Monday, August 12, 2013

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၄ )

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၄ )

Snow Flake ရေးသည်။

အခန်း (၁၀)

ဆောင်းဝင်ကာနီး ကာလရောက်သည့်တိုင် ရန်ကုန်နေကတော့ဖြင့် ကျောကော့အောင် ပူဆဲ။ ကော်ဖီဆိုင်ထဲတွင် ခပ်ငူငူထိုင်နေရင်း အေးမြသည့် ဇာတိမြေကို လွမ်းနေမိသည်။ ပြန်မှ ရောက်နိုင်ပါတော့မလား ပြင်ဦးလွင်ရေ။ အခုကိုပဲ ငါ့မှာ မေမေ့ပျောက်ပျောက်ရှိနေတဲ့ ပြဿနာက ပြန်စ လာပြီ။ သည်နေ့ မနက်စောစော နှင်းဖွေးဖွေးထံမှ ဖုန်းဝင်လာသည်။ နှစ်ယောက်တည်း စကားပြောစရာရှိသည်ဟု ချိန်းဆိုခြင်း။ တကယ်က သူမ မချိန်းလည်း သူ့ဘက်က တစ်ခုခု မေးရတော့မည် မဟုတ်ပါလား။ 

မိမိရေးသားထားသည့် ဒိုင်ယာရီလေးက ဇာတ်လမ်းတစ်ပုဒ် ပမာဖြစ်သော်လည်း တကယ့်အမှန်တရားဖြစ်နေသည့် မိမိစိတ်က မည်သို့မျှ ငြင်းမရ။ ခေါင်း ငိုက်စိုက်ချကာ ထိုင်နေမိသည်မှာ အနားသို့ လူရိပ်ကျလာသည်အထိပင်ဖြစ်၏။ကျူရှင်ချိန်ထက် စောကာ သူထွက်လာခဲ့၏။ ထိုင်နေကျ ကော်ဖီဆိုင်သို့ သူအရင်ရောက်နေနှင့်သည်။ ဆယ်မိနစ်ခန့် ထိုင်စောင့်ပြီးမှ ဖွေး ရောက်လာသည်။ 

သူမ မျက်နှာနှင့် မျက်လုံးတို့က ခါတိုင်းထက် ပို၍ အရောင်လက်နေသလိုပင်။ ပန်းသွေးရောင် နှုတ်ခမ်းများမှ တစ်စုံတစ်ရာ ပြောလာမည့် စကားတို့ကို စိတ်အိုက်စွာ မျှော်နေမိ၏။ ဖွေးက ဘာစကားမှ မပြောသေးဘဲ သူ့မျက်နှာကို စူးစိုက်ကြည့်နေသည်။

“ ပြောစရာရှိတယ်ဆို ဖွေး.. ”

“ အင်း.. ဘာကိစ္စ ဆိုတာ နင် မှန်းမိပြီမဟုတ်လား စူးရှ..”

ဖွေးတစ်ယောက် သည်တစ်ခါတော့ မဖြစ်မနေ ပြောရမည့် စကားလုံးတိုင်းကို အလွတ် ကျက်လာခဲ့ပြီးသား။ စိတ်လှုပ်ရှားမှုတို့ကို အကာအကွယ် ဖြစ်စေရန် မျက်နှာကိုလည်း ခါတိုင်းထက် ပို၍ ပြင်ဆင်ချယ်သခဲ့သည်။ သည်နေ့အဘို့ မိမိစကားလုံးတိုင်း အမူအရာတိုင်းသည် ဆွဲဆောင်မှု ရှိနေရမည် မဟုတ်ပါလား။ ကတုန်ကရီဖြစ်နေသော အသံကို ငြိမ်အောင် ထိန်းရင်း တစ်လုံးခြင်း အေးအေးဆေးဆေး ပြောလိုက်၏။

“ ငါ ခု ပြောမယ့်စကားကို သေချာ နားထောင်ဘို့ လိုမယ်နော် စူးရှ.. တထိုင်တည်း ဆုံးဖြတ်စရာလည်း မလိုဘူး.. နင့်စာအုပ် ငါ ပြန်ယူလာတယ်.. ရော့ ဒီမှာ..”

“ နင် အကုန် ဖတ်ပြီးသွားပြီမဟုတ်လား ဖွေး..”

“ ဖုန်းနဲ့ပါ တစ်မျက်နှာချင်း ဓာတ်ပုံ ရိုက်ယူထားတယ်..”

“ ကျွတ်..”

“ ငါ အံ့သြလို့ပါ.. လောလောဆယ် ငါ့မှာ တခြားရည်ရွယ်ချက် မရှိသေးပါဘူး..”

“ မာလာ့ကိုကော ပြသေးလား..”

“ ဟင့်အင်း ခုထိတော့ မပြရသေးပါဘူး.. နောက်ပိုင်း ငါ စိတ်ပြောင်းသွားရင်တော့ မပြောတတ်ဘူးပေါ့ဟာ..”

“ ဒီအကြောင်းတွေက ငါ့အကြောင်းပါလို့ နင့်ကို ဘယ်သူပြောလဲ..”

“ ဟဟ.. နင်က ငါ့ကို စုံစမ်း စေချင်တာလား စူးရှရယ်.. ဒါဆိုလည်း လွယ်ပါတယ်.. ငါ အရင်ဆုံး မေးသင့်တာ ဆရာနဲ့ အန်တီ့ကိုပေါ့.. အနည်းဆုံး ဟိန်းဇော်ဆိုတဲ့ နံမည်တော့ ဆရာ သိလောက်ပါတယ်.. မသိလည်း သိပ်တော့ ပြဿနာ မဟုတ်ပါဘူးလေ.. ပြင်ဦးလွင် ဆိုတာက..”

“ နင် မမိုက်ပါဘူးဟာ.. မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူစိမ်း ယောကျ်ားလေးတစ်ယောက် အခန်းထဲက..”

“ ငါ့က စာအုပ်လေးတစ်အုပ်ပဲ ခဏ ယူဖတ်မိတာပါဟယ်.. သူစိမ်းယောကျ်ားလေးရှေ့မှာ ကိုယ့်ရည်းစား မကောင်းကြောင်း ရင်ဖွင့်ရင်း.. အဲသည်ယောကျ်ားနဲ့…”

“ တော် တော် ဖွေး.. နင် ဆက်မပြောရင် ကောင်းမယ်.. ဒါ ငါ့ပါစင်နယ်ကိစ္စပါ.. နင်နဲ့ ဘာမှ မပတ်သက်ဘူးလေ..”

“ အင်းလေ.. ဒါဆိုလည်း ပြီးတာပါပဲ.. ငါ သွားမယ်စူးရှ.. ဒီကိစ္စကို ဘယ်သူမှ မသိအောင် ဖုံးဖိပေးထားဘို့တော့ ငါ ကတိမပေးဘူးနော်..”

စကား ဆုံးအောင်ပြောပြီး ထ ရပ်လိုက်သည်။ ဘုရား မ လို့ စူးရှ ငါ့ကို တစ်ခုခု ပြန်ပြောပါစေ..။ စိတ်က တွေးရင်း ခပ်လေးလေး လျှောက်လာခဲ့သော်လည်း နောက်မှ ဘာသံမျှ မကြားရ။ ဖွေး အနည်းငယ် စိတ်ပျက်သွားမိသည်တော့ အမှန်ပင်။ မိမိ မှန်းထားသလို စူးရှ အလွယ်တကူ ဦးညွှတ်မလာဘူးပဲ။ ဘာ ဆက်လုပ်ရမလဲ။ သည်လိုနှင့် ကျူရှင်ချိန်နီးလာပြီ။ မာလာ့ထံ ဖုန်းလှမ်းဆက်လိုက်၏။ သည်နေ့ သူမက အရင်ရောက်နှင့်နေသည် မဟုတ်ပါလား။“နင် ဘယ်နားရောက်နေပြီလဲ မိမာ.. ငါ ဒီနေ့ နဲနဲ စောရောက်နေလို့ ကျောင်းခန်းထဲ ရောက်နေပြီနော်..”

“ အွန်.. ထူးထူးဆန်းဆန်း.. အာ့ဆို မသောက်တော့ဘူးလား ကော်ဖီ.. နင့်ငနုံကော ရောက်နေပြီလား..”

“ အေး.. ငနုံက ဆိုင်ထဲမှာလေ.. နင့် စောင့်နေတယ်.. သွားလိုက် ခိခိ..”

“ အောင်မာ.. ကောင်မစုတ်.. မှန်မှန် ပြောစမ်း.. နင်တို့ ငါ မရောက်ခင် ချိန်းတွေ့ကြတာ မဟုတ်လား..”

“ အေး ဟုတ်တယ်.. နင့်ကောင်ကို ငါ ရည်းစားစကား ပြောတာဟေ့ ရှင်းပလား..”

“ ဟားဟား.. အဖြေ တခါတည်း ပေးလိုက်ရောလား.. ဟီဟိ.. မိဖွေး.. ပြန်ဆင်းခဲ့ဟာ.. ငါတို့နှစ်ယောက် ဒီကောင့်ကို ဝိုင်း ကြပ်ပေးရအောင်..”

မာလာ့ စကားက ဖွေး ခေါင်းထဲသို့ လက် ကနဲ အလင်း တစ်ခု ပေးလိုက်သလို ဖြစ်သွား၏။ ဟုတ်တယ်.. ဒင်း အကြောတင်းနေရင် ငါပဲ တစ်ဆင့်တက်ရုံပေါ့.. အလကား ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချေးလိုကောင်..။ ကော်ဖီဆိုင်ထဲသို့ မာလာနှင့်အတူ နောက်တစ်ခေါက် ပြန်ရောက်လာခဲ့သည်။ စူးရှတစ်ယောက် စောစောကလိုပင် ငူတူတူထိုင်နေဆဲ။ ဖွေးနှင့် မာလာ ဝင်ထိုင်လိုက်မှ သူ သတိဝင်သွားပုံရသည်။ စားပွဲပေါ်မှ စာအုပ်လေးကို ဖျတ်ကနဲ ယူသိမ်း၏။ မာလာက အရင်ဆုံး စကား စ သည်။

“ ဟဲ့ စူးရှ.. မှန်မှန်ပြောစမ်း နင့်ကို စောစောက မိဖွေး ဘာတွေပြောလဲ..”

“ ……….”

ဖွေးမျက်နှာကို လှမ်းကြည့်လိုက်သော သူ့အကြည့်များက အနည်းငယ် အလန့်တကြား ဖြစ်နေ၏။ ဖွေး ခပ်တည်တည်ပဲ ကြည့်နေလိုက်သည်။ မာလာတစ်ယောက် ဘုမသိဘမသိနှင့် ထပ်ပြောပြန်၏။

“ ဘာမှ မကြောက်ပါနဲ့ စူးရှရယ်.. နင်ကလည်း.. မိဖွေး သိပ်လွန်လာရင် ဆရာနဲ့သာ တိုင်ပစ်.. ကိုယ်က ယောကျ်ားလေးမဟုတ်လား.. ခုကတည်းက အားကိုးအားထား ရှာထား..”

“ ငါ ဘာမှ မပြောရပါဘူး မာရယ်.. ဆရာနဲ့တော့ မတိုင်ခိုင်းပါနဲ့.. နော် ဟဲ့ စူးရှ.. နင် ငါ့ကို တိုင်မှာလား.. မတိုင်ဘူးမဟုတ်လား.. နင့်ပစ္စည်း ငါ ပြန်ပေးပြီးပြီပဲဟယ်.. သယ်ရင်းလေးက လိမ္မာပါတယ်.. တိုင် နဲ့ နော်..”

“ အယ်.. ပေါ်ပြီ ကျန်း.. ငါ မသိဘဲ နင်တို့ ဘာပစ္စည်းတွေ ဖလှယ်နေကြတာလဲ.. မိဖွေး နင်က ငါ့ကို သစ္စာ ဖောက်တယ်ပေါ့ ဟုတ်လား.. ပြောစမ်း ငါ့ကို.. ဘာပစ္စည်းလဲ..”

“ စာအုပ်လေး တစ်အုပ်တည်းပါဟယ်.. ဒါပေမယ့် အဲ့စာအုပ်လေးထဲမှာ..”

“ ဖွေး.. နင် ပေါက်ကရတွေ လျှောက်မပြောနဲ့ဟာ.. ဘာမှ မဟုတ်ဘူးမာလာ.. သူရှာနေတဲ့ (…..) စာအုပ်.. ငါ့မှာ အဲ့စာအုပ်က ရှိနေတာကြာပြီ.. အဲ့ဒါ ငါ သူ့ကိုငှားလို့ ခုပြန်ပေးတာ..”

“ အန်.. ဒီကိစ္စလေးကို နင်က ဘာလို့ လဒမှိုင် မှိုင်နေတာလဲ.. ဘာမှ မဆိုင်ဘူး.. နင်တို့နော်..”

“ ကဲပါ မာလာရယ်.. နင် ကလည်း တမှောင့်.. ဘာမှ မဟုတ်ဘူး.. ပြီးကျမှ ငါ အေးဆေးပြောပြမယ်.. နင် အခု မုန့်စားမှာ မဟုတ်လား.. စားစရာရှိတာ စား.. ပြီးရင် တက်ကြစို့.. အပေါ်ကျမှ ငါ အေးဆေးပြောပြမယ်.. အိုကေ..”

“ အင်း ပြီးရော.. နေဦး.. ငါ လက်သွားဆေးဦးမယ်..”

မာလာ့အကျင့်က ဘတ်စ်ကား ပေါ်မှ ဆင်းပြီးတိုင်း လက်ဆေးတတ်သည်။ ထိုင်နေကျ ဆိုင်လေးက သူမတို့ အဖွဲ့နှင့် ရင်းနှီးနေပြီမို့ နောက်ဘက် ဘေစင်ရှိရာထိ မာလာ ဝင်သွား၏။ နှစ်ယောက်တည်း ကျန်ခဲ့ချိန်ကျမှ စူးရှ သက်ပြင်း ချတော့သည်။ မျက်နှာကို လက်ဝါးနှင့် ပွတ်လိုက်၏။ လေပူတစ်ချက် မှုတ်ထုတ်ရင်း ဖွေးမျက်နှာကို စိတ်ပျက်လက်ပျက် ကြည့်သည်။ တခုခု ပြောစမ်း စူးရှ.. နင် အဲ့လို စိတ်ရှုပ်နေပုံက အရမ်း ကြည့်လို့ကောင်းတယ်.. ဘာလို့မှန်း မသိဘူး သိလား.. ဒီနေ့ နင့်ကို ဒုက္ခပေးရတာ ငါ အရမ်း အရသာတွေ့တာပဲ..။

“ နင် မာ့ကို ဘာပြောမှာလဲ ဖွေး..”

“ ……….”

“ ဖွေး.. ငါ မေးတာ ဖြေ ဟာ..”

“ နင်ပဲ ပြောကြည့်လေ.. ငါ ဘာပြောရင် ကောင်းမလဲ.. မာလာဆွေက ငါနဲ့ ငယ်ငယ်လေးထဲက ညီအမလိုနေလာတာလေ.. ငါ သိသမျှ သူ သိတယ်.. သူသိရင်လည်း ငါ့ကို မပြောဘဲ မထားဘူး.. ငါ တခုခု ချန်ထားရင် သူ မရမက မေးမှာပဲလေ.. ငါ့ကို မေးလို့မရရင် နင့်ကို သူ မရမက.. ”

“ ဖွေးး…”

“ ယက်စ် ?..”

“ ဟူးးး.. ငါ တောင်းပန်ပါတယ်ဟာ.. အဲ့အတွက် ငါ့ဆီက နင်ကြိုက်တာ ယူပါဖွေးရယ်.. သည်ကိစ္စက ငါ့ကိစ္စ ဆိုပေမယ့်.. ငါ့ နောက်မှာ မြတ်တို့ မိသားစု ရှိနေတယ်လေ..”

“ ……….”

“ ဖွေးး…”

“ အင်း ဆက် ပြောလေ..”

“ နင်ငါ့ကို ကြိုက်သလို လုပ်ဟာ.. ဒီကိစ္စကိုတော့ ကျေးဇူးပြုပြီး မေ့ ပေးပါ..”

“ ကြိုက်သလို လုပ် ဆိုတာက ဘယ် အတိုင်းတာထိလဲ စူးရှ..”

“ နင့် သဘောပါ..”

“ သေချာတယ်နော်..”

“ ဟူးးး.. အေးပါဟာ..”

“ အိုကေ.. ခုချိန်က စ ပြီး နင် ငါ ပြောသမျှ အကုန်လိုက်နာရမယ်လို့ မှတ်ထားလိုက် စူးရှ.. အသေးစိတ်ကိုတော့ ငါ နောက်မှ ပြောမယ်.. ခုတော့..”

ဖွေး စကားမဆုံးမီ မာလာလည်း ပြန်ထွက်လာ၏။

“ လက် ဆပ်ပြာတိုက်ပြီးမှ ရေက မလာတော့လို့လေ.. ကျေးဇူးရှင်တွေ ရေပြန်တင်တာ စောင့်နေရတယ်.. သွားမယ်ဟာ ဘာမှ စားမနေတော့ပါဘူး..” 

မာလာက ပြောပြောဆိုဆိုနှင့် ချထားသည့် အိတ်ကို ကောက်လွယ်က ရှေ့က ထွက်သွားနှင့်သည်။ ဖွေးလည်း နောက်မှ လိုက်ထွက်ရန် ပြင်၏။ ခပ်အုပ်အုပ်လေသံနှင့် စူးရှ လှမ်းခေါ်သည်။

“ ဖွေးး…”

“ ငါ ကတိပေးတယ် စူးရှ.. နင့်ဘက်က ကတိ တည်နေသ၍ ငါဘက်ကလည်း ကတိမပျက်စေရဘူး.. အိုကေ !..”

.........................................................................................

အခန်း  (၁၁)

ဟိုတုန်းကဆို ဆောင်းဦးပေါက်၏ ညနေ (၆) နာရီသည် မှောင်ရီ သန်းလုပြီပေါ့။ ခု တော့ နေပူရှိန်ပင် မလျှော့ချင်သေး။ ခေတ်တွေ ပြောင်းသလို ရာသီတွေလည်း ပြောင်းပြီပဲလေ။ ဖွေးတို့ အိမ်၏ ခေတ်တစ်ခေတ်ကတော့ မပြောင်းလဲပဲ ကျန်နေသေးသည်။ ရှေ့အပတ်ထဲ မွှေး၏ သတို့သားလောင်း ကိုကောင်းမြတ် မိသားစု အိမ်မှာ ညစာ လာစားကြမည်။ မဟာပုရိသဝါဒီ ဘွားလေးတစ်ယောက် မြေးမ အလိမ္မာကို ခမည်းခမက်ရှေ့ ပွဲတင့် စေရန် မရပ်မနား လက်ပူတိုက်နေတော့၏။ အလိမ္မာအိမ်ပါ ချွေးမလောင်း သင်းသင်းမွှေးလည်း အိမ်မှုကိစ္စဘာဟီရများကို ယခုမှ သိမ်းကြုံးလေ့လာနေရှာသည်။ 

သူတို့ အဖြစ်ကို ကြည့်ရင်း ဖွေး ရယ်ချင်မိ၏။ အလကား ခွေးကြီးမှ လက်ပေးသင်နေတယ်.. နိုင်းတူးဖိုက် အိမ်ရှင်မ.. မုန်းလိုက်တာ..။ဖွေးကတော့ နေ့လည်က ဝယ်တပ်ထားသည့် စီစီတီဗွီ စက်များနှင့် အလုပ်ရှုပ်နေ၏။ မနက်ဖြန် မွှေးနှင့် ဘွားလေး စျေးဝယ်ထွက်မည်။ တနေကုန်မှာ သေချာသလောက် ရှိ၏။ မေမေက အလုပ်ကိစ္စများနှင့် မအားလပ်။ စူးရှကို အိမ်လာဘို့ ခေါ်ထားသည်။ နင်ခိုင်းတာ အကုန် လုပ်မယ် ဟု ကတိတစ်ခု ရပြီးကတည်းက ဖွေး စိတ်တွေ မိုးပေါ် တလူလူတက်နေခဲ့၏။ 

သို့သော် ဘယ်ကစလို့ ဘာ ခိုင်းရမှန်း မသိ။ သေချာတာတစ်ခုကတော့ မိမိ သူ့ကို အနိုင်လိုခြင်းက ခဏတာ အာသီသ မဟုတ်ပါချေ။ မိမိကို တွေ့တိုင်း ခပ်ငေးငေးကြည့်တတ်သော သူ့မျက်ဝန်း မှိုင်းပြပြ များကိုလည်း နှစ်သက်နေမိသည်။ အချိန်တိုင်းတွေးနေမိတာကလည်း သူ့အကြောင်းပဲ ဖြစ်နေပြန်သည်။ 

နောက်ဆုံး မိမိအနား သူရောက်လာလျှင် ထူးဆန်းသော သာယာမှုတစ်မျိုးကို ခံစားမိသေးသည်။ အချစ်လား ဟု သုံးသပ်ကြည့်သော်လည်း ဟုတ်သလိုလို မဟုတ်သလိုလို။ နောက်တစ်ခုက သူ့နောက်ကြောင်း၊ သိသိချင်းတော့ ငါ သူ့ကို နိုင်ကွက်ရပြီဟု တွေးမိသလိုလို ဖြစ်ခဲ့ပေမယ့် တကယ်တမ်းစဉ်းစားတော့ မနာလိုစိတ် ဝင်လာသလိုပင်။

နင်က ဘာလို့ ငါနဲ့ မတွေ့ခင် တခြားမိန်းမနဲ့ ချစ်ပွဲဝင်ခဲ့တာလည်း စူးရှ.. ပြီးတော့ သည်မိန်းမက သူများရည်းစား.. အဲ သူများ မဟုတ်ဘူး ကိုယ့်သူငယ်ချင်းရဲ့ရည်းစား။ ပိုင်ရှင်ရှိတဲ့ မိန်းမတစ်ယောက်ကို အကြင်နာ ပုံအော ပေးရလောက်အောင် နင်ဘာလို့ ပျော့စိစိနိုင်ရတာလဲ.. တကယ်ဆို နင် အဲ့လိုကြင်နာရမယ့် ချစ်ပေးရမယ့် မိန်းကလေးက သည်ကမ္ဘာမှာ ငါ တစ်ယောက်ပဲ ဖြစ်သင့်တာ.. အင်းးး ငါ နဲ့ မတွေ့ခင်က ကိစ္စကို သည်လို တွေးတာ သင့်ရဲ့လား.. မသိဘူးဟာ.. သင့်ချင်သင့် မသင့်ချင်နေ.. ငါ နင့်ကို မကျေနပ်ဘူး.. နင့်မှာ အပြစ်ရှိတယ်.. အဲ့အတွက် ထိုက်သင့်တဲ့အပြစ်ကို ငါ စီရင်မှာပဲ..မိမိလက်လှမ်းမှီသလောက် လေ့လာထားသော နည်းလမ်းများက တကယ်တမ်း အသုံးဝင်မည် မဝင်မည် မသေချာ။ 

မိမိ နိုင်ထက်စီးနင်း ဆက်ဆံလိုသည့်သူက သန်မာ ထွားကျိုင်းသော အမျိုးသား လူငယ်တစ်ဦး မဟုတ်ပါလား။ ဘယ်လောက်ပဲ သူ့အားနည်းချက်ကို ချုပ်ကိုင်ထားနိုင်သည် ဆိုဦးတော့ ယောကျင်္ားတစ်ယောက်၏ ဒေါသ အလျှောက် မိမိထံ ပြန်လည်လာနိုင်မည့် ဘေးအန္တရယ်ကိုတော့ ဖွေး ကြောက်ပါသည်။ နောက်တစ်ခု ပို၍ စိုးထိတ်မိသည့်က သူ ငါ့ကို မုန်းသွားမလား.. ဟူသော အတွေး။ အတွေး အမျိုးမျိုး လွန်ဆွဲကြရာ သည်စမ်းသပ်မှုကို ရှေ့ဆက်ရေး မဆက်ရေးအတွက် လုပ်နေကျ နည်းအတိုင်း စာရွက်တစ်ရွက်တွင် အကျိုးနှင့် အပြစ်ကို ချရေးကြည့်၏။ 

ဒါက တခုခု ဝေခွဲရခက်လာလျှင် အကောင်းအဆိုး ချိန်ထိုးနိုင်ရန် ဖေဖေ သင်ပေးခဲ့သည့် နည်းတွေထဲက တစ်ခု။ရင်ထဲရှိတာ ချရေးပြီးတော့ အကျိုးနှင့် အပြစ်တွင် အပြစ်က များနေ၏။ ဖွေး စိတ် အိုက်သွားခဲ့သည်။ ရှေ့မဆက်သင့်တဲ့ ကိစ္စ ဖြစ်နေပြီလား။ ဒါ ဆို ရပ်တန်းက ရပ်မလား။ သည်လိုနှင့် စက္ကန့်များစွာ အလကားဖြစ်သွားခဲ့သည်။ နောက်ဆုံးတော့ စိတ် ပိုင်းဖြတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် နင့်မှာ အပြစ်ရှိကို ရှိတယ်စူးရှ.. ဟိုတုန်းက ကိစ္စပဲဖြစ်ဖြစ်.. ခု ကိစ္စပဲဖြစ်ဖြစ်.. နင့်မျက်လုံးတွေကို စ သတိထားမိကတည်းကနေ အခု နင့် အတိတ်ကို သိလိုက်ရတဲ့ အချိန်ထိ ငါ့ အချိန်တွေ တော်တော် ကုန်ခဲ့တယ်.. 

စာရွက်ပေါ် ချရေးရတဲ့အထိ ငါ ဆုံးဖြတ်ရ ခက်ခဲ့တယ်.. နောက်ဆုံး အကျိုးထက် အပြစ်က များနေလို့ ငါ စိတ်ရှုပ်ရတယ်.. ဒီ အချက်တွေနဲ့တင် နင့်ကိုငါ ပိုင်သင့်သွားပြီ.. နင့်ကို ငါ အပြစ်ပေးလို့ ရသွားပြီ.. နင့်ကို ငါ ကျွန်တစ်ကောင်လို ဆက်ဆံဘို့ လုံလောက်တဲ့ အကြောင်းပြချက်ရသွားပြီ။ ဒီလို တွေးလိုက်တော့လည်း ရှေ့ဆက်ဘို့ လွယ်သားပဲ။ လူ့စိတ်ကပဲ မကောင်းမှုမှာ မွေ့လျော်တာလား.. ဖွေး အကျင့်က ပဲ ဇွတ်တရွတ် နိုင်တာလား.. သေချာတာတော့ သည်ဇာတ်လမ်းကို ဆက်ရန် သင့်မသင့် သူမ နောက်တစ်ခေါက် လုံးဝ ထပ်စဉ်းစားမည် မဟုတ်တော့ပါချေ။

သည်လို အတွေးနှင့် စီစီတီဗွီ ကင်မရာများ ဝယ်သည်။ မိမိအိပ်ခန်းနှင့် မီးဖိုခန်းတွင် မည်သူမျှ မရိပ်မိအောင် တပ်ဆင်သည်။ မိမိလေ့လာထားသည့် နည်းအချို့ဖြင့် စူးရှကို အပြစ်ပေးရန် သည် အခန်းနှစ်ခုကို ဖွေး သုံးရမည်လေ။ အရင်ဆုံး ဖွေး၏ တကိုယ်ရေ ဗာဟီရများနှင့် အိမ်မှု ကိစ္စ အချို့ကို စူးရှ အတွက် တာဝန်ပေးရမည်။ မိမိ ကိုယ်တိုင်လည်း သက်သာ.. စိတ် အပျင်းလည်းပြေ ထူးဆန်းသော အာသီသများလည်း ရ..။ ကိုယ့်အတွက်လည်း ဘေးကင်းအောင် သူလည်း အရမ်းကြီး အနေမခက်အောင် ဖွေးစိတ်ကူးခြင်းဖြစ်ပါသည်။ 

လုပ်စရာ အလုပ်တွေ သက်ဆိုင်ရာ အခန်းထဲမှာ တာဝန်ပေးထား.. မိမိက တခြားနေရာတစ်ခုကနေ သူ ဘာတွေ လုပ်နေလဲ.. သူ့မျက်နှာ ဘယ်လိုပုံစံ ဖြစ်နေမလဲ ပြန် ခိုးကြည့်.. အတွေးနှင့် ရင်ခုန်ရသည်မှာ လက်ဝဲဘက်ရင်အုံတစ်ခုလုံး ပေါက်ထွက်သွားမလားပင်..။သည်လိုနှင့် နောက်တစ်နေ့ မနက်၊ အိမ်သားအားလုံး အပြင်ထွက်သွားကြပြီ။ သူမတစ်ဦးတည်း စီစဉ်စရာရှိသည်များ စီစဉ်ပြီးသည်နှင့် တပြိုင်နက် အိမ်ရှေ့ခြံတံခါးမှ ဘဲလ်သံ မြည်လာ၏။

“ ငါက နင် မလာတော့ဘူးတောင် ထင်နေတာ..”

“ ပြော.. ငါ ဘာလုပ်ပေးရမလဲ..”

“ နေဦး စူးရှ.. ငါ နင့်ကို သေချာအောင် မေးဦးမယ်.. နင် ဆုံးဖြတ်ပြီးတာ သေချာတယ်နော်..”

“ ဘာကိုလဲ.. နင်ခိုင်းတာ ဘာမဆို လုပ်မယ်လို့ ငါ ပြောပြီးပြီပဲလေ.. ဆုံးဖြတ်ပြီးလို့ ငါ လာတာပေါ့.. ငါလည်း ဒီကိစ္စအတွက် အပြစ် တစ်ခုလို ခံစားနေရတာပဲ ဖွေး.. အဲ့အတွက် တနည်းနည်းနဲ့ ငါ့ကိုယ်ငါ ဒဏ်ခတ်ချင်တယ်.. ငါ့ စိတ်ထဲမှာ ဘာမှ မကျန်တော့တဲ့အထိ အပြစ်ကြွေးကို ဆပ်ချင်တယ်.. ဒါပေမယ့် မြတ်နဲ့ ဟိန်းဇော်ကို မထိခိုက်စေချင်တာတော့ အမှန်ပဲ.. ”

“ နင်ပြောတဲ့ ဘာမှ မကျန်တော့တဲ့အထိ ဆိုတာက အတိုင်းအတာ ရှိနေသလိုပဲ..”

“ အင်းလေ.. ကိစ္စတိုင်းမှာ အတိုင်း အတာ ဆိုတာ ရှိရမယ်လေ ဖွေး..”

“ အဲ့ အတိုင်းအတာကို ဘာနဲ့ သတ်မှတ်မှာလဲ.. အချိန်နဲ့လား.. အခြေအနေနဲ့လား..”

“ နှစ်ခုလုံးနဲ့ပေါ့..”

“ ဘယ်သူက သတ်မှတ် မှာလဲ..”

“ အွန်.. ငါ သတ်မှတ်ပေးရမှာလား..”

“ အောင်မာ.. နင်က သတ်မှတ်ရအောင် အပြစ်ရှိတာ နင်လား ငါလား.. တော်ပြီစူးရှ.. ငါ နောက်ဆုံး စကားပြောမယ်.. ဒီနေ့က စပြီး တစ်လ တိတိ နင့်ကို ငါ ပိုင်တယ်.. ဒါက အချိန်.. အဲဒီမှာမှ ငါ ပေးတဲ့ တာဝန်ကို ကျေအောင် မလုပ်ရင် ဒါမှမဟုတ် တခုခု လွဲချော်သွားရင် နင့် ပြစ်ဒဏ် ရက် ထပ် တိုးမယ်.. နောက်ဆက်တွဲ အမှား တစ်ခု အတွက် ဒဏ်ပေးတာက တစ်ရက် သပ်သပ်.. ဒီတော့ နင်လုပ်ခဲ့တဲ့ အပြစ်ကြီးအတွက် ကြွေးကျေမယ့်နေ့က နင့်စွမ်းဆောင်ရည်ပေါ်ပဲ မူတည်တယ်.. သဘောတူလား..”

“ မတူဘူး ဆိုရင်..”

“ ပြန်လေ.. နင်နဲ့ ငါ ကြားက ကတိ ပျက်ပြီပေါ့.. ငါလည်း ပြင်ဦးလွင်ဘက် ရောက်ဖူး သွားတာပေါ့ဟာ..”

“ အာ.. ကဲ ပြော.. ငါ အခု ဘာလုပ်ရမှာလဲ..”

“ လာ.. ငါ့နဲ့ လိုက်ခဲ့..” 

သည်လိုနှင့် နှစ်ဦးသား ဖွေး အိပ်ခန်းပေါက်ဝ ရောက်သွားကြသည်။

“ ဝင်လေ..”

“ …….”

“ ငါ့ အခန်းကို ရှင်းပေး.. နင့် အခန်းလို သပ်သပ်ရပ်ရပ် ဖြစ်နေအောင်နော်..”

“ အာ..”

“ မလုပ်ချင်ဘူးလား..”

“ ဟူးး.. အေးပါ.. လုပ်ဆိုလည်း လုပ်ရမှာပေါ့..”

“ ကျေကျေနပ်နပ်နဲ့ ကောင်းကောင်း လုပ်ရမှာနော်.. ဒီလေသံ ဒီမျက်နှာကြောက ငါ့အတွက် သိပ် အဆင်မပြေဘူး..”

“ ………..”

“ ဒီနေ့က စ ပြီး နင့်ကို တဖြည်းဖြည်း ပုံစံ သွင်းပေးသွားမယ်.. ငါလိုချင်တဲ့ ပုံစံ မြန်မြန်ရောက်မှ နင့် အပြစ်ဒဏ် ရက်စွဲ စ မှာ..”

“ ဟမ်.. ဘယ်လို ဘယ်လို..”

“ ဟုတ်တယ်လေ.. နင့်ပုံစံက တာဝန်အရ လုပ်ရသလိုဖြစ်နေတယ်.. တကယ်ဆို နင့်ကို ငါ ပိုင်တာလေ.. နင် ငါ့ကို အရှင်သခင်လို သဘောထားပြီး စိတ်နှစ် ထားရမှာ.. နားလလား ငါ ပြောတာ..”

“ ဟူးးး……….”

စူးရှ သက်ပြင်းတစ်ချက်နှင့် ခေါင်းငြိမ့်ပြသည်။

“ ပါးစပ်က ပြောလေ.. နင့်မှာ ပါးစပ် မပါဘူးလား..”

“ ကျွတ်..”

“ တော်ပြီ စူးရှ.. နင် မရဘူး ငါသိတယ်.. နင် ပြန်လိုက်တော့..”

“ အာ.. အေးပါ.. အေးပါ ဖွေးရယ်.. နင် လိုချင်တဲ့ ပုံစံ ရတဲ့ထိ ငါ လုပ်ပေးပါ့မယ်.. ဟူးးး..”

သည်လိုနှင့် စူးရှကို မိမိအခန်းထဲ ဝင်စေပြီး ကြိုစီစဉ် ထားသည့်အတိုင်း တစ်ဘက်စာကြည့်ခန်းထဲ ဝင်လာခဲ့၏။ စီစီတီဗွီ ဖန်သားပြင်တွင် ရှုပ်ပွထ နေသည့် အခန်းအလယ် ငူငူကြီး ရပ်နေသည့် စူးရှ။ လုပ်လေ ဟဲ့အကောင်.. ဘာ ကြောင် ရပ်နေတာလဲ.. တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်ကြည့်သည်။ စူးရှ တစ်ယောက် အခန်းပတ်လည်ကို ဝေ့ကြည့်ရင်း ခေါင်းကို တွင်တွင် ကုတ်၏။ ကုတင်ဆီသို့ အရင်ဆုံး လှမ်းသွားသည်။ 

ကုတင်ပေါ်တွင် မလျှော်ရသေးသည့် အဝတ်အစားများနှင့် စောင် ခေါင်းအုံးတို့က ရှုပ်ပွနေ၏။ အကျီများ၊ စကပ်များ၊ ဂါဝန်များ၊ ညအိပ်ဝတ်စုံများလည်းပါသည်။ နှစ်ရက်သုံးရက်လောက် မလျှော်ဘဲ တမင် စုထားသော အဝတ်ဟောင်းများဖြစ်၏။ခေါင်းအုံးကို နေရာချပြီး စောင်ခေါက်ရန် ပြင်လိုက်တော့မှ ထွက်လာလိုက်သည့် အဝတ်ဟောင်းတွေက စောင်ထဲတွင် တစ်ပြုံတစ်ခေါင်း။ စူးရှ လက်တွန့်သွား၏။ 

ဖွေး ရင်တွေ တထိတ်ထိတ်ခုန်လာသည်။ လုပ်လေ စူးရှ.. နင်က ငါ့ အဝတ်ဟောင်းကျတော့ လက်တွန့်တယ်.. သူများရည်းစားကို ဘောင်းဘီ ဆွဲချွတ်တုန်းကတော့ နင့်လက်တွေ သွက်တယ် မဟုတ်လား.. အသုံးမကျတဲ့ကောင်.. မြန်မြန် လုပ်..။ နောက်ရက်ကျရင်တော့ အနားကနေရပ်ပြီး အဲ့လို အမိန့် ပေးကြည့်ရင် ကောင်းမလားပဲ။ ခုတော့ ကင်မရာမှ ပုံရိပ်ကို ကြည့်ကာ ကိုယ့်ဘာသာ လေ့ကျင့်နေမိသည်။ ရွှေကိုယ်တော်က ကုတင်ကို ဆက်မရှင်းဘဲ စာကြည့်စားပွဲဘက် လှည့်လာ၏။

စားပွဲပေါ်တွင် ရေကူးသင်စဉ်က ရိုက်ထားသော ဓာတ်ပုံများ တမင် တင်ထားသည်။ အနက်ရောင် ရေကူးဝတ်စုံလေးက တူးပိစ် မဟုတ်သော်လည်း ဖွံ့ဖွံ့ထွားထွား ရင်သားများနှင့် တင်စိုင်တို့၏ အလှကို မည်သို့မျှ လုံအောင် ဖုံးမထားနိုင်။ စူးရှ ပုံကလေးကို ကြည့်နေသည်။ ဖွေးနှုတ်ခမ်းလေးတွေ ထူထူပူပူ ဖြစ်လာ၏။ လှလား စူးရှ.. နင် ခိုးစားခဲ့တဲ့ သူများ ရည်းစားနဲ့ ငါ နဲ့ ဘယ်သူ ပိုလှလဲ..။ တစ်ရက်တော့ သည်လို မေးဖြစ်အောင် မေးဦးမည်။

စားပွဲကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ပြီးတော့ ကုတင်ဘက် ပြန်လာ၏။ စောင်ကို ဆွဲခါသည်။ စောင်နှင့် လုံးထွေးနေသည့် အဝတ်များ ကြမ်းပြင်ပေါ်ကျကုန်၏။ ထွက်လာပါပြီ မလျှော်ရသေးသည့် ညဝတ်ဘောင်းဘီရှည်။ ဝတ်လက်စ ပင်တီလေးက ဘောင်းဘီရှည် ဂွကြားတွင် အလိပ်လိုက် ညပ်နေသည်။ စူးရှ စောင်ခေါက်ရင်း ငုံ့ကြည့်နေ၏။ စောင်ခေါက်လေးကို ခေါင်းအုံးပေါ်တင်သည်။ 

အိပ်ရာခင်းကို ဆွဲဆန့်လိုက်တော့ စောစောက ကြွက်သိုက်လိုဖြစ်နေသည့် အိပ်ရာက လူ့အိပ်ရာနှင့် ပြန်တူသွား၏။ ပြန့်ကျဲနေသည့် အဝတ်များကို ခါးထောက်ပြီး ငုံ့ကြည့်သည်။ အောင်မာ.. ရာရာစစ.. ကျွန်ကောင်စုတ်က ငါ့ အဝတ်တွေကို ခါးထောက်ကြည့်ရတယ်လို့.. ဖွေး မျက်နှာပေါ်ရှိ အကြောတစ်ချို့ တင်းကနဲ ဖြစ်သွား၏။ စူးရှ အခန်းထဲ မျက်လုံး ဝေ့ကြည့်သည်။ အဝတ်ဟောင်းထည့်သည့် ခြင်းကို တွေ့သွားဟန်တူ၏။ ဟုတ်တယ် စူးရှ.. အဲ့ အဝတ်တွေကို ကောက်.. ခြင်းထဲ ထည့်လိုက်စမ်း..။ 

ဖွေးနှုတ်မှ ခပ်တိုးတိုးရွတ်ကြည့်သည်။ နောက်နေ့ကျ အနားကနေပြီး အဲ့လို ခိုင်းရမယ်.. တွေးနေတုန်း စူးရှ လုပ်လိုက်သည့် အပြုအမူကြောင့် လူက ဒေါကန်သွားမိသည်။ ထိုင်နေရာမှ ချက်ချင်း ထ ကာ မိမိ အိပ်ခန်းဘက် ကူးလာခဲ့လိုက်၏။

“ နင် အဲ့ဒါ ဘာ လုပ်တာလဲ စူးရှ ဟမ်..”

“ အွန်..”

“ ဘာ အွန် လဲ.. နင် ဘာလို့ ငါ့အဝတ်တွေကို ခြေထောက်နဲ့ ကန်ရတာလဲ..”

“ အာ.. နင့် ဟာတွေက..”

“ ဘာဖြစ်လဲ ငါ့ဟာတွေက..”

“ ………..”

“ ကောက်.. အခု ချက်ချင်း.. တစ်ထည်ချင်း သေသေချာချာ ကောက်..”

“ ……….”

“ ကောက် လို့ ပြောနေတယ်လေ.. နင် နားပင်းနေလား..”

“ ……….”

“ မထည့်နဲ့ အဲ့ခြင်းထဲ.. ခု ချက်ချင်း လျှော်ပေး.. နင့်လက်နဲ့ သေသေချာချာ လျှော်..”

“ အင်..”

“ မအင်နဲ့ စူးရှ.. ငါက နင့်ကို အခန်းပဲရှင်းခိုင်းရသေးတာလေ.. နင်က ငါ့အဝတ်တွေ ခြေထောက်နဲ့ ကန်တာ ငါခိုင်းတာကို မကျေနပ်တဲ့သဘောပဲ.. အဲ့တွက် နင့်မှာ အပြစ်ရှိတယ်.. နင် ခုချက်ချင်း ငါ့အဝတ်တွေ သေချာ လျှော်ပေး.. မဟုတ်ရင် နင်နဲ့ငါ ပွဲ ပြီးပြီ စူးရှ.. မလျှော်ချင်ရင် ပြန်လို့ရတယ်..”

“ ………….”

“ ………….”

“ ဟင်းး.. ဘယ်မှာ လျှော်ရမလဲ ပြော..”

“ နင့် လေသံကို ပြင်ဦး အရင်.. ငါ နင့် ကျွန်မဟုတ်ဘူး..”

“ ဟုတ်ပါပြီ သခင်မရယ်.. မိန့်တော်မူပါ.. ကျွန်တော်မျိုး ဘယ်မှာသွားလျှော်ရမလဲ ခင်ဗျာ..”

“ ရွဲ့တာလား ဟုတ်လား.. ဟမ် စူးရှ.. နင်က ငါ့ကို ရွဲ့တာလား.. လှောင်တာလား.. နင် မကျေနပ်ရင် ခုချက်ချင်း ပြန်လို့ရတယ်နော်..”

“ အာ.. ငါ နင့်ကို ပြောပြီးပြီလေ ဖွေးရယ်.. နင် ကျေနပ်တဲ့ထိ ငါ လုပ်ပေးမယ် လို့ ပြောပြီးပြီလေ.. လစ်မစ်လေးတော့ ထားပေါ့ဟာ..”

“ စျေးလာ မစစ်နဲ့ ကောင်စုတ်.. နင့်ကိုငါ လစ်မစ်ပေးထားပြီးသား.. ငါ့ စိတ်ကျေနပ်မှုက နင့်အတွက် လစ်မစ်ပဲ.. တကယ်က ဒီနေ့ နင့်ကို ငါ အခန်းပဲရှင်းခိုင်းတာ.. အခု နောက်တစ်မျိုး တိုးသွားတာ နင့်ဘာနင် ဖန်တီးလို့ စူးရှ.. နင့် အပြစ် နင် သိလား..”

“ ကဲပါ ဖွေးရယ်.. ငါ ဒါတွေ ဘယ်မှာ လျှော်ပေးရမလဲ ပြော..”

“ ဟို အဝတ်စင်နောက်မှာ ရေချိုးခန်းရှိတယ်.. အဲ့မှာ သွားလျှော်..”

တို့လို့တွဲလောင်း အဝတ်များနှင့် အဝတ်စင်က ရေချိုးခန်းတံခါးကို မမြင်ရလောက်အောင် ဖရိုဖရဲ ဖြစ်နေသည်။ စူးရှ လေးတွဲ့စွာ သက်ပြင်းချ၏။ ဖွေး တစ်ယောက် လက်ကလေး ပိုက်ကာရပ်ကြည့်ရင်း အကျေနပ်ကြီး ကျေနပ်နေမိသည်။ မျက်နှာကြီး ရှုံ့မဲ့မဲ့ ဖြစ်ကာ အဝတ်ဟောင်းများကို လက်ဖျားလေးနှင့် တစ်ထည်ချင်း လိုက်ကောက်နေသော ကောင်ကလေး။ ပုံစံက အသည်းယားစရာ။ ချစ်ဘို့ ကောင်းလိုက်တာဟယ်.. စူးရှရယ်.. ငါ ရင်တွေ ခုန်လို့ သေတော့မယ်..။ 

မိမိ အတွေး မဆုံးခင် အဝတ်တွေ ထိုင်ကောက်နေသည့် စူးရှ လက်က ညဝတ်ဘောင်းဘီနား ရောက်သွားပြီ။ ဘောင်းဘီကို မကောက်သေး။ ဖွေး ကို တစ်ချက် လှည့်ကြည့်၏။ လုပ်လေ ဟူသော သဘော မျက်စ ပစ်ပြလိုက်သည်။ မျက်နှာကလည်း အတင်းဆုံးအနေထားဖြစ်ရန် အံကျိတ်ထားရသည်။ စူးရှ ခေါင်းကို မသိမသာ ခါလိုက်၏။ မနိုင်ဘူး ဖွေးရေ.. လို့ ညည်းချင်တာလား.. ငါ့ ဘဝတော့ သွားပါပြီ လို့ တွေးလိုက်သလား.. မထူးတော့ပါဘူးလေ လို့များ စိတ်လျှော့သွားသလား..။ ပင်တီနှင့် စကပ်များ၊ ဘောင်းဘီများ၊ အကျီများ အားလုံးကို လုံးထွေးကာ ရေချိုးခန်းဆီ ယူသွားလေတော့၏။ 

“ မြန်မြန် လုပ်နော်.. ပြီးရင် အခန်း ဆက်ရှင်းရဦးမှာ..” 

လှမ်းအော်လိုက်ရင်း တစ်ဘက်ခန်းဆီသို့ ပြန်ကူးသွားလိုက်သည်။ တလှပ်လှပ် တုန်နေသည့် ရင်အစုံကို လက်နှစ်ဘက်နှင့် ဖိထားမိ၏။ မျက်လုံးထဲတွင်တော့ မလျှော်ရသေးသည့် မိမိ ဘောင်းဘီကို လုံးထွေး ကောက်ကိုင်လိုက်သော သူ့အသွင်က တရစ်ဝဲဝဲ။

သိလား စူးရှ.. အဲ့ ပင်တီကလေ.. မနေ့က တစ်နေ့လုံးနဲ့ တစ်ညလုံး ဝတ်ထားတာ.. ပြီးတော့လေ.. ငါ ညက ဘာလုပ်တယ် မှတ်လဲ.. အပြာကားတွေ တစ်ကားပြီးတစ်ကား ထိုင်ကြည့်တာပေါ့ဟ.. သိလား.. ငါက ခပ်ကြမ်းကြမ်းတွေမှ ကြိုက်တာနော်.. ကြမ်းပေ့ ဆိုတဲ့ကားတွေ ငါ ထိုင်ကြည့်ဖြစ်တယ်.. ကြည့်ရင်းနဲ့ ငါ့စိတ်တွေ ထူပူလာလိုက်တာ စူးရှရယ်.. ဘယ်လောက်ထိများလဲ ဆိုရင်လေ.. ငါ့ ပိပိလေးထဲကို တစ်ခုခု ထိုးထဲ့ချင်လာတယ်ဟာ.. လိုချင်လာတာမှ အူလှိုက် အသည်းလှိုက်ပဲ.. ပိပိ အတွင်းပိုင်း လှိုဏ်ခေါင်းလေး ပူနွေး ပြီးတော့လေ..

သွေးကြောတွေ တဖျဉ်းဖျဉ်း တိုးလာသလိုလို.. လှိုဏ်ခေါင်းပေါက် ကျဉ်းကျဉ်းလေးကလည်း ရှုံ့ချည်ပွချည်နဲ့ဟယ်.. ဇာတ်ကားထဲက မင်းသားက တစ်ချက် အားယူလိုက်တိုင်း.. ငါ့ ဟိုနေရာက ကျင်ကနဲ ကျင်ကနဲ.. မင်းသမီးက တစ်ချက် ညည်းလိုက်တိုင်း ငါပါ လိုက်မအော်မိအောင် နှုတ်ခမ်းတွေကို စု သိမ်းထားရတယ်.. ငါ့မျက်နှာတစ်ခုလုံးလည်း ထူပူနေလိုက်တာ တရှိန်းရှိန်းနဲ့ဟယ်.. နောက်တော့ ငါ သတိလက်လွတ် ဖြစ်သွားတာပေါ့.. ပေါင်နှစ်ဘက်ကိုလည်း စေ့ထားလို့ မရတော့ဘူး.. 

ငါ့ လက်တွေ ဟိုနေရာကို ကိုင်မိသွားတယ်.. သိလား စူးရှ.. ငါ ဝတ်ထားတဲ့ ပင်တီလေ.. နင် အခုလျှော်နေတဲ့ ပင်တီပေါ့.. စိုရွှဲသွားတယ် သိလား.. စိုရွှဲမှာပေါ့.. ငါ့ အရည်လေးတွေ စိမ့်ထွက်လာတာ နည်းမှ မနည်းပဲ.. အဲ့အရည်လေးတွေကလေ.. နွေးးး ပြီး ငါ့ နှုတ်ခမ်းသား အတွင်းဘက်ကနေ နည်းနည်းချင်း စိမ့်ကျလာတာ.. ငါ တစ်ချက် လွန့်လိုက်တိုင်း ပွင့်ဖတ်လေးတွေကြားမှာ ချော်ကျိကျိနဲ့.. ငါ့စိတ်တွေကို အံကျိတ်ပြီး ထိန်းရတယ်ဟယ်.. ပေါင်နှစ်ဘက်ကို ပြန် စေ့လိုက်တော့လေ.. ရေပလုံစီလေးတွေကို လက်နဲ့ညှစ်လိုက်လို့ ဖတ်ကနဲ ဖြစ်သွားသလို ခံစားချက်မျိုး.. ငါ စိတ်ရှိတိုင်း ထိုးမွှေ ပစ်လိုက်ချင်တာ.. အားရပါးရ ခံစားပစ်ချင်တာ သိလား.. 

ဒါပေမယ့် ငါ မလုပ်ဖြစ်ပါဘူး.. ငါ့ ခံစားချက်တွေ ပျောက်သွားမှာစိုးလို့ပေါ့.. ပြီးတော့ ငါ ကြိုးစားပြီး ပျော်အောင် အိပ်လိုက်တယ်.. အိပ်မက်ထဲအထိ ချိုမြိန်မှုတွေက မပျောက်ဘူးဟယ်.. ဒီမနက်နိုးတော့ ပင်တီဂွကြားလေးမှာ အရည်တွေကြောင့် ထူထူတောင့်တောင့်လေး ဖြစ်နေတယ် သိလား.. 

အဲ့ပင်တီလေးကို နင် မလာခင်ကလေးကမှ ငါ ချွတ်လိုက်တာပေါ့.. ဂွကြားလေးက ခပ်သွေ့သွေ့ ဖြစ်နေပေမယ့် ငါ့ ကိုယ်နံ့လေးက သင်းနေတယ်.. သနားစရာ ပင်တီလေးခမျာ ငါ့ညီမလေး တစ်ညလုံး အန်ထုတ်ထားတဲ့ ဝတ်ရည်တွေကို စုပ်ယူထားပေးရတာကိုးး… အခု အဲ့ဒီ နွမ်းဖတ်နေတဲ့ ပင်တီလေးက နင့် လက်ထဲမှာ ရောက်နေရောပေါ့.. နင့် နှာခေါင်းထဲမှာ ထူးဆန်းတဲ့ အနံ့အီအီလေး ရနေရောပေါ့.. နော်..

အဆတ်မပြတ် အတွေးများကြောင့် ရင်ထဲက တလှပ်လှပ် ဖြစ်လာသည့်အပြင် ပေါင်ကြားတစ်နေရာမှ စိုစိစိဖြစ်လာသည်။ ဖြူဝင်းသော လက်မောင်းသားလေးများတွင် ကြက်သီးဖုလေးများ ကြွတက်လာ၏။ စောစောက ရုတ်တရက် ထွက်လာသည့် ဒေါသလည်း ဘယ်ရောက်သွားမှန်း မသိတော့။ သည်ဒေါသစိတ်ကတော့ဖြင့် လုံးလုံး ပျောက်သွားလို့ မဖြစ်သေး။ မိမိ ကစားလိုသည့် ပွဲက ခုမှ အစ ရှိသေးသည် မဟုတ်ပါလား။ အရည်ပျော်လုလု ဖြစ်လာသည့် နှလုံးသားကို ပြန်လည် မောင်းတင်လိုက်သည်။ 

မကျေနပ်စိတ် ဒေါသစိတ်တို့ကို မရှည်ရှည်အောင် မွေးထားရဦးမည် မဟုတ်ပါလား။ခုလောက်ဆို စူးရှ ငါ့ အဝတ်တွေ လျှော်နေရောပေါ့.. ခြေထောက်နဲ့များ နင်းလျှော်နေမလားပဲ.. လုပ်မှာပါ အဲ့ အကောင်စုတ်က.. စောစောကလည်း ငါ့ အဝတ်တွေကို ခြင်းတောင်းနားရောက်အောင် ကန်ထုတ်ပစ်နေတာ.. တွိုင်းလက်ထဲ စီစီတီဗွီ ထပ်တပ် ဦးမှပဲ.. အာ မဟုတ်သေးပါဘူး.. စောစောကတောင် သူ့နားငါ ရပ်ကြည့်ပြီး ခိုင်းတာ အဆင်ပြေသားပဲ.. အင်းလေ.. သူ့ကို ငါက ခိုးကြောင် ခိုးဝှက် ချောင်းကြည့်နေစရာ ဘာလိုလို့လဲ.. အပြစ်ရှိတာ ငါမှ မဟုတ်တာ.. 

စူးရှ.. တစ်နေ့တော့ နင့်ကိုငါ လက်ညှိုးငေါက်ငေါက် ထိုးပြီးတော့ကို စုတ် ပြတ် သတ် နေအောင် ပြောပစ်ဦးမယ် သိလား.. အလကား အသုံးမကျတဲ့ကောင်.. သူများရည်းစားကို ကြာခိုတဲ့ကောင်.. သူများ ပြဿနာကို ပြေလည်အောင် မကူညီဘဲ အခွင့်ရေး ယူတဲ့ သူခိုး ကြမ်းပိုးကောင်.. ငါနဲ့ မတွေ့ခင် တခြားမိန်းမနဲ့ ပလူးချင်တိုင်း ပလူးခဲ့တဲ့ စည်းမစောင့်တဲ့ကောင်..တကယ်တမ်း စွဲချက်အားလုံးက မိမိနှင့် မည်သို့မျှ မဆိုင်။ အထူးသဖြင့် နောက်ဆုံးတစ်ချက်ပေါ့လေ။ သို့သော် တွေးလိုက်တိုင်း ခေါင်းထဲသို့ ရောက်ရောက်လာသည့် သည်တစ်ချက်က မိမိအတွက် ခံရ အခက်ဆုံး ဖြစ်နေသလိုပင်။ ဒါ ဘာကြောင့်မှန်းတော့ ဖွေး တကယ်ပဲ နားမလည်ပါ။

............................................................................................................

အခန်း (၁၂)

သည်နေ့က ကျူရှင်ပိတ်ရက်။ အိမ်တွင် အေးအေးလူလူ စာဖတ်နေတုန်း ကားဟွန်းသံကြောင့် ၀ရံတာမှ ထွက်ကြည့်မိသည်။ မွှေး သူငယ်ချင်းများဖြစ်၏။ ဟို ကောင်းမြတ်ဆိုသည့် အဘိုးတန်လူလည်း ပါလာသည်။ ကြည့်ရတာ စာ စု ကျက်ဘို့ ချိန်းထားပုံပင်။ ဘွားလေးက ဥပုသ်စောင့် သွားသည်။ ညနေစောင်းမှ အိမ်ပြန်လာမည်မို့ သည်အဖွဲ့အတွက် တနေကုန် စားရေးသောက်ရေးမှာ မိမိတာဝန် ဖြစ်ရဦးမည်ပေါ့။ စိတ်ပျက် လက်ပျက်နှင့် အိပ်ရာထဲ ပြန်လှဲချလိုက်သည်။ နာရီကို ကြည့်လိုက်တော့ မနက် (၈)နာရီခွဲ။ အောက်ထပ်မှ ဆူဆူညံညံ အသံများကို မသိချင်ယောင် ဆောင်နေလိုက်၏။ နာရီဝက် ခန့်အကြာတွင် 

“ ဒေါက်.. ဒေါက်.. ဒေါက်..”

တံခါးခေါက်သံကြောင့် လှဲနေလျှက်မှပင် အော်ပြောလိုက်သည်။

“ ဖွင့်ထားတယ်…”

“ ငါ အပြင်သွားလိုက်ဦးမယ်နော် ဖွေး.. ဒီနေ့ ရည်မွန့် အိမ်မှာ စာကျက်ကြမလို့..”

“ အမ်.. ငါက သည်မှာ မှတ်လို့..”

“ အင်း.. ငါ့ကို ဝင်ခေါ်ကြတာလေ.. ကောင်းမြတ် ကြေးအိုးတွေ ဝယ်လာလို့ စားနေကြတာနဲ့ နဲနဲကြာသွားတာ.. သွားပြီနော်.. မိုးတော့ မချုပ်လောက်ပါဘူး..”

ငါ လာကြိုရဦးမှာလားဟု မေးရန် စဉ်းစားလိုက်မိသော်လည်း မမေးဖြစ်ခဲ့။ ဖုန်းဆက်ပြီး လာကြိုမခိုင်းအောင်လည်း ဖုန်းပိတ်ထားရန် စိတ်ကူးလိုက်သည်။ ကြေးအိုး ဆိုသည့် အသံလည်း ကြားလိုက်ရတော့ ဗိုက်ထဲ ဆာသလိုလို ရှိလာ၏။ အောက်ဆင်းပြီး တစ်ခုခုစားရန် ပြင်လိုက်သည်။ ထင်သည့်အတိုင်းပင် ဘေစင်ထဲတွင် ဆေးစရာ တစ်ပုံတစ်ခေါင်းနှင့် ပွစလောင်း လန်နေသည်။ 

မိမွှေး ပြောသွားသည့် ကြေးအိုးက အရိပ်ပင် မကျန်တော့။ ငယ်စဉ်ကတည်းက တကိုယ်ကောင်းစိတ်ရှိသော မွှေး၊ မေမေနှင့် ဘွားလေးက ဖူးဖူးမှုတ် အရေးပေးလွန်းတော့ သူ့ကိုယ်သူမှလွဲ၍ ဘာမှ မမြင်တတ်။ ဗိုက်ဆာပါသည်ဆိုမှ လုပ်စရာတွေ ပုံနေသည်ကို မြင်ရတော့ စိတ်က အလိုလို ဒေါသထွက်လာ၏။ စိတ်ထဲတွင် အတွေးတစ်ခုက ရုတ်ချဉ်းပေါ်လာသည်။ အိပ်ခန်းဆီသို့ပြန်ကာ စားပွဲပေါ်မှ ဖုန်းကိုကောက်ယူလိုက်၏။ နင် ငါ့ဆီ ချက်ချင်းလာခဲ့ စူးရှ.. လောလောဆယ် ထွက်နေတဲ့ ငါ့ဒေါသတွေရယ်.. အိမ်နောက်ဖေး ဘေစင်ထဲက အိုးခွက် ပန်းကန်တွေရယ်.. အကုန်ရှင်းသွားဘို့ နင့်မှာ တာဝန်ရှိတယ်။

ဖုန်းဆက်ပြီး နာရီအနည်းငယ်အတွင်း စူးရှ ရောက်လာသည်။ ခဲရောင်ရှပ်အကျီ ခပ်နွမ်းနွမ်းနှင့် ကချင်ပုဆိုး အကွက်ကျဲကျဲကလည်း အရောင် မွဲမွဲ။ နင် လုပ်နေရတဲ့ အလုပ်နဲ့ နင့်ရုပ်နဲ့ လိုက်ပါပေတယ် စူးရှရယ်..။ အိမ်ထဲသို့ ခေါင်းငိုက်စိုက်နှင့် ဝင်လာသော သူ့ကို 

“ မီးဖိုချောင် ရှင်းပေး..”

တစ်ခွန်းတည်းပြောကာ မီးဖိုချောင် ရှိရာသို့ မေးငေါ့ပြလိုက်၏။ စူးရှ ဘာမှ ပြန်မပြောဘဲ နောက်ဘက်သို့ တန်း ဝင်သွားသည်။ ဒီတစ်ကြိမ်တော့ ဖွေးလည်း အနားမှာပဲ ခပ်တည်တည် ကြည့်နေလိုက်၏။ ဘေစင်ထဲက ပန်းကန်များကို ဆေးကြောပြီး ထမင်းစားပွဲပေါ် လှည့်အတင်တွင်..

“ အာ.. တောက်..”

“ ဘာဖြစ်လို့လဲ ဖွေး..”

“ ဘာ ဖြစ်ရမလဲ.. ဒီမှာ ငါ့ခြေထောက် စိုသွားပြီ..”

ဆေးပြီးသားပန်းကန်များမှ ရေက ထမင်းစားပွဲတွင် ထိုင်နေသည့် မွှေးခြေထောက်ပေါ် ကျသွားခြင်းဖြစ်သည်။ ဘာမဟုတ်သည့် ကိစ္စလေးပေမယ့် သူ့မျက်နှာ မြင်လျှင်ကိုပင် အလိုလို ပေါ်လာနေသည့် အော်ချင်ငေါက်ချင်စိတ်က ထိန်းမရ။

“ စောတီးဖွေးရယ်.. မတော်တဆ..”

“ ဘာ စောတီးလည်း.. ဘာမတော်တဆလဲ.. နင် အလကားကောင် စောက်သုံးကို မကျဘူး..”

“ ……..”

“ လာ ပြန်သုတ်ပေး ငါ့ခြေထောက်ကို..”

“ အွန်…”

“ ဘာ အွန်လဲ..”

စူးရှ ဘာမှ ထပ်မပြောတော့ဘဲ စားပွဲပေါ်ရှိ တစ်ရှုးဗူးကို လက်လှမ်းလိုက်၏။ ဖွေးလည်း ထမင်းစားပွဲ ထိုင်ခုံတွင် ခြေထောက်ကို ချိတ်၍ ထိုင်လိုက်သည်။ ဒူးဖုံရုံသာရှည်သည့် အိမ်နေရင်းဂါဝန် အနီရောင်လေးက ဖြူဝင်းသော ပေါင်တံအလှကို တစ်စိတ်တစ်ဒေသ လှစ်ပြနေ၏။ ဖွေးနှုတ်မှ တစ်စုံတစ်ရာ ထပ်မပြောဖြစ်တော့။ စူးရှ တစ်ရှုးဗူးကို ကိုင်ကာ ကြမ်းပြင်တွင် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ 

ခြေချိတ်ထိုင်ထားသည့် ဖွေး ခြေထောက်က သူ့မျက်နှာနား အလိုလို ရောက်နေ၏။ ဖြူနုသော ခြေချောင်းလေးများက လှရက်နိုင်လွန်းသည်။ ခြေသည်းတွင် ပုံစံ ဆန်းဆန်းလေးများနှင့် အပွင့်ဖော်ကာ ဆေးဆိုးထား၏။ တုန်တုန်ရီရီဖြစ်နေသည့် စူးရှ လက်တို့က ခြေထောက်ကို မထိတထိ ဖြစ်နေသည်။ တိတ်ဆိတ်နေသည့် အခန်းထဲတွင် သူတို့နှစ်ဦးလုံး အသက်ရှု မြန်နေကြသည်။

“ သေချာ လုပ်လေ.. ဘယ်လို ဖြစ်နေလဲ..” 

ခြေဖျားကို ဆတ်ကနဲ လုပ်ရင်း ပြောလိုက်သည်။ ဖွေးကို မော့ကြည့်လိုက်သည့် စူးရှ မျက်လုံးတို့က ရီဝေဝေ။

“ လက်တစ်ဘက်က ငါ့ခြေထောက်ကို ကိုင်ပြီး သုတ်ပါလား.. နင်လုပ်နေပုံနဲ့ စိုသွားတဲ့ရေက ခြောက်မလား ဒီနေ့အဖို့..”

တကယ်တမ်း စိုသွားသည့်ရေက ဘယ်ဆီနေမှန်းပင် မသိတော့ပါ။ စူးရှ သက်ပြင်းတစ်ချက် ချလိုက်၏။ ခြေဖဝါးလှလှလေးကို မိမိလက်ဝါးပေါ် တယုတယ တင်လိုက်သည်။ ခြေဖမိုးနုနုလေးက နှင်းမှုန်ကလေးများ လိမ်းကြံထားသလို ဖွေးဥနေ၏။ သေသေချာချာ စိုက်ကြည့်မှ ယှက်ဖြာနေသည့် သွေးကြောလေးများက စိမ်းလဲ့နေသည်။ စူးရှတစ်ယောက် သတိလက်လွတ်ဖြင့် မရှိတော့သည့် ရေလေးတစ်စက်ကို အချိန်မည်မျှ ကြာအောင် သုတ်နေမိသည် မသိတော့။ဖွေး လည်ချောင်းတလျှောက် ခြောက်ကပ်ကပ်ဖြစ်လာသည်။ 

မိမိ ခြေထောက်ကို တယုတယ ကိုင်တွယ်ပေးနေသည်က မိမိနှင့် သက်တူရွယ်တူ ယောကျ်ားပျိုလေးတစ်ဦး။ လက်ချောင်း များကလည်း ရှည်ရှည်သွယ်သွယ်။ လက်ခုံပေါ်တွင် မွေးညင်းစိမ်းစိမ်းများနှင့် လက်သည်း များကိုလည်း တိရိသေသပ်စွာ ညှပ်ထား၏။ မိမိခြေဖဝါး အောက်မှ စူးရှ၏ လက်ဝါးပြင် နွေးနွေးက ကတီပါသားလို ချောမွေ့နေသည်။ ယောကျင်္ားတစ်ယောက် ဖြစ်နေပြီး သူ့လက်တွေက ဘာလို့များ သည်လောက် သန့်ပြန့် နူးညံ့နေရတာပါလိမ့်။ 

သူ့မှာ လက်ဗွေရာတောင် ပါရဲ့လား.. ငါ့ စိတ်ကပဲ ထင်နေတာများလား..။ မိမိခြေထောက်နှင့် သူ့ လက်ကြားထဲတွင် ခံနေသည့် တစ်ရှုးကို ဖွေး မလိုချင်တော့..။ ခုနေများ မိမိခြေဖမိုးလေးကို ပွတ်သပ်ပေးနေသည်က တစ်ရှုးစ မဟုတ်ပါဘဲ သူ့လက်ချောင်းလေးများနှင့် ဆိုပါလျှင်..။ ဖွေး အတိုင်းထက်အလွန်ပင် စိတ်လှုပ်ရှားလာမိသည်။ ကိုယ်တွင်းကလီစာများပင် တုန်ရီလာ၏။ 

အူလှိုက် အသည်းလှိုက် ဆိုသည်မှာ သည်ခံစားချက်မျိုး ဖြစ်မည်ထင်ပါသည်။ မိမိစိတ်၏ ဆာလောင်မှုက စောစောကလို အစာအိမ်ဆီမှ မဟုတ်တော့မှန်း ဖွေး သဘောပေါက်လာမိသည်။ ထို ဆာလောင်မှု၏ အခက်အခဲကို ဖြေရှင်းရန် အတွက် မောလျလျဖြစ်နေသည့် စိတ်ကို ငြိမ်အောင် ကြိုးစား ထိန်းရင်း ပြောလိုက်၏။

“ ရပ်တော့.. ”

“ ……..”

“ နင် စွတ်လုပ်နေတာ.. တစ်ရှုးမှုန်တွေ ငါ့ခြေထောက်ပေါ် ကပ်ကုန်ပြီ.. လက်နဲ့ ပွတ်ပြီး ဖယ်ပေး..”

လှိုင်းထနေသည့် အမိန့်စကား အဆုံးတွင် ညင်သာသည့် ထိတွေ့မှုကို ဖွေး ရလိုက်၏။ မိမိခြေဖမိုးကို ဖွဖွချင်း ပွတ်သပ်ပေးနေသည့် သူ့လက်တို့ အနည်းငယ်တုန်ရီနေမှန်း ဖွေး ကောင်းစွာ ခံစားမိနေသည်။ ကြမ်းပြင်ပေါ် ဒူးထောက်လျှက်နှင့် သူ့မျက်နှာက မိမိခြေထောက်နားမှာ။စူးရှရယ်.. ငါ့ စိတ်တွေ ဘယ်လိုဖြစ်နေမှန်း မသိတော့ဘူး.. လောဘ တက်လာတယ်ပဲ ပြောရမလား.. အခုနေ နင် ငါ့ ခြေဖမိုးလေးကို နမ်းလိုက်ရင် ဘယ်လိုများ နေမလဲ.. ငါ့ ခြေဖဝါးလေးကို နင့်ပါးနဲ့ ပွတ် ပွတ်ပြီးလေ.. ကြောင်ကလေးတွေလိုပေါ့ဟာ.. သိလား စူးရှ.. တစ်ခါလောက် ငါ ခံစားကြည့်ဖူးချင်တယ်.. 

နင့် မေးဖျားကို ငါ့ ခြေထောက်နဲ့ မထိတထိလေး ဆော့ပြီး.. နင့် ပါးတွေ လည်ပင်းတွေကို ငါ့ ခြေဖမိုးနဲ့ စိမ်ပြေနပြေ ပွတ်သပ်ပြီး.. နင် ရှုထုတ်လိုက်တဲ့ လေနွေးနွေး လေးတွေက ငါ့ခြေဖမိုးပေါ် ဖွဖွလေး ဖြတ်တိုက်ပြီး.. နင့်နှာတံ ချွန်ချွန်လေးကို ငါ့ ခြေမနဲ့ ညှပ်ပြီး.. နင့်နှုတ်ခမ်း ထူထူတွေက ငါ့ ခြေဖဝါးကို မထိတထိ ပွတ်ပြီး.. တစ်ချက်ချင်းနမ်း.. သိလား စူရှ.. နင် သူများရည်းစားကို နမ်းခဲ့တဲ့ နှုတ်ခမ်းတွေလေ.. အဲ့နှုတ်ခမ်းတွေက ငါ့ ခြေချောင်းလေးတွေ တစ်ချောင်းချင်းစီကို တစ်ချက်ချင်း.. မွ မွ ဆိုပြီး.. အိုးးး ငါ့ စိတ်ကူးထဲမှာ နင်က ငါ့အတွက် ပပ်ပီလေးပေါ့.. ငါ့ခြေထောက်တွေကို အငမ်းမရ နမ်းနေတဲ့ သနားစရာ ပပ်ပီလေးပေါ့ဟာ..။

.............................................................................................................


အပိုင်း ( ၅ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment