Sunday, May 12, 2024

နတ်သမီးပေးတဲ့ ချစ်လက်ဆောင် အပိုင်း ( ၂ )

နတ်သမီးပေးတဲ့ ချစ်လက်ဆောင် အပိုင်း ( ၂ )

မောင်ဟိတ် ရေးသည်။

သီရိမျက်နှာ ... ရဲကနဲ ပြန်ဖြစ်သွားတယ် ... ရော် ... အထအန သိပ်ကောက်တာပဲ ... ထမင်းကို ပြောတာပါဗျ ... ထမင်းကို ပြောတာ ... ဒီလို... မထိတထိလေးတွေ ပြော ... သီရိကလည်း ... မထိတထိလေး ပြန်ပြော ... ကြာရင် ... ထိသွားတော့မယ်နဲ့ တူပါရဲ့ ... မြို့ထဲရောက်လာတော့ ... စကားစ ပျက်သွားသည် ... မြို့ထဲက ... ကားတော်တော်ရှုပ်သည် ... ထရိတ်ဒါးနောက်ဘက်မှာ ... ကားရပ်လိုက်သည် ... သီရိ အရင်ဆင်းသည် ... ဆိုဖာခုံလေးကနေ အထမှာ ... ကျွန်တော် မသိမသာလေး လှမ်းကြည့်လိုက်သည် ... 

သီရိ ဖင်လေးက ... လုံးလုံးတောင့်တောင့်လေးဗျ ... ကားတက်နေတာပဲဗျာ ... ကားထဲကထွက်တော့ ... သီရိအနောက်ပိုင်းလေးက ... သိသိသာသာ ကောက်ပြီး ... နောက်ကို ပစ်ထားသလိုဖြစ်နေသည် ... အနီးကပ် မြင်ခွင့်ရတော့ ... သက်ပြင်းကို ခပ်ပြင်းပြင်းချပစ်လိုက်တယ် ... ဟင်း ... ဘယ်ဘဝက ကုသိုလ်အဟုန်တွေကြောင့် ... ဒီကောင်မလေး ... ဒီလောက်လှပြီး တောင့်နေတာလဲ မသိပါဘူးဗျာ ... လမ်း ၃၀ ဘက်ကို ကူးလာသည် ... ကားတွေက ကြပ်ညပ်နေတာပဲဗျာ ... ကျွန်တော် ဒုက္ခ ရောက်ပြီ ... လမ်းမကူးတတ်ဘူးဗျ ... မကူးရဲဘူးဗျာ ... ဝေါကနဲ ... ဝေါကနဲ ... သွားနေတဲ့ ကားတွေ ကြား ဘယ်လို ဘယ်လို ကူးရမှန်းကို မသိတော့ပါဘူး ...

" လာလေ ... ကိုခန့် ... မြန်မြန် ..."

သီရိ ... ကျွန်တော့်ကို ကြည့်ပြီး ... သဘောပေါက်သွားသည် ... တောသား မြို့ရောက်တော့ ... ဘယ်ကူးတတ်ပါ့မလဲ ...

" လာ ... မြန်မြန် ... သီရိနောက်ကလိုက်ခဲ့လေ ..."

လိုက်ခဲ့လေ ... ဆိုပေမယ့် ... မလိုက်ရဲဘူးဗျ ... ကားတွေက ဝှီးကနဲ ဝှီးကနဲ ဖြတ်နေတာ ... ကြောင်တောင်တောင်နဲ့ ရပ်နေတဲ့ ကျွန်တော့်ကို ... သီရိ ... စိတ်မရှည်တော့ ... ဆက်ကနဲ လက်ကို ... ဆွဲပြီး ... လမ်းကူးတော့သည် ... ဒါကြောင့်ပြောတာ ... မိန်းကလေးတွေက ... ယောက်ျားလေးတွေထက် သတ္တိပိုရှိပါတယ်လို့ ... ကျွန်တော့်လက်ကို ... ဆွဲပြီး ... ဟိုဘက်ရောက်တဲ့အထိ ... မလွှတ်သေးဘူးဗျ ... ကျွန်တော်လေ ... ရင်တွေ တအားခုန်တာပဲဗျာ ...

ကောင်မလေးတယောက်က ... လက်ဆွဲပြီး ... ကားလမ်းကူးတာ ... ဒါပထမဆုံးပဲဗျာ ... အရမ်းကို ... စိတ်လှုပ်ရှားမိပါတယ် ... နူးညံ့တဲ့လက်ကလေးကို ... ကိုင်ပြီး ... တဒိတ်ဒိတ်နဲ့ ... ကားလမ်းကူးတာ ... ကျွန်တော့်တသက်မှာ စိတ်အလှုပ်ရှားဆုံး အချိန်လေးပါပဲ ... သီရိလက်ကလေးက ... နွေးနွေးလေး ... ကြင်နာမှုတွေပါတဲ့ လက်ကလေးကို ... ကျွန်တော် ... မလွှတ်ပဲ ကိုင်ထားတုန်းပဲ ... တကယ်ပါ ... မလွှတ်ချင်ပါဘူး ...

" ကိုခန့် ... လက်ကိုလွှတ်အုံးလေ ..."

" ဟင့်အင်း ... မလွှတ်ချင်တော့ဘူး"

" အွန် ... လွှတ်ပါ ... ကိုခန့်ရယ် ... လူတွေအများကြီး ကြားထဲမှာနော် ... ဟင့်"

သိပ်လှတဲ့ ... သီရိမျက်နှာလေး ... ညိုသွားသည် ... အသံလေးကလည်း တိုးသွားသည် ...

" လွှတ်ပါနော် ..."

ဆောင့်ရုန်းလိုက်ချင်ရပေမယ့် ... သီရိ မရုန်းသေး ... ကျွန်တော်ကလည်း မလွှတ်သေး ...

" တသက်လုံး ကိုင်ခွင့်ပေးပါလားဗျာ ... နော် ... သီရိ ... ကျွန်တော်လေ ... သီရိကို ..."

" ဟိုးဆရာ ... ဟိုးထား ... ဟိုမှာကားလာနေပြီ ..."

ကျွန်တော် လှည့်ကြည့်လိုက်တုန်း ... သီရိ ... ဇတ်ကနဲ ... ရုန်းပြီး ... လမ်းထဲကို ခပ်သွက်သွက် ပြေးတော့သည် ... လူလည်မလေး ... သီရိ ... ကျွန်တော့်ကို လှည့်စားတယ် ... သီရိမျက်နှာလေးကို ... ရိပ်ကနဲ လှမ်းမြင်လိုက်ရသည် ... ရှက်ရွံ့စွာ ရင်ခုန်နေတဲ့ ... မျက်နှာလေး ... အထိအတွေ့က ... ကျွန်တော့်ရဲ့ စိတ်ကို ... ယိမ်းယိုင်စေသလား ... ကျွန်တော်မပြောတတ် ... အစက ... ယွန်းအိကို ... စိတ်ထဲမှာ တော်တော်နှစ်သက်မိသည် ... အခု ... သီရိ ... ချစ်တယ်လို့ ဖွင့်ပြောဖို့ စကားလေးပဲ ကျန်တော့သည် ... 

ကျွန်တော့် စိတ်တွေက ယိမ်းယိုင်လွယ်တာလား ... ဒါမှမဟုတ် ... သိပ်လှတဲ့ သီရိက ... ညှို့ယူဖမ်းစားနိုင်တာလား ... ကျွန်တော့်စိတ်ပဲ ဖြစ်မှာပါလေ ... သိပ်လှတဲ့ လူလည်မလေး သီရိ ... ခပ်ကော့ကော့နဲ့ ... အရှေ့ကလျှောက်သွားတာကို ... မနည်းမှီအောင် ... လိုက်ရင်း ... သီရိ နောက်ပိုင်းလေးကို ... စိုက်ကြည့်မိပြန်သည် ... လှသည် ... တောင့်သည် ... တင်သားဆိုင်လေး ... နှစ်ခုက ... သီရိအပျိုစစ်စစ်ပါလို့ သက်သေခံနေသည် ...

ခပ်သွက်သွက်သွားပေမယ့် ... ယမ်းခါမနေ ... ဝေ့ကနဲ ဝိုက်ကနဲ ... သိမ့်ကနဲ ... စကောဝိုင်းလေးလို ... အောက်ကို ကျပြီး အပေါ်ကို ပြန်ပြန်တက်သွားသည် ... သီရိတင်သားဆိုင်လေး ... အောက်ကို ... အိကနဲ ကျသွားတဲ့အချိန်မှာ ... ကျွန်တော့်ရင်ထဲ ... သိမ့်ကနဲ ဖြစ်သွားပါတယ် ... တကယ်ပါဗျာ ... တင်သားဆိုင်လေး ပြန်တက်သွားတဲ့အချိန် ... ရင်ထဲမှာ ... ဒုန်းကနဲ ရင်ခုန်သွားတယ် ... လှတယ်ဗျာ ... သိပ်လှတယ် ...

စာရေးကိရိယာဆိုင်ထဲ ... သီရိဝင်သွားမှ ... ကျွန်တော့် စိတ်တွေ ... နည်းနည်း ပြန်ငြိမ်သွားသည် ... မကောင်းပါဘူးလေ ... သီရိ ... A3 စာရွက် တလိပ် ... တီ ပေတံ ... ဝယ်တယ် ...

" ကိုခန့် ... ပုံဆွဲဖို့ ... ဘာတွေလိုသေးလဲဟင် ... "

" compass နဲ့ pencils လိုတယ် ... ruler ကောင်းကောင်းလိုတယ်"

" ဘယ်တံဆိပ် ဝယ်ရမလဲဟင်"

" STAEDTLER ဝယ်လေ ... ကိုလည်း ... ဒါပဲသုံးတယ်"

ဟဲ ဟဲ ... ခပ်တည်တည်နဲ့ ... ကိုယ့်ကိုကိုယ် ကို လို့ သုံးကြည့်လိုက်တယ် ... သီရိ ... ဆတ်ကနဲ ကျွန်တော့်ကို ... လှန်ကြည့်တယ် ... သူ့အကြည့်က ... ဘာမှလည်း မဆိုင်သေးပဲနဲ့ ... ဒီလိုပြောရလားပေါ့ ...

ဘောက်ချာဖြတ်တဲ့ ကုလားက ... တော်တော် စကားရှည်တယ် ... ဘာယူအုံးမလဲ ... ဟိုဟာလိုသေးတယ် ... ဒီဟာလိုသေးတယ် ... သူပြောတိုင်း ... သီရိက ... ကျွန်တော့်ကို လှမ်းလှမ်းကြည့်တယ် ... ထောက်ခံမဲတောင်းနေတာ ... လိုအပ်သလား ... ယူသင့်သလား ... ပေါ့ ... လိုအပ်တာလေး နည်းနည်းဝယ်ပြီး ... ကျွန်တော်တို့ ပြန်ထွက်လာတယ် ... သီရိ ဝယ်သမျှအထုပ်တွေကို ... ကျွန်တော်ပဲ ဆွဲတယ် ... ယောက်ျားလေးပဲဗျာ ... ဒီလောက်တော့ ... လုပ်သင့်ပါတယ် ... ဟုတ်ဘူးလား ... ဒီတခါတော့ ... ကားလမ်းကူးတာ ... ကျွန်တော်သေပြီ ... ကျွန်တော် မကူးရဲဘူး ... ခုနက သီရိ ဆွဲခေါ်သွားတော့ ... အလွယ်တကူပဲ ... အခုတော့ ... ကျွန်တော် မကူးရဲ ... မကူးတတ် ... သီရိလမ်းကူးတာ တဝက်ရောက်သွားပြီ ... စိတ်ထင့်သွားတယ်နဲ့ တူတယ် ... ကျွန်တော့်ကို ... ပြန်လှည့်ကြည့်တယ် ...

" လာလေ ... ကိုခန့် ... မြန်မြန်"

ကျွန်တော် ဘာစကားမှ ပြန်မပြောတတ် ... တကယ်ပါဗျာ ... ကျွန်တော် ... အရမ်းငိုချင်လာတယ် ... ခြေထောက်တွေက ... တလှမ်းဆို ... တလှမ်းမှ ရွှေ့လို့မရဘူးဗျာ ...ချီတုံချတုံနဲ့ ... မကူးရဲဘူးဗျာ ... မကူးရဲဘူး .....................................................................................................................

သတ္တိနည်းတယ်ပဲပြောပြော ... တကယ်ကို ... မကူးရဲတာဗျာ ... သီရိ ... ပြန်လှည့်လာတယ် ... ကျွန်တော် အရမ်းဝမ်းသာသွားတယ် ... ကယ်တင်ရှင်မလေး ... ကျွန်တော့်လက်ကို အတင်းဆွဲပြီး ...

" မြန်မြန်ကူး ... ဟိုမှာ မီးပွိုင့်စိမ်းသွားပြီ ..."

ညာဘက်ကနေ ... ကားတွေ ဝေါကနဲ ပြေးချလာသည် ... သီရိက ရှေ့ကပြေး ... ကျွန်တော်က နောက်က ပြေး ... မိုင်ကုန်ပဲ ... ကျွန်တော်ဗျာ ... ဝမ်းသာတယ် ... အရမ်းဝမ်းသာတယ် ... ဒုက္ခရောက်တဲ့အချိန်မှာ ... ကိုယ်ချစ်တဲ့သူက ... ပြန်လာခေါ်တဲ့ ... ခံစားချက်ကို ... ဒီတသက်မေ့မှာမဟုတ်ဘူး ... သီရိလက်ကို ... ခပ်တင်းတင်းကိုင်ထားရင်း ... ဝမ်းသာပီတီကြောင့် ... ကျွန်တော့် ခြေထောက်တွေ ... ကတ္တရာလမ်းနဲ့ ထိတယ်လို့ ... မထင်ဘူးဗျာ ... ဟိုဘက်ခြမ်းက ... လူတချို့ကလည်း ... ကျွန်တော်တို့ကို ... ဝိုင်းကြည့်တယ် ... သိပ်လှတဲ့ ကောင်မလေးက ... လမ်းတဝက်ကနေ ... ကောင်လေးကို ပြန်လာခေါ်ပြီး ... ပြေးတယ် ... အားကျတဲ့အကြည့်တွေကို ... ကျွန်တော် သေချာမြင်လိုက်ပါတယ် ... အရမ်းကို ကျေနပ်တယ်ဗျာ ... ကျေနပ်တယ် ... ကျွန်တော်လေ ... ပျော်လွန်းလို့ ... မျက်နှာက ပြုံးဖြီးဖြီး ဖြစ်နေမှာပဲဗျာ ...

" ကိုခန့်က ... ကားလမ်း မကူးတတ်ဘူးလား"

" ဟင့်အင်း ... ကူးတတ်ဘူး"

" ဘာဖြစ်လို့လဲဟင် ... ကြောက်လို့လား"

" အင်း ... ကားတွေက ဝှီးကနဲ ဝှီးကနဲ ဖြတ်နေတာ ... မကူးတတ်ဘူးဗျာ ... သီရိလာခေါ်လို့ ... နို့မို့ဆို ... မလွယ်ဘူး ..."

" အားကိုးတယ်ပေါ့ ... တော်တော်ဟုတ်တယ် ... သီရိက ... အားကိုးရမလား မှတ်တယ် ... ကိုခန့်က ... ဆိုးတယ်နော် ..."

" မဆိုးပါဘူးဗျာ ... နယ်ကလာတော့လေ ... အကျင့်မရသေးလို့ပါ ..."

" တော်ပါ ... ကားလမ်းကူးတတ်မှ ... ရီးစားစကား လာပြော ... ခစ် ခစ်"

" တကယ်ပြောတာလား ..."

" အင်း ... လက်လွှတ်အုံး ..."

" ဟင့်အင်း ... တသက်လုံး သီရိလက်ကို ကိုင်ထားချင်တယ် ..."

" အပိုတွေ ... လမ်းဖြင့်မကူးတတ်ပဲနဲ့ ... လွှတ်ပေးကွာ ... သီရိ ရှက်လာပြီ ..."

" ဆောရီး"

" မစောတော့ဘူး ... ၄ နာရီခွဲကျော်နေပြီ ..."

" ဟား ဟား ဟား"

" ဘာရီတာလဲ ..."

" ကျွန်တော် အရမ်း ဝမ်းသာတယ် သိလား ... သီရိ ပြန်လာခေါ်တာကိုလေ ... အရမ်းဝမ်းသာတယ် ..."

" ခစ် ခစ် ... လမ်းမကူးတတ်တဲ့ တောသား ..."

လမ်းမကူးတတ်တဲ့ ... တောသားကို ... မြို့သူလှလှလေးက ... လက်ဆွဲပြီး ပြေးတယ်လေ ... ဟဲ ဟဲ ... ကျွန်တော့်စိတ်တွေ ... အရမ်းပျော်နေတယ်ဗျာ ... ကားပေါ်တက်ထိုင်ပြီး ... အထုပ်တွေနောက်ထဲထည့်တော့ ... ကျွန်တော်ကလည်း အလှည့် ... သီရိကလည်း အလှည့် ... သီရိမျက်နှာလေးနဲ့ ... ကျွန်တော် တော်တော်လေး ကပ်သွားတယ် ... သီရိရဲ့ ဝင်လေထွက်လေ ... နွေးနွေးလေးက ... ကျွန်တော့်ပါးကို လာထိတယ် ... တစက္ကန့် ... နှစ်စက္ကန့် ... သုံးစက္ကန့် ... ရုတ်တရက်ဗျာ ... ကမ္ဘာကြီး ရပ်သွားသလိုပဲ ... ကျွန်တော်လေ ... အချိန်တွေကို ရပ်ဆိုင်းလို့ရရင် ... ဒီအတိုင်းလေးပဲ ရပ်ထားပစ်လိုက်ချင်ပါတယ် ... အရင်ဆုံး လွှဲဖယ်လိုက်တာက ... သီရိ ...

" ခန့်နော် ... လမ်းလယ်ကောင်ကြီးမှာ"

ခန့် ... တဲ့ဗျာ ... ကို တလုံး မကြားမိတာလား ... ပြုတ်ကျန်ခဲ့တာလား ... မဖြစ်နိုင်ဘူး ... ဒီလောက်ကပ်ကပ်လေး ပြောတာကို ... တမင်သက်သက် သီရိ ချန်ခဲ့တာ ... သေချာတယ် ... ဟာဗျာ ... လှိုက်ကနဲ ဝမ်းသာသွားတဲ့ ... စိတ်ကို ... ဘယ်လို ပြောရမှန်းကို မသိတော့ပါဘူး ...

" ခန့် တလုံးပဲ ခေါ်တာလားဟင် ..."

ကျွန်တော်က မသေချာမှာစိုးလို့ ... သီရိမျက်ဝန်းလေးကို ... သေချာစိုက်ကြည့်လိုက်တော့ ... သီရိ အကြည့်လွှဲသွားပြန်တယ် ... ဒါပေမယ့် ... နှုတ်ခမ်းဖူးလေးက ...

" အင်း ..." တဲ့ ...။

သီရိနဲ့ ... ကျွန်တော် ပိုရင်းနှီးသွားတယ်လို့ ခံစားမိပါတယ် ... ဝမ်းသာလိုက်တာဗျာ ... ပျော်ရွှင်ခြင်း ... ကြည်နူးခြင်း ... ချစ်ခြင်းတွေကြောင့် ... ကျွန်တော့် စိတ်တွေ လေထဲ လွင့်နေသလို ခံစားရပါတယ် ...

" သီရိလက်ကို ... တသက်လုံး ကိုင်ထားခွင့် ဘယ်တော့ရမှာလဲဟင်"

" တို့ ပြောပြီးပြီပဲ ... ကားလမ်းကူးတတ်မှလို့ ..."

" တကယ်လား ..."

" တကယ်ပေါ့ ... ခန့်ရဲ့ ... သီရိ မလိမ်တတ်ဘူး ... ဟာကွာ ... မမေးနဲ့တော့ ... သီရိ အရမ်းရှက်လာပြီ ..."

" ဟား ဟား ဟား ... အရမ်းပျော်တယ် ... နော် ... သီရိ"

" ခစ် ... ခစ် .. ခစ် ... တော်ပါ ..."

သီရိ ... ရှက်လွန်းလို့ထင်ပါရဲ့ ... ဟိုဘက်လှည့်ပြီး ... အပြင်ကို ကြည့်နေတယ် ... မျက်နှာလွှဲထားတဲ့ ... မျက်နှာလေးက ... ရှက်သွေးတွေ ယှက်ဖြှာလို့ နေသည် ... ချစ်တယ် သီရိရယ် ... ချစ်တယ် ... ဘောက်စဂွန်ကားလေးက ... အချစ်တွေ လျှံကျနေလို့လား မသိပါဘူးဗျာ ... ရွှတ်ကနဲ ... မြေနီကုန်းရောက်သွားသည် ... ဟာဗျာ ... မြန်လိုက်တာ ... သီရိ အိမ်နားရောက်တော့မယ် ...

" လမ်းထိပ်မှာပဲ ... ရပ်လိုက်နော် ... ခန့် "

" အင်း ... သီရိအိမ်ကို လိုက်ပို့ပေးမယ်လေ"

" ဟင့်အင်း ... မေမေ ဆူလိမ့်မယ် ... နားလည်တယ်မှတ်လား"

" အင်း ... ဖုန်းနံပါတ်ပေးအုံးလေ ..."

" တို့ ဆက်လိုက်မယ်နော် ... ဒီမှာရေးပေး ..."

" အင်း ... သီရိ ... မနက် ကျောင်းဘယ်လိုသွားမှာလဲဟင် ..."

" ၂၁၆ လိုင်းကားစီးသွားမယ်လေ ... "

" ဟင့်အင်း ... သွားနဲ့ ... ကို လာကြိုမယ် ... ၆ နာရီ ... ဒီနေရာမှာပဲ စောင့်နေ ..."

" အင်း ... ၆ နာရီနော် ... စောင့်နေမယ် ..."

" သီရိ ... တို့က ... တကယ်ချစ်တာနော် ... ပြန်ချစ်မယ် မှတ်လားဟင်"

" တို့ ပြောပြီးပြီပဲ ... လမ်းကူးတတ်မှ ... ရီးစားစကား လာပြောလို့ ... ခစ်ခစ် ... တော်ပါ ... ကားသေချာမောင်းသွားအုံး"

" အင်းပါ ... ချစ်တယ်နော် ... သီရိ"

" သွားတော့နော် ... မေမေ ထွက်လာရင် ... ပြဿနာတက်မှာစိုးလို့ ..."

" ဖုန်းဆက်လိုက် ... စောင့်နေမယ် ..."

" အင်း"

ကားလေးကို ... မောင်းထွက်လိုက်ပေမယ့် ... စိတ်တွေက ... ချစ်သူဆီမှာ ကျန်ခဲ့သည် ... နောက်ကြည့်မှန်ကနေ ... သီရိလက်ပြနေတာကို ... ကျေနပ်သဘောကျပေမယ့် ... သီရိကျန်ခဲ့တာကို ... စိတ်မကောင်းဘူး ... ချစ်ဦးစဆိုတော့လေ ... အချိန်လေးတခု ခွဲနေရတာကို ... ဝမ်းနည်းမိတာ ... ရင်ထဲက ဆန္ဒပါ ...  တကယ်လည်း ... ကျွန်တော့်စိတ်ထဲမှာ ... သီရိလက်လေးကို ... တချိန်လုံး ကိုင်ထားချင်တယ်ဗျာ ... 

ချစ်တယ်ဆိုတဲ့ ခံစားချက်ကို ... အခုမှ စသိပေမယ့် ... ကျွန်တော်လေ ... အချစ်ကို မဝေခွဲတတ်သေးဘူး ... သိပ်လှတဲ့ ... သီရိကို ... ချစ်မိတာ ... သီရိရဲ့ အလှတရားကြောင့်လား ... အတွေ့အထိကြောင့်လား ... မနက်တုန်းက ... ယွန်းအိကို ကျွန်တော် ... စိတ်ဝင်စားမိတာကကော ... ကျွန်တော် ... ယွန်းအိကို ချစ်တာလား ... ကျွန်တော် ချစ်တာ ... ယွန်းအိလား ... သီရိလား ... ဟာဗျာ ... ခေါင်းတွေ ရှုပ်လာပြီ ... အချစ်ဆိုတဲ့ အရာဘယ်လိုမှန်း ဘယ်လိုဆုံးဖြတ်ရမယ်မှန်း ... မသိပေမယ့် ... သေချာတာတော့ သီရိကို ရီးစားစကားပြောခဲ့ပြီးပြီ ...  ဘာပဲဖြစ်ဖြစ် သီရိကို ချစ်တယ်ဗျာ ...

....................................................................................................

အိမ်ပြန်ရောက်တော့ ... ဘကြီးခန့်က ... ဧည့်ခန်းထဲမှာ ... ပုလင်းသေးသေးလေး တခုကို တသသနဲ့ ကြည့်နေပါတယ် ... ပုလင်းလေးထဲက ... အရည်က အပြာရောင် ... တချက်တချက် ... လက်ကနဲ လက်ကနဲ ဖြစ်သွားသည် ... ကျွန်တော်ကတော့ စိတ်မဝင်စားဘူး ... သီရိနဲ့ ကြုံခဲ့ရတဲ့ ကြည်နူးမှုတွေ ဖုံးလွှမ်းနေတဲ့ ကျွန်တော့်စိတ်ကို ... ဘကြီးခန့် ပုလင်းလေးက ... မလွှမ်းမိုးနိုင်ပါဘူးဗျာ ...  ဘကြီးခန့်က ... ကျွန်တော့်ကို ကြည့်ပြီး ...

" သား ... ကျောင်းသွားတာ ... အဆင်ပြေရဲ့လား"

" ဟုတ် ... ပြေပါတယ် ... ဘကြီးခန့်ရဲ့ ..."

" ဟုတ်လား ... သားပုံစံက ... တော်တော် အဆင်ပြေလာပုံရတယ် ..."

" ခင်ဗျာ ..."

ကျွန်တော် နည်းနည်းတော့ လန့်သွားသည် ... ဘကြီးခန့်ပုံစံက ဆူတာလည်း မဟုတ် ... ရိတာလည်းမဟုတ် ... သူ ဘာပြောချင်တာလဲ ... ကျွန်တော့်ကားပေါ်မှာ ကောင်မလေး သုံးယောက်ပါလာတာ ... သီရိနဲ့ ... ငြိတိတိဖြစ်ခဲ့တာ ... ဘကြီးခန့်က သိနေတာလား ... မေမေ မသေပြောဖူးတာက ... ဘကြီးခန့်က ... အနံ့အာရုံ ခံနိုင်တယ်တဲ့ ... လူတွေရဲ့အနံ့ကို ခံပြီး လူကောင်းလား ... လူဆိုးလား ... ဘဝဖြစ်စဉ်ကို တခါတလေ ပြောပြပေးနိုင်တယ်တဲ့ ... 

ကျွန်တော့်ရဲ့ မေမေဘက်က အမျိုးတွေမှာ ... တယောက်ကို တမျိုးစီ ... စိတ်စွမ်းအင်လေးတွေ ပိုင်ဆိုင်ကြပါတယ် ... တခါတလေလည်း ... ပြင်းပြင်းထန်ထန် အာရုံရတယ် ... တခါတလေလည်း ... မရဘူး ... ဆန်းတော့ ဆန်းတယ်ဗျ ... အထူးသဖြင့် ... ဘကြီးခန့်ပေါ့ ... လူတယောက်ကို အာရုံစိုက်ပြီး အနံ့ခံရင် ... မိုင်ထောင်ချီအောင်ဝေးလည်း ... ဘယ်မှာ ရှိတယ်ဆိုတာ သိတယ်တဲ့ ... ငယ်ငယ်က မေမေပြောတုန်းကတော့ ... ပုံပြင်လို့ပဲ ထင်ထားတာ ... အခုတော့ ... ကျွန်တော့်ကိုယ်ပေါ်က အနံ့တွေ ... သူ ရနေပြီ ...

" ဟား ဟား ... ငါ့သားကိုယ်ပေါ်မှာ ... အပျိုနံ့တွေ သင်းထုံနေတယ်လေ ..."

ကျွန်တော့်ကို ကြည့်ပြီး သဘောကျသလိုနဲ့ ... ဘကြီးခန့် ... ပြောတော့ ... ဘကြီးခန့်နားမှာ ထိုင်ပြီး ... ကျွန်တော်လည်း ... ကိုယ့်ကိုကိုယ် နမ်းကြည့်တယ် ...

" ဟုတ်လား ... ကျွန်တော်တော့ဘာနံ့မှ မရဘူး ..."

" အင်း ... သားက ဘယ်ခံစားလို့ရအုံးမလဲ ... ဒါတွေက အလေ့အကျင့်နဲ့ ဆိုင်တယ်လေ ..."

" ဟုတ်ကဲ့ ... ကျောင်းကအပြန် ... ကောင်မလေးသုံးယောက်နဲ့ အတူတူပြန်ခဲ့ပါတယ် ... ဘကြီးခန့် ..."

" ငါ့သားက တယ်စွံပါလား ... ဟေ့"

" မစွံပါဘူး ... ဘကြီးခန့်ရယ် ... အခုမှ သူငယ်ချင်းဖြစ်ကြတာ"

" အင်း ... တခုတော့ သတိပေးမယ် ... သား ... ဂရုစိုက်ရမယ်"

" ဟုတ်ကဲ့ ပြောပါ ဘကြီးခန့် ..."

လူကြီးသူမက ဆုံးမတာကို နာခံရမယ်လေ ... ဘကြီးခန့်ဆိုတာကလည်း ... အလကားနေရင် ဆူပူတာမျိုးတခါမှ မရှိဘူး ... အကျိုးသင့်အကြောင်းသင့် ... ပြောပြသွန်သင်တတ်ပါတယ် ... ဘကြီးခန့်ပြောတာကို ... ကျွန်တော် သေချာ နားထောင်ဖြစ်တယ် ... ဘကြီးခန့်က မျက်စိမှိတ်ပြီး ...

" သားနဲ့ ... အတူတူပြန်လာတဲ့ ကောင်မလေး သုံးယောက်ထဲက ... တယောက်က ... Aphrodite ရဲ့ ကိုယ်နံ့မျိုးဖြစ်နေတယ် ..."

" ခင်ဗျာ ... "

Aphrodite ဆိုတာ ဘာလဲဗျာ ... ကျွန်တော်လည်း မသိဘူး ... အလှကုန်ပစ္စည်းလား ... ဖြစ်နိုင်တယ် ... ပေါင်းတည် ဘုရားပွဲတုန်းက ... အလှကုန်ရောင်းတဲ့ ဆိုင်မှာ ဆိုင်းဘုတ်အကြီးကြီး တွေ့ဖူးတယ် ...

" ဘာပြောတာလဲဟင် ... ဘကြီးခန့် ... ကျွန်တော် မသိလို့ပါ ..."

" အင်း ... Aphrodite ဆိုတာကလေ ... ဂရိနတ်ဘုရားမ တပါးပေါ့ ..."

" ဗျာ ... ဟုတ် ..."

Aphrodite နဲ့ ... သီရိတို့ ဘာဆိုင်လို့လဲဗျာ ... တမျိုးပဲ ... သိပ်နားမလည်တော့ ... ဘကြီးခန့်ပြောတာကို ဆက်နားထောင်ဖြစ်တယ် ...

" ဒီနတ်ဘုရားမက ... လူသားတွေနေတဲ့ ... ကမ္ဘာမြေဆီကို ... ချစ်ခြင်းမေတ္တာရယ် ... အလှတရားရယ် သယ်ဆောင်လာတယ် ..."

" ဟုတ်ကဲ့ ..."

" သူက အရမ်းလှတယ် သား ... ဘယ်လောက်လှသလဲဆိုရင် ... နတ်ဘုရားအချင်းချင်းတောင် ... ဖောက်ပြန်စေလောက်အောင် ... လှတယ် ..."

" နောက် သူက ... အလိုရမက်လည်း ကြီးတယ် ... သစ္စာလည်းမရှိဘူး ... သူ့ယောက်ျား ... နတ်ဘုရား နောက်ကွယ်မှာ ... ဖောက်ပြန်တယ် ... ဇာတ်လမ်းတွေ အများကြီးပဲ ... နောက်ပြီး စိတ်ဆိုးလွယ်တယ် ... အပြစ်ဒဏ်ပေးလွယ်တယ် ..."

" ဟုတ် ..."

" မိန်းကလေး တယောက်မှာ ... Aphrodite ရဲ့ အနံ့မျိုးရရင် ... အများအားဖြင့် ... အဲဒီမိန်းကလေးဟာ ... ရွှေအဆင်းလို လှတယ် ... တော်ရုံယောက်ျားလေး ... မကြည့်ပဲမနေနိုင်ဘူး ... အလိုရမက်ကြီးတယ် ... သစ္စာမရှိဘူး ... အချစ်နောက်ကို ကောက်ကောက်ပါအောင် ... လိုက်တဲ့ သဘောရှိတယ် ... သား"

" ဗျာ ..."

ကျွန်တော် အရမ်းအံ့သြသွားတယ် ... ဘကြီးခန့် ပြောချင်တာ ... နည်းနည်းတော့ နားလည်လိုက်တယ် ... သီရိ ... ယွန်းအိ ... အေးမြတ် ... ဒီသုံးယောက်ထဲက ... တယောက်က Aphrodite နတ်ဘုရားမလို ဖြစ်မယ့်သူလား ...

" Aphrodite ရဲ့ ကိုယ်ရနံ့မျိုးနဲ့ မွေးဖွားလာတဲ့ ကလေးမ တယောက်ကို ... မချစ်ပါနဲ့ မကြိုက်ပါနဲ့ ... တားဆီးဖို့ခက်တယ် ... ဘာလို့လဲဆိုတော့ ... Aphrodite က ချစ်ခြင်းမေတ္တာတရားကို ... ကမ္ဘာမြေကို သယ်ဆောင်လာလို့"

" ဟုတ်လား"

" သူ့ရဲ့ ကိုယ်နံ့ကို ရလိုက်တာနဲ့ ... အချစ်စိတ်တွေ ဝင်သွားတယ် ... တခြားအာရုံတွေ ပျောက်ပြီး ... သူ့ကိုပဲ ချစ်ချင်တဲ့ စိတ်ပဲ ပေါ်နေလောက်အောင် ... ဖမ်းစားနိုင်တယ် ... သတိထားပေါ့သားရယ် ... ဟုတ်ပြီလား"

" အပြစ်ဒဏ်ပေးလွယ်တယ် ... ဆိုတာကကောဟင်"

" သူ့စိတ်အလိုက ... အပြောင်းအလဲ မြန်တယ် ... သူ့ကို ချစ်တဲ့စိတ်လျော့သွားတာနဲ့ ... သူက ပြဿနာတွေ ဖန်တီးလေ့ရှိတယ် သား"

" ဟုတ်ကဲ့ ... သား ဂရုစိုက်ပါ့မယ် ..."

" အေးပါ ... သားရယ် ... အထိအတွေ့ကို ... ဂရုစိုက်ပေါ့ ... ဘကြီးကတော့ ဒါပဲ မှာချင်တယ် ..."

" ဟုတ်ကဲ့ ... စိတ်ချပါ ... ဘကြီးခန့်"

........................................................................................................................

ဇဝေဇဝါနဲ့ ... ကျွန်တော်ထလာပြီး ... ကျွန်တော့အခန်းထဲ ... ရောက်တော့ ... ခေါင်းထဲ ဝင်လာတာက ... သီရိ ... သိပ်လှတဲ့ကောင်မလေးက ... Aphrodite ရဲ့ ကိုယ်ရနံ့မျိုးရှိနေလို့လား ... သီရိနဲ့ အတူတူသွားတဲ့အခါ ... ဘာလို့ ချစ်စိတ်တွေ ယိုဖိတ်လာတာလဲ ... အချစ်ဆိုတာ ကိုယ့်စိတ်နဲ့ ကိုယ်ဖြစ်တာလား ... ဒါမှမဟုတ် ... ဘကြီးခန့် ပြောသလို ... ဖြစ်နေတာလား ... သူနဲ့ ချစ်ရင် ... သီရိကကော သစ္စာရောရှိပါ့မလား ... ကျွန်တော့်စိတ်မှာ ... ချစ်မိလေတော့လည်း ... ချစ်ရသူလေးဘက်ကို ... ဖေးဖေးမမလေးတွေးကြည့်သည် ... 

သီရိက ... မျက်နှာများတဲ့ ... မိန်းကလေးတော့ မဟုတ်လောက်ပါဘူး ... မာနတော့ နည်းနည်းကြီးတယ် ... လှတာကိုး ... မာနကြီးတာလည်း တမျိုးကောင်းတာပဲ ... တော်ရုံယောက်ျားလေး ... ကပ်လို့မရတော့ဘူးပေါ့ ... ချစ်တယ် ... သီရိရယ် ... ချစ်တယ် ... သီရိနဲ့ ချစ်ပြီးမှ ... ချစ်ငြိုးပြစ်ဒဏ်တွေလည်း ... ပေးချင်ပေးပါစေလေ ... ပေးမှာမဟုတ်ပါဘူး ... 

သီရိက ... ကျွန်တော့်ကို ... ချစ်လို့ မလုပ်ရက်ဘူးလို့ ယုံတယ် ... ဒီအချိန်မှာ ... ကျွန်တော့်ခေါင်းထဲမှာ ... ယွန်းအိအကြောင်းမေ့သွားတာ ... အမှန်ပါပဲ ... အေးအေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ... ယွန်းအိကို ... စစချင်းတွေ့ပေမယ့် ... အခုတော့ ... ကျွန်တော့်ရင်ထဲမှာ ... သီရိမှ ... သီရိ ဖြစ်နေပါတယ် ... သိပ်လှတဲ့ ... သီရိ ... အခုချိန်ဆို ... ဘာတွေများလုပ်နေမလဲဗျာ ... အာရုံစိုက်ပြီး ... သီရိအကြောင်းလေးကို စဉ်းစားတော့ ... အတွေးထဲမှာ သီရိပေါ်လာသည် ... သီရိ ... ရေချိုးဖို့ ... အင်္ကျီလေးကို ချွတ်နေသည် ... သိပ်လှတဲ့ သီရိမှာ ... စွဲဆောင်အားကောင်းတဲ့ ရင်နှစ်မွှာရှိတာ ... ကျွန်တော်သိပါတယ် ... အရင်တုန်းက ... မိန်းကလေးတွေနဲ့ ပတ်သက်ရင် ... ကျွန်တော့်စိတ်က ရိုးသားပေမယ့် ... အခုတော့ ဆန်းပြားချင်နေပါတယ် ... 

သီရိရဲ့ လှသွေးကြွယ်နေတာလေးကို ... မြင်မိတွေ့မိတော့ ... ယောက်ျားစိတ်တွေ ... ထကြွလို့လာပါတယ် ... ချစ်ချင်တယ် သီရိရယ် ... ထွားအိတဲ့ ရင်သားတွေက ... လှလိုက်တာဗျာ ... အတွေးထဲက ... သီရိ ရင်နှစ်မွှာက ... ဝင်းမွတ်နေသည် ... ပန်းသစ်တော်သီးလို ... ထွားထွားမို့မို့နဲ့ ... ထိပ်ဖျားလေးက ... ပန်းနီရောင်လေး ... ဂွမ်းပုံလေးထဲမှာ နစ်နေသလို ... သေးသေးလေး ... ဟင်း ... ကျွန်တော့်ရင်တွေ ပူလာသည် ... 

ချစ်ချင်လာပြီကွာ ... သီရိ ရင်သားလေးကို ပွတ်သပ်ချင်တယ် ... ဖြစ်နိုင်ရင် ... အနမ်းပွင့်လေးတွေ ပေးကြည့်ချင်တယ် ... သီရိက ... ခွင့်ပြုပါ့မလား ... ခွင့်ပြုပါ သီရိရယ် ... နော် ... ရင်နှစ်မွှာကို ဆော့ကစားပြီးရင် ... အောက်က ... တင်သားဆိုင်လေးတွေကိုလည်း ... ကိုင်ကြည့်ချင်တယ် ... ကျောင်းကအပြန် လမ်းလျှောက်တုန်းက ... ဖွံ့ဖွံ့ကားကား ... တင်သားဆိုင်လေးတွေ ... လှုပ်လီလှုပ်လဲ့ ... ဖြစ်နေတာကို ... ပြန်သတိရမိသည် ... ရင်ပူစေတယ်ဗျာ ... စိတ်ကြွစေတယ် ... ဘယ်အချိန်မှ ... သီရိရဲ့ တင်သားဆိုင်လေးတွေကို ... ပွတ်သပ်ခွင့် ရမလဲမသိပါဘူးဗျာ ... ကိုင်ခွင့်ရရင်တော့လေ ... ကျွန်တော့်လက်ဝါးနဲ့ အုပ်ပြီး ... ခပ်တင်းတင်း ကိုင်ကြည့်ချင်တယ် ... လက်ဝါးနဲ့တောင် ဆန့်ပါ့မလား ...

ဖြတ်ကနဲ ပေါ်လာတဲ့ အတွေးထဲမှာ ... ဖောင်းမို့နေတဲ့ ... ပန်းနုရောင် တောင်ကုန်းလေး ... သွယ်သွယ်လျလျ ... ပေါင်တံလေးနှစ်ခုကြားက ... ဝင်းဝင်းမို့မို့လေး ... နုထွားလေးမို့ ... ကိုင်ကြည့်ချင်သည် ... ရွှေအိုရောင် ပြောင်းဖူးမွှေးတွေလို ... အမွှေးနုလေးတွေက ... ပေါက်ခါစ ... သေချာမြင်လိုက်ရတာ ... ညာဘက်ပွင့်ဖတ်လေးပေါ်မှာ ...အနီရောင် အစက်လေးတစက် ... ခဲတံနောက်က ... ခဲဖျက်အရွယ်အဝိုင်းလောက်ရှိတဲ့ ... အမှတ်လေး ... လှလိုက်တာဗျာ ... တကယ်ချစ်ပြီဆိုမှ ... ဟုတ်မဟုတ် ... သေချာအောင် ကြည့်ရမယ် ...

အခုတော့ ... နမ်းချင်လာပြီဗျာ ... အော် သီရိ ... သီရိ ... အလှချင်းပြိုင်ရင် ... ဘယ်သူနိုင်ပါ့မလဲ ... ဘကြီးခန့်ပြောသလို ... Aphrodite ဖန်ဆင်းထားတဲ့ သမီးပျိုလားမသိပါဘူး ... သီရိရယ် ... မနက်ဖြန်မနက် ... တွေ့လို့ ... စိတ်မထိန်းနိုင်ရင် ... ဖက်နမ်းပစ်မိလိမ့်မယ် ... အမျက်တော်ရှပြီး ... ပြစ်ဒဏ်ပေးလည်း ... ခံချင်ပါတယ် ... ဖြစ်ချင်တာသာ ဖြစ်ပလေ့စေတော့ ... ကျွန်တော်လေ ... Aphrodite မလေးကို ... ရယူပိုင်ဆိုင်ချင်လာပြီ ... ဆန္ဒတွေကြောင့် ထကြွလာတဲ့ တဏှာကို ... ကျွန်တော် ဘယ်လိုရှင်းရမလဲ ... အတွင်းခံ ဘောင်းဘီအောက်မှာ ... တောင့်တင်းနေတဲ့ ... အောက်ကကောင်ကြောင့် ... ကျွန်တော့် အောင့်လာပါတယ် ... 

ခန္ဓာကိုယ်က ... အကြောတွေ တင်းလာပြီး ... ရင်တွေလည်း ပူလာပါတယ် ... သွေးသားက တောင်းဆိုလာလို့ ... သွေးကြောထဲမှာ ... ပုရွက်ဆိတ်တွေ လျှောက်သွားနေသလို ... ယားနေတော့ ... ဟာဗျာ ... မဖြစ်သေးပါဘူး ... စိတ်အပြောင်းအလဲဖြစ်အောင် ... ရေချိုးခန်းထဲဝင်ပြီး ... ခေါင်းကနေ ... လောင်းချိုးပစ်လိုက်တယ် ... အေးမြတဲ့ရေက ... ခန္ဓာကိုယ်က အပူတွေကို ... လျော့ကျသွားစေပါတယ် ... ဒါပေမယ့် ... သီရိကို ချစ်တဲ့ စိတ်က ... ဒီရေအလား တိုးလို့သာနေပါတယ် ... ရေချိုးပြီးတော့ ... စာအုပ်တွေထုတ်ပြီး ... စာကြည့်လိုက်တယ် ...

အာရုံစိုက်ပြီး စာဖတ်နေရင်း ... ယွန်းအိလေးက ... အတွေးထဲ ရောက်လာပြန်တယ် ... ဟင်း ... ချစ်ဖို့ကောင်းတဲ့ ယွန်းအိကိုလေ ... သိပ်လှတဲ့ သီရိသာ မရှိရင် ... ကျွန်တော် ချစ်မိသွားလိမ့်မယ် ... ကျွန်တော် နှစ်သက်သဘောကျတဲ့ မိန်းကလေးပုံစံမျိုးက ... ယွန်းအိလေးလိုမျိုး ... ချစ်ဖို့လည်း ကောင်းတယ် ... မျက်စိလည်း အေးစေတဲ့ မေ့မေ့လို မိန်းကလေးမျိုးကို ... လိုချင်ပါတယ် ... ယောက်ျားလေးတော်တော်များများက ... သူတို့ရဲ့ အမေနဲ့ တူတဲ့ ... မိန်းကလေးမျိုးကို ... လိုက်ရှာကြတယ်တဲ့ ... အမေ့ရဲ့ နွေးထွေးမှု ... ယုယမှု ... ကြင်နာမှု လိုမျိုးပေးနိုင်တဲ့ ... မိန်းကလေးမျိုးကို ... တောင့်တကြတယ်တဲ့ ... ဒါပေမယ့်လည်း ... ကံဆိုတဲ့ ဇာတ်ဆရာအလိုကျ ... ဖူးစာဖက်ရတာပါပဲ ...

စာအုပ်တွေ ဖွင့်ထားပြီး ... အတွေးတွေက ... တောရောက်တောင်ရောက်နဲ့ ... ဖြစ်နေတုန်း ... ဘကြီးခန့် တံခါးလာခေါက်တယ် ...

" သား ... ဖုန်းလာနေတယ် ... ကောင်မလေး တယောက်ပဲ"

" ဟုတ်ကဲ့ ... ဘကြီးခန့်"

သီရိများ ဆက်တာလား ... ကျွန်တော် ... ဖုန်းသွာကိုင်တော့ ... ခပ်ချိုချိုအသံလေးက ... ယွန်းအိ ...

" ဟယ်လို ... ကိုခန့်လား"

" ဟယ်လို ... ယွန်းအိလား"

" အင်း ... ပြန်ရောက်ပြီပေါ့"

" ပြန်ရောက်ပြီ ..."

" သီရိကို ... သေချာမှ ပြန်ပို့ပေးလိုက်ရဲ့လား"

" အင်း ..."

" ဟိတ် ... မှန်မှန်ပြောနော် ... သီရိကို ကြိုက်လား"

ဘယ်လို ပြောရမလဲဗျာ ... သိပ်လှတဲ့ ကောင်မလေးကို ... မကြိုက်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး ... သီရိကိုလည်း ... ရီးစားစကားပြောပြီးသွားပြီ ... ဒါပေမယ့်ဗျာ ... ကျွန်တော်လေ ... ယွန်းအိကို ... မပြောပြချင်ဘူး ... ဘာကြောင့်ရယ်ဆိုတာ သေချာမသိပေမယ့် ... ယွန်းအိ မသိစေချင်ဘူး ...

" ယွန်းအိကလည်း ... အခုမှ ခင်ကြမင်ကြတာကို"

" အခုမှဆိုတော့ ... စောသေးတယ်ပေါ့ ... နောက်မှပေါ့ ဟုတ်လား"

" ယွန်းအိ ... သိပ်မစနဲ့ကွာ ... အဖြူကို အရောင်မဆိုးရဘူးလေ"

" အင်းပါနော် ... နောက်မှ ... အဲဒီအဖြူကို အရောင်ဆိုးချင်လို့ ... ယွန်းအိရယ် ... ကူညီပါအုံးဆို ... ဟိ ဟိ ..."

" ဟား ဟား ... ပြောလေ ... ကဲလေပဲ ... ယွန်းအိ ... စိတ်ကျေနပ်အောင် ... ပြောပြမယ် ... သီရိက တအားလှတယ် ... အရမ်းကြိုက်တယ် ... ဟုတ်ပြီလား"

" ဟင် ... အဲဒါများ ကိုခန့်ရယ် ... ညနေက အတူတူ ပြန်တာ ... ကားပေါ်မှာ ... အပိုင်ပဲ ..."

" ဟုတ်တယ်နော် ... ဒါပေမယ့် ... ကျွန်တော် မပြောတတ်ဘူး"

" အလိုက်တာ ... ဟိတ် သီရိ ... မင်းတို့ကို ပြန်ချစ်ချင်ချစ် ... မချစ်ရင် ... အိမ်ခေါ်သွားမယ်"

ဟိုက် ... ဗိုလ်အောင်ဒင်လေသံနဲ့ ... ယွန်းအိ ... ကျွန်တော့်ကို လက်ချာလာပေးနေတယ် ... သီရိကို ... ချစ်ခွင့်တောင်းတာ ... လက်တကမ်းအလိုတောင် ရောက်နေတာ သူမသိသေး ... စိတ်ထဲမှာ တဟားဟားရီပြီး ... ကလေးဆန်တဲ့ ... ယွန်းအိပြောသမျှ ... လျှောက်ပြောရင်း ... ဖုန်းချလိုက်တယ် ... ယွန်းအိနဲ့ စကားပြောရင် ... ကျွန်တော့်စိတ်တွေ ... ပျော်ရွှင်ကြည်နူးလာတာ ... ယွန်းအိ အစွမ်းလားတော့ မသိပါဘူး ... ကျွန်တော် ... ဖုန်းမျှော်နေတာက ... သီရိ ... ဆက်တာက ... ယွန်းအိ ...

သီရိ ဆီကဖုန်းကို ... စောင့်ရင်း ... ဧည့်ခန်းထဲမှာ တီဗီ ထိုင်ကြည့်နေတာ ... ၁၀ နာရီလည်း ... မလာသေးဘူး ... ၁၁ နာရီလည်း ... မလာသေးဘူး ... ၁၂ နာရီ ... မျက်စိလည်း ညောင်းလာပြီ ... အိပ်ချင်လာပြီ ... ဘကြီးခန့်ကတော့ ... အိပ်ပျော်သွားပြီ ... အိပ်ခန်းထဲ ပြန်တော့မယ်ဆိုတော့မှ ... ဖုန်းလေးက ... ကလင် ကလင် ထမြည်သည် ... သီရိ ... သေချာတယ် သီရိဆက်တာ ... ဝမ်းသာအားရ ... ဖုန်းကောက်ကိုင်လိုက်တော့ ... ကျွန်တော့် အတွေး မှန်တယ် ...

" ဟယ် ... လို ..."

" ခန့်လား ..."

" ဟုတ်တယ် ... အချစ်"

" ဘာအချစ်လည်း ... ဟွန့် ... သူ့ကိုတောင် အဖြေမပေးရသေးပဲနဲ့ ... လူကိုနော် ... ပိုင်စိုးပိုင်နင်းနဲ့ ... ခန့်နော် ... မအိပ်သေးဘူးလား"

" အိပ်သေးဘူး ... သီရိဖုန်းကို စောင့်နေတာ"

" ဟုတ်လို့လား"

" ဟုတ်တယ် ... သီရိက ဆက်မယ်ဆိုလို့ ထိုင်စောင့်နေတာ ... အိပ်ချင်မူးတူးနဲ့ ... ချစ်တယ် ခန့်ရယ်လို့ များ ပြောမလားလို့ ..."

" ဟား ဟား ... ဖြစ်ရမယ် ... တို့ပြောပြီးပြီပဲ ... ကားလမ်း ကူးတတ်မှလို့ ..."

" ကျွန်တော်တော့ ... သီရိကို အရမ်းချစ်နေပြီသိလား ..."

" အင်း ... ဒါပဲနော် ... မေမေလာနေပြီ ... ၆ နာရီစောင့်နေမယ်"

ဂွပ်ကနဲ ဖုန်းချသွားတော့ ... ကျွန်တော့်ရင်တွေ ဟာကနဲ ဖြစ်သွားသည် ... ချစ်သူလေးနဲ့ ... စကားပြောလို့ ... ဖီလင်လေးက တက်ခါစ ... ဖုန်းကို ... ခွပ်ကနဲ ချသွားသည် ... သီရိပုံစံက ... သူ့အမေကို တော်တော်ကြောက်တဲ့ပုံ ... ယောက္ခကြီးက လွယ်ဘူးနဲ့တူတယ် ...

.................................................................................................................................

ပျော်ရွှင်စွာနဲ့ ကျွန်တော် အခန်းထဲ ပြန်လာပြီး ... သွားတိုက် မျက်နှာသစ်ပြီး ... အိပ်ယာထဲမှာ လှဲချလိုက်သည် ... မနက် ၅ နာရီ ထနိုင်အောင် ... နှိုးစက်လေးကို ပေးထားပြီး ... ကြည်ကြည်နူးနူးနဲ့ ... ကျွန်တော် အိပ်ပျော်သွားသည် ... ဖျက်ကနဲ ပြန်နိုးလာတော့ ... ငါးနာရီထိုးဖို့ တမိနစ်အလို ... အိပ်ယာကနေ မြန်မြန်ထ ... ရေမိုးချိုးပြီး ... သပ်သပ်ရပ်ဝတ်ပြီး ... ဘကြီးခန့်ကတော့ ပြုံးစိစိနဲ့ ... ကျွန်တော့်ကို ကြည့်နေတယ် ... ကျွန်တော်လည်း ... ရှက်ကိုးရှက်ကန်းနဲ့ ... ခပ်သုတ်သုတ် ... မြေနီကုန်းဘက် ထွက်လာခဲ့တယ် ...   

၅း၄၅ ... ချစ်ရသူလေးကတော့ ... မထွက်လာသေးဘူး ... သီရိထွက်လာမယ့် လမ်းလေးကို .. စောင့်ကြည့်နေရင်း ... ကျွန်တော်ရင်တွေ ခုန်လာတယ် ... သီရိရယ် ... ဘာကြောင့် ... သီရိအကြောင်းတွေးရင် ရင်တွေ ခုန်ရတာလဲ ... ဘာကြောင့် ... သီရိအလှတွေကို ... တွေးမိရင် ... သွေးတွေက ဆူပွက်လာတာလဲ ... မတွေးတတ်ဘူးဗျာ ... ချစ်တယ်ဗျာ ... ချစ်ချင်တယ်ဗျာ ... ကျွန်တော့် စိတ်နှလုံးကို ဖမ်းစားထားတဲ့ ... အချစ်နတ်သမီးက ... ဟော ... လာပါပြီ ... ပန်းနုရောင်ဇာ ဝမ်းဆက်လေးနဲ့ ... လှလိုက်တာဗျာ ... နုထွားတဲ့ ... ရွှေရင်မို့မို့ကို ... ပန်းနုရောင် ဖိုင်လေးနဲ့ ... ရှက်ကိုးရှက်ကန်း ... ကွယ်ထားသည် ... 

သီရိလမ်းလျှောက်ပုံက ... မော်ဒယ်တွေလို ... မျဉ်းတပြေးတည်း ... ဒါ့ကြောင့်ထင်ပါရဲ့ ... မနေ့က ... သီရိလျှောက်တာ ... အလှုပ်အပြု နည်းနည်းလေး ... ကြမ်းတယ်လို့ထင်တာ ... ပန်းရောင် ဒေါက်ဖိနပ်လေးကို ... စီးထားတဲ့ ... ခြေဖဝါးလေးက ... မျဉ်းတပြေးတည်းကျအောင် ... လှမ်းတော့ ... အနောက်က ... တင်းသာဆိုင်တွေ ... လှုပ်ခါပြီပေါ့ဗျာ ... သိပ်လှတဲ့ သီရိ ... လမ်းလျှောက်လာတာက ... ကျွန်တော့်စိတ်ထဲမှာ ... နတ်သမီးလေး လျှောက်လာသလိုပဲ ... ချစ်ရတဲ့သူဆိုတော့ ... အပြစ်မမြင်ဘူးပေါ့ ... အနားကို နီးလာတော့ ... သီရိမျက်နှာလေးက ... သာမန်လောက်ပဲ ပြင်ထားသည် ... ဒါပေမယ့် ... ကျွန်တော် သိလိုက်တာက ... ပန်းနုရောင် နှုတ်ခမ်းလေး ... ပန်းရောင် ဝမ်းဆက်ဖက်ရှင်လား မသိပါဘူးဗျာ ... 

သီရိ နှုတ်ခမ်းက မထူမပါး ... အပေါ်နှုတ်ခမ်းက ... ပါးတယ် ... အောက်နှုတ်ခမ်းက ထူတယ် ... နမ်းးချစ်စရာလေးဗျာ ... အသဲယားလာပြီ ... နေအုံးပေါ့ ... သီရိရယ် ... ချစ်တယ်လို့ ... အဖြေပေးတဲ့နေ့ ... အားရအောင် ... နမ်းပစ်လိုက်အုံးမယ်ဗျာ ... စိတ်ဆိုးချင်လည်း ဆိုးပလေ့စေ ... အသဲယားတယ်ဗျာ ...

" ရောက်နေတာ ... ကြာပြီလား ...

" ဟင့်အင်း ကြာသေးဘူး ...

သီရိ ... ကားပေါ်ရောက်တဲ့ အထိ ... စောင့်နေလိုက်တယ် ... ကားပေါ် စွေ့ကနဲ ဝင်လာတော့ ... တင်သားဆိုင်အိအိလေးက ... အိကနဲ ... ပြားသွားသည် ... ကျွန်တော် သက်ပြင်းလေး တချက် ခိုးချလိုက်သည် ...

" အရမ်းလှတယ်နော် သီရိ ... "

" အပိုတွေ ... လာမြှောက်မနေနဲ့ ... မုန့်ဟင်းခါးဝယ်ကျွေးမယ်နော်"

" ခဏလေးနော် ... သီရိ ..."

" ဘာလုပ်မလို့လဲ ..."

" စောင့်ကြည့်နေ ..."

သီရိ ကားပေါ်ကနေ ... ကျွန်တော့်ကို လိုက်ကြည့်နေတယ် ... ကားပေါ်က ဆင်းပြီး ... ပြည်လမ်း ဟိုဘက်ခြမ်းကို ...ကူးလိုက်တယ် ... ကားက ရှင်းတော့ ... အေးဆေးပေါ့ ... ဒီဘက်ပြန်လာတယ် ... ကားထဲဝင်ပြီး ...

" တွေ့လား ... သီရိ ..."

" ဘာလုပ်တာလဲဟင်"

" ကားလမ်းကူးပြတာ ..."

" ခစ် ... ခစ် ... အပိုတွေ ..."

" အဖြေပေးတော့လေ ... ကို ... ကားလမ်းကူးတတ်သွားပြီ ..."

" အံမယ် ... လူလည်တော်တော်ကျတယ် ... ကားမှမရှိတာ ... ကူးရဲတာပေါ့ ..."

" မရဘူး ... မရဘူး ... သီရိပဲ ပြောပြီးတော့ ... ကားလမ်းကူးရဲရင် ... ပြန်ချစ်မယ်ဆို ..."

" အို ... ခန့်နော် ..."

" သီရိနော် ... မညစ်ပတ်ရဘူး ... ကတိတည်ရမယ်လေ ..."

" ဟာ ... မရဘူးလေ ... တို့ပြောတာက ... လမ်း ၃၀နားက ကူးခိုင်းတာ ... ခန့် ဉာဏ်မများနဲ့နော် ..."

" ဟုတ်သားပဲ ..."

ချစ်လွန်းလို့ လူလည်ကျကြည့်တာ ... ရဘူးဗျ ... သီရိက လည်တယ် ... အဖြေပေးသေးဘူး ... ညစ်ထားတယ် ... သီရိ ကျွန်တော့်ကို ချစ်တာ ... သိသာပါတယ် ... ကျွန်တော် သိတယ် ... ဒီနေ့တွေ့ ... ဒီနေ့ကြိုက် ... ဒီနေ့အဖြေပေးရင် ... တန်ဖိုးမထားမှာ စိုးလို့ထင်ပါရဲ့  ... အချိန်ဆွဲထားတယ် ... ဒါကြောင့်ပြောတာ ... အချိန်က တန်ဖိုးရှိပါတယ်လို့ ... မတတ်နိုင်ဘူးလေ ... စောင့်ရမှာပေါ့ ... ကိုယ်ကချစ်မိနေပြီဆိုတော့လဲ ...  

" မုန့်ဟင်းခါး ကြိုက်လား ..."

" အင်း ကြိုက်တယ် ... သီရီလောက်တော့ မကြိုက်ဘူး ..."

" ခန့်နော် ... ခဏခဏပြောနဲ့ ... ဟိုဘက်ကိုမောင်း ..."

ဆစ်ကနဲ ... လက်မောင်းက ... နာသွားသည် ... ချစ်မျက်စောင်းက ... ဒိုင်းကနဲ ရောက်လာသည် ... ဟင်းနော် ... ချစ်ချင်နေတဲ့ လူတစ်ယောက်ကို ... လာဆွပေးနေတယ် ... မျက်စောင်းလေးထိုးကြည့်နေတဲ့ ... သီရိကိုကြည့်ပြီး ... ဖက်နမ်းပစ်လိုက်ချင်တယ် ... ဟင်း ... စိတ်ထိန်း ... စိတ်ထိန်း ...

" ဟုတ်ကဲ့ ခင်ဗျ"

သီရိပြောတဲ့အတိုင်း မောင်းပြီး တနေရာရောက်တော့ ... မုန့်ဟင်းခါးဆိုင်မှာ ... ဝင်စားဖြစ်သည် ...

" သီရိ ဘာစားမလဲ ..."

" ခန့်ကော ဘာစားမလဲ ..."

သီရိက ... ကျွန်တော် ဘာစားမလဲ သိချင်သည် ... ကျွန်တော်ကလည်း ... သူဘာစားမလဲ သိချင်သည် ...

" ညှပ်ခေါက်ဆွဲ ... ဗူးသီးကြော် ... ဟင်းရည်နည်းနည်း ..."

" သီရိရော ..."

" အတူတူပဲ ... စားတော့မယ် ..."

အရင်က သီရိဘာကြိုက်တတ်မှန်းမသိပေမယ့် ... ကျွန်တော် မှာတာကို ... သူလိုက်စားတာ ... ကျွန်တော် ဝမ်းသာသည် ... ကျွန်တော်နဲ့ တသားတည်းဖြစ်ဖို့ ... ကျွန်တော့်အကြိုက်လိုက်စားသည် ဟု ... ထင်သည် ... ဟဲ ... ဟဲ ... ကိုယ့်အထင်နဲ့ ကိုယ်တော့ ဟုတ်နေတာပဲဗျာ ... မုန့်ဟင်းခါး ပုံစံတူ နှစ်ပွဲမှာလိုက်သည် ... မုန့်ဟင်းခါး ... ခပ်သွက်သွက် ... စားပြီးတော့ ... ကျောင်းဘက်ကို မောင်းတော့သည် ... ကားပေါ်မှာ ... တီတီတာတာနဲ့ ... ပလီပလာ စကားများဆိုကြသည် ... သီရိကို မထိတထိ စလိုက် ... သူ ဆွဲ ဆိတ်လိုက် ... ကြာရင်တော့ ... ခက်ရချည်ရဲ့ ... ဟင်းနော် ... ဖက်နမ်းပစ်ချင်စိတ်ကို ... အတင်းထိန်းထားရတယ် ... သိပ်လှတယ် ... သီရိရယ် ...

....................................................................................................

အကွေ့တစ်ခုမှာ ... ကျွန်တော် ... အရှိန်နဲ့ ကွေ့နေတုန်း ... ဗြုန်းဆို ... ဟိုဘက်က ... ၂၁၆ ကားကြီး ... ပေါ်လာတော့ ... ဆတ်ကနဲ ... ဘေးကို ဆွဲချပစ်လိုက်သည် ... တော်သေးသည် ... ဘာမှ မဖြစ် ... သီရိခန္ဓာကိုယ်လေးက ... အိကနဲ ... ကျွန်တော့်ဘက် ယိုင်ကျလာသည် ... စကားပြောနေရင်း ...ရုတ်တရက်ဆိုတော့ ... တခုခုကို ဖမ်းကိုင်ဖို့ မမှီတော့ ... ပြိုယိုင်လဲကုန်သည် ...

" အရမ်းမောင်းတာပဲ ... ခန့်ရယ် ..."

" ဆောရီး ... လန့်သွားလား ..."

" အင်း ..."

ကျွန်တော် ကားလေးကို ... ရပ်လိုက်တယ် ... လမ်းကလဲ ရှင်းတယ် ... ဘေးဘက်မှာလည်း ကွင်းပြင်ကြီး ... ဘယ်သူမှ မရှိတုန်း ... သီရိကို ကြင်ကြင်နာနာလေး မေးလိုက်တယ် ... သီရိရဲ့ ရွှေရင်နှစ်မွှာက ... အထိတ်တလန့်ကြောင့် ... တသိမ့်သိမ့်တုန်နေသည် ... ဖားဖိုလို နိမ့်လိုက် မြင့်လိုက်နဲ့ ...

" ဆက်မောင်းလေ ... ခန့်ရဲ့ ..."

" အရမ်းလန့်သွား တယ်မှတ်လား ..."

" အင်း"

သီရိက ... ကျွန်တော့်ကို ရွှန်းရွှန်းစားစား ပြန်ကြည့်လို့ ...

" မှန်းစမ်း ... ရင်တွေ တုန်နေလား"

ကျွန်တော်လက်က ... သူ့ရွှေရင်တွေကို ... စမ်းဖို့ လက်မြှောက်ရုံပဲရှိသေးတယ် ... သူ့ရင်နှစ်မွှာကို ... လက်နှစ်ဖက်နဲ့ ကာထားရင်း ... သီရိ ... အတင်းငြင်းတော့သည် ...

" အို ... ခန့်နော် ... လက်ကြီးက ..."

" သီရိ ... ကို လေ ... သီရိလက်လေးကို ... မနေ့ကလိုပဲ ကိုင်ထားချင်တယ် ..."

" ဟွန့် ... အဖြေမှ မပေးရသေးတာကိုကွယ် ..."

" မရဘူး ... ကို အရမ်းကိုင်ချင်တယ် ... တမိနစ်လောက် ပေးကိုင်ပါနော် ..."

ကျွန်တော့်ရဲ့ ... ပြင်းပြတဲ့ ဆန္ဒကို ... သူနားလည်တယ် ထင်ပါရဲ့ ... ချစ်ရည်ရွှမ်းတဲ့ အကြည့်နဲ့ ... ၃ စက္ကန့်လောက် ... စိုက်ကြည့်တယ် ...

" ခန့်က ... တို့ကို ... တကယ်ချစ်တာလား"

" အင်း ... ချစ်တယ် ..."

" တို့ကို ... တကယ်လက်ထပ်နိုင်ပါ့မလား"

" အခု လက်ထပ်ပြရမလား ..."

" ဟုတ်လို့လား ... တို့က အပျိုမဟုတ်ဘူးနော် ... "

" ဟား ဟား ... သီရိက အပျိုမဟုတ်လို့ ... တခုလပ်ဖြစ်ဖြစ် ... တလင်ကွာဖြစ်ဖြစ် ... ကျွန်တော့်ကိုချစ်လို့ ... သစ္စာရှိမယ်ဆို ... ယူမယ်ဗျာ ... ဒီအတွက် ဘယ်တော့မှ စိတ်ထဲမထားဘူး ..."

" တယ်ဆိုတဲ့ စာပါလား ..."

" စာဆိုမဟုတ်ဘူးဗျာ ... တကယ်ချစ်တာ ... သီရိက မယုံလို့လား ..."

" ယုံအောင် ဘယ်လိုသက်သေပြမလဲဟင်"

" အင်း ... ယုံအောင် ... ဒီလိုပြမယ်လေ ..."

" သီရိမျက်စိမှိတ်လိုက် ..."

" အင်း ... မှိတ်လိုက်ပြီ ..."

" ခိုးမကြည့်ရဘူးနော်"

" အင်း ..."

မျက်စိမှိတ်ထားတဲ့ ... သီရိ မျက်နှာလေးနဲ့ ကပ်အောင် တိုးသွားလိုက်သည် ... ပန်းနုရောင် နှုတ်ခမ်းဖူးလေးကို ... နမ်းချင်လိုက်တာဗျာ ... တိုးတယ် ... တလက်မချင်း တိုးကြည့်တယ် ... ဆီးစေ့လောက်အကွာအဝေးမှာ ... ကျွန်တော်ရပ်လိုက်တယ် ... သီရိရယ် ... အနားကပ်တာနဲ့ ... ကျွန်တော့် တကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထသွားသည် ... ကျွန်တော့်ပုံစံက နမ်းသည်လည်း မဟုတ်သေး ...

" ခန့် ... ဘာတွေလုပ်နေတာလဲဟင် ... ကြက်သီးတွေထလာပြီ ... အို ... ခန့်နော် ... "

ဟုတ်ပဗျာ ... သီရိ တကိုယ်လုံး ... ကြက်သီးဘုလေးတွေ ထလာသည် ... ကြက်သီးလေးထလာတော့ ... သီရိ မနေနိုင် ... မျက်စိလေးဖွင့်လိုက်တော့ ... မျက်နှာချင်းက ကပ်တော့မတတ် ... သီရိ မျက်နှာလေး လွှဲဖို့ ကြိုးစားလိုက်သည် ... ရင်ထဲမှာ ... ဟာကနဲ ဖြစ်သွားပေမယ့် ... လွှတ်ပေးလိုက်ပါသည် ... ကျွန်တော့်စိတ်ကို ကျွန်တော် နိုင်အောင် ထိန်းပြီး ... ဆုံးဖြတ်လိုက်သည် ... ချစ်သူက ခွင့်ပြုချက်မရမချင်း ... မထိမကိုင်ပါလို့ ...

" ခန့်နော် ... ဘာတွေ လျှောက်လုပ်မှန်းမသိဘူး ... ရင်တွေ အရမ်းခုန်တာပဲကွာ ..."

" ရင်တွေ အရမ်းခုန်တာ ... အရမ်းချစ်လို့တဲ့ ... ယုံပြီလား"

" ဟွန့် ... တော်တော် တတ်တယ် ... ဘာလို့ ... တို့ကို ... မနမ်းတာလဲဟင်"

" အရမ်းချစ်လို့ ..."

" အို ..."

" မယုံရင် ... သီရိလည်း ပြန်စမ်းကြည့်လေ ... တို့က ချစ်လား မချစ်လား ... သိရအောင်"

" အပိုတွေ ... ခစ် ... ခစ် ... ခန့်ကို ... မယုံဘူး ... စမ်းကြည့်မယ်"

" စမ်းကြည့်လေ ..."

" မျက်စိကို မှိတ်"

" အင်း ... မှိတ်လိုက်ပြီ ..."

" ခိုးမကြည့်ရဘူးနော်"

" အင်း ..."

ရီတော့ ရီရတယ် ... သီရိက ... ကျွန်တော်ပြောသလိုမျိုးပြော ... ကျွန်တော်ကလည်း ... သူပြောသလို ပြန်ပြော ... ဟား ဟား ... သီရိ ... ကျွန်တော့်မျက်နှာနားကို ကပ်လာသည် ... မျက်စိမှိတ်ထားပေမယ့် ... ကျွန်တော် သိတယ် ... ဟာဗျာ ... ကြက်သီးတွေ ထလိုက်တာဗျာ ...

သီရိနှုတ်ခမ်းလေး ... ကျွန်တော့် နှုတ်ခမ်းကို ကပ်လိုက်တဲ့ အချိန်မှာ ... ကျွန်တော့်ရင်တွေ ... ဗြောင်းဆန်သွားတယ်ဗျာ ... ထိတော့မယ် ... သိတယ် ... ထိပြီ ... ထိတယ် ... နှုတ်ခမ်းနှစ်ခု ... အိကနဲ ကပ်သွားတယ် ... သိလိုက်တဲ့အချိန်မှာ ပြန်ကွာသွားတယ် ... တကယ်ပါ ... ငါးစက္ကန့် ... ဆိုတဲ့ အချိန်လေးက ... ကျွန်တော့် တသက်တာမှာ ... အကျေနပ်ဆုံး အချိန်တခုလို့ ပြောလို့ရပါတယ် ... သီရိပေးတဲ့ ... အနမ်းဦးကို ... ဘယ်တော့မှ မမေ့ဘူးဗျာ ... မမေ့ဘူး ... ကျွန်တော်သေသွားရင်တောင် ... မှတ်မိနေအုံးမှာ ... ချစ်ပါတယ်ဆိုတဲ့ အဖြေကို ... သိပ်လှတဲ့ ... သီရိက ... ဒီလိုလေး ပြန်ပေးတော့ ... ကျွန်တော့် ရင်တွေ တသိမ့်သိမ့်တုန်သွားသည် ... အရမ်းကျေနပ်တယ်ဗျာ ... ကျေနပ်တယ် ... ချစ်တတ်လိုက်တာ ... သီရိရယ် ...

" သီရိနော် ... ဘာတွေ လျှောက်လုပ်မှန်းမသိဘူး ... ကို့ ရင်တွေ အရမ်းခုန်တာပဲကွာ ..."

" ရင်တွေ အရမ်းခုန်တာ ... အရမ်းချစ်လို့တဲ့ ... ယုံပြီလား"

" ဟွန့် ... တော်တော် တတ်တယ် ... ဘာလို့ ... ကို့ကို ... နမ်းတာလဲဟင်"

" အရမ်းချစ်လို့ ..."

" တကယ်လား"

" တကယ်ပေါ့"

" တခါလောက် နမ်းချင်တယ်ကွာ"

" ဟင့်အင်း ... နမ်းနဲ့ ..."

" မရဘူး ... နမ်းလိုက်ပြီ ... ရွှတ် ..."

" ဟာ ... ခန့် ... အို ... အရမ်းဆိုးတယ်ကွာ ..."

ရွှတ်ကနဲ ... သီရိပါးလေးကို နမ်းပစ်လိုက်တယ် ... ချစ်တယ်ဗျာ ... သိပ်ချစ်တယ် ... ကျွန်တော် မမျိုသိပ်နိုင်တော့ဘူး ... ကျွန်တော့်လက်မောင်းကိုလေ ... ဆစ်ကနဲ ပူသွားအောင် ... ဆွဲလိမ်ပစ်လိုက်တယ် ... ဟဲ ဟဲ ... နာတော့နာတာပေါ့ ... ဒါပေမယ့် ကျေနပ်တယ်ဗျာ ... အနမ်းဆိုတာမျိုးက ... ဆားငန်ရေလိုပဲ ... နမ်းပြီးတိုင်း ... နမ်းချင်နေတာ ... အချစ်ရဲ့ ဆွဲအားလို့ ပြောရမယ် ထင်ပါရဲ့ ... ရှက်လွန်းလို့ ... ရုန်းဖယ်နေတဲ့ ... ချစ်သူလေးကို ... အနမ်းမိုးတွေ ခြွေပစ်လိုက်တယ် ... တခါ ... နှစ်ခါ ... သုံး လေးခါ ...

" ဟိတ် ... ခန့် ... တော်ပြီနော် ... ကားလမ်းဘေးမှာ ... တော်တော်ကဲနေ ..."

" ဟဲ ... ဟဲ ..."

" ချစ်တယ်နော် ... သီရိ ..."

" ချစ်တယ်ကွယ် ... ကျောင်းရောက်ရင် ... မကဲရဘူးနော် ..."

" မကဲပါဘူး ... သီရိရယ် ..."

" ခန့်ကို ... အရမ်းချစ်မိသွားလို့ ... အဖြေပေးလိုက်တာနော် ..."

" သိပါတယ်ဗျာ ... သီရိ ချစ်တယ်ဆိုတာ ..."

" သူများတွေ မသိစေချင်သေးဘူးကွယ် ..."

" အင်း ..."

" ကျောင်းမှာ ... အနေအထိုင် ဆင်ခြင်ရမယ်နော်..."

" ဟုတ်ကဲ့ ..."

........................................................................................................................................

စည်းမျဉ်းတွေ အထပ်ထပ် ထုတ်ပြန်နေတဲ့ ... ချစ်သူလေးပြောသမျှကို ... ဟုတ်ကဲ့ ... ဟုတ်ကဲ့ နဲ့ နာခံလိုက်ပါတယ် ...

ကျောင်းထဲကို ... တက်ကြွတဲ့အပြုံးများနဲ့ ... မောင်းလာရင်း ... ချစ်ဦးသူလေးကို ... ခဏခဏ ကြည့်ရတာလည်း အမော ... ကြည့်မဝဘူးဗျာ ... ကန်တင်းဘက်ရောက်လာတော့ ... နည်းနည်း ... ကိုယ်ရှိန်သပ်လိုက်သည် ... ယွန်းအိနဲ့ ... အေးမြတ် ရောက်နေပြီ ... ယွန်းအိ ... ကျွန်တော်တို့ကို လက်ယပ် ... လှမ်းခေါ်နေပါတယ် ... ယွန်းအိကတော့ ... တကယ့်ကလေးပဲ ... ယွန်းအိနဲ့ ... အေးမြတ်က ... အတူတူထိုင်နေကြတယ် ... ကျွန်တော်က သူတို့ ရှေ့မှာ ဝင်ထိုင်တယ် ... သီရိက ... ကျွန်တော့်ဘေးမှာ ... ယွန်းအိလည်း ... ဒီနေ့လှပါတယ် ... ဂျပန်ကာတွန်းပုံ ... အရုပ်မလေးပါတဲ့ ... တီရှပ်ကို ဝတ်ထားတယ် ... ယွန်းအိရဲ့ ... ရင်နှစ်မွှာက ... သိပ်မပေါ်တော့ဘူး ... ဒါပေမယ့် ... ချစ်ဖို့ ကောင်းတယ် ... အေးမြတ်ကလည်း ... တီရှပ်နဲ့ ... ဂျင်းဘောင်းဘီနဲ့ ... ဒီလိုဆိုတော့လည်း ... ကိုရီးယားမင်းသမီးကျနေတာပဲ ... သူလည်း လှတာပဲ ...

" ကိုခန့် ... မနေ့က ... သီရိကို ဘယ်ခေါ်သွားတာလဲဟင် ... မှန်မှန်ပြောနော် ... ယွန်းအိသိတယ် ..."

" မခေါ်ပါဘူး ..."

" အိမ်ကို ..."

ကျွန်တော်နဲ့ ... သီရိ ... အတိုင်အဖောက် လွဲသွားပြီ ... ကျွန်တော်က ငြင်းတယ် ... သီရိက လျှောက်ပြောတယ် ... ဟား ဟား ... ယွန်းအိတို့က ရိပ်မိတာပေါ့ ...

" မင်းသားနဲ့ မင်းသမီး ... အတိုင်အဖောက် မညီဘူးနော် ..."

" အေးလေ ... နဲနဲ ညှိပါအုံး ... "

" အေးမြတ် ... နင်မနေ့ကရတဲ့ ... ဂြိုလ်တုသတင်းက ဘာလဲ ... ပြောပြလိုက်စမ်း ..."

" မြန်မာစံတော်ချိန် ၅ နာရီ ဝန်းကျင်တွင် ... မဟာဗန္ဓုလနှင့် ... လမ်း ၃၀ ထောင့်တွင် ... အရမ်းချောမောလှပသော ... မိန်းကလေးတဦးက ... ယောက်ျားလေးတစ်ဦးကို ... လက်ဆွဲပြေးခြင်း ..."

ကျွန်တော်နဲ့ ... သီရိ ... တယောက်ကို တယောက် ကြည့်ပြီး ... သေပြီ ဆရာ ... ကျွန်တော့်မျက်နှာ ပျက်နေတာတော့ သေချာသည် ... သီရိကတော့ အေးဆေး ... ပုံမှန်ပါပဲ ... ခပ်ပြုံးပြုံးနဲ့ ရီနေတယ် ...

" ရှင်းတယ်နော် ... သတင်းအတိအကျ ရထားတယ် ... ကဲ ... သတင်းထောက်တွေကို ... နှုတ်ပိတ်ခ ... ဘာကျွေးမှာလဲ ..."

သီရိက ... "စားချင်တာစား" တဲ့ ... ကျွန်တော်က ရှက်ရမ်းရမ်းပြီး ... လျှောက်ပြောမှ ပိုဆိုးကုန်သည် ...

" ယွန်းအိကလည်း ... ငါ လမ်းမကူးတတ်လို့ပါကွ ... သီရိက ... သဘောရိုးနဲ့ ... ကူညီတာပါ ..."

" ဟယ် ... အေးမြတ်... နင်ယုံလား ..."

" ဟင့်အင်း ယုံဘူး ..."

" ဂျီတီကျောင်းတက်နေတဲ့ လူက ... လမ်းကူးတတ်ဘူးတဲ့ ..."

" ဟား ဟား ဟား ... တောသား ..."

ယွန်းအိ ... ကျွန်တော့်ကို တမုန်းကြပ်တော့သည် ... ယွန်းအိ ဟားရင်လည်း ... ခံရမှာပဲ ... ကျွန်တော်က ကူးမှ မကူးရဲတာ ...

" မှန်မှန်ပြောနော် ... တောသား ... တို့မြို့သူလှလှလေးကို ... သနားအောင် ဉာဏ်ဆင်တာမှတ်လား "

" မဟုတ်ပါဘူး ... ယွန်းအိကလည်း ... ကျွန်တော် တကယ်မကူးရဲတာပါ ... "

" ဟုတ်ပါပြီ ... ဒါဆို ... ဒီက မင်းသမီးကကော ... ဘာဖြစ်လို့ ... တောသားလက်ကို အတင်းဆွဲရတာလဲ ..."

" ဟုတ်တယ် ... ဟုတ်တယ် ... ဖြေရှင်းချက်ပေးပါ ..."

မြှားဦးက ... သီရိဘက်လှည့်သွားသည် ... သီရိကလည်း ငလောင် ...

" အမှန်က ... တို့က ... လက်ဆွဲပြေးဖို့ ... မရည်ရွယ်ပါဘူး ... "

" ဟုတ်ကဲ့ရှင့် ... ဆက်ပြောပါအုံး ..."

" ကားလမ်းဘေးမှာလေ ... တောသားတယောက် ... ကြောက်ဒူးတုန်နေတာနဲ့ ... သနားပြီး ...  လမ်းကူပြီး ကူးပေးတာပါ ... လမ်းကူးတာလေ ... မျက်နှာလေးက သနားစရာ ... ဟိုအစေ့လောက်ပဲရှိတယ် ..."

" ဟဲ့ ... ဟဲ့ ... ဘယ်အစေ့လဲ ..."

" ဆီးစေ့ ..."

" ခစ် ... ခစ် ... ခစ် ..."

" မှန်မှန်ပြောနော် ... ဒီနေ့မနက်ကားပေါ်မှာ ... သီရိကို ... ဘာလုပ်သေးလဲ ..."

" ဟင့်အင်း ... မလုပ်ပါဘူး ... သီရိက လုပ်လိုက်တာ ..."

" ဟယ် ... ဘာလုပ်လိုက်တာလဲ ... ရင်တွေ တုန်လိုက်တာ ... ခစ် ခစ် ..."

" ပြောပြကွာ ... သီရိကလည်း ... "

" ဟင့်အင်း ... သိချင်ရင် ... တောသားကို မေးကြည့် ... ခစ် ခစ် ခစ် ..."

မီးများမီးနိုင် ... ရေများရေနိုင် တဲ့ ... သီရိတို့သုံးယောက် ... ဆွမ်းကြီးဝိုင်းလောင်း ... သမျှ ခံပေတော့ ... တောသားရေ ... ကျွန်တော် ခေါင်းတောင် မဖော်နိုင်ဘူး ... ရှက်လိုက်တာဗျာ ... သိမယ် ... ဟားတိုက်ရီနေတဲ့ သီရိ ... အပြန်ကျမှ ... အပြစ်ပေးတဲ့အနေနဲ့ ... အားရအောင် နမ်းပစ်လိုက်အုံးမယ် ... အုပ်စုတောင့်တုန်းတော့ ... ရီထားအုံး ... ဟား ဟား ဟား ...

ယွန်းအိက ... မုန့်ဟင်းခါး ... မှာစားသည် ... အေးမြတ်က ... ပဲပြုတ်ဆီဆမ်း ... ကြက်ဥကြော်နဲ့ ... ကျွန်တော်နဲ့ ... သီရိက ... ကော်ဖီ ...

" အေးမြတ်ရယ် ... မုန့်ဟင်းခါးက ... ကောင်းလိုက်တာ ... ယွန်းအိ ... ဝတောင် မဝဘူး ..."

" မဝရင် ထပ်မှာလေ ... ဒီမှာ ဒကာမလေးက ... တောင့်ပါတယ် ..."

" ဟဲ့ ... ဘာတောင့်တာလဲ ..."

" ဟီး ဟီး ... စပွန်စာတောင့်တယ် ... ပြောတာပါ ... ခစ်ခစ် ... ဟုတ်တယ်နော် ... ကိုခန့် ..."

" အင်း ..."

" ဘာအင်းလဲ ... တောသားနော် ... ရိုးမလိုနဲ့ ... တော်တော် လက်သွက်တယ် ..."

မရတော့ ... မရတော့ ... ကျွန်တော် ... အလူးအလဲကို ခံနေရသည် ... ဘာမှလည်း ပြန်မပြောနိုင် ... ကြာရင် ... မျက်နှာပူလွန်းလို့ ... အရည်ပျော်သွားနိုင်သည် ... ဘေးက ... ကောင်လေးတွေက ... ဝိုင်းကြည့်နေသည် ... အားကျသည့် ... ပုံစံမျိုး ... ဟား ဟား ... ကုသိုလ်ကံက ... ကောင်းလွန်းသလိုလိုနဲ့ ... မျက်နှာတော့ တော်တော်ပူတယ်ဗျာ ... နာရီဝက်လောက် ကြာတဲ့ ... ကျွန်တော်တို့ရဲ့ အပျော်လေးက ... လူတယောက်ကြောင့် ပျက်စီးသွားပါတယ် ... ကြက်သရေတုံးလိုက်တာဗျာ ...

ဘေးဝိုင်းက ... ကောင်တကောင်က ... ဘာမပြောညာမပြော ... သီရိဘေးနားမှာ လာထိုင်သည် ... ကွိုင်ပဲ ... ဘာလဲဟ ... ငတိပုံစံက ... လူမင်းလိုလို ... မင်းဦးလိုလို ပုံစံမျိုး ... ထောင်ထောင်မောင်းမောင်း ... ဗလတောင့်တောင့် ... ငတိက ... ကျွန်တော်တို့ကို ဂရုလုံးဝမစိုက်ဘူးဗျ ... သီရိကို ကြည့်ပြီး ...

" ကျွန်တော်က ... mechnical က သန့်ဇော်ပါ ..."

" ဟုတ် ..."

" ကိုယ်က ... ခင်ချင်လို့ပါ ... ရတယ်မှတ်လား"

" ခင်ချင်တယ် ..."

" ကိုယ်လေ ... မင်းကို စတွေ့တော့ ... လောကကြီးက ရပ်သွားသလိုပဲ ..."

" ဪ ... ဟုတ်လား"

ယွန်းအိတို့က ပြုံးစိစိနဲ့ ... ကြည့်နေတုန်း ... အခြေအနေကတော့ ... မမိုက်ဘူးဗျာ ... ဘာလဲဗျ ... ကျွန်တော့်ရင်ထဲ တဖြေးဖြေးနဲ့ ... တင်းလာတယ်ဗျာ ... ဘယ့်နှယ့် ... ကိုယ်ချစ်တဲ့ ကောင်မလေးကို ကိုယ့်ရှေ့မှာ ... လာကြောင်နေတာ ... ဘယ်လို သည်းငြီးခံရမှာလဲ ... သီရိကတော့ ... ပြုံးပြုံးနဲ့ နားထောင်နေတယ် ... သဘောမကျဘူးဗျာ ... ထထိုး ပစ်လိုက်ချင်တယ် ... ကျွန်တော် ဒေါပွနေတာ့ ဝင်ပြောပစ်လိုက်တယ် ...

" အဲဒီတော့ ... မင်းက ဘာဖြစ်ချင်လဲ ..."

" မင်းနဲ့ မပတ်သတ်ရင် ဝင်မပြောပါနဲ့လား ..."

" ဘာကွ ... တောက်"

ကျွန်တော့်လက်ကလေ ... အအေးပုလင်းကို ... တင်းတင်းဆုပ်ထားနေပြီ ... သီရိရဲ့ စကားတခွန်းသာ ဝင်မပြောရင် ... ရိုက်ထည့်ပစ်လိုက်ပြီ ...

" ရီးစား စကားဆိုရင်တော့ ... ကန်တော့ဆွမ်းပါရှင့် ... သီရိမှာ ချစ်သူရှိပါတယ် ... ဆောရီးနော် ... ဆက်ဧည့်မခံနိုင်တော့တဲ့အတွက် ... ဝမ်းနည်းပါတယ် ..."

" ရီးစားရှိတာ ... မယုံဘူးဗျာ ... သီရိရယ် ... ကိုယ်က ... တကယ်ချစ်တာပါ ... ကိုယ့်ကို စဉ်းစားပေးပါလားဗျာ ... နော်"

ဖြတ်ကနဲ ကျွန်တော် ... သီရိကိုကြည့်လိုက်တော့ ... သူ့အကြည့်က ... လက်မပါဖို့တားနေတယ် ... ကျွန်တော် သည်းငြီးခံလိုက်ပါတယ် ... သီရိပြောပုံကို ကြိုက်တယ်ဗျာ ... အပြတ်ပဲ ... ရီးစားရှိတယ် ... ဒိုးတော့ ... စကားဆက်မပြောချင်ဘူးလို့ ...

" သီရိ ပြောပြီးပြီပဲ ... သီရိမှာ ချစ်သူရှိတယ်လို့ ... နားလည်မယ်လို့ ထင်ပါတယ် ..."

" ချစ်သူရှိတာ ... ယောက်ျားရှိတာမှ မဟုတ်ပဲဗျာ ... လူပျိုအပျိုချင်း ... ချစ်ခွင့်ရှိပါတယ် ... ဟုတ်တယ်ဟုတ် ..."

သန့်ဇော် ပြောတဲ့ပုံစံက ... ရင့်တယ်ထင်တာပဲဗျာ ... စည်းမရှိ ... ကမ်းမရှိ ... တောက် ... ဟာကွာ ... ထရိုက်ပစ်လိုက်ရင်တော့ ... ရန်တွေ ဖြစ်ကုန်တော့မယ် ...

............................................................................................

" မင်းကဘာကောင်လဲ ... မဆိုင်ရင် ... ငြိမ်ငြိမ်နေ ... ဟုတ်ပြီလား ... "

" ငြိမ်ငြိမ်မနေတော့ ... ဘာဖြစ်လဲကွာ ... ငါက သီရိရဲ့ ..."

ကျွန်တော့်ပါးစပ်က ပြောခါနီးဆဲဆဲမှ ... ချစ်ဦးသူလေး ... သီရိရဲ့ တားမြစ်ချက်တွေကို ... သတိရလိုက်သည် ... ကျွန်တော်နဲ့ ... သီရိ ... ချစ်နေကြတာ ... ဘယ်သူမှမပြောရ ...

" မင်းဘာသာ ဘာဖြစ်ဖြစ် ... ငါကတော့ ချစ်ခွင့်ရှိတယ် ... ရီးစားစကားပြောခွင့်ရှိတယ် ... ဟုတ်ပြီလား"

ကျွန်တော့်အသားတွေ တဆတ်ဆတ်တုန်နေတယ် ... ဒေါသကြောင့် ... ဒင်းကို အမှုန့်ကြိတ်ပစ်ချင်စိတ်တွေ ... တဖွားဖွား ပေါ်လာသည် ...

" ချချင်လို့လား ... လာလေ ... ကောက်ရိုးပုံစောင့်တဲ့ ခွေးလိုတော့ ... လာမဟောင်နဲ့"

" ဘာကွ ..."

ကျွန်တော် တော်တော် ဒေါသထွက်သွားသည် ... တော်ရုံဆို ကျွန်တော် သည်းငြီးခံနိုင်ပါတယ် ... ကျောင်းသားက ... ကျောင်းသူကို ကြိုက်လို့ ရီးစားစကားပြောတယ် ... ယဉ်ယဉ်ကျေးကျေးပြောပေါ့ဗျာ ... ဘေးက လူတွေကိုပါ ... လာဆဲတော့ ... ဝုန်းကနဲ ကျွန်တော် ထပြီး ... အအေးပုလင်းနဲ့ ကောက်ရိုက်ပစ်လိုက်သည် ...

" မလုပ်နဲ့ ... ခန့်"

ကြားထဲက ... သီရိ တားမြစ်သံလေးကို ... ကျွန်တော် မနာခံတော့ ... လူကို ခွေးနဲ့ နှိုင်းတဲ့ကောင် ...

" ငါ့ကို ခွေးနဲ့ လာမနှိုင်းနဲ့ ... ကဲကွာ ..."

ဒီခွေးမသားကလည်း ... ကျွန်တော့်ထက်ပိုလျင်သည် ... ကျွန်တော် ပုလင်းနဲ့ ... ရိုက်မယ်ဆိုတာ ... သိများသိနေလားမသိပါဘူး ... ဆတ်ကနဲ ... ရေနွေးခွက်နဲ့ ... ကောက်ပက်ပစ်လိုက်သည် ... အရမ်းနီးလွန်းတော့ ... ဘယ်လိုမှရှောင်မရ ... အေးမြတ် ... ခွေးမသားကို ... ဆောင့်တွန်းပစ်လိုက်တာတော့ သိလိုက်သည် ...

" အား ..."

ပူလိုက်တာဗျာ ... ရေနွေးပူပူတွေက ... ကျွန်တော့် မျက်လုံးထဲကို တန်းတန်းမတ်မတ် ဝင်ချလာသည် ... မရတော့ဘူး ... ကျွန်တော် မျက်စိဖွင့်မရတော့ ... တော်ရုံရေနွေးဆို ဒီလောက်ဖြစ်မှာမဟုတ် ... မနက်စောစော ... ကြွက်ကြွက်ဆူအောင်တည်ထားတဲ့ ... ရေနွေးဆိုတော့ ... အရမ်းပူသည် ... ပြဿနာပဲဗျာ ... ကျွန်တော့်မျက်စိ ဖွင့်မရတော့ဘူး ... ပူလိုက်တာဗျာ ... ကန်တင်းက ကျောင်းသားတွေ အားလုံး ... ကြောင်သွားသည် ... 

ရန်ဖြစ်မည်ဟု မထင်ကြ ... ဖြစ်လျှင်လည်း ... ဒီလိုမျိုး ... မျက်နှာကို ရေနွေးနဲ့ အပက်ခံရမယ်လို့ မထင် ... သွားပြီဗျာ ... သွားပြီ ... ကျွန်တော့် မျက်စိကန်းသွားပြီ ... သီရိတို့ ... တွေ ကက်ကန်လန် ရန်တွေ့ကြတာလည်း ... ကျွန်တော် မသိတော့ ... မျက်စိကို လက်ဝါးနဲ့ အုပ်ပြီး ... ခွေးမသား ရှိမယ့် ဘက်ကိုမှန်းပြီး ... စိတ်ရှိလက်ရှိ ... အော်ပစ်လိုက်တယ် ...

" ခွေးမသား ... @^#*Q#@&$($*()@#"

မျက်စိထဲမှာ ... တဆစ်ဆစ်နဲ့ ... ပူလောင်နေတဲ့ ... ဒဏ်ရာက ... ခံရခက်လိုက်တာဗျာ ... အရမ်းခံရခက်တာက ... ကျွန်တော် ဘာမှ မမြင်ရတော့ဘူးဗျာ ... ဘာမှ မမြင်ရတော့ဘူး ... လုပ်ကြပါအုံးဗျာ ... ကျွန်တော် ဘာမှ မမြင်ရတော့ဘူးဗျာ ... သီရိတို့ ... ဆေးရုံကို အမြန်ခေါ်သွားပေမယ့် ... အခြေအနေက ထူးမလာပါဘူးဗျာ ... ဆေးတွေထည့်ပေးလို့ ... စပ်ဖျင်းဖျင်း ဒဏ်ရာတွေ ပျောက်သွားပေမယ့် ... ကျွန်တော်သိပါတယ် ... 

ကျွန်တော့် မျက်စိကန်းသွားပြီဗျာ ... ဟီး ... ဘာမှမမြင်ရတော့ဘူး ... သီရိလေ ... ကျွန်တော့်ကို အတင်းဖက်ထားပြီး ... နှစ်သိမ့်ရှာပါတယ် ... ဒါပေမယ့်ဗျာ ... ဒါပေမယ့် ... ဝမ်းနည်းပြီး ... အားငယ်တဲ့ စိတ်က ... အလုံးအရင်း ဝင်လာတော့ ... ကျွန်တော် ငိုချပစ်လိုက်တယ် ... ဟီး ...

အိစက်နေတဲ့ ... သီရိရင်ခွင်လေးကလည်း ... ကျွန်တော့် အပူကို ... မအေးစေပါဘူး ... ဝိုင်းပြီး အားပေးကြတဲ့ စကားသံတွေကိုလည်း ... ကျွန်တော် မကြားချင်တော့ဘူး ... ကျွန်တော်ဗျာ ... လူဖြစ်ရှုံးပြီဗျ ... တသက်လုံး အကန်းဖြစ်သွားပြီ ... ဝမ်းနည်းလွန်းလို့ ... ရှိုက်ကြီးတင် ... ရှိုက်ငိုရင်း ... သီရိအင်္ကျီတွေ ... ကျွန်တော့်မျက်ရည်ကြောင့် ... ရွှဲရွှဲစိုကုန်ပါတယ် ... ဒါပေမယ့် ... သီရိလေ ... ကျွန်တော့်ကို မလွှတ်ဘူး ... အရမ်းဖက်ထားတယ် ...

ကျွန်တော် အရမ်းဝမ်းနည်းတယ်ဗျာ ... ဝမ်းနည်းတယ် ... ဒီတသက် ... ကျွန်တော်ချစ်တဲ့ ... သီရိကို ... တွေ့ခွင့်မရနိုင်တော့ဘူး ... သီရိပေးတဲ့ ... လတ်ဆတ်တဲ့အနမ်းတွေက ... နေ့တောင် မကူးဘူးဗျာ ... ပြုံးပျော်နေတဲ့ ... ချစ်ဦးသူမျက်နှာလေးကို ... ထပ်တွေ့ခွင့် ... ဟာဗျာ ... ကျွန်တော့်ရဲ့ ... ပျော်ရွှင်ခြင်းတွေ ... အရည်ပျော်သွားပြီး ... ဝမ်းနည်းခြင်းသာ ... ကျွန်တော့်စိတ်ကို ... တချိန်လုံး ... ဖုံးလွှမ်းသွားပါတယ် ...

" ခန့် ... မငိုနဲ့နော် ... ခန့် ... ဘာဖြစ်ချင်လဲ ... ဘာစားချင်လဲ ... တို့ လုပ်ပေးမယ်နော်"

" ကျွန်တော် ... ကြောက်တယ် ... အရမ်းကြောက်တယ် ... ကျွန်တော့်မျက်စိ မမြင်ရတော့ဘူး ... ဟီး ..."

" ခန့်ရယ် ... သိပ်မကြာခင် ပြန်ကောင်းသွားမှာပါ ... နော် ... မငိုရဘူးနော် ... တိတ် ... တိတ်"

သီရိရဲ့ ... နှစ်သိမ့်စကားက ... ကျွန်တော်သာ ကလေးဆို ယုံလိုက်ပါ့မယ် ... ဒါပေမယ့် ... ကိုယ့်အနာကို ကိုယ်က ပိုသိတယ် ... ကျွန်တော့် မျက်စိလေ ... ကျွန်တော့်မျက်စိ ... ကန်းသွားပြီဗျ ... ဟီး ...

.....................................................................................................................................................

" မကန်းပါဘူး ... ခန့်ရယ် ... မကန်းပါဘူး ... ပြန်မြင်ရမှာပါ ..."

" ဟင့်အင်း ... ဟင့်အင်း ... မမြင်ရဘူး ... မမြင်ရတော့ဘူး ..."

" ဖြစ်ဖြစ်ချင်းမို့ပါ ... ခန့်ရယ် ... စိတ်ကိုလျှော့နော် ... ဘာမှမကြောက်နဲ့ ... အနားမှာ တို့ရှိတယ် ... ဟုတ်ပြီလား ..."

" ခွဲမသွားရဘူးနော် ..."

" အင်းပါ ... အင်းပါ ... ခဏအိပ်လိုက်နော် ... ခန့် ... အရမ်း မောနေပြီ ... အိပ်လိုက်နော် ... ဆရာဝန်ကပြောတယ် ... မျက်စိအနာသက်သာအောင် ... မငိုရဘူးတဲ့ ..."

" မသွားပါနဲ့နော် ..."

" အင်းပါ ... ခန့်နားမှာ တချိန်လုံး ရှိနေမယ် ... ဟုတ်ပြီ ... ခဏအိပ်လိုက် ..."

အရမ်းငိုထားလို့ ... ကျွန်တော့်မှာလည်း အားအင်တွေလည်း မရှိတော့ဘူး ... အမှောင်ရယ် ... အလင်းရယ် ... ဒါပဲတွေ့နေရတော့ ... ကျွန်တော်လေ ... စိတ်တွေ ... တော်တော်ကျသွားတယ် ... ဘာမှလည်း ... မသိချင်တော့ဘူး ... ဘာမှလည်း မကြားချင်တော့ဘူး ... ပြောသမျှ အားပေးစကားတွေလည်း နားမထောင်ချင်တော့ဘူး ... ဆရာဝန်က ဆေးတလုံးလာထိုးပေးပါတယ် ... သိပ်မကြာဘူး ... ကျွန်တော် အိပ်ပျော်သွားတယ် ...  အိမ်မက်ထဲမှာ ... ဖေဖေရယ် ... မေမေရယ် ... ကျွန်တော့်ကို ... လာကြည့်တယ် ...

ကြင်နာစွာနဲ့ ... မေမေက ကျွန်တော့် ဆံပင်လေးတွေကို သပ်ပေးတယ် ... ဖေဖေက ကျွန်တော့်လက်ကို ကိုင်ပြီး အားပေးတယ် ... မေမေ့ကိုလေ ... ကျွန်တော် အရမ်း ဝမ်းနည်းတဲ့အကြောင်း ပြောပြတယ် ... မေ့မေ့ကို ဖက်ပြီး ... ငိုတယ် ... ရှိုက်ကြီးတငင် ငိုတယ် ... ဟီး ... နောက်တော့ ... သီရိရောက်လာတယ် ... သိပ်လှတဲ့ သီရိ ... ကျွန်တော့်ကို ဖက်ထားပြီး ... သူလည်း အရမ်းငိုတယ် ... သီရိကို ... အတင်းဖက်ထားပေမယ့် ... သီရိက ... မီးခိုးလိုပဲ ... တဖြေးဖြေး ပျောက်ကွယ်သွားတယ် ...

ကျွန်တော့်အိမ်မက်ထဲမှာ ... တွေးမိတာက ... သီရိက သိပ်လှတယ် ... ကျွန်တော်သာ ဒီလိုမဖြစ်ခဲ့ရင် ... သီရိနဲ့ ချစ်ခွင့်ရမယ့် အနာဂတ်တွေကို ... ကျွန်တော် မြင်နေရတယ် ... ဒါပေမယ့်ဗျာ ... ကျွန်တော်က ကန်းသွားပြီဗျ ... တက်ကန်းသွားပြီ ... အိမ်မက်ဖြစ်ပါစေလို့ ... ဆုတောင်းနေပါတယ် ... ဒါပေမယ့်ဗျာ ... တကယ်ကြုံတွေ့နေရတဲ့ ... အဖြစ်အပျက်မို့ ... ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ် ... ကျွန်တော်လေ ... ဒီလိုဘဝမျိုးနဲ့ အသက်မရှင်ချင်ဘူး ... မနိုးသော အိပ်စက်ခြင်းမျိုးနဲ့ ... ဘဝကို အဆုံးသတ်လိုက်ချင်ပါတယ် ...

........................................................................................................

ကျွန်တော် တရေးနိုးလာတဲ့အချိန်မှာ ... ကျွန်တော့် ခြေဖျားလက်ဖျားတွေ အေးနေတယ် ... မှောင်မည်းနေတဲ့ ... ပတ်ဝန်းကျင်က ... အေးစက်စက် ... ကျွန်တော် ဘယ်ကမ္ဘာများရောက်နေတာလဲဗျာ ... ကျွန်တော် သေသွားပြီလား ... ဟင့်အင်း ... မဖြစ်နိုင်ဘူး ... ကျွန်တော် ကန်းနေတယ် ... ဘာမှမမြင်ရဘူး ... ဟင်း ... ကျွန်တော့်မှာ ... အာရုံစိုက်စရာ ... နားနဲ့ နှာခေါင်းပဲ ရှိတယ် ... 

အသံတွေက တိတ်ဆိတ်နေတယ် ... ကျွန်တော် ဘယ်ရောက်နေတာလဲ ... သီရိ ... ယွန်းအိ ... အေးမြတ် ... ဘယ်မှာလဲဗျာ ... ဘကြီးခန့် ... သူရော ... ကျွန်တော် နေမကောင်းဖြစ်တာ သိရဲ့လား ... ကျွန်တော့်ကို စိတ်ဆိုးနေမလား ... ရန်ဖြစ်လို့လေ ... သူ့တူက အကန်းဖြစ်သွားတော့ ... ခေါ်ချင်ပါ့အုံးမလား ... ဒိတ်ကနဲ စိုးထိတ်သွားတာက ... သီရိ ... ကျွန်တော့်ကို ... ဘယ်ချစ်တော့မလဲနော် ... 

ဒီလိုအကန်းတယောက်ကို ... သိပ်လှတဲ့ သီရိက ဆက်ချစ်ပါ့မလား ... ချစ်နိုင်သည်ပဲထားပါအုံး ... သူ့အမေက ... ဘဘောတူမှာမဟုတ် ... အတွေးတွေကြောင့် ... ရင်ထဲမှာ ပိုလို့ ပူလောင်လာသည် ... ဝမ်းနည်းစိတ်က ... ကျွန်တော်ရင်တွေကို ... ပူလောင်စေသည် ... အနားမှာက ... ဘယ်သူမှမရှိ ... ကျွန်တော်က ... ဆေးရုံမှာလား ... ဟုတ်သေးဘူး ... ဆေးရုံမှာဆို ... အသံဗလံတွေ ကြားနေရမယ် ... 

ညဘက်ဆိုရင်တောင်မှ ... ချောင်းဆိုးသံတွေကြားနေရမယ် ... အထူးခန်းလိုမျိုးထဲမှာလား ... ဖြစ်တော့ဖြစ်နိုင်သည် ... မွေ့ယာကို နမ်းကြည့်သည် ... မဟုတ် ... ဘာဆေးနံ့မှမရ ... သေချာလျှော်ဖွပ်ထားတဲ့ ... ဆပ်ပြာနံ့လေးရသည် ... ဟင်း ... နှာခေါင်းက အာရုံခံတာလည်း ... ဘာမှမရှိ ...

နားလေးကို စွံ့ကြည့်တော့ ... ပထမ ဘာမှမကြားရ ... နောက်မှ ... ညာဘက်နားမှာ ... အသက်ရှူသံတိုးတိုးလေး ... ကြားမိသည် ... သီရိလား ... မဟုတ်ဘူး ... ရှန်ပူအနံ့သင်းသင်းလေးက ... သီရိ အနံ့မဟုတ် ... ချစ်ဦးသူရဲ့ အနံ့မျိုးမဟုတ် ... ကျွန်တော်သိသည် ... 

ဒီအနံ့က ... မိန်းကလေးအနံ့ ... သူဘယ်သူလဲ ... လက်ကလေးနဲ့ လျှောက်စမ်းကြည့်တယ် ... အိကနဲ လုံးလုံးလေးကို ... ထိမိတယ် ... ဟိုက် ... ငါတော့ မှားကိုင်ပြီနဲ့တူတယ် ... ဒါက ...ဒါက ... မိန်းကလေး တယောက်ရဲ့ ... ရင်သားလား ... ဟုတ်သေးဘူးနဲ့တူတယ် ... မိန်းကလေးတယောက်က ... ဒီအတိုင်းချွတ်ထားမယ် ... မထင် ... ဒါဆို ... ငါကိုင်မိတာ ဘာလဲ ... စဉ်းစားကြည့်သည် ... မပြောတတ်ဘူးဗျာ ... ဟင်း ... သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်သည် ... 

သိချင်တာ သိခွင့်မရလေ ... ပိုသိချင်တဲ့ စိတ်ကြောင့် ... ခုနက ... အသားအိအိလေးကို ... ပြန်ကိုင်ကြည့်သည် ... အိကနဲ အထိအတွေ့က ... ဖြန်းကနဲ ကြက်သီးထစေသည် ... ကျွန်တော့်လက်မောင်း တလျှောက် ... ကြက်သီးဘုလေးတွေ အတန်းလိုက်ပေါ်လာသည် ... ဟာကွာ ... ဘယ်သူလဲ ...

" ဘယ်သူလဲဟင် ... သီရိလား"

ခပ်ဆတ်ဆတ်လေး ... အုပ်ကိုင်ပြီး ... လှုပ်နှိုးလိုက်သည် ... အသားလေးက ... အိအိလေး ...

" ကိုခန့် ... နိုးလာပြီလား ..."

" အင်း ... အေးမြတ်လား ..."

" ဟုတ် ... ရေသောက်မလားဟင် ... "

" ဟင့်အင်း ... ကျွန်တော် ... ဘယ်ရောက်နေတာလဲဟင် ..."

" ကိုခန့်တို့ ... အိမ်မှာ ..."

" အော်"

" ကိုခန့် အိပ်ပျော်တာ ... တရက်လောက် ရှိပြီ ..."

" ဟုတ်လား ..."

" အင်း ... မနေ့က ဆေးရုံမှာ ... ဆေးထိုးလိုက်တာ မှတ်မိလား ..."

" မှတ်မိတယ် ... ကျွန်တော့်မျက်စိ ... ပြန်ကောင်းပါ့မလားဟင် ... အမှန်အတိုင်း ပြောပြပါနော် ..."

" ပြန်ကောင်းမှာပါ ... ကိုခန့်ရယ် ..."

အေးမြတ်အသံက သိပ်အားမရ ... ကျွန်တော် သိပါတယ် ... သွားပြီဆိုတာ ...

" သီရိတို့ရော ..."

" ပြန်သွားကြပြီ ... မြတ်က ညအိပ်စောင့်ပေးနေတာ ..."

" ဟုတ်လား ... "

" ကိုခန့်အိမ်ကို ပြန်ခေါ်လာတော့ ... ကိုခန့်က အိပ်ပျော်နေတယ် ... အိပ်ဆေးအရှိန် မပြယ်သေးလို့နဲ့တူတယ် ..."

" ဟုတ်လား ... ကျွန်တော့်အိမ်ကို ဘယ်လိုသိတာလဲဟင် ..."

" ကျောင်းသားရေးရာမှာ ... မြတ် သွားမေးထားတာ ..."

" တယ်တော်ပါလား ... မြတ်က ဉာဏ်အရမ်းကောင်းတယ်နော်"

" အင်း ... ဒီလောက်လည်း မဟုတ်ပါဘူး ... ကိုခန့်က တယောက်ထဲနေတာလား ..."

" ဟင့်အင်း ... ဘကြီးခန့်နဲ့ အတူနေတာ ... မေမေတို့က ... ဆုံးသွားပြီ ..."

မေမေတို့ ... ဆုံးသွားပြီ ဆိုတဲ့စကားကို ... ကျွန်တော် မပြောချင်ပါဘူး ... ဝမ်းနည်းစိတ်တွေ တဖန်ပြန်ပေါ်လာမှာစိုးလို့ ... အေးမြတ် စကားပြောင်းလိုက်သည် ...

" ဘကြီးခန့်"

" ဟုတ်တယ်လေ ... ဘကြီးခန့်ကို မတွေ့ဘူးလား"

" ဟင့်အင်း ... တွေ့ဘူး ... မြတ်တို့က ... ကိုခန့် တယောက်ထဲနေတယ်ထင်တာ ..."

တခြားဟာတွေ လျှောက်မေးသည် ... ဟိုကောင်ကို ... ကျောင်းက ဆရာတွေ လိုက်ရှာနေတဲ့အကြောင်း ... သီရိ အရမ်းငိုတဲ့အကြောင်း ... ယွန်းအိလည်း ... ငိုတဲ့အကြောင်း ... သီရိကို ... သူ့အမေက ... ဒီအိမ်မှာလာခေါ်တဲ့အကြောင်း ... နားထောင်နေရင်း ... အေးမြတ်အသံက ... သီရိအမေကို သိပ်မကျေနပ်တဲ့ လေသံမျိုး ဖြစ်နေသည် ... 

ကျွန်တော် စိတ်ပိုညစ်သွားမှာစိုးလို့ ... တခုခု ဖုံးကွယ်ပြီး ပြောနေတဲ့အသံ ... မျက်နှာကို ... မမြင်ရတော့ ... အသံတုန်နေတာ ... စကားလွှဲတာ ... ကို ခန့်မှန်းကြည့်တာပါ ... အင်း ... ဖြစ်နိုင်ပါတယ်လေ ... သီရိအမေက ... ရှုပ်ရှုပ်ရှက်ရှက်တွေ ... မကြိုက်ဘူး ထင်ပါရဲ့ ... သူ့သမီးအချောအလှကို ... ပြန်ခေါ်သွားမှာပေါ့ ... ကျွန်တော် မဲ့ပြုံးပြုံးလေး ... ပြုံးလိုက်မိပါတယ် ... ရင်ထဲမှာတော့ ဆစ်ကနဲ နာကျင်သွားသည် ...



အပိုင်း ( ၃ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment