သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၃ )
Snow Flake ရေးသည်။
အခန်းထဲတွင် လူနှစ်ဦး၏ အသက်ရှုသံမှ လွဲ၍ တိတ်ဆိတ်နေ၏။ နံရံကပ် မှန်တင်ခုံ အစွန်းတွင် တင်ပါးမှေးတင်ကာ မှန်ချပ်ကိုမှီ၍ ခပ်လျှောလျှော ထိုင်နေသည့် ဖွေး။ အနက်ရောင် ပင်တီလေးတစ်ခုမှ လွဲ၍ သူမ ကိုယ်ပေါ်တွင် ဘာ အဝတ်အစားမှ ရှိမနေ။ မျက်လုံးတွင် အဝတ်စတစ်ခုနှင့် စီးနှောင်ခြင်းခံထားရသည့် စူးရှက မှန်တင်ခုံရှေ့ ကြမ်းပြင်တွင် ဒူးထောက်လျှက်။ သူ့မျက်နှာက ဒူးနှစ်ဘက်ထောင် ပေါင်ကားထားသည့် ဖွေး၏ ပိပိလေးနှင့် တည့်တည့် လက်သီးတစ်ဆုပ်ခန့် အကွာမှာ။
ခပ်ဖြေးဖြေး ဖွင့်ထားသည့် ပန်ကာလေက စူးရှ နှာခေါင်းတွင်းသို့ ပိပိလေး၏ ရနံ့ ကို မထိတထိ သယ်လာပေးနေသည်။ မိန်းကလေးတစ်ဦး၏ ဝတ်ရည်ရနံ့က အသွေးအသားတို့ကို လှုံ့ဆော် နေသော်လည်း သူ့ အခြေအနေက လှုပ်ရှားချင်တိုင်း လှုပ်ရှား၍ မရ။ နောက်ပြန်ကြိုး တုပ်ခံထားရသော လက်နှစ်ချောင်းတွင် လက်သီးကို ကျစ်နေအောင် ဆုပ်ထားရင်း ရမ္မက်ဇောတို့ကို တောင့်ခံနေရသည်။
မေးရိုးများ ကျိုးကြေမတတ် အံကျိတ်ထားကာ သခင်မ၏ အမိန့်ကို စောင့်နေရ၏။ ကျောပြင်ထက်မှ တဆစ်ဆစ် နာကျင်နေသည့် ကြာပွတ် အရှိုးရာများကလည်း သူ့သွေးတို့ကို ဆူဝေအောင် တွန်းပို့နေပြန်၏။
“ နင့်မျက်နှာကို ရှေ့ နဲနဲ တိုးလိုက်စမ်း စူးရှ..”
“ …..”
သူမ စကားအတိုင်း ရှေ့တိုးလိုက်ရာ မျက်နှာနှင့် ညီမလေး ဟပ်မိသွားသည်။ စောစောက နှာဝကို ကလိနေသည့် ရနံ့ကို အားပါးတရ ရှိုက်သွင်း လိုက်မိ၏။
ရွှမ်းးး..
ကျောပေါ်ကျလာသည့် ကျာပွတ်ဒဏ်ကြောင့် သူ တွန့်သွားမိသည်။
“ နင့်ကို ငါ နမ်းခိုင်းလို့လား စူးရှ.. နင်လိုကောင်နဲ့ ငါ့ ……. နဲ့ တန်လို့လား..”
“ ………..”
“ ငါ မေးနေတယ်လေ စူးရှ.. ”
“ မ မ တန်ပါဘူး..”
“ သခင်မလို့ ထည့်ပြောစမ်း.. ပြန်ပြော..”
“ မတန်ပါဘူး သခင်မ.”
“ အင်း.. ဒီလိုမှပေါ့.. ငါးခါတိတိပြော.. နင့် ပါးစပ်ကို ရှေ့တိုးကပ်ပြီး ပြော..”
သူမ ခိုင်းစေသည့် အတိုင်း စူးရှ ပြောပေးလိုက်သည်။ မိမိနှုတ်ခမ်းများနှင့် မထိတထိ ဖြစ်နေသည့် ပိပိလေးဆီမှ စွတ်စို ထိုင်းမှိုင်းသော ရနံ့ တစ်ခုကို မသိမသာ မြိုချနေရ၏။ ဖွေး အံကျိတ်ထားရသည်။ စူးရှ ပါးစပ်မှ စကားတစ်ခွန်းပြောလိုက်တိုင်း လှုပ်ခါသွားသည့် နှုတ်ခမ်းနှင့် တုန်ခါနေသည့် အသံလှိုင်းက မိမိ ညီမလေးကို လာ ရိုက်ခတ်နေသည်လေ။
ပေါင်နှစ်ချောင်းကလည်း အစွမ်းကုန် ကားထားသည် ဖြစ်ရာ ပွင့်ကားနေသည့် ပန်းကလေးထံမှ ယားကျိကျိ ဝေဒနာက ဖွေး စိတ်ကို ထိန်းရခက်စေတော့၏။ ခံစားချက်ဆီ စိတ်ရောက်နေမိ၍ စူးရှ ပြောတာ ငါးခါ ပြည့်သွားမှန်းပင် ရုတ်တရက် မသိလိုက်။ သူ့ အသံ တိတ်သွားမှ..
“ အွန်.. ပြည့်ပြီလား.. ငါးခါ..”
“ ပြည့်ပါပြီ သခင်မ..”
“ အွန်း နင်တော်တယ်.. ဆုချမယ်.. ဝိုင်သောက်ချင်လား စူးရှ.. အကောင်းစား စပျစ်ဝိုင် ချိုချိုလေး လေ.. သောက် ချင်လား..”
“ သောက်ချင်ပါတယ် သခင်မ..”
တကယ်က မသောက်ချင်လည်း သည်လိုပဲ ပြောရမည်သာ။ ဖွေး လက်တို့က ဘေးတွင် ချထားသည့် ဝိုင်ပုလင်းဆီ ရောက်သွားသည်။ ပုလင်းကို ဖွင့်ပြီး ခါးနဲနဲ ကော့ကာ အထိုင်ပြင်လိုက်၏။ စူးရှ မျက်နှာကတော့ ပိပိရှေ့မှာ မခွာရသေး။ သူမ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မပေးမချင်း သည်တိုင်းနေရမည် မဟုတ်ပါလား။ ဖွေး နှုတ်ခမ်းလေး ကိုက်လိုက်မိ၏။ တုန်ရီနေသည့် လက်ချောင်းလေးများကို ပင်တီ အတွင်း ထိုးသွင်းလိုက်သည်။ အိုးးး… သည်ကလေးမ ရှိုက်ကြီးတငင် ငိုချင်နေပြီပဲ။
လက်ကို ပြန်ထုတ်တော့ ကျိချွဲချွဲ အရည်တို့ ကပ်ပါလာ၏။ ဘာ လုပ်ရင် ကောင်းမလဲ။ ရင်တွေလည်း ပေါက်ထွက်မတတ် ခုန်လှပြီ။ လက်တွင်ပေနေသည့် ကြည်တုန်တုန် ဝတ်ရည် များကို စူးရှ ပါးပေါ် သုတ်ချလိုက်သည်။ စိတ်ထဲက တလှပ်လှပ် ပျော်ရွှင်မှုက ထိန်းသိမ်း မရနိုင်တော့။ ပင်တီလေးကို အသာဟကာ ဝိုင်ချိုတို့ လောင်းထည့်လိုက်၏။ အေး စိမ့်နေသော ဝိုင်ချိုတို့က ဖြဲဟထားသည့် တွင်းကလေးကို ဖြတ်သန်း စီးဆင်းသွားသည်။
အိုးးး.. သည် ခံစားချက်က ဘာနဲ့မှ မတူပါလား.. အင်းး ဟင်းးး…။
“ သောက်လေ စူးရှ.. အဲ့ဒါ နင့် အတွက် ငါပေးတဲ့ ဆု.. သောက် စမ်း.. စီးကျလာတဲ့ ဝိုင်တွေကို အားရပါးရ သောက်လိုက်စမ်း..”
စူးရှ ပထမတော့ တွန့်ဆုတ်ဆုတ် ဖြစ်နေ၏။ ကျောမှ ကြာပွတ်သံ တစ်ချက် ကြားလိုက်ရပြန်သည်။“သောက်ပါ ဆို.. သောက်စမ်း ငါ့ အမိန့်ကို နာခံလို့ နင့်ကို ဆုချတာ..”
“ ဆု မလိုချင်ရင် အပြစ်ပေးမှာနော်.. သောက်လိုက်..”
“ ဒါ အကောင်းစား ဝိုင် ဟဲ့.. အောက်ကို တစ်စက်ကျရင် နင့်ကိုငါ တစ်ချက်ရိုက်မှာ..”
“ သောက်.. တစ်စက်ကလေးမှ မကျအောင် သောက်.. အင်းး အ.. ရှီးးး..”
ဖွေးတစ်ယောက် ပါးစပ်မှ တလစပ် အမိန့်ပေးနေမိသည်။ အမိန့်သံများကတော့ ပြတ်သားခြင်းမရှိ လှိုင်းထ တုန်ရီနေ၏။ ဝိုင်ချိုများ လောင်းချနေသည့် လက်ကလည်း အရမ်းကို တုန်နေပြီ။ တဖြေးဖြေး စီးကျလာသော ဝိုင်များကို အငမ်းမရသောက်နေသည့် စူးရှ။ သူ့မျက်လုံးများက ပိတ်စည်းထား၍ မိမိကို မမြင်ရနိုင်။ ဝိုင်ကို ဖြေးဖြေးချင်း လောင်းချရင်း စိတ်လွတ်လက်လွတ် အရသာ ခံနေမိသည်။
အဝ လှပ်ထားသည့် ပိပိလေးအတွင်း ဖြတ်သန်းစီးကျနေသည့် အေးစက်စက် ဝိုင်ချိုရည်၏ အထိအတွေ့၊ ပူနွေးနေသည့် ပင့်သက်များ၊ တချက်ချက် ပိပိကို လာထိသည့် စူးရှ၏ နှုတ်ခမ်းများ။ ခံစားချက် ကောင်းလွန်း၍ ဝိုင်များ ကုန်သွားမှာပင် စိုးရိမ်မိသည်။စူးရှလည်း ဘာမှ မတွေးတော့နိုင်။ စီးကျလာသည်တွေက ဝိုင်ချိုတွေပဲလား သူမ၏ လှိုဏ်ခေါင်းအတွင်းမှ ပျားရည်ကြည်တွေလား။
ပိတ်ထားသော မျက်လုံးထဲ အပြာအဝါ အရောင်မျိုးစုံ လင်းထွက်နေသလို အတွင်းခံအောက်က ညီတော်မောင်လည်း ပေါက်ထွက်မတတ် ထူပူ လေးလံနေပြီ။ အစောက သူမ သုတ်လိမ်းလိုက်သည့် ပါးပေါ်မှ ဝတ်ရည်စက ပန်ကာလေ အဝှေ့တွင် အေးကနဲ အေးကနဲ ဖြစ်နေသေး၏။ နှာခေါင်းထဲတွင် အီ ချိုချို ရနံ့ပေါင်း စုံနေသည်။ သည်အရသာကို မက်မောစွာ အငမ်းမရ မြိုချနေစဉ် ဝိုင် များ ကုန်သွားတော့၏။
ဖွေး လက်ထဲမှ ပုလင်းကို ချလိုက်သည်။ သူမ ဘာများ ဆက်ပြီး အလိုရှိဦးမလဲ.. နောက်ထပ် ထွက်လာမည့် အမိန့်သံကို စောင့်ရင်း မိမိ နှုတ်ခမ်းပေါ်မှ ဝိုင်ချိုနှင့် ရောနေသည့် ချစ်ဝတ်ရည်တို့ကို လျှာနှင့် သပ်နေမိသည်။
“ စူးရှ.. နင့်.. နင့် ကြည့်ရတာ.. ဝိုင် သောက်လို့ မဝသေးဘူး ထင်တယ်.. ဟုတ်တယ် မှတ်လား စူးရှ.. ဟင်.. နင် ထပ်သောက်ချင်သေးတယ် မဟုတ်လား..”
“ ဟုတ် ဟုတ်တယ်..”
“ ဘာ ဟုတ်တယ်လဲ.. သောက်ချင်ပါသေးတယ် သခင်မ.. ကောင်းကောင်း ပြောစမ်း..”
“ ဟုတ်.. ဟုတ် ကဲ့.. သောက်ချင်ပါသေးတယ် သခင်မ..”
“ အင်း.. လာ နင့်မျက်နှာ ရှေ့တိုး.. ငါ့ ပင်တီမှာ စိုနေတဲ့ ဝိုင်တွေ လာ စုပ်ချေ လာ..”
စူးရှ စောတက မတက်တော့။ တွေဝေခြင်းလည်း မရှိတော့။ ကြာပွတ်ကို ကြောက်ခြင်း လုံးဝ မဟုတ်တာ သေချာနေ၏။ မျက်နှာကို ပိပိလေးဆီသို့ အနီး ဆုံး ဖိကပ်ကာ ပွင့်ဟနေသည့် တွင်းလေး၏ အလယ်တည့်တည့်မှ အားကုန် စုပ်ချလိုက်သည်။ တလွှာတည်းသော ချည်သား ပင်တီလေးအောက်မှ ညီမလေး အတိုင်းအဆမဲ့ လှုပ်ခါသွား၏။ ဖွေး စိတ်တို့လည်း ဇောင်းမှ လွှတ်သော မြင်းရိုင်းလို ကဆုန် ပေါက်ကုန်တော့၏။ နှုတ်ဖျားမှ ကစင့်ကလျား ထွက်လာသည်က အမိန့်စကားများလား.. တရှိုက်မက်မက် ညည်းတွားသံများလား.. နှစ်ဦးလုံး သတိအာရုံတို့ လွင့်ထွက် ကုန်ကြသည်။
“ အင်းးး.. ဟုတ်တယ်.. စုပ်.. ဖြေးဖြေးချင် စုပ်..”
“ တစ်စက်မှ မကျန်စေနဲ့နော်.. အင်းးး.. ရှီးး..”
“ စုပ်လေ.. စုပ်.. ပင်တီ လုံးဝ ခြောက်သွားတဲ့ထိ.. အင်းးး.. အ အ..”
“ စုပ် စူးရှ.. အား နဲနဲ ထည့်ပြီး… ဝိုင်.. အ.. ဝိုင်တွေ.. အင်းးး.. ငါ့ ပင်တီမှာ ကျန်နေတဲ့ ဝိုင်တွေ…”
“ အင်းးး.. နင် အရမ်း တော်တယ် စူးရှရယ်.. ဟုတ်တယ် အဲ့လို အဲ့လို..အား.. အား.. ဟူးးးး…”
ဖွေး ခါးလေးတွန့်လေး ကော့သွားသည်။ ထောင်ထားသည့် ဒူးများလည်း နေရာတကျ မဖြစ်ပဲ ယိမ်းယိုင် လှုပ်ရှားကုန်၏။ စူးရှ နှုတ်ခမ်းများက ပိပိလေး၏ တွင်းဝ တည့်တည့်မှ မခွာတော့။ အားရပါးရ စုပ်သွင်း မြိုချနေပုံက ပင်တီသာ ခံမနေလျှင် ပိပိတစ်ခုလုံးများ ကျွတ်ပါသွားလေမလား။ ခုပင်လျှင် အတွင်းမှ ကလီစာအစုံ လောင်မြိုက်သွားရပြီ။ ဖွေး ဆန္ဒတို့ အမြင့်ဆုံး ထိုးတက်သွားပြီး တငြိမ့်ငြိမ့် ပြန်ကျလာ၏။ ပင်တီတွင် စိုနေသော ဝိုင်များသာမက တွင်းထဲမှ ဝတ်ရည်များလည်း ထပ်ထွက်စရာ မရှိလောက်အောင် စုပ်ယူခြင်း ခံလိုက်ရပြီ။
“ ဟူးးး.. အင်း.. တော်ဘီ စူးရှ.. ရပ်လိုက်တော့..”
“ စူးရှ.. တော် တော့ လို့..”
“ အာ ငါ ပြောနေတယ်လေ.. စူးရှ.. နင် ထ စမ်း.. ခု ချက်ချင်း ထလိုက်စမ်း…”
“ စူးရှ.. ထ လို့ပြောနေတယ်လေ..”
“ စူးရှ.. ထ လို့ပြောနေတယ်လေ.. စူးရှ.. စူးရှ…”
ဖွေး သတိလက်လွတ်နှင့် အသံကုန် အော်လိုက်မိသည်။ စူးရှက မရပ်။ မရပ် သည့် အပြင် မိမိလက်မောင်းကို အတင်း ကိုင်လှုပ်နေသေးသည်။ သူ့လက်တွေ ဘယ်လို လွတ်သွားတာလဲ။ ချည်ထားတဲ့ ကြိုး ပြတ်ထွက် သွားတာလား။ ဘာ ဖြစ်တာလဲ.. ဘာ ဖြစ်သွားတာလဲ။
“ ဘာ ဖြစ်တာလဲ.. ဖွေး.. ဟဲ့.. ဖွေး.. ဖွေး.. ထ စမ်း.. ဘာဖြစ်တာလဲလို့..”
“ အင်.. ငါ လား.. ငါ .. ငါ ဖြစ်လို့လဲ မွှေး..”
“ အိပ်မက် မက်ပြီး အော်နေတာလေ.. စူးတာတွေကော ရှတာတွေကော.. ငါ စာကြည့်နေတာတောင် ဘယ်ရောက်သွားမှန်း မသိဘူး.. တကယ်ပဲ.. အလန့်တကြား..”
ပြောရင်းနှင့် စာကြည့်စားပွဲဆီ ပြန်ထသွားသော မွှေး။ ငါ အိပ်မက်မက်နေတာပဲ.. အိုးး.. အိပ်မက်ကလည်း ကြံကြံဖန်ဖန်။ ညနေစောင်းက တိတ်တိတ်လေး ခိုးကြည့်မိသည့် ရုပ်ရှင်ထဲမှ ပြကွက်တွေက ဖွေး အိပ်မက် ဖြစ်သွားတာပဲ။ ဟိ.. ဖွေး ဇက်ကလေး ပုပြီး တကိုယ်တည်း ကျိတ်ပြုံးမိသည်။ တကယ်များ အဲ့ဒီ အတိုင်းသာ ဆိုရင်တော့ စူးရှရယ်..။
မျက်လုံးထဲတွင် စားပွဲပေါ်မှ ရေခဲတုံးကို ကုန်း စုပ်လိုက်သည့် စူးရှ ပုံစံ ပြန်ပေါ်လာ၏။ အသည်းထဲ နွေးသွားသလို လက်မောင်းထက်တွင် ကြက်သီး မွှေးညင်းလေးများ ထောင်ထလာသည်။ ထိုစဉ် မရည်ရွယ်ပါပဲ သိလိုက်သည်က မိမိ ပေါင်ကြားမှ စိုစွတ်မှု.. ဟင့် အင်း ဒါ စိုစွတ်တာ မဟုတ်ဘူး.. ရွှဲရွှဲ စိုနေတာပဲ..။ အိုးး.. ဖြစ်မှဖြစ်ရလေ.. ကောင်းလိုက်တဲ့ အိပ်မက်ပါလား ကောင်စုတ်လေး စူးရှရေ။ ဒီအိပ်မက်မျိုး တကယ် ကြုံဖူးအောင် ငါ ဘယ်လို ဖန်တီးရပါ့မလဲ..။
............................................................................................
အခန်း ( ၇ )
“ ဆရာ.. အန်တီက ခေါက်ဆွဲ နည်းနည်းလောက် သွားထပ်ဝယ်ပါတဲ့.. အိမ်နီးချင်းတွေ ဝေဘို့တဲ့..”
သည်နေ့ ဆရာ့အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်သည်။ ဆရာကတော် ကိုယ်တိုင်ချက်သည့် ရွှေတောင်ခေါက်ဆွဲကို ဖွေးတို့ မိန်းကလေးတစ်သိုက် ပြင်ဆင်ကူညီကြ၏။ ဧည့်သည် အတော်များများ လာပြီးသွားသည့်တိုင် ဟင်းရည်များက ပိုနေသည်။ အန်တီက ခေါက်ဆွဲ ထပ်ဝယ်ပြီး ဖွေးတို့အဖွဲ့ အိမ်အထိ သယ်ရန်အပြင် အိမ်နီးချင်းများ အတွက် ဝေလိုက်မည်ဟု ဆုံးဖြတ်သည်။
“ အေးအေး.. ဟိုကောင် စူးရှကို လွှတ်လိုက်လေ.. ရော့ပိုက်ဆံ.. တခြားလိုတာရှိရင် တခါတည်း မှာလိုက်..”
စူးရှကို ခိုင်းရန်ပြောရင်း ပိုက်ဆံထုတ်ပေးပြီး ဆရာ လှည့်ထွက်သွား၏။ ဖွေး တစ်ယောက် ချက်ချင်းပင်..
“ ငါ သွားပြောလိုက်မယ် မာလာ.. ပေး အဲ့ ပိုက်ဆံ..”
“ ကောင်မနော်.. ငါ မသိရင်ခက်မယ်.. ဟွန်းး..”
မိမိအား မျက်စောင်းထိုး ပြောလိုက်သည့် မာလာ့ကို လျှာလေးထုတ်ကာ ပြောင်ပြလိုက်၏။ အိမ်နဘေးရှိ ကားဂိုဒေါင်သို့ ခပ်သွက်သွက် ဆင်းခဲ့သည်။ မီးဖိုချောင် ကျဉ်းသော အိမ်မို့ အလှူပွဲ အိုးကြီးချက်ရန် ကားဂိုဒေါင်ကိုပဲ မီးဖိုချောင် လုပ်ရသည်။ ကားဂိုဒေါင် အတွင်းဘက်တွင် (၁၀)ပေ ပတ်လည်ခန့် အခန်းလေး ကန့်ထား၏။ စူးရှ အခန်းဟု သိရကတည်းက ဖွေး စပ်စုကြည့်ချင်မိသည်။
မြုံစိစိ၊ မပွင့်တပွင့် ယောကျ်ားပျိုလေးတစ်ဦး၏ အိပ်ခန်းထဲတွင် ဘာတွေများရှိနေမလဲ..။ မနက်စောစောပိုင်း ဘုန်းကြီး ဆွမ်းကပ် အပြီး၊ ဧည့်သည်များ တဖွဲဖွဲ ရောက်လာကတည်းက ကိုရွှေစူးရှတစ်ယောက် ဟင်းရည်အိုး မီးထိုးရန်ဟု အကြောင်းပြကာ ကားဂိုဒေါင်ရှိ မုန့်ဟင်းရည် အိုးနားက မခွာတော့။ ရုပ်ကလေး သနားကမားနဲ့ တကယ့်ကို လူတော မတိုးတဲ့ကောင်။
“ စူးရှ.. ဟဲ့ အမလေး ဟင်းရည်အိုးထဲ ဘယ်သူ့မျက်နှာရှိလို့ ထိုင်ငေးနေတာတုန်းး..”
“ အင်.. ဘာလဲဟ.. မငေးပါဘူး.. ဟင်းရည်လိုက်ပွဲ လာယူတာလား ဖွေး..”
“ ဟုတ်ပါဘူး.. ဧည့်သည်က ကုန်သလောက် ရှိနေပြီ.. အရည်တွေပိုနေလို့ အိမ်နီးချင်းတွေ ဝေမယ်တဲ့.. အန်တီက..”
“ အော် အေးအေး.. ငါ ထည့်ပေးမယ်လေ.. ဘယ်မှာလဲ ချိုင့်တွေက..”
“ ဘယ်ဟာကို ထည့်မှာတုန်း..”
“ အာ.. နင်ပဲ အိမ်နီးချင်းတွေ လိုက်ဝေမလို့ဆို..”
“ အရည်ချည်းပဲ ဝေလို့ ရမလားဟဲ့ ငတုံးကောင်ရဲ့.. နင်ဟာလေ ဒူတဲ့နေရာမှာ နှစ်ယောက်မရှိဘူး တကယ်ပဲ..”
“ အွန်.. အဲဒီတော့..”
“ အင့် ဒီမှာ ပိုက်ဆံ.. ခေါက်ဆွဲ နှစ်ပိဿာ သွားဝယ်.. ငါးကိုးကျွတ်ကျွတ်အိတ် တစ်ပါကင်.. ဖော့ဗူးက အလုံး ၂၀ လောက် ဝယ်ခဲ့.. ချိုင့်နဲ့ဝေနေရင် သူတို့ပြန်ဆေးပေးတာ စောင့်ရပြုရနဲ့ ကြာနေမယ်.. နားလည်လား ငါပြောတာ..”
“ ငါးကိုးကျွတ်ကျွတ်အိတ် ဆိုတာက..”
“ ကုန်စုံဆိုင်မှာ အဲ့တိုင်း ပြောပြီးဝယ်လိုက်.. စျေးသည်က နင့်လောက်မတုံးဘူး… မရှိဘူးဆိုရင် နောက်တစ်ဆိုင် ပြောင်းဝယ်.. ဖော့ဗူးကော သိလား ဖော့ဗူး..”
“ အင်းပါ သိပါတယ်..”
“ တော်သေးတာပေါ့.. အာ့မှ မသိလည်း နင့်လိုလူမျိုး ပြတိုက် ပို့ရုံပဲရှိတော့တယ်..”ပြုံးစိစိနှင့် ထွက်သွားသော စူးရှနောက်ကျောကို ကြည့်ရင်း ဟိုအိပ်မက်ကို ပြန်မြင်ယောင်ကာ ကြက်သီးထလာမိသည်။ ခေါင်းငိုက်စိုက်ချကာ ထွက်သွားပုံကိုက အမြင်ကတ်စရာ။ တကယ်တမ်းပြောလျှင် သူ့ပုံစံ အရပ်အမောင်းနှင့် ရုပ်ရည်သွင်ပြင်က ကြည့်ကောင်းသည် ဆိုတာထက် ခန့်ငြားသပ်ရပ်သော လူရည်သန့်တစ်ဦးမှန်း သိသာလွန်းသည်။
သို့သော် သူ့မျက်လုံးများက အချိန်တိုင်း တစ်ခုခုကို ကျေကွဲနေသလိုလို။ ဆရာ့ တူ ဆိုတာတစ်ခုကလွဲပြီး သူ့ အကြောင်းမည်သူမျှ သိပ်မသိ။ သူကိုယ်တိုင်ကလည်း ပြောလေ့မရှိ။ သူ့မှာ ဘာအတိတ်တွေများ ရှိနေသလဲ။ လျှို့ဝှက်ချက် တစ်ခုခုများ.. ထို အတွေးက ခေါင်းထဲဝင်လာသည်နှင့် လူက ဖွင့်ထားသော သူ့ အခန်းဝသို့ ဖျတ်ကနဲ ရောက်သွားမိသည်။
အခန်းလေးက ကျဉ်းသော်လည်း သပ်သပ်ရပ်ရပ် ရှိ၏။ တစ်ယောက်အိပ် ကုတင်တစ်လုံးနှင့် စားပွဲ ကုလားထိုင်တစ်စုံ၊ ကုတင်ခြေရင်း အဝတ်စင်တွင် အကျီဘောင်းဘီများကို စနစ်တကျ ချိတ်လှန်းထားသည်။ ပုဆိုးလေးတွေက တန်းပေါ်မှာ ခေါက်လျက်လေးတွေ။ အောက်ဘက်တန်းမှာ အတွင်းခံတစ်ထည်။ သိသိသာသာကြီး ဖောင်းထနေသော အတွင်းခံဘောင်းဘီကိုမြင်လိုက်တော့ ဖွေး ချောင်း တစ်ချက် ဟန့်ပြီး တံတွေး မြိုချမိသည်။ အမျိုးသားတစ်ဦး၏ ဝတ်လက်စအတွင်းခံကို ပထမဆုံးမြင်ဖူးခြင်း မဟုတ်ပါလား။
ဟိ.. အဲ့သည် ဖောင်းထွက်နေတဲ့ နေရာက သူ့ ဟိုဒင်းကြောင့်ပေါ့.. ခိခိ.. အဲ့လို အရာကြီး ထင်ကျန်နေရ လောက်အောင် သူ့ဟာကြီးက.. အင်းလေ.. သူ့အရပ်က ခြောက်ပေနီးပါး.. ဘော်ဒီကလည်း ထွားထွားနဲ့ လူကသာ ကုပ်ချိချိဖြစ်နေပေမယ့်.. လူ့ဖလံလေးမှ မဟုတ်တာကိုး.. ဒီတော့ ဟိုဒင်းလည်း မသေးလောက်ဘူးပေါ့.. အိုးး.. ငါ ဘာတွေ လျှောက်တွေးနေပါလိမ့်.. ခက်ပါ့ နော်..။
ကိုယ့်အတွေးနှင့်ကိုယ် ရင်ဖိုရသဖြင့် မျက်နှာများပင် ရှိန်းမြမြ ဖြစ်လာသလိုလို။အခန်းထောင့် တစ်ဘက်တွင် မိုးကာသားလိုလို ပလတ်စတစ်စနှင့် လုပ်ထားသည့် အဝတ်ဘီဒိုလေး တစ်လုံးရှိသည်။ ဘီဒိုဘေးတွင် ဖိနပ် နှစ်ရံတင်ထားသော ဖိနပ်စင်သေးသေးလေး။ ယောကျင်္ားလေးဖြစ်ပြီး ဒီလောက် သပ်သပ်ရပ်ရပ် နေတတ်လွန်းတာတော့ လွန်တာပေါ့။ တကယ်တမ်း အဘိုးတန် ပစ္စည်းများနှင့် ပြည့်နေသော မိမိ အခန်းပင်လျှင် သည်အခန်း ပေါက်စနလေးလောက် သပ်သပ်ရပ်ရပ် မရှိ။
ဒီ ငအုံ့ပုန်းကောင်ကို ငါ့အခန်းခေါ်ရှင်းခိုင်းရ ကောင်းမလား ခိခိ..။ ဖွေး အတွေးနှင့် ပြုံးမိသွားသည်။ မျက်လုံးထဲတွင်လည်း ဝတ်လက်စ မလျှော်ရသေးသည့် အတွင်းခံဘောင်းဘီ တို့လို့တွဲလောင်းနှင့် မိမိ အခန်းတွင်းမှ အဝတ်စင်ကို မြင်ယောင်မိသွား၏။ ဘွားလေး အဆူအဆဲများ မကြားရမချင်း ရှင်းလေ့ မရှိသောမိမိ အခန်းလေ။ တခါတရံဆိုလျှင် ကုတင်ပေါ် အဝတ်အစားများ၊ စာအုပ်များနှင့် ပွစလောင်း လန်နေသဖြင့် အိပ်စရာနေရာပင်မရှိတတ်။ တညလုံးနီးပါး စာကျက်လေ့ရှိသော မွှေးအခန်းဘက်ကူးကာ ခပ်တည်တည်နှင့် သွားအိပ်လိုက်သည့် ညပေါင်းက တစ်ပတ်လျှင် သုံးလေးရက် မကချင်။
စာကြည့်စားပွဲ သေးသေးလေးပေါ် အကြည့်ရောက်သွားတော့ သပ်သပ်ရပ်ရပ် တင်ထားသည့် စာအုပ်အတော်များများ နှင့် စားပွဲအောက်တွင် သော့ခတ်ထားသည့် အံဆွဲလေးတစ်ခု။ ပိုက်ဆံတွေ ဘာတွေ ထားတာ နေမှာပေါ့လေ.. ပလတ်စတစ်ဘီဒိုဆိုတာက လုံတာမှ မဟုတ်ဘဲ။ နံရံပေါ်ရှိ သံချောင်းလေးတွင် သော့တွဲတစ်ခုနှင့် မှန်တစ်ချပ် ချိတ်ထားသည်။ ဒီကောင် မှန်တော့ ကြည့်တတ်သားပဲ.. အင်းလေ သူလည်း လူချောတစ်ယောက်မှန်း သူ့ကိုယ်သူတော့ သိမှာပေါ့။ သေသေချာချာ ကြည့်လိုက်မှ သော့တွဲလေးက အခန်းသော့ မဟုတ်လောက်ဟု သူမ ထင်လိုက်မိသည်။
ဒါ စားပွဲအံဆွဲကသော့ပဲ.. ငါ ဖွင့်ကြည့်ရင် ကောင်းမလား.. ရောက်တုန်း ရောက်ခိုက်လေ.. ဒီကောင် ဘာတွေများ ဖွက်ထားမလဲ.. သူများ အခန်းထဲဝင်ပြီး သော့ခိုးဖွင့်တာ ကောင်းပါ့မလား.. အို ဘာဖြစ်လဲ.. ငါက ကြည့်ရုံပဲ ကြည့်မှာ သူ့ပစ္စည်း ခိုးမှာမှ မဟုတ်ဘဲ..။ အတွေး မဆုံးခင်လက်က အံဆွဲကို ဖွင့်ပြီးနှင့်နေပြီ။အံဆွဲထဲတွင် ရှိနေသည်က ဖွေးထင်ထားသလို ပိုက်ဆံအိတ်တွေ အဘိုးတန် ပစ္စည်းတွေ ဘာတစ်ခုမှ မဟုတ်။ သားရေအဖုံး အနက်ရောင်စာအုပ်လေး တစ်အုပ်တည်း။ အိုးး ဒီစာအုပ်လေး တစ်အုပ်ကို သော့ခတ် ထားတယ် ဆိုတော့ကာ..။ စိတ်လှုပ်ရှားမှုကြောင့် လက်ချောင်းလေးများပင် အေးစက်စက် ဖြစ်လာသလိုလိုပင်။
စာအုပ်လေးကို ကောက်ကိုင်လိုက်မိပြီ။ နူးညံ့သော သားရေလိုလို ကတီပါလိုလို အဖုံးကြောင့် စာအုပ်တန်ဘိုး မသေးလှကြောင်း ဖွေး သတိထားမိလိုက်၏။ အကောင်းစား စာအုပ်မို့ အံဆွဲထဲ သော့ခတ် သိမ်းထားတာလား.. ဒါဆိုရင်တော့ ဒီကောင် တကယ့် ငကြောင်ပဲ.. ဦးဏှောက်က ကျပ်မှ ပြည့်ရဲ့လား.. စိတ္တဇ ဝေဒနာ တစ်ခုခုများ ရှိနေတာလား.. ခိခိ။စပ်စပ်စုစုနှင့် စာအုပ်လေးကို ဖွင့်ဖတ်လိုက်ရာ..
“ ပြန်မတွေးချင်သော နေ့ရက်များ အကြောင်း..”
ပထမဆုံး စာမျက်နှာတွင် ရေးထားသည့်စာကို ဖတ်ပြီး ဖွေး ရင်ထဲတွင် တလှပ်လှပ် ဖြစ်လာသည်။ တကယ်ပဲ သူ့မှာ အတိတ်ဆိုးတစ်ခုခု ရှိခဲ့တာပဲ.. ငါ ထင်တာ မမှားဘူးပဲ.. အိုးး တော်လိုက်တဲ့ ငါ.. အမလေး.. ရင်တွေခုန်လိုက်တာ.. စူးရှ နင်ဘယ်သူလဲ.. ဘာတွေ ဖြစ်ခဲ့လဲ.. ငါ သိချင်သွားပြီ.. တအား တအား သိချင်သွားပြီ ကောင်စုတ်လေးရေ..။ စာရွက် သုံးလေးရွက်ခန့်ကို ခပ်သွက်သွက် ကျော်လှန်ပြီး ဖတ်ကြည့်လိုက်သည်။
“ မဖြစ်သင့်ဘူးပဲ.. မြတ်က ငါ့ အချစ်ဆုံး သူငယ်ချင်းရဲ့ ချစ်သူ.. ”
အိုးး.. တကယ့်ကို စိတ်ဝင်စားစရာပါလား..။ နောက်ထပ် နှစ်ရွက် သုံးရွက်…
“ ငါ့ စိတ်တွေ ထိန်းလို့ မရတော့ဘူး မြတ်.. တတ်နိုင်ရင် နင် ငါနဲ့ ဒီလို ပွတ်သီးပွတ်သပ် မနေ စမ်းပါနဲ့ဟာ.. ကြာလာရင် မကောင်းဘူး..”
သည်လိုနှင့် နောက်ဆုံး၏ ရှေ့စာမျက်နှာ..
“ ဒီကိစ္စကို ဟိုကောင် ဟိန်းဇော် သိသွားရင်..”
အောက်ဘက်နားမှာ ခပ်စောင်းစောင်း လက်ရေးများနှင့်
“ တကယ်ပဲ ဒီကိုယ်ဝန်က ငါနဲ့ ပတ်သက် နေတာလား.. ငါ့ကလေးက သူများကို အဖေခေါ်ရတော့မှာလား.. ငါ ဘာလုပ်သင့်လဲ မြတ်… ငါ့ကြောင့် ထူထောင်ကာစ နင်တို့ အိမ်ထောင်ရေး ထိခိုက်သွားမှာလည်း ငါ မဖြစ်စေချင်…”
တံတွေးတစ်ချက် မြိုချရင်း စာအုပ်လေးကို ပိတ်ကာ အကျီအောက်ထဲ ထည့်ဖွက်၊ အိမ်ပေါ် အပြေးတက်၊ ပါလာသည့် အိတ်၏ အတွင်းဆုံး ဇစ်ပိတ်အကန့်ထဲ မရမက ထိုးထည့် လိုက်တော့သည်။ လက်များက တဆတ်ဆတ် တုန်နေသလို ရင်ဘတ်တစ်ခုလုံးလည်း သံစုံမြည်နေတော့၏။
ဖားဖိုကြီးလို နိမ့်လိုက် မြင့်လိုက် ဖြစ်နေသော ရင်ဘတ်ကို လက်နှစ်ဘက်နှင့် အသာဖိရင်း.. စူးရှရေ.. ဘာရယ် မဟုတ်ပါဘူးဟာ.. ဇာတ်လမ်းလေး တစ်ပုဒ်ကို ပီပီပြင်ပြင် သိခွင့်ရဘို့ လိုပြီထင်လို့ပါ.. ဒါပေမယ့် နင် စိတ်ချပါဟ.. နင့် ပါစင်နယ်က ငါ့ပါစင်နယ် ဖြစ်စေရပါ့မယ်.. တစ်ခုပဲ.. မနက်ဖြန်မနက်ဆိုရင် နင့် အကြောင်း ငါ အကုန်သိသွားတော့မှာ ဆိုတော့.. နင် ငါ့ကို အခု ထက်ပိုပြီး အရေးတယူ.. အင်းး အရေးတယူ ဆိုတာထက်ပိုသင့်တာပေါ့.. တရိုတသေ.. ဟုတ်တယ်.. တရိုတသေ ဆက်ဆံဘို့ ပြင်ထား..။ အိုးး.. မောလိုက်တာ.. နင့်ကြောင့် ငါ့မှာ အမောတကော ဖြစ်ရပြီ.. အဲ့အတွက် ငါ့ကို တခုခု ပြန်ရော်ပေးဘို့ အသင့်ပြင်ထားပေတော့ စူးရှ ဆိုတဲ့ ကောင်စုတ်လေးရေ..။
...............................................................................................................
အခန်း ( ၈ )
ဖွေးတစ်ယောက် ဖုန်းမှ နာရီနိုးစက် မမြည်ခင် အိပ်ရာနိုးနေခဲ့သည်။ ဆရာ့အိမ် အလှူ ပြီးကတည်းက ကျူရှင်ရက် မဟုတ်သေးသဖြင့် စူးရှနှင့် မဆုံမိသေး။ သည်ရက်အတွင်း စူးရှ ထံမှ ဖုန်း သော်လည်းကောင်း လူကိုယ်တိုင်သော်လည်းကောင်း ရောက်ချလာမည်လားဟု တွေးရင်း လူက ညလည်း အိပ်မပျော်၊ မိုးမလင်းခင် အိပ်ရာနိုး နှင့် မျက်တွင်းများပင် ညိုလုလု ဖြစ်နေပြီ။
ကြည့်ရတာ သူ့စာအုပ်ပျောက်နေတာ သည် ငတုံးကောင် သိပုံ မရသေး။ ထိုနေ့က လူက ကတုန်ကရီနှင့် အံဆွဲကို ပြန်တော့ ပိတ်လိုက်မိတာ သေချာသည်။ သို့သော် သော့တွဲလေးကို နံရံမှ သံချက်တွင် ပြန်ချိတ်မိသည်လား မချိတ်မိလိုက်ဘူးလား.. သိပ်မသေချာ။ ခိုးလာခဲ့သော စာအုပ်အတွင်းမှ စူးရှ၏ ဇာတ်လမ်းကိုတော့ ဖွေး အလွတ်ရနေပြီ။ ဒိုင်ယာရီ ဟု ဆိုရမည်ထက် သည်ဖြစ်ရပ်တစ်ခုတည်းကိုသာ အသေးစိတ် ရေးဖွဲ့ထားခြင်းမို့ ဇာတ်လမ်း ၀တ္ထုတစ်ပုဒ်နှင့်ပင် တူနေသေးတော့၏။
ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားမှုကတော့ မလျော့။ မိမိ စမ်းသပ်လိုသော ကိစ္စ အချို့အတွက် သည်စာအုပ်လေးသည် စူးရှ၏ ဖြစ်ရပ်မှန် ဖြစ်ပါစေဟုသာ မတရားသဖြင့် ဆုတောင်းနေမိသည်။ကျူရှင်ရှိရာ တိုက်အောက် ရောက်တော့ ထုံးစံ အတိုင်း ရောက်နှင့်နေသူက စူးရှ။ ကားပေါ်မှ ဆင်းလိုက်ပြီး သူ့မျက်နှာကို မသိမသာ အကဲ ခတ်လိုက်၏။ အရင်လိုပဲ မိမိကို ပြုံးစိစိ တစ်ချက်ကြည့်ကာ လက်ထဲမှဖိုင်ကို လှမ်းယူသည်။ သေချာတယ်.. သူ မသိသေးဘူး.. ဒါဆို ငါ စဉ်းစားထားတဲ့အတိုင်း ဆက်လုပ်ရမှာပေါ့.. အမလေး.. သူများကို အနိုင်ကျင့်ဘို့က ထင်သလောက် မလွယ်ဘူးပဲ.. မောပါ့..။
စာအုပ်တွင် ရေးထားသည့် ရက်စွဲ အရဆိုပါလျှင် သည်ဖြစ်ရပ်က ကာလ အတန် ကြာနေပြီ။ အကယ်၍ သူ့အကြောင်း အမှန်သာ ဆိုလျှင် တကယ်ပဲ ပြန်မတွေးချင်သော အတိတ်တစ်ခုကို စာအုပ်အား ရင်ဖွင့်ထားခြင်း သက်သက်သာဖြစ်မည်။ သူကိုယ်တိုင်လည်း ရေးပြီးနောက် ပြန်ကြည့်ပုံ မပေါ်။
နေ့စဉ် မှတ်တမ်း သာဆိုလျှင် ခုလောက်ရှိ ပျောက်နေမှန်း သိလောက်ပြီပေါ့။ အခု သူ့ပုံစံက ခါတိုင်းလိုပင်မို့ သည်စာအုပ် အကြောင်း မိမိက အရင် ဖွင့်ပြောရတော့မည်မှာ သေချာ သွား၏။ သုံးရက်လုံးလုံး အိပ်ပျက်ခံ စဉ်းစားခဲ့ရသော နည်းများ အနက်မှ တစ်ခုကို ဖွေး ရွေးရတော့မည်။ အရင်ဆုံး လုပ်ရမှာက သည်စာအုပ်ထဲမှ ဇာတ်လမ်းသည် သူ့ဖြစ်ရပ်မှန် ဟုတ် မဟုတ် စူးစမ်းဘို့။
“ မာလာ ရောက်ပြီလား စူးရှ..”
“ အွန်း.. ကော်ဖီဆိုင်မှာ စောင့်နေတယ်..”
“ နင်ကော ဘာစားပြီးပြီလဲ..”
“ နိုး..”
အမှန်တော့ သည်နေ့အဖို့ ပြောသင့်သည့်စကားက နှစ်ယောက်တည်းဆို ပို အဆင်ပြေမည်ဟု အစောပိုင်းက တွေးခဲ့သော်လည်း ကျူရှင်ချိန် မတိုင်မီ တစ်ခုခု စားနေကျမို့ အကျင့်ပါနေသော ခြေလှမ်းတို့က ထိုင်နေကျ ဆိုင်လေးဆီ အလိုလို ရောက်သွားတော့၏။ ဒုက္ခပဲ.. တကယ် ပြောရမှာက ငါ သည်နေ့ ဘာမှ မစားချင်ဘူး.. နင့်ကို အေးအေး ဆေးဆေး ပြောစရာ ရှိတယ် စူးရှ.. ဆိုပြီး နှစ်ယောက်တည်း စကားပြောဘို့ ဖန်တီးရမှာလေ.. စ လာ ကတည်းက လွဲပြီ..။
တွေးရင်းနှင့် နှစ်ဦးသားက မာလာ ရှိရာ စားပွဲသို့ပင် ရောက်နေပြီ။ ဖွေး စိတ်တို့က လူနှင့် မကပ်တော့။ ကြိုတွေးထားသလို ဘာလို့မလုပ်မိပါလိမ့်နော်.. ကိုယ့်ဘာသာ အသည်းယားလျှက်ကပင် ခုံတွင် ဝင်ထိုင်လိုက်၏။
“ ဘာဖြစ်လာပြန်တုန်း မိဖွေး.. ဒီနေ့ နင့် စူးရှ ဘာမှ စားမထားပါဘူးဟ.. ခိခိ..”
“ အောင်မာ.. ငါက ဘာပြောနေလို့တုန်း.. မိမာနော်.. နင် နာမယ်.. ဟွန်းး..”
“ သိဘူးလေ.. နင့် မျက်နှာက မှုံတေတေ ဖြစ်နေလို့.. ကောက်လာ ပြန်ပလားလို့ပါဟယ်..”
“ မှုံတေတေ ဖြစ်နေတာ မဟုတ်ဘူး မာလာ.. ငါ့စိတ်ထင်တော့ သူ လမ်းလျှောက်ရင်း အိပ်ပျော်နေတာ..”
“ ဘာပြောတယ် စူးရှ.. မသာကောင်.. ငါ့များ လမ်းလျှောက်ရင်း အိပ်သလေးဘာလေးနဲ့.. နင်သာ ဘယ်နေ့ မြေပြိုကျမလဲ တွေး ကြောက်နေတဲ့ကောင်..”
“ ဟောတော့်.. အသားလွတ်ကြီး ကိုက်နေ ဖဲ့နေကြပါလား.. ခိခိ..”
တကယ်တမ်း မိမိက သူ့ကို ဘယ်က ဘယ်လို စပြီး အကျပ်ကိုင်ရမလဲ တွေးနေသော်လည်း သူက မိမိ အမူအရာ ခါတိုင်းနှင့် မတူတာကို ရိပ်မိနှင့်နေပြီ။ ဖွေး အနည်းငယ် ဒေါသ ထွက်သွားမိ၏။ လူပုံစံကသာ မကြည့်ရဲသလို ကြည့်ရဲသလို ကုပ်ချိချိ ခိုးကြောင်ခိုးဝှက်ကောင်က ငါ့ စိတ် ကို ခဏလေးနဲ့ မြင်နေတာများ မုန်းဘို့ကောင်းလိုက်တာ။
သောက်နေကျ ကော်ဖီအေး တစ်ခွက် မှာပြီးချိန်ထိ ဖွေးတစ်ယောက် ဘာပြောရမှန်း မသိသေး။ စကားလုံးရွေးရင်း စိတ်ထဲ အိုက်စပ်စပ် ဖြစ်လာလိုက်သည်မှာ နှုတ်ခမ်းထက်နားဆီမှ ချွေးစို့သလိုပင် ခံစားလာမိသည်။ မောင်မင်းကြီးသားက ထုံးစံ အတိုင်း မိမိ ဖိုင်အိတ်ကလေး ပေါင်ပေါ်တင်ကာ ဆိုင်အပြင်ဘက်သို့ ခပ်ငေးငေး ထိုင်နေ၏။ စာအုပ် အကြောင်း စကားစရန် သုံးရက်လုံးလုံး ရွေးခဲ့သည့် စိတ်ကူးများကို ပြန်စီကြည့်လိုက်သည်။ ထို အချိန်တွင် မာလာက…
“ ရှေ့လထဲ နင့်မွေးနေ့နော် ဖွေး.. သည်နှစ်ကော အိမ်မှာပဲလား..”
“ အော် အေး အဲ့ဒါပြောမလို့ဟ.. သည်နှစ် မွှေး စေ့စပ်မယ်လေ အဲ့နေ့..”
“ အော.. ဒါဆို ထုံးစံထက် ပို စည်ပြီပေါ့..”
“ ဟုတ်ပါ့ တော်.. မေမေနဲ့ ဘွားလေးလည်း အထူးစီစဉ်တွေ လုပ်နေရလို့ ငါ့ တောင် ဆူဘို့ ဆဲဘို့ မအားနိုင်ရှာ ဖြစ်နေလေရဲ့.. သိတယ် မဟုတ်လား သားမက် အကောင်းစားကြီးဆိုတော့..”
စကားဝိုင်းက ခေါင်းစဉ် အလိုလို လွဲသွားတော့၏။ တကယ်လည်း မွှေးနှင့် စေ့စပ်မည့် ကိုကောင်းမြတ်က မိဘမျိုးရိုးစဉ်ဆက် ငွေးကြေးပြည့်စုံသည့်အပြင် သူကိုယ်တိုင်ကလည်း ဆေးကျောင်းတွင် အတော်ဆုံးကျောင်းသား ဆရာဝန်လောင်းတစ်ဦး။ အနေတည်သည်။ ဥပဓိရုပ်မှာလည်း သန့်သည် ဆိုတာထက် သူ့အနေအထား သူ့အဆင့်က ရုပ်သွင်တွင် ပေါ်လွင် ထင်ရှားသည်ဟု ဆိုရမည်။
မိမိစိတ်ကပဲ ထင်နေသည်လားတော့ မပြောတတ်၊ ထို ကောင်းမြတ်ဆိုသော မွှေး၏ ခင်ပွန်းလောင်းထံတွင် အရှိန်အဝါ တစ်ခုခု ရှိနေသလို ခံစားမိသည်တော့ အမှန်ပင်။ မိမိရှေ့မှ ကုပ်ချိချိကောင်နှင့် တခြားစီပေါ့လေ။ သည်လို ယှဉ်တွေးမိမှပဲ ဟိုကိစ္စက အတွေးထဲ ပြန်ရောက်လာ၏။
“ ငါ ဘာလက်ဆောင် ပေးရမလဲ ဖွေး..”
“ အွန်.. ဘာကိုလဲ.. စေ့စပ်တာ လက်ဆောင်ပေးစရာ လိုလို့လား.. လိုတယ်ပဲ ထားပါတော့ နင်က ဘာဆိုင်လို့ လက်ဆောင်ပေးချင်ရတာလဲ စူးရှ..”
“ ငါ မေးတာက နင့်ကိုလေ ဖွေးရယ်.. နင့်အတွက် မွေးနေ့ လက်ဆောင်.. ငါ ဘာပေးရမလဲလို့ ပြောတာပါဟ.. နင်လည်း ငါ့ကို ဒေါကန်ဘို့များ လူဖြစ်လာသလား ဖွေးရယ်..”
ဟုတ်တယ် စူးရှရေ.. ငါ လူဖြစ်လာတာ နင့်ကို ဒေါကန်ဘို့၊ အဲ.. ဒေါကန်ဘို့ ဆိုတာထက် နင့်ကို အနိုင်ကျင့်ဘို့ နှိပ်စက်ဘို့ သိပလား..။
“ ငါ ဘာ တောင်းတောင်း ပေးမှာလား..”
“ ငါ ပေးနိုင်တာ ဆိုရင်ပေါ့ဟ.. ပြောကြည့်ပေါ့..” “ဒိုင်ယာရီ စာအုပ်..”တကယ်တမ်း သည်ကိစ္စကို ပြောဘို့ စိတ်ကူးလာခဲ့သည့် နည်းလမ်းများတွင် သည်ပုံစံ လုံးဝ မပါ ပါ။ မည်သို့မည်ပုံဖြင့် သည်နေရာ သည်စကားဆီ ရောက်လာမှန်း ဖွေး ကိုယ်တိုင်လည်း မတွေးတတ်တော့ချေ။ သို့သော် မိမိ လိုရင်း ရောက်အောင်တော့ ဖွေး ပြောတော့မည် ဖြစ်သည်။
စူးရှ မျက်လုံးများတွင် ဒိုင်ယာရီ စာအုပ် ဟူသော စကားနှင့် ပတ်သက်၍ မည်သည့် အရိပ်အယောင်မျှ ရှိမနေသေး။ ဖွေးတစ်ယောက်ကတော့ဖြင့် ဘယ်နှကြိမ်မြောက်မှန်း မသိသည့် တံတွေးကို ထပ် မြိုချလိုက်ရသည်။ ခပ်ခြောက်ခြောက် ဖြစ်လာသော လည်ချောင်းကို ချောင်းတစ်ချက် ဟန့်ရင်း ရှင်းလိုက်၏။ ကော်ဖီ တစ်ငုံလောက် သောက်ရန် ကော်ဖီခွက်ဆီ လှမ်းလိုက်သော မိမိ လက်တို့ အေးစက်စက် ဖြစ်နေမှန်း မိမိဘာသာ သတိထားမိလိုက်သည်။
“ အမယ်.. နင်က ဘာအကြောင်းတွေများ စာစီမလို့တုန်း မိဖွေးရဲ့.. ဒီလိုလုပ်လေ.. စူးရှက စာအုပ်ပေးရင် ငါက ဘောပင် ပေးမယ်.. ၂၀၀ တန် ဘောပင်.. ခိခိ..”
“ စာစီမလို့ ဆိုတာထက် မှတ်တမ်းရေးချင်လို့ မိမာရဲ့.. နေ့စဉ်မှတ်တမ်းတော့ မဟုတ်ပါဘူးဟာ..”
“ အွန်း.. မိန့်စမ်းပါဦးတော်.. နေ့စဉ်မှတ်တမ်း မဟုတ်ဘူးဆိုတော့ ဘယ်လို မှတ်တမ်းမျိုးပါလိမ့်..”
“ ငါ့ ဘဝရဲ့ ပြန်မတွေးချင်တော့သော နေ့ရက်များ အကြောင်း လေ..”
သည်လို ပြောလိုက်တော့လည်း လွယ်သားပဲ။ စူးရှ မျက်နှာကို စက္ကန့် မလပ်အကဲခတ်ရင်း ခပ်အေးအေးပဲ ပြောချလိုက်သည်။ ကြောက်နေရအောင် မဟုတ်တာ လုပ်ထားတာက မိမိမှ မဟုတ်ဘဲလေ။ အပြစ်ကျူးလွန်ဖူးသူကို အပြစ်ပေးမည့် သူတစ်ဦးအနေနှင့် စကားလေး စ ရန်ပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသော မိမိကိုယ်ကို နဲနဲတော့ စိတ်ပျက်မိသည်။
ဖွေး စကားဆုံးသွားသည်နှင့် ခပ်ကုပ်ကုပ် ထိုင်နေသော စူးရှ ခန္ဓာကိုယ်က မတ်ကနဲ ဖြစ်သွားသည်။ ရုတ်တရက် ခတ်လိုက်သည့် မျက်တောင်တစ်ချက်ကိုလည်း ဖွေး မြင်ဖြစ်အောင် မြင်လိုက်၏။ အိုး.. ရင်ခုန်လိုက်တာနော်.. သူများ အားနည်းချက်ကို တူးဆွရတာ သည်လောက် ပျော်ဘို့ကောင်းမှန်း ခုမှ သိရတာ နာလေချင်း။ ဖွေး စိတ်ထဲတွင် စောစောကထက် ပိုင်ပိုင်နိုင်နိုင် ဖြစ်လာ၏။ သည်ကောင် တခုခုတော့ တခုခုပဲ..။
“ ဟဲ့.. စူးရှ.. ပေးမှာလား ငါလိုချင်တဲ့ လက်ဆောင်..”
“ ဟမ်.. အင်း.. အေးပါ.. ငါ ပေးမှာပေါ့..”
“ အနက်ရောင်နော်..”
“ ဘာ..”
“ ဒိုင်ယာရီ စာအုပ်ပါ ဆိုနေမှ.. အနက်ရောင်လို့.. ငါလိုချင်တာ အနက်ရောင်..”
“ အေးပါ..”
“ အဖုံးက ကတ္တီပါ သားနဲ့နော်..”
“ ………”
“ ပြီးရင် ရှေ့ဆုံး စာမျက်နှာမှာ နင့် လက်ရေးနဲ့ ရေးပေးရမယ်..”
“ ……….”
“ ပြန်မတွေးချင်သော နေ့ရက်များ အကြောင်း ဆိုပြီးလေ.. သိလား..”
“ ဖွေး.. နင်..”
အလန့်တကြား ရေရွတ်ရင်း ရုတ်တရက်ကြီး ထ ရပ်လိုက်သော စူးရှကို ခပ်မော့ကြည့်နေလိုက်၏။ ပေါင်ပေါ်တင်ထားသည့် မိမိလက်တစ်ဘက်ကတော့ အကျီအောက်နားကို ကျစ်နေအောင် ဆုပ်ကိုင် ထားမိသည်။ စားပွဲပေါ်မှ လက်ကိုလည်း တဆတ်ဆတ် တုန်မနေစေရန် လက်သီး ဆုပ်ထားရ၏။
ခပ်တည်တည် မျက်နှာထားဖြစ်ဘို့ အံသွားတို့ကို ဖိ ကျိတ်ထားရသဖြင့် မေးရိုးများပင် ကျိန်းလာတော့သည်။ သေချာပြီ.. ဒါ သူ့ရဲ့ ဖြစ်ရပ်မှန် ဆိုတာ လုံးဝ သေချာသွားပြီ။ အတိတ်ဟောင်းကို တူးဆွ ခံရသည့် ကာယကံရှင်ကတော့ဖြင့် မည်သို့နေမည် မသိ။ ပြဿနာရှာရမည့် မိမိက အတော်လေး ပင်ပန်းလှသည်တော့ အမှန်ပင်။
“ ငါ သွားနှင့်တော့မယ်..”
“ အွန်း..”
ပြောပြီး ထွက်သွားလိုက်သည်မှာ လှစ်ကနဲပင်။ လက်ထဲတွင်တော့ မိမိ ဖိုင်အိတ်လေး ကိုင်သွားရှာသေး၏။
“ ဟဲ့.. ဒီကောင် ဘာဖြစ်သွားတာလဲဟေ..”
စူးရှ မူပျက်သွားသည်ကို မာလာလည်း ရိပ်မိသည်ပဲ။
“ ငါ တောင်းတဲ့ စာအုပ်က နဲနဲ စျေးကြီးမယ်လေဟယ်.. သူ့မှာ အခက်ခဲရှိလို့ နင့်ရှေ့ ငြင်းရမှာလည်း ရှက်လို့နေမှာပေါ့.. ငါ တမင် နောက်တာပါ.. နင် အစ သွားထပ်မဖော်နဲ့နော် မိမာ.. ငါ့မွေးနေ့အကြောင်း သူ့ရှေ့ ထပ်မပြောမိစေနဲ့ သိလား..”
“ အေးပါ.. ငါ နားလည်ပါတယ်.. နင်ကလည်း ရှေ့မကြည့်နောက်မကြည့် ဖွေးရယ်.. အနိုင်ကျင့်လို့ ရတိုင်း မနိုင်စားချင်စမ်းပါနဲ့.. ”
“ ငါက နောက်တာပါဟ.. သည်လောက်ကြီး မရည်ရွယ်ပါဘူး.. နင် ဘာမှ သွားထပ်မပြောနဲ့နော် မိမာ.. ငါ့ကို ကတိပေး..”
“ ပြောစရာလား.. တဘက်သားရှက်သွားမဲ့ကိစ္စ.. နင် ပြောခိုင်းရင်တောင် ငါက sorry ပဲ..”
တကယ်လည်း သည်ကိစ္စကို မာလာ တစ်ခုခု ဝင်ပြောမှာ ဖွေး မလိုလားပါ။ သည်လောကတွင် စူးရှ ကြောက်ရမည့်သူ မိမိအပြင် နောက်တစ်ဦး မရှိစေချင်။ အားနာတတ်သော မာလာ ဘာမှ ထပ်ပြောမှာ မဟုတ်မှန်းသိသော်လည်း မရမက ကတိတောင်းမိသည့် မိမိကိုယ်ကို ရယ်ချင်မိ၏။ မိမိအဖြစ်က ခုတ်ပြီးသား အသက်ငင်နေသည့် ကြွက်ကလေးကို ကိုက်သတ်မစားမီ လက်သည်းကြားတွင် ချုပ်ကိုင်ရင်း ပတ်ဝန်းကျင်ကို မာန်ဖီနေသည့် ကြောင်တစ်ကောင်နှင့် တူနေသည်။
သို့သော် ထို အရသာကို ဖွေး နှစ်သက်မိသည်။ မျက်ဝန်းထဲတွင် အပြစ်သားတစ်ဦးကဲ့သို့ မလုံမလဲ ဖြစ်နေသည့် ယောကျင်္ားတစ်ယောက်။ အမြဲလိုလို အရောင်မဲ့နေတတ်သည့် သူ့မျက်ဝန်းများက ခုတော့ အသက်ဝင်လာပြီပဲ။ ပျော်စရာ ကောင်းလိုက်တာ။ ငါ ကစားဖူးသမျှထဲမှာတော့ သည်ဂိမ်းလောက် စိတ်လှုပ်ရှားဘို့ကောင်းတာ ရှိတောင် ရှိခဲ့မယ် မထင်ဘူးပဲ ကောင်စုတ်ကလေးရေ။
အခန်း ပြန်ရောက်ပြီး အရင်ဆုံး စားပွဲအံဆွဲကို ဖွင့်ကြည့်မိသည်။ သော့တွဲက ခုံအောက် ကျနေ၏။ မဖွင့်ဖြစ်တာကြာပြီမို့ သော့က ထားနေကျနေရာတိုင်း မရှိခြင်းကို သုံးရက်လုံးလုံး စူးရှ သတိမထားမိ။ အလှူရက်က သည်နေရာကို ဖွေး လာခဲ့သေးသည်ပဲ။ မိန်းကလေး အများစု နေရာတကာ စပ်စုတတ်မှန်း သူသိပေမယ့် သူများအခန်းထဲ ဝင်မွှေလောက်အောင် ရဲမည်လို့တော့ မတွေးခဲ့ယိုး အမှန်ပင်။
အံဆွဲပွင့်သွားတော့ သူ့စာအုပ်လေး မရှိတော့မှန်း စိတ်ပျက်စွာ သိလိုက်ရသည်။ ဖွေးကိုလည်း ပထမဆုံး အကြိမ်အနေနှင့် စိတ်တိုသွားမိ၏။ တကယ်တမ်း သူ ဖွေးကို စမြင်ဖူးကတည်းက စိတ်ဝင်စားနေခဲ့သည်။ တစ်ခုခု ဖွင့်ပြောမည်ကြံတိုင်း စိတ်ထဲတွင် ပေါ်လာတတ်သည့် အတိတ်ပုံရိပ်တို့က အနှောက်အယှက်ပေးနေသဖြင့် ရှေ့တိုးရန် မရဲခဲ့။
ခုတော့ မိမိ တိတ်တခိုး မြတ်နိုးမိသည့် သူမက မိမိ အကြောင်းကို အားလုံး သိသွားပြီ။ သူမမှာ ရည်ရွယ်ချက် တစ်ခုခု ရှိလို့သာ သည်စာအုပ်နှင့် ပတ်သက်၍ စကားစခြင်းဖြစ်မည်မလွဲပေ။ တကယ့် ပြဿနာပါလား ဖွေးရယ်.. စိတ်မသက်သာစွာ ရေရွတ်ရင်း အိပ်ရာပေါ် ပက်လက်လှဲချလိုက်၏။ မျက်နှာကျက် ဖြူဖြူပေါ်တွင် ဒိုင်ယာရီထဲမှ စာလုံးများက အစီအရီ ပေါ်လာလေသည်။
“ စူးရှ.. ဒါ မြတ်လေးရုံတဲ့.. ငါ့ ချစ်ချစ်.. မြတ် ဒါက မောင့် ငယ်သူငယ်ချင်း စူးရှ.. ကျောင်းပိတ်လို့ အိမ်ပြန်လာတာ..”
“ အော်.. ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ကိုစူးရှ..”
“ ဟိန်းဇော် ခေါ်သလိုပဲ စူးရှလို့ ခေါ်ပါ မမြတ်လေးရုံ.. လူငယ်ချင်းပဲ.. ရင်းရင်းနှီးနှီးပေါ့ဗျာ..”
“ ဒါဆို မြတ်ကိုလည်း မြတ် လို့ပဲ ခေါ်လေ.. သူငယ်ချင်းတွေအားလုံး သည်လိုပဲ ခေါ်ကြတယ်..”
“ အိုကေပါဗျာ.. လမ်းတွေ့ရင်လည်း ခေါ်ပေါ့..”
သည်လိုနှင့် မြတ်လေးရုံ ဆိုသည့် ညိုချောမကလေးနှင့် သူ ရင်းနှီးခဲ့သည်။ သူ့စိတ်က ထင်တာလား မသိပေမယ့် မြတ်လေးရုံ ကြည့်ရတာ ဟိန်းဇော်ကို သိပ် ချစ်လှပုံမရ။ ဟိန်းဇော်ကလည်း နည်းနည်းတော့ လွန်သည်။ မိန်းကလေးဘက်ကို သိပ်မငဲ့တတ်ဘဲ နေချင်သလို နေ၏။ မြတ်လေးရုံက အနေအထိုင် အေးဆေးသည်။ သည်းခံစိတ်လည်း များ၏။ သို့သော် စူးရှနှင့် ရင်းနှီးပြီး နောက်ပိုင်း ဟိန်းဇော်အပေါ် အရင်ကလို မျက်စိမှိတ် သည်းခံတတ်သည့်အကျင့် တစ်စထက်တစ်စ လျှော့လာသည်။
ချစ်သူအပေါ်တွင် လက်မခံနိုင်သည့် အကျင့်များကလည်း များသည်ထက် များလာ၏။ သည်ဖြစ်ရပ်များ နောက်တွင် စူးရှက သူမ ဟိန်းဇော်အပေါ် မကျေနပ်တိုင်း ရင်ဖွင့် ပေါက်ကွဲစရာ နေရာ။ မိန်းကလေးတစ်ဦးအပေါ် ချိုးချိုး နှိမ်နှိမ် မတွေးရက်သော်လည်း သူမ၏ အာရုံအချို့ မိမိထံရောက်နေမှန်း စူးရှ ရိပ်မိနေခဲ့သည်။ မိမိကိုယ်တိုင်ကလည်း စိတ်အား ပျော့သူမို့ပဲလား.. ရံဖန်ရံခါမက မြင်နေရသော သူမ၏ စိတ်ဒုက္ခ အချို့ကို ကရုဏာ သက်မိနေသည် အမှန်ပင်။
သူတို့ နှစ်ဦး ပြဿနာ တက်ကြတိုင်း ဘာကိစ္စရယ်လို့ မည်မည်ရရ မသိပါသော်လည်း မိမိရှေ့တွင် ရှိုက်ကြီးတငင် ငိုကြွေးနေသည့် မိန်းကလေးတစ်ဦးကို တတ်နိုင်သလောက် နှစ်သိမ့်ပေးမိသည်။ သည်လိုကြုံဖန်များလာတော့ သူကိုယ်တိုင်ကလည်း သည်လို အနေအထားကို သာယာ နေမိသလိုလို ဖြစ်လာ၏။ သည်လိုနှင့် စူးရှဘဝတွင် မြတ်လေးရုံဟူသော မိန်းကလေးတစ်ဦးက အလိုလို နေရာယူလာတော့သည်။
ချစ်သူ လူဆိုးကြောင့် စိတ်ညစ်နေသည့် သူငယ်ချင်းမလေးကို လက်ကလေးကိုင်၊ ပုခုံးလေးဖက် နှစ်သိမ့် တတ်လာသည်။ နောက်ဆုံး မိမိရင်ခွင်သည်ပင် သူမအတွက် အမောပြေ နားခိုရာ နေရာတစ်ခု ဖြစ်လာခဲ့၏။ သို့သော် သူမကို ဟိန်းဇော်နှင့် လမ်းခွဲရန် သူ မတိုက်တွန်းမိ။ မိမိခံစားချက်က သူမအပေါ် စာနာခြင်း သက်သက်သာ ဖြစ်သည်မို့ သူမ မျှော်လင့်နေသလို နင့်ကိုငါ ချစ်နေပြီ ဟုလည်း မပြောမိ။ ဟိန်းဇော်က အလိုက်ကန်းဆိုး မသိတတ်သော်လည်း သူမအပေါ် မည်မျှ ချစ်ကြောင်း မိမိ အသိဆုံး မဟုတ်ပါလား။
သည်နေ့ကတော့ စူးရှ ဘဝအတွက် အပြောင်းလဲကြီး တစ်ခု ဟုပင် ဆို၍ ရနိုင်သည်။ ထုံးစံအတိုင်း ဟိန်းဇော်နှင့် မြတ် ပြဿနာ တက်ကြ၏။ ထုံးစံ မဟုတ်သည်က စူးရှ အရက် မူးနေခြင်းပင်။ တကယ်က သူ အရက်သောက်လေ့ မရှိ။ ဘီယာ နှစ်ဗူးလောက်နှင့် မူးတတ်သော မိမိအကျင့်ကို သူငယ်ချင်း အများစုက အမြဲ လှောင်ပြောင်ကြသည်မို့ အရက်ကို သူ ရှောင်သည်။
သည်နေ့က ရန်ကုန်တွင် ဆေးကျောင်းတက်နေသည့် ညီအကို ဝမ်းကွဲဖြစ်သူ ကျောင်းပိတ်ရက် ခေတ္တပြန်လာခိုက်မို့ အိမ်တွင် လူစုံဝိုင်း ဖြစ်သွားသည်။ တစ်ဦးတည်းသော သားဖြစ်သော စူးရှ အဘို့ ဝမ်းကွဲများနှင့် စုံမှသာ ပျော်ရသည် မဟုတ်ပါလား။ ပြင်ဦးလွင် ရာသီကလည်း အေးမြမြမို့ ညီအကိုသူငယ်ချင်းတစ်စု ခြံတွင်း မီးပုံပွဲလေး လုပ်ကာ သောက်ကြစားကြ၏။
“ ဘာ ပွဲလဲ စူးရှ.. လူတွေ များနေရင် ငါ နောက်မှ လာခဲ့မယ်လေ..”
ခြံထဲကို လှမ်းငေးရင်း မြတ်ပြောလိုက်သည့် စကား။ တကယ်ဆို အဲ့အချိန်ကတည်းက မြတ်ကို ပြန်ခိုင်းလိုက်လျှင် သည်ကိစ္စ ဖြစ်သွားမည် မထင်။ မျက်ရည် အဝိုင်းသားနှင့် သူ့ထံ အားကိုးတကြီးရောက်လာသော သူငယ်ချင်းကို အိပ်ခန်းထဲ ဖိတ်ခေါ်လိုက်မိသည်။
“ ရတယ် မြတ်.. လူစိမ်းမပါပါဘူး.. ငါ့ ညီကို ဝမ်းကွဲနဲ့ သူ့သူငယ်ချင်းတွေပါ.. လာ နင် ပြောစရာရှိရင် အိမ်ထဲ လာခဲ့လိုက်..”
သည်လိုနှင့် စကား အေးအေးဆေးဆေး ပြောရန် အိမ်ထဲ ဝင်လာခဲ့သည်။ ဖေဖေ မေမေတို့လည်း အိမ်မှာ မရှိ။ ခြံထဲမှ ဝိုင်းကလည်း နဂိုကတည်းက အသောက်အစား နည်းသူမို့ ဝိုင်းကောင်းနေချိန် သူ ထ ထွက်လာတာကို တစ်ယောက်မှ သတိ မထားမိကြ။
“ ပြော မြတ်.. ဘာ ဖြစ်လာပြန်လဲ..”
“ စူးရှရယ်.. ငါ လေ.. ဟင့် ဟင့်..”
တကယ်တမ်း သူမ ပြောသွားသော ပြဿနာများထက် အရေးကြီးသည်က ထိုစကားများကို သူ့ရင်ခွင် အတွင်း အတင်းတိုးဝင် ငိုရှိုက်ကာ ပြောနေသော သူမ၏ သဘာဝဆန်ဆန် ကိုယ်ရနံ့ ဖြစ်သည်။
“ လာ မြတ်.. တစ်ယောက်ယောက် ဝင်လာရင် မကောင်းဘူး.. ငါ့ အခန်းထဲ သွားရအောင် နော်..”
သည်လိုပြောလိုက်ချင်းတွင် သူမအား လွတ်လပ်စွာ ပေါက်ကွဲ ရင်ဖွင့်နိုင်ဘို့ကလွဲပြီး သူ့မှာ ရည်ရွယ်ချက် တစ်စုံတစ်ရာ လုံးဝ မပါပါ။ ဤသို့နှင့် မြတ်လေးရုံ ဆိုသော မိန်းကလေးသည် သူ့ အိပ်ခန်းတွင်း ပထမဆုံး ဝင်ရောက်ခဲ့သော မိန်းကလေး ဖြစ်ခဲ့သည်။ အရွယ်ရောက်ပြီးသော် ယောကျင်္ားတစ်ယောက် အနေနှင့် လိင်ကိစ္စ က အဆန်းမဟုတ်သော်လည်း သူကြုံခဲ့ဖူးသည်က အရောင်းအဝယ် သဘောမျှသာ။
ယခုလို မထင်မှတ်သော သွေးသား လှုံ့ဆော်မှုက သူ့ဘဝ အတွက် မြတ်သည် ပထမဆုံး မိန်းကလေး ဖြစ်ခဲ့၏။အိပ်ခန်းထဲရောက်တော့ မြတ် စကား မဆက်နိုင်တော့။ သူ့ကို ရီဝေစွာ ကြည့်သည်။ သူ့ အကြည့်များလည်း ဝေဝါး နေခဲ့၏။ ယမကာကို လွှဲချရအောင်လည်း အရက်သောက်ပြီး မစင်စားခိုင်းလျှင်တော့ ငြင်းမည့်အထဲ သူလည်း ပါပါသည်။ ငိုရှိုက် နေသည့် မိန်းမတစ်ယောက်ကို နှစ်သိမ့်ခြင်းက သည်နည်း မဖြစ်သင့်သော်လည်း ထူပူနေသော သူ့နှုတ်ခမ်းများ မြတ်၏ နှဖူးပေါ် အလိုလို ရောက်သွားမိသည်။
သည့်နောက်မှ ပါးပြင်၊ လည်တိုင် တလျှောက်..။ မြတ်လည်း မငြင်းဆန်။ ရင်ခွင်နှစ်ခုက ကြားလေ မသွေးအောင် တိုးကပ် သွားကြပြီ။ မြတ်.. ငါ့ စိတ် တွေ ထိန်းဘို့ ခက်လာပြီ.. နင် ပြန်ရင် ကောင်းမယ်ဟာ.. ဦးဏှောက်ထဲမှာတော့ သည် အသိက လွတ် မသွားသေး။ သို့သော် သူ့လက်တွေက မြတ် ကိုယ်ပေါ် နေရာ အနှံ့ ကျူးကျော် နေမိပြီ။ နှုတ်ခမ်းနှစ်ခု တို့ ပူနွေးသော အနမ်းများနှင့် လောင်မြိုက်နေကြ၏။ မြတ်လည်း သူ့ကို ဆာလောင် မွတ်သိပ်စွာ တုန့်ပြန်နေသည်ပဲ။
“ မြတ်.. ငါ ငါတို့..”
“ ဟင့်အင်း စူးရှ.. မစဉ်းစားပါနဲ့.. ငါ.. ငါ ဒီအချိန်မှာ နင့်ကို အရမ်း လိုအပ်နေပြီဟာ..”
လှိုင်းထနေသည့် မြတ် စကားသံက သူ့ အသွေးအသားတို့ကို မီးထိုးပေးနေသည်။ ရီဝေယစ်မူးသော အတွေးများနှင့် စူးရှ ခေါင်းညိမ့်လိုက်မိ၏။ ဟုတ်တယ်.. ဘာပဲဖြစ်ဖြစ်.. သူရောငါရောက လွတ်လပ်တဲ့ လူငယ်တွေပဲ.. လက်ရှိအခြေအနေမှာ ငါတို့ကိုယ် ငါတို့ ပိုင်တာပဲ.. ငါတို့ ဆန္ဒရှိနေပြီ ဆိုတဲ့နောက်တော့… စကားသံတို့ တိတ်ဆိတ်နေခဲ့သည်။ ငြိမ်သက်နေသော အခန်းထဲတွင် တင်းကျပ်စွာ ပူးကပ်နေသည့် ခန္ဓာကိုယ်နှစ်ခု။
ဒါ အချစ်လား ရမ္မက်လား.. နှလုံးသား၏ ဆန္ဒလား.. အသွေးအသားတို့၏ အာသီသလား.. သူတို့နှစ်ဦးလုံး မစဉ်းစားမိတော့ပါ။ ဂဟေဆက်လျက်ရှိသော နှုတ်ခမ်းနှစ်ခုတို့ကတော့ ကြမ်းတမ်းသော အနမ်းများဖြင့် တိုက်ပွဲဝင်နေကြပြီ။မြတ် ဝတ်ထားသည့် ဂါဝန်လေး၏ နောက်ဇစ်ကို သူ ဆွဲချလိုက်သည်။ မြတ်လေးရုံ ငြင်းဆန်ခြင်း၊ ရုန်းကန်ခြင်း မရှိ။ အနမ်းတို့ ပြင်းထန်လျှက်ကပင် ကျောပွင့်သွားသည့် ဂါဝန်ကို ချွတ်ချ လိုက်သည်။ အနက်ရောင် ဘရာလေးပေါ်မှ ဇာနားတွန့်လေးများကို သူ့လက်တို့နှင့် တို့ထိ ကစားနေမိ၏။
ပြည့်ဖြိုးတင်းရစ်သော ရင်မွှာတို့က ညိုဝင်းနုမွတ်နေသည်။ ပခုံးတစ်ဘက်ဆီမှ ကြိုးသေးသေးလေးကို လျှောချလိုက်သည်။ ဘရာချိတ်ကို မဖြုတ်ဘဲ ရင်မွှာတစ်ဘက်ကို ဆွဲထုတ်လိုက်၏။ ပင့်တင်ပေးထားသလို ဖြစ်နေသည့် ရင်သားမို့မို့က အတော်လေး ထွားသည်။ ညိုစိမ့်စိမ့် အသားအရေပိုင်ရှင်မို့ပေလား သီးလုံးလေးက မရမ်းသွေးရောင် သမ်းနေ၏။ သူ့လက်နှင့် အသာ တို့ထိကြည့်တော့ မာတင်းတင်းလေး ဖြစ်နေသည်။ စူးရှ အချိန် ထပ်ဆွဲရန် မစွမ်းသာတော့။
မြတ် ကိုယ်လေးကို ပွေ့ကာ အနားရှိ နှစ်ယောက်ထိုင် ဆိုဖာပေါ် ထိုင်စေလိုက်သည်။၀တ်ထားသော တီရှပ်နှင့် ဘောင်းဘီကို ခပ်ကြမ်းကြမ်း ဆွဲချွတ်လိုက်သည်။ အတွင်းခံဘောင်းဘီ ရှေ့မှာလည်း မြင်မကောင်းအောင် ဖုဖောင်းထွက်နေပြီ။ စိတ်ရိုင်းဝင်နေသော ညီတော်မောင်ကို လွတ်လပ်ခွင့် ပေးလိုက်၏။ မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားသော သူ့ကိုယ်ကို မြတ်လေးရုံ စိုက်ကြည့်နေ၏။
ဝိုင်းစက်နေသည့် သူမ မျက်ဝန်းညိုများတွင် ဆာလောင်မွတ်သိပ်မှု အပြည့်။ ဆိုဖာပေါ်တွင် ထိုင်နေသည့် မြတ် နှုတ်ခမ်းများ မထိတထိ ပွင့်အာနေသည်။ ခါးကိုင်းကာ စုပ်နမ်းလိုက်ပြန်၏။ မာတောင့်နေသည့် အတံထွားထွားကြီးက မြတ် ဗိုက်သားကို လာထောက်သည်။ မြတ် ညီမလေးလည်း အသည်းအသန် ငိုရှိုက်နေရပြီ။ ပြင်းရှရှ အနမ်းတို့ကို မက်မောစွာ တုန့်ပြန်ရင်း လက်တစ်ဘက်က မိမိ ဘရာချိတ်ကို ဘာသာ ဖြုတ်ချလိုက်၏။ မြတ်တစ်ယောက် စူးရှ၏ လက်တစ်ဘက်ကို ဆွဲယူကာ မိမိရင်သားပေါ် တင်ပေးလိုက်မိတော့သည်။
မြတ်လေးရုံ ဆိုဖာပေါ် ထိုင်နေလျှက်မှ အနေထား ပြင်လိုက်သည်။ လက်တန်းနှင့် နောက်မှီကြားထောင့်သို့ ကိုယ်ကိုယ် ပက်လက် မှီလှဲချလိုက်၏။ စူးရှလက်တို့က ပင်တီကို ဆွဲချွတ်ရန် ထိုးသွင်းလာ၏။ မြတ် ခါးလေး အလိုက်သင့် ကော့ပေးလိုက်သည်။ စူးရှ လက်ထဲသို့ ပင်တီလေး အလိပ်လိုက် ကျွတ်ပါသွားသည်။ တစ်ဦးမျက်နှာကို တစ်ဦး လုံးဝ မကြည့်မိ။
မကြာမီ ကျူးလွန်တော့မည့် နောက်ဆုံး အပြစ်ကို နှစ်ယောက်လုံး မျက်စိမှိတ် ဇွတ်တိုးတော့မည်။ ချည်သားဂါဝန်လေးက ခါးမှာ အလိပ်လိုက်။ ဖရိုဖရဲဖြစ်နေသော ဘရာလေးကလည်း နို့အုံညိုထွားထွား အောက်မှာ မနိုင်ဝန် ထမ်းနေရသည့် ကြိုးတစ်ချောင်းပမာ။စူးရှ လက်မောင်းကို ဆုပ်ကိုင်ထားသည့် မြတ်လက်တို့ ဇောချွေးဖြင့် စေးကပ်နေသည်။ အောက်ပိုင်းမှ နင့်ကနဲ ခံစားချက်နှင့်အတူ လက်သည်းချွန်ချွန်များလည်း သူ့လက်မောင်းထဲ နစ်ဝင်သွား၏။
နာကျင်မှုနှင့် ချိုမြိန်မှု၊ သည်နှစ်ခုလုံးက မိမိစိတ်ကိုရော ကိုယ်ကိုပါ လွှမ်းမိုးထားသည်။ ပိပိလေး၏ အတွင်းသားတို့တွင် ညင်သာသိမ့်မွေ့စွာ လွန့်လူးနေသည့် တစ်စုံတစ်ခု။ မြတ် အားမလို အားမရဖြစ်လာသည်။ ခြေဖနောင့်ကို အားပြုပြီး ခါးကို အစွမ်းကုန် ကော့တင်ပေးထားမိ၏။ ထောင် ထ နေသည့် စပျစ်သီးရောင် ချိုသီးလုံးလေးများက သူ့ရင်ဘတ်နှင့် မထိတထိ ဖြစ်ဖြစ်သွားသည်။ ခပ်သဲ့သဲ့ ညည်းညူသံများနောက်တွင် စူးရှ လှုပ်ရှားမှုတွေ ကြမ်းတမ်းလာ၏။ လက်တစ်ဘက်က မြတ်ပခုံးကို ဆွဲထိန်းထားသည်။ ပြင်းထန်သည့် ဖိကျိတ်ထိုးသွင်းမှုများကြောင့် မြတ်တစ်ကိုယ်လုံး တသိမ့်သိမ့် ခါ နေသည်။ နှစ်ဦးလုံး၏ ခံစားချက် အမြင့်ဆုံးရောက်သည့် ခဏ..
“ မြတ်.. ငါ .. ငါ.. ”
“ ဟင့်အင်း.. စူးရှ.. မထုတ်လိုက်နဲ့.. ငါ လိုချင်သေးတယ်.. လုပ်ပါ.. အ.. အားး..”
စူးရှ ခါးကို အတင်းဆွဲကာ အောက်မှ အားကုန်ပင့်တင်ပေးနေသော မြတ်။ ကာမ၏ ချိုမြိန်သော အနှစ်သာရက နှစ်ဦးလုံးထံသို့ တပြိုင်နက် ရောက်လာသည်။ စူးရှ သတိတစ်ချက် ဝင်လိုက်သော်လည်း မြတ်က သူ့တင်ပါးများကို အတင်း ဆွဲသွင်းကာ ပိပိလေးမှလည်း အားကုန် ညှစ်ထား၏။ စူးရှလည်း နောက်ဆုံး အားကုန်သုံးကာ အဆတ်မပြတ် ဆောင့်သွင်းလိုက်မိတော့သည်။
သူ့ဘဝတွင် ပထမဆုံး အနေဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံဖူးခြင်းပင်။ တကိုယ်လုံးရှိ ရှိရှိသမျှ အကြောအချင်အားလုံး တစ်နေရာတည်းမှ ဖြေလျှော့ချလိုက်သလို ခံစားလိုက်ရသည်။ နှစ်ဦးလုံး ရလိုက်သည့် ကျေနပ် နှစ်သိမ့်မှုက ဘာနှင့်မျှ မတူ။ ရမ္မက်ဇောတို့ ငြိမ်သက် သွားသည့်အခိုက်မှ..
“ မြတ်…. ”
“ ဟင့်အင်း စူးရှ.. ဘာမှ မပြောပါနဲ့.. ငါ့ကို သနားရင် ဒီနေ့ကိစ္စကို မေ့လိုက်ပေးပါ..”
တကယ်လည်း သည်ကိစ္စကို မေ့လိုက်ခြင်းထက် ပို၍သင့်တော်သည့် နည်း သူတို့ နှစ်ဦးလုံးထံတွင် မရှိပါချေ။ ထိုဖြစ်ရပ်ပြီး နောက်တစ်ပတ်အထိ သူတို့နှစ်ဦး မဆုံဖြစ်ခဲ့ကြ။ မဆုံမိအောင်လည်း တကူးတက ရှောင်မိသည်။ တစ်ပတ်တိတိ ပြည့်သည့် ညနေတွင် စူးရှထံ မြတ်၏ ဖုန်းဝင်လာ၏။ ဟိန်းဇော်နှင့် မြတ် ခိုးရာလိုက်သွားကြသည်။ ငွေကြေး အသင့်အတင့်ပြည့်စုံသည့် ဟိန်းဇော်တို့မိသားစုက မြတ်လေးရုံ၏ အသိုင်းအဝိုင်းကို သိပ်လက်မခံချင်။ မြတ်၏မိခင်က ရောဂါသည် မုဆိုးမတစ်ဦး။
နောက်အိမ်ထောင်ဖြစ်သည့် ပထွေးက အရက်သမား။ မြတ်တွင် အရွယ်မရောက်သေးသည့် မောင်ညီမလေးများ ရှိသေးသည်။ ပထွေးက အရက်သောက်ရုံမက လောင်းကစားလည်း မက်သည်။ စရိုက်ကလည်း ခပ်ကြမ်းကြမ်းမို့ ဟိန်းဇော်တို့ဘက်မှ မြတ်ကို လက်မခံလိုလှခြင်းက အဆန်းတော့မဟုတ်ပါချေ။မြတ်နှင့် ဟိန်းဇော် ထွက်ပြေးကြခြင်းတွင် ကြိုတင်စီစဉ်ထားခြင်းမရှိ။
ဆိုင်ကယ်နှင့် မန္တလေးဆင်းပြီး တည်းခိုခန်းတစ်ခုတွင် ခေတ္တတည်းခိုကြသည်။ ရန်ကုန်ထိ ဆင်းလာဘို့ စိတ်ကူးနှင့် ဆိုင်ကယ်ကို ရသည့်စျေးနှင့် ရောင်းရန် ဆုံးဖြတ်၏။ တည်းခိုခန်းတွင် မြတ်ကို ထားခဲ့ပြီး ဆိုင်ကယ်ရောင်းရန် အသိတစ်ယောက်ထံ အသွားလမ်းတွင် ဟိန်းဇော် ဆိုင်ကယ်မှောက်သည်။ ချစ်သူနှစ်ဦး၏ စွန့်စားခရီးစဉ် ပထမဆုံး ပျားရည်ဆမ်းညကို မန္တလေးဆေးရုံကြီးတွင် ကုန်ဆုံးခဲ့ရသည်။
ဘာဆက်လုပ်ရမည် မသိသော မြတ်က သူ့ထံ ဖုန်းလှမ်းဆက်၏။ ညတွင်းချင်း မန္တလေး လိုက်သွားပြီး သူတို့နှစ်ဦးအတွက် လိုအပ်သော အကူညီများ ပေးခဲ့ရသည်။ ဆေးရုံသို့ သူရောက်သွားတော့ ဟိန်းဇော် သတိကောင်းကောင်းရနေပြီ။ သေကံမရောက်ခဲ့သော်လည်း ရလိုက်သည့်ဒဏ်ရာ၏ နောက်ဆက်တွဲ ဆိုးကျိုးက ဟိန်းဇော်တစ်ယောက် သားသမီး မရနိုင်တော့ခြင်း။
ဆေးရုံဆင်းပြီး တစ်လခန့်အကြာမှ နှစ်ဘက်မိဘများ ညှိနိုင်းကာ မင်္ဂလာ ဆွမ်းကြွေးရင်း အကျဉ်းရုံး လက်ထပ်ခဲ့ကြ၏။ သည့်နောက်ပိုင်း သူလည်း နောက်ဆုံးနှစ် ကျောင်းပြန်ဖွင့်ပြီမို့ မွေးရပ်မြေကို ခွဲခွာ ခဲ့ရသည်။ သူငယ်ချင်းများထံမှ သတင်းအရ မြတ်တွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း သိခဲ့ရ၏။ (၂၁) ရာစု ချစ်သူများမို့ မြတ်၏ ကိုယ်ဝန်ကိစ္စက ကြားကြားချင်းတော့ သူ့အတွက် စဉ်းစားစရာ အကြောင်းတစ်စုံတစ်ရာ မရှိခဲ့။
အက်ဆီးဒင့်ကြောင့် ဟိန်းဇော်အတွက် မျိုးဆက်မရနိုင်တော့ဟု ဆိုသဖြင့် ဇနီးမောင်နှံနှစ်ဦးနှင့်အတူ သူပါ စိတ်မကောင်း ဖြစ်ခဲ့ရသေးသည်မဟုတ်ပါလား။ ချစ်သူဘဝကာလများအတွင်း ကြိုတင်ရင်းနှီးမှုရှိခဲ့ခြင်းက အမြတ်ဟုတွေးကာ ပီတိဖြစ်မိနေသေးသည်။ သို့သော် သည်ပီတိကပဲ သူ့အတွက် ပြန်မတွေးချင်သော နေ့ရက်များ ဖြစ်လာခဲ့ရသည်။ဖခင်ဖြစ်သူ နေမကောင်း၍ ကျောင်းပိတ်ရက် မဟုတ်ပါဘဲ ပြင်ဦးလွင်သို့ သူ ခေတ္တခဏ ပြန်ရောက်ဖြစ်ခဲ့သည်။ မြတ် ကိုယ်ဝန်က ခြောက်လကျော် ခုနစ်လ နီးပါး။
ဖေဖေ နေကောင်းသွားတော့ ကျောင်းသို့ ပြန်မလာမီ သူငယ်ချင်းများ ထုံးစံအတိုင်း ဝိုင်းဖွဲ့ကြ၏။ နေရာက ဟိန်းဇော်တို့ နေအိမ်ခြံဝန်းအတွင်းဖြစ်သည်။ စူပုံ့ပုံ့ ဗိုက်ဖုံး အကျီလေးနှင့် မြတ် ပုံစံလေးက သူ့မျက်လုံးထဲတွင် ခါတိုင်းထက် ပိုလှနေ၏။ ညနက်လာတော့ ဝိုင်းက ငြိမ်လာသည်။ ဟိန်းဇော်နှင့်သူ နှစ်ဦးတည်း စကားထိုင်ပြောဖြစ်၏။ သူက ထုံးစံတိုင်း ဘာမှ သိပ်မသောက်ထားသော်လည်း ဟိန်းဇော်ကတော့ အတော်လေး ထွေနေပြီ။ ထန်းရေမူး ကျွဲခိုး ပေါ်တယ်ပဲ ပြောရမလား..
“ မင်း ကုသိုလ် ကောင်းတာပေါ့.. ငါက မရနိုင်တော့ဘူးဆိုပြီး စိတ်မကောင်းဖြစ်နေတာ..”
“ ဟဟ.. ဘာလည်း မင်းက ငါ့ကို မျိုးကန်းပြီ ထင်နေတာလား..”
“ အာ.. မင်း ကြိုတင်စီမံကိန်းကောင်းတာကို ချီးကျူးတာပါ ကွာ..”
“ ဟဟ.. အေးပေါ့ကွာ.. အားလုံး ဒီလိုပဲ ထင်ကြမှာပေါ့.. ဟား ဟား..”
“ မင်းစကားက ဘာလဲ ကွ.. ဟကောင်ရ..”
“ ဒီမှာ စူးရှ.. ငါ မင်းကို အချစ်ဆုံးသူငယ်ချင်းမို့ အရင်းနှီးဆုံး ပြောပြမယ်ဟေ့ကောင်.. ဒါမယ့် မင်း သိထားရမှာက ဒီစကား ဒီမှာတင် ရပ်ရမယ်.. ခု ငါပြောမယ့်ကိစ္စနဲ့ ပတ်သက်ပြီးနောက်ပိုင်း ပြဿနာ တစ်ခုခု ရှိလာရင် မင်းကိုငါ အရှင်မထားဘူး.. ပေါက်တဲ့နော် သားကြီး..”
“ ……..”
“ မြတ်နဲ့ငါ.. မင်္ဂလာ မဆောင်ခင်ထိ မင်းထင်သလို ပတ်သက်မှု မရှိခဲ့ဘူး ဟေ့ကောင်.. မြတ်က ငါ့ကို ဒီကိစ္စ ယူပြီးမှ ခွင့်ပြုနိုင်မယ်လို့ စည်းကမ်း သတ်မှတ်ခဲ့တာကွ..”
“ ဘယ်လို ဘယ်လို.. ဒါ.. ဒါ ဆို..”
“ ဟားဟား.. မင်း အံ့သြသွားပြီမဟုတ်လား စူးရှ.. ဒါပဲကွ.. ဒါပဲ.. ဒါပေမယ့် မင်း သိလား ဟေ့ကောင်.. ငါ ဒီအတွက် ဘာမှ မခံစားရဘူး.. မြတ်ကို ငါ ချစ်တယ်.. အဲ့လောက်ထိကို ချစ်တာကွ မင်း သိလား.. ဒါ့အတွက်နဲ့တော့ ငါချစ်တဲ့ မိန်းမကို ဆုံးရှုံးမခံနိုင်ဘူး.. သိလား ဟေ့ကောင်.. မြတ်လေးရုံက သေတဲ့ထိ ဟိန်းဇော်အနားမှာပဲရှိရမယ်.. ဟားဟားဟား..”
ခြောက်သွေ့အက်ကွဲသော ရယ်သံများနောက်တွင် သူ့နှလုံးသား ကပ်ပါ သွားခဲ့ရသည်။ နောက်တစ်နေ့ မနက်လင်းသည်အထိ တစ်မှေးမှ အိပ်မပျော်ခဲ့။ ဟိန်းဇော် ပြောသလိုဆို မြတ်ရဲ့ ကိုယ်ဝန်က မိမိ ရင်သွေးပေါ့။
ငါ့ ကလေးက ဘာမှမပတ်သက်တဲ့ သူစိမ်းတစ်ယောက်ကို အဖေ ခေါ်ရတော့မှာပါလား.. ငါ ဘာလုပ်ရမလဲ.. ငါ ကိုယ်တိုင်ကရော အဖေ လို့ ခေါ်ခံထိုက်ရဲ့လား.. မိန်းကလေးတစ်ယောက်.. ကိုယ့်ချစ်သူ မဟုတ်တဲ့ မိန်းကလေး.. ကိုယ့်သူငယ်ချင်းရဲ့ ချစ်သူဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်အပေါ်မှာ လွန်လွန်ကျူးကျူး စည်းဖောက် မိပြီးမှ ကိုယ့်သွေးသား ကိုယ် တာဝန် မယူနိုင်ခဲ့တဲ့ အဖြစ်.. ခုတော့ အပြစ်မဲ့တဲ့ ငါ့ ကလေး ခများမှာ ဘာမှ မဆိုင်တဲ့သူတစ်ယောက်ကို.. တကယ်လို့များ ဒီကလေးက သမီးလေး ဖြစ်နေခဲ့ရင်..
ဟူးးးး..သည်ကိစ္စနှင့်ပတ်သက်၍ မြတ်ကို ပွင့်ပွင့်လင်းလင်း မေးရန် သူ ကြိုးစားခဲ့ပါသေးသည်။ သို့သော် မြတ်က သူ့ကို သိသိသာသာ ရှောင်နေခဲ့၏။ ထိုည၏ နောက်တစ်နေ့မနက်တွင် ဟိန်းဇော် သူ့ထံမှ ကတိတောင်းသည်။ သည်ကိစ္စကို လှိူ့ဝှက်ထားပေးဘို့..
“ သည်အကြောင်း သိတာ မင်းတစ်ယောက်ပဲ ရှိတယ် သားကြီး.. မင်းနဲ့ငါ့ကြားက ယုံကြည်မှုကို ငါ သေတဲ့ထိ တန်ဘိုး ထားချင်တယ်ဟေ့ကောင်..”
တကယ်တမ်း သည်ယုံကြည်မှု သစ္စာတရားကို ချိုးဖောက်ခဲ့သူမှာ သူကိုယ်တိုင်မှန်း ဟိန်းဇော် သိခဲ့ပါလျှင်..။ နောက်ဆုံးတော့ စာမေးပွဲကြီး ပြီးဆုံးသွားသည့်တိုင် ဟိုဟိုသည်သည် သင်တန်းများ အကြောင်းပြကာ ပြင်ဦးလွင်ကို ယနေ့တိုင်သူ ကျောခိုင်းထားခဲ့သည်။
......................................................................................................
အပိုင်း ( ၄ ) ဆက်ရန် >>>>
No comments:
Post a Comment