး…”

“ခေါ်ဘူး.. အူယားတယ်…”

“လာခဲ့ အဲ့ဒီ ယားတဲ့အူ.. ကုတ်ပေးမယ်…”

“ခိ ခိ .. ဆရာ ညနေကျရင် ငုဘို့လက်ဆောင်၀ယ်ခဲ့နော်.. (၃) လပြည့် အထိမ်းအမှတ်..”

“အွန်း.. ဘာလိုချင်လည်းပြော..”

“ဘီးကုပ် လှလှလေး တစ်ခု..”

“အာ.. ( ၁ ) လ ပြည့်တုန်းကလည်း ဘီးကုပ်.. ( ၂ ) လ ပြည့်တော့လည်း ဘီးကုပ်.. ကိုယ် ပေးချင်တာ ပေးတော့လည်း ငြင်းတယ်.. တခြားဟာပြော..”

“ငုမှ တခြားဟာ မလိုချင်တာကြီး.. နော်လို့ဆရာ.. သည်တစ်ခါ အစိမ်းရောင်လေး ၀ယ်ပေး.. နော်..”

“ဘာလေးမှန်း မသိဘူး.. အရူးမလေး…”

“ခိ ခိ…”

သည်နေ ့ ဖို ့တော့ ငုဝါတစ်ယောက် မှန်ရှေ ့က မခွာနိုင်သေး။ လှသည်ထက် လှအောင် ပြင်ဆင် လိုပါသော်လည်း သည်ထက်ပို မပြင်တတ်။ ချို သင်ပေးထားသော အလှပြင်နည်း စနစ်တွေကလည်း စုံလွန်းလှသည်။ 

သည်နေ့ က ငု နှင့် ဆရာ ချစ်သူဘ၀ရောက်တာ ( ၃ ) လ တိတိပြည့်တဲ့နေ ။ ငုအတွေးထဲတွင် ဆရာနှင့် ချစ်သူဖြစ်သွားသော ထိုနေ့ကလေးကို ပြန်အမှတ်ရနေမိသည်။ ထိုနေ့က ငုအတွက် ဘ၀တွင် မမေ့နိုင်သော နေ့ဟု ဆိုရမည်သာ။

“ဒါ ဘာသဘောလည်း ငုဝါ.. နင် ငါ့ကို ကျောတာလား…” 

ဂီတာကြိုးညှိနေသော ငု နားသို့မိချို လာရပ်ပြီး ပြောလိုက်သော စကား။ သူမဘာကို ဆိုလိုမှန်း ဘာကို ပြောမှန်း ငု မသိပါ။

“ချို ဘာပြောလိုက်တာလည်း ဟင်..”

“ဘာပြောရမလည်း.. နင်ပြောတဲ့စကား နင် အသိဆုံးလေ.. ဆိုင်မှာ ငါနဲ့ပါတ်သက်ပြီး နင် ဘာတွေ လျှောက်ပြောလည်း.. ငါ့ဘာငါ ဘယ်သူနဲ့ဘယ်လိုနေနေပေါ့.. နင်နဲ့ဆိုင်လား.. နင် င့ါကို ကျောချင်လို့ မနာလို လို့ သက်သက်မဲ့ ယုတ်မာတာ...”

“ငု.. ငုဘာများ.. မဟုတ်သေးဘူးထင်တယ်နော်.. သည်ဆိုင်မှာ ငု ဘယ်သူနဲ ့မှလည်း မရင်းနှီးဘူး.. ဘယ်သူ့အကြောင်းမှလည်း ငု မပြောဘူးနော်.. ”

“ဒါဆို ငါနဲ့ ဦးအောင်မြင့်အကြောင်း တစ်ဆိုင်လုံး ပွနေအောင်ပြောနေကြတာ ဘယ်သူ့လက်ချက်လည်း.. ငါ ငတုံးမဟုတ်ဘူး ငုဝါ.. နင် ဘယ်သူတွေကို ဘာတွေ လျှောက်ပြောနေလည်း ငါ အကုန်သိတယ်… ခုလည်း ဂရုစိုက်လွန်းလို့တော့ မဟုတ်ဘူးနော်.. နင့် ပါးစပ်ကို ပိတ်ထား.. ထမင်းအိုး မကွဲချင်ရင် ငါ့ကို လာမဆွနဲ့…”

“ဟားး.. နင့်မှာ သက်သေရှိရင် ခေါ်လာခဲ့လိုက် ၀တ်ရည်ချိ.. လမ်းဘေး စရိုက်နဲ့ငါ့ကို လာရန်မတွေ့နဲ့.. လူမှန်ရင် ကိုယ့် အဆင့်..” 

ငုဝါ စကားမဆုံးလိုက်ပါ။ မိချို အနားရှိစားပွဲပေါ်မှ ရေခွက်ကို လက်လှမ်းကာ ငုဝါမျက်နှာကို ရေနှင့် ပက်လိုက်သောကြောင့်ပင်။ ရုတ်တရက်မို့ငုဝါ ဘာပြန်ပြောရမှန်း မသိ။ လူက ဒေါသထွက်ကာ တဆတ်ဆတ် တုန်နေသော်လည်း သည်လိုတစ်ခါမှ မကြုံဘူးတော့ ဒေါသစိတ်ထက် ကြောက်စိတ်က ပိုသွားသည်ထင့်။ ၀ိုင်းကြည့်နေသော ရွယ်တူ မိန်းကလေးများ ကြားတွင် ငု ရှက်လွန်းလို့ အငွေ့ပျံသွားမတတ်ပင် ခံစားလိုက်ရသည်။

“ဘာဖြစ်ကြတာလည်း.. ” 

ကိုမျိုးအောင် ရောက်လာတော့ ငု မျက်နှာတွင် ရေတွေလား မျက်ရည်လား စိုတာကတော့ စိုရွှဲနေပြီ။ မိချိုကတော့ စွာကျယ်ကျယ် အသံဖြင့် တိုင်နေသည်ပေါ့။ ငုဝါ ရှက်လွန်း၍ ဆိုင်ဘေးဘက် လူရှင်းရာ နေရာသို့ ပြေးထွက်လာမိသည်။ 

နောက်မှ ပြန်သိရတာက တရားခံက မင်းမင်း၊ မိချိုနှင့် မိမိကြားတွင် စကား အရှုပ်အရှင်းများဖြင့် ပြဿ နာ ရှာခြင်း သက်သက်ပင်။ ကိုမျိုးအောင် တင်းကျပ်စွာ သတိပေးလိုက်၍ မင်းမင်း ခြေငြိမ်သွားပြီး ငုဝါနှင့် မိချိုကတော့ ငယ်ရွယ်သူချင်း ပီပီ ရန်ငြိုး သိပ်ကြာကြာ ထားမနေကြပါ။ စိတ်ဆတ်သော်လည်း မိမိ မှားလျှင် ၀န်ခံရဲသော မိချိုက ငုကို တောင်းပန်ခဲ့သလို သည်းခံစိတ်ရှိသော ငုဝါကလည်း ချို့ကို ပို၍ပင် တိုးခင်မိသွားသည်။ ထိုနေ့ကတော့ ငုဝါ ငိုခဲ့ရသည်ပေါ့။ 

“ဟိတ်.. ဘာလုပ်နေတာလည်း မှောင်ထဲမှာ တစ်ယောက်တည်း…” 

အသံကြားလို ့ လှည့်ကြည့်မိတော့ ဆရာဦးဉာဏ်လင်းညို။ စောစောက ကိစ္စများကို သိပုံ မပေါ်သေး။

“ဟာ.. ငိုနေတာလား ဘာဖြစ်တာလည်း ငုဝါ…”

“……”

“ဟေ့.. မေးနေတယ်လေ ကွာ…”

“……”

“အာ သည်ကောင်မလေး.. ခက်ပါဘိ.. ဘာဖြစ်လည်း.. ကိုယ့်ကို ပြော…”

“ဟင့်အင်း… ဘာမှ ဘာမှ မဖြစ်ပါဘူး ဆရာ…”

“ဟာ ကြည့်စမ်း အကျီတွေ စိုနေတာလား.. တစ်ယောက်ယောက်နဲ ့ ပြဿ နာ ဖြစ်တာလား…”

“ဟင့်အင်း…”

ငုဝါ မည်သို ့မျှ ပြောမထွက်ပါ။ မိမိ အမှား မဟုတ်သော်လည်း တစ်ခုခု လွဲမှားနေသော စကားအရှုပ်အရှင်း ကိစ္စမို ့ ပြောလေ လွဲလေ ဖြစ်ကုန်မှ ဒုက္ခနော်။ ဘာမှ မေးမရဘဲ မျက်ရည်တွင်တွင်ကျနေသော ကောင်မလေး။ သည်မျက်လုံးလေးများကို မငိုစေချင်ပါ။ သူရုတ်တရက် ဘာလုပ်လိုက်မိမှန်းပင် မသိလိုက်။ အာရုံတို့စုစည်းမိချိန်တွင် သူမက သူ ့ရင်ခွင်ထဲရောက်နေပြီ။ တသိမ့်သိမ့် ရှိုက်ငိုနေသော မိန်းကလေးတစ်ယောက် သူ့ရင်ခွင်ထဲရောက်နေပြန်ပြီ။ မိမိက အခွင့်အရေးသမား တစ်ယောက်များလား။ 

မိန်းမတို့၏ မျက်ရည်က သည်လောက်ပဲ ကြောက်စရာ အစွမ်းထက်နေတာလား။ သည်လိုတော့လည်း ဟုတ်မည်မထင်ပါ။ မိမိ ရင်ခွင်ထဲရောက်ဖူးသော မိန်းကလေး ဆို၍ နွယ်နှင့် သည်ကောင်မလေးနှစ်ဦးသာ ရှိသည်ပဲ။ မိမိကိုယ်တိုင် ဘာဖြစ်သွားမှန်း မသိသော်လည်း သူမကို အငိုတိတ်စေချင်မိသည်။

ရင်ခွင်ထဲတွင်အလိုက်သင့်ထွေးပွေ ့ထားမိသောသူမ၏ခန္ဓာကိုယ်လေးက ခပ်တောင့်တောင့်လေး ဖြစ်နေသည်။ ကျောပြင်ကို လက်နှင့် ဖွဖွ သပ်ပေးနေမိ၏။ အိထွေးထွေး ကိုယ်လုံးကလေးက သူ့ရင်ခွင်ထဲ နှစ်လိုစွာ ပြိုဆင်းလာတော့သည်။ သူ ့မေးဖျားအောက်သို ့ တိုး၀င်နေသော ခေါင်းကလေးက ရှန်ပူရနံ့သင်းနေ၏။ 

မိန်းကလေး သဘာ၀ နှစ်သိမ့်မည့်သူ ရှိလျှင် ပို၍ များ ထိခိုက်လွယ် လေရော့ သလား။ ပင်ပန်းတကြီး ဆို ့နင့်နေသော သူမ ရှိုက်သံတို ့ကို မကြားရက်နိုင်တော့။ ပုခုံးလေး နှစ်ဘက်ကို ညင်သာစွာ ကိုင်လှည့်ပြီး သူမ မျက်နှာကို ဆွဲယူမော့စေလိုက်၏။

ပါးပြင်ပေါ်မှ မျက်ရည်တို ့ကို ယုယစွာ သုတ်ပေးမိသည်။ စိုလဲ့နေသော မျက်တောင်ကော့များနှင့် မျက်ရည်အိုင် အတွင်းမှ မျက်၀န်းလှလှတစ်စုံက ညအမှောင် အောက်တွင် ကြယ်ရောင် လက်နေသယောင်။ ပါးနှစ်ဘက်ကို လက်ဝါးနှင့် ညှပ်ကာ သူမမျက်နှာလေးကို ဆွဲမော့ထားရင်း..

“ချစ်တယ် ကလေးရယ်… ကိုယ် မင်းကို ချစ်မိသွားပြီ…” 

လေသံထက် အနည်းငယ်ပိုကျယ်ယုံမျှသော စကားသံဖြင့် တီးတိုးရေရွတ်လိုက်မိသည်။ အံ့အားသင့်မှုကြောင့် ပြူးကျယ် ၀ိုင်းစက်သွားသော သူမ မျက်၀န်းမှ မျက်တောင်တစ်စုံ ဆတ်ကနဲ ပုတ်ခတ် လှုပ်ရှားသွားသည်။ နောက်ဆုံးလက်ကျန် မျက်ရည် ပေါက်ကလေး ပါးပေါ် ပြုတ်ကျသွား၏။ 

“ဟွမ်.. သိလား ကောင်မလေး.. ကိုယ် မင်းကို သိပ်ချစ်နေမိပြီ.. တိတ် မငိုနဲ့တော့.. ဘာဖြစ်လည်း အခု.. မင်းကို ဘယ်သူ ဘာပြောလိုက်လည်း.. ကိုယ့်ကိုပြောပြ.. နော်.. ” 

အကြည့်နွေးနွေးများဖြင့် ပြောနေသော စကားလုံးတို ့တွင် ညင်သာသော အားအင်တစ်ခု စီးမြောနေ၏။ ယောင်္ကျားတစ်ဦး၏ နွေးထွေးသော ကိုယ်ရနံ ့က ငုဝါ အတွက် စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသည်။

ငုဝါ သူ့ရင်ခွင်ထဲသို့ဒုတိယ အကြိမ် တိုး၀င်သွားမိပြန်သည်။ မည်သည့် အရာနှင့် မျှ မတူသော လုံခြုံမှု တစ်ခုကို သူမ ခံစားလိုက်ရ၏။ သူမကို တင်းကျပ်စွာ ထွေးပွေ ့ထားသော လက်အစုံကြောင့် အနေခက်ရမည့်အစား ခံစားလိုက်ရသမျှ သောကတို ့ပင် လွင့်ထွက်သွား သယောင်ယောင်။

“ဘာဖြစ်တာလည်း ကလေးလေးရယ်.. ကိုယ်တိုင်ပြောမလား ဆိုင်ထဲ၀င်ပြီး ကိုယ့်ဘာသာ မေးလိုက် ရတော့မလား…”

“ဟင့် အင်း.. မမေးပါနဲ့... ငု ဘာသာ ပြောပါ့မယ် ဆရာ…”

“အိုကေ.. လာ ဟိုမှာ သွားထိုင်မယ်…”

ခပ်လှမ်းလှမ်းတွင် ချထားသော သစ်သား ခုံတန်းလေးတွင် ထိုင်ဖြစ်ကြ၏။ “စိတ်ကိုလျှော့.. အသက်မှန်မှန်ရှု… ဖြစ်သမျှ အကုန် တစ်ခုခြင်း ပြောပြ… အိုကေ..” ပုခုံးလေးနှစ်ဘက်ကို ကိုင်ရင်ကြင်နာစွာ စကားစ လိုက်တော့..

“ငု ကိုလေ.. တကယ်တမ်းက.. ငု မညာပါဘူးဆရာ… ငု တကယ် ဘာမှ မသိတာ.. အင့်… ဟင့်… ဟင့်….”

“ဟုတ်ပါပြီ… မင်း မညာတတ်မှန်း ကိုယ် သိတယ်လေ.. နော်… ဖြေးဖြေးချင်းပြော… မငိုနဲ့. မင်း အရမ်း ပင်ပန်းနေပြီကွ.. နော်.. မင်းရှေ ့မှာ ကိုယ်ရှိတယ်လေ ကွာ.. ဟုတ်ပြီလား…”

“ဟုတ်… သည်လိုပါ.. ငု ကို………………………”

မငိုဘဲပြောနိုင်ရန် အတန်တန်ကြိုးစားပါသော်လည်း မရ။ နောက်ဆုံးတော့ ရှိုက်သံတစ်၀က် စကားသံတစ်၀က်နှင့် ဖြစ်ကြောင်း ကုန်စင်ပြောမိသွားသည်။ စိတ်ထဲပေါ့သွားသလို ရှိပြီးမှ ရုတ်တရက် ထင့်သွားပြန်၏။ 

အားကိုးတစ်ကြီးနှင့် ရင်ဖွင့်မိသောသူသည် သည်ဆိုင်၏ ပိုင်ရှင်တစ်ဦးပါလား။ ၀န်ထမ်းအချင်းချင်း ဖြစ်သော ပြဿ နာကို မိမိက ဦးအောင် တိုင်သလိုများ ဖြစ်သွားလေပြီလား။ မိချိုကို မည်မျှ စိတ်ဆိုးသည် မှန်သော်လည်း မည်သူနှင့်မျှ ပြဿ နာ မများချင်ပါ။ တကယ်က ငုစိတ်ထဲတွင် စောစောက ခံစားမိသော နွေးထွေး လုံခြုံမှုတစ်ခုကြောင့် နောက်ဆက်တွဲ အားကိုးလိုခြင်း သက်သက်မျှသာ။

“ငု တိုင်တာ မဟုတ်ပါဘူးနော် ဆရာ… ငု အပြော တစ်ခုတည်းနဲ့ဘယ်သူ့ကိုမှ အပြစ်မမြင် ပါနဲ့ နော်.. ”

“အင်းပါ.. ကိုယ် ဟိုတစ်ယောက်ကို မေးပါဦးမယ်…”

“ဟင့်အင်း… မမေးပါနဲ ့ ငု မညာပါဘူးဆရာ.. ဒါပေမယ့် မမေးပါနဲ ့နော်…”

“အွန် ဘာလို့တုန်း…”

“ဆရာက ဘယ်သူ ့ကို ဘယ်လို မေးမှာတုန်း.. အာ့လို မေးလိုက်ရင် ငု တိုင်သလို ဖြစ်သွားပြီပေါ့…”

“ဟဟ ကဲ အာ့ဆို မိချိုက ကိုယ့်ကို လာတိုင်ရင်ကော ကွာ…”

“အာ့ဆို ကောင်းတာပေါ့..ငု မှ မမှားဘဲ.. သူ တိုင်မယ်ဆို တိုင်ပါစေ ဆရာ…ငု ဖြေရှင်းနိုင်ပါတယ်…”

“ငု ဝါ…”

“ရှင်…”

“မင်း ဘာလို ့ သည်လောက် ချစ်ဘို ့ကောင်းနေတာလည်း…”

“ရှင်…”

“ဟုတ်တယ်.. ကိုယ် မင်းကို ချစ်မိသွားပြီ.. ကဲ မင်း ဘယ်လို ဖြေရှင်းပေးမလည်း…”

“………..”

“ဟိတ်… တစ်ခုခု ပြန်ပြောလေ ကွာ..”

“ဟိုလေ… ဆရာ ကိုယ့်ကိုကိုယ် အထင်မှားနေတာများလား ဟင်…”

“အွန်.. ကိုယ်က ဘာကို အထင်မှားရမှာတုန်း…”

“ငု ကို ချစ်တယ်ဆိုလို ့ပါ… ဟိုလေ.. မဖြစ်နိုင်လောက်ဘူးထင်လို ့ပါ…”

“ဟော ဗျာ… ချစ်ပါတယ် ဆိုမှ မဖြစ်နိုင်လောက်ဘူး ဆိုတော့…”

“……….”

“ဖြစ်နိုင်တယ်.. သေချာတယ် ဆိုရင် မင်း ကိုယ့်ကို ပြန်ချစ်မလား ပြော…”

“ဟိုလေ.. ငု စဉ်းစားဘို့….”

“မရဘူး မစဉ်းစားနဲ့… စဉ်းစားတယ် ဆိုတာက ဦးဏှောက်ရဲ့ ကိစ္စ… အချစ်ဆိုတာ နှလုံးသားထဲက လာတာ.. စဉ်းစား စရာ လိုကို မလိုဘူး…”

သည်စကားလုံးတွေ ဘယ်ကဘယ်လို ထွက်လာမှန်း မသိသော်လည်း သူပြောမိနေသမျှ မုသား မပါမှန်းတော့ သေချာလှပါသည်။နောက်တစ်ခုက သူ ဘာလို့သည်ကောင်မလေးကို အမိန့်ဆန်ဆန် အဖြေတောင်းနေမိပါလိမ့်။ မိမိ ၀န်ထမ်းမို့နိုင်လိုမင်းထက် ပြုမူခြင်းတော့ လုံး၀ မဟုတ်။ တတ်သလောက် မှတ်သလောက် တွေးကြည့်တော့ ဆုံးရှုံးမခံလိုခြင်းပင်။ ပြောမိပြီ ဆိုသည့် နောက်တော့ သူမအချစ်ကို စောနိုင်သမျှ စောပြီးအရယူရန် ကြိုးစားမိတော့သည်ပေါ့။

“ဟိတ်… ပြော လေ ကွာ.. တစ်ခုခု…”

“ဟို… ငု.. ငု ဘာပြောရမှန်း မသိဘူး…”

“စောစောက ဖြစ်လာတဲ့ ခံစားချက် အတိုင်းပြော… ကိုယ့်ကို ချစ်လား…”

“……….”

“ဟိတ်.. စိတ်မရှည်တော့ဘူး ကွာ…”

“ငု.. စဉ်းစား…”

“အာာာ….”

သူမကို ဒုတိယ အကြိမ် ရင်ခွင်ထဲ ဆွဲသွင်းပြီး သိမ်းကြုံး နမ်းပစ်လိုက်တော့သည်။ စိတ်ဆိုးချင်လည်း ဆိုးလိုက်တော့ ကောင်မလေးရေ။ ငါ့စိတ်တွေ ထိန်းမရတော့ဘူး။ 

နွေးထွေး စွတ်စိုသော အနမ်းတို့ဖြင့် နှုတ်ပိတ် ခံလိုက်ရသော ငုဝါ။ ရင်ထဲမှ လှိုက်လှဲမြည်တမ်းရင်း သူ ့ အနမ်းတို ့ကို နှစ်သက် မက်မောစွာ ခံယူနေမိသည်။ ပြောထွက်ရန် မရဲသေးသော်ငြား ရင်ခုန်မှုကြောင့် ကမောက်ကမ ကခုန်နေသော စကားလုံးတို ့က ပဲ့တင် ထပ်လျှက်။ 

“ချစ်တယ်… ငု လည်း ဆရာ့ကို အရမ်းချစ်သွားပါပြီ ဆရာ.. ဘယ်သူတွေ ဘယ်လို ထင်ထင်ပါ.. ဆရာပြောသလို နှလုံးသားထဲက လာတဲ့ အချစ်က စဉ်းစားဘို့တကယ်ပဲ မလိုမှန်း ငု သိလိုက်ပြီ.. ငုလေ… ဆရာ့ကို ချစ်မိသွားလို့စဉ်းစားဘို့အချိန် မရတော့ပါဘူး ဆရာရယ်.. စဉ်းစားနေမယ့် အချိန်တွေအစား ငု ကို ဆရာ့စိတ်ကြိုက် ချစ်လိုက်ပါတော့နော်…”

“ဟဲ့ အောင်မယ်လေး မရွှေငုဝါ… မှန်ရှေ့ထိုင်ပြီး ပြုံးပြုံးကြီးဟယ်… အသက်မှ ရှုသေးရဲ့လား… ဘာတွေ များ သည်လောက် စားမြုံ့ပြန်နေတုန်း မိန်းမ….”

ငုဝါ တစ်ယောက် အိမ်ထဲ၀င်လာသော မိချိုအသံကြားမှပင် သတိ၀င်မိတော့သည်။ ခုတလာ မိမိ၏ အရင်ကနှင့် မတူတော့သော အပြုအမူများကို မေမေပင် သတိထားမိလာပြီ။ တနေ့နေ့တော့ ဆရာ့အကြောင်း မေမေ့ကိုပြောပြရမည်ဖြစ်သော်လည်း ငု စိတ်တွေ ဘာကြောင့်လေးနေမိမှန်း မသိ။ ပြောမယ်ကြံတိုင်း စကားလုံးတို ့က နှုတ်ဖျားမှ ထွက်မလာ။

“နင့် အာစရိလာကြိုမှာလား ငု..”

“အွန်း.. ဟိုမှတ်တိုင်ကိုပဲလေ..”

“ငါနင့်ကို အားမရတာ အဲ့ဒါပဲ သိလား ငု..”

“ဘာကိုလည်း ချိုရယ်..”

“သူက နင့်ရည်းစားလေ.. ဘာဖြစ်လည်း အိမ်ထိ လာကြိုတော့.. ခုများတော့ ဆုံရပ်ရောက်ဘို ့ ကားတစ်မှတ်တိုင် စီးရသေးတယ်.. ဟိုကလည်း လက်ခံတာပဲ.. အံ့ရော..”

“သူက လည်း အဲ့လိုကြီးကို သဘောမကျလို ့ အမြဲပြောပါတယ်ဟယ်.. ငါ့ဘာငါ ရပ်ကွက်ထဲ ပြောစရာ ဖြစ်မစိုးလို ့ပါ ချိုရဲ့..”

“ဖြစ် ဖြစ်ပေါ့ဟ.. ကိုယ့်ထမင်း ကိုယ်စားတာ ဘယ်သူ ့ဂရုစိုက်ရမလည်း.. နင်ကိုက ပိုလွန်းတာ..”

“ကဲ ကဲ.. မ ဖုရား စိတ်လျှော့ တကယ်တည်း သူ ့စိတ်ချည်းပဲ..”

“ငါနင့်ကို တစ်ခုမေးမယ် ငု.. မှန်မှန်ဖြေမလား..”

“ငါ ဘယ်တုန်းကများ နင့်ကို ညာဘူးလို့လည်း..”

“နင်တို့ အတူနေဖူးကြပြီလား..”

“အာ..”

“မအာနဲ့ကလေးမ.. သည်ခေတ်ကြီးမှာ ဒါဘာမှ ဆန်းတဲ့ ကိစ္စ မဟုတ်ဘူး.. နင်က မသိတာတွေ များလွန်းလို့ ငါစိတ်ပူတာ.. ”

“ငါ အကုန် သိပြီးပါပြီ ချိုရယ်.. သူငါ့ကို အစောကြီးကတည်းက အကုန်ပြောပြထားပါတယ်..”

“အွန်.. ဘာကိုပြောပြထားတာတုန်း..”

“နင်ပြောချင်တာ သူနဲ ့ မနွယ် အကြောင်း မဟုတ်လား.. သူ့မှာ မနွယ် ရှိခဲ့လို့ငါ့ဘက်က အနေထိုင် ဆင်ခြင်ဘို့နင်ပြောချင်တာ မဟုတ်ဘူးလား ချိုရဲ့..”

“အမလေး ငုဝါရယ်.. အာ့မို ့ပြောတာ..ငါပြောတာက တလွဲ နင်ထင်တာက တခြား.. ဘာဖြစ်လည်း မနွယ် ရှိဘူးတော့ သူက အခု ယောကျ်ားယူသွားပြီ.. ဒါမယ့် တစ်ခုတော့ရှိတယ်ဟ.. နင့်လူကြီးက အဲ့တစ်ယောက်ကို ဆယ်နှစ်လောက် သည်းသည်းမဲမဲ ချစ်ခဲ့တာတဲ့နော်..

 နင်က ခုမှ တစ်နှစ်တောင် မပြည့်သေးဘူး.. မတော်လို့ဟိုက အမေပေးစားတဲ့ယောကျ်ားနဲ့ကွဲလိုက်ပါပြီဆိုပြီး ပြန်ရောက်လာရင် နင်ကျန်ရစ်ဖြစ်မယ်.. ကြည့်လုပ်..”

“အဲ့ခါကျတော့လည်း ငါ့ ကံပေါ့ ချိုရယ်… ငါ ဘာတတ်နိုင်မှာမို့လည်း..”

“အဲ့ဒါပဲ ငါနင့်ကို အားမရတာ.. ကိုယ့်လက်ထဲရောက်နေတဲ့လူကို ကိုယ်ပိုင်ဖြစ်အောင် ကိုင်မှပေါ့ဟ..”

“သူက အဲ့တစ်ယောက် အကြောင်း ငါ့ကို စိတ်လို လက်ရပြောပြခဲ့တာ ချို.. ငါနဲ့မတွေ့ခင်က ကိစ္စကို.. ငါမသိတဲ့ ကိစ္စကို ငါမမေးဘဲ သူ့သဘောနဲ့သူ ပြောပြခဲ့တာ.. နောက်ပြီး သည်နေ့အထိ တိုက်ဆိုင်မှု ရှိတိုင်း အဲ့တစ်ယောက်ကို သူ အမြဲ သတိရတတ်တယ်.. နည်းတဲ့သံယောဇဉ် မဟုတ်မှန်း ငါသိပါတယ် ချိုရယ်..”

“နင် ဘယ်လိုမှ မခံစားရဘူးလား..”

“ခံစားရတော့ကော ငါဘာလုပ်လို ့ ရမှာလည်း ချိုရဲ့.. သူ့ရင်ထဲက ကိစ္စ သူပဲဖျောက်လို့ရမှာလေ.. မဖြစ်နိုင်မှန်း သိသိကြီးနဲ့သူ မမေ့နိုင်ဘူး ဆိုကတည်းက ငါက နားလည်ပေးရုံအပြင် ဘာတတ်နိုင်မှာလည်း ဟာ…”

“မြတ်စွာဘုရား.. နင့်စိတ်က ဘယ်လိုကြီးတုန်း ငုဝါ.. တကယ်ဆို နင်တို့နှစ်ယောက်က တစ်နေ့ လက်တွဲလို့ရတဲ့သူတွေနော်.. ဟိုက ဘာမှ မဆိုင်တော့တဲ့သူ.. နင့်အတွေးတွေက.. အယ် ငါ အံသြလို ့ မဆုံးဘူး.. နင် ရူးများနေလား ငုဝါ..”

“ငါ မရူးပါဘူး ချို.. ရူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် သူနဲ ့ပါတ်သက်ရင် ငါ့ကိုယ်ငါ ယုံကြည်မှု လုံး၀ မရှိဘူး.. တခါတခါ ငါ့စိတ်ထဲမှာ ငါက သူ့နားကနေ ဟိုး အေ၀းကြီးကို ထွက်သွားရမယ့်သူလို ့ သိနေသလိုပဲ..”

“ဖြစ်မှ ဖြစ်ရလေ ငုဝါရယ်.. သူ နင့်ကို တကယ်ချစ်တယ် မဟုတ်ဘူးလား.. ဆိုင်မှာ ပေါ်ပေါ်ထင်ထင်ကြီး မတွဲဖြစ်ကြပေမယ့် ရိပ်မိတဲ့သူ ရိပ်မိပါတယ်ဟာ.. 

နင်ကကော သူကို့လက်ထပ်ဘို့ထိ မရည်ရွယ်ဘူးလား.. မေးသာမေးရတာပါ.. ဒါကြီးက မေးစရာကို မလိုတာ.. လွတ်လပ်တဲ့သူ အချင်းချင်း ချစ်ကြတာ.. မဆီမဆိုင် အိမ်ထောင်ကျသွားတဲ့ အဆက်ဟောင်းကို နင်က ထည့်စဉ်းစား ပေးနေတယ် ဆိုတော့.. နင့်ကြောင့် ငါပါရောပြီး ရူးပြီ တကယ်..”

“စဉ်းစားပေးတယ် ဆိုတာထက် သူတို့နှစ်ယောက် ခံစားချက်ကို ငါ နားလည်တယ် ဆိုရင် ပိုမှန်မယ် ထင်တယ်ချို.. တခါတခါမှာ လူတွေက မရနိုင်လေ လိုချင်လေ မဟုတ်လားချိုရယ်.. အဲ့တစ်ယောက် အကြောင်းပြောပြတိုင်း သူ ့ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားနေရတာ ငါ သိတာပေါ့ဟာ..”

“နင်နဲ ့တွေ ့တိုင်း ပြောတာပဲလား အဲ့အကြောင်း..”

“အွန်း.. တွေ ့တိုင်းရယ်လို ့ မဟုတ်ပေမယ့် မကြာမကြာ ပြောပြတယ်.. တိုက်ဆိုင်မှု ရှိတိုင်းပေါ့..”

“ဟားးး.. နင်က နားထောင်ပေးတာပဲလား..”

“ငါမှ နားထောင်မပေးရင် သူ ့ရင်ထဲက စကားတွေ ဘယ်သူ ့သွားပြောမလည်း ချိုရယ်.. ငါ့ကို ပြောပြပြီးရင် အနည်းဆုံးတော့ သူ ့စိတ်တွေ ပေါ့သွားတတ်တယ်..”

“နင့်စိတ်ထဲရော ဘာမှ မကျန်ခဲ့ဘူးလား..”

“ကျန်ခဲ့တာပေါ့.. ငါလည်း နင့်နေအောင် ခံစားရတာပေါ့ဟာ.. ဒါပေမယ့် အဲ့လို ပြောပြပြီးလို့ သူ့စိတ်တွေ လန်းဆန်းသွားတာတွေ့ရင် ငါပျော်တယ်လေ.. ငါ ချိန်ထိုးကြည့်ပြီးပါပြီ.. ဘယ်လောက်ပဲ စိတ်မကောင်းဘူးပြောပြော ငါ့ရင်ထဲမှာ သူ နဲ့မျှေ၀ခံစားပေးရတာကို ကြည်နူးတဲ့စိတ် ရှိကို ရှိတာ သေချာတယ်လေ.. သူ ့ဘက်ကလည်း ငါ့ကိုရင်ဖွင့်ရလို ့ ပေါ့ပါးသွားတာ သေချာတယ်.. ဒီတော့…”

“ဒီတော့.. ဆိုးတာကတစ်ခုတည်း.. ကောင်းတာကနှစ်ခု.. နင်ခံစားရတာ တန်တယ်ပေါ့..အဲ့လိုလား…”

“အွန်းးး.. အဲ့လိုပဲ..”

“နင် တကယ် ရူးနေပြီ ငုဝါ.. ဒါမှ မဟုတ် ရှစ်တန်း မအောင်တဲ့ ငါကပဲ နင့် အတွေးအခေါ်ကို လိုက်မမှီတာလား မသိဘူးပေါ့ဟာ..”

“အယ်.. အာ့လိုလည်း မဟုတ်ပါဘူး ချိုရယ်.. ငါလည်း ငါ့ကိုယ်ငါ အံ့သြတာပါပဲ.. ဒါပေမယ့် ငါပျော်တာ သေချာတယ်လေ.. သူ့မှာက အစစ အရာရာ ပြည့်စုံနေပြီးသား.. လိုနေတာက သူ့နားမှာ သူနဲ ့အတူ ကောင်းကောင်း ဆိုးဆိုး ဘာပဲဖြစ်ဖြစ် လိုက်ခံစားပေးမယ့်သူ.. ဒီတော့ သည်ကွက်လပ်ကို ဖြည့်ခွင့်ရတာ ငါဘယ်လောက် ကံကောင်းသလည်း.. ”

“ငါ တကယ် နားမလည်တော့ဘူး ငု.. သိချင်တာကိုပဲ တည့်တည့်မေးတော့မယ်.. သူ နင့်ကို တကယ်ကော ချစ်တာ ဟုတ်ရဲ့လား..”

“သံယောဇဉ်တော့ ရှိမယ် ထင်တာပဲလေ.. သူအရမ်း ကျေကွဲခံစားနေရတဲ့ အချိန်မှာ ငါက သူ့နားကို မထင်မှတ်ဘဲ ရောက်သွားတယ်.. သူနဲ့အတူ လိုက်ခံစားပေးတယ်.. သူတစ်ယောက်တည်း ငိုင်နေမယ့် အချိန်တွေ ငါရှိနေပေးတယ်လေ.. သူ ငါ့ကို မနွယ်လောက် မချစ်ပေမယ့် သံယောဇဉ်တော့ ရှိမှာပါ.. ငါသည်လိုပဲ တွေးပါတယ်ချို.. သည်ထက်ပိုပြီး ဘာမှ မျှော်လင့်မထားပါဘူးဟာ..”

“ဟူးးး ဘာကြီးမှန်းကို မသိတော့ဘူး.. ဒါဆို နင်တို ့ မယူဘူးပေါ့ အဲ့လိုလား..”

“သူ့ကိုငါ တစ်ခါပြောဘူးတယ်ချို.. လူ့ဘ၀ဆိုတာ ဘာမှ ကြိုပြောနိုင်တာ မဟုတ်ဘူး လို့. ဆရာတို ့ နှစ်ယောက် အရမ်း စိတ်အားထက်သန်ပြီး မျှော်လင့်ထားရင် တစ်နေ့နေ့ဆုံဆည်းနိုင်ပါတယ်လို့.. ငု ဆုတောင်းပေးပါ့မယ် လို့.. ငါပြောခဲ့ဘူးတယ်.. သူ ဘာပြန်ပြောတယ် ထင်လည်း..”

“………….”

“ငါ့ကို ကျေးဇူးတင်ပါတယ် တဲ့… ငါလေ.. အဲ့သည်နေ ့က ငါ့ရင်ထဲမှာ…ငါ့ ရင် ထဲ မှာ လေ..”

“ငု ရယ်.. ငါ မေးမိတာ မှားသွားပြီလား ဟင်.. ငါက နင်တို ့ အစစ အဆင်ပြေတယ် ထင်လို ့ပါဟာ..”

“အဆင်ပြေပါတယ်.. ငါ တကယ် နေတတ်ပါတယ် ချို.. တကယ်တော့ သူရော ငါရော မနွယ်ရော ဆုတောင်း မှားခဲ့ကြတာလေ.. ဟိုးရှေး သံသရာ အဆက်ဆက်က ဆုတောင်း မှားခဲ့ကြတာ..”

“နင် ဘာကို ဆိုလိုတာလည်း ငု.. ငါ့ကို ပြောပြမလား.. ငါ လိုက်မေးနေလို့ နင် စိတ်မကောင်း ဖြစ်နေမှာလည်း စိုးတယ်.. ဒါပေမယ့် နင့်စကားတွေက ငါပြန်မမေးဘဲလည်း မနေနိုင်ပြန်ဘူး.. နင် စိတ်ညစ်မယ် ဆိုလည်း မပြောနဲ့တော့ဟာ နော်..”

“ဆုတောင်း မှားတယ် ဆိုတာကိုလား..”

“အွန်း..”

“မေမေ ငါ့ကို တစ်ခါပြောဘူးတယ်.. သံယောဇဉ်ကြီးကြတဲ့သူ တော်တော်များများက သည်ဘ၀မှာ သာမက နောင်သံသရာ ဘ၀အဆက်ဆက် ပြန်လည် ဆုံးဆည်းရပါစေလို့ဆုတောင်း တတ်ကြတယ်တဲ့.. တကယ်က အဲ့ဒီဆုတောင်းမျိုး မတောင်းသင့်ဘူးတဲ့.. 

သံသရာ ဆိုတာ အရှည်ကြီးမို့လို့.. ဘယ်အချိန် ဘယ်ဘ၀ကျမှ ကိုယ့်ဆုတောင်းက ပြည့်မယ် မှန်း ဘယ်သူမှ မသိနိုင်ဘူးတဲ့လေ.. ခု ငါတို့လိုပေါ့.. သည်ဆုကို တောင်းခဲ့တုန်းကတော့ ချစ်ကြလွန်းလို့ဘ၀ အဆက်ဆက် ပေါင်းရဘို့ ဖြစ်မှာပါ.. ဒါပေမယ့် သည်ဆုတောင်းက အခုလို မဖြစ်သင့်တဲ့ အချိန်.. မဖြစ်သင့်တဲ့ အခြေအနေတစ်ခုမှာ လာ ပြည့်သလို ဖြစ်နေတာလေ.. သည်အထဲမှာမှ ငါက ပြုခဲ့တဲ့ ကုသိုလ် အနည်းဆုံး ဖြစ်ခဲ့လို ့နေမှာပေါ့ ချိုရယ်.. ဒါကြောင့် ငါ ဘာမှ မမျှော်လင့်တော့ဘူးလို ့ ပြောတာပါ..”

“ဟူးး နားကို မလည်တော့ဘူးဟာ.. ငါရှင်းရှင်းပဲ မေးမယ်.. နင်တို့ယူဖြစ်ကြမှာလား..”

“ငါ မမျှော်လင့်ရဲဘူး.. စောစောက ငါပြောခဲ့တယ်လေ.. သူ ့ကြည့်ရတာ တစ်နေ ့နေ ့ တစ်ချိန်ချိန် မနွယ်ဘက်က လွတ်လပ်တဲ့သူ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေးမျိုး ရှိနေပုံရတယ်.. ရှိနေလို့သာ ငါ သူတို ့အတွက် ဆုတောင်းပေးပါ့မယ် ဆိုတုန်းက ကျေးဇူးတင်တယ်လို ့ သူ ပြောခဲ့တာပေါ့.. တကယ်ဆို ငါက သူ ့ချစ်သူပါ ချိုရယ်.. ဒါပေမယ့် သူတို ့နှစ်ယောက်ပေါင်းရဘို ့ ငါဆုတောင်း ပေးပါ့မယ် ဆိုတာကို သူ ကျေးဇူးတင်တယ်တဲ့လေ.. သည်လို အခြေအနေကြီးမှာ ငါ့ဘက်က ဘာကိုမျှော်လင့် လို့ရမှာလည်း ချို.. 

တကယ်တမ်း ကြုံလာရင် သူ့ရွေးချယ်မှုက ငါဖြစ်လိမ့်မယ် လို့တထစ်ချ မယုံရဲဘူး.. နောက်ဆုံး သူငါ့ကို ရွေးချယ်ခဲ့တယ် ဆိုရင်တောင် တစ်ဘက်က လုံး၀ မဖြစ်နိုင်တော့လို့သာနေမယ်.. ငါ့ကို ပိုချစ်လို ့ ရွေးချယ်တာမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူး ချို..”

“ဟားးး… ငုဝါရယ်.. ငါဘာပြောရမှန်းကို မသိတော့ဘူး.. သည်အခြေနေကြီးကို နင် ပျော်တယ်လား ငု.. နင့်ကိုယ်နင် ညာနေတာများလား ဟာ..”

“ဟင့်အင်း.. ငါ မညာပါဘူး.. ငါတကယ်ကျေနပ်ပါတယ်.. သူ့ကို ငါ အရမ်းချစ်တယ်လေ.. အနည်းဆုံးတော့ သူ့နားမှာ နေခွင့်ရချင်တယ်.. တခြားဘာမှ မမျှော်လင့်ရဲပေမယ့် သူ့နားမှာ နေခွင့်လေး ရမယ်ဆိုရင် ငါဘာပဲ ပေးရပေးရပါဟာ.. ဒါကြောင့်လည်း သူ ့အတွက် အလိုအပ်ဆုံး ဖြစ်မယ်ထင်တာတွေ ငါပေးနိုင်အောင် အမြဲ ကြိုးစားတာပါ.. ”

“ငု ရယ်…”

“ငါ့အတွက် စိတ်မကောင်း မဖြစ်ပါနဲ ့ ချိုရယ်..ငါတကယ် အဆင်ပြေပါတယ်.. ”

“အေးလေ.. ပြီးတာပါပဲ.. ငါမြင်တာတော့ နင့် အချစ်က စေတနာပါလွန်းတယ်ပြောရမှာပေါ့.. ငါ နင့်လိုတော့ အများကြီး မသိဘူးဟာ.. ဒါပေမယ့် စေတနာမှန်ရင် အကျိုးပေးတာတော့ သိပါတယ်.. နင် ကံကောင်းမှာပါ.. နင်ပြောသလို ဟိုဘ၀က ဆုတောင်း မှားခဲ့တယ် ဆိုရင်လည်း ခုဘ၀ ကျေပြီပေါ့ဟာ နော်…”

“ဒါပေါ့ချိုရယ်.. ငါလည်း အဲ့လိုပဲ အမြဲတွေးပါတယ်.. ငါ ဘယ်လောက်ပဲ ခံစားရ ခံစားရ.. ငါတကယ် ကျေနပ်ပါတယ်.. သူရယ် ငါရယ် မနွယ်ရယ်.. သည်သုံးယောက်ထဲမှာ ငါ ကံအကောင်းဆုံးလို့ ငါ့ကိုယ်ငါ တွေးပါတယ်..

သူက ချစ်သူနဲ့ ေ၀းခဲ့ရတဲ့ဒုက္ခ၊ နောက်ပြီး မနွယ်က ချစ်သူနဲ့ ေ၀းရတဲ့ အပြင် မချစ်တဲ့သူနဲ့အတူနေရတဲ့ဒုက္ခ၊ အားလုံးထဲမှာ ငါက ငါအရမ်းချစ်တဲ့သူနား နေခွင့်ရနေသားပဲ.. သူ့နားမှာ ငါနေခွင့် ရနေသေးသမျှတော့.. သူ့စိတ်ကဘယ်ကိုပဲရောက်နေနေငါကျေနပ် သင့်တာပေါ့ ချိုရယ်.. မဟုတ်ဘူးလား…”

ဆို့နင့် ကျေကွဲစွာဖြင့်တစ်လုံးခြင်း ရေရွတ်ရင်း ပြောလိုက်သောသူမစကားလုံးတို ့တွင် မည်သည့်ခံစားချက်များ ရောပါနေမှန်းမိချိုနားမလည်နိုင်တော့ပါ။အချစ်ကပဲ ဆန်းကျယ်တာလား ငုဝါကပဲ ဆန်းကျယ်တာလား။ သည်လို ပေးဆပ်နိုင်ခြင်းသည်သာ အချစ်စစ်ဖြစ်မည် ဆိုပါလျှင် မိမိ မချစ်ဘူးသေးတာ သေချာသည်ဟု ပြောရမည်သာ။ 

ပညာငွေကြေး အစစ အရာရာ ပြည့်စုံသော လုပ်ငန်းရှင် သူဌေး လူပျိုတစ်ဦး၏ ချစ်သူမိန်းကလေးဘ၀သည် သာမန်အားဖြင့် ကြည့်လျှင် စိတ်ချမ်းသာ စရာ အတိပြီးရမည် ဖြစ်သော်ငြား သူမ အဖြစ်က သာယာခြင်း ကင်းလှပါကလား။ ငါတကယ် ကျေနပ်ပါတယ်လို ့ ပြုံးပြုံးကလေးပြောနေသော သူမ မျက်၀န်းတို ့က မျက်ရည်ကြည်တို့ဖြင့် စိုလဲ့နေသည်။

လာကြိုနေကျ ကားမှတ်တိုင်ရောက်တော့ ငု ကို မတွေ ့ရသေး။ သူမက များသော အားဖြင့် စောရောက်နေတတ်သည် ဖြစ်ရာ သည်နေ့အဖို ့ဘာကြောင့်များ နောက်ကျနေပါလိမ့်။ မိမိက သူမ အိမ်သို ့ ၀င်ထွက်ခွင့်ရလိုပါသော်လည်း ငုက အဆင်သင့် မဖြစ်သေးဟုဆိုကာ အမြဲငြင်းနေသည်။ 

ဆိုင်မှ လူများ ရှေ ့တွင်လည်း မိမိတို့နှစ်ဦးက ချစ်သူများပါဟု အသိပေးခွင့်မပြု။ သူ့အသက် အရွယ်၊ သူ ့အနေအထားနှင့် ဤသို့ ခိုးကြောင်ခိုး၀ှက် ချစ်သူဖြစ်နေရခြင်းကို မနှစ်မြို့လှ သော်လည်း ငု ဆန္ဒ မပါဘဲ သူဘာမှ ဇွတ်အတင်း မတောင်းဆိုရက်ပါ။ 

ချစ်သူ သက်တမ်း (၃) လ ကြာခဲ့သည့်တိုင် ကြင်နာနွေးထွေးသော အနမ်းများမှလွဲ၍ စည်းမကျော်ရက်ခဲ့။ တီတီတာတာစကားဆိုတတ်သော၊သူနှင့် ဝါသနာတူအတွေးခေါ်တူ ဖြစ်သော၊ သူစိတ်ညစ်နေချိန်များတွင် ကြည်လင်ရွှင်ပြစေတတ်သောထို မိန်းကလေးကို အသက်တမျှ သူ မြတ်နိုးမိပါသည်။

သူမနှင့် ထိတွေ့ဆက်ဆံရသော အခါများတွင်လည်း ချစ်စိတ်ကြောင့် ဖြစ်ပေါ်လာသော သွေးသား၏ ဆန္ဒ တို့မည်မျှပင် ပြင်းပြနေသော်ငြား သူမ စိတ်ကွက် သွားမည်စိုးသောကြောင့် ရှေ့မတိုးရက်ခဲ့။ 

ပညာရေး တစ်ပိုင်းတစ်စနှင့် အိမ်ထောင့်တာ၀န်များကို မထမ်းဆောင်စေလို၍ မိမိ အာသီသ တစ်ခုတည်းဖြင့် ချက်ချင်း လက်ထပ်ကြဘို့လည်း မတောင်းဆိုရက်ခဲ့။ တခါတရံ သူမဘက်မှ လိုတာထက်ပိုနေသော စည်းမျဉ်းများကို စောဒက တက်လိုပါသော်လည်း မတော်တဆများ သူမ စိတ်ဆိုးသွားပါလျှင်ဟု တွေးကာ သူမနေစေချင်သော ပုံစံအတိုင်းသာ အလိုက်သင့် နေပေးခဲ့ပါသည်။

သူမသည် သူ့ဘ၀တွင် ပထမဆုံး အချစ်ဦး မဖြစ်ခဲ့သော်လည်း သူ့နောက်ဆုံးထွက်သက် အထိ မြတ်မြတ်နိုးနိုး ချစ်သွားမည့် တစ်ဦးတည်းသော အဖော်မွန်ပင်။ ပူလောင်ခြောက်သွေ့နေသော မိမိဘ၀ကို လန်းဆန်းစိုပြေစေခဲ့သော သူမသည် သူ ့အတွက် အဘိုးထိုက်တန်ဆုံးသော လူသားတစ်ဦး ဖြစ်ကြောင်း သူတစ်ဦးတည်းသာလျှင် အသိဆုံးဖြစ်ပါသည်။

“အယ်.. ဆရာ ရောက်နှင့်နေပြီ.. ကြာပြီလား စောင့်ရတာ..”

“အွန်း စိတ်ပူလို့… အိမ်လိုက်လာရင်လည်း လွဲများနေမလား ဆိုပြီး.. ရော့ ကြီးတော်လေး.. အထူးအဆန်းလက်ဆောင် ဘီးကုပ်..”

“အယ်.. ချစ်စရာလေး.. ကျေးဇူး.. ချိုရောက်နေလို ့ ဆရာရဲ့.. စကားကောင်းနေတာနဲ ့ နာရီ မကြည့်လိုက်မိဘူး..”

“အော်.. ဘယ်မှာလည်း အခု သူက..”

“ကားဆက် စီးသွားတယ်လေ.. ငုက တူတူလိုက်ဖို ့ခေါ်တာကို ဆရာ့ကို အားနာလို ့တဲ့..”

“ကောင်းတာပေါ့..”

“အွန်..”

“ငုလေး..”

“ရှန်..”

“သည်ည ဆိုင် မသွားနဲ ့ကွာ နော်.. အိမ်လိုက်ခဲ့..”

“ကိုမျိုးအောင်ကို ခွင့်တိုင်ရမှာပေါ့ အာ့ဆို..”

“ထားလိုက်.. ပြောမနေနဲ့.. အိမ်မှာ မေမေနဲ ့ ဘယ်သူရှိလည်း..”

“ငု ပြန်မရောက်မချင်းတော့ အပေါ်ထပ်က အိမ်ရှင် အန်တီကြီး အဖော်လာနေပေးတယ်.. ဘာလို ့ လည်းဟင် ဆရာ..”

“အွန်း.. ခါတိုင်း ပြန်နေကျ အချိန်တိုင်း ပြန်ရောက်အောင် ကိုယ်ပြန်လိုက်ပို ့ပေးမယ်လေ နော်..”

“………”

“ဟင် ငု.. ဖြစ်တယ် မဟုတ်လား..”

“ဆိုင်မှာ ဘာမှ မပြောရသေး..”

“ကိုယ် ဖုန်းဆက်လိုက်မယ်.. အို ကေ..”

“………”

“ငု မလိုက်ချင်လို ့လား.. ကိုယ် တခြားရည်ရွယ်ချက် မရှိပါဘူး ငုရာ.. ကဲကဲ မလိုက်ချင်လည်း အတင်း မခေါ်တော့ပါဘူး နော်..”

“ဆရာကလည်း မလိုက်ချင်လို ့ မဟုတ်ပါဘူး.. ငု ဆရာ့တွက် လက်ဆောင်ပေးမလို့. ပထမတော့ ဆိုင်သွားမှာဆိုရင် ခုပေးမလို့လေ.. ခုတော့ အိမ်သွားမယ်ဆိုတော့ အိမ်ကျမှ အေးအေး ဆေးဆေး ပေးတော့မယ်လို ့.. အာ့ စဉ်းစားနေလို့ဟာကို..”

“အာ.. ရဘူး ပေးအခု..”

“အာ့ဆို ပြီးရင် ဆိုင်ပဲလိုက်ပို့ရမှာနော်..”

“လူလည်မလေး.. ခင်ဗျားလေး တော်တော် ဈေးကိုင်တယ်နော်.. ကျုပ် အသည်းယားလာရင် မလွယ်ဘူးမှတ်.. သနားလို ့ အလျှော့ပေးနေတာ.. သဘောပေါက်..”

“ခိ ခိ..”

ဆရာ့အိမ်သို ့ ပိတ်ရက်တိုင်း နီးပါး ငု ရောက်ဖြစ်ပါသည်။ သို့သော် နေ့လည်ဘက်သာ ဖြစ်သဖြင့် ယခုလို ညနေခင်းမြင်ကွင်းမျိုးက ငု အတွက် အစိမ်းသက်သက် ဖြစ်လို့နေသည်။ အပင်စိုက် ဝါသနာပါသော ဆရာ့ခြံကလေးက ရောင်စုံပန်းပင်ကလေးများနှင့် နေချင့်စဖွယ်။ ထိုင်နေကျ ဒန်းကလေး အနားတွင် သီးသန် ့စားပွဲလေးတစ်ခု ချထားတာကြောင့်

“ဧည့်သည် လာဘို့ရှိလို့လားဆရာ.. ခုံတွေ ချထားလို ့..”

“ဧည့်သည် ဟုတ်ပါဘူး.. ကိုယ့် အိမ်ရှင်မလောင်းလေးနဲ ့ ညစာစားမလို ့..”

“ခိခိ.. ဆရာချက်ထားတယ်ပေါ့ ညစာ..”

“အွန်း.. ကြက်ဥပြုတ်ထားတယ်လေ.. ထမင်းအိုးတည်ရင်းနဲ ့..”

“အိုး.. မိန်လိုက်မယ့် ဖြစ်ခြင်း..”

“ကဲ ကလေးမ.. ပေးတော့ လက်ဆောင်..”

“အွန်.. အတောင်းရမ်းကလည်း ထူပါ့..”

“ခင်ဗျားလေးကလည်း ကပ်စီးက နည်းပါ့..”

“အိမ်ထဲရောက်မှပေးမယ်..”

“သဘောပါ ဗျား..”

အိမ်ထဲတွင် အလင်းရောင်က အနည်းငယ် ဖျော့နေပြီ။ ဉာဏ်လင်းညို နံရံပေါ်ရှိမီးခလုတ် နှင့် မျက်နှာကျက်မှ ပန်ကာကို ဖွင့်နေစဉ် ငု လည်း လွယ်ထားသော အိပ်လေး အတွင်းမှ ပန်းနုရောင် စာအိပ်လေးကို အသာ ထုတ်ယူလိုက်သည်။

“ကဲ အမိ..”

“ငု ပေးမယ့်လက်ဆောင်က အဘိုး မတန်ဘူးနော်.. ဒါပေမယ့် ဆရာ တကယ်လိုချင်မလားလို ့ပါ..”

“ငု ရယ်.. တန်ဘိုးကြီး လက်ဆောင် ဆိုတာ ပိုက်ဆံပေးရင် ၀ယ်လို ့ရပါတယ်.. ကိုယ့် အတွက် အဲ့ဒါတွေ လိုမှ မလိုဘဲကွယ်..”

“အွန်းဟွန်.. အာ့မို့၀ယ်လို ့မရတဲ့လက်ဆောင်ကိုပေးတာလေ.. ခိ ခိ.. ငုလည်း တစ်ပြားမှ မကုန်ဘူး..”

“ဟားဟား.. ချစ်စရာလေး..”

“အွန့်.. ငု ရေသွားသောက်ဦးမယ်..”

“အွန်း.. ကိုယ့်တွက် တစ်ခွက်..”

သူမ ကမ်းပေးသော စာအိပ်ကလေးကို ဖွင့် ဖတ်လိုက်တော့.. 

“ကို… ချစ်တယ် ဆိုတာထက် အများကြီး ပိုချစ်တယ်..”

 ရွှေမှုံလေးများပါသော ပန်းနုရောင်လက်ရေး ၀ိုင်း၀ိုင်းစက်စက်လေများ.. 

“ကို..” 

တဲ့။ သူ့ရင်ထဲအတိုင်း မသိကြည်နူးမိသွားသည်။ စာရွက်လေးကို စားပွဲပေါ်ချကာ မီးဖိုခန်းသို ့ အပြေးအလွှား လိုက်လာခဲ့၏။ ငုတစ်ယောက် ထမင်းစားပွဲတွင် ရေပုလင်း၊ ဖန်ခွက်၊ သကြားဗူး၊ ဆားဗူးများနှင့် အလုပ် ရှုပ်နေသည်။ ထိုအချိန်တွင် စားပွဲပေါ်၌ ကျန်ခဲ့သော ပန်းနုရောင် စာရွက်လေးကတော့ မျက်နှာကျက်မှ ပန်ကာလေကြောင့် ဆက်တီခုံများကြားသို့လွင့်ကာ လွင့်ကာ။

အပေါက်၀ကို ကျောပေးရပ်နေသော သူမက မိမိရောက်လာသည်ကို မမြင်။ လိမ္မော်ရောင် အခံပေါ်တွင် အဖြူလုံးလေးများပါသော ရှပ်အကျီ ကလေးက မိန်းမ၀တ်ပုံစံမို့ချပ်ချပ်ရပ်ရပ်နှင့် သူမ၏ ကိုယ်လုံးအလှကို မြင်သာစေသည်။ အနက်ရောင် စကပ်ပျော့ပျော့လေးအောက်မှ ၀ိုင်းစက် အိထွေးသော တင်သားစိုင်နှစ်ခု။ သည်ည အဖို့တော့ သူ့စိတ်ကို ထိန်းနိုင်ဘို့လွယ်တော့မည် မထင်။အနား သို ့သွားကာ နောက်ကျောမှ သိုင်းဖက်လိုက်၏။

“အို့.. သံပုရာရည်ဖျော်ပေးနေတာ ဆရာ့ဘို ့.. သောက်မယ် မဟုတ်လား..”

“ဘယ်က ဆရာလည်း..”

“ခိ ခိ..”

“ငုလေး.. ကို အရမ်းချစ်တာပဲ ကွာ..”

“ငု လည်း တူတူပါပဲ ကို ရယ်..”

သူမ ကိုယ်လုံးလေးက သူ့ရင်ခွင်ထဲတွင် နစ်၀င်လျှက်။ နားရွက်ဖျားလေးများကို ဖွဖွလေး ရှိုက်နမ်းမိသည်။ တင်စိုင်မို့မို့များပေါ်တွင် မေးတင်နေသော ညီတော်မောင်က ငြိမ်ငြိမ်မတော့။ အနမ်းတို့ကို ပါးပြင်ဆီသို့နေရာရွှေ့ရင်း သူမကို သိုင်းဖက်ထားသော လက်အစုံက ပခုံးထိပ် ဆီမှနေ၍ ရွှေလည်တိုင် ခြေရင်းသို့တို့ထိ ပွတ်သပ်နေမိသည်။ 

ပတ်၀န်းကျင်တွင် နေရောင် ကုန်လုပြီ။ သူတို ့နှစ်ဦး၏ အသက်ရှုသံမှ လွဲ၍အခန်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ အပေါ်ဆုံးမှ အကျီကြယ်သီးလေး တစ်လုံးကို သူ ဖြုတ်လိုက်မိသည်။ ထို့နောက် လည်ပင်းပေါက်အတွင်း လက်ထိုးသွင်းကာ ပုခုံးသားလေးများကို ပွတ်သပ် လိုက်၏။ ပုခုံးစွန်းတွင် ကြက်သီးမွှေးညှင်း လေးများက ကြမ်းရှလျှက်။ သူ ့ရင်ခုန်သံများက သူမကျောပြင်မှ တဆင့် နှလုံးသားဆီသို့။

“ကလေးရယ်.. ကို တအားကြီးများ အခွင့်အရေးယူမိနေပြီလား.. ” 

အသိစိတ်က သည်လို တွေးနေသော်လည်း လက်တစ်ဘက်ကတော့ဖြင့် ရင်လွှာမို့မို့များပေါ်တွင် ကတုန်ကရီ ခရီးသွားနေမိပြီ။ ဘရာကြိုး ဖြူဖြူလေးကို လက်မောင်းဘက်သို့ဆွဲချလိုက်တော့ 

“အို.. ကို့.” 

လှိုင်းထနေသော အသံ ကလေး ကြောင့် 

“ငုလေးရယ်.. ကိုလေ.. ” 

သူမကိုယ်လုံးလေးကို တင်းသထက် တင်းနေအောင် ပိုတိုးပြီး ဖက်ထားလိုက်မိသည်။ ငုဝါ သူ့ရင်ခွင်ထဲတွင် ကိုယ်ကို တစ်ပတ်လှည့်လိုက်၏။ ချစ်သူ့မျက်နှာကို မရဲတရဲ မော့ကြည့်လိုက်တော့ မေးကြောများ ထောင်ထနေအောင် အံကျိတ်ထားရှာသော မြတ်နိုးရသူ ကို..။ 

ကိုရယ် ငုလည်း သွေးသားနဲ ့ ဖွဲ ့စည်း ထားတဲ့ သာမန် မိန်းကလေးတစ်ယောက်ပါ။ ကို.. ငု အပေါ် စောင့်ထိန်းနေတာ ဘာကြောင့် ဆိုတာ မသေချာပေမယ့်.. ငု လေ.. ငု ဘ၀ တစ်ခုလုံး ကို့ကို အပိုင်ပေးချင်ပါတယ်။

“ငုလေး စိတ်ဆိုးသွားတာလား.. ကို သတိလက်လွတ်..” 

အယောင်ယောင် အမှားမှား တောင်းပန်စကား ဆိုနေသော ကို ့ နှုတ်ခမ်းများကို ငု စုပ်နမ်းလိုက်သည်။ ဟင့်အင်း.. ငု ဘာမှ မတွေးတော့ဘူး။ ခြေဖျားလေး ထောက်ကာ ကို လည်တိုင်ကို သိုင်းခိုရင်း ကို့ နှုတ်ခမ်း ထူထူ ပြည့်ပြည့်များကို စိုစွတ်သော အနမ်းရှည်များဖြင့် အငမ်းမရ နမ်းပစ်လိုက်သည်။ တစ်ချက်တစ်ချက် ငု ပါးစပ်ထဲ တိုး၀င်လာသော ကို ့ လျှာဖျားလေးကို ပြန်ထွက်မသွားအောင် ဆွဲစုပ်ထားမိသေးသည်။ ကို့လက်တွေက ငု တင်ဆိုင်တွေကို ညှစ်ခြေနေပြီ။ ငု စည်းခုံ မို့မို့လေးပေါ်တွင် ဖိကပ်နေသော တစ်စုံတစ်ရာက…။

ကိုရေ.. ငု လေ.. ငု ဘာမှ မစဉ်းစားတော့ဘူး။ ခုနေ ကို ငုကို စိတ်ရှိလက်ရှိချစ်ပြီး ထားပစ်ခဲ့မယ် ဆိုရင်တောင် ငု ကျေနပ်တယ်။

နှစ်ဦးသား မောဟိုက်သွားသည်အထိ အနမ်းရှည်များ ပေးကြပြီးမှ.. 

“ငု လေး..” 

သူမ ပုခုံးလေး နှစ်ဘက်ကို ညင်သာစွာကိုင်ရင်း မျက်နှာလေးကို ငုံ ့ကြည့်မိသည်။ ပွယောင်းယောင်း ဖြစ်နေသော ဆံနွယ် ရှည်ရှည်လေးများ၊ သူ့ကိုမော့ကြည့်နေသည့် ၀ိုင်းစက်နေသော မျက်၀န်းလေးများက ချစ်ရည်တို့ ဖြင့် တောက်ပရွှန်းစိုနေ၏။ကြယ်သီး ပြုတ်နေသော အကျီအောက်မှ နေထားတကျ ပြန်မရောက်သေးသော ဘရာကြိုးတစ်ဘက်က ရင်သားမို ့မို ့တစ်ဘက်ကို ကပိုကယို လှစ်ပြနေသည်။

“ငုလေးရယ်.. ကို အရမ်းချစ်တာပဲကွာ.. ငုလေး စိတ်ဆိုးသွားမှာလည်း အရမ်းကြောက်တယ် ငုရယ်.. ကို့စိတ် ကိုယ်လည်း ထိန်းလို ့ မရတော့ဘူး..”

“ကို..”

“ဗျ..”

“တကယ်ကလေ.. ငု ပေးချင်တဲ့ လက်ဆောင်ကလေ..”

“…..”

“…..”

ကြယ်သီးနောက်တစ်လုံးကို ခပ်သွက်သွက် ဖြုတ်လိုက်ပြီး လှစ်ဟသွားသော ရင်သားလေးကို ငုံ့နမ်းလိုက်တော့သည်။ ငုပေးချင်တဲ့ လက်ဆောင်ဘာဆိုတာကို ကို သိလိုက် သလိုလိုပဲ။ငုလေး ဘ၀တစ်ခုလုံးကို ကို အပိုင်သိမ်းလိုက်တော့မယ်ကွာ။ ပြီးရင် ကို လည်း ကိုပိုင်ဆိုင်သမျှ အရာအားလုံး ငုလေး လက်ထဲကို ပေးလိုက်တော့မယ်။ အဲ့ဒီထဲမှာ ကို ့ ဘ၀လည်း ပါတယ်နော်။ 

ကိုတို့ဘ၀ခြင်း ဖလှယ်ပြီး ချစ်ကြမယ်။ သူ့စိတ်တွေကို လုံး၀ လွှတ်ချလိုက်တော့သည်။ တန်ဘိုးကြီး အမွှေးနံ ့သာများ သုံးစွဲလေ့ မရှိသော သူမ၏ ကိုယ်ရနံ့လေးက သဘာ၀အတိုင်းမို့ ရှိုက်နမ်းရသူအဖို့ပိုမို ယစ်မူး စေသယောင်။ သူ့ အနမ်းများ၏ဒဏ်ကို ကြာကြာ အံမတုနိုင်တော့သော သူမ ကိုယ်လုံးလေး မတ်မတ် မရပ်နိုင်တော့ပြီ။

“ကို့.. မီးဖိုချောင်ကြီးထဲမှာ..” မောဟိုက်နွမ်းလျှနေသော အသံလေးဖြင့် သတိပေးလိုက်တော့..

“အွန်း.. အိပ်ခန်းထဲ သွားမယ်လေ.. နော်..”

ငု အသာလေးပဲ ခေါင်းငြိမ့်ပြလိုက်တော့သည်။ 

“လာ…”

 ပုခုံးလေးကို ဖက်ကာ အိပ်ခန်းဆီ တွဲခေါ်လိုက်တော့ သူမ ခြေလှမ်းတို ့က ရွေ ့မလာဘဲ သူ့ရင်ခွင်ထဲ ခို၀င် နွဲ့မှီကာ..

“ငု.. မလျှောက်နိုင်တော့ဘူး..”

“အွန်.. ဘာလို ့..”

“သိဘူး..”

“ဟောဗျာ.. ဘာမှတောင် မလုပ်ရသေးဘူး ကောင်မလေးတစ်ယောက် လမ်းတောင် မလျှောက်နိုင် တော့ဘူးတဲ့.. ကိုင်းး.. ဘယ်လို လုပ်ကြမလည်း..” 

ပြုံးစိစိနှင့် သူ နောက်လိုက်တော့..

“ကိုနော်.. ဘာ ဘာမှ မလုပ်ရသေးဘူးလည်း ဟွန်း..”

“အွန်းလေ.. ဘာလုပ်ရသေးလို့လည်း.. ခုမှ လုပ်ရင်ကောင်းမလား စဉ်းစားတုန်း..”

“ကိုနော်..”

“ဟားဟား.. ကလေးလေး.. ချစ်စရာလေးကွာ.. အရမ်းပဲ.. ကို ချီခေါ်သွားမယ်..နော်..”

ပြောလည်း ပြော သူမကိုယ်လုံးလေးကို စွေ့ကနဲ ကောက်ပွေ့လိုက်သည်။ တစ်လက်စတည်း မထိတထိ ပွင့်နေသော ရင်မွှာလေးကို ရွှတ်ကနဲ ငုံ့နမ်းလိုက်သေး၏။ 

“အိုးး.. ကို နော်..”

သူ့ရင်ဘတ်ကို ဆတ်ကနဲထုကာ အကျီကို ဆုပ်ကိုင်ရင်း မျက်နှာလေးကို ရင်ခွင်ထဲ တိုး၀ှက်ထားလိုက်တော့၏။ မစဉ်းစားတော့ဘူး ကိုရေ။ ငု ဘာမှ မစဉ်းစားတော့ဘူး။ ကို့ကိုချစ်တယ်။ ချစ်တယ် ဆိုတာထက် ပိုချစ်တယ်။ ကို အလိုရှိမယ်ဆိုရင် ငု တစ်ကိုယ်လုံးက ကို့ အတွက်ပါ။


 အပိုင်း ( ၇ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment