Tuesday, May 20, 2014

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၈ )

  ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၈ )

ရေးသူ - SnowFlake

“မေမေ.. ဘယ်သွားနေပါလိမ့်.." 

ကျောင်းမှ ပြန်လာသော ငုဝါ.. သော့ခတ်ထားသည့် အိမ်တံခါးကြောင့် ဘေးအိမ်သို့ ကူးလာခဲ့လိုက်သည်။

“အန်တီမြခင်.. အန်တီမြခင်ရေ.. အယ် ဆိုင်ကြီးဖွင့်လျှက်နဲ့ ဘယ်သွားနေပါလိမ့်.. ”

“အယ်.. ငုဝါ ပြန်လာပြီလား.. ဆေးရုံကြီးကို အမြန်လိုက်သွား သမီး.. နင့်အမေ မူးလဲလို့ ဆေးရုံတင်လိုက်ရတယ်.. မမြခင်လိုက်သွားတယ်..”

“ရှင်…”

အိမ်နီးချင်း ဦးလေးကြီးထံမှ ကြားလိုက်ရသော စကားက ငုဝါ နားထဲသို့ သံရည်ပူ လောင်းလိုက် သလိုပင်။ မေမေ ဘာမှ မဖြစ်ပါစေနဲ့..။ တနေ့က ဆရာ၀န်ကြီးကတော့ မေမေ့ ရောဂါ အခြေအနေကို သိပ်အားမရ ဟု ပြောသေးသည်။ 

တကယ်ဆို သူမ အနေနှင့် မေမေ့ကို သည်ထက်ပို၍ ဂရုစိုက်မိခဲ့ဘို့ကောင်းသည်။ မိမိ နှလုံးသားရေး ပြဿနာကြောင့် ရောဂါသည် အထီးကျန်မိခင်ကို ပစ်ထား မိသလိုများ ဖြစ်နေပြီလား။ခုနေများ မေမေ.. အို.. မြတ်စွာဘုရား ကယ်တော်မူပါ.. မေမေ ဘာမှ မဖြစ်ပါစေနဲ့.. ငု လာနေပြီမေမေရေ.. မေမေ ဘာမှ မဖြစ်ပါစေနဲ့.. ငုမှာ မေမေပဲ ရှိတော့တာပါ.. ။ငုဘ၀မှာ မေမေတစ်ယောက်တည်းရှိတော့တာပါ.. ခုနေများ မေမေ့ကို အသက်အန္တရာယ် ကင်းကင်းနဲ့ မြင်တွေ့ခွင့် ရမယ်ဆိုရင် တခြား ဘာမဆို ငု ဆုံးရှုံးခံနိုင်ပါတယ် မေမေရေ..။

ဆေးရုံကြီးရှိ အရေးပေါ် လူနာဆောင်သို့ရောက်တော့ မေမေ့ နံမည်ပြောကာ အခန်းရှာရသည်။ သူနာပြု ဆရာမလေး ညွှန်ပြရာ အခန်းသို့ ၀င်လိုက်စဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ငုဝါ ခြေစုံရပ်ကာ မျက်လုံးများ ပြာ၀ေသွားတော့သည်။

ကုတင်ပေါ်တွင် ခေါင်းမှ ခြေအဆုံး အဖြူရောင် အ၀တ်ဖြင့် လွမ်းခြုံထားသည့် တစ်စုံတစ်ယောက်။ ကုတင်နဘေးတွင် အန်တီ မြခင်က တရှုံ့ရှုံ့ ငိုရှိုက်နေသည်။ ဒါ မေမေလား.. အနားမှာ အန်တီမြခင် ရှိနေတယ်ဆိုတော့ ကုတင်ပေါ်က လူနာက မေမေပေါ့.. အ၀တ်ဖြူကြီးနဲ့ အုပ်ထားတာ မေမေပေါ့.. ဒါဆို.. ဒါဆို ငု မေမေ.. ဘုရားဘုရား..။ 

ငု ဆုတောင်း မပြည့်ခဲ့ပြန်ပါလား မေမေရေ..။ ရင်ထဲမှ ပေါက်ကွဲမြည်ဟီးသံက ခြောက်သွေ့ မောဟိုက်နေသော လည်ချောင်း၀တွင် တစ်ဆို့ကာ နှုတ်ဖျားသို့ ရောက်မလာ။ အိပ်မက်ထဲတွင် လမ်းလျှောက်နေသူ တစ်ဦးပမာ တစ်လှမ်းခြင်း ရှေ့တိုးလာခဲ့သည်။လွှမ်းခြုံထားသည့် ပိတ်စကို ဖယ်ရန် လှမ်းလိုက်သော လက်တို့က တဆတ်ဆတ် တုန်ရီလျှက်။ 

“ငုဝါ သမီး.. ညည်း အမေလေ.. မနက်ခင်း ဈေးက ပြန်လာပြီး မူးတယ်မူးတယ်ပြောရုံရှိသေး လဲကျသွားတာပဲအေ.. ဆေးရုံရောက်ပြီး ဆေးတွေဘာတွေ သွင်းလိုက်တော့ တစ်ချက် သတိပြန်လည်လာသေးတယ်..ဆရာ၀န်က မရနိုင်တော့ဘူး ပြောပေမယ့် သမီး ကျောင်းကို ဘယ်လို လိုက်ခေါ်ရမှန်း ဘယ်သူမှ မသိဘူးလေ.. ညည်းအမေ ညည်းကို မေးရင်းနဲ့ပဲ.. ” 

ငု နားထဲသို့ မည်သည့် စကားတစ်စုံတစ်ရာမျှ ၀င်မလာတော့ပါ။ ဆုံးရှုံးခြင်း.. ဘ၀၏ ဆုံးရှုံးခြင်း။ ငု ဘာလို့ သည်လောက် ကံဆိုးတာလည်း မေမေ.. အခု ငုမှာ ဘာမှ မကျန်တော့ဘူးပဲ.. ကံတရားက ဘာလို့ သည်လောက် ရက်စက်ရတာလဲ.. ငု ဘယ်လောက်များ လောဘကြီးခဲ့လို့ ငု ကို သည်လိုကြီး အပြစ်ပေးရတာလဲ.. ငု တစ်ကိုယ်လုံး မီးဖိုထဲ ရောက်နေသလို ပူလောင်လှပါသည်။ ပိတ်ဖြူစကိုလည်း ကိုင်ထားဆဲမှ ဆက် မလှပ်ရဲ။ 

မေမေ.. မလှုပ်မယှက်ကြီး ငြိမ်နေတဲ့ မေမေ။ မေမေ့ မျက်နှာကို သမီး ဘယ်လို ကြည့်ရက်မလဲမေမေရေ။ မေမေ မျက်လုံးမှ မှိတ်နိုင်ရဲ့လား။ တစ်ယောက်တည်း ကျန်ခဲ့တဲ့ သမီးကို မေမေ စိတ်ချသွားရဲ့လား။

“ငုဝါ.. ငိုချလိုက် သမီး… စိတ်ကို တင်းမထားနဲ့.. ငိုချလိုက်.. ညည်းအမေ သေပြီလေ.. အခု လောကကြီးမှာ ညည်းတစ်ယောက်တည်း ကျန်တော့တယ်.. ငို လိုက်စမ်း သမီး.. ”

“မေမေ.. မေမေ ရေ..”

..................................................................................................................................

အခန်း  (၂၃)

“မေမေ.. မေမေရေးး အီးး ဟီးး…”

“ဟယ်.. သမီးလေး.. ညို ဘာဖြစ်လာလဲ သမီးရယ်.. ဘယ်သူ ဘာလုပ်လိုက်ပြန်လဲ.. ချော်လဲတာလား သမီး ဟင်.. မှန်း ဘယ်နား ခိုက်မိသွားသေးလဲ…”

“ဖိုးဇော် တွန်းလိုက်တာ အန်တီငု.. သူ့ အရုပ်ကို ယူကိုင်လို့ ဆိုပြီး..”

“ဟာ.. ဖိုးဇော်ရယ်.. ညီမလေးက သားအရုပ်လေး ကိုင်ကြည့်တာနေမှာပါ.. ဘာလို့ တွန်းရတာလဲ သားရယ်..”

ချုပ်လက်စ အကျီလေးကို ပစ်ချရင်း ကလေးကို ကောက်ချီကာ ငုဝါ ပြောလိုက်မိသည်။ သမီးလေး မြတ်ပန်းကြာညို.. ခုမှ လမ်းလျှောက်တတ်ကာစ အရွယ်လေး။ ဘယ်သူဘာလုပ်မှန်း သေသေချာချာ ပြန်မပြောတတ်သေးသည့် သမီးငယ်လေး။ အဖော်ကလည်း မက်ရှာသေးသည်။ စား၀တ် နေရေးအတွက် ရုန်းကန်ရသေးသည်မို့ ကလေးကို တချိန်လုံး ကြည့်မနေနိုင်။

အိမ်နားရှိ ကလေးများနှင့် ကစားကြတိုင်း သမီးလေးခမျာ အခြားကလေးကြီးများ၏ အနိုင်ကျင့်ခြင်း ခံရရှာသည်။ သမီးလေးအတွက် ကစားစရာ အရုပ်ကလေးမှပင် အနိုင်နိုင် မ၀ယ်ပေးနိုင်သော မိမိ အဖြစ်ကိုလည်း ရင်နာရပါသည်။ 

တစ်ခါများဆိုလျှင် ကလေးချင်း အရုပ်လုသည့် ကိစ္စ မိခင်ကပါ ၀င်ပါ ၀င်ပြောရင်း ပြဿနာ တက်ရသေးသည်။ အဖေ မပေါ်သော သမီး။ မကောင်းတာ လုပ်စားရင်း မွေးသောသမီး။ သည်ကဲ့သို့ ကလေး အရွယ်နှင့် မလိုက်ဖက်သော စကားများကြောင့် ငု ရင်နာခဲ့ရသည်။ ဘာမျှ မသိရှာသော သမီးလေး.. ကစားမက်ရှာသော သမီးလေးကတော့ အဖေဆိုတာထက် အရုပ်လှလှလေးများကိုသာ စိတ်၀င်စားတဲ့ အရွယ်ပေကိုး။

မေမေ ဆုံးတော့ အားကိုးရာမဲ့ မိန်းကလေးတစ်ဦး ဖြစ်သွားသော ငုဝါ.. မေမေ့ရုပ်အလောင်းကို မြေချပြီးသည် နှင့် တစ်ဦးတည်းသော အဒေါ်၀မ်းကွဲဖြစ်သူရှိရာ နယ်မြို့လေးသို့ လိုက်လာခဲ့သည်။ သူငယ်ချင်း ချို ကတော့ သူတို့နှင့် အတူနေရန်ပြောပါသေးသည်။ 

သို့သော် ငု လက်မခံခဲ့။ အဒေါ်ဖြစ်သူနှင့် မလိုက်မီ ကို့ကို နောက်ဆုံး အနေနှင့် နှုတ်ဆက်ခွင့် ရရန်ပင် ငု မကြိုးစားခဲ့ပါ။ အမှန်တော့ မကြိုးစားခဲ့ခြင်း ဆိုတာထက် ကြိုးစားခွင့် မရခဲ့ခြင်းသာ။

ချို့ အပြောအရ ကို နှင့် မနွယ် ခရီးထွက်သွားသည်ဟု သိခဲ့ရသည်။ ဆုံးရှုံးသွားသည့်နောက်တော့ ဘာကိုမျှ နောက်ဆံ တင်းမနေလိုတော့။ စာမေးပွဲ.. သီချင်းဆိုသော အလုပ်.. ရန်ကုန်မြို့.. အားလုံးနှင့် ေ၀းရာသို့ ငု ရှောင်ထွက်ပြေးခဲ့ပါသည်။

နယ်သို့ရောက်မှ မိမိတွင် ကို့ရင်သွေးလေးကို လွယ်ထားရပြီမှန်း ငု သိခဲ့ရသည်။ အဒေါ်က ကလေးကို ဖျက်ချရန်ပြောသော်လည်း ငု လက်မခံခဲ့။ကို ပေးခဲ့သည့် လက်ဆောင်.. အသက်တမျှ မြတ်နိုးရသူ၏ သွေးသား.. မိမိရင်မှ ဖြစ်သော သွေးသားကို ဘယ်နည်းနှင့်မျှ ဆုံးရှုံးမခံနိုင်ပါ။ 

ပါတ်၀န်းကျင်၏ လက်ညှိုးများ.. အထင်အမြင်သေးသော မျက်လုံးများ.. ကဲ့ရဲ့ ရှုံ့ချသော စကားများ အားလုံးကို အံတုရင်း သမီးလေးကို ငု မွေးဖွားခဲ့သည်။ သမီးလေးသည် ငု အတွက်တော့ ဆုံးရှုံးမှု များစွာထဲက တစ်ခုတည်းသော အမြတ်ပင်။ ငုဝါ အတွက် မျက်ရည်ကျရန် အချိန်၊ အားငယ်ရန် အချိန် မရှိခဲ့။ 

သမီးလေး အတွက် နံမည် စဉ်းစားတော့ မြတ်ပန်းကြာညို ဟူသော နံမည်လေး ပေးဖြစ်ခဲ့သည်။ နိမ့်ကျသော မိမိ ဘ၀နှင့် မအပ်စပ်သည်မို့ အများ မေးငေါ့တာ ခံရပြန်သေးသည်။ ဘာနဲ့မွေးတဲ့သွေးမို့ မြတ်ရသလဲပေါ့လေ။ ငုအနေနှင့်လည်း သည်ကလေးရဲ့ အဖေ ဘယ်သူ ဘယ်ဝါပါလို့ မည်သူ့ကိုမျှ ဖွင့်ပြောခြင်း မရှိခဲ့သည်ပဲ။

အဒေါ်၀မ်းကွဲကလည်း သားသမီးတွေ မြေးတွေနှင့်။ ငု တို့သားအမိအတွက် ကျောတစ်နေရာစာ နေရာပေးကာ စောင့်ရှောက်ထားသည့် ကျေးဇူးကပင် နည်းသည်မှ မဟုတ်ဘဲ။ တကယ်တမ်း စား၀တ်နေရေး အတွက် ရုန်းကန်ရတော့ သားအမိနှစ်ဦးတည်းအတွက် မဟုတ်။ အထည်ချုပ်တွင် လုပ်ခဲ့ဘူးသည့် အတွေ့ အကြုံလေး အရင်းပြုကာ စက်ချုပ်သည့် အလုပ်နှင့် အသက်မွေးခဲ့၏။

နယ်မြို့လေး ဖြစ်သည့်အားလျှော်စွာ ၀င်ငွေအားဖြင့်က စားလောက်ရုံမျှသာ။ သည်ကြားထဲ သမီးလေးက ချူချာသည်။ ငွေကြေးပြည့်စုံသော ဖခင်ရှိပါလျှက် အနေအစား ဆင်းရဲရှာသည့် သမီးလေးကို ကြည့်ရင်း ငု ရင်နာမိသည်တော့ အမှန်ပင်။ သို့ပါသော်လည်း သည့်အတွက်နှင့်တော့ ကို့ကို ဆက်သွယ်ရန် သူမ စိတ်မကူးခဲ့။ မျှော်လင့်ထားသော မိသားစု ဘ၀မျိုး ရမည် မဟုတ်သည့်နောက် သူမ ဘာအတွက် ကြိုးစားဦးမည်နည်း။ 

ချစ်ရသူက ဖြင့် ခုလောက်ဆို သူ့ငယ်ချစ်ဦးနှင့် သာယာသော ဘ၀ကို ထူထောင်ပြီးလောက်ပြီ။ လက်ရှိအချိန်တွင် သမီးလေး အတွက်မှ လွဲ၍ ငုဝါ ဘာမှ မစဉ်းစားတော့ပါ.. ။

“ငုဝါ.. ကလေးခြေထောက်က ဘာဖြစ်ပြန်တာလဲ..”

“ညနေက ချော်လဲတယ် ဒေါ်လေး..”

“အွန်း.. ညည်းလည်း ကလေးကို သိပ်လွှတ်မထားနဲ့လေ.. လမ်းလျှောက်သင်စ ခဏခဏ လဲတတ်တာကို..”

“ဖိုးဇော် တွန်းလိုက်တာပါတဲ့ ဒေါ်လေးရယ်.. အဲ့ကောင်လေး လွန်ကိုလွန်တာပါ.. ငု လည်း သူ့အမေနဲ့ ပြဿနာ ထပ်မဖြစ်ချင်လို့ ဘာမှ ပြောမနေတော့ဘူး..”

“ညည်းတို့ သားအမိလည်း ခက်ပါတယ်အေ.. ညည်းလည်း အရွယ်ရှိသေးတယ် ငုဝါ.. မွေးထားတာက မိန်းကလေး.. သင့်တော်မယ်ထင်တဲ့ လမ်းကို ရွေးဘို့ စဉ်းစားဦး.. ပတ်၀န်းကျင်က ရှိသေးတယ်အေ့…”

“……”

“ညည်းတို့သားအမိကို ငါလည်း တစ်သက်လုံး တာ၀န်ယူမထားနိုင်ဘူး.. သည်အိမ်ရဲ့ စားအိုးကလည်း သိတဲ့အတိုင်း.. နောက်ပြီး ကလေးဆိုတာက ကြီးလာတာနဲ့အမျှ ကျန်းမာရေး ပညာရေး ကုန်ပေါက်ချည့်ပဲ ငုဝါ.. သည်ကြားထဲ ကလေးက ချူချာသေးတယ်.. စဉ်းစားပေါ့အေ..”

ကြားနေကျဖြစ်သော စကားများက အိပ်ယာထဲရောက်သည်ထိ နားထဲက မထွက်။ သမီးလေးကို ရင်ခွင်ထဲတွင် နို့ချိုတိုက်ကျွေးရင်း ငုဝါ မျက်ရည် ၀ဲရပြန်သည်။ မိမိ၀မ်းစာ မိမိရှာစားပါသော်လည်း အဒေါ်ဖြစ်သူ အရိပ်တွင် မှီခိုနေရသည့် ဘ၀က လွတ်မြောက်ရန်တော့ မလွယ်သေးသည်အမှန်ပင်။

ဒေါ်လေးက ငု ကို အိမ်ထောင်ပြုစေချင်သည်။ အိမ်ကို ၀င်ထွက်နေသည့် ပွဲစားယောင်ယောင် ကုန်သည်ယောင်ယောင် ကိုအေးမောင် ဆိုသူကလည်း ငုကို မျက်စိကျသတဲ့လေ။ ရောက်လာတိုင်း လက်ဆောင်ပစ္စည်း တိုတို ထွာထွာများနှင့် ဒေါ်လေးကို မျက်နှာလုပ်တတ်သူ။ ငု ကတော့ဖြင့် သူ့ အကြည့် တို့ကို မည်သို့မျှ မနှစ်မြို့နိုင်။ လူပုံစံကလည်း တဏှာရမ္မက်ကြီးလွန်းပြီး လက်သွက် ခြေသွက် နိုင်မည့်ပုံမျိုး။ 

ငု ကိုတွေ့တိုင်း စားတော့ ဝါးတော့မတတ် အကြည့်မျိုးနှင့် ကြည့်တတ်သည်။ လွန်ခဲ့သည့်ရက် အနည်းငယ်ကပင် ငု ရေချိုးနေတုန်း ထိုလူရောက်လာသေးသည်။ 

သမီးလေးကို ကောက်ချီကာ မြှူကစားနေသည်မို့ ငု လည်း အ၀တ်စားပင် မလဲနိုင်ဘဲ သမီးကိုခေါ်ရန် အနားရောက်သွားမိသည်။ ထိုလူ့ အကြည့်များက ထမီရင်လျှားထက်မှ မိမိရင်မွှာ များ ဆီမှ မခွာ။ နို့တိုက် မိခင် ဖြစ်သည့် အားလျှော်စွာ ငု သားမြတ် အစုံတို့ကလည်း ပင်ကိုယ် ရှိရင်းထက် ပိုမို ဖွံ့ထွားနေသည်လေ။

“ဒေါ်ဒေါ်ကြည်.. ဒေါ်ဒေါ်ကြည် ဘယ်သူမှ မရှိကြဘူးလားဗျ..”

အိမ်ရှေ့မှ ခေါ်သံကြောင့် နောက်ဖေးတွင် အ၀တ်လျှော်နေသော ငုဝါ ထွက်ကြည့်လိုက်၏။ ကိုအေးမောင် အသံ..။ သည်လူ ခုတလော ရောက်လာလိုက်လျှင် အိမ်တွင် မည်သူမျှ မရှိသည့် အချိန်ချည့်သာ။ကပိုကယို ဖြစ်နေသည့် အ၀တ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့် လိုက်သည်။ အိမ်နေရင်းမို့ နို့တိုက်မိခင်တစ်ဦးပီပီ အတွင်းခံဘရာ ၀တ်မထားမိ။ အနားရှိ လျှော်မည့်အကျီတစ်ထည်ကို ကောက်ခြုံရင်း ခပ်သွက်သွက် ထွက်လာလိုက်သည်။ 

တော်တော်ကြာ အလိုက်မသိ ကုန်းအော်နေမှဖြင့် ပုခက်ထဲတွင် အိပ်နေသော သမီးလေး လန့်နိုးသွားပေမည်။ အိမ်ရှေ့ခန်းရောက်တော့ လက်ထဲတွင် အိတ်တစ်လုံးကိုင်ကာ ရပ်နေသော ကိုအေးမောင်။ သူ့အကြည့်ရိုင်းများက ထုံးစံအတိုင်း ခန္ဓာကိုယ် ကောက်ကြောင်းတလျှောက် ရမ္မက်ခိုးတို့ေ၀လျက်။ ပင်ကိုယ်အားဖြင့် ခန္ဓာကိုယ် လှပြီးသူမို့ ကလေးမီးဖွားပြီး သွေးသစ်လောင်းကာ ပိုမို အလှသွေးကြွယ်နေသော ငုဝါ။အိမ်နေရင်း အကျီပါးပါးနှင့် ရေစိုလက်စ ထမီတို့ကပင် တမျိုး ကြည့်ကောင်းနေသယောင်ယောင်။

“ဘယ်သူမှ မရှိဘူးလား ငုဝါ..”

“ဟုတ်ကဲ့ ဒေါ်လေးက ဈေးဘက်ခဏသွားတယ်.. ကိုအေးမောင်ကိစ္စ ရှိလို့လား..”

“အင်း.. ဒေါ်ဒေါ်ကြည်နဲ့ ကိစ္စလေးရှိလို့..”

“ကျမနဲ့ပြောခဲ့မလား ညနေမှ ပြန်လာမလား..”

“စောင့်လိုက်မယ်လေ..”

ငုဝါ စိတ်အိုက်သွားသည်။ ဒေါ်လေးကလည်း ဘယ်အချိန်မှ ပြန်လာမည်မသိ။ ကျန်သည့် အိမ်သားများကလည်း အသီးသီး အလုပ်သွားသူကသွား၊ ကျောင်းသွားသူကသွား။ ကိုအေးမောင်က ငုကို ပြုံးကြည့်ရင်း အနားရှိထိုင်ခုံတွင် ထိုင်ချလိုက်သည်။ ဒေါ်လေးတို့မိသားစုနှင့် သည်လူက ငုဝါ သည်အိမ်မရောက်ခင်ကတည်းက ပတ်သက်နေနှင့်သူ။ 

ဒေါ်လေးအား ငွေကြေး အကူအညီများလည်း မကြာခဏပေးတတ်ကြောင်း သူမ အသိပင်။ မိမိကြောင့် ကျေးဇူးရှင် မိသားစု မျက်နှာ မပျက်ရအောင်တော့ သည်းခံရမည်ပေါ့လေ။ တွေးရင်း အိပ်ခန်းကျဉ်းလေးထဲ ၀င်လာခဲ့၏။ ပုခက်လေးကို အသာလွှဲပြီး တန်းပေါ်ရှိ ဘရာတစ်ထည်ကို လှမ်းယူလိုက်သည်။

“ငုဝါ..”

 အိပ်ခန်း အပေါက်မှ ခေါ်သံကြောင့် ငုဝါ လန့်သွားသည်။

“အမလေး.. ကိုအေးမောင်.. ရှင် ရှင် ဘာဖြစ်လို့..”

“ခဏလေး စကားပြောချင်လို့ပါ ငုဝါ.. ကလေးအိပ်နေတယ်ထင်တယ်.. ခဏ ထွက်ခဲ့ပေးပါလား..”

ဒေါသထွက်သွားမိသည် မှန်သော်လည်း 

“..ခဏ ထွက်ခဲ့ပေးပါလား..” 

ဆိုသည့် စကားကြောင့် အနည်းငယ် စိတ်အေးသွားမိသည်။ သည်လူ့ အကြည့်များက မရိုးသားသော်လည်း အဓမ္မ သမားတော့ မဟုတ်တန်ရာဟု တွေးမိသွား၏။

“ပြောပါ ကိုအေးမောင်..”

“ကျနော့် အကြောင်း ငုဝါကို ဒေါ်ဒေါ်ကြည်ပြောထားရောပေါ့..”

“ဒေါ်လေးတို့ မိသားစုအပေါ် ကိုအေးမောင် ကျေးဇူးတွေရှိတာ ကျမ သိပါတယ်..”

“မဟုတ်ဘူး ငုဝါ.. ကျနော်ပြောချင်တာက ကျနော် ငုဝါကို လက်ထပ်ပေါင်းသင်းချင်တဲ့အကြောင်းပါ..”

“ရှင်..အဲ့ဒါက ဟို..”

သိပ်အရိုင်းကြီး မဟုတ်သော စကား သုံးနှုန်းပုံကြောင့် ငုဝါ ရန်တွေ့ရခက်သွားသည်။ သူ့တွင် သားမယား ရှိမှန်း ငု သိသည်ပဲ။ မသာယာသော အိမ်ထောင်ရေးလို့တော့ ငု ကြားထားသည်။ ဇနီးဖြစ်သူက ကျန်းမာရေး ချို့တဲ့ကာ အိပ်ရာထဲ လဲနေရသည်။ သည်တော့ကာ သည်လူ လိုအပ်နေတာက သွေးသားအာသီသ သက်သက်ပေါ့။ ငုဝါ ရင်ထဲ လှိုက်တက်လာသော ၀မ်းနည်း မှုက ထိန်းမရ။ 

“ကိုရယ်.. ငု ဘ၀က သည်လောက်ထိတောင် အကာအကွယ် မဲ့သွားခဲ့ပြီလား..”

 စိတ်ထဲမှ ချစ်ရသူကို တမ်းတရင်း ကျလုလု မျက်ရည်ကို ထိန်းလိုက်ရပြန်၏။

“ကျနော် လူရမ်းကားတစ်ယောက် မဟုတ်ပါဘူး ငုဝါ.. အိမ်ထောင်သည် တစ်ယောက်အနေနဲ့ သည်စကား ပြောမိတာ ငုဝါကို စော်ကားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်.. ကျန်းမာရေး မကောင်းတဲ့ဇနီးကို စွန့်ပစ်ဘို့ရည်ရွယ်ချက်လည်း မရှိပါဘူး.. 

ငုဝါတို့သားအမိကို လိုလေးသေး မရှိအောင် သည်မြို့မှာပဲစောင့်ရှောက်ပါ့မယ်.. အဲ ဒေါ်ဒေါ်ကြည်တို့ပါ အပါအ၀င်ပေါ့လေ.. ငုဝါ လက်ခံနိုင်မယ်ဆိုရင် ငုဝါဘက်က ဆန္ဒ ရှိသလို ကျနော်လိုက်လျောပါ့မယ်.. ”ငုဝါ ပြန်ဖြေရန် စကားလုံး ရှာမရခင် ဒေါ်လေး ပြန်လာ၏။ ဘာပဲဖြစ်ဖြစ် လတ်တလော အခြေအနေမှ အနည်းငယ် အသက်ရှုချောင်သွားသည်တော့ အမှန်ပင်။ အိပ်ခန်းထဲမှ သမီးလေး ငိုသံလည်း ကြားရလိုက်ရသည်မို့ စကားလက်စမှ ထ ထွက်လာခဲ့လိုက်သည်။ 

သမီးငယ်ကို ရင်ခွင်ထဲတွင် ထွေးပွေ့ရင်း အပြင်မှ စကားသံများကို နားစွင့်မိ၏။ ကိုအေးမောင် ထံမှ ငွေးကြေးများ လက်လွန်နေပုံရသော ဒေါ်လေး။

 အပြန်အလှန်စကားသံများအရ သည်မိသားစု၏ အခက်အခဲကို ကူညီနိုင်သူမှာ မိမိ ဖြစ်နေမှန်း ရင်နာစွာ သိလိုက်ရသည်။ နို့စို့နေသော သမီးလေးကို ငုံ့ကြည့်လိုက်သည်။ 

“ငုဝါတို့သားအမိကို လိုလေးသေး မရှိအောင် သည်မြို့မှာပဲစောင့်ရှောက်ပါ့မယ်..” 

ဟူသော စကားက နားထဲပြန်ရောက်လာ၏။ စီးပွားရေး သမားပီပီ အပြောညင်သာသော ကိုအေးမောင်။ သူ့ရည်ရွယ်ချက်အရ ငု က သူ့ရဲ့…။ ဘာပဲပြောပြော လတ်တလော အခက်အခဲများ အားလုံး နှင့် ဒေါ်လေးတို့ မိသားစုအပေါ် တင်နေသော အကြွေးများကိုပါ ဆပ်နိုင်ရန် သည်တစ်လမ်းတည်းသာ ရှိသည် မဟုတ်ပါလား။

“ငုကို ခွင့်လွှတ်ပါတော့ ကိုရေ.. တကယ်တမ်း လောကဓံကို ခံနိုင်ရည်မရှိတဲ့ ငုကို ခွင့်လွှတ်ပါ..” 

စိတ်မှ မြည်တမ်းရင်း သမီးငယ်လေးကို တစ်ချက် ငုံ့ကာ နမ်းလိုက်၏။ သမီးလေး၏ ဘ၀လုံခြုံမှုအတွက် မိမိဘက်မှ တောင်းဆိုသင့်သည့် စကားများကို စဉ်းစားလိုက်မိသည်။နောက်တစ်ခုက မိမိအနေနှင့် သည်လမ်းကို ရွေးရခြင်းသည် သူတပါးအိမ်ထောင်ရေးကို ထိခိုက်စေလိုခြင်း အလျဉ်းမရှိ။ ရေနစ်နေသော အခြေအနေတွင် ဆွဲယူမိသော အရာသည် ရှင်သန်နေသည့် မြက်တစ်ပင် မဟုတ်ဘဲ ကောက်ရိုးမျှင်တစ်ခုသာ ဖြစ်စေလိုပါသည်။

နေ၀င်ခါနီး ညနေစောင်း။ ကောင်းကင်တွင် တိမ်ရောင်စုံများ တောက်ပနေ၏။ ပြတင်းပေါက်ဆီမှ ရှုခင်းကို ငေးကြည့်နေမိသည်။ သို့သော် သူမ မျက်လုံးထဲတွင် ဘာမျှ မမြင်ရပါချေ။ ခေါင်းရင်းဘက် နံရံတွင် ချိတ်ဆွဲထားသည့် မှန်ချပ်ထဲမှ မိမိပုံရိပ်ဆီ အကြည့်ရောက်သွားပြန်သည်။ ပြဒါးပြယ်လုလု မှန်ချပ်ကြောင့်လား.. မျက်၀န်းတွင် ၀ေ့သီနေသော မျက်ရည်တို့ကြောင့်လား.. မြင်နေရသည့် မိမိပုံရိပ်က ၀ိုးတဝါး။

လက်ထဲတွင် ကိုင်ထားသော ယွန်းသေတ္တာလေးကို အသာ ဖွင့်လိုက်၏။ ချစ်စရာ ဘီးကုပ် လှလှလေးများနှင့် စာရွက်ခေါက် ခပ်နွမ်းနွမ်းလေး တစ်ခု။ ဖျောက်ဖျက် ပစ်မည်ဟု စိတ်ကူးမိသော်လည်း တကယ်တမ်း မလုပ်ရက်နိုင်။ သမီးလေးနှင့် သူ့အဖေကြားတွင် ပြစရာ သက်သေ ဆိုလို့ ဒါလေးတွေပဲ ရှိသည်လေ။ ဒါတောင် ချစ်ရသည့် ကို က မှတ်မိပါဦးမှ။ အညတရ ရတနာသေတ္တာလေးကို ပြန်သိမ်းရင်း ကျလုဆဲ မျက်ရည်တို့ကို မြိုချလိုက်သည်။ 

“မဆုံးဖြတ်ခင် အတန်တန် စဉ်းစား.. ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ဘယ်တော့မှ နောက်မလှည့်နဲ့တော့.. တွေလည်း မတွေေ၀နဲ့တော့..”

ကိုယ့်စိတ်ကိုယ် အားတင်းရင်း ရင်ထဲမှ အဖြစ်ချင်ဆုံးဆန္ဒကို ဆုတောင်း လိုက်သည်။

“သမီးလေးကို တနေ့နေ့ တချိန်ချိန်တွင် ဖခင်ရင်း ဖြစ်သူ၏ အရိပ်အောက်သို့ ပို့နိုင်ရပါလို၏..”

သည်ဆုတောင်းကိုတော့ မှားယွင်းသည်၊ အတ္တဆန်သည်ဟု ငု မမြင်မိပါ။ သံသရာ အဆက်ဆက် ဆိုသည့်စကား၊ နောင်ဘ၀ ဆိုတာ ရှိခဲ့ရင် ဆိုသည့် အတွေး လုံး၀ မတွေးတော့။ သည်ဘ၀ သည်မျှ နှင့်သာ အဆိုးအားလုံး ရပ်တန့် စေချင်ပါသည်။

မိမိဘ၀နှင့် ရင်း၍ ရွေးချယ်သော လမ်းသည် သမီးလေးအတွက် စေတနာ မှန်ကန်ပါသောကြောင့် သည်ဆုတောင်းလေး တစ်ခုကိုတော့ဖြင့် ပြည့်ချင်လှသည် အမှန်ပင်။ အားလုံးက မိမိကို ကိုအေးမောင်၏ ဒုတိယ ဇနီးအဖြစ် လက်ခံကြစေလိုသည်။ ခေါင်းမာသည်ပဲ ဆိုဆို သမီးလေးကို ပထွေး အရိပ်အောက် မရောက်စေလိုပါ။ မိမိ၏ နှောင်ဖွဲ့မှုကြောင့်လည်း သူတစ်ပါး အိမ်ထောင်ရေးကို ထိခိုက်မခံလို။ 

အိမ်ထောင်ကြီးရှိနေသော ယောင်္ကျားတစ်ယောက်နှင့် ပါတ်သက်ရတာချင်းတူတူ စင်ပြိုင် မယားအဖြစ်က ဂုဏ်ရှိနိုင်သေးသည် မှန်သော်လည်း သံသရာ ဆိုတာကြီးကို ငုဝါ ကြောက်လှပါပြီ။နောက်ထပ် မိသားစု တစ်ခုအဖြစ်လည်း မလိုချင်ပါ။ ထို့ကြောင့်ပင် သူ့ထံမှ ငွေကြေးထောက်ပံ့မှုနှင့် သူမဘက်က သွေးသား ပေးဆပ်ရမှု တို့ကို အနှောင် အဖွဲ့ကင်းကင်းနှင့်ပင် ဖလှယ်ကြရန် ငုဝါ တောင်းဆိုခဲ့သည်။

ကိုအေးမောင် အခန်းထဲသို့ ၀င်လာသည်။ ငု နှုတ်ခမ်းတို့ ထူပူလာ၏။ မနေ့က တကယ်တမ်း စကားပြောကြည့်တော့ လူရမ်းကားတစ်ဦး မဟုတ်မှန်း ငု စိတ်သက်သာစွာ သိလိုက်ရသည်။ ရောဂါသည် ဇနီးဖြစ်သူအပေါ် ငြိုငြင် ခြင်းမျိုးလည်းမဟုတ်။ သူ့တောင့်တသော သွေးသား ဆန္ဒတို့ကို လက်လွတ်စပါယ် ရှာဖွေ ခံစားနေသူမျိုးလည်း မဟုတ်ပေ။ ငု ကို ချဉ်းကပ်ခြင်းမှာ မြတ်နိုးမှု တစ်၀က် ပါ၀င်ကြောင်း သူ့စကားများ အရ ငု သိလိုက်ရသည်။ 

မိသားစု ဘ၀သစ်တစ်ခုကို ထူထောင်လိုက်ရန် အခွင့်အရေး ရှိပါသော်လည်း ငု စိတ်မပါခဲ့။ မိမိဘ၀ထဲတွင် သမီးလေးမှ လွဲ၍ မည်သူ့ကိုမျှ နောက်ထပ် မတွယ်တာလိုတော့ပါ။ ပုခုံးထက်သို့ ရောက်လာသည့် နွေးထွေးသော လက်တစ်စုံကြောင့် ငုဝါ အတွေးတို့ လွင့်ထွက်သွားသည်။ တုန်ရီနေသော စိတ်ကို ထိန်းရင်း မော့ကြည့်လိုက်သည်။ မိမိ ဘ၀တွင် ဒုတိယမြောက် ပါတ်သက်ရမည့် ယောကျၤားပါလား။

“သည်ကောင်မလေး မျက်လုံး တော်တော် လှတာပဲ..” 

ကိုအေးမောင် စိတ်ထဲမှ တွေးလိုက်မိသည်။ မေးဖျားလေးကို အသာ ဆွဲမော့စေလိုက်၏။ တင်းတင်း စေ့ပိတ်ထားသည့် နှုတ်ခမ်းတို့က သဘာ၀ ပန်းသွေးရောင် နီထွေးနေသည်။ မသိမသာ တင်းထွက်နေသည့် မေးကြောလေးက သူမ အံကျိတ်ထားကြောင်း သက်သေ ပြနေ၏။ ပါးပြင်ကို ခပ် ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ ငုဝါကို စမြင်ဖူးကတည်းက သူ စိတ်၀င်စားခဲ့သည်။ 

အသက် ငယ်ငယ် ကလေးတစ်ယောက် အမေ ကောင်မလေး။ ရန်ကုန်မှာတုန်းက စားသောက်ဆိုင်တစ်ခုတွင် သီချင်းဆိုသည်ဟု သိထား၏။ နောက်ကြောင်း ရှင်းသည့်ပုံ မပေါ်သောကြောင့် ဆန္ဒ ရှိသော်လည်း မပါတ်သက်ရဲ။ နောက်ပိုင်းမှ အဒေါ်ဖြစ်သူ၏ ပြောပုံနှင့် မြင်ပါများလာသော သူမ အနေအထိုင်များကြောင့် စိတ်၀င်စားမှု ပိုလာခဲ့သည်။

လိင်ခံစားမှုကို ခပ်ကြမ်းကြမ်း မှ နှစ်သက်သော ကိုအေးမောင်။ ဇနီး၏ ကျန်းမာရေးကြောင့် အချစ်ငတ်နေရချိန်တွင် ငုဝါ၏ အလှအပတို့ကို ခံစားချင်လာမိသည်။ မိမိ စိတ်ကလည်း တစ်မျိုး။ လက်ရှိမိသားစုကိုလည်း မထိခိုက်ချင်။ 

သူများသားသမီးကိုလည်း အကြွေပန်း ဖြစ်သည့်တိုင် နင်းချေသလိုတော့ မလုပ်ရက်။ နောက်ဆုံး မိမိ၏ ဇာတိ ဇစ်မြစ် မဟုတ်သော သည်မြို့လေးတွင် သူမနှင့် တရား၀င် ပေါင်းသင်းရန် ဆန္ဒပြုမိ၏။ အသက် ငယ်ရွယ်သော်လည်း အတွေး နက်ပုံရသော သူမက မိမိထက်ပင် ပြတ်သားနေသေးသည်။ သမီးလေးမှ လွဲ၍ မည်သည့် အနှောင် အဖွဲ့မှ နောက်ထပ် မလိုချင်ပါ တဲ့။ 

တကယ်ဆို သူ့အား အပိုင်ချုပ်ကိုင်နိုင်သော အခွင့်အရေး သူမတွင် ရှိသည်ပဲ။ အားလုံးအတွက်စဉ်းစားပြီး မိမိဘ၀ကို မထင်မရှား အငယ်အနှောင်း အဖြစ် အနစ်နာခံရဲသော ငုဝါ၏ စိတ်ဓာတ်ကို သူ မလေးစားပဲ မနေနိုင်ခဲ့ပါ။ ဘာပဲပြောပြော သူမတို့ သားအမိကို အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်မည်ဟု သူ ဆုံးဖြတ်ခဲ့သည်။

အနည်းငယ် ပန်းရောင် သမ်းနေသော နှာသီးဖျားလေးကို ငုံ့နမ်းရင်း သူမကို ထ စေလိုက်သည်။ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ စက်ရုပ်လေး တစ်ရုပ်လို အလိုက်သင့် ပါလာ၏။ ကျောပြင်တို့ကို ပွတ်သပ်ရင်း လည်တိုင်နှင့် နားရွက်လေးကို အနမ်းများ မရပ်မနား ပေးလိုက်သည်။ရင်ချင်း အပ်၍ တင်းကြပ်စွာ ဖက်ထားသော်လည်း သူမ ကိုယ်လုံးလေးက တောင့်နေဆဲ။ အစာငတ်ရေငတ် ဖြစ်နေသော ညီတော်မောင်က ပွဲကြမ်းရန် အသင့်ဖြစ်နေပြီ။ 

သူမ လက်မောင်းထက်ဆီမှ ကြက်သီးမွှေးညင်းလေးများက စိတ်လှုပ်ရှားမှုကို သက်သေပြနေ၏။ ထူပြည့်ပြည့် နှုတ်ခမ်းလေးကို စုပ်နမ်းလိုက်သည်။ တုန့်ပြန်အနမ်း မပေးသော်လည်း အလိုက်သင့် နေပေးရှာ၏။ တင်သားများကို ညှစ်ချေရင်း ဘယ်လို လုပ်ရင် သူမ စိတ်ပါလာနိုင်မည်လဲ တွေးလိုက်၏။ တဘက်သတ် ချစ်ခြင်းကြီးမျိုးတော့လည်း မဖြစ်စေချင်။

နားရွက်ဖျားလေးကို တစ်ချက် စုပ်လိုက်၏။ နားရွက် တစ်ခုလုံး ငုံပြီး နားတွင်းကို လျှာဖျားနှင့် ထိုးကလိ ပေးလိုက်တော့ သူမ အသက်ရှုသံ ပြင်းရှလာသလိုလို။ လူချင်း အသာခွာပြီး အကျီ ကျယ်သီးများကို ချွတ်ရင်း ပုဆိုးကိုပါ ချွတ်ချလိုက်သည်။ သူမ ခေါင်းလေး ငုံ့ထား၏။ လက်ကလေး နောက်ပစ်ကာ တာ၀န်တစ်ခုကို ထမ်းဆောင်တော့မည့် စစ်သားတစ်ဦး အမိန့်စောင့်သလို ရပ်နေသည်။

ဖရိုဖရဲ ဖြစ်နေသော အ၀တ်အစားများနှင့် ကပိုကယို နိုင်နေသည့် အလှကပင် သူ့စိတ်တို့ကို ကြမ်းတမ်းလာအောင် ညှို့ငင်နေသယောင်။ညီတော်မောင်လည်း စိတ်ရှည်ပုံ မရတော့။ မုန်ယိုနေသည့် ဆင်ရိုင်းတစ်ကောင်အလား ဒေါသကို အန်ချဘို့ အသင့်ဖြစ်နေတော့သည်။

အ၀တ်မဲ့ ခန္ဓာကိုယ်နှင့် သူစိမ်းယောကျ်ားတစ်ဦးက မိမိနှင့် တစ်ခန်းတည်းမှာ။ခေါင်းကို တွင်တွင် ငုံ့ထားသည့် တိုင် သူ့ကိုယ်နေဟန်က မျက်၀န်းထောင့်တွင် အထင်းသား မြင်နေရသည်။ အေးစက်နေသည့် လက်ဖျားလေးများကို ဘာသာ ဆုပ်နယ်ရင်း စိတ်ကို လျှော့ချနိုင်ရန် ကြိုးစားမိ၏။ 

တကယ်တမ်း သည်ကိစ္စက ငု အတွက် ခုမှ အစ လည်း မဟုတ်။ သို့သော် သူမ အဖို့ ထင်ထားသည်ထက် ပို၍ ပင်ပန်းလှပါသည်။ ခန္ဓာကိုယ်ချင်း ဆက်ယှက်ဘို့ မဆိုထားနှင့် မိမိ် အ၀တ်အစားများ မည်သို့ ချွတ်ရမည့် အရေးကပင် တွေးရင်း ပင်ပန်းစရာ။ ချစ်ရသူနှင့် ချစ်ရည်လူးခဲ့စဉ်က သည်အဆင့်တွေကို ဘယ်လိုများ ဖြတ်ကျော်ခဲ့ပါလိမ့်..။ ငု မှားများ မှားသွားပြီလား..။ 

“ကိုရေ.. ငု မှားသွားပြီလား.. ခုနေ သည်အခန်းထဲက ထွက်ပြေးလိုက်ရင် ကောင်းမလား.. မိခင်တစ်ယောက် ဖြစ်ပါလျှက် သားသမီးကို စောင့်ရှောက်ဘို့ ချွေးနဲ့ မရင်းဘဲ အသွေးအသားတွေ.. ကိုယ်ကျင့်တရားတွေနဲ့.. အိုးးး…”

ငုဝါ အတွေးတို့ အဆုံး မသတ်ခဲ့ပါချေ။ တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ခြင်း ခံလိုက်ရပြီး ကြမ်းတမ်းသော အနမ်းများက မျက်နှာအနှံ့ နေရာယူလာတော့သည်။ ရုန်းကန် ငြင်းဆန်ရန် ကြိုးစားမိသလား.. မကြိုးစားမိဘူးလား.. ကိုယ်တိုင်ပင် သေသေချာချာ မသိတော့..။ 

သူမ သိလိုက်တာက ကိုယ်တွင်းတစ်နေရာမှ ရှိန်းမြ ပူနွေးသော ခံစားမှု..။ ဘာဖြစ်လို့ သည်လို ဖြစ်ရလည်း ငု နားမလည်နိုင်တော့ပါ။ တာ၀န်တစ်ရပ်ကို ဆုံးခန်းတိုင် ထမ်းဆောင်ဘို့ က အဓိက မဟုတ်ပါလား..။ သည့်အတွက် မိမိ ခန္ဓာကိုယ်က အဆင်သင့် ဖြစ်လာခြင်းသက်သက်မျှသာ ဖြစ်ပါလိမ့်မည်။ သည်လို ဖြေတွေးလိုက်ပြန်တော့လည်း တမျိုး ၀မ်းနည်းရသည်ပင်။

 “ငုက သည်လောက် လွယ်ကူတဲ့ မိန်းကလေးလား ကိုရေ.. ကို မဟုတ်တဲ့ တခြားတစ်ယောက်ကိုလည်း ငု လက်ခံနိုင်သတဲ့လား.. ငု လေ.. အခု.. ကို မဟုတ်တဲ့ တခြားတစ်ယောက် ရင်ခွင်မှာ.. ငု အသွေးအသားတွေက.. ငု စိတ်တွေက.. ဆူေ၀.. ဆူ ေ၀ လောင်မြိုက်ပြီးတော့.. အားး.. အ..”

မျက်လုံး စုံမှိတ်ပြီး တောင့်တင်းနေသော ခန္ဓာကိုယ်လေးကို ကုတင်ပေါ်အသာ ဆွဲလှဲလိုက်သည်။ ကိုအေးမောင် စရိုက်က ပုံမှန်အားဖြင့် ရက်စက် ခက်ထန်သူ မဟုတ်ပါ။ သို့သော် အိပ်ရာပေါ်တွင်တော့ ခပ်ကြမ်းကြမ်း ချစ်ရမှ အာသာပြေသည်။ ခုလည်း သည်ကောင်မလေး အဆင်သင့် မဖြစ်သေးတာ သိပေမယ့် စိတ်ရှည်လက်ရှည် ဆွဲခေါ်ယူဘို့ အချိန်မပေးချင်တော့။ သူလည်း အပျိုပေါက်ကလေးမှ မဟုတ်ဘဲလေ။ 

ဘီယာဆိုင်မှာ ညဘက်သီချင်းဆိုတဲ့ မိန်းကလေး သည်လောက်တော့ဖြင့် စိမ်းမည် မထင်ပါ။ ကိုယ့်အတွေးနှင့်ကိုယ် မိမိ အလိုရှိရာသို့ ခရီး အမြန်ရောက်ရန် ဦးတည်လိုက်တော့သည်။ သူမ ၀တ်ထားသော အ၀တ်အစားများကို ခပ်သွက်သွက်ပဲ ဆွဲချွတ်ပစ်လိုက်၏။ပွင့်ထွက်လာသော သားမြတ် အစုံတို့က တင်းမာ ထွားကျိုင်းလှသည်။ 

နို့တိုက်မိခင် မို့ပဲလားတော့ မသိ.. ၀င်းဝါပြည့်တင်းသော ရင်သားစိုင်ပေါ်တွင် ထင်ထင်ရှားရှား ယှက်ဖြာနေသည့် သွေးကြောစိမ်းများ။ ရင်စိုင်ထွားသောအလှကိုမှ သဘောကျသည့် ကိုအေးမောင် ဘ၀င်ခိုက် သွားသည်။ပန်းသွေးရောင် စိုလက်နေသော သီးလုံးလေးများကို တလှည့်စီ ငုံခဲလိုက်၏။ သူမ မေးကြောများ ထောင်ထနေအောင် အံကျိတ်ထားသည်။ နို့အုံ ဖွေးဖွေးများကို အားပါတရ ဆုပ်ကိုင် ညှစ်ချေ လိုက်သည်။

နို့ရည်နွေးနွေးများ စီးကျလာ၏။ သူ အရမ်း သဘောကျသွားသည်။ သည်လို ခံစားချက်မျိုး တစ်ခါမျှ မကြုံဖူး။ စီးကျလာသည့် နို့ရည်တို့ကို လျှာဖျားနှင့် အလုအယက် သပ်တင်လိုက်သည်။ မထင်မှတ်သည့် အပြုအမူကြောင့် ငုဝါ အံ့သြသွား၏။ လူကလည်း နေလို့ မတတ်တော့။ကိုအေးမောင် ရာဂမီးတို့က တဆုံးလောင်မြိုက်လာချေပြီ။ သူမခြေနှစ်ချောင်းကို ဆွဲကားကာ ၀င်းဝါပြည့်တင်းသော ပေါင်တံတစ်ဘက်ပေါ် ခွလျှက် ဒူးထောက်ထိုင်လိုက်၏။ ကျန်တစ်ဘက်ကို ပုခုံးပေါ် ဆွဲထမ်းလိုက်တော့ 

“အိုးးး…” 

ပေါင်ရင်းဆီမှ ဖျတ်ကနဲ မြည်သံနှင့်အတူ သူမ ခါးလေး ကော့တက်သွားသည်။ ရှုံ့မဲ့သွားသည့် မျက်နှာလေးကို အကြည့် လွှဲလိုက်တော့၏။ မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ ဆိုလား.. ။ပေါင်ရင်းဆီမှနာသွားသော ငုဝါ မျက်၀န်းထောင့်တွင် မျက်ရည်ကြည်တို့ပင် စို့တက်လာ၏။ အလုံပိတ် အခန်းအတွင်း ဘယ်ဆီမှ ၀င်လာမှန်းမသိသော ညနေခင်း လေပြေက ပွင့်ကားနေသော ပိပိလေးကို ဖြတ်တိုက်နေသလားပင် မသိတော့။

စိုစိစိဖြစ်နေသော ညီမလေးခမျာ ချမ်းစိမ့်စိမ့်နှင့် နွေးထွေးမှု တစုံတရာ အား တမ်းတနေမိတော့သည်။ရမ္မက် ထန်နေသော ကိုအေးမောင် ပိပိလေးကို အငမ်းမရ ငုံ့ကြည့်လိုက်၏။ မရမ်းစေ့ရောင် စိုလက်နေသော ၀တ်လွှာနှစ်ခုက ဟင်းလင်းပွင့်လျှက်။ ပန်းဆီရောင် ရင့်ရင့် အတွင်းသားတို့က ရှုံ့ပွပွ ဖြစ်နေသယောင်။ ဆီးခုံမို့မို့ ထက်ဆီမှ ရိပ်ရိပ်ပါးပါး ရှိနေသော မွှေးညင်းညိုများနှင့် ငုဝါ ဆိုသော မိန်းကလေး၏ ပိပိလေးသည် ခူးရက်စရာ မရှိသော သစ်ခွပန်း တစ်ပွင့်နှယ်။ 

လူကသာ ခူးရက်စရာ မရှိလို့ တွေးနေသော်လည်း ညီလေးကတော့ ထိန်းမရအောင် ရုန်းကန်နေပြီ။ ကိုအေးမောင် ကိုယ့်စိတ် ကိုယ်မနိုင်တော့။ သတိလက်လွတ်ဖြစ်သွားသော ခဏတွင်း ညီလေးဆီမှ စီးပိုင် ပြည့်တင်းသော ခံစားချက် နွေးနွေး နှင့် အတူ..

 “အားးးး.. အကို ဖြေးဖြေး.. နာတယ်.. အရမ်း.. ဟင့်..”

လေသံသဲ့သဲ့နှင့် တောင်းပန်လိုက်ရှာသော ငုဝါ။ သူ ညီလေးကို တစ်ချက်တည်း တဆုံး သွင်းမိ သွားသည်ပဲ။ကြမ်းတမ်းလှသည့် ဆောင့်ချက်များကြောင့် ငုဝါ အံကျိတ်ထားမိသည်။ ရင်ထဲမှလည်း ချစ်ရသူ၏ သိမ်မွေ့ညင်သာသော အထိအတွေ့များကို မြင်ယောင်မိ၏။ 

တကယ်တမ်းစဉ်းစားတော့ အိပ်ရာထက်က ချစ်မှုရေးရာသည်လည်း မလွယ်သော အရာပါလား။ အိပ်ရာခင်းတို့ကိုဆုပ်ချေရင်းသည်တာ၀န်ကြီးတစ်ရပ် မြန်မြန် ပြီးသွားပါတော့ဟုသာ ဆုတောင်းနေမိတော့သည်။ကိုအေးမောင် လှုပ်ရှားမှုကို ရုတ်တရက်ကြီးရပ်လိုက်၏။ ပခုံးပေါ်ထမ်းထားသည့် ခြေတစ်ဘက်ကို ချပေးလိုက်သည်။ ပက်လက် ခပ်စောင်းစောင်း ဖြစ်နေသော သူမ ခန္ဓာကိုယ်ကို ဆွဲထူမလိုက်၏။

ညီလေးကတော့ ပိပိစီးစီးလေးထဲတွင် နစ်နေဆဲ။ တဆတ်ဆတ်တုန်နေသော သူမကိုယ်လေးကို သိုင်းဖက်ရင်း အနေအထားကို ပြင်ရန်ကြံစည်လိုက်သည်။ ပက်လက် လှဲချလိုက်ပြီး သူမကို အပေါ်မှ ဆောင့်စေ၏။ငုဝါ ရုတ်တရက် ကြောင်သွားပြီး ဘာဆက်လုပ်ရမှန်း မသိ။ သူမဘ၀တွင် လိင်ဆက်ဆံမှု ဆိုတာက ကိုနှင့် ချစ်ခဲ့ဖူးသလောက်သာမို့ ခုလို အနေထားမျိုးက အခက်တွေ့စေသည် အမှန်ပင်။ 

ကိုအေးမောင်က ခါးကို ကိုင်ထားသည်။ သူ့ရင်ဘတ်ပေါ် လက်ထောက်ပြီး တင်ပါးကို အားစိုက်ကာ ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်သည်။ ပေါင်ရင်းများမှ ညောင်းချိလာသလိုလိုဖြစ်ပြီး လေးငါးချက်ထက် ဆက်မလုပ်နိုင်တော့။ထောက်ထားသော လက်ကို ဖယ်ပြီး ခါးဆန့်ကာ ထိုင်ချကြည့်လိုက်တော့ အောက်မှ ညီလေး၏ သန်မာမှုက ရင်ထဲထိ နင့်ကနဲ ဖြစ်သွားသည်။ ကိုအေးမောင်က အောက်မှ ပင့်ကာ ဆောင့်လိုက်သည့် ခဏ.

. “အားး…” 

လူက နောက်သို့ ကော့ယိုင်ကာ လက်နောက်ပြန်ထောက် ပုံစံဖြစ်သွားသည်။ နာလိုက်သည့် ဖြစ်ချင်း။နာကျင်မှု လျော့လို လျော့ငြား နောက်ပြန်ထောက်ထားသော လက်ကို အားပြုကာ ညီမလေးကို ကြွပေးမိသည်။ ကိုအေးမောင် စိတ်ရှည်ပုံ မရတော့။ ထ ထိုင်လိုက်ကာ သူမကို ကိုယ်ပေါ်မှ ဆင်းစေလိုက်၏။ရုတ်တရက်ကြီး ဆွဲထုတ်လိုက်သော ညီလေး နှင့်အတူ ပိပိလေး တစ်ခုလုံးများ ကျွတ်ပါသွားသည့်အလား ငုရင်ထဲတွင် လှပ်ကနဲ။ အစောပိုင်းက နာကျင်မှုများ ပေါ့ပါး သွားသည်။ 

“ဟို ဘက်လှည့်ပြီး လေးဘက် ကုန်းပေးပါလား ငုဝါ..” 

စကားမဆုံးခင်ပင် သူမကို ဆွဲလှည့်ပြီးနှင့်ပြီ။လက်ရှိအချိန်မှ အမြန်ဆုံး ရုန်းထွက်ချင်လှပြီမို့ သူပြောသော ပုံစံအတိုင်း ငု နေပေးလိုက်သည်။ အတော်လေး ကမောက်ကမနိုင်သော အနေအထားပါလား..။ လေးဘက်ထောက်ရင်း နောက်ကို ပြန်လှည့်ကြည့်မိ၏။ ကိုအေးမောင် သူမခါးကို ကိုင်ကာ ကျောပြင်ကို ဖိချလိုက်သည်။ နောက်သို့ ပြူထွက်နေသော ပိပိလေးက ဖောင်းကား ထူအန်းနေ၏။ 

အစောပိုင်းက ဆောင့်ချက်များကြောင့် နီရဲစိုလဲ့နေသည်။ ကိုအေးမောင် ရုတ်တရက်ကြီးကုန်းကာ ညီမလေးကို ပါးစပ်နှင့် အားပါးတရ စုပ်တော့သည်။

“အိုးးး… တမျိုးကြီးပါလား.. ဟူးးး…” 

နာကျင်အောင့်သက်သော ၀ေဒနာနှင့် ဆန့်ကျင်ဘက် ခံစားမှု။ ငုဝါ ပင့်သက်များ ကျယ်လောင်လာသည်။ သတိလက်လွတ်ဖြစ်ကာ မျက်လုံးများပင် ပြာေ၀သွားရ၏။ ခန္ဓာကိုယ် တစ်ခုလုံး ဟိုး အမြင့် တနေရာထိ လွင့်ထွက်သွား၏။ စိတ်တင်းထားသည့် ကြားမှပင် တစ်ခုခုကို တောင့်တလာသလိုလို။ ကိုအေးမောင် မိမိအာသီသကို သိများသိနှင့်နေသလား။ 

ပေါင်နှစ်ဘက်နှင့် တင်ပါး၏ အနိမ့်အမြင့်ကို သူ့စိတ်ကြိုက် အနေထားရောက်အောင် ခပ်သွက်သွက် ပြင်ယူသည်။ ထို့နောက်တဖန် နင့်ကနဲ ခံစားချက်နှင့် အတူ အညှာတာ ကင်းသော ဆောင့်ချက်များ ပြန်လည် စ တင်လာပြီ။ 

ငုဝါ၏ တအင့်အင့် ငိုညည်းသံနှင့် ခန္ဓာကိုယ်နှစ်ခု ထိရိုက်သံများ.. ဆာလောင်မွတ်သိပ် နေသည့် ယောကျၤားတစ်ယောက်၏ မာန်သွင်း အားယူသံများ အဆုံးတွင် ခရီးဆုံးသို့ နှစ်ဦး အတူ ရောက်ရှိသွားတော့၏။တဆတ်ဆတ်တုန်ရီနေသော ပိပိလေးထဲမှ အားကုန်သွားသည့် ညီတော်မောင်ကို ဆွဲထုတ် လိုက်သည်။ အလျှံအပယ် ထွေးအန်ထားသည့် ချစ်၀တ်ရည်တို့က ပွက်ကနဲ။ 

ပက်လက် လှန်ချလိုက်သည့် ကိုအေးမောင်ကို ကျောခိုင်းလျှက်ပင် ငု လှဲချလိုက်သည်။ မျက်လုံးများကို အသာမှိတ်လိုက်တော့ နထင်စောင်းဆီမှ ပူနွေးသော စီးဆင်းမှုများက ခေါင်းအုံး ဖြူဖြူပေါ်သို့။ ခန္ဓာကိုယ်၏ နွမ်းနယ်မှုကြောင့်လား.. မိမိဘ၀ကို နောင်တရမိတာလား.. ချစ်ရသူကို လွမ်းတာလား.. ။ 

မကုန်ခန်းနိုင်သေးသည့် မျက်ရည်ပူများအတွက် အကြောင်းပြချက်တစ်ခု ရဘို့ ငုဝါ မကြိုးစားချင်တော့ပါ။ နောက်ဘက်ဆီမှ လှုပ်ရှားမှု တစ်ခုနှင့် အတူ ကိုအေးမောင် လက်များက သူမကိုယ်ပေါ် သိုင်းဖက်လာသည်။ နထင်များကို ခပ်ဖွဖွ ရှိုက်နမ်းရင်း..

“အဆင်ပြေရဲ့လား ငုဝါ.. ကျနော် သိပ်များ ကြမ်းတမ်းသွားလား.. ငုဝါ နာနေလားဟင်..”

“ရပါတယ်.. ငု အဆင်ပြေပါတယ်.. ဒါမယ့် သည်နေ့အဖို့တော့..”

“အွန်း.. ကျနော်သိပါတယ်.. ငုဝါ နားလေ နော်.. ကျနော် သန့်ရှင်းရေး လုပ်ပေးမယ်..”

ပြောပြော ဆိုဆို ထ ထိုင်ကာ ခေါင်းရင်းတွင် ချထားသည့် အိတ်ထဲမှ စနိုးတာ၀ယ်လ် တစ်ခုနှင့် ငု ညီမလေးကို တယုတယ သုတ်သင်ပေးတော့သည်။ မြတ်စွာ ဘုရား.. ခုတော့လည်း သူ့လက်တွေက နူးညံ့ သိမ်မွေ့လွန်းနေပါလား။ အ၀တ်အစားများ ပြန်၀တ်ပြီးချိန်ထိ သူ့မျက်နှာကို ငု တည့်တည့် မကြည့်ရဲခဲ့ပါ။ 

အချိန်လည်း မနည်းလှတော့ပြီမို့ သူ ပြန်ရန် ပြင်ဆင်နေပြီ။ သမီးလေးကို ခေါ်ကာ ရှောင်ပေးနေသည့် ဒေါ်လေးလည်း ပြန်လာတော့မည် ထင်ပါရဲ့လေ။ အိပ်ရာပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်ကာ ခေါင်းဖြီးနေစဉ်.. 

“ငုဝါ..” 

တိုးသက်သက် ခေါ်သံနှင့် သူမပခုံးပေါ် ကျရောက်လာသော လက်တစ်စုံ။

“အမှန်တော့ ကျနော် ငုဝါကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းချင်တာပါ.. ဒါပေမယ့် ငုဝါ ဘက်က အဲ့လိုပတ်သက်ဖို့ ဆန္ဒ မရှိတာကိုလည်း အတင်း မတိုက်တွန်းရက်ဘူး.. ဒီတော့ကာ ကျနော် စီစဉ်ပေးတဲ့ အထောက်အပံ့တွေကိုတော့ ငုဝါ မငြင်းစေချင်ဘူးဗျ.. ငုဝါဘက်က ဘယ်လိုသဘောပဲ ထားထားပါ.. ကျနော်ကတော့ ငုဝါတို့ သားအမိကို ဖြစ်တဲ့နည်းနဲ့ စောင့်ရှောက်ချင်တယ်..”

လေသံအေးအေးဖြင့် တစ်ခွန်းချင်းပြောရင်း ငုလက်ထဲသို့ တစ်ထောင်တန် ငွေစက္ကူတစ်ထပ် ထည့်ပေးလာသည်။ အိပ်ခန်းထောင့်တွင်လည်း ၀ယ်ခြမ်းလာသည့် စားစရာများနှင့် ကစားစရာ အရုပ်များက တပုံတပင်။မနေ့ညကလည်း ဒေါ်လေးပြောစကားအရ ပေးရန်ကျန်သည့် အကြွေးများ အတွက် စိတ်ထဲထားရန် မလိုတော့ကြောင်း သိခဲ့ရသည်။ 

ကိုယ့်ကိုယ်ကို ကံကောင်းသည်ဟု မတွေးလိုပါသော်လည်း လူကောင်းတစ်ဦးနှင့် ဆုံဆည်းရသည်လို့တော့ ငု တွေးမိပါသည်။ သို့သော် သံယောဇဉ်တည်းဟူသော နှောင်ကြိုးကိုတော့ ငု ကြောက်လှပါပြီ။အတိတ်ဘ၀၏ မှားယွင်းသော ဆုတောင်းများကြောင့် မိမိကို တန်ဘိုးထားသူများနှင့် လွတ်လပ်စွာ ဆုံဆည်းခွင့် မရသော ငုဝါ.. ချစ်ရသည့် ကို လည်း ခုလောက်ဆို သူ့ အချစ်ဦးနှင့် ပျော်နေရှာရောပေါ့လေ.. တကယ်လို့များ ကို နှင့် ထပ်မံ ဆုံတွေ့ခွင့် ရနိုင်ဦးမည် ဆိုပါလျှင်..။ 

အမှန်တော့ ငု ရင်ထဲတွင် သည်မျှော်လင့်ချက်ကလေးက ရေးရေး ရှိနေလို့သာ ကိုအေးမောင်ကို လက်ထပ်ရန် ငြင်းဆန်မိခြင်းများလား..။ ချစ်ရသူနှင့် ပြန်လည် ဆုံဆည်းခွင့်ရရန် ဆုကိုကော ငုဝါ မသိစိတ်က တောင်းနေ မိသေးသည်လား..။ သံသရာ အဆက်ဆက်.. သံသရာ အဆက်ဆက် တည်းဟူသော မှားယွင်းသည့် ဆုတောင်း.. ဟူးးး။

ရှုပ်ထွေးနောက်ကျိလာသော အာရုံများကြောင့် ခေါင်းက တဆစ်ဆစ် ကိုက်လာတော့သည်။ မိမိနှဖူးပြင်ပေါ် ကျရောက်လာသော အနမ်းတစ်ခု ကြောင့် သတိပြန်၀င်လာခဲ့၏။

 “ကိုယ် ပြန်မယ် ငုဝါ.. နောက်တစ်ပါတ်လောက်နေရင် ပြန်လာခဲ့မယ်.. လိုချင်တာရှိရင် ဖုန်းဆက်ပြီး လှမ်းမှာ.. နော်..” 

ကိုယ် တဲ့လား.. အင်းလေ ဘာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိတော့ သူ ငါ့ကို ပိုင်သွားပြီပဲ.။သူမ ခေါင်းငြိမ့်ပြမိသည် ထင်ပါ၏။ 

အခန်းထဲမှ ထွက်သွားသည့် ယောကျ်ားတစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း မြင်ကွင်းတို့က ၀ေဝါး လာပြန်သည်။ ခေါင်းငိုက်စိုက်ချကာ မီးစနှင့် ထိုးထားသလို ပူလောင်နေသော မျက်၀န်းများကို မှိတ်ချလိုက်သည်။ မျက်ရည်ပူပူတို့က လက်ထဲမှ ငွေစက္ကူ အထပ်လိုက်ပေါ်သို့ ပေါက်ကနဲ ပေါက်ကနဲ..။

“ဒီမှာ ရှင့်.. ဒီမှာ ခဏလေး…”

ဆိုင်တံခါး ပိတ်ပြီး လှည့်ထွက်မည် အပြု ဘေးဘက်ဆီမှ ခေါ်သံကြောင့် ဒေါ်ငုဝါ လှည့်ကြည့်လိုက်သည်။ တောက်ပ သစ်လွင်သော ၀တ်စားပြင်ဆင်ဟန်နှင့် မိမိနှင့် သက်တူရွယ်တူ အမျိုးသမီးတစ်ဦး။ ရုတ်တရက် ဇေ၀ဇဝါ ဖြစ်သွားသော်လည်း မိမိလိုပင် တအံ့တသြဖြစ်သွားသည့် ထို အမျိုးသမီး၏ မျက်၀န်းတောက်တောက်များက လွန်ခဲ့သော (၁၉) နှစ်တာ ကာလဆီသို့ မိမိကို ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ 

“ဟယ်…” 

နှစ်ဦးသား အံ့သြမှုကြောင့် စကားရုတ်တရက် မဆိုဖြစ်။ ရင်းနှီးနွေးထွေးသော အကြည့်များဖြင့် တဒင်္ဂ နှုတ်ဆိတ်နေခိုက်..

“ငု.. ငုဝါ.. ငုဝါ မဟုတ်လားဟင်..”

“ချို… ၀တ်ရည်ချို ဟုတ်ပါတယ်နော်..”

“အမလေး ငု ရယ်.. ငါ နင့်ကို.. မနည်းကြည့်ယူရတယ်.. ငုရယ်.. ငါ ၀မ်းသာလိုက်တာဟာ.. ဘာပြောရမှန်းတောင် မသိတော့ဘူး…”

တကယ်တမ်း ဘာပြောရမှန်း မသိသူက ဒေါ်ငုဝါပင်။ နုနယ် ပျိုမြစ်ကာ သစ်လွင်တောက်ပသော အပြုံးများနှင့် မိမိကို ဖက်လှဲတကင်း နှုတ်ဆက်နေသည့် ချို..။ 

ရန်ကုန်မြေသို့ ပြန်ရောက်ကတည်းက သူမနှင့် ဆက်သွယ်ရန် တွေးမိသော်လည်း ကြာမြင့်ခဲ့ပြီဖြစ်သော အတိတ်တို့ကို ပြန်လည် အသစ်ဖြစ်ရန် သူမ ဆန္ဒ မရှိခဲ့ပါချေ။ သမီးလေး အသက် (၁၀) နှစ်တွင် ကိုအေးမောင် ရုတ်တရက် ဆုံးပါးသွားခဲ့သည်။

ရောဂါသည် ဇနီးကတော့ ယနေ့ထိတိုင် ရှင်သန်နေဆဲ။ ကံတရားတို့၏ ဆန်းကျယ်ပုံက လူတိုင်းအတွက် ကြိုတင် မှန်းဆလို့ မရနိုင်မှန်း ဒေါ်ငုဝါ လက်တွေ့သိခဲ့ရသည်။ ကျေးဇူးရှိသူတစ်ဦး အနေနှင့် သူ့ ဈာပနသို့ သူမ ရောက်ဖြစ်ခဲ့ပါ၏။ သမီးလေးနှင့် အတူ သူ့နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ရင်း ဦးချ ကန်တော့ခဲ့ပါသေးသည်။

(၁၀) နှစ်လုံးလုံး နှစ်ဦးနှစ်ဘက် နားလည်မှုနှင့် အပြန်အလှန် ဖြည့်ဆည်းခဲ့ကြသော်လည်း တရား၀င် ပတ်သက်မှု မဟုတ်သည့်အပြင် မထင်မှတ်ဘဲ တိမ်းပါးသွားခဲ့သည်မို့ ဒေါ်ငုဝါအတွက် ဘာမှရပိုင်ခွင့် မရှိ။ သူနှင့် ပတ်သက်နေသမျှ ကာလတစ်လျှောက် ပတ်၀န်းကျင်၏ မချိမဆန့် ေ၀ဖန်သံများကို အံတုရင်း ထောက်ပံ့ခဲ့သမျှ ငွေကြေးတို့ကို အထိုက်အလျှောက် စုဆောင်းခဲ့သည်။ စက်ချုပ်ရင်း ရသည့် ၀င်ငွေလေးနှင့် သားအမိနှစ်ယောက် လောက်ငှအောင် သုံးစွဲနေထိုင်ခဲ့ကြ၏။ 

နဂိုကတည်းကပင် သူမ ရည်ရွယ်ချက်က သမီးလေး အရွယ်ရောက်လာလျှင် သည်လို ပတ်သက်မှုမျိုးကို ရပ်တန်းက ရပ်ရန် စဉ်းစားထားခဲ့ပြီးသား။

“ငုဝါရယ်.. ပျောက်သွားလိုက်တာများ ငါ့ကိုတောင် ဘာမှ မတိုင်ပင်ဘူး.. နင်တကယ် နေနိုင်တယ်နော်.. ခုကော ဘယ်မှာနေပြီး ဘာတွေလုပ်နေလဲ.. ကျန်းမာရေးကော ကောင်းရဲ့လား ငုရယ်..”

“ငါ့ အဒေါ်နဲ့ သူတို့မြို့ကို လိုက်သွားတာ ချို.. နင့်ကိုပြောရင် တားမယ်မှန်း သိနေလို့ပါ.. ငါနင့်ကို ဒုက္ခမပေးချင်ဘူးလေ..”

“ပြောရက်တယ်နော် ငု.. နင် အဲ့လိုအတွေးကကော ငါတို့ ဒုက္ခ ငြိမ်းမယ်များ ထင်လို့လား.. နင့် အာစရိဆို နင့်ကို လိုက်ရှာတာ အရူးကြီးလိုပဲ..”

အားရပါးရပြောလိုက်သော ချို့စကားကြောင့် သူမ တစ်ကိုယ်လုံးရှိ သွေးကြောများ ဖျဉ်းကနဲ စိမ့်တက်သွားသည်။ ဘုရား ဘုရား.. ဘယ်လိုမှ ထင်မထားသော စကားပါလား..။ ဒေါ်ငုဝါ တစ်သက်မှာ မျှော်လင့်မထားသော အခြအနေတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ကြုံခဲ့ရသည်။ ကိုအေးမောင် ကွယ်လွန်ပြီး မကြာခင် ဒါ်လေး ဆုံးသည်။ 

ကျန်ရစ်သော သားသမီးများက ကိုအေးမောင် မရှိတော့ကတည်းက သူမတို့ သားအမိကို သိပ်ကြီး ကြည်ဖြူလှသည် မဟုတ်။ ဒေါ်လေးပါ တိမ်းပါးသွားတော့ သူမတို့သားအမိ ပို၍ အားကိုးမဲ့ခဲ့သည်။ လက်ထဲမှာ အတန်အသင့် စုမိနေသော ငွေစလေးများကို မျက်စောင်း ထိုးလာကြ၏။ သူမကလည်း သမီးလေး ရှေ့ရေးမို့ သည်ငွေကို အထိမခံ။ လိုချင်တာ မရကြတော့ သမီးလေးကိုလည်း နှိမ်လိုက်သည့်ဖြစ်ချင်း။

သူတို့မျက်နှာကို အရိပ်လိုကြည့်ရင်း ချိုချို့တဲ့တဲ့ ပညာ သင်ခဲ့ရရှာသည့် သမီးလေး မြတ်ပန်းကြာညို။ သည်ကလေးက ဖအေ့သွေးမို့ ပညာချွန်သည်။ (၁၀) တန်း စာမေးပွဲတွင် ဂုဏ်ထူးများ တသီတတန်း မပါသော်လည်း အမှတ်ကောင်း၏။ 

သမီးလေး တက္ကသိုလ် တက်ရတော့မည်မို့ ဒေါ်ငုဝါ လည်း အားလုံး၏ အရိပ်မှ ရုန်းထွက်ခဲ့သည်။ တကယ်က အရိပ် ဟုသာ ဆိုရသော်လည်း ကျောတစ်နေရာစာ နေရာ အတွက် သူမ ဘ၀နှင့်ရင်းကာ တစ်အိမ်လုံးကို ရှာကျွေးခဲ့ရသည်သာ။

နောက်ဆုံးတော့ သမီးလေး ရှေ့ရေးအတွက် သမီးကို လက်ဆွဲကာ စွန့်ခွာခဲ့သော အရပ်ဒေသသို့ ဒေါ်ငုဝါ ခြေချခဲ့သည်။အိမ်ခန်းကျဉ်းလေးနှင့် တစ်လမ်းကျော်တွင် ဆိုင်လေး ငှားကာ စက်ချုပ်ပညာနှင့်ပင် အသက်မွေးခဲ့၏။ လိမ္မာရေးခြား ရှိသော သမီးလေးကလည်း အေ၀းသင် တက္ကသိုလ် တက်ရင်း အလုပ်ရှာခဲ့သည်။

ကံကောင်းချင်တော့ အိမ်ရှင် မိသားစုနှင့် ရင်းနှီးသော ဆရာ၀န်မကြီး တစ်ဦး၏ အထူးကု ဆေးခန်းတွင် စာရေးမလေးအဖြစ် အလုပ်ရခဲ့သည်။ သားအမိနှစ်ယောက် ဘ၀လေးကို အေးချမ်းစွာ ရုန်းကန်ရင်း ခုတော့ သူငယ်ချင်း ချိုနှင့် မထင်မှတ်ဘဲ ပြန်ဆုံရပြီ။ မကြားရတော့ဘူး ထင်သည့် ချစ်သူ့ သတင်းကို ကြားရပြီ။ ချိုနှင့် ပြန်လည် ဆုံတွေ့ရခြင်းက သူမ ဆုတောင်းခဲ့သလိုများ သမီးလေးကို သူ့အဖေ လက်ထဲ ထည့်နိုင်ဘို့ အခွင့်အရေးလေလား..။

ကို.. ကိုက ငုကို ရှာတယ်တဲ့လား.. ဘာတွေ ဖြစ်ကုန်တာလဲ.. ဒါဆို မနွယ်ကကော.. ငုထင်သလို မနွယ်နဲ့ ကို လက်မတွဲဖြစ်ခဲ့တာလား.. အခုကော ကို ဘယ်မှာလဲ.. ခုထိ ငုကို ရှာနေတုန်းလား..။ ငု ရင်တစ်ခုလုံး ပေါက်ထွက်မတတ်ပင် တုန်ရီ လှုပ်ရှားရပါသည်။

“ဘယ်လို ချို.. ကို က.. အဲ ဆရာက.. ဆရာ ငါ့ကို လိုက်ရှာတယ်.. ဟုတ်လား.. နင်ပြောတော့ သူ မနွယ်နောက်..”

“အေး.. အဲ့တုန်းကတော့ ငါလည်း ငါသိတာ ပြောတာပေါ့ဟ.. နင်က အဲ့စကားတစ်ခွန်းနဲ့ ထင်တာ လုပ်သွားတာတော့ လွန်တာပေါ့ ငုရယ်.. နင့်အာစရိဖြစ်နေပုံကြည့်ပြီး ငါ ပါ အပစ်မကင်းသလိုကြီး.. နင် တကယ် မကောင်းဘူးဟာ..”

“ဘာတွေ.. ဘာတွေ ဖြစ်ကုန်တာလဲ ချို.. ငါ့ကိုရှင်း ပြလို့ ရလားဟင်…”

“ရှင်းရမှာပေါ့.. ရှင်းကို ရှင်းရမယ့် ကိစ္စပဲ.. အမလေး ဘုရားမ လို့သာပဲငုရေ.. ခုလိုမှ ပြန်မဆုံရင် ငါတော့ ဘယ်လိုမှ အသေဖြောင့်မှာ မဟုတ်ဘူး.. နင် အခု ဘယ်မှာနေနေလဲ..”

“ဟိုဘက် တစ်လမ်းကျော်မှာ အိမ်ငှားနေတယ် ချို.. ဒါလေးက ငါ့ ဆိုင်..”

စက်ချုပ်ဆိုင် ပေါက်စန လေးကိုတလှည့်၊ နွမ်းလျှ ဖျော့တော့သော သူမကို တလှည့်ကြည့်ရင်း ဒေါ်၀တ်ရည်ချို ပင့်သက် ချမိပါသည်။

 “ဘယ်လောက်များ ပင်ပန်းနေလိုက်သလဲ ငုရေ.. နင့်ကို မြင်ရတာ ငါ မောလိုက်တာ..” စိတ်မှ တွေးရင်း နာရီကို ကြည့်လိုက်တော့ နေ့ခင်း ၁ ချက်ထိုး။

“ခု အိမ်ပြန်မလို့လား.. ဆိုင် က သိမ်းပြီလား.. နေ့ခင်းကြီး..”

“ဆိုင်မှာက ညှပ်တာရယ်.. အပ်ထည် လက်ခံတာနဲ့ ပြန်ပေးတာလောက်ပဲ လုပ်လို့ရတယ် ချိုရဲ့.. မီး သုံးလို့ မရဘူးလေ.. အိမ်ကျမှ ကော်ကပ်တာတို့ မီးပူတိုက်တာတို့ ချုပ်တာတို့ လုပ်ရတာ.. နင်ကော အခု ဘာတွေလုပ်နေလဲ.. အဆင်ပြေတယ် မဟုတ်လား သူငယ်ချင်း.. အန်တီနဲ့ ကိုအောင်ဇော်ကော နေထိုင်ကောင်းကြလား..”

“အင်း ငါ့အမေလည်း ဆုံးသွားပြီ ငု.. အောင်ဇော်က သူ့မိန်းမနဲ့ ပြည်ဘက်မှာ.. နင့် အိမ် ငါ လိုက်ခဲ့မယ် ဟာ.. ပြောစရာတွေက နှစ်ပေါင်း (၂၀) နီးပါး.. နည်းမှ မနည်းပဲ.. ဖြစ်လား ငါလိုက်လို့…”

“ကျေးဇူးတောင် တင်တာပါ ချိုရယ်.. မဖြစ်ဘဲနေမလား.. လာ သွားကြမယ်.. ”

လက်လုပ်လက်စား ရပ်ကွက်ပီပီ အိမ်လေးတွေက ယိုင်နဲ့နဲ့။ ငုတို့သားအမိ နေတဲ့အိမ်ကလေးက (၁၀) ပေလောက်သာရှိသော နှစ်ထပ် ပျဉ်ထောင်အိမ် ကလေး။ ၀င်ပေါက် တံခါးလေးက သံဇကာ ကွက်လေးများနှင့် ကာထားသည်။ ထောင့်တစ်ဘက်တွင် ရေတုံကင် ကလေးတစ်ခုနှင့် ကျောက်စည် သေးသေးတစ်လုံး။ အပေါ်ထပ်တွင် အိမ်ရှင်မိသားစုနေသည်။

ခြံ၀င်ပေါက်ဟု ဆိုရမည်ဖြစ်သော သံဇကာ တံခါးနှင့် ငု တို့နေသည့် အောက်ထပ် အိမ်ခန်းနံရံက ၁၀ ပေလောက် ကွာသည်။ အပေါ်ထပ်၏ အတက်အဆင်းလှေကားက ငုတို့ အခန်းလေးရှေ့မှာမို့ အိမ်ခန်းလေးခမျာ သူများအိမ် လှေကားအောက်မှ ကြွက်တွင်းလေးနှင့်ပင်တူသေးတော့၏။ 

မှောင်မဲ ကျဉ်းမြောင်းသော အိမ်လေးကို ကြည့်ပြီး မိချို ငယ်ငယ်က အမေ အကိုတို့နှင့်နေခဲ့ရသော အိမ်လေးကို ပြန်မြင်မိသည်။ ခုတော့ မိမိနှင့် သည်အိမ်လေးက မလိုက်ဖက်သလိုပင်။၀တ်ရည်ချိုက ငွေကြေးတွက် တွက်မည်ဆိုလျှင် အိမ်ထောင်ရေးကံ မဆိုးလှဟု ဆိုရမည်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားရင်းမှပင် အတန်အသင့် စီးပွားရေးတောင့်တင်းသော သူတစ်ဦးနှင့် ဖူးစာ ဆုံသည်။ 

လူပျိုလူလွတ်တော့ မဟုတ်။ သမီးတစ်ယောက် အဖေ မုဆိုးဘို။ သမီးဖြစ်သူက အမေနေရာတွင် မည်သူ့မှ အစားမထိုးနိုင်ပါ ဘာညာနှင့် အာရုံများ နောက်ရသေးသည်။ ထိုသမီးကိုပင် အမြင်ကတ်ကတ်နှင့် မိမိထက် အသက် နှစ်ဆကြီးသော မုဆိုးဘို လူရိုးလူအေးကြီးကို မိချို မရရအောင် ယူခဲ့၏။ 

နေ့စဉ်နှင့် အမျှ အရွယ် မကွာလှသော မိထွေးနှင့် လင်ပါသမီး၊ တက်လိုက်သည့် ပြဿနာ၊ များလိုက်ရသည့် စကား။ ဒေါ်ရွှေငုဝါ ထုံး နှလုံးမူရလျှင်ဖြင့် မိမိလည်း ဆုတောင်း မှားခဲ့ကြသူများထဲမှ တစ်ဦးပေပဲပေါ့လေ။

အလိုလိုကမှ လူက စိတ်ညစ်သည့်ဒဏ် ခံနိုင်သူ မဟုတ်တော့ အိမ်တွင် လင်ပါသမီးနှင့် ပြဿနာ တက်ရတိုင်း အပြင်တွင် လွတ်လပ်မှုရှာသည်။ အသက်ကြီးကြီး ယောကျ်ားထံမှ မရသည့် ကာမအရသာကို အဆင်ပြေသလိုဖြေရှင်းရင်း မိန်းမလည်၊ မိန်းမရှုပ်၊ မိန်းမပျက် အမျိုးမျိုးသော ဂုဏ်ပုဒ်များနှင့် ၀တ်ရည်ချိုမှသည် ဒေါ်၀တ်ရည်ချိုဘ၀ ရောက်ခဲ့သည်။ 

ဘာပဲပြောပြော ခင်ပွန်းဆုံးတော့ တရား၀င် ဇနီးမယားတစ်ယောက် အနေနှင့် သမီးဖြစ်သူနှင့်အတူ အမွေတစ်၀က် ရလိုက်သေး၏။ လှလှပပ ကျော့ကျော့လေး နေချင်သော ဒေါ်၀တ်ရည်ချို ယောကျ်ား မဆုံးခင်ကပင် သူမ ဝါသနာပါသည့် အလှပြင်ဆိုင်လေး ဖွင့်ထားနှင့်ပြီးသား။ ယခုဆိုလျှင် ထိုဆိုင်လေးက အရှိန်ရကာ အတော်အသင့် ၀င်ငွေကောင်းနေပြီ။

“ထိုင်လေ.. ချို.. အိမ်ကတော့ နည်းနည်း ကျဉ်းတယ်ဟယ်.. ငါ့နင့်ကို ခေါ်သာလာရတာ အားနာလိုက်တာ..”

“အမလေး ငုရယ်.. ငါက ဘယ်ဘ၀က လာလို့မို့ နင်ငါ့ကို အားနာရတာတုန်း.. အလိုလိုကမှ နင့်ကိုငါ ရိုက်ချင်နေတာနော် မိန်းမ.. စကားပြောတာ ဆင်ခြင်..”

ဟိုးတုန်းက အတိုင်းပင် ပွင့်ပွင့်လင်းလင်း ပြောချလိုက်သော ချို့စကားကြောင့် ငုဝါ မျက်ရည် လည်လျှက်နှင့်ပင် ပြုံးမိပါသည်။ လက်ရှိအခြေအနေအရ သူမတို့နှစ်ဦး အနေအထားခြင်း ကွာလွန်း နေသည် မဟုတ်ပါလား။မိမိ ဘက်က နိမ့်ပါးနေသော အချိန်တွင် သူငယ်ချင်း၏ ကြင်နာမှုက ငု အတွက် တကယ်ပဲ အားဆေး ဖြစ်ခဲ့ပါသည်။ 

“ဟယ် ဒါလေးက ဘယ်သူတုန်း ငု…”

မှန်ဘီဒို ပုပုလေးပေါ်တွင် ကပ်ထားသော ဓာတ်ပုံလေးကို လက်ညှိုးညွှန်ရင်း ဒေါ်၀တ်ရည်ချို မေးလိုက်ခြင်းပင်။ ပုံထဲတွင် ၀င်းပ ကြည်လင်သည့် မျက်နှာ ပြုံးပြုံးလေးနှင့် မိန်းမငယ်လေးတစ်ဦးက ငုဝါကို ဖက်လျှက်။

“ငါ့ သမီးလေ ချို.. မြတ်ပန်းကြာညို တဲ့ အခု အေ၀ေးသင် တက်ရင်း အလုပ်လုပ်နေတယ်.. အဲ့ဒါ သူ ဆယ်တန်းအောင်တဲ့နေ့က ရိုက်ထားတဲ့ပုံပေါ့..”

“ဟယ်.. ဒါ ဒါ ဆို နင် အိမ်ထောင်.. ”

“ဆရာ့ သမီးပါ ချို.. ဆရာ ကိုဉာဏ်လင်းညိုရဲ့ သမီးပါ..”

“ဟယ်.. ငု ရယ်.. သူငယ်ချင်းရယ်…”

ဘီဒိုတွင်ကပ်ထားသည့် ပုံလေးကို ဆွဲခွာရင်း သေသေချာချာ ကြည့်လိုက်မှပင် မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်း အားလုံး အားလုံး အဖေမှ အဖေပါလား။ ငု နှင့် ခွဲမရအောင် တူသည်က လှပရွှန်းစိုသော မျက်၀န်းလေးများ။ သမီးလေး မြတ်ပန်းကြာညို တဲ့လား.. နံမည်လေး လှသလို လူလေးလည်း လှသည်ပဲ။ အဖေနှင့် အမေထံမှ အလှ များ စုနေသော မျက်နှာ ကြည်ကြည်လေး။ 

“ငုရယ်.. ဒီလို အခြေနေထိ ရောက်ခဲ့တာတောင်…”

ပြောလိုသည့်စကားလုံးများက ရှေ့ဆက် ထွက်မလာတော့ပါ။ အတန်ငယ်မက ချောင်ကျနေသည့် ငု မျက်နှာ နွမ်းနွမ်းလေးကို ငေးရင်း သူမ ဘယ်လောက်များ ပင်ပန်းလိုက်မလဲ တွေးနေမိသည်။

“နင် တော်တော် သတ္တိကောင်းပါလားဟင် ငု.. ငါ အံ့သြလို့ မဆုံးဘူး.. တကယ်ကို အံ့သြလို့ မဆုံးဘူး ငုရယ် တကယ်ပါ.. ”

“ချိုရယ်.. ငါ.. ငါလေ.. ဟင့် ဟင့်…ဟီးးး…”

မိမိရင်ခွင်ထဲ ခေါင်းထိုးထည့်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သော ငုဝါ.. နှစ် (၂၀) လုံးလုံး ကျိတ်ငို ခဲ့ရသမျှ ဖွင့်ချ ငိုကြွေးနေရှာသော ငုဝါ.. တနင့်တပိုး ရှိုက်သံများက သူမ မည်မျှ မောခဲ့ရကြောင်း သက်သေ ဖြစ်လို့နေတော့သည်။

တသိမ့်သိမ့် တုန်ခါနေသည့် သူငယ်ချင်း၏ ကျောပြင်ကို ကြင်နာစွာ ထွေးပွေ့ရင်း ခပ်ဖွဖွ ပွတ်သပ်ပေးနေမိသည်။ ငိုလိုက်စမ်း သူငယ်ချင်း.. နင် ခံစားခဲ့ရသမျှ ရင်နာခဲ့ရသမျှ.. ပင်ပန်းဆင်းရဲခဲ့ရသမျှ အတိုးချပြီး အားရအောင် ငိုချလိုက်စမ်း ငုရေ..။ 

ရင်ထဲမှပြောရင်း ကိုယ့်ကိုယ်ကို ပြန်သတိထားမိတော့ မိမိပါးပြင်ထက်မှာလည်း မျက်ရည်တွေ စိုလို့ ရွှဲလို့ပါလား..။ ငုရယ်.. ငါလေ နင့်ကို ညီအမ အရင်းလို ချစ်တာပါ.. ဒါပေမယ့် ငါ ဘယ်လို စဉ်းစားစဉ်းစား နင့်အတွေးအခေါ်တွေကို လုံး၀ နားမလည်ဘူး ငု။ တကယ်တော့ နင် အတွေး နက်လွန်းတာ.. သိလား ငုဝါ..။ 

နင်ပြောသလို နင် ဆုတောင်းမှားခဲ့တာ မဟုတ်ဘူး ငု.. တကယ်က နင် အတွေးမှားနေတာပါ.. မှားခဲ့တာက နင့် အတွေးတွေပါ ငုရယ်..။ခုတော့ နင် ငိုဦး.. အားရအောင် ငိုလိုက်ဦး.. ရင်ထဲ ပေါ့သွားတဲ့ အထိ ငိုချလိုက်ဦး ငုရေ..။ဆို့နင့် အောင့်မြက်လာသော ၀ေဒနာဆိုးက ရင်ထဲရောက်လာပြန်သည်။ 

ငုဝါ အသက်ရှု ရပ်မတတ် နာကျင် မောပန်းလာ၏။ ခေါင်းတစ်ခုလုံးလည်း ထူပူ အုံခဲနေပြီ။ ပင်ပန်းလိုက်တာ.. လူဘ၀ ကြီးက ပင်ပန်းလိုက်တာ..။ 

လက်၀ဲဘက် ရင်အုံတစ်နေရာဆီသို့ ဖိနှိပ်ရင်း ချို့ရင်ခွင်အတွင်းမှ အသာရုန်းထွက်ကာ ခါးကို ဖြေးဖြေးချင်း ခပ်ဆန့်ဆန့် ပြန်ထိုင်လိုက်၏။ မောလိုက်သည့် အမောက ရပ်မသွား။ ပြာ၀ေလာသော မျက်လုံးများကို မှိတ်ရင်း အသက် ပြင်းပြင်းရှုချလိုက်သည်။ သည်၀ေဒနာဆိုး နှိပ်စက်နေသည်မှာ နှစ် အတန်ကြာခဲ့ပြီ။ တကယ်တမ်း အသက် (၄၀) ဆိုတာ လူကြီးရောဂါရယ်လို့ ရတတ်သေးတဲ့ အရွယ်မှ မဟုတ်ဘဲ။ 

နုငယ်စဉ်ကတည်းက လောကဓံ အထုအထောင်းများလှသည်မို့ နှလုံးသားက မခိုင်ချင်တော့ဘူး ထင်ပါရဲ့လေ။ ကြမ်းပြင်ကို လက်တစ်ဘက်ထောက်ရင်း ကျန်တစ်ဘက်က ရင်ဘတ်ကို ဖိကာ အားတင်းပြီး အသက်ရှုနေရသည်။ 

တတ်နိုင်လျှင်မြေပေါ်တွင် လူးလှိမ့် ငိုချလိုက်ချင်တာပါ။ ကိုရေ.. ငု ကိုရှာတယ်တဲ့လား.. တွေ့ချင်လိုက်တာ.. ကို့ကို ခဏလေးပဲဖြစ်ဖြစ် တွေ့ခွင့်ရချင်လိုက်တာ ကိုရယ်..။

“နင် ကျန်းမာရေးကော ကောင်းရဲ့လား ငု..”

“အင်း.. သည်လိုပါပဲ ချိုရယ်.. ပင်ပန်းတဲ့အခါတော့ နဲနဲပါးပါး ရှိတာပေါ့..”

“နင့်အကြောင်းတွေလည်း ပြောပြဦးလေ.. ခု မဟုတ်လည်း နောက်နေ့ပေါ့ဟာ..”

“ပြောပါ့မယ်.. နင် အချိန်ရတယ် ဆိုရင် ခုပဲ ပြောပါ့မယ် ချိုရယ် ………….”


အပိုင်း ( ၉ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment