တိမ်တောင်ညို ပြိုမှာစိုး အပိုင်း ( ၂ )
ရေးသားသူ - ငွေလမင်း @ အချစ်တက္ကသိုလ်
အခန်း ( ၂ )
ဦးလေးကြီး ပြောတဲ့အတိုင်း လုပ်ကြည့်တာ အချစ်တက္ကသိုလ် ဆိုတဲ့ ဖိုရမ်ကို ကျမ ရောက်သွားတယ်။ တစ်ပတ် နှစ်ပတ်လောက် အချိန်ပေးပြီး လေ့လာ လိုက်တော့ သဘောကျသွားတယ်။ ကျမမှာ အမုန်းစိတ် အစွဲ တစ်ခု ရှိတယ်။ မိန်းမတွေကို လိင်မှုရေးရာ နဲ့ပတ်သက်ပြီး အလိုမတူဘဲ အနိုင်ကျင့်ရမှ သာယာတတ်တဲ့ ယောင်္ကျားတွေကို မုန်းတဲ့ စိတ်လေ။ ကျားနဲ့မ အခွင့်အရေး တရားလွန် ခွဲခြားမှုတွေကိုလည်း စက်ဆုပ်တယ်။ ဒီစိတ်ကပဲ ကျမကို ဒီလို အိပ်ရာထဲက ကိစ္စတွေ စာဖွဲ့ရဲအောင် လှုံ့ဆော်ပေးတာ။ ကျမတို့လည်း သွေးသားနဲ့ လူပဲ။ ယောင်္ကျားနဲ့ မိန်းမ ကြားမှာ ခန္ဓာ တည်ဆောက်ပုံ ကွဲလွဲတာနဲ့ပဲ ရှိသမျှ အရာအားလုံး ကွာ ကုန်တာ။ တကယ်က ဆန္ဒသာ ရှိရင် ယောင်္ကျားတွေ လုပ်တဲ့ အလုပ် အတော်များများ ကျမတို့ မိန်းမတွေလည်း လုပ်နိုင်ပါတယ်။ လုပ်သင့် မလုပ်သင့် ဆိုတာကို ချင့်ချိန်ဘို့ပဲ လိုတာ မဟုတ်လား။
မိန်းမ တစ်ယောက် ဖြစ်နေတဲ့ အတွက် ယောင်္ကျားတွေထက်စာရင် လွတ်လပ်ခွင့် ဘောင် ကျဉ်းတယ် ဆိုတာ ကျမ အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် ဒီဘောင်က ကျမ အသိစိတ်နဲ့ ကျမ သတ်မှတ်တဲ့ ဘောင်ပဲ ဖြစ်ရမယ်။ တစ်ဦးတစ်ယောက်၊ အဖွဲ့စည်းတစ်ခု၊ အစဉ်အလာ တစ်ရပ်ကနေ သတ်မှတ် ပေးထားတဲ့ ဘောင်မျိုး မဖြစ်ရဘူး။ ကျမ ဘယ်လောက်ပဲ စိတ်ဓာတ် ပြင်းထန်ပေမယ့် ဒီအယူအဆက လက်တွေ့ဘ၀ လူမှု ပတ်ဝန်းကျင်မှာ လူတိုင်း လက်မခံသေးတာတော့ အမှန်ပဲ။ ဒီတော့ ဒါကို လက်ခံတဲ့ နေရာ တစ်ခုကို ကျမ ရှာတယ်။ တွေ့တော့ သဘောကျသွားတယ်။ ကျမ စိတ်ကို ဖြေသိမ့်နိုင်မယ့် virtual world တစ်ခုပေါ့။ ကျမ ရည်ရွယ်ချက်က ယောင်္ကျားတွေကို တုပြိုင်ဘို့၊ ရင်ဘောင်တန်းဘို့ မဟုတ်ပါဘူး။ လူသား တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ကျမ လိုချင်တဲ့ အတိုင်းအတာ တစ်ခုအထိ တနည်းနည်းနဲ့ ရယူယုံလေးပါပဲ။
ကျမ စိတ်ဓာတ်က အရွယ်နဲ့ မလိုက်အောင် ပြင်းထန်တယ်။ ဖြတ်သန်းခဲ့ရတဲ့ ဘဝကြောင့်ပါ။ ကျမ လူမှန်း သိတတ်ကတည်းက အဖေ မရှိတော့ဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်သွားတဲ့ အမေက ကျမ လေးနှစ် သမီးလောက်မှာ နောက်အိမ်ထောင် ပြုတယ်။ ပိုက်ဆံ ချမ်းသာတဲ့ လူဆင်းရဲ တစ်ယောက်နဲ့ပေါ့။ ကျမ စကားက ရှင်တို့ အတွက် ထူးဆန်းနေတယ် မဟုတ်လား။ လောကမှာ ပိုက်ဆံ ချမ်းသာပြီး ဆင်းရဲတွင်း နက်နေတဲ့လူတွေ တပုံကြီး။ ရမ္မက် ကြောင့်လေ။ ဘယ်တော့မှ အတောမသတ်နိုင်တဲ့ ရမ္မက်ကြောင့် ငွေကြေး ချမ်းသာပြီး ဘဝတွေ ဆင်းရဲ နေကြတာ။ ရမ္မက်ရဲ့ နောက်ကို လိုက်သည်ထက် လိုက်ရင်းနဲ့ သူတို့မှာ ပြည့်စုံတယ် ဆိုတာ ဘယ်တော့မှ မရှိဘူး။ ကျမ ပထွေးက အဲ့ဒီလို လူ။ အမေက သူ့လိုအင်တွေမှန်သမျှကို ကြိုးစား ဖြည့်ရှာတာပါ။ သူ ကိုယ်က အတော မသတ်နိုင်တာ။ အမေ အတန်တန် တားတဲ့ကြားက ကျမကို ရှေ့ထားပြီး အနေအထိုင်လည်း စည်း မရှိဘူး။ ကျမ ငယ်ငယ်လေးကတည်းက မမြင်သင့်တာတွေ မြင်ခဲ့ရဖူးတယ်။ တရေးနိုး မျက်စိ ဖွင့်မိရင် ပထွေးက အမေ့ကို အတင်း တက်ခွပြီး အနိုင်ကျင့်နေတဲ့ မြင်ကွင်းတွေပေါ့။ အမေ့ ဆီက မချိမဆန့် ငိုသံတွေ၊ တော်ပါတော့ အကိုကြီးရယ်လို့ တောင်းပန်သံတွေ ကျမ မကြာခဏ ကြားဖူးနေခဲ့တယ်။ ဒီအသံ ဒီမြင်ကွင်းတွေက ကျမ အတွက်တော့ ငရဲ ပဲ။
ကျမ အသက် ၇ နှစ်လောက်မှာ အမေက ကျမကို အိပ်ခန်း သီးသန့် ခွဲပေးတယ်။ ဒါပေမယ့် ကျမ မုန်းတဲ့ မြင်ကွင်းတွေက အချိန်တန်ရင် အာရုံထဲ ရောက်လာတာပဲ။ တိတ်ဆိတ်မှောင်မဲ နေတဲ့ ည ကြီးမှာ အိပ်ခန်းကျယ်ကြီးထဲ ကျမ တစ်ယောက်တည်း။ အမေ့ ရင်ခွင်ကို တမ်းတပေမယ့် ကျိတ် ငိုယုံ အပြင်ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။ မိုးသည်းသည်း ရွာတဲ့ ညမျိုးတွေဆို ကျမ ကြောက်လွန်းလို့ မိုးလင်းပေါက် မျက်ရည် ကျမိတာ။ တခါတလေတော့ အမေက ကျမ အိပ်ခန်းဆီ ကူးလာတတ်ပါတယ်။ ဒါပေမယ့် အမေ့ မျက်နှာက နာကျင်မှုတွေ ပင်ပန်း နွမ်းနယ်မှုတွေ အပြည့်နဲ့ ။ အမေ မပျော်ဘူးမှန်း ကျမ သိတယ်။ ကျမတို့ ထွက်ပြေး ကြဘို့ အမေ့ကို ပြောမိဖူးတယ်။ အမေက လက်မခံဘူး။ ကျမ ဘ၀ အတွက်တဲ့လေ။ ကျမက နည်းနည်းတော့ ချူချာတယ်။ နေမကောင်းဖြစ်ရင် သောက်ရတဲ့ ဆေးတွေကလည်း ဈေးကြီးတာ အရမ်း။ ဒါကြောင့်ပဲ အမေ့ခမျာ ဒီလင် ရမ္မက်အိုးကြီးကို ဖက်တွယ် ထားနေရတာ ဖြစ်မှာ။ တခါတခါ ကျမဘဝကို အရမ်း စိတ်ကုန်မိတယ်။ နေမကောင်း ဖြစ်ပြီး အိပ်ပျော်သွားတဲ့ ညတွေများဆို နောက်နေ့မနက် မနိုးပါရစေနဲ့လို့ ဆုတောင်းမိတဲ့ အထိပါပဲ။ ဒါပေမယ့် ကံဆိုးစွာနဲ့ ပဲ ကျမ အသက် ရှင်နေခဲ့တယ်။
ဒီလိုနဲ့ ကျမ ဆယ်တန်း စာမေးပွဲကို ငါးဘာသာ ဂုဏ်ထူးနဲ့ အောင်တယ်။ ဆရာဝန် ဖြစ်ချင်ပေမယ့် ကျန်းမာရေးက အဲ့လောက်အထိ နှစ်အရှည်ကြီး အပင်ပန်းခံ ကျောင်းတက်နိုင်ဘို့ အခြေနေ မပေးဘူး။ ဆေးတက္ကသိုလ်ရဲ့ ပညာရေး စားရိတ်ကလည်း မသေးဘူး မဟုတ်လား။ ပထွေးဆီမှာ ကျေးဇူးကျွေး မတင်ချင်တာလည်း ပါတယ်။ ညဘက်တွေမှာ ဆယ်တန်း ကလေးတွေ စာသင်ရင်း နေ့ဘက် နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ကျောင်းတက်တယ်။ အတတ်နိုင်ဆုံး ကိုယ့်စားရိတ်နဲ့ ကိုယ် ဆိုပါတော့။ မိုးလင်းကနေ မိုးချုပ်ထိ အချိန်ဇယားထဲမှာ နစ်မြုပ်ရင်း နေလာခဲ့တယ်။ အဆင်ပြေတဲ့ နေ့တွေ ရှိသလို အိပ်ရာထဲက မထနိုင်တဲ့ နေ့တွေလည်း မနည်းခဲ့ဘူး။ ကျမ နှုတ်ခမ်းတွေ မပြုံးတတ်ဘူး။ မျက်လုံးတွေကလည်း ကိုယ်နဲ့ လက်တစ်ကမ်းထက် ပို ဝေးတဲ့အရာမှန်သမျှ ဘာကိုမျှ မမြင်တတ်ခဲ့ဘူး။ ကိုယ့်ကို တည့်တည့် လာပြောတဲ့ စကားက လွဲပြီးလည်း ဘာသံမှ ကျမ ကြားလေ့ မရှိဘူး။ စက်ရုပ်တစ်ရုပ်လို ရှင်သန်နေတဲ့ ကျမ အနားကို ရုတ်တရက် ရောက်လာတဲ့သူက မောင် လို့ ကျမ ခေါ်ဖြစ်ခဲ့တဲ့သူ။ ကျမ ရဲ့ ချစ်သူ ပေါ့။
ကျမတို့ စ ဆုံဖြစ်ပုံကတော့ ရိုးရှင်းပါတယ်။ သူ နဲ့ ကျမက မေဂျာတူ၊ အတန်းတူ၊ အခန်းတူ။ ကျောက်ရုပ်လို မျက်နှာထားနဲ့ မိန်းကလေး တစ်ယောက်ကို ချစ်တယ် ဆိုတဲ့ သူ့ကို အစက ကျမ မယုံခဲ့ဘူး။ ယောင်္ကျားတွေ အပေါ် အမြင်မကြည်တဲ့ ဓာတ်ခံကလည်း ရှိတော့ ကျမနား သူရောက်လာတိုင်း ဘုတော လွှတ်တာ။ တစ်ရက်တော့ ကျမ နေသိပ်မကောင်းဘဲ ကျောင်းသွားဖြစ်တယ်။ ကျူတိုရီယယ် ရှိလို့လေ။ နေ့ခင်း ထမင်းစား ဆင်းတော့ အိမ်ပြန်မှ ရမယ့် အခြေအနေ ဖြစ်သွားတယ်။ အတန်းထဲ မေးထူးခေါ်ပြောအပြင် တရင်းတနှီး ပေါင်းဖြစ်တဲ့ သူငယ်ချင်း ရယ်လို့လည်း မယ်မယ်ရရ မရှိတော့ ကျမကို အိမ်ပြန်လိုက်ပို့မယ့်သူ မပြောနဲ့ ကျောင်းဝင်း အပြင်ထွက်ပြီး ကားငှားပေးမယ့် အဖော်တောင် မရှိပါဘူး။ ဒီလိုနဲ့ တစ်ယောက်တည်း ထွက်လာရင်း လူက မဟန်နိုင်လောက်အောင် မူးနောက်လာတယ်။ ခြေလက်တွေ အေးစက်ပြီးလေ။ လဲကျသွားမှာ ကြောက်လို့ ဖြည်းဖြည်းချင်း ထိုင်ချလိုက်ရတယ်။ ကျောင်းဝင်းထိပ် မရောက်ခင် လမ်းတစ်ဝက်လေးမှာ၊ လွယ်အိတ်လေး ပိုက်လို့၊ ဆောင့်ကြောင့်လေးပေါ့။
“ နေမကောင်းဘူးလား..”
စကားသံ တိုးတိုးလေးနဲ့ ကျမနား ရောက်လာတာ သူ ပါ။ ကျမနား ထိုင်ပြီး လက်ထဲက လွယ်အိတ်ကို ယူတယ်။
“ ကျနော် ဆေးခန်းလိုက်ပို့မယ် နော်.. ပြီးမှ အိမ်ပြန်တာပေါ့..”
ကျမ ခေါင်းငြိမ့်မိလား၊ ခေါင်းခါမိလား၊ မမှတ်မိတော့ဘူး။ သတိ လစ် မသွားပေမယ့် အာရုံတွေက ဝိုးတဝါးလေ။ ဆေးခန်း ရောက်တော့ ချက်ချင်းပဲ ဆေးသွင်း၊ လိုအပ်ရင် ဆေးရုံမှာ တစ်ည အိပ်ရမယ်ပေါ့။ သူက အိမ်ကို ဖုန်းဆက် ပေးတယ်။ အိမ်မှာ ဖုန်းကိုင်မယ့်သူ မရှိပါဘူး။ ဆေးတစ်ပုလင်း သွင်းလို့ ကုန်တော့ ကျောင်းဆင်းချိန်လည်း ရောက်ရော ဆိုပါတော့။ သူကိုယ်တိုင် ကျမကို အိမ်ပြန်ပို့ပေးတယ်။ အိမ်မှာ အမေ မရှိဘူး။ ပထွေးလည်း အလုပ်က ပြန်မရောက်သေးဘူး။ ကျမ တစ်ယောက်တည်းကို စိတ်မချတဲ့ သူက ကျမနားမှာ စောင့်နေပေးတယ်။ ကျေးဇူးတင်စကား တစ်ခွန်းမှ မပြောတဲ့ ကျမမျက်နှာကို အရိပ်လို ကြည့်ပြီးတော့လေ။ အိပ်ခန်းထဲလည်း မဝင်ချင်တော့ ဧည့်ခန်းက နှစ်ယောက်ထိုင် ဆိုဖာခုံကြီးမှာ လှဲရင်း အိပ်ပျော်သလို နိုးနေသလိုနဲ့ ။ သူက ကျမ နားမှာ စာအုပ်လေး ဖတ်ရင်း နေပေးတယ်။ အမေ ပြန်လာတဲ့ အထိပေါ့။ အမေက ကျမ အဘွား တရားအားထုတ်နေတဲ့ ရိပ်သာကို သွားတာ။
အဲ့ဒီနေ့က သူ ပြန်သွားတဲ့အထိ ကျမ စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ဘူး။ နောက်တစ်နေ့လည်း ကျောင်း မတက်ဖြစ်ဘူး။ တနေကုန် အိမ်မှာ အိပ်နေလိုက်ပြီး ညနေစောင်းတော့ စာသင်ရမယ့် ကလေးအိမ်သွားဘို့ ထွက်အလာ၊ ခြံတံခါးရှေ့ အုတ်ခုံမှာ ငုတ်တုပ်လေး ထိုင်နေတဲ့ သူ့ကို တွေ့လိုက်ရတယ်။ ကျမကိုမြင်တော့ ပြုံးပြပြီး “ကျနော် ရောက်နေတာ ကြာ ပြီ.. ဝင်လာရင် ကောင်းပါ့မလား စဉ်းစားနေတာ..” တဲ့။ နေမကောင်းတဲ့သူဆီ သတင်းလာမေးတာ ကြောက် နေတဲ့ မျက်နှာလေးနဲ့။ အဲ့ဒီနေ့က သူ့မျက်နှာကို ကြည့်ပြီး ထူးဆန်းတဲ့ နွေးထွေးမှု တစ်ခု ကျမ ခံစားလိုက်ရတယ်။ ကျမဘဝမှာ တခါမှ မခံစားဖူးတဲ့ နွေးထွေးမှုလေးပါ။ ဘာစကားမှ မပြောဖြစ်ပေမယ့် သူ့ကို ပြန်ပြုံးပြမိတယ်။ သူက ကျမ အပြုံးမျက်နှာကို ကြည့်ပြီး တအံ့တသြနဲ့လေ။
“ ပါးချိုင့်လေးနဲ့ နော်.. အမြဲသာ ပြုံးနေရင် ဘယ်လောက် ကောင်းလိုက်မလဲ..” တဲ့။
ရှင်တို့ သိကြလား။ အေးစက် မာကြောမှုတွေ ပြည့်နေတဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားက ယောင်္ကျား တစ်ယောက်ကို ရူးမတတ် ချစ်သွားမိတော့လည်း အချိန်တိုတိုလေး အတွင်းမှာ ဘ၀ ကြီးတစ်ခုလုံး ပုံအပ်ခဲ့မိတဲ့ အထိပါပဲ ဆိုတာကိုလေ..။
..................................................................................................
အခန်း ( ၃ )
“ ဟို.. ကျမ.. အဆင်သင့် မဖြစ်သေးဘူးထင်တယ် မောင်ရယ်..”
သည်းကြီးမည်းကြီး ရွာ နေတဲ့ မိုးသံအောက်မှာ ကျမ အသံတိုးတိုးလေးက အကျီကြယ်သီးတွေ တစ်လုံးချင်း ဖြုတ်နေတဲ့ မောင့် လက်တွေကို မတားနိုင်ခဲ့ဘူး။ မောင့် လက်တွေကို ကျမ ဖမ်းဆုပ်လိုက်မိတယ်။
“ ချစ် ခွင့်မပြုရင် မောင်ဘာမှ မလုပ်ပါဘူး.. စိတ်ကြိုက်လေးတော့ နမ်းခွင့် ပေး ကွာ.. နော်..”
မောင့် စကားနဲ့ မောင့်အကြည့်က ကျမအတွက် ဘယ်လိုမှ မငြင်းရက်စရာပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ.. မောင်နဲ့ငါက ချစ်သူတွေပဲဟာ.. ဒီလောက်လေးတော့ သူလည်း လိုချင်ရှာမှာ.. ကျမ စိတ်ကို ဖြည်းဖြည်းချင်း လျှော့ချပြီး ဆုပ်ကိုင်ထားတဲ့ မောင့်လက်ကို လွှတ်ပေးလိုက်တယ်။
မောင်က ကျမမျက်နှာကို ဆွဲမော့ပြီး နှုတ်ခမ်းတွေကို စုပ်နမ်းတယ်။ လက်တစ်ဘက်က ကျမ ခါးကိုဖက်လျက်၊ တစ်ဘက်က လည်ပင်းနဲ့ ပုခုံးတွေကို ဖွဖွပွတ်လိုက်၊ လက်ချောင်းတွေ ဆံပင်ထဲ ထိုးထည့်လိုက်နဲ့။ ကျမလည်း မောင့်နှုတ်ခမ်းတွေကို စိတ်လိုလက်ရ ပြန်နမ်းပေးနေမိတယ်။ ကျမ ဆံစတွေထဲ ထိုးဖွ ဆော့နေတဲ့ မောင့်လက်က ရင်ဘတ်ဆီ ရောက်လာပြန်တယ်။ ပြုတ်လက်စ ကြယ်သီးလေးတွေဆီပေါ့။ တဝက်တပျက် ပွင့်နေတဲ့ ကျမ အကျီရင်ဘတ်ထဲ မောင့် လက် ဝင်လာပြီ။ ချွေးစေးတွေနဲ့ အေးစက်စက် ဖြစ်နေတဲ့ ကျမ ရင်သားတွေ ဖြန်းကနဲ နွေး သွားတယ်။ တင်းကြပ်ကြပ်ကြီး ဖြစ်လာသလိုလည်း ခံစားရတယ်။
အဆိုးဆုံးက နို့သီးခေါင်းလေးတွေပေါ့။ ကိုင်ကြည့်ရင်တော့ ဘယ်နှယ့် နေမယ် မသိဘူး။ ကျမကိုယ်ထဲမှာတော့ အဲ့ဒီနို့သီးခေါင်းလေးနှစ်ခု သိသိသာသာ တင်းပြီး ထူပူလာတာ။ စိတ်ထဲလည်း မယိုးမယွ နဲ့။ အဲ့ဒါကြီးက ဝေဒနာ တစ်ခုလိုပဲ။ ခံစားရတာ မောမောကြီး။ ရမ္မက်ဇော ဆိုတာ ဒါလား။ အဲ့ဒီအချိန်မှာ မောင့်လက်တွေ ကျမ နို့အုံပေါ် ဖွဖွ ပွတ်ပေးနေတယ်။ ခဏနေတော့ ကျောပေါ်က ဘရာချိတ်ကို ဖြုတ်လိုက်ပါလေရော။ ကျမ မရုန်းမိတော့ဘူး။ ရုန်းလည်း မရုန်းချင်တော့ဘူး။ ကျမကိုယ်ကျမ နားမလည်နိုင်တော့ပေမယ့် သေချာတာ တစ်ခုက ကျမ တစ်ခုခုလိုချင်နေပြီ။ အထူးသဖြင့် တင်းကြပ်နေတဲ့ ဘရာ အောက်က နို့သီးလေးတွေကို မောင့် လက်ထဲ ရောက်သွားစေချင်လာတယ်။
ကျမနဲ့ မောင် ဆန္ဒချင်းများ ထပ်တူ ဖြစ်သွားသလား။ မောင်က ကျမ နို့အုံကို ဖွဖွ ဆုပ်ကိုင်ပြီး နို့သီးခေါင်း လေးတွေကို လက်မနဲ့ ပွတ်ပေးနေတာ ဝေ့ကာ ဝိုက်ကာ။ ကျမလေ ရင်ထဲမှာ ကြည်နူးနေသလိုလို အော်ငို ချင်လာသလိုလို ဘယ်လိုကြီးမှန်း မသိဘူး။ မျက်စိ စုံမှိတ်ပြီး မောင့်ရင်ခွင်ကို မှီထားမိတော့တယ်။ အတွေ့မှာ မိန်းမော သွားတယ် ဆိုတာ ဒါမျိုးလား။ မောင့် အထိအတွေ့တွေကို ကျမ ပိုတိုးပြီး လိုချင် လာတယ်လေ။
ဒါက ယောင်္ကျားတစ်ယောက် အပေါ်မှာ ဖြစ်လာတဲ့ ကျမရဲ့ ပထမဆုံး သွေးသားဆန္ဒပါ။ မောင်ကျမကို ချစ်စကား ပြောတုန်းက ရင်ဖို ခဲ့တာနဲ့ မတူဘူး။ ပထမဆုံး အနမ်းပေးတုန်းက တုန်ရီလှိုက်မော ခဲ့တာထက်လည်း အများကြီး ပိုပါတယ်။ ကျမတို့ ချစ်သူဖြစ်ပြီး လေးငါးလလောက် အကြာမှာ ဒီအခြေအနေ ရောက်ဘို့ ဖြစ်သွားတာ။ ကျမ ဘယ်လောက်ပဲ အကြောမာမာ၊ အချစ် ဆိုတဲ့ အရာက အပြင်းစား အက်ဆစ်လိုပဲ ကျမ နှလုံးသားထဲက ဘာမှန်းမသိတဲ့ နာကျည်းမှု အထပ်ထပ်ကို တိုက်စား ပစ်ခဲ့တာ။
“ တကိုယ်လုံးကို နမ်းချင်တယ် ချစ် ရယ်.. နော်..”
မောင့်စကား ဆုံးတော့ ကျမ ခေါင်းငြိမ့်မိပြလိုက်မိလား မသိဘူး။ မောင့်လက်က ရင်ဘတ်ဟောင်းလောင်း ဖြစ်နေတဲ့ ကျမ အကျီအောက်ကို တိုးဝင်လာတယ်။ ချိတ်ပြုတ်နေတဲ့ ဘရာလေးရဲ့ ပုခုံးကြိုးကို ကိုင်လိုက်တယ်။ ဒါ.. ဒါ ကို ဖယ် ချလိုက်ရင်.. ကျမ.. ကျမ နို့တွေကို မောင် မြင် သွားတော့မှာ..။ ရှက်မိတာလည်း အရမ်း၊ ဒီ ဘရာလေး မြန်မြန် ကျွတ်သွားစေချင်မိတာလည်း တကယ်ပါ။
“ လှ လိုက်တာ ချစ်ရယ်.. ဝင်း ပြီး ဖွေးဥ နေတာပဲ..”
“ အဲ အဲ့လိုကြီးတော့ မကြည့်နဲ့ လေ..”
“ နမ်းရမလား..”
“ …….”
“ ဟင်လို့ ချစ်.. မောင် ဒီ နို့လှလှလေးတွေကို နမ်းချင်တယ်.. စို့လည်း စို့ချင်တယ် ချစ်ရယ်.. လုပ်ပါ.. နော်..”
“ …….”
“ လုပ်ပါကွာ.. နော်.. ပလိစ်..”
“ အိမ်ရှေ့ကြီးမှာ မောင်ကလည်း..”
“ အိပ်ခန်းထဲ သွားရင်ရော..”
“ …….”
“ ခဏပါပဲ ချစ်ရယ် နော်..”
“ သဘော ပဲ..”
“ ဟားးး.. ဒါဆို ထ..”
အဲ့ဒီလိုနဲ့ မောင်နဲ့ ကျမ အိပ်ခန်းထဲ ရောက် သွားတယ်။ အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန်လေ။ ဖိုင်နယ် စာမေးပွဲကြီး နီးလို့ စာကြည့်ရက်အတွက် ကျောင်းတွေ ပိတ်ထားတဲ့ ရက်ပေါ့။ ကျမ အိပ်ခန်းထဲကို ပထမဆုံး မောင် ဝင်လာဖြစ်တဲ့နေ့။ အိပ်ခန်းထဲရောက်ပြီး တံခါး ပြန်အပိတ်မှာ မောင်က သူဝတ်ထားတဲ့ တီရှပ်ကို ချွတ်လိုက်တယ်။ ကျမ နို့တွေ နမ်းဘို့အပြင် မောင့်မှာ တခြား ရည်ရွယ်ချက် ရှိနေပြီ ဆိုတဲ့ သဘောကြီးလား။ ဟင့်အင်း.. အဲ့လောက်တော့ မဖြစ်ဘူး ထင်တယ် မောင်.. ကျမ အဆင်သင့် မဖြစ်သေးဘူး.. ။
ကျမ နည်းနည်းတော့ စိတ်အိုက် သွားတယ်။ ခုနက ဖြစ်နေတဲ့ လိုချင်စိတ်တွေလည်း လွင့်ထွက် သွားသလိုပဲ။ ချစ်သူကို အခွင့်အရေးသမားလို့ စွပ်စွဲ ရမှာတော့လည်း တမျိုးကြီးလေ။ ဒါပေမယ့် ကျမ အဲ့ဒီလောက်ထိလည်း မဖြစ်ချင်တာ အမှန်ပဲ။ ကုတင်စွန်းလေးမှာ ထိုင်ပြီး ဖရိုဖရဲ ဖြစ်နေတဲ့ အကျီရင်ဘတ်ကို ပြန်ဆွဲ စေ့မိတယ်။ အနားရောက်လာတဲ့ မောင်က ခွင့်ပြုချက် ရထားပြီးသူ ပီပီ ပိုင်စိုးပိုင်နင်းပဲ။ ကျမ လက်တွေကို အသာ ဆွဲဖယ်တယ်။
ဒွိဟ ဖြစ်နေတဲ့ ကျမ စိတ်တွေက မောင့်ကို ဆက် လက်ခံရမလို တားရမလို ချီတုန်ချတုန်နဲ့။ ရပ်တန့်ဘို့ စိတ်ကူး ရှိပုံမရတော့တဲ့ မောင်ကတော့ ကျမ ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီ။ ကျွတ်လက်စ အကျီနဲ့ ဘရာ လေးလည်း ကျမ မတားလိုက်နိုင်မီမှာပဲ မောင့်လက်ထဲကို လုံး၀ ပါသွားခဲ့ပါပြီ။
.................................................................
မောင်က ကျမ ရင်ဘတ်ကို မျက်နှာ အပ်လိုက်တယ်။ ပြီးတော့ တဖွဲဖွဲ ကျလာတဲ့ မောင့် အနမ်းတွေ အပြင်မှာ ရွာနေတဲ့ မိုးနဲ့ အပြိုင်ပေါ့။ ကျမ မငြင်းနိုင်တော့ပါဘူး။ ကျမ နို့သီးခေါင်းလေးတွေကို လျှာထိပ်လေးနဲ့ တပြပ်ပြပ်မြည်အောင် လျက်လိုက်၊ သွားနဲ့ ဖွဖွ ငုံခဲလိုက်၊ အားရပါးရ စို့လိုက် လုပ်နေတယ်။ ကျမလည်း ကုတင်စွန်းမှာ ထိုင်နေရင်းကပဲ အိပ်ရာခင်းကို ကျစ်နေအောင် ဆုပ်ထား မိတယ်။ မောင့် အထိအတွေ့တွေက ကျမကို ရူးလောက်အောင် ပြုစားနေတာများ တစ်ချက်တစ်ချက် ခါးလေး ကော့ကော့ သွားမိတဲ့အထိပါပဲ။
မောင့် လက်တစ်ဘက်က ကျမ စကပ်အောက်ကို လျှိုဝင်လာတယ်။ နို့သီးလေးတွေ အစို့ မပျက်ဘဲပေါ့။ ကျမ ငြင်းဆန်ရမလား လက်ခံရမလား မဆုံးဖြတ်တတ်တော့ဘူး။ သေချာတာတော့ ကျမ ဟိုနေရာမှာ စိုရွဲနေပြီ။ ဖြစ်ပါ့မလား ဖြစ်ပါ့မလားနဲ့ ရင်တွေ တထိတ်ထိတ် တုန်နေတုန်း မောင့်လက်ကလေးက ကျမ ပေါင်ကြားကို ရောက်လာတယ်။ ကျမ အတင်းစေ့ ပြီး ပူးကပ်ထားတဲ့ကြားက မောင့်လက်က ဟိုနေရာစီ ရောက်ဖြစ်အောင် ရောက်သွားတယ်။ ခက်တာပဲ.. ကျမ ဘာဖြစ်သွားမှန်း မသိတော့ဘူး။ လူက မူးသလိုလို အသက်ရှုှု မရတော့သလိုလိုနဲ့ ။ မောင်က ကျမ ဟိုဟာကို ထိုးနှိုက်ဘို့ ကြံစည် နေတာလေ။ တလွန့်လွန့် တိုးပြီး ဝင်လာတဲ့ မောင့်လက်ခုပ်ထဲမှာ ကျမ ဟာလေး တဖျပ်ဖျပ် သွေးတိုးနေတယ်။ အရည်ပူပူတွေ စီးကျ နေသလိုလည်း ခံစားရတယ်။ ကျမ ဦးဏှောက်ကတော့ ဒီအခြေအနေထိ မရောက်ချင်သေးတာ အမှန်ပါ။ ဒါပေမယ့် အဲ့ဒီ နေရာလေးကတော့ အုပ်ကိုင်ထားတဲ့ မောင့်လက် ဖိအားလျော့ သွားမှာ ကြောက်နေသလိုပဲ။ ဖြစ်နိုင်ရင် လက်ချောင်းတွေ ဖြစ်ဖြစ် အထဲ ထိုးထဲ့ ပေးတာ လိုချင်နေတယ်။ ရလိုက်မှပဲ နေသာ သွားမလား မသိဘူး။
မောင်က ကျမ ကိုယ်လုံးလေးကို အိပ်ရာပေါ် လှဲချလိုက်တယ်။ ကျမ ကိုယ်တစ်ပိုင်းက အိပ်ရာပေါ် ပက်လက်လေးပေါ့။ မောင်က ကျမ စကပ်ကို အပေါ် လိပ်တင်ဘို့ ကြိုးစားတယ်။
“ ဟင့်အင်း.. ဟင့်အင်း မောင်..”
ကျမ ပြောလိုက်တော့ မောင်က
“ ချစ်အတွက် သက်သက်ပါ.. မောင် လုပ်ပေးမလို့.. နော်..”
ဆိုပြီး ကျမ စကပ်ကို ခါးထိ လိပ်တင်လိုက်တယ်။ ကျမ တကိုယ်လုံး ဆတ်ဆတ်တုန်လာတယ်။ ချွေးတွေနဲ့ စေးကပ်နေတဲ့ အသားရောင် ပင်တီလေး မောင့်လက်ထဲ အလိပ်လိုက် ပါ သွားပြီ။ ပြီးတော့ ကျမ ပေါင်နှစ်ဘက်ကို ဆွဲ ကားလိုက်တယ်။ ကျမ အသည်းထဲ လှပ်ကနဲပဲ။ ဟိုနေရာလေးဆီ အဲကွန်းက လေအေးတွေ ဝင်လာတယ်။ ခဏနေတော့ အဲ့ဒီ လေအေးတွေ အစား နွေးထွေးတဲ့ အနမ်း တစ်ချက်…။ အမလေး.. မောင်.. မောင် ဘာလုပ်လိုက်တာလဲ..။ ကျမ ဟိုဟာကို မောင် နမ်းလိုက်တာလေ။ ကျမ အံ့သြတာရော လန့် သွားတာရော။
ထ ထိုင်ဘို့ ကြိုးစားတော့ မောင်က ကျမကို ဖိထားတယ်။ မောင်ရယ်.. ကျမ.. ကျမ အားနာလိုက်တာ အရမ်းပဲ..။ အထဲက တစိမ့်စိမ့် ထွက်ကျလာတဲ့ အရည်တွေကို အားပါးတရ စုပ် နေတာ။ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အညစ်ညမ်းဆုံး နေရာလေ။ ဒီနေရာကို စုပ်လိုက် လျက်လိုက်နဲ့ တကယ့်ကို အငမ်းမရပဲ။ ခံစားရတဲ့ ကျမ မှာလည်း အရမ်း ကောင်းနေမိတာရော၊ အားနာတာရော၊ အံ့သြတာရော ယောက်ယက်ကို ခတ်နေပြီ။ ခဏနေတော့ မောင့်လက်ချောင်းလေး ကျမ ထဲ ဝင်လာတယ်။ ဖြည်းဖြည်းချင်း မွှေပေးရင်းနဲ့ ပါးစပ်က အစိလေးကို စုပ် နေတယ်။
“ တော်ပါတော့ မောင်ရယ်.. ကျမ မနေနိုင်တော့ဘူး.. တော်ပါတော့.. နော်..”
ကျမ ထွန့်ထွန့်လူးအောင် ခံစားရပါတယ်။ မောင်က ရပ်မပေးဘူး။ လက်က ကျမဟာကို နှိုက်မွှေနေရင်း ကျမ ဘေးမှာ ထိုင်လိုက်တယ်။ ကျမ ကိုယ်လေးကို ဆွဲမထူပြီး ဖက်ထားတယ်။ ရင် ချင်း ကပ် သွားတာပေါ့။ နှစ်ယောက်လုံး ကိုယ် အပေါ်ပိုင်းတွေက ဗလာ လေ။ ကျမ နို့တွေကို သူ့ရင်ဘတ်နဲ့ ဖိပွတ်ရင်း လက်ကလည်း အောက်ကို မွှေနေတုန်း..။
“ ကျစ်ကျစ်.. မောင်.. အင်း.. ဟင်း..”
ကျမ ဘာဖြစ်သွားလဲ မသိပူး။ အထဲက အရမ်း ယားနေတဲ့ အရသာက ထိပ်ဆုံးကို ရောက်လာပြီး ကိုယ်ထဲ အကြောတွေ ဆိုင်း ကုန်သလိုပဲ။ အရည်ပူပူတွေ စီးကျလာတဲ့ ဟိုဟာလေးက မောင့် လက်ချောင်းကို တပြွတ်ပြွတ် စုပ် နေမိသလိုပဲ။ မရပ်နဲ့.. မရပ်လိုက်ပါနဲ့ မောင်.. ကျမ စိတ်ထဲက အထပ်ထပ် ပြောနေမိတယ်။ ခပ်သွက်သွက် ထိုးမွှေပေးနေတဲ့ လက်ကလေး လွတ်ထွက်သွားမှာ ကြောက်ပြီး အတင်း ညှစ်ထားမိတယ်။ ပြီးတော့ ကျမ ဆတ်ကနဲ ဆတ်ကနဲ တွန့် သွားတယ်။ မောင်က ကျမကို ခပ်တင်းတင်း ဖက်ထားပြီး အောက်မှာ မွှေ နေတဲ့ လက်ချောင်းလေးကို ငြိမ်နေပေးလိုက်တယ်။
ကျမ ငြိမ်သွားတော့ လက်ချောင်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်ပြီး ကျမ ဟာလေးကို လက်နဲ့ အုပ်ကိုင်ပြီး ညှစ်ထားပေးတယ်။ နေသာထိုင်သာ ရှိသွားတဲ့ ကျမ ဟာလေးက မောင့် လက်ခုပ်ထဲမှာ ဆစ်ကနဲ ဆစ်ကနဲ ကျင် နေမိတုန်း။ မောင်ကလည်း ခပ်တင်းတင်းလေး ညှစ်ကိုင်ပေးထားတော့ ကောင်းနေတဲ့ အရသာလေးက ပျက်မသွားဘဲ ကျန်နေတယ်။ ကျမ တကိုယ်လုံး နုန်းချိ သွားတာတော့ အမှန်ပဲ။ မောင့်မျက်နှာကို ကြည့်လိုက်ရမှာ ရှက်လွန်းလို့ ရင်ခွင်ထဲ မျက်နှာငုံ့ပြီး ဖက်ထားမိတယ်။ အဲ့ဒီမှာ ကျမ မြင်လိုက်ရတာ မောင့် ပေါင်ကြားက ဖောင်းဖောင်းကြီး ဖြစ်နေတာကိုပေါ့။
အဲ့ဒါကြီးကို ကြည့်ပြီး မောင့် စိတ်ထဲ ဘယ်လိုခံစားနေရမလဲ.. ဘာ လိုချင်နေမလဲ ဆိုတာ ကျမ တွေးမိတယ်။ ဒါပေမယ့် အဲ့ဒါကြီးကို လှမ်းကိုင်လိုက်ရမှာလည်း မရဲဘူး။ ကျမ မောင့်ကို တခုခု ပြန်လုပ်ပေးချင်တာတော့ အမှန်ပါ။ ဘယ်က ဘယ်လို စ ရမှန်းလည်း တကယ် မသိဘူး။ ခုနေ မောင် တခုခု တောင်းဆိုလိုက်ရင် ကောင်းမှာ။ ကျမ လိုက်လျောဘို့ အသင့်ပါ။ ဟုတ်တယ်.. ခုချိန်မှာ မောင် ဘာပဲလုပ်လုပ်.. ဘာပဲ တောင်းဆို တောင်းဆို လိုက်လျောမယ်လို့ ကျမ တကယ်ပဲ ဆုံးဖြတ် လိုက်နိုင်ခဲ့တယ်။
အချိန် အတော်လေး ကြာတဲ့ထိ မောင် ကျမဆီက ဘာမှ မတောင်းဘူး။ ကျမလည်း မောနေတာ နည်းနည်း ငြိမ် သွားတယ်။ မောင့် ရင်ဘတ်ကို လက်နဲ့ ဖွဖွ ပွတ်ရင်း မျက်နှာကို မော့ကြည့်မိတယ်။ ကျမကို ပြုံးပြီး ပြန်ကြည့်နေတဲ့ မောင်။ ရီဝေနေတဲ့ မျက်လုံးတွေထဲမှာ ဆန္ဒ တစ်ခုကို မရမက ချိုးနှိမ်ထားတဲ့ အရိပ်တွေ မြင်နေရတယ်။ ကျမ မောင့်ကို အရမ်း စာနာ မိသွားတယ်။ ဒီနေ့အဘို့ မောင့်ကို ဒီတိုင်း ပြန်လွှတ်လိုက်ရင် သိပ်များ တကိုယ်ကောင်း ဆန်သွားမလား ဆိုတဲ့ အတွေးလည်း ဝင်လာတယ်။ ဘာပဲ ဖြစ်ဖြစ် ဒါ ကျမချစ်သူပဲလေ..။ ခုလို အခြေအနေလည်း ရောက်သွားခဲ့ပြီပဲ။ ကျမ မောင့်ကို စကား စ ပြောလိုက်တယ်။ မောင် တောင်းရက်မှာ မဟုတ်တဲ့ အခွင့်ရေး တစ်ခု ပေးလိုက်ချင်လို့ပါ။
“ ကျမ ဘာ ပြန်လုပ်ပေးရမလဲ ဟင်..”
“ ဘာမှ လုပ်မပေးရပါဘူး..”
“ တကယ် ဘာမှ မလိုချင်ဘူးလား..”
“ အွမ်းးး.. ချစ် စေတနာရှိရင်သာ မောင့်ကို ဆက်လုပ်ခွင့် ပေး.. ဟီး..”
မောင့်စကားကြောင့် ကျမ ရင်ဖိုမိတယ်။ ကြက်သီးတွေလည်း ထ လာတာပေါ့။ မောင့်မျက်နှာကို မရဲတရဲ မော့ကြည့်မိတယ်။ မောင်လည်း ကျမကို စိုက်ကြည့်နေတာ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်နှာလေးနဲ့။ ကျမ မငြင်းရက်တော့ပါဘူး။ မောင်က ကျမ ချစ်သူ၊ ကျမ လက်ထပ်မယ့်သူ၊ ကျမရဲ့ ဘ၀ အဖော်မွန်ပဲလေ။ မောင့် ရင်ခွင်ထဲ ခေါင်းလေး ပြန်ငုံ့ထားလိုက်တယ်။ ကျမ မောင့်အတွက် စကားလေးတစ်ခွန်း ပြန်ပြောမလို့လေ။ သူ့မျက်နှာကို ကြည့်ရင်း ပြောရမှာ ရှက်လို့ပါ။ ကျမမျက်နှာကို အတတ်နိုင်ဆုံး လုံခြုံအောင် ပုန်းလိုက်ပြီးမှ မောင် ကြားလောက်ရုံ အသံတိုးတိုးလေး နဲ့ ပြောမိတယ်။
“ မောင့် သဘော ပါ..”
“ ကျေးဇူးပါ ချစ်ရယ်.. ချစ်တာ အရမ်းပဲ..”
................................................................................................
ဒီလိုနဲ့ ပထမဆုံးနေ့လေးကို ကျော်ဖြတ် အပြီးမှာ ကျမတို့နှစ်ယောက် မကြာခဏ ဆိုသလို လူကြီးဆန်ဆန် ချစ်ခဲ့ကြတယ်။ အထီးကျန် ဘဝက လွတ် စ ပြုလာတဲ့ ကျမလည်း အရင်လို စက်ရုပ် မဆန်တော့ဘူး။ အချစ်က ကျမကို ပြုပြင်ပေးသွားခဲ့တယ်လေ။ ကျမတို့ ရည်ရွယ်ချက်က နောက်ဆုံးနှစ် စာမေးပွဲ ပြီးရင် လက်ထပ်မယ်ပေါ့။ ဒါပေမယ့် ကျမ ကိုယ်ထဲမှာ မထင်မှတ်ဘဲ ဖြစ်လာတဲ့ ကိစ္စလေးက ကျမတို့ စိတ်ကူးကို မြန်မြန် အကောင်ထည် ဖော်ဘို့ ဖြစ်လာတယ်။ ကျမတို့ အတူနေဖြစ်ကြရင် မောင်က အကာအကွယ် သုံးလေ့ မရှိဘူး။ ကျမ ပြောကြည့် ပေမယ့် လက်မခံဘူးလေ။ အချစ်ရဲ့ အရသာကို အပြည့်အ၀ ခံစားချင်တာတဲ့။ အဲ့ဒီလို အကာအကွယ်ကြီးနဲ့က မိုးကာခြုံပြီး မိုးရေချိုးရသလိုပဲ၊ သူ့အတွက် ဘာအရသာမှ မရှိလို့ပါတဲ့လေ။ ကျမလည်း အတင်းအကြပ် မပြောတော့ပါဘူး။ သူပြောတာ မှန်နေသား မဟုတ်လားနော်။
မောင်က ကျမအတွက် အရေးပေါ် တားဆေးတွေ ဝယ်ပေးထားတယ်။ ကျမတို့ နေဖြစ်တာလည်း နှစ်လ သုံးလလောက် နေမှ တစ်ခါ ဆိုတော့ ကိစ္စ ပြီးတိုင်း ဆေးလေး သောက်လိုက်တာပေါ့။ နောက်ဆုံး နေဖြစ်တဲ့ ရက်က ကျမမှာ ဆေးကုန်နေတယ်။ ကျမလည်း မောင် ပြန်သွားပြီးမှ ဆေးမရှိမှန်း သိလိုက်တယ်။ ကိုယ့်ဘာကိုယ်လည်း ဝယ်သောက်ရမှာ ရှက်တယ်လေ။ ဆေးဆိုင်ကို ဘယ်လိုမေးပြီး ဘယ်လို ဝယ်ရမှန်း ကျမ မစဉ်းစားတတ်ဘူး။ ဖြစ်ချင်တော့ နောက်နေ့ မနက်မှာ မောင်က နယ်မှာနေတဲ့ သူ့ အဖေ အသည်းအသန် ဖြစ်လို့ ဆိုပြီး နယ်ပြန်ရပါရော။ ကျမလည်း ကိုယ့် ကိစ္စ အတွက် စိုးရိမ်ပေမယ့် ဒီလောက်လေးနဲ့တော့ မဖြစ်လောက်ပါဘူး ဆိုပြီး နေမိတယ်။ ဒါပေမယ့် ကံတရားက ကျမ ဘဝကို အကြီးအကျယ် ပြောင်းလဲ ပစ်ခဲ့တယ်။
......................................................................................
အခန်း ( ၄ )
“ ကျမတို့ ဘာလုပ်ကြမလဲ မောင်..”
“ ချစ် က မလိုအပ်ဘဲ ရှက်တတ်လွန်းတာ ဆိုးတာ..”
“ ဘယ်လို ဘယ်လို..”
“ အော်.. ဆေးဝယ်ရမှာ ရှက်တယ် ဆိုလို့လေ..”
မောင့်စကားကြောင့် ကျမ ရင်ထဲ အောင့်သက်သက်ကြီး ခံစားလိုက်ရတယ်။ တကယ်တမ်း ကျမ ဘက်က လိုအပ်ချက် မှန်ရင်တောင် ဒီအခြေအနေမှာ ဒီလိုတော့ မပြောသင့်ဘူး မဟုတ်လား။ ကျမ ဝမ်းနည်း သွားမှန်း မောင် မရိပ်မိဘဲ မနေပါဘူး။ ဒါပေမယ့် ကျမ ရင်ကို နာကျင် သွားစေမယ့် စကားတစ်ခွန်း မောင် ထပ် ပြောတယ်။ “မောင်တို့ ကျောင်းပြီးဘို့က တစ်နှစ်နီးပါး ကျန်နေ သေးတယ်လေ.. တစ်ခုခု လုပ်ရမှာပေါ့ ချစ်ရယ်..” တဲ့ ။ ဒါ ကျမကို ကလေး ဖျက်ချ ဆိုတဲ့သဘောကြီး မဟုတ်လား။ မောင့်စကားက ကျမ ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလိုပါပဲ။ အကောင်အထည် မမြင်ရသေးတဲ့ သွေးသား အပေါ်မှာ ကျမ ကိုယ်တိုင်တောင် သံယောဇဉ် မဖြစ်မိသေးတာ ဝန်ခံပါတယ်။ ဒါပေမယ့် မောင့် ဆုံးဖြတ်ချက်က ကျမ ကို ဟိုးအဝေးဆီ လွှင့်ပစ် လိုက်သလိုပဲလေ။ မောင့် မျက်လုံးတွေကို စိုက်ကြည့်ရင်း..
“ ဒါ မောင့် ဆုံးဖြတ်ချက်လား မောင်..”
ကျမ အသံတွေ ကွဲအက် နာကျင် နေတာ မောင် မသိဘဲ မနေပါဘူး။ ကျမ မျက်လုံးတွေကို တစ်ချက်ပဲ စိုက်ကြည့်ပြီး အကြည့် လွှဲ သွားတယ်။ ကျမ ထပ် မေးဖြစ်တယ်..
“ ကျမ မေးနေတယ်လေ မောင်.. မောင့် ဆုံးဖြတ်ချက ဘာ လဲ လို့..”
မောင် သက်ပြင်းတစ်ချက် ခိုးချ လိုက်တာ ကျမ မြင်လိုက်တယ်။ ကျမ ငိုချင်လာသလိုပဲ။ လက်သီးကိုလည်း ကျစ် နေအောင် ဆုပ်ထားမိတယ်။ တာဝန် မမဲ့စမ်းပါနဲ့ မောင်ရယ်.. တကယ်တမ်း ဒီကလေးကို မွေးဘို့ မဖြစ်သေးဘူး ဆိုရင်တောင် ဒီဆုံးဖြတ်ချက်ကို ချမယ့်သူက ကျမ ပဲ ဖြစ်ရမှာလေ.. ကျမ ရင်ထဲက စကားတွေ ဆူညံပြီး ပဲ့တင် ထပ်နေပေမယ့် နှုတ်ကတော့ ထွက်မလာခဲ့ပါဘူး။ ကျမ မောင့်ကို အထင်မသေးချင်ဘူး.. ကျေးဇူးပြုပြီး တာဝန်ယူတဲ့ စကားမျိုးပဲ ပြောပါ မောင်.. ပြီးမှသာ ကျမ ဘာသာ ဘာလုပ်လုပ်.. မောင့် အနေနဲ့က ကျမတို့ အမြန်ဆုံး လက်ထပ် ကြမယ်လို့ပဲ ပြောသင့်တာ..။
“ မောင်တို့ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်မယ်လေ ချစ်ရယ်.. နော်..”
ကျမ မောင့်မျက်နှာကို ကြည့်ပြီး ခေါင်းတွင်တွင် ခါ မိတယ်။ ရင်ထဲမှာ ဗြောင်းဆန် နေအောင် ခံစားရပါတယ်။ ပြင်းထန်တဲ့ စကားလုံးတွေ အများကြီးနဲ့ ထိုးနှက် ပစ်လိုက်ချင်ပေမယ့် ပြောမထွက်ဘူး။ ပါးပြင်ပေါ်မှာတော့ ကျလာ လိုက်တဲ့ မျက်ရည်တွေ ဆိုတာ တမံ ကျိုးသလိုပါပဲ။
“ အာ.. ချစ်.. ငိုစရာလား ကွာ..”
“ ဟင့်အင်း.. ကျမ ကို မထိပါနဲ့..”
ပုခုံးပေါ် ရောက်လာတဲ့ မောင့်လက်ကို ကျမ ပုတ်ထုတ် လိုက်တယ်။ အဲ့ဒီအချိန် မိုးတွေ ရွာချလိုက်တာ ဝုန်းကနဲပဲ။ ကျမ တကိုယ်လုံးလည်း ရွှဲစိုသွားတယ်။ မှတ်မိလား မောင်.. ကျမတို့ ပထမဆုံးနေ့လေး.. မိုးတွေ သည်းသည်းမဲမဲ ရွာ နေတာလေ.. ကျမ ဘ၀ တစ်ခုလုံး မောင့် ကို ပုံအပ်ခဲ့တာ ဒီလို မိုးသည်းထဲမှာပေါ့.. အခု မောင်က ဒီလိုမိုးသည်းထဲမှာပဲ ကျမ ကို စွန့်ပစ်နေတယ်.. အိပ်ရာထဲမှာ ချစ်တတ်ရင် အိပ်ရာထဲက ကိစ္စကြောင့် ဖြစ်လာတဲ့ ပြဿနာ တစ်ခုကို ရှောင်လွှဲလို့ မရဘူး ဆိုတာ မောင် မသိဘူးလား.. မိန်းမ တစ်ယောက်က သူ့ ခန္ဓာကိုယ်ကို ယောင်္ကျား တစ်ယောက် လက်ထဲ ထည့်တယ် ဆိုတာ တော်ရုံ စွန့်စားမှု မဟုတ်ပါဘူး.. ။
“ စိတ် လျှော့ ချစ်ရယ်.. မောင် တောင်းပန်တယ် နော်.. ချစ် ဆန္ဒ အတိုင်း ဖြစ်စေရမယ်.. အိုကေ..”
ကျမ ဒေါသကို သိနေတဲ့ မောင်က သူမှားသွားတဲ့ စကားကို ချက်ချင်း ပြန်ရုတ်သိမ်းတယ်။ ဒါပေမယ့် မောင့် သဘောထားက ဘာ ဆိုတာ သိပြီးတဲ့ ကျမ နှလုံးသားကတော့ ဘယ်လိုမှ ပြန် မကြည်လင် နိုင်တော့ပါဘူး။ အဲ့ဒီနေ့က နောက်ကျန်တဲ့ အတန်းချိန်တွေ ဆက်မတက်ဖြစ်တော့ဘူး။ စာသင်တဲ့ ကလေးအိမ်လည်း မသွားနိုင်ခဲ့ပါဘူး။ ညည့်နက်တဲ့ထိ မစဲနိုင်တော့တဲ့ မိုးလိုပဲ ကျမ မျက်ရည်တွေလည်း တညလုံး မတိတ်နိုင်ခဲ့ဘူး။
နောက်တစ်နေ့မှာ မောင်က နယ်မှာရှိတဲ့ သူ့ မိဘတွေဆီ ပြန်ပြီး လက်ထပ်ခွင့် တောင်းမယ် လို့ ပြောလာတယ်။ ကျမကို စိတ်အေးအေးနေပါ လို့လည်း ဖြောင်းဖြ တယ်။ ကျမ မောင့်ကို ယုံကြည်ရမလား၊ မယုံကြည် ရဘူးလား မဆုံးဖြတ်နိုင်ခဲ့ဘူး။ ဘာ စကားမှလည်း ထပ် မပြောနိုင်ခဲ့ပါဘူး။ တကယ်တမ်း မောင်သာ ကျမ စ ပြောကတည်းက ဒီလို စီစဉ် ခဲ့ရင် အရမ်းကောင်းမှာလေ။ အခုက ကျမ စိတ်ဆိုး သွားမှန်း သိလို့ သူ့ အစီစဉ်ကို ပြောင်းဖြစ်လိုက်တာ။ ဒါ သူ့ ဆန္ဒ အစစ်မှ မဟုတ်တာ။ လူ့သက်တမ်းကို ကိန်းဂဏန်း နဲ့ တွက်ရင် မိဘ အရိပ်မှာ နေရတဲ့ အချိန်ထက် လင်သား အရိပ်မှာ နေရတဲ့ အချိန်က အများကြီး ပိုပါတယ်။ အမှန် ပြောရရင် ဘဝခရီးအစကို မောင်နဲ့ ဒီလို ကတောက်ကဆ ဖြစ်ရပြီးမှ ကိုယ့်စိတ်ကြိုက် ဖြစ်ရတာမျိုး ကျမ လုံး၀ မလိုချင်ဘူး။ ဒါပေမယ့် ဘာ တတ်နိုင်မှာလဲ။ ကျမ အနေနဲ့ မောင် ပြောသလိုပဲ ခေါင်းအေးအေး ထားနိုင်ဘို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။
.....................................................................................
အခန်း ( ၅ )
“ လူကြီးတွေ ပြောကြတဲ့ စကားအတိုင်း ပြန်ပြောပြတာပါ ချစ်ရယ်.. မောင့်ကို အမြင်မကြည် မဖြစ်ပါနဲ့လား.. အခုက မောင်တို့ နှစ်ယောက် စိတ်ဝမ်းကွဲနေရမယ့် အချိန် မဟုတ်ဘူးလေ ကွာ..”
နယ်က ပြန်လာလာချင်း ကြားရတဲ့စကား။ သူ့ မိဘတွေက ကျမ နဲ့ သဘောမတူနိုင်ဘူးတဲ့။ သူတို့မှာ သားအတွက် ရည်ရွယ်ထားတဲ့သူ ရှိနေသတဲ့လေ။ အဆိုးဝါးဆုံး ထိုးနှက်ချက်က ကျမ ဗိုက်ထဲက ကလေးက မောင့် သွေးသား ဟုတ်ရဲ့လား ဆိုတဲ့ မေးခွန်းပဲ။ ပထွေး အရိပ်အောက်မှာ နေရတဲ့ မိန်းကလေးမို့ ဒီစကား ဖြစ်လာတာပါ။ သားသမီးချင်း မစာနာတဲ့စကား။ ရက်စက် လွန်းတဲ့ စကားပါ။ တကယ်ဆို သူ့မိဘတွေ ဒီလောက်အထိ ပြောတာကို မောင့် အနေနဲ့ ကျမနားထဲ ပေးသိစရာ လို လို့လား။ ကျမ ဒေါသတွေ ငယ်ထိပ် တက်ဆောင့် သွားခဲ့တယ်။ အစော်ကား ခံရတဲ့ဘဝ၊ ရှေ့ဆက်ရမလို နောက်ဆုတ်ရမလိုနဲ့ လမ်းပျောက် သွားတဲ့ဘဝ။ နာကျည်း ဒေါသတွေနဲ့ ပြည့်နှက်သွားတဲ့ ကျမ နှလုံးသားက မောင့်ကို ချစ်သူ တစ်ယောက်လို့ ဘယ်လိုမှ မြင်ကြည့်လို့ မရတော့ပါဘူး။
“ မောင်တို့ ထွက်ပြေးကြမယ် ချစ်.. နော်..”
“ ………..”
မဲ့ပြုံး တစ်ချက်နဲ့ မောင့်မျက်နှာကို စိုက်ကြည့်မိတယ်။
“ ကွာ.. ဘယ်လို အကြည့်ကြီးလဲ ချစ်ရာ..”
“ ………..”
“ မောင် အခု ချစ် သဘောအတိုင်း လုပ်ပေးနေပြီလေ.. ဘာကို မကျေနပ်သေးတာလဲ..”
“ ………..”
“ တစ်ခုခု ပြော ကွာ.. ဘာ ဖြစ်ချင်တာလဲ ဆိုတာ..”
“ အိမ်ပြန်မယ်..”
“ ချစ်..”
“ ကျမ အိမ်ပြန် ချင်ပြီမောင်..”
“ အာ ကွာ..”
“ ………..”
“ တစ်ခုခု ပြောဦးလေ ချစ်ရယ်.. မောင်တို့ ဘာ လုပ်ကြမလဲ ဆိုတာ..”
“ စဉ်းစားဦးမယ်.. ခုတော့ အိမ်ပဲ ပြန်ချင်တယ်..”
ညနေခင်း ကျူရှင်ချိန်လေးတွေပါ ဖျက်ပြီး စောစော နားလိုက်မယ် ဆိုတဲ့စိတ်ကူးနဲ့ အိမ်ပြန် အရောက်။ ခြံထဲ ရပ်ထားတဲ့ ကားတစ်စီးကြောင့် ဧည့်သည် ရောက်နေတာ သိလိုက်တယ်။ ဧည့်ခန်းထဲ ဖြတ်မဝင်ချင်လို့ နောက်ဖေးပေါက်က ဝင်ပြီး အပေါ်ထပ် အိပ်ခန်းဆီ တန်း တက်လာ ခဲ့လိုက်တယ်။ အမေတို့ အခန်းရှေ့က အဖြတ်မှာ အမှတ်တမဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျမ ကြက်သေ သေ သွားခဲ့ရတယ်။ အထဲက လူတွေကတော့ သူတို့ အာရုံနဲ့ သူတို့မို့ ကျမကို သတိ မထားမိကြဘူး။ ကျမကလည်း အသံတိတ် တက်သွားခဲ့တာကိုး။
အထဲမှာ အဝတ်မဲ့ ခန္ဓာကိုယ်နဲ့ လူ သုံးယောက်။ အမေရယ်၊ ပထွေးရယ်၊ ကျမ မသိတဲ့ လူ တစ်ယောက်ရယ်။ အမေ့ ခေါင်းက ပထွေး ပေါင်ကြားမှာ ရောက်နေပြီး လူစိမ်းက အမေ့နောက်မှာ .. အမေ့ နောက်ကနေ .. အမေ့ ကို.. ။ ကျမ မျက်လုံးတွေ ပြာေ၀ မှောင်မိုက် သွားခဲ့ရတယ်။ ဂျိန်း ကနဲ မြည်သွားတဲ့ မိုးကြိုးသံက ကျမ နှလုံးသားထဲက ပေါက်ကွဲမြည်ဟီးမှုကို ဘယ်လိုမှ မမှီပါဘူး။ ရက်စက် လိုက်ကြတာ .. ရက်စက် လိုက်ကြတာ နော် .. ဒါ ကျမ အမေပါလို့ ပြောရမှာတောင် .. ဟင့်အင်း .. မဟုတ်ဘူး .. မဖြစ်နိုင်ပါဘူး .. အမေ မဟုတ်ပါဘူး .. လုပ်ရက်လိုက်တာ အမေ ရယ် .. ကျမ မှာ ပထွေး ဆိုတဲ့ အရိပ်ကြောင့် သူများ နှိမ့်ချတာ ခံလာရပြီးပြီ .. အစော်ကား ခံခဲ့ရပြီးပြီ .. ဒီကြားထဲမှာ အမေက .. တပြိုင်တည်းမှာ ယောင်္ကျား နှစ်ယောက်နဲ့ .. ဘယ်လို ဖြစ်ပြီး .. ဘာတွေလဲ ဟင် .. သူတို့ ဘာတွေ ..
ကျမ ဘဝမှာ တခါမှ ခုလောက် မကြောက်မိဖူးဘူး။ မယုံနိုင်လောက်အောင် စက်ဆုပ်စရာ ကောင်းတဲ့ မြင်ကွင်း။ ဒီမြင်ကွင်းနဲ့ ဝေးရာကို ကျမ ပြေးထွက်ခဲ့တယ်။ သည်းကြီးမည်းကြီး ရွာနေတဲ့ မိုးကိုလည်း မသိတော့ဘူး။ ဘယ်နေရာ ဘယ်လမ်းတွေ အထိ ရောက်သွားမှန်းလည်း မသိတော့ဘူး။ ကျမ သိတာ တစ်ခုက အားလုံးနဲ့ ဝေးသည်ထက် ဝေးသွား ဘို့ပါပဲ။ ခြေသလုံးတွေ တောင့် လာတဲ့အထိ၊ နှာခေါင်းကနေ အသက်ရှု မရတော့တဲ့ အထိ၊ ရင်ဘတ်ထဲက စူးအောင့် လာတဲ့အထိ၊ နားထဲက လေတွေ ထွက်လာတဲ့အထိ၊ လည်ချောင်းတွေ ခြောက်ကပ်ပြီး မီးတောက်သလို ပူလာတဲ့အထိ ကျမ ပြေးတယ်။ မရပ်မနား ပြေးထွက်ခဲ့ပါတယ်။ အားလုံးနဲ့ ဝေးချင်တယ်။ ဝေးသည်ထက် ဝေးသွားလိုက်ချင်ပါတယ်။
မှောင်မည်းနေတဲ့ လမ်းမကြီးမှာ မနားတမ်း ပြေးနေရင်း ကျမရှေ့တည့်တည့်ကို ရုတ်တရက်ကြီး ရောက်လာတာ စူးရှတဲ့ အလင်းတန်းကြီး။ လျှပ်စီး လက်သွားတာလား မိုးကြိုး ပစ်ချလိုက်တာလား မသဲကွဲဘူး။ ဒါပေမယ့် ကျမ တစ်ကိုယ်လုံး လေထဲ မြောက်တက်သွားပြီး .. ဝုန်းကနဲ ပြန်အကျမှာ .. ကျမ ရင်တွေ ပွင့် ထွက် သွားတယ်ထင်ပါရဲ့ ။ အဆုံးစမဲ့ နာကျင်မှု နဲ့ အရာအားလုံးကနေ လွတ်မြောက်သွားတဲ့ ခံစားချက် တပြိုင်တည်း ရလိုက်တယ်။
“ မုန်းတယ်.. လူတွေအားလုံးကို မုန်းတယ်.. အမေ့ကိုရော.. ပထွေးရော.. ပြီးတော့ မောင်.. အားလုံး.. အားလုံးကို မုန်းတယ်.. ထွက်သွားကြစမ်းပါ.. ကျမ နားကနေ ထွက်သွား.. သွားး.. သွားး.. ကြ..”
ကျမ စိတ်ရှိလက်ရှိ အော်ဟစ်နေပေမယ့် အသံတွေက ထွက်မလာဘဲ လည်ချောင်းကနေ နောက်ပြန် လှည့်နေသလိုပဲ။ တစ်ကိုယ်လုံးလည်း မီးတောက်မတတ် ခြစ်ခြစ်ပူနေတယ်။ လက်တွေ ခြေတွေက ထုံထိုင်းပြီး လှုပ်မရသလိုပဲ။ အဆိုးဆုံးက ညာဘက် ခြေထောက်။ ဒူးခေါင်းနေရာမှာ မီးခဲတွေ ကပ်ထားသလို ပူနေပြီး အောက်ဘက်က ဟာတာတာ ခံစားချက်ကြီး။ ခြေထောက်မှာ တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်နေလား။ ကျမ ဘယ်ရောက်နေလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ။ အာရုံတွေ စွမ်းသလောက် စုစည်း လိုက်တော့ ဖြစ်ခဲ့သမျှ တရိပ်ခြင်း ပေါ်လာတယ်။ မောင်နဲ့ စကားပြောခဲ့တာရယ်၊ အိမ်ပြန် လာတာရယ်၊ အိမ်ထဲမှာ ယောင်္ကျား နှစ်ယောက်နဲ့ အမေ ရယ်။ ပြီးတော့ မှောင်မဲနေတဲ့ မိုးသည်းထဲက အလင်းတန်းကြီး။ ကျမ မျက်လုံးတွေ ဖွင့်ကြည့်ဘို့ မကြိုးစားတော့ပါဘူး။ အခြေအနေ အားလုံးကို သိလိုက်ပြီလေ။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မကျေနပ် ဖြစ်မိဆုံး တစ်ချက်ကတော့ ခုလို ပြန်နိုးထ လာနိုင်ခဲ့တာကိုပဲ။
“ သမီး.. သမီးလေး.. သတိရလာပြီလား သမီး.. သမီးရယ်.. မသေကောင်း မပျောက်ကောင်း.. သမီး.. သမီးလေးရယ်..”
ကျမ လက်တစ်ဘက်ကို ကိုင်ပြီး ငိုနေတဲ့ အမေ။ တဖြည်းဖြည်း တိမ်ဝင်သွားတဲ့ အမေ့ အသံလေးက ကျမရင်ထဲကို ဆို့နင့် လောင်မြိုက်သွားစေတယ်။ ကျမ အတွက် ဝမ်းနည်း နေတာလား အမေ.. ကျမလည်း အရမ်းကို ဝမ်းနည်း နာကျင်ရပါတယ်.. မသေနိုင်သေးလို့လေ.. ကျမ မသေနိုင်သေးလို့ ကိုယ့်ကိုယ်ကိုယ် နာကျည်းတယ် အမေရယ်.. ။ ကျမ မျက်လုံးထောင့်မှာ ကျလာတဲ့ မျက်ရည်တွေက ရေနွေးပူတွေလိုပဲ။ အမေက ကျမ မျက်ရည်တွေကို သုတ်ပေးရင်း ပြောပြန်တယ်။
“ သမီးရယ်.. တော်ပါသေးရဲ့.. သမီးလေး ပြန်နိုးလာဘို့ တညလုံး စောင့်နေရတာ..” တဲ့လေ။
“ ဆရာဝန်ကြီး သွားခေါ်လိုက်ဦးမယ်နော်..”
ဆိုတဲ့ အသံ ကြားလိုက်ရတယ်။ အနီရောင် ထမိန်လေးနဲ့ အမျိုးသမီးတစ်ယောက် ကျမနားကိနေ ရိပ်ခနဲ ထ သွားတာ တွေ့လိုက်တယ်။ ပြီးတော့ ဆရာဝန်ရောက်လာ၊ ကျမကို စမ်းသပ်စရာ ရှိတာတွေ စမ်း၊ မေးတဲ့မေးခွန်းတွေ ရုတ်တရက် ပြန်မဖြေလို့ အမေ အရမ်း လန့် သွားသေးတယ်။ ကျမ စကားမပြောနိုင်တော့တာ မဟုတ်ပါဘူး။ စကားပြောချင်စိတ် မရှိလို့ပါ။ ကျမ ဗိုက်ထဲမှာ ကလေးတစ်ယောက် ရှိခဲ့ဖူးတာ အားလုံး သိသွားကြပြီလေ။ ဒီအတွက် အမေလည်း အရမ်းကို ရင်နာ ရှာမှာပါပဲ။ ဒါပေမယ့် အခုတော့ သူလေး မရှိရှာတော့ပါဘူး။ အခု တင်မဟုတ်ဘူး။ နောက်ထပ်လည်း ဘယ်လို ရင်သွေးရတနာမျိုးမှ ကျမဆီ ထပ်ရောက်လာနိုင်မှာ မဟုတ်တော့ပါဘူး။ ပြင်းထန်တဲ့ ယာဉ်တိုက်မှုကြောင့် ကျမ ညာဘက် ခြေထောက် ရယ်၊ ဗိုက်ထဲက အရည်တည်စ ကလေးလေးရယ် ဆုံးရှုံးခဲ့ရတယ်။
ကျမ သူ့ကို သံယောဇဉ် မတွယ်သေးပါဘူး ဆိုပေမယ့်.. ဒါ ကျမ သွေးသားလေ.. အကယ်၍များ မောင် နဲ့ ကျမ၊ မိသားစု ဘဝလေး တစ်ခု ထူထောင်နိုင်ခဲ့မယ် ဆိုရင် ကျမကို မေမေ လို့ ခေါ်မယ့် ကလေးလေး.. ကျမရင်ခွင်ထဲမှာ ထွေးပိုက်ရမယ့် လူသား ပုစိလေး.. သူ့ အသားလေးတွေက နူးညံ့ပြီး နွေး နေမှာ.. ချိုချို ဆာလာရင် အသံစူးစူးလေးနဲ့ အူဝဲ အူဝဲ ဆို အော်ငိုမှာ.. သူ့မျက်နှာလေးကရော မောင် နဲ့ တူမှာလား.. ကျမလို ပါးချိုင့်လေးနဲ့ ဖြစ်မှာလား.. ပြီး ပြီးတော့.. သူလေး သူလေးက သား လေးလား.. သမီးလေး လား.. ကလေးရယ်.. ဖြစ်မှ ဖြစ်ရလေ..
ဆေးရုံ ပြတင်းရဲ့ အပြင်ဘက်ကို ကျမ ငေးကြည့်မိတယ်။ တိမ်စိုင်တွေ ညိုမည်းလို့ မှိုင်းအုံ့ နေလေရဲ့။ မရွာပါနဲ့ မိုးရယ်လို့ အကြိမ်ကြိမ် ရေ ရွတ် နေမိပေမယ့် ကျမ မျက်ဝန်းက မျက်ရည်မိုးတွေ ကတော့ သည်းကြီးမည်းကြီး ပြိုကျ နေခဲ့တယ်။ နောက်တစ်နေ့ မနက်မှာတော့ နာ့စ် အကူအညီနဲ့ မောင့် ဆီ စာတစ်စောင် ရေးဖြစ်ခဲ့ပါတယ်။ ကျမကို ဘယ်တော့မှ လာ မရှာဘို့နဲ့ ကျမ နှလုံးသားထဲကနေ ရာသက်ပန် ထွက်ခွာ သွားတော့ဘို့ပါ။ ဒီဆုံးဖြတ်ချက်က ကျမအတွက် မသေးလှတဲ့ ဆုံးရှုံးမှု ဆိုပေမယ့် သားမှန်း သမီးမှန်း မသိလိုက်ရသေးတဲ့ ရင်သွေးလေးကို စွန့်လွှတ် လိုက်ရတာနဲ့ စာရင် မပြောပလောက်တဲ့ ဝေဒနာလေးပါ။
.............................................................................
အခန်း ( ၆ )
Me : အူးလေးရီး.. ချိလား
Nay : အွမ်း..
Me : လက်အားလား..
Nay : လက်တော့ မအား..
Me : ဘာလုပ်နေလို့ မအားတာဒုန်း..
Nay : ညည်းနဲ့တော့ နေတယ်လေ.. စာရိုက်နေတယ်.. အားမလား ဟ..
Me : အာ.. ဘာများလဲလို့..
Nay : ဟဟ.. ပြော.. ဘာလုပ်ပေးရမလဲ..
Me : ဖုန်းနံပါတ် ပေးမို့..
Nay : အမ်..
Me : ဖုန်းနံပါတ်ပါဆို.. နားလည်ပူးလား..
Nay : အမ်.. ညည်း နံပါတ်လား..
Me : ဟုတ်..
Nay : ကိုယ့် ကို ပေးမလို့.. ဟုတ်လား..
Me : ပီးရော.. မလိုချင်လည်းနေ..
Nay : အောင်းမလေး မယ်မင်းကြီးမရယ်.. ဝမ်းသာ သွားလို့ပါ ဟ..
Me : 0951*****..
Nay : ခု ခေါ်မယ်နော်.. ရလား..
Me : ဆယ်စက္ကန့် အချိန်ပေးမယ်.. ဆယ်စက္ကန့်အတွင်း မမြည်ရင် ပိတ်ပီ..
ပြောပြီး လက်ထဲက ဖုန်းလေးကို စိုက်ကြည့်နေမိတယ်။ ခေါ်မယ့်လူတော့ မသိဘူး။ ကျမ ကတော့ ရင်တွေ တထိတ်ထိတ် ခုန်နေရော။ ကျမရဲ့ သွေးပျက်စရာ အဖြစ်ဆိုးတွေရဲ့ နောက်မှာ ဦးလေးကြီးက ကျမ စကားပြောဖြစ်တဲ့ တစ်ဦးတည်းသော သူလေ။ ချစ်ရတဲ့ မောင်က မေ့လိုက်ပါတော့ ဆိုတဲ့ ကျမ ဆန္ဒကို အပြည့်အ၀ ဖြည့်ဆည်း ပေးတဲ့ နေရာမှာ ဆေးရုံက ဆင်းတဲ့ထိ တစ်ခေါက်မှ လာမကြည့်သလို ကျောင်း ပြီးပြီးချင်းမှာပဲ သူ့မိဘ စီစဉ်တဲ့ မိန်းကလေးနဲ့ စေ့စပ် သွားခဲ့ပါတယ်။ ကျမကတော့ ခန္ဓာကိုယ်ပေါ်က ဆုံးရှုံးမှုတွေရယ်၊ ဇောက်ထိုး ဆင်းသွားတဲ့ စိတ်ဓာတ်ရယ်နဲ့ ကျောင်းလည်း မပြီး၊ စာသင်တဲ့ အလုပ်လေးလည်း မဆက်နိုင်တော့ဘဲ အချိန်ရှိသရွေ့ အိပ်ခန်းထဲက ကွန်ပြူတာ စားပွဲလေးမှာ အချိန် ဖြုန်းနေဖြစ်ခဲ့တာ။ Facebook မှာ ထင်ရာမြင်ရာတွေ လိုက်နှိပ်မိရင်း Friend တွေ မနည်းခဲ့ပေမယ့် ဘယ်သူနဲ့မှ စကား မပြောဖြစ်ပါဘူး။ ကျမမှာ လူတွေကို မယုံတတ်တဲ့ အကျင့်က အရိုးစွဲ သွားပြီလေ။ ရင်ထဲမှာ အမုန်းစိတ်တွေ ပြည့်နေတော့ ဘာကိုမှလည်း အကောင်း မမြင်တတ်တော့ဘူး။ ဒီတော့ ကျမ အနေနဲ့ လူတွေနဲ့ စကားပြောဘို့ တကူးတကကို ရှောင်ပါတယ်။ ဦးလေးကြီး ကျတော့ ဘာလို့မှန်း မသိဘူး ရင်းနှီး သွားမိတာ။ သူနဲ့ စကားတွေပြောရ၊ ငြင်းရခုံရတာကို ပျော်သလိုပဲ။ ဒီလိုနဲ့ နေလာရင်း ဦးလေးကြီးက ကျမတွက် အရင်းနှီးဆုံး စကားပြောဖော် တစ်ယောက် ဖြစ်လာတယ်။ တစ်ယောက်ကို တစ်ယောက် မမြင်ရ၊ မထိတွေ့ရတဲ့ လေလှိုင်းက တဆင့်ပေါ့နော်။ ဦးလေးကြီးလည်း ကျမကို ခင်နေတယ် ဆိုတာ ကျမ ခံစားသိနေမိတယ်။ သူနဲ့ ခင်နေရတော့ ကျမဘဝက နည်းနည်း လူသား ဆန်နေသေးသလိုပဲ။ ဒါပေမယ့် သူ့ကို ယုံကြည်လား မေးရင်တော့ ဟင့်အင်းလို့ပဲ ပြောမိမယ် ထင်တယ်။ ကျမ အတွက်တော့ ခင်မင်မှုနဲ့ ယုံကြည်မှုဆိုတာ ဘယ်လိုမှ မပတ်သက်တဲ့ အရာတွေ၊ တခြားစီ၊ သပ်သပ်စီပါ။
သူပြောတဲ့ အချစ်တက္ကသိုလ်မှာ စာတွေ ဝင်ဖတ် ဝင်ရေး လုပ်မိတော့ ကျမ စိတ်ထဲ နားမလည်နိုင်ခဲ့တဲ့ ကိစ္စကြီးက လူ့သဘာ၀ တစ်ခု ဖြစ်နေတာ သိလာတယ်။ ဒါနဲ့ ပါတ်သက်ပြီး ကျမ မေးချင်တာ မေးလို့ ဆွေးနွေးလို့ ရမယ့်သူက ဦးလေးကြီးပဲ။ နောက်ပြီး ဖိုရမ်ရဲ့ အစဉ်လာတွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းသူလယ်ဘယ် ဆိုတာလေးပေါ့။ လက်တွေ့ ဘဝကို မေ့သည်ထက် မေ့ပစ်ချင်တဲ့ ကျမ၊ အဲ့ဒီ အစီစဉ်လေးကို စိတ်ဝင်စား သွားတယ်။ virtual life လေး တစ်ခုကိုပဲ ပီပီပြင်ပြင် စီးမြော လိုက်မယ်ပေါ့။ ဖိုရမ် အုပ်ချုပ်ရေးက လူတွေနဲ့ စကားပြောရမယ် ဆိုတော့ ကျမ အရင်ဆုံး သတိရမိတာ ဦးလေးကြီးကို။ ဘာလို့မှန်း မသိဘူး ကျမ ကျောင်းသူ လုပ်မယ် ဆိုရင် ဦးလေးကြီး ဘာ ပြောမလဲ သိချင်တယ်။ ပြီးတော့ လုပ်ဖြစ်မယ် ဆိုရင် ကျမ အသံကို တခြားလူတွေထက် အရင် ဦးလေးကြီးကို ကြားစေချင်တယ်။ တွေးရင်း ရင်ခုန်နေတုန်း ဖုန်းလေးက အသံ မြည်လာတယ်။ ဆယ်စက္ကန့် ကျော်လား မကျော်လား ကျမ မသိလိုက်ပါဘူး။ ဖုန်းကိုင်ပြီး ရင်တွေ တုန်နေလို့ ချက်ချင်းလည်း ပြန်မထူးမိဘူး။ နှုတ်ခမ်းလေး ဖိကိုက်ပြီး သူ ဘာပြောမလဲပဲ နားထောင် နေလိုက်တယ်။ ဦးလေးကြီး အသံက စိတ်သဘောထား ပြည့်ပြီး ကြင်နာတတ်တဲ့ ယောင်္ကျား တစ်ယောက် ပီပီ ချို သြသြ လေး..
“ Hello..”
“ ….”
“ Hello..”
“ …..”
“ ချာတိတ်..”
“ …..”
“ အယ်.. ထူးလေ ကွာ..”
“…..”
“ဟေ့.. ဘာလေးလဲ ကွ..”
“ …..”
“ ဝေးးးး.. အိုပါဂမ်းနမ်းစတိုင်..”
“ …..”
“ လူကြီးကို နောက်စရာများ မှတ်နေလားဟေ..”
“ …..”
“ ဟေးး.. ကောင်မလေး.. မကြားတာလား.. ဘာ လဲ ကွာ..”
“ အဟမ်း.. ဟ.. ဟ လို..”
“ အွမ်းး..”
“ ဟလို..”
“ ဟဟ.. ဘာ ဟလိုလဲ.. ခုမှ..”
“ ဘာ ဟလိုရမှာတုန်း.. ဘာပြောရမှန်း မသိလို့ပေါ့.. ဟွမ်းး..”
“ ဟဟ.. အာ့ဆို ကိုယ်ပြောတာ နားထောင်မလား..”
“ ဟုတ်..”
“ ကျေးဇူး တင်ပါတယ် ချာတိတ်ရယ်..”
“ အွမ်.. ဘာလို့..”
“ တော်တန်ရုံ ခင်တာလောက်နဲ့ ဖုန်းနံပါတ်ပေးမယ့်သူ မဟုတ်ဘူးလေ.. တကယ်ပါ.. ကျေးဇူး..”
“ ဟီး..”
“ တစ်ခုခု ပြောလေ ကွာ.. အသံလေးက ပိစိလေး.. ကြားရတာ အားမရဘူး..”
“ ဟီး.. ဘာပြောရမလဲ..”
“ ဘာပဲ ဖြစ်ဖြစ်ပေါ့..”
“ ဖုန်းနံပါတ် ပေးချင်လာတဲ့ အကြောင်းရင်း ပြောမယ်..”
“ အိုခေ.. ပြော တောင်းတုန်းက မပေးဘဲ ခုမှ ဘာ စိတ်ကူးပေါက်..”
“ အော်.. ဟိုလေ.. ကျောင်း.. ကျောင်းက..”
“ အွမ်း..”
“ ကျောင်းသူ လယ်ဘယ် ယူမလား တဲ့..”
“ အွမ်း.. သိပြီ.. အသံ စစ်တာ.. ဘာလဲ.. ညည်း စိတ်ဝင်စားလို့လား..”
“ ဟုတ်..”
“ အွမ်း.. အက်မင် အဖွဲ့နဲ့ ဆက်သွယ်ရမယ်..”
“ ဟုတ်.. သိပြီးပြီ အာ့က..”
“ အော.. ဒါဆို ဘာလုပ်ပေးစေချင်လို့ လဲ..”
“ လုပ်ပေးရပါဘူး.. မီးဘာသာ ဒီနံပါတ် ပေးလိုက်ရင် ရပြီပဲလေ.. ခုက သူတို့ နဲ့ မပြောခင် မီး အသံ ဦးလေးရီးကို အရင် ပေးကြားချင်လို့..”
“ ဝိုးးးး.. ကျေးဇူး အယ်စတုံပါ ဗျာ..”
“ ဟီးး..”
“ တကယ်ပါ ချာတိတ်ရယ်.. အရမ်း ပျော် သွားတယ်.. ဆယ်နှစ်လောက် ပြန် ငယ် သွားသလိုပဲ..”
“ အွမ်.. ဘာမှလည်း ဆိုင်ဘူး..”
“မဆိုင်ဘဲ နေမလား ကွ.. ကျောင်းတော်သူ အသစ်စက်စက်လေး အသံ.. ကိုယ် အရင်ဆုံး ကြားရတာ.. ရင်ခုန်ခြင်းသည် လူကို နုပျိုစေ၏.. စာရေးဆရာမ လုပ်မယ့်သူ.. ဒါလေးတောင် မသိဘူးလား..”
“ ခိခိခိ.. အာ့ဆို ဒါ ပဲ နော်.. တာ့တာ..”
“ ဟေ့ဟေ့.. နေအုန်းလေ.. အာ.. ဟေ့.. အိုပါးဂမ်းနမ်း..”
သူ အော်နေတဲ့ အသံတွေ အဆုံးထိ မစောင့်ဘဲ ဖုန်းချလိုက်တယ်။ ပြီးတော့ ပါဝါပါ အပြီး ပိတ်ပစ်လိုက်တာပေါ့။ ဖုန်းလေး ရင်ဘတ်မှာ ကပ်ပြီး ခဏ ငြိမ်နေမိတယ်။ ကွန်ပြူတာပေါ်က မက်ဆင်ဂျာ မှာတော့ ဦးလေးကြီး ဆီက တက်လာတဲ့ မက်ဆေ့တွေ.. “ဟေ့ ပိစိ.. ဘာလို့ ဖုန်း ပိတ် ပစ်တာတုန်း.. လူဆိုးမလေး..” တဲ့..။ ကျမ ဘာမှ ပြန်မပြောဘဲ ထိုင်ကြည့်နေလိုက်တယ်။ အချိန် အတော်ကြာမှ ကိုယ့်ကိုယ်ကိုယ် သတိထား လိုက်မိတာ.. ပါးပေါ်မှာ ၂ နှစ်လောက် ပျောက်ဆုံးနေတဲ့ ပါးချိုင့်လေး ပြန်ပေါ်လာတဲ့အထိ ကျမ နှစ်နှစ်ကာကာကြီးကို ပြုံးနေမိတယ် ဆိုတာပါပဲ။
..................................................
“ အားတော့ ပေးနေကြတာပဲ ဦး ရ.. ဒါမယ့် ကိုယ့်စာကိုယ်တော့ ကောင်းတယ် မထင်ပါဘူး.. ပြောင်ချော်ချော်နဲ့..”
“ ဟဟ.. ပေါ့ပေါ့ပါးပါး ရှိတယ်တော့ လုပ်.. ဘယ့်နှယ် ပြောင်ချော်ချော်တုန်း..”
“ ဟီး.. ကိုယ့် ငါးချဉ် ကိုယ့်ချဉ် နေပြန်ပြီ..”
“ အွန်းး.. ဘာဖြစ်တုန်း ချဉ်တော့.. သံပုရာသီးရော.. ရှောက်သီးရော ညှစ်ပြီးကို ချဉ်ပစ်တာ ကွာ..”
“ ဟီးး.. နောက်မနေနဲ့.. မီး အတည် ပြောနေတာ ဦးရဲ့.. သူများတွေလိုလေ.. ဖတ်တဲ့သူ ရင်ထဲ တသသ ကျန်ခဲ့မယ့် စာမျိုး ရေးဖူးချင်တယ်..”
“ အဲ့လို ဖြစ်ဘို့က… အွမ်းးး.. ဇာတ်အိမ် ကောင်းကောင်းနဲ့ ရိုးမန့်စ် တစ်ပုဒ်လောက် ရေးလေ.. ကိုယ့်ဇာတ်ကိုယ် အကွေ့အချိုးတွေ ပိုင်ဘို့တော့ လိုမယ်.. ဟို စာပေ ဆိုပေမယ့်လည်း မာစတာပိစ် ဖြစ်ချင်ရင် ဟိုဒင်း ပါ ရုံလောက်နဲ့ မရဘူးကွ.. ဖတ်တဲ့သူတွေထဲမှာ ရေးတဲ့သူရဲ့ လက်ရည် ကို အကဲခတ်နိုင်တဲ့သူတွေ အများကြီးလေ..”
“ ဟုတ်တယ်နော်.. တချို့ ပေးကြတဲ့ မှတ်ချက်တွေဆို ဘယ်နေရာလေးက ဘယ်လို လုပ်ရင် ပိုကောင်းမယ် ဆိုတာမျိုးတွေ..”
“ အွမ်းး.. ရေးကြည့်လေ.. ဟဲဗီး တစ်ပုဒ်လောက်.. အချစ်အလွမ်း ပီပီပြင်ပြင်လေးနဲ့ ဟိုဒင်းခန်းလေးတွေကို ခပ်ပါးပါးလောက်ပဲထည့်.. ဇာတ်အိမ်ကို ဇောင်းပေးပြီး ရေးကြည့်လိုက် တစ်ပုဒ်လောက် ခပ်ရှည်ရှည်လေး..”
“ အချစ် အလွမ်း ပီပီပြင်ပြင်.. ဟုတ်လား..”
“ အွမ်းလေ.. အချစ်စာပေ ပါဆို အချစ်လေး အလွမ်းလေး ပါတော့ ပို မကောင်းဘူးလား.. ငယ်ပဲ ခုန ပြောတော့ စာတွေက ပြောင်ချော်ချော်နဲ့ ဆို..”
“ ရှန်.. ……….. …………”
“ ပြောင်ချော်ချော် ဖြစ်မှာပေါ့.. ခုချိန်ထိ ငယ် ရေးပြီးသလောက်က ဖန်စီ လေးတွေကိုး..”
“ ရှန်……. …………”
“ အမှတ်တရ ဖြစ်ချင်ရင် ဒရမ်မာ ကောင်းကောင်း တစ်ပုဒ်လောက် စိတ်ကူးကြည့်လိုက် ငယ်ရဲ့.. အကောင်းပြောတာ..”
“ ဦး..”
“ ဗျ..”
“ ဟိုလေ.. ထမင်းစားပြီးပလား..”
“ ဟမ်.. ဒီချိန်ကြီး.. ချက်တောင် မချက်ရသေးဘူး..”
“ ဒီနေ့ အလုပ်သွားရမှာလား..”
“ ဆန်းဒေးလေ ကွာ.. ဘာတွေ မေးနေတုန်း..”
“ အင်းပါ.. ဒါနဲ့ စကားမစပ်.. ခု ပြောနေတာ ဦးနေသွေး ဟုတ်ပါတယ် နော်..”
“ ဟဟ.. ဘာလဲ.. စိုင်းစိုင်းခမ်းလိုင် ထင်လို့လား..”
“ မီးက PSY နော်..”
“ ဟမ်..”
“ အော်.. လူများ မှားနေလားလို့ပါ..”
“ ဟမ်.. ဘာ လို့..”
“သိဘူးလား ဘာလို့မှန်း..”
“ အာ.. ကလေးလေး.. ရှင်းရှင်း ပြောကွာ..”
“ ခုနက မီးကို ဘယ်လို ခေါ်လိုက်လဲ..”
“ ဟမ်..”
“ …………”
“ ဟို..”
“ …………”
“ ဟီး..”
“ အမယ်.. ခုမှ ဟီး တဲ့.. ဟာဟ.. ဦးလေးရီး လူပဲမှားသလား.. ဒါမှ မဟုတ် တျောက်ယောက်နဲ့ အီစကလီရင်း အရှိန်မသေ ဖြစ်သွားလားပဲ.. ခွိ..”
“ အာာ.. မဟုတ်ရပါဘူး ကွာ..”
“ ဘာလို့ မဟုတ်ရမလဲ.. မှားခေါ်တာဖြင့် သုံးခါတောင်.. ငယ် တဲ့.. အသကုန် နု နေတယ်.. ဟီဟိ..”
“ ဟီးး.. ငယ့် ရင်ထဲရော လှိုက် ကနဲ ဖြစ်မသွားဘူးလား..”
“ အွမ်..”
“ ဟီးး.. လူကြီး ရှက်တော့ ရယ် ဆိုသလို ဖြစ်နေပြီ.. ရယ်စရာ ဖြစ်နေမလားတော့ မသိဘူး.. အဲ့လိုလေး ခေါ်ချင်တယ်.. ရမလား..”
“ ရှန်..”
“ ဟုတ်တယ်.. ကိုယ့်ထက်လည်း ဆယ့်ငါးနှစ်လောက် ငယ်တာရယ်.. ပြီးတော့..”
“ ………..”
“ ပြီးတော့ ကွာ..”
“ ………..”
“ ပြီးတော့.. ဟို.. ဟိုဒင်း.. အဲ့လိုပေါ့.. ခေါ်ချင်တယ်.. ငယ် လို့.. ရမလား..”
ကျမ နားရွက်လေးတွေ ထူထူပူပူ ဖြစ်လာတာ ဖုန်း ရဲ့ အပူရှိန်ကြောင့်တော့ မဟုတ်ဘူးထင်တယ်။ ဦးလေးကြီး ဆီက စကားဆန်းဆန်းတွေ ကျမ နားထဲ ဝင်လာနေတာ အထစ်ထစ် အငေါ့ငေါ့နဲ့လေ။ နားထောင်နေရင်း ရင်ဘတ်ထဲက တစ်ခုခု အပြင် ခုန်ထွက် မသွားအောင် နှုတ်ခမ်းလေး ဖိကိုက် ပြီး ထိန်းထားမိတယ်။ တဒိန်းဒိန်း မြည်နေတဲ့ နှလုံးခုန်သံက ကျမ ကိုယ်ထဲကလား၊ ဖုန်းက တဆင့် ကြားနေရတဲ့ သူ့စကားသံတွေ ဆီကလား၊ ကျမ မခွဲခြားတတ်တော့ဘူး။ သေချာတာ တစ်ခုက ကျမ ရင်ထဲ အရမ်း ကြည်နူးပြီး နွေး နေခဲ့တယ်။ “ငယ်..” တဲ့လား..။ ကြီးကျယ် ခန်းနားခြင်းတွေရဲ့ ဆန့်ကျင်ဘက် ဝေါဟာရလေးပဲ။ ဒါပေမယ့် ဒီဝေါဟာရလေးမှာ နွေးထွေးမှုတွေ၊ မေတ္တာတရားတွေ အပြည့် ပျော်ဝင်နေတယ်လေ။ ကျမ အာရုံထဲမှာ နေရာလေး တစ်ခုကို လှမ်းမြင်လိုက်ရတယ်။ သေးသေးပိစိလေး ပေမယ့် အေးချမ်းလုံခြုံတဲ့ နေရာလေး.. ချစ်ခြင်း မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးပေါ့။ သွားနဲ့ ခပ်ဖွဖွ ကိုက်ထားတဲ့ကြားက ကျမ နှုတ်ခမ်းတွေ သိသိသာသာ ပြုံးနေမိတယ်။ မျက်လုံးထဲမှာ အရည်ကျည် နွေးနွေး လေးတွေ ဝေ့ တက်လာတယ်။ အေးစက် နေတဲ့ ပါးတစ်ဘက်ကို လက်နဲ့ ဘာသာ ပြန်စမ်းမိတော့ ခွက် ဝင်နေတဲ့ ပါးချိုင့်လေး။ ကျမကိုယ်ကျမ သတိ ထားမိလာတာ ဦးလေးကြီးနဲ့ စကားပြောရတိုင်း နှစ်နှစ်ကာကာ ပြုံးမိတယ် ဆိုတာကိုပါပဲ။
“ ဟင်လို့.. ငယ့်.. ရမယ် မှတ်လား.. ခေါ်မယ် နော် ငယ် လို့..”
“ ………..”
“ ဖြေ လေ ကွာ..”
“ ခေါင်းငြိမ့် ပြ နေတယ်လေ.. မြင်ဘူးလား..”
“ အားဟားးး.. ကလေးလေး.. အွမ်းး.. အမှန်တော့ ငယ် ခေါင်းငြိမ့်ပြတာ ကိုယ် သိတယ် ကွ..”
“ ဟမ်.. မနောက်နဲ့နော်.. ဟွန်းး..”
“ အော်.. တကယ်ပါ ဆို..”
“ ကြည့်ပါလား.. ဦးလေးရီးနော်..”
“ ဟဟ.. လန့်ပြီး ဖင်ကြွ လိုက်မိသေးလား..”
“ ဘာမှ ကြွ ဘူး.. ဟွမ်းးး”
“ ငယ် ရယ်.. ချစ်လိုက်တာ အရမ်းပဲ..”
“ ………..”
စိတ်ထဲ ရှိတာတွေ မထင်မှတ်ဘဲ ပြောမိကုန်တယ်ဗျာ။ တကယ် မရည်ရွယ်ခဲ့ယိုး အမှန်ပါ။ သူလေး စိတ်ဆိုးသွားမှာ စိုးရိမ် တယ်လေ။ ကျနော် သူ့ကို မမြင်ဖူးပေမယ့် နံမည်လေးတောင် မသိပေမယ့် သူ့ စိတ် သူ့ အတွေးတွေ ကျနော့် ရင်ထဲ သိနေတယ်။ ဒီလို ရင်းနှီးမှုမျိုး တော်ရုံနဲ့ ပေးမယ့်သူ မဟုတ်ဘူးလေ။ ကျနော် သူ့ကို သိပ်မြတ်နိုးနေမိတာ သေချာပေမယ့် ဖွင့်ပြောလိုက်မှ လက်ရှိ အနေထားလေးပါ ဆုံးရှုံး သွားမှာ ကြောက်တာ။ အခုဆို သူနဲ့ ကျနော် အမြဲတမ်း ဖုန်းပြောနေကျ ဖြစ်နေပြီ။ အိပ်ရာ နိုးချိန်ကနေ ညအိပ်ချိန်ထိ။ အချိန်ချင်းက နေ့ည တခြားစီ ဆိုတော့ တစ်ခါခါဆို ကျနော် အလုပ်ထဲ စိတ်ရောက်နေတုန်း သူ့ဘက်က ထ ခေါ်တတ်သေးတာ။ ညည့်နက်သန်းခေါင်ကြီး ဘာများ ဖြစ်လဲ ဆိုတော့မှ ရှုးပေါက်ချင်တာတို့ ရေသောက်ချင်လို့တို့။ တစ်ခါတစ်လေများ အိပ်ချင်မူးတူး အသံလေးနဲ့ အိပ်မက်ယောင်ပြီး ပလုံးပထွေးတွေ ပြောတဲ့ညလည်း ရှိသေးတာ။ ကျနော် ကြည်နူးမိတယ်ဗျ တကယ်။ သူ နဲ့ ကျနော်၊ နှစ်ယောက်တည်း ဘဝလေး တစ်ခု ဖြစ်နေရသလိုပဲ။ လူချင်း မြင်ရတွေ့ရဘို့ မပြောနဲ့ သူ့နံမည် ဘယ်သူ ဆိုတာတောင် မသိရဘဲ မိန်းကလေး တစ်ယောက်ကို တွယ်တာမိတာ။ ရူးတယ် ဆိုလည်း ရူးတယ်ပဲပေါ့ဗျာ။ အချစ် ဆိုတာ လူကို နေရာမရွေး အသက်ရွယ် မရွေး ရူးသွပ် စေတာပဲ မဟုတ်လား။
“ ငယ့်..”
“ …….”
“ ပြန်ထူး ကွာ.. တစ်ခါလောက်..”
“ ဟီး..”
“ ရယ်တယ်ပေါ့လေ..”
“ ဦးကလည်း.. ဟီးးး ဆိုတိုင်းပဲ ရယ်တာတော့ ဟုတ်မလား လို့..”
“ ဘာဖြစ်သွားတာလဲ အာ့ဆို..”
“ ဟီး..”
“ အယ်ဗျာ..”
“ ဟီး..”
“ ဟဟ.. မဟုတ်မှ လွဲရော ကောင်မလေး ရှက် နေပြီနဲ့ တူတယ်..”
“ ဘာမှ ဆိုင်ဘူး.. ဟီး..”
“ အာ့ဆို ပြော..”
“ ဘာ ပြောရမှာလဲ..”
“ ချစ်တယ် လို့..”
“ အီ..”
“ မပြောချင်ဘူးလား..”
“ ခိခိခိခိ.. ဦးလေး မီးကို ရည်းစားစကား ပြောနာလား..”
“ ခုမှ သဘောပေါက်တယ်လား စာရေးဆြာမရယ်..”
“ ခိခိခိ..”
“ ငယ့်..”
“ ………..”
“ ကိုယ့်ကို အဖြေပေးပါလား ငယ် ရယ်.. နော်..”
“ ………..”
“ ချစ် လား..”
“ ………”
“ ငယ့်..”
“ ………”
“ စိတ်များ ဆိုးသွားလား မသိဘူး.. ဒုက္ခပဲ..”
“ ………”
“ ငယ် လေး..”
“ ………”
ပြတင်းပေါက်မှန်မှာ ကျမကိုယ်ကျမ ပြန်မြင်နေရတယ်။ မျက်လုံးတွေက ပြူးကျယ်ဝိုင်းစက် မနေပေမယ့် အံ့သြမှုကြောင့် ကြောင်ငေးငေး ဖြစ်နေတာတော့ အမှန်ပဲ။ လူက ကြက်သေသေသလို ငြိမ်နေမိပေမယ့် အသက်ရှုသံ ပြင်းပြင်းတွေကတော့ သူ့ စကားသံတွေနဲ့ ရောပြီး နားထဲ တိုးဝင် နေတယ်။ သူ ကျမကို ရည်းစားစကား ပြောနေတာပဲ။ ကျမ မျက်နှာ မမြင်ဖူးဘဲ၊ ကျမ နံမည်ကို မသိဘဲ၊ ကျမက အပျိုမှန်း အအိုမှန်း မသိဘဲ၊ နောက်ဆုံး ကျမ ကိုယ်ပေါ်မှာ ဘာတွေ ချို့ယွင်း နေမှန်းလည်း မသိဘဲနဲ့လေ။ အွန်လိုင်းပေါ်မှာ ဘဝတစ်ခု ဖန်တီးထားတဲ့သူပီပီ တချို့ သဘာဝတွေကို ကျမ ကောင်းကောင်း သိတာပေါ့။ အထူးသဖြင့် ၁၈+ လို့ အလွယ်ခေါ်ကြတဲ့ ဒီလောက။ ဒီလောကထဲမှာ ကျင်လည်နေကြတဲ့သူ အများစုက လက်တွေ့ဘဝမှာ သူ့ အဆင့်အတန်းနဲ့သူ မြင့်မားတဲ့ ဘ၀ ရှိကြသူတွေပါ။ ဒါပေမယ့် သူတို့ အားလုံးက အပြင်မှာ တကယ် မလုပ်ရဲ၊ မပြောရဲ တာတွေ စိတ်ကူးနဲ့ လုပ်နေ ပြောနေ ကြတာ မဟုတ်လား။ တဘက်စွန်း ရောက်အောင် လွန်ကဲ နေတတ်တဲ့သူတွေနဲ့ အသိစိတ် မလွတ်သေးတဲ့လူတွေ ရယ်လို့တော့ ကွာခြားချက် ရှိတာပေါ့လေ။
ကျမ ရေးနေတဲ့ စာတွေ ဖတ်ပြီး ကျမနဲ့ sex chat ချင်လို့ပါ ဆိုတဲ့လူတွေလည်း မနည်းလှဘူးပဲ။ စကားရိုင်းရိုင်း ပြောရရင်တော့ လေထဲကနေ -ိုး ချင်ပါတယ်လို့ ပြောတာ။ မိန်းမ တစ်ယောက်ကို ယောင်္ကျား တစ်ယောက်က အ-ုတ် လျက်ပေးနေတဲ့ ဗွီဒီယို လာ ပြ ပြီး အဲ့လို ပြုစုချင်တာ ဆိုတဲ့ အပြောမျိုးလည်း ကြုံရပါ့။ ဒါပေမယ့် အဲ့ဒါတွေတုန်းက ကျမ တကယ်ပဲ ထိုင်ရယ်နေခဲ့တာ။ ဒီလူတွေ ကြံကြံဖန်ဖန် ဆိုတာထက်ပိုပြီး ကျမစိတ်ထဲ ထူးခြားတဲ့ ခံစားချက် ဘာမှကို ဖြစ်မသွားခဲ့ပါဘူး။ စိတ်ကောင်း ဝင်နေရင်တော့ ကျမ အဲ့ဒါတွေ စိတ်မပါပါဘူးလို့ ယဉ်ယဉ်ကျေးကျေး တုန့်ပြန် ငြင်းလိုက်တယ်။ တစ်ခါတစ်လေ နေလို့ သိပ်မကောင်းတဲ့ ရက်မျိုးနဲ့ ကြုံရင်တော့ စကားပါ ပြန်ပြော မနေတော့ဘူး။ ဗွီဒီယိုကောလ် တွေ စွတ် ခေါ်လို့ ဘလော့ ပစ်လိုက်ရတဲ့ လူလည်း ရှိတယ်။ သူတို့ အဲ့လို ရုတ်တရက် ထ ခေါ်လိုက်တဲ့ အချိန်ဆို ကျမ လိပ်ပြာလွင့်မတတ် လန့် သွားရတတ်တယ်။ ကယောင်ကတမ်းနဲ့ လက်ချော်ပြီး ပြန်ကလစ် လိုက်မိမှာစိုးလို့ ကွန်ပြူတာ မော်နီတာပေါ်က ကင်မရာ လေးကို တိပ် အမည်းနဲ့ အထပ်ထပ် ပိတ်ထား လိုက်တယ် အေးရော။
ခုတော့ ဦးလေးကြီးက ကျမကို ထူးထူးဆန်းဆန်းတွေ ပြောနေပြီ။ ကျမ ရင်ထဲ သာယာ နေမိတယ်။ အနားမှာ သူ ရှိနေသလိုလည်း ခံစားနေရတယ်။ ကျမ စိတ်ဆိုးသွားပြီ ထင်ပြီး ပြာပြာသလဲ တောင်းပန် နေတဲ့ သူ့အသံက နောင်တတွေ စွက် လို့။ ဟင့်အင်း.. ကျမ စိတ်မဆိုးဘူး.. နဲနဲမှ စိတ်မဆိုးပါဘူး.. အမှန် ပြောရရင် ရင်တွေ ခုန်နေတာပါ ဦးရယ်.. ဒဏ်ရာ အထပ်ထပ်နဲ့ အသက်မဲ့နေတဲ့ ကျမ နှလုံးသား၊ ဦးလေးကြီးကြောင့် တလွန့်လွန့် ပြန်လည် နိုးထ လာနေတာပါ။ ဟူးး.. လေပူ တစ်ချက် မသိမသာ မှုတ်ထုတ် လိုက်တယ်။ ခြောက်ကပ်နေတဲ့ လည်ချောင်းထဲကို တံတွေးတစ်ချက် ခက်ခက်ခဲခဲ မြိုချလိုက်တယ်။ ကျမ တစ်ခုခု ပြန်ပြောချင်နေတယ်လေ။ နှလုံးခုန်သံတွေ အရမ်း မြန်လာပြီး မောကြပ်ကြပ်ကြီး ဖြစ်နေပေမယ့် ဒီအချိန်မှာ ဖုန်းချလိုက်ရင် ကျမ စိတ်ဆိုး သွားပြီလို့ သူ ထင်သွားမှာ။
ကျမ အဖြစ်က ရှင်တို့ စိတ်ထဲ သိပ် ထူးဆန်းနေလား။ ရူးပါပေ့ လို့များ ဝေဖန်ကြမလား။ ယောင်္ကျားတွေ ကြားမှာ တော်ရုံ မိန်းမတစ်ယောက် မရေးရဲတဲ့ စာ တွေ ပယ်ပယ်နှယ်နှယ် ရေးပြနေတဲ့ ကျမ လေ။ အချစ် ဆိုတာကို တစ်စက်ကလေးမှ မယုံကြည်သလိုပုံစံနဲ့ နေတတ်တဲ့ကျမ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်နဲ့ နေတတ်တဲ့ ကျမ။ မာနဆိုတဲ့ အရေခွံ အထပ်ထပ်ခြုံပြီး လူတိုင်းကို ခပ် ပြတ်ပြတ် ဆက်ဆံ တတ်တဲ့ ကျမ လေ။ အဲ့ဒီလိုမျိုး ကျမ ဆိုတဲ့ မိန်းမက ခုနေများ ဦးလေးကြီးသာ အနားမှာ ဆိုရင် သူ့ ရင်ခွင်ထဲ ပြေးဝင် လိုက်ချင်တဲ့အထိ နူးညံ့စွာ ရူးသွပ် သွားတယ် ဆိုရင် ရှင်တို့ ယုံ မှာလား။ တကယ်ပါ။ ကျမ ရူးသွပ် သွားခဲ့တယ်။ ပျော်ဝင် သွားခဲ့တယ်။ မမြင်နိုင်တဲ့ နှောင်ကြိုး တစ်ခုကို ဖမ်းဆုပ်ဘို့ ကြိုးစားလိုက်မိပါတယ်။ လှုပ်ရှားနေတဲ့ စိတ်ကို ထိန်းရင်း…..
“ စိတ် ဆိုး ပါ ဘူး..”
“ တကယ် နော်..”
“ ဟုတ်..”
“ ဒါဆို ပြောမယ်ပေါ့..”
“ ဘာရီးတုန်း..”
“ ချစ်တယ် လို့လေ..”
ကျမရဲ့ ဦးလေးကြီး လုံး၀ နောက်မဆုတ်တော့ဘူးမှန်း ကျမ သိသွားပြီ။ ကျမ ဝန်ခံပါတယ်။ ခုနေ သူ ရှေ့မဆက်တော့မှာ ကျမ စိတ်ပူ နေခဲ့တယ်။ ယောင်္ကျား အများစုက အခွင့်ရေးသမားတွေပါလို့ တဘက်သတ်စိတ်နဲ့ သတ်မှတ် ထားတဲ့ ကျမလေ။ ကိုယ် အလိုရှိတဲ့သူနဲ့ ကျတော့ အခုလို မျက်စိမှိတ် ချီတက် လာတာကိုပဲ အထင်ကြီးမိသွားတယ် သိလား။ ကျမ စိတ်ထဲ သူ့ကို အမှတ်တွေ ကျိတ်ပေး နေမိတာ.. ဦးလေးကြီးက သူ စ ထားတဲ့ စကားကို ကျမ စိတ်ဆိုးမှာ ကြောက်ယုံလောက်နဲ့ ရပ် မပစ်ဘူး.. လိုရင်း မရောက် ရောက်အောင် သွားမယ့်သူ.. ယောင်္ကျား ဆိုတာ တကယ် လိုချင်ရင် အဲ့လို ရှေ့တိုး ရဲမှပေါ့ နော်.. ။ ကျမကိုယ်ကျမ ဘာတွေ ဖြစ်ကုန်မှန်း မသိလိုက်မီမှာပဲ သူနဲ့ ချစ်သူ ဖြစ်သွားလိုက် ချင်ပါပြီ။
“ သူများချည့် ဇွတ်ပြောခိုင်း နယ်.. ဦးကရော ပြောလို့လား..”
“ ဟမ်..”
“ ဟုတ်တယ်လေ.. ရည်းစားစကား ပြောတာတောင် အကြော ရီး နဲ့..”
“ ဟောဗျာ..”
“ ဘာ ဟောဗျာ လဲ.. လူကို သူ ခေါ်ချင်သလိုလည်း ခေါ်သေး.. ချစ်ခွင့် အရင် မပန်ဘဲ ချစ်လား တန်း မေး.. နာ နေ မယ်.. ဟွန်းး..”
“ ဟားဟား.. သာလိကာမလေး.. ချစ်ဘို့ ကောင်းလိုက်တာ..”
“ ………..”
“ ကိုယ်က ယောင်္ကျားလေး လေ ငယ် ရဲ့..”
“ ………..”
“ နဲနဲ အရှက် အကြောက် ကြီးတာပေါ့..”
“ ခိခိ..”
“ ပြီးတော့ လူကြီး ဆိုတော့ ဆင်ခြင် ရမယ်.. နော..”
“ ခိခိခိ..”
“ ဒီတော့.. ငယ်ကပဲ ကလေးပီပီ ပြောချလိုက်..”
“ ခိခိခိ.. အူတွေ နာ လာပြီ.. တော် တော့..”
“ အွမ်း.. အရမ်း ချစ်တယ် ငယ်ရယ်.. ကိုယ် ရူးပြီလား မသိဘူး..”
“ ခုမှသိလား.. ကိုကို.. အရူး ရီး..”
“ ဘာ ဘာ.. ဘယ်လို.. ဟားးး.. ငယ့်.. ပြော ကွာ .. ချစ်လား..”
“ အိပ် ချင် ဘီ..”
“ ဟွမ့်..”
“ ပြောချင်စိတ် ပေါ်လာရင် ထ ပြောမှာပေါ့.. အိပ် ငိုက် နေပါဘီ ဆို..”
“ အင်းပါ.. ညည့်လည်း နက်နေပြီပဲ.. အိပ် နော် ငယ်လေး.. ကိုကို ဖက် ထားပေးမယ် တညလုံး နော်..”
“ ဟုတ်..”
“ ရှုး ထ ပေါက်ဦး မအိပ်ခင်..”
“ ဟုတ်ကဲ့ပါ..”
“ ………”
“ ………”
“ ကို့..”
“ ဗျ..”
“ ဘယ်ချိန် ခေါ်ခေါ် ရှိနေနော်.. တညလုံး..”
“ ဟုတ်ကဲ့ ခည.. ကျနော်မျိုးကြီး ဖုန်းကို လည်ပင်း ချိတ် ထားပါ့မယ်..”
“ ခိ.. ချစ် တယ်.. သိလား..”
“ ဟားးး.. ငယ်.. ငယ် ရယ်..”
“ …….”
“ ထပ်ပြောကွာ တခွန်းလောက်.. ကြားရတာ မ၀ လို့ပါ..”
“ …….”
“ လုပ်ပါ စာရေးဆရာမရယ်.. မပြောတော့လည်း မပြော.. ပြောမယ့် ပြောတော့လည်း ဗြွတ်ကနဲ..”
“ ခိခိခိ.. အာ့ဆို.. ထပ် ပြောမယ်.. တစ်ခါပဲ နော်.. သေချာ နားထောင်..”
“ အွမ်းး..”
“ အရမ်းးးး…”
“ ...”
“ အရမ်းးးး.. အရမ်း.. အိပ် ချင် ဘီ.. ဒါပဲ..”
“ အာ.. လူဆိုးမလေး..”
“ ………”
“ ………”
ပြောပြီး ဖုန်းချ လိုက်တယ်။ ဖုန်းလေး ရင်ဘတ်ထဲ ထည့်ပြီး တညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး။ မှေးကနဲ ပျော်သွားလိုက်၊ ပြန်နိုးရင် ကိုကို့ ဆိုပြီး လှမ်းခေါ်.. စကားတွေ ပြောလိုက်.. ပြီးကျ ပြန် အိပ်ပျော် သွားလိုက်နဲ့။ ဒုတိယ အကြိမ် ပြန်လည် ရှင်သန်လာတဲ့ ကျမ နှလုံးသား၊ ကိုကိုနဲ့ ချစ်သူဘ၀ ပထမဆုံး ညလေးကို ကြည်နူးခြင်းတွေ အပြည့်နဲ့ အစပျိုးခဲ့ပြန်ပါတယ်။
...................................................................
“ ငယ့် မျက်စိလေး မှိတ်ထားကြည့်လေ.. ကိုကို ပြောတာ နားထောင်.. ပြီးရင် လိုက်ခံစားကြည့်..”
ကိုကို အဲ့လောက်လေး ပြောယုံနဲ့ ကျမ ရင်တွေထဲမှာ လှပ်လှပ် တုန်လာပြီ။ ကိုယ့်လက်မောင်း ကိုယ် ပြန် စမ်းမိတယ်။ ကြက်သီးဖု လေးတွေ ထ ပြီး လူက ကတုန်ကရီနဲ့။ အချစ်နဲ့ ရမ္မက် ဆိုတာ ဘယ်လို အခြေနေမှာဖြစ်ဖြစ် တွဲလျက် ရှိနေတတ်တဲ့ အရာပဲ။ လက်တွေ့ဘဝမှာ လူချင်း ထိစပ် ပတ်သက်ခွင့် ရတဲ့ စုံတွဲတွေ အချစ်ရဲ့နောက်မှာ ဒီကိစ္စ ပါလာတတ်တယ်။ အခု ကျမ နဲ့ ကိုကို့လို မမြင်ရ မထိရတဲ့ ချစ်သူတွေလည်း ဒီကိစ္စနဲ့ မကင်းဘူး။ ရင်ခုန်စေတဲ့ အချစ်က ရင်ဖိုရတဲ့ ရမ္မက်ကို မွေးဖွားတာ၊ ဒါ မဆန်းသော သဘောပါပဲ။ ထူးဆန်းတာ တစ်ခုက ကျမ စိတ်ပေါ့။ ကား အက်ဆီးဒန့် နောက်ပိုင်းကနေ ကိုကိုနဲ့ ချစ်သူ မဖြစ်ခင်ထိ ကျမမှာ သွေးသား အာသီသ ပျောက်လုနီးနီး ဖြစ်နေခဲ့တာ။
တခါတရံမှာ လူသားဆန်ဆန် ပြန်နေချင်လို့ လိုလိုလားလား စိတ် ထည့် ကြည့်တယ်။ ကျမ အာရုံထဲ ရောက်လာတတ်တာ နာကျည်းစရာ အတိတ်နဲ့ အခုလက်ရှိ တစ်စိတ်တစ်ပိုင်း ချို့ယွင်းနေတဲ့ ခန္ဓာကိုယ်။ နောက်ဆုံး အပြာစာအုပ်တွေ ဖတ်ပြီး ကိုယ်တိုင် ရေးဖြစ်သွားတဲ့ ဘဝသာ ရောက်လာတယ် ကျမကိုယ်ကျမ မထိတွေ့ ခံစားလို့ မရခဲ့ဘူး။ ဒါ စိတ်ရောဂါ တစ်ခု ဆိုတာ ကျမကိုယ်ကျမ ရိပ်မိပါတယ်။ ဒါပေမယ့် ဒီအာရုံဆိုးတွေကနေ ရုန်းထွက်ဘို့ ဘယ်လိုမှ မကြိုးစားနိုင်ခဲ့ဘူး။ ခုတော့ ကိုကို က ကျမကို ထူးဆန်းတဲ့ ချစ်ခရီး တစ်ခုစီ ဦးဆောင် နေပြီ။ သူ့ ရည်ရွယ်ချက်က ကျမ နဲ့ အဆုံးထိ ပွင့်လင်း ရင်းနှီးချင်လို့ တဲ့။ ကျမ အသံလေးနဲ့ သူလည်း သာယာကြည့်ပါရစေတဲ့လေ။
ကျမက အိပ်ခါနီးအချိန်။ ကိုကို့ ဘက်ကတော့ မနက်ခင်းပေါ့။ အလုပ်ပိတ်ရက်မို့ သူလည်း အိပ်ရာထဲမှာ နှပ်နေတုန်း။ ကိုကို နဲ့ ထူးထူးဆန်းဆန်း ချစ်ကြည့်တော့မယ့် ကျမ၊ ဖုန်းလေး နားမှာ ကပ် ပြီး လက်ဖျားတွေ အေးစက် နေတော့တယ်။ ကျမ တစ်ကိုယ်လုံးမှာ နွေး နေတာ ဆိုလို့ နှုတ်ခမ်းလေးတွေပဲ။ ဒီကိစ္စ ကိုကို စ ပြောလာကတည်းက ကျမ နှုတ်ခမ်းတွေ ပူရှိန်းနေခဲ့တာလေ။ ထူးထူးဆန်းဆန်း ပြောင်းလဲနေတာ နောက်တစ်နေရာ။ ကျမရဲ့ ရင်သားတွေလေ။ နို့အုံ တစ်ခုလုံးက သွေးကြောတွေထဲမှာ တဖျဉ်းဖျဉ်းနဲ့ ခပ်နွေးနွေး စီးကြောင်း တစ်ခု သိသိသာသာကြီး ခံစားမိနေတယ်။ နောက်ထပ်က မာဆတ်ဆတ် ဖြစ်လာတဲ့ နို့သီးခေါင်းလေးတွေပေါ့။ ကျမနို့သီး ကျစ်ကျစ်လေးတွေက စိုစွတ်နွေးထွေးတဲ့ အနမ်းတစ်ခုကို အရမ်း တောင့်တ နေမိတယ်။ ကိုကိုက ဖုန်းထဲကနေ စကား စ တယ်။ အိပ်ရာထဲ လှဲ နေတဲ့ ကိုကို့ အသံက တကယ်ပဲ ကျမနားမှာ ကျမကို ဖက်ထားပြီး ကိုင်တွယ် ပွတ်သပ်ရင်း ပြောနေသလိုပဲ။
“ ကိုကိုတို့ ဘယ်က စ ကြမလဲဟင် ကလေး..”
“ ……..”
ကျမ ဘာ ပြန်ပြောရမှန်း မသိလို့ နှုတ်ခမ်းလေး ကိုက်ပြီး နားပဲ ထောင်နေမိတယ်။ ရင်ကတော့ အရမ်း ခုန်နေပြီ။
“ ကိုကို နဲ့ ငယ် အခု လင်မယားတွေ ဖြစ်သွားပြီ ကွာ..”
“ ………….”
“ ကလေးလေးတွေ မွေး ရအောင် လေ..”
အဲ့လို ပြောလိုက်တော့ ကျမ ရင်ထဲ နင့် သွားတယ်။ ကလေးလေးတဲ့လား ကိုကိုရယ်.. တကယ်ကလေ.. ငယ့် ဗိုက်ထဲမှာ.. ကလေးလေး တစ်ယောက်.. ကျမ အတွေးက အတိတ်ဆိုးဆီ ပြန်ရောက် သွားပြန်တယ်။ ပင်ပန်းလိုက်တာ အရမ်းပဲ။ ဒါတွေ ဘာမှ မသိသေးတဲ့ ကိုကိုကတော့ ရမ္မက်ရဲ့ စေညွှန်ရာကို မြောပါရင်း ကျမကိုပါ လိုက်ခဲ့ဘို့ အပါ ခေါ် နေပြီ။
“ မိန်းမ ဗိုက်ထဲ ကလေးလေး တစ်ယောက် ထည့်ပေးမယ် ကွာ.. နော်..”
ကျမစိတ်တွေ အရမ်း ထူပူလာတယ်။ ခေါင်းတွေ တရမ်းရမ်းခါမိတယ်။ ဟင့်အင်း ကိုကို .. အဲ့လို မပြောပါနဲ့.. ကျမ စိတ်ထဲကနေ ထပ်ခါထပ်ခါ အော်မိပေမယ့် ပါးစပ်ကတော့ ဘာသံ မှ မထွက်လာပါဘူး။ ပင်ပန်းတယ်။ ကျမ အရမ်း ပင်ပန်းပါတယ်။ တစ်နေ့တော့ ကိုကို့ ကို အကြောင်းစုံ ရှင်းပြမှာပါ။ ဒါပေမယ့် ခုချိန်မှာတော့ မဟုတ်သေးဘူး။ ကိုကို့ ဒီရေ တွေကိုလည်း ကျ မသွားစေချင်ဘူး။ ကျမ ကိုယ်တိုင်လည်း ကိုကိုနဲ့တူတူ ခံစားကြည့်ချင်တာ အမှန်ပဲလေ။
“ ဟင် လို့.. ငယ့်.. ရမယ် မလား..”
“ ဟုတ်..”
“ ဘာ ဝတ်ထားလဲ အခု..”
“ ညဝတ်စုံ လေ.. ဘောင်းဘီရှည် နဲ့ ရှပ်..”
“ ကျယ်သီးနဲ့ပေါ့ အကျီက.. ဟုတ်လား..”
“ ဟုတ်..”
“ ဖြုတ်လိုက်မယ်.. နော်..”
“ ရှန်..”
“ ငယ့် အကျီ ကျယ်သီးလေးတွေလေ.. ကိုကို ဖြုတ်ပေးမယ်..”
“ …………”
ကျမ စိတ်ထဲ တကယ်ပဲ ကိုကို အနားရောက်လာသလို ခံစားလိုက်ရတယ်။
“ ဘရာ ချိတ်ပါ ဖြုတ်.. နောက်ဆို ဝတ်မအိပ်နဲ့ ကွာ.. ရှုပ်တယ်..”
ဘရာမဝတ်ဘဲ မအိပ်တတ်ကြောင်း ကျမ တစ်ခါ ပြောဖူးတာ ကိုကို မှတ်ထားတယ်။ ကျမ ပြုံးမိပြန်ရောလေ။
“ နို့လေး တစ်ခါ စို့ဘို့ အရေး.. ရှုပ် နေ ရော..”
“ ကိုကို နော်..”
အဲ့လို ကြီး ပြောချမယ် မထင်တော့ ကျမလည်း လွှတ် ကနဲ ပြန်ပြောမိတာပေါ့။
“ မွှေး နေတာပဲ ကွာ.. ငယ့် နို့လေးတွေက..”
“ အိုးးး..”
“ စို့လို့ ကောင်းတယ်.. အရမ်းပဲ..”
“ ကိုကို နော်..”
ကျမ ဒါပဲ ပြောတတ်တယ်။ စိတ်ထဲတော့ ခံစားနေရတာ ကိုကို တကယ် လာပြီး ကျမ နို့တွေကို စို့ ပေး နေသလိုမျိုးလေ။ ကြက်သီးတွေလည်း ထ လိုက်တာ အရမ်းပဲ။
“ အောက်က ဘောင်းဘီရှည်ကြီးနဲ့ အိုက်ဘူးလား..”
“ ……….”
“ ချွတ် ကွာ.. ဖင် ပြောင်လေး ပွတ် ချင်လို့..”
“ ……….”
“ ငယ့်..”
“ ရှန်..”
“ ဘာမှလည်း ပြန်မပြောဘူး..”
“ ဟွမ့်.. ဘာ ပြောရမဲ.. ပြော တတ် ဘူး..”
ကျမ အပိုတွေ ဟန်လုပ် နေတာ မဟုတ်ရပါဘူး။ တကယ် ဘာ ပြန်ပြောရမှန်း မသိတာ။ သေချာတာ ကျမ ပျော် တယ်။ ခုဏက ရောက်လာတဲ့ အာရုံဆိုးတွေလည်း ထပ် မမြင်မိတော့ဘူး။ ကိုကိုက အဲ့လောက်ကို စွမ်းပါတယ်။ ကျမ တစ်ခုခုကို တကယ် လိုချင်လာပြီလေ။
“ မပြောတတ်ရင် စမ်း ကြည့်..”
“ ရှန်..”
“ ငယ့် ဖုတ်ဖုတ်လေးကိုလေ.. စမ်းကြည့် စိုနေလားလို့..”
“ အိုးး.. ကိုကို နော်..”
“ ကိုကို မနော် နဲ့ ကွာ.. ဒီမှာ တအား ထောင် နေပြီ ငယ် ရဲ့..”
“ အိုး.. တကယ်..”
“ တကယ် ပေါ့.. ငယ့်ရော.. အရည်လေးတွေ ထွက် မနေဘူးလား..”
ကျမ တကယ်ပဲ ဘောင်းဘီ သားရေကြိုးထဲ လက် ရောက်သွားပြီ။ အဖုတ် ဖောင်းဖောင်းလေးဆီ အုပ်ကိုင်မိတယ်။ လက်ခလယ်က မြောင်းတည့်တည့် ရောက် နေတာပေါ့။ တကယ်ပါပဲ.. ကျမ ပိပိလေးမှာ အရည်တွေ စို နေတယ်။ ကျမ လက်ချောင်းလေးတွေနဲ့ အကွဲကြောင်းအတိုင်း ခပ်ဖွဖွ စမ်းကြည့်မိတယ်။ အပြင်နှုတ်ခမ်း နှစ်ဘက်ကို ဆွဲကားလိုက်တော့ အတွင်းက ပွင့်ချပ်လေး နှစ်ခုကို စမ်းမိတယ်။ ပူနွေးနေတဲ့ အရည်လေးတွေနဲ့ ချွဲကျိစိုဖတ် နေတဲ့ နားရွက်ဖားဖားလေး နှစ်ခုလေ။ ဟုတ်တယ်.. ကျမရဲ့ အတွင်း ပွင့်ဖတ်လေးနှစ်ခုက နားရွက်လေးလို ဖားဖားကားကားလေး။ စာတွေထဲမှာတော့ ကြွက်နားရွက်ဆိုလား နဖား ဆိုလား ရေးကြတာလေ။ အဲ့ဒါမျိုးလေး ကျမ မှာ ရှိတာ ကိုကို့ ကို မြင်စေချင်လိုက်တာ။ ကိုကို မြင်ရင် ကြိုက်မှာလားလို့လေ..။
“ ငယ့်..”
“ ရှန်..”
“ လိုးးး ချင် ပြီ..”
“ အိုးးး..”
“ ငယ် ရယ်.. ကိုကို လိုးတာ ခံပေးပါလား.. ဟင်.. ငယ်လေး.. ခံမယ် မဟုတ်လား..”
“ အင်း.. ဟုတ်..”
“ ငယ့် စောက်ဖုတ်လေးထဲကိုလေ..”
“ …………”
“ ကိုကို့ လီးကြီး ထိုးထဲ့ပြီးတော့..”
“ …………”
“ အားးး.. ငယ့်.. ငယ် ရယ်..”
ကိုကို့ အသံ ခုနကထက် ပြင်းရှရှ ဖြစ်လာတယ်။ တစ်နေရာရာကို ခပ်သွက်သွက် လှုပ်ရှားရှင်း ပြောနေတဲ့ အသံမျိုး။ ကျမ.. ကျမလည်း ပိပိလေးထဲ လက်ထိုးမွှေ မိပြီ။ “အင်းး.. ဟင်း.. ကို..” စိတ်ထဲက ရွတ်မိတာလား တကယ် အော်ညည်းမိလား.. ကျမ သတိမထားမိတော့ပါဘူး။
“ ငယ် ရယ်..”
“ အင့်.. ဟင်း…”
“ မိန်းမရယ်..”
“ ဟင်း.. ကျစ်.. ရှီးး..”
“ ငယ် ရာ.. ကောင်းလိုက်တာ..”
“ အင်း.. အင့်..”
“ ငယ့်.. ကိုကို ပီး ချင် ပြီ..”
“ ကို.. ကိုကို..”
နှစ်ယောက်လုံး အသက်ရှုသံတွေ ပေါက်ထွက် မတတ် မြန်လာတယ်။ ကျမ လက်တွေလည်း အရမ်း သွက် လာတယ်။ ပိပိလေးကို နှိုက်နေ ပွတ်နေတဲ့ အသံတွေ တပြပ်ပြပ် မြည်လာတယ်။ ကိုကို ဘက်ကလည်း ပါးစပ်ကနေ ကျမကို ခေါ်ပြီး ညည်းသံလေးရော.. တစ်ခုခုကို တစ်ခုခု လုပ် နေတဲ့ အသံတွေရော.. အဆတ်မပြတ်.. တလစပ်.. …….. ။ အားလုံး ငြိမ်သက် သွားပြီး ခဏ ကြာမှ
“ မော သွားလား ချစ်..”
“ ဟီး.. ကိုကို နော်..”
“ ထူ ပူ သွား ရောလား..”
“ ကြည့်ပါလား.. ကိုကို နော်..”
“ ကြည့်ချင်တာပေါ့.. ကိုကို့ မိန်းမ ကောင်းနေရင် ဘယ်လိုလေး ဖြစ်မလဲ လို့..”
“ ဟီးးး..”
“ ရှက်ပါနဲ့ ငယ် ရဲ့.. ဒါ သဘာဝပဲ ဟာ..”
“ ဟီးး..”
“ အလကား.. အာပေတူး စာရေးဆရာမ..”
“ ဘာ..”
“ ဟုတ်တယ်လေ.. ဒီက ကောင်က အရူးကြီး ကျ နေတာပဲ.. ဘာမှ ပြန်ပြောမပေးဘူး..”
“ ဟီး.. ခိခိ.. မပြော အား တော့လို့.. ခိခိခိ..”
“ ဟား ဟား ဟား.. ခွေးမလေး..”
“ ခိခိခိ..”
“ ချစ်တယ် ငယ်ရယ်.. အရမ်းပဲ..”
“ ငယ်လည်း ကိုကို့ ကို အရမ်းကြီး ချစ်ပါတယ်..”
အဲ့ဒီညက ကျမဘယ်အချိန် အိပ်ပျော်သွားမှန်း မသိလိုက်ဘူး။ သေချာတာတော့ နားတွေ ထူပူ လာတဲ့ အထိ ကိုကိုနဲ့ ချစ်စကားတွေ ဆက်ပြောမိတယ်။ ကျမ အိပ်မပျော်ခင် နောက်ဆုံး ပြောဖြစ်တဲ့ စကားလေးတွေက.. ………
“ ဟိုဒင်းလို့လည်း ကောင်း.. ပြီးလည်း ပြီးသွားပြီ ဆိုတော့ နောက်ပိုင်း မဖြစ်သင့်တာတွေ မဖြစ်အောင် အရေးကြီးတာ စီစဉ် ရဦးမယ်..”
ကိုကို ဒီလို ပြောလိုက်တော့ ကျမ ရင်ထဲ နင့် သွားတယ်။ ဒါ ဘာစကားလဲ ကိုကို.. ဟိုးတုန်းက ကျမ မှားခဲ့မဲ့တဲ့ အမှားလို ဟာမျိုး ပြောမလို့လား.. တကယ် အနားရောက်နေသလို ခံစားကြတာ ဒီလောက်ထိ ပြောပေးစရာ လိုလို့လား..။ ကျမကသာ ကိုယ့်စိတ်နဲ့ ကိုယ့်အတိတ်နဲ့ မလုံမလဲ ဖြစ်မိတာ။ ကိုကို ဆက်ပြောတာကလေ ……….
“ နောက်ဆို နားကြပ်လေး ဝယ် ထား.. ဖုန်းကြီး ပါး ကပ် နေရတော့ ပွတ်ရ နှိုက်ရ မလွတ်လပ်ဘူး.. ပြီးတော့ အိပ်ခါနီး ဂါဝန် ပဲ ဝတ်.. ဘောင်းဘီ ချွတ်ရတာ စိတ် မရှည်ဘူး.. ဂါဝန်လေးဆို လှန် လိုက် ရုံပဲ.. နော့..” တဲ့။
“ကြည့်ပါလား.. ကိုကို နော်.. ဟွမ်း.. ဟီးဟီး..”
ကျမ ဆက်ပြောရမှာ ရှက်လို့ပါ။ တကယ်က စိတ်ထဲ ဆက်ပြောမိတာပေါ့..
ဟုတ်ပါ့.. နားကြပ်နဲ့ ဆို လက်တစ်ဘက်က ဖြဲ.. တစ်ဘက်က ပွတ်.. ရှယ် ပဲ.. ဘောင်းဘီ ဆင်မပြေတာ ကိုကို ပြောမှလား.. ဒီမှာ သားရေကြိုးအောက် လက်ထိုး ပွတ်ရတာ လှုပ် လို့ မကောင်းဘူး.. အွမ်းး.. နောက်ဆို ဂါဝန် နဲ့ ပဲ အိပ်ရာ ဝင်တော့မယ်.. ဟီဟိ..
တကယ်ပါ.. ချစ်ခြင်းက ပေးတာလား.. ကိုကိုက ပေးတာလား.. သေချာ မသိတော့ပေမယ့် အဲ့ဒီနေ့က စ ပြီး ကျမဘဝလေး လူသား ဆန်လာခဲ့တာ ကိုကို နဲ့ အပြင်မှာ တွေ့ဘို့ အကြောင်း ဖြစ်မလာခင်အထိပဲဆိုပါတော့။
ဂျိန်းးးး… ဂျလိမ်းးးးးး…
ကောင်းကင် တစ်ခုလုံး ပိန်းပိတ် မှောင် နေတယ်။ သည်းကြီးမဲကြီး ရွာ နေတဲ့ မိုးတွေနဲ့ လေပြင်း တိုက်သံတွေက ကျမ နားထဲမှာ ကျားဟိန်းသံလိုပဲ။ လူတစ်ကိုယ်လုံးလည်း မိုးရေတွေ စိုရွှဲ၊ ချမ်းလိုက်တာ ခိုက်ခိုက်ကို တုန်နေရောလေ။ ပတ်ဝန်းကျင်ကို ကြောက်အားလန့်အား ကြည့်ပြီး ကူညီမယ့်သူ ရှိမလား ရှာကြည့်တယ်။ ဒါပေမယ့် မိုးသည်းထဲမှာ ကျမ တစ်ယောက်တည်း။ ကိုကိုရော.. ကိုကို ဘယ်မှာလဲ.. ကျမ ပါးပြင်ပေါ်က မျက်ရည်ပူတွေ မိုးစက်တွေနဲ့ ရောထွေးကုန်တယ်။ ကိုကိုရေ.. ငယ့်ကို မထားခဲ့ပါနဲ့.. အာခေါင်ခြစ်ပြီး အော်ငိုပစ်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ဖျပ်ကနဲ လင်းသွားတဲ့ လျှပ်စီးတစ်ချက်၊ လျှပ်ပြက်တဲ့ အလင်းရောင် အောက်မှာ လူရိပ်တစ်ခု။ ကိုကို.. ကိုကိုရေ.. ဟုတ်တယ်။ ကျမရဲ့ ကိုကို၊ ကျမ အသက်လောက်ချစ်ရတဲ့ ကိုကိုပါ။ ဒါပေမယ့် ကိုကိုက ကျမကို ကျောကြီးခိုင်းလို့။ ကျမ အော်ခေါ်နေတာ တစ်ချက်မှ လှည့်မကြည့်ဘူးလေ။ မိုးသံကြောင့် မကြားတာ ဖြစ်မှာပါ။ ဒီလောက် သည်းနေတဲ့ မိုးသံကြားမှာ ကျမ အော်သံကို ကိုကို ဘယ်ကြားပါ့မလဲနော်။ ရောက်အောင် သွားရမှာပေါ့.. ကိုကို့နား မရောက်ရောက်အောင် ကျမ သွားရမှာပေါ့။ ကျမ ရှိသလောက် အားလေးတင်းပြီး ထ ရပ်ကြည့်တယ်။
ဂျိန်းးးး…
“ အားးးးးး..”
မိုးကြိုးသံ အကျယ်ကြီးအောက်မှာ ကျမ ခွေ လဲ သွားတယ်။ ခြေထောက် တစ်ဘက်.. ကျမ ခြေထောက် တစ်ဘက်ရော.. ကိုကိုရေ.. ငယ့် ကို ကယ် ပါ..
“ ကိုကိုရေ.. ငယ့် ကို ကယ် ပါ.. ကိုကို.. ကိုကို.. ကို..”
အားရှိသလောက် အော်ခေါ်ရင်း အတင်း ကုန်းထလိုက်တယ်။ အိုးးး… ကျမ.. ကျမ အိပ်မက် မက်နေတာပဲ..။ ပါးပြင်မှာ မျက်ရည်တွေ စိုရွှဲလို့ လူကလည်း မော နေတယ်။ မိုးတွေကတော့ တကယ်ပဲ သည်းကြီးမည်းကြီး ရွာ လို့။ ကျမ သိပ်ကြောက်တဲ့ မိုးသည်းညပေါ့။ ညဦးက ဖွင့်ထားမိတဲ့ အိပ်ခန်းပြတင်းမှာ ကန့်လန့်ကာစက လေကြမ်းကြောင့် တဝုန်းဝုန်းလွင့် နေတယ်။ မိုးစက်တွေလည်း အိပ်ခန်းထဲ ဝင်နေကုန်ပြီ။
“ သမီးရေ.. ပြတင်းပေါက် ပိတ်ထားရဲ့လားလို့.. မေ ဝင်ခဲ့မယ်နော် သမီး..”
ကျမ ဘာမှ ပြန်မပြောခင် အမေ အခန်းထဲ ဝင်လာတယ်။
“ ထင်တယ်.. ပိတ်မထားဘူးပဲ..”
အမေက ပြောပြောဆိုဆိုနဲ့ တံခါးကို ဆွဲပိတ်လိုက်တယ်။ ကျမ ထိုင်နေတဲ့ အိပ်ရာဆီ လှမ်းလာရင်း…
“ ကန့်လန့်ကာတော့ မနက်မှ လဲပေးတော့မယ်.. ပြန်အိပ်လိုက်နော် ကလေး.. မေ စောင့်အိပ်ပေးရမလား.. ရှူးလေးပေါက်လိုက်ဦး နိုးလက်စနဲ့..”
“ ဟင့်အင်း.. အိပ်ချင်နေပြီ..”
အမေ့ကို တိုးတိုးလေးပြောပြီး ပြန်လှဲအိပ်လိုက်တယ်။
“ ရှူးလေး ပေါက်လိုက်ပါဦးလား ကလေးရယ်..”
အမေ့စကားကို မကြားသလိုဘဲ သဘောထားပြီး မျက်စိ မှိတ်ထားလိုက်တော့တယ်။ အမေ့ဆီက သက်ပြင်းချသံ တိုးတိုးလေး ကြားလိုက်ရတယ်။ အမေ ဘာမှ ထပ်မပြောတော့ပါဘူး။ ကျမကို စောင်လေးခြုံပေး၊ နှဖူးလေး ဖွဖွ နမ်းပြီး အခန်းထဲက ပြန်ထွက်သွားတယ်။ ဟိုးတုန်းကတော့ ဒီလို မိုးသည်းညတွေဆို အမေ ပြန်ထွက်သွားပြီးရင် ကျမ တစ်ယောက်တည်း ငို ကျန်ခဲ့ရတာပေါ့။ ခုက ကျမနားမှာ ကိုကို ရှိနေပြီလေ။ တံခါးပိတ်သံကြားပြီး ခြေသံလေး ဝေး သွားမှ ကျမ ပြန်ထလိုက်တယ်။ အိပ်ရာဘေး စားပွဲပေါ်က ဖုန်းလေးကို ယူပြီး ကိုကို့ဆီ ခေါ်လိုက်တယ်။ ကျမဆီက ဖုန်းမြည်ရင် အလုပ်များ နေရင်တောင် ချက်ချင်း သိတတ်တဲ့ကိုကို ဒီတစ်ခါတော့ အတော်ကြီး ကြာတဲ့ထိ မကိုင်ဘူး။
ကိုကိုးး.. ဘာလုပ်နာလဲ.. နောက် တစ်မိနစ် နေလို့မှ မလာရင် စိတ်ကောက်မှာ နော်.. ဖုန်းခေါ်တာ မရတော့ မက်ဆေ့ချ်တွေ ဆက်တိုက်ပို့ ပစ်လိုက်တယ်။ အနိုင်ကျင့်တယ် ဆိုတာ ချစ်သူတွေကြားက အခွင့်အရေး ဟုတ်မဟုတ်တော့ ကျမ မပြောလိုပါဘူး။ ဒါပေမယ့် ကိုကို့ကို စကားလေးလောက်နဲ့ပဲ ဖြစ်ဖြစ် အနိုင်ယူရတာ ကျမ ပျော်နေမိပြီ။ ခဏ နေတော့ ကိုကို့ ဆီက မက်ဆေ့လေး တက်လာတယ်။ တစ်မိနစ် မက၊ သုံးလေးမိနစ် ကျော်တာပေါ့။
“ ငယ်လေးပေါက်စ.. ပြန်အိပ်သွားလား.. ကိုကို အစည်းဝေးခန်းထဲ ရောက်နေတာကလေးရဲ့...”
“ သိဘူး.. ကောက်တယ်.. ဒါဗြဲ...”
“ ဟဟ.. ခု ကောက်နဲ့ဦး.. အရေးကြီးတာ ပြောမလို့...”
ကျမစိတ်ကူးက အိပ်မက်ဆိုး မက်တာ ပြောပြပြီး ကိုကို့ဆီက ဖွဖွလေး ချော့သိပ်ပေးတာ လိုချင်တာပါ။ ဒါပေမယ့် အဲ့ဒီအိပ်မက်ကိစ္စ မပြောဖြစ်လိုက်ဘူး။ ကိုကိုက အရေးကြီးတာ ပြောမလို့ ဆိုတာကိုး။ ဖုန်းခေါ် ကိုကိုရာ.. စာရိုက်ချင်ဘူး.. လို့ မက်ဆေ့ ပြန်ပို့လိုက်တယ်။ အိုကီ.. ဆိုတဲ့ စာလေး တက်လာပြီး ကိုကို ကျမဆီ လှမ်းခေါ်တယ်။
“ ကလေးလေး.. ရင်ဘတ် ဖိထားပြီး နားထောင်..”
“ အွမ်.. ဘာလို့..”
“ အရမ်းပျော်ပြီး ရင်တွေ စွတ်တုန်လာမှာစိုးလို့လေ..”
“ ဟမ်.. ထီပေါက်လို့လား.. ဒေါ်လာအိတ်ကြီးများ ကောက်ရလား..”
“ ဟဟ.. ဒါလောက်က ပျော်စရာ ဖြစ်မလားကွ..”
“ အာ့ဆို ဘာတုန်း.. ကိုကိုနော်.. ပဟေဠိ လာလုပ်နယ်.. စိတ်က သိပ်ကြည်တာ မဟုတ်ဘူး..”
“ အင်းပါ.. ကိုကိုပြောတာ နားထောင်.. စိတ်ကြည်ရုံတင်မကဘူး.. အဲ.. ပြီးရင်တော့ ပြန်အိပ်ရမယ်နော် ကလေးလေး.. အိပ်ချင်တော့ဘူး မလုပ်ကြေး..”
“ အိုက် အပျိုးနဲ့တင် မိုးလင်းတော့မယ်..”
“ ဟဟ.. ဒီလို ကလေးရဲ့.. သိပ်မကြာခင် ကိုကို မြန်မာပြည် ပြန်လာဖြစ်မယ်..”
ဂျိန်းးးးးးးးးးးး..
မိုးကြိုးသံကြီးက အပြင်ကလား ကျမ ရင်ထဲကလား မခွဲတတ်တော့ပါဘူး။ ရင်ထဲမှာ ထူပူပြီး အောင့်မြက်မြက်ကြီး ခံစားလိုက်ရတယ်။
“ ဟိတ်.. ကောင်မလေး.. ဘာ ဖြစ်သွားတာတုန်း..”
ကိုကို့ ဆီက ခေါ်သံတွေ ဆက်တိုက်။ မိုးသံနဲ့ ရောပြီး မကြားတစ်ချက် ကြားတစ်ချက်နဲ့။ ကိုကိုက ထပ်တလဲလဲ မေးတယ်။ သူက ပြန်လာဘို့ အရမ်း ပျော်နေတာလေ။ ကျမဆီက ဘာမှ ပြန်ပြောသံ မကြားတော့
“ ငယ်.. လိုင်းကျ သွားတာလား.. ကိုကို ပြန်လာမှာ မပျော်တာလား..”
“ မပျော်ဘဲတော့ နေမလား.. ရုတ်တရက် ဆိုတော့လည်း ဘာပြောရမှန်း မသိလို့ပေါ့..”
“ တော်ပါသေးရဲ့..”
“ ……….”
“ ငယ့်..”
“ ရှန်..”
“ ကိုကို လာခဲ့ရမယ်မဟုတ်လားဟင်..”
“ မလာချင်လို့ ရမလား.. ဟွမ်းးး..”
ကျမစိတ်တွေ ထူပူ လှုပ်ရှားနေတာ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုပေမယ့် ကိုကိုကတော့ သူနဲ့ တွေ့ရတော့မှာမို့ ရင်တွေ ခုန်လွန်းနေတယ် ထင်မှာပါ။
“ လာရမယ် ဆိုလည်း နံမည်လေး လိပ်စာလေး ပြောလေ.. ပုံလေးဘာလေး ပို့လေ ငယ်ရာ..”
“ အမ်.. ပုံက ပို့ရဦးမှာလား..”
“ အော.. မပို့လို့ ကျုပ်က တွေ့သမျှ မိန်းမှ အဖုတ် လိုက်လှန်ကြည့်ရမလား..”
“ အဟီးး.. ခိခိ..”
ဟုတ်တော့လည်း ဟုတ်သား။ ကိုကိုနဲ့ ကျမ လေလိုင်းကတဆင့် ချစ်ကြရင်းနဲ့ ကိုကို ပူဆာလို့ ပုံလေးတွေ ပို့ပေးဖူးတာလေ။ ကျမ ပိပိ လေးတွေပေါ့။ အခု ကိုကိုတောင်းတာ ကျမ မျက်နှာပုံ။ ကျမ ကိုကို့ဆီ ဗွီဒီယိုကောလ် ခေါ်ချလိုက်တယ်။ စိတ်လှုပ်ရှားလွန်းပြီး လုပ်မိလိုက်တာ ထင်ပါရဲ့။ ထင်မထားဘဲ ခေါ်တာ ဆိုတော့ ကိုကိုတစ်ယောက် တအံ့တသြလေ။ ဖုန်းမှာမြင်နေရတဲ့ ကျမ မျက်နှာလေးကို လက်လေးနဲ့ ထိ ပြီး.. “ချစ်လိုက်တာ ငယ်ရယ်..” တဲ့။ ကျမ မျက်ရည်တွေ ဝဲလာမိတယ်။ ကိုကို့ကို ကြိုးစား ပြုံးပြလိုက်တော့ “ပြန်လာရင် နမ်းမယ်နော် အဲ့ဒီပါးချိုင့်လေးကို..” ။ ကျမ ခေါင်းငြိမ့်ပြမိတယ် ထင်တယ်။
အဲ့ဒီညက စပြီး ကိုကို ပြောသမျှ စကားတိုင်းမှာ ပြန်လာရင် ဆိုတာတွေချည့်ပဲ။ သူ လုပ်နေတဲ့ ကမ္ပဏီ မြန်မာမှာ အခြေစိုက်ရုံးတစ်ခု လာဖွင့်မှာလေ။ အဆောက်ဦးတွေအတွက် ကိုကိုက ဒီဇိုင်းလုပ်ရမယ်။ လုပ်ငန်း စ တာနဲ့ အရင်ဆုံး ရောက်လာရမယ်။ ရောက်လာတာနဲ့ ကျမကို လာတွေ့မယ်။ ပြီးတော့ ကိုကိုနဲ့ ကျမ …… အိုးးး… ကိုကို့ စိတ်ကူးတွေ အိပ်မက်တွေက တကယ့်ကို တနင့်တပိုးပါပဲ။ ကျမ ဆုံးဖြတ်ရပြီလေ။ ဖြစ်ခဲ့သမျှ အကုန် ကိုကို့ကို ပေးသိဘို့။ ကျမ ကိုယ်ပေါ်မှာ ချို့ယွင်းချက် အကြီးကြီးနဲ့ ဆိုတာ ကိုကို သိဘို့ အချိန်တန်ပြီပဲ။
“ မနှစ်က မွေးနေ့တုန်းက ပုံလေး လေ.. ကိုကို့ ကို ပြမလို့..”
“ အွမ်း.. မွေးနေ့ရှင် မင်းသမီးလေးပေါ့..”
“ ဟုတ်.. အိုက်ပုံထဲမှာ မေ လည်း ပါတယ်.. ပြီးတော့ အဘွားရော..”
“ ဖေဖေ ပါဘူးလား..”
“ ဖေက ဆုံးသွားပြီ.. ဓာတ်ပုံတောင် တစ်ခုနှစ်ခုပဲမြင်ဖူးလိုက်တာ..”
“ အယ် ငယ်ရယ်.. ဆောရီး..”
“ ရပါတယ် ကိုရ.. ဖေ့ပုံ လူချင်းတွေ့မှ ပြ မယ်.. ငယ့်နဲ့ တူတယ်.. အမေနဲ့ အဘွားကို ခုကတည်းက မိတ်ဆက် ပေးထားမယ်လေ နော်..”
“ ကောင်းပါပြီဗျာ.. ကြိုမြင်ထားတော့ လက်ဆောင်ဝယ်ဘို့ အဆင်ပြေတာပေါ့..”
“ မယ်.. ဘာလက်ဆောင်မှ မလိုဘူး.. ငယ့်ဘာသာ အကြောင်းရှိလို့ ပြတာ..”
“ ဟမ်.. ဘာအကြောင်းတုန်း..”
“ ကြည့်ကြည့်ပေါ့ ပုံမှာ..”
“ အာ.. စာရေးဆာမ.. လုပ်ပြီ ပဟေဠိ..”
“ အဟင်း.. ဘာပဲ ဖြစ်ဖြစ်ပါ.. ကိုကို ငယ့်ကို ချစ်တယ်မှတ်လားဟင်..”
“ မေးဘို့လိုသေးလား ငယ်ရယ်..”
“ ဘာကြောင်းကြောင့်မှ ထားမသွားဘူး မှတ်လား..”
“ အယ်.. ပြောပုံက.. စာရေးဆာမ.. ညည ကောင်းကောင်းအိပ်ပါဆို မအိပ်ဘူး.. ကြွက်လေးလိုပဲ တကုပ်ကုပ်..”
“ အမ်.. ဘာဆိုင်တုန်း..”
“ ဆိုင်တယ်လေ.. အိပ်ပါဆို မအိပ်.. အိပ်ရေးမဝတော့ ဂေါက်.. ဂေါက်ပြီး ပေါက်ကရတွေ မေး..”
“ ဟွန့်..”
“ မဟွန့်နဲ့.. ခုတလော ငယ် ပြောနေတာတွေ ကိုကို နားကို မလည်ဘူးနော် ငယ်.. အလုပ်ရှုပ်နေတဲ့ အချိန် အဲ့လို လာမေးရင် ဆူမိမှာ..”
“ ခုရော ဆူနေတာ မဟုတ်ဘူးလား..”
“ ဘယ်မှာ ဆူရသေးတုန်း..”
“ ဆူရဲ ဆူကြည့်လိုက်လေ.. သိသွားမှာပေါ့..”
“ မဆူရဲပေါင်ဗျာ.. မြန်မာပြည်မှာ ကျုပ်ကို ထမင်းကျွေးမယ့်သူ ခင်ဗျားလေးပဲ ရှိတာ.. ခု မဆူသေးဘူး.. လာမှ..”
“ လာမှ ရိုက်သတ်မယ်ပေါ့..”
“ ဟဟ.. ထိုးခွဲမှာ.. ကဲ အမိ.. မွေးနေ့ပွဲပုံ ပြမှာလား.. လေပေါမှာလား..”
“ အဟင်း.. အင်းပါ.. ပြမယ်အခု.. ဂျီကနေ ပို့မယ်နော် ကိုကို.. ပြီးတာနဲ့ ငယ် အိပ်နှင့်မယ် နော်..”
“ အင်.. စောကြီးရှိသေးတာ.. ငိုက်ပြီလား..”
“ ဟုတ်..”
“ နေတော့ ကောင်းပါတယ်နော် ကလေးလေး..”
“ ကောင်းပါတယ် ကိုကိုရဲ့.. ညနေက ထမင်းစားတာ များပြီး ဗိုက်လေး.. အိပ်ချင်..”
“ အွမ်း.. ကောင်းပါတယ်.. စောအိပ် စောထ.. အားရှိအောင်နေ.. ကိုကို ရောက်ရင် ပင်ပန်းရဦးမှာ.. ခံနိုင်ရည် ရှိအောင် အားမွေးထား.. အဟေးဟေး..”
“ ကိုကို နော်.. ပို့လိုက်ပြီ.. ပြီးရင် အောက်ပြီ.. တာ့တာ..”
“ ဟုတ်ကဲ့ပါ ခည.. အာာာ မွ..”
“ ပုံတွေကို တစ်ပုံချင်း သေချာ ကြည့်နော် ကိုကို.. ပြီးရင် ငယ့်ဆီ မေးစရာတွေ ရှိလာလိမ့်မယ်.. ငယ့်ဘာငယ် ပြောပြရမှာထက် ကိုကို မေးမှ ပြောပြချင်လို့ပါ..”
“ လုပ် ပြန် ပြီ ပဟေဠိ..”
“ အဟင်း.. ချစ်တယ်.. သိလား ကိုကို.. ငယ် ကိုကို့ကို တကယ် အရမ်း ချစ်တာပါ.. ဘာကြောင်းနဲ့ ဖြစ်ဖြစ် ကိုကို ထားခဲ့မှာ ကြောက်နေတယ်..”
“ အာာာကွာ.. ဒီကလေး.. ဒီစကားပဲ ထပ်ထပ်ပြောနေတယ်.. အနားရှိရင်.. ……. ……….”
ကိုကို ဆက်ပြောနေတဲ့ စကားတွေ ဆုံးအောင် နားမထောင်တော့ပါဘူး။ ဖုန်းချလိုက်ပြီး ကွန်ပြူတာကနေ ကိုကို့ ဂျီမေးလ် အကောင့်ဆီ ပုံတွေ ပို့လိုက်တယ်။ ကျမ ရဲ့ အသက် ၂၀ ပြည့် မွေးနေ့တုန်းက ပုံတွေပေါ့။ လှူနေကျ ဘိုးဘွားရိပ်သာလေးမှာ အာဟာရဒါန သွားလုပ်တဲ့ ပွဲလေး။ ပုံတိုင်းလိုလိုမှာ ဝှီးချဲလေးနဲ့ ထိုင်နေရတဲ့ ကျမရယ်၊ ညို လို့ပဲ ကျမ ခေါ်လေ့ရှိတဲ့ အမေရယ်၊ အမေးကြီး လို့ ခေါ်နေကျ ညို့အမေ.. ကျမ အဘွားရယ်။ တစ်ပုံမှာဆို မဖြူစံပယ်ရုံ ၏ ၂၀ နှစ်ပြည့် မွေးနေ့မင်္ဂလာ ဆိုတဲ့ စာတမ်းလေး ထင်ထင်ရှားရှား ပါနေတယ်။ ခုချိန်ထိ သိထားတဲ့ PSY ဆိုတဲ့ နံမည်က ကိုရီးယား အဆိုတော် မဟုတ်ဘဲ Phyu Sabal Yone ဆိုတဲ့ ကျမ နံမည် အတိုကောက်လေးပါ ဆိုတာ ကိုကို သိသင့်ပြီလေ။ ရိပ်သာ အုပ်ချုပ်ရေး အဖွဲ့နဲ့ အုပ်စုလိုက် ရှေ့တည့်တည့်ကနေ ရိုက်ထားတဲ့ ပုံတော့ ချန်ခဲ့သေးတယ်။ အဲ့ဒီပုံမှာက အောက်ပိုင်းထိ ပါနေတော့ ကျမ ခြေထောက်တစ်ဘက် အတု တပ်ထားရတာ ထင်ရှားလွန်း နေလို့။ ဒီခြေတုကြီးနဲ့ တည့်တည့် ပုံတော့ ကိုကို့ကို ကျမ မပြချင်သေးဘူး။
ကျမ ပို့လိုက်တဲ့ ပုံလေးတွေက ဘိုးဘွားတွေရဲ့ စားသောက်ဝိုင်း ဘေးမှာ အမေနဲ့တူတူ ဧည့်ခံ နေတဲ့ ပုံလေးတွေ။ ကိုယ်အောက်ပိုင်းက စားပွဲနဲ့ ကွယ်နေတယ်။ ဒါပေမယ့် အမေရော အဘွားရော ရိပ်သာ လူကြီးတွေရော မတ်တပ် ရပ်နေတဲ့အလယ်မှာ ကျမက ထိုင်နေရတာ။ ကိုကို ရုတ်တရက် သတိ မထားမိရင်တောင် ကျမ ဘာလို့ မတ်တပ် မရပ်လဲ ကြည့်ရင်းနဲ့ တွေးမိမှာပါ။ နောက်တစ်ချက်က ကျမ ထိုင်နေတဲ့ ခုံရဲ့ နောက်မှီက စတီးလက်ကိုင်လေးပေါ့။ ဒါလေးက ရိုးရိုးထိုင်ခုံ မဟုတ်မှန်း အရမ်း သိသာ တယ်လေ။ ကိုကို တစ်ခုခု မေးမှာပဲ။ အဲ့ဒီအခါကျရင် ကျမ အကုန် ပြောပြလိုက်မယ်။
ကျမ ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရယ်.. သူနဲ့ ကိုယ်ဝန် ရတဲ့ထိ မိုက်မဲ မှားယွင်းခဲ့တာရယ်.. သူ့မိဘတွေ ကျမကို လက်မခံခဲ့တာရယ်.. သူ ကိုယ်တိုင်က စွန့်ပစ်စေချင်ခဲ့တဲ့ ကျမ ကလေးလေးကို စွန့်လွှတ်ဘို့ ရည်ရွယ်ချက် လုံး၀ မရှိတဲ့ ကျမ ဆုံးဖြတ်ချက်ရယ်.. ကားအက်ဆီးဒင့်ကြောင့် သားမှန်း သမီးမှန်း မသိသေးတဲ့ ကျမရဲ့ ရင်သွေးလေးကို ဆုံးရှုံး ခဲ့ရတာရယ်.. နောက်ဆုံး ဒူးခေါင်းကနေ ဖြတ်ပစ် လိုက်ရတဲ့ ကျမ ခြေထောက် တစ်ဘက်ရယ်.. ကျမ ကိုကို့ကို ဒါတွေ အားလုံး ပြောပြလိုက်တော့မယ်။ အမေနဲ့ ပထွေးရဲ့ ထူးဆန်းတဲ့ ကိစ္စတွေ အထိတော့ ကျမနဲ့ မဆိုင်ဘူးထင်လို့ ပြောပြဘို့ စိတ်ကူးမထားပါဘူး။
ဟင်းးးးးးးးးး.. ပုံတွေ ပို့အပြီးမှာ သက်ပြင်းတစ်ချက် ချရင်း ကျမ ထိုင်နေတဲ့ ဝှီးချဲလေးကို ပြတင်းပေါက်ဆီ ဦးလှည့်လိုက်တယ်။ ဘီးတွေကို လက်နဲ့ ဖိတွန်းရွှေ့ရင်း ပြတင်းပေါက်ဆီရောက်.. ကောင်းကင်ကို မော့ကြည့်တော့ မည်းမှောင် နေလေရဲ့။ ညဘက်ကြီး ဆိုတော့ ကောင်းကင်ရဲ့ အခြေနေကို ကျမ မမှန်းဆ တတ်ပါဘူး။ ဒါပေမယ့် ခပ်ကြမ်းကြမ်း တိုက်နေတဲ့ လေထဲမှာ မိုးရနံ့တွေ ရနေတယ်။ ကိုကို ကျမကို ဆက်ချစ် နိုင်ဦးမှာလား.. သူပြောသလို နှစ်ယောက် တစ်ဘဝ.. ပျော်စရာတွေ ပြည့်နေတဲ့ လက်တွေ့ ကျကျ နှစ်ယောက် တစ်ဘဝလေး တကယ်ပဲ ပေးမှာလား.. ။
မကြာခင် ကိုကိုနဲ့ ကျမ အရေးကြီးတဲ့ စကားတွေ ပြောရတော့မယ်။ ကျမဘဝအတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာတော့မယ်။ ကိုကိုက ပြန်ရောက်ရင် ကျမကို အမေ့ဆီ လာတောင်းမယ်.. လက်ထပ်မယ် တဲ့။ ဒါ ကျမအကြောင်း အကုန် မသိသေးခင်က စကားလေ။ အခုပို့လိုက်တဲ့ ပုံတွေ တွေ့ပြီးရင် ကိုကို သူ့ဆုံးဖြတ်ချက်ကို ပြင်သွားမလား။ ကိုယ်အင်္ဂါ မပြည့်စုံတဲ့ မိန်းမတစ်ယောက်ကို တစ်ကယ်ပဲ တစ်ဘဝလုံး လက်တွဲမှာလား။ ကျမကို ထားခဲ့မှာလား။ ကိုကိုနဲ့ ချစ်သူ မဖြစ်ခင်ကအထိ ကျမက စက်ရုပ်လို လူ။ ကိုကို့ အချစ်တွေ ရပြီးနောက်မှာ ကာမရဲ့ သာယာမှုလေးကို တစ်ကိုယ်ရည်စာ မက ကျမ ပြန်ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း လက်တွဲကြရင် ခြေတစ်ဘက် ပြတ်နေတဲ့ မိန်းမ တစ်ယောက်နဲ့ ချစ်ရည်လူးဘို့ ကိုကို စိတ်ပါ နိုင်မှာလား။ ကျမ အနေနဲ့က ကိုကို့အတွက် မျိုးဆက် မွေးပေးနိုင် မပေးနိုင် ဆိုတာလည်း မသေချာပါဘူး။ ဖြစ်လာခဲ့ဦးတော့ ဒုက္ခိတ မိခင်တစ်ယောက်က သားသမီးကို ၁၀၀% စောင့်ရှောက်ဘို့ ဆိုတာ ဇာတ်လမ်းထဲ ထည့်ရေးသလောက် မလွယ်တဲ့ကိစ္စပါ။
စဉ်းစားရင်း ကျမ ခေါင်းတွေ ထူပူလာတယ်။ တကယ်ဆို ကိုကို ထားသွားမှာ ကြောက်နေတယ် ဆိုတဲ့စကား ကျမ မပြောလိုက်သင့်ဘူးပဲ။ ဒီစကားက ကိုကို ကျမကို သနားအောင် လုပ်လိုက်သလို ဖြစ်သွားပြီ။ ကျမ အရမ်း တကိုယ်ကောင်း ဆန်မိသွားပြီပဲ။ တကယ်ဆို အဲ့လို ချည်နှောင်မယ့်အစား ကိုကို့နားကနေ ကျမ ပျောက်ကွယ် သွားပေးသင့်တာ။ ကိုကို ခုလို ရှေ့တိုးလာတာကို ကျမ အခွင့်ရေး မယူသင့်ဘူး။ ကိုကို့ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်ဘို့ စကားလမ်း ဖွင့်ပေးရမှာ။ ကျမ ကိုကိုက ညှာတာတတ်တဲ့ ကိုကို.. ကြင်နာတတ်တဲ့ ကိုကို.. နူးညံ့တဲ့ ကိုကို.. စိတ်ထား ပျော့ပြောင်းတဲ ကိုကို လေ။ ကိုကို့ကို ဆုံးရှုံးရမှာ ကျမ အရမ်း ကြောက်တယ်။ ကျမ စိတ်တွေ နောက်ကျိ ရှုပ်ထွေးလာခဲ့တယ်။ ဘာမှ ဆက်မစဉ်းစားနိုင်တော့အောင် ခေါင်းတွေရော၊ ရင်တွေရော ပူပြင်းလောင်မြိုက်လာတယ်။
ဟင်းးးးး.. ဘယ်နှကြိမ်မြောက်မှန်း မသိတဲ့ သက်ပြင်းနဲ့ အတူ ကျမ ပါးပြင်ပေါ် မျက်ရည်ပူတွေ လိမ့်ဆင်း လာခဲ့ပြီ။ ဟင့်အင်း.. မငိုနဲ့.. ကိုကို ငါ့ကို သိပ်ချစ်တာပါ.. ကိုကိုက ငါ့ကို ခွဲသွားမယ့်သူ မဟုတ်ဘူး.. မဟုတ်လောက်ပါဘူး..။ ကိုယ့်စိတ်ကိုယ် အားတင်းရင်း မနက်ကျ ကိုကို ဘာတွေ မေးမလဲ၊ ကျမ ဘာတွေ ပြန်ဖြေရမလဲ၊ ကိုကို မေးသမျှ ဖြေမယ်၊ မငိုဘဲ ဖြေမယ် လို့ ဆုံးဖြတ်ရင်း စီးကျလာတဲ့ မျက်ရည်တွေ သုတ်ပစ် လိုက်တယ်။ အိပ်ရာဆီ ပြန်မလှည့်ခင် ကောင်းကင်ကြီးကို တစ်ချက် မော့ကြည့်ဖြစ်တယ်။ ညတို့ရဲ့ ထုံးစံထက်ကိုပဲ ထူးကဲ မှောင်မိုက်နေပါလား။ ဘာပဲ ဖြစ်ဖြစ် ကျမ ဒီည ကောင်းကောင်း အိပ်ပျော် ချင်တယ်။ ဒီညကို ကျမ မကြောက်ချင်ဘူး။ ဒီညမှာ ငိုလည်း မငိုချင်ဘူး။ ဒါကြောင့် ဒီညကို ကျမ သိပ်ကြောက်တဲ့ မိုးသည်းသည်းတွေ ရွာမနေစေချင်ဘူး။ ကောင်းကင်ကြီးကို တိုင်တည်ရင်း ကဗျာလိုလို စာတိုတိုလေးတစ်ပုဒ် ရင်ထဲကနေ ရေးလိုက်မိတယ်။ သက်ပြင်း တစ်ချက်နဲ့အတူ လေပူတွေ မှုတ်ထုတ် လိုက်ချိန်မှာ ကျမ နှလုံးသားတွေ လေးလံ နေခဲ့ပါတယ်။
တိမ်တောင်တွေရယ်.. ညိုနေတာလား..
ညိုနေတာလား ဟင်..
မပြို ပါစေနဲ့..
ပြို မကျလိုက်ပါနဲ့ နော်..
တိမ်တောင်တွေ ညို နေရင်..
ပြို မှာကိုလေ.. စိုးမိ ပါရဲ့..
တိမ်တောင်ညို.. ပြိုမှာကို စိုးပါရဲ့..
တိမ်တောင်ညို ပြိုမှာ စိုးပါရဲ့..
..............................................................................................
တီတီ.. တီတီ.. တီတီ..
အရုဏ်ဦး နေရောင်ခြည်က နာရီ နှိုးစက်သံနဲ့အတူ ကျနော့် အိပ်ရာပေါ် ကျ လာတယ်။ တဆစ်ဆစ် ကိုက်နေတဲ့ နထင်တွေကို လက်နဲ့ ဖိနှိပ်လိုက်ရင်း ကုတင်ဘေး စားပွဲပေါ်က ပုလင်းဆီ လက်လှမ်း လိုက်တယ်။ လက်ကျန်လေး တစ်စက်တောင် မရှိတော့ဘူးပဲ။ ပုလင်းကို လွှတ်ချလိုက်ရင်း ကျနော် တမ်းတ မိတာ ငယ်..။ .. ရင်တွေ ပူလိုက်တာ.. ငယ်ရေ.. ကိုကို့ ရင်တွေ အရမ်းပူနေပြီကွာ.. ။
ဒီနေ့ဆို ကျနော် မြန်မာပြည် ပြန်ရောက်တာ တစ်လကျော်ပြီ။ ရောက်ကတည်းက ငယ့်ကို ရှာခဲ့ပေမယ့် လုံး၀ မအောင်မြင်သေးဘူး။ ဘယ်မှာများလဲ ငယ်လေးရယ်.. ။ တင်းမာဟန် ဆောင်ထားတဲ့ သူ့ နှလုံးသားလေးမှာ မျက်ရည်မိုးတွေ နေ့တိုင်း ရွာနေမှာ ကျနော် သိတယ်။ ကျနော် ဆိုတဲ့ကောင် တွေဝေခဲ့လို့.. သတ္တိ နည်းခဲ့လို့လေ။ လွန်ခဲ့တဲ့ ငါးလလောက်၊ ကျနော် မြန်မာပြည် ပြန်လာဘို့ လုပ်နေတုန်း ငယ် ကျနော့်ကို သူ့မွေးနေ့က ပုံလေးတွေ ပြတယ်။ ကျနော့် မျက်လုံးထဲ ထင်းကနဲ မြင်သွားခဲ့တာ ဖြူစံပါယ်ရုံ ဆိုတဲ့ နှစ်ယောက်မရှိနိုင်တဲ့ နံမည်လေးရယ်.. သူ့ဘေးမှာရပ်နေတဲ့ သူ့ အမေ ဆိုတဲ့ ညို.. ကျနော့် အချစ်ဦး ညို ရယ်။ သူ့ ကို မမုန်းနိုင်ရင်တောင် မေ့ဘို့ ကြိုးစားပါ ဆိုတဲ့ ကျနော့် မမ ညို ရယ်လေ။
ညို ကျနော့်ကို စွန့်ခွာသွားခဲ့တာ ဆယ့်ငါးနှစ်ကျော် နှစ်နှစ်ဆယ် နီးပါး ကြာခဲ့ပြီ။ ဒီအချိန်မှာ ဒီပုံစံနဲ့ ပြန်ဆုံရမယ်လို့ ဘယ်သူက တွေးမိမှာလဲဗျာ။ သူတို့ သားအမိကို ကျနော် ဘယ်လို နည်းနဲ့ မျက်နှာချင်း ဆိုင်ရမလဲ။ အခု ကျနော် နက်နက်ရှိုင်းရှိုင်း ချစ်နေမိတာ ကိုယ့်ထက် အသက် ၁၅ နှစ်လောက် ငယ်တဲ့ ကလေးမလေး.. ကိုယ်မွေးရင် ကိုယ့်သမီး အရွယ်လေး.. အားးး မဟုတ်သေးဘူး.. ညို နဲ့ ကျနော် ချစ်ခဲ့ကြတုန်းက ကျနော့် အိပ်မက်တွေထဲမှာ ကျနော့် သမီးလေးလို့ တွေးခဲ့တဲ့ ကလေးလေး.. သူ့အမေကို လိုချင်လို့ အရုပ်လေးတွေ ပေးပြီး ချော့ပေါင်း ခဲ့ရတဲ့ ကလေးလေး လေ။ ကျနော့် ကမ္ဘာကြီး မီးလောင် ပြာကျ ခဲ့တယ်ဗျာ။ ကျနော်နဲ့ ငယ် ဆုံတွေ့ကြပုံက လက်တွေ့ မဆန်လှပေမယ့် ကျနော် ငယ့်ကို တကယ် ချစ်ခဲ့တာ။ နှစ်နှစ်ကာကာ မြတ်နိုးခဲ့တာပါ။ အခု ဘယ်လို ရှေ့ဆက်ရမလဲ.. ငယ့်ကို ဘယ်လို မျက်နှာချင်း ဆိုင်ရမလဲ.. ညို့ကိုရော.. ကျနော် ဘယ်လို ………. ….။
ကျနော် တွေဝေခဲ့မိတယ်။ သတ္တိ နည်းခဲ့မိတယ်ဗျာ။ အဲ့ဒီနေ့က စ ပြီး ငယ်လေးကို အဆက်အသွယ် မလုပ်ဘဲ နေလိုက်မိတယ်။ သူ့ မျက်နှာလေး မြင်ယောင်တိုင်း တချိန်က သူ့အမေနဲ့ ပတ်သက်ခဲ့တဲ့ မြင်ကွင်းတွေက ကျနော့် အာရုံထဲ အစီအရီ။ ကျနော်နဲ့သူ အွန်လိုင်းပေါ်ကနေ ချစ်ခဲ့ကြတာတွေ ။ ဟားးး.. ကျနော့် အဖြစ်က အမေရော သမီးရော နဲ့.. ။ ငယ်ရယ်.. ကိုကို ဘာလုပ်ရမလဲ.. ။ မြန်မာပြည်က စီမံကိန်း ကလည်း ပထမ သတ်မှတ် ထားတာထက် စောပြီး စ ဘို့ ဖြစ်လာတယ်။ နေ့နေ့ညည များနေတဲ့ အလုပ်တွေနဲ့ အိပ်ရေးတွေ ပျက်၊ ထမင်းစားချိန်တောင် အနိုင်နိုင်ပေါ့။ မြန်မာပြည်ပြန် တာဝန် ထမ်းဘို့ ကိုတော့ ကျနော် လက်မလျှော့မိဘူး။ တကယ်တမ်း ကျနော့်အဘို့ ငယ်ကလွဲရင် မြန်မာပြည်မှာ ဘာ သံယောဇဉ်မှ မရှိဘူးပဲ။ ကျနော် ငယ့်ကို တွေ့ချင်တယ်။ အဝေးက ဖြစ်ဖြစ် တစ်ချက်လောက် ငေးခွင့် ရချင်တယ်ဗျာ။ အိပ်ချိန်ကလွဲပြီး အမြဲ အနားရှိသလို ချစ်ခဲ့ကြတဲ့ ကျနော် နဲ့ ငယ်လေ။ လိုင်းပေါ်မတက်ဘဲ နေမိတာ သုံးရက်လောက် ကြာလာတော့ ကျနော့်ကိုယ်ကျနော် သိလိုက်တယ်။ ငယ့်ကို ဘယ်လိုမှ မခွဲနိုင်ဘူး.. ဘာ အကြောင်းနဲ့မှ မခွဲနိုင်ဘူး.. ငယ် မရှိရင် ကျနော် ရပ်တည်လို့ မရတော့ဘူး ဆိုတာကိုပေါ့။ ကျနော့်ကိုယ်ကျနော် သေချာ သွားတဲ့အချိန်မှာ ငယ်နဲ့ အဆက်သွယ်ပြန်ရဘို့ ကျနော် ကြိုးစားခဲ့တယ်။ သုံးရက်တိတိ ပစ်ထားမိလို့ သူ စိတ်ဆိုးနေလည်း ကျနော် ချော့မယ်။ ငယ် ကျေနပ်တဲ့ထိ ကျနော် ချော့မယ်.. တောင်းပန်မယ် ဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ။
ကျနော့် အကောင့်လေးကို ပြန် လော့အင်လိုက်တော့ မွေးနေ့ပွဲပုံတွေ ပြပြီး နောက်နေ့မနက်မှာ “ကိုကို.. ငယ့်ကို ဘာမှ မမေးတော့ဘူးလား..” ဆိုတဲ့ မက်ဆေ့လေး။ ဒီမေးခွန်းရဲ့ အဓိပ္ပာယ်က ဘာ လဲ။ ကျနော် ဘယ်သူ ဆိုတာ ငယ် သိနေ ခဲ့တာများလား။ အဲ့ဒီရဲ့ နောက်တစ်နေ့မှာ “ကိုကို့.. ဘာ လုပ်နေလဲ ဟင်..” တဲ့။ ငယ် ပို့ထားတဲ့ စာသား တိုတိုလေးမှာ ရှိုက်သံတွေ ပါနေမယ်လို့ ကျနော် ခံစားရတယ်ဗျာ။ ဘာ အကြောင်းမှ မပြောဘဲ ရုတ်တရက်ကြီး ရှောင်နေမိတာ ငယ်လေး ကျနော့်ကို အရမ်း နာကျင်သွားမှာ.. ကျနော် နောင်တ မျက်ရည် လည်လာမိတယ်။ ကိုကို တွေေ၀ နေခဲ့တာ ငယ် ရယ်.. ဘာလုပ်ရမှန်း မသိ ဖြစ်ခဲ့တာ.. ဒါပေမယ့် အခု သိပြီ.. ငယ့်ကို ဘာနဲ့မှ မလဲနိုင်အောင် ချစ်တယ်..။ ဒါပေမယ့် ကျနော့် ရင်ထဲက စကားတွေ ငယ့်ကို ပြောခွင့် မရတော့ပါဘူး။ အဲ့ဒီနောက်ပိုင်းက စ ပြီး ငယ်လေး လိုင်းပေါ် လုံး၀ ရောက်မလာတော့ဘူး။ ကျနော် ဆက်တိုက် ပို့နေတဲ့ မက်ဆေ့တွေလည်း မဖတ်တော့ဘူး။
နောက်ဆုံး စိတ်ထဲ တွေးမိတာ သူ စာတွေ ရေးနေကျ အချစ်တက္ကသိုလ် ဖိုရမ်ကို တစ်ချက် ကြည့်မယ်ပေါ့။ ဒီဖိုရမ်က ကျနော် ခေါ်လာလို့ သူရောက်တာ ဆိုပေမယ့် သူရေးသမျှ ကျနော့်ကို အရင် ပေးဖတ်နေကျဆိုတော့ ဖိုရမ်ထဲ မဝင်ဖြစ်တာ ကြာပြီလေ။ ဇာတ်သိမ်းအထိ ကျနော့်ကို ပေးဖတ်ပြီးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်က ဖိုရမ်ထဲမှာ တင်လက်စပေါ့။ ကျနော် ဝင်ကြည့်လိုက်တဲ့ အချိန် သူ့ ဇာတ်လမ်းလေး နေ့စဉ် ဆက်တင် နေတာ တွေ့တယ်။ တော်သေးတယ်.. ငယ် ဖိုရမ်ထဲတော့ လာနေသေးတယ်.. ကျနော် စိတ်အေးသွားတယ်။ ဒီကတဆင့် မက်ဆေ့ ပို့ရင် ရပြီလေ။ နောက်တစ်နေ့ သူ စာလာတင်ရင် ကျနော့်စာ မြင်မှာပဲ။ ပီအမ် ပို့ခါနီး ပရိုဖိုင်း ကြည့်လိုက်တော့ သူ နောက်ဆုံး ဝင်ခဲ့တာ လွန်ခဲ့တဲ့ သုံးရက်၊ ကျနော့်ဆီ ပုံတွေ မပို့ခင် အချိန်ကလေးကပဲ။ ဒါဆို ဒီနောက်ပိုင်း အသစ် တက်နေတဲ့ ပိုစ့်တွေက..။ ဟားးးးးး .. ကျနော့် အတွေးတွေ ယောက်ယက် ခတ်ကုန်တယ်။ ဖိုရမ် တာဝန်ခံတွေဆီ လှမ်းမေး လိုက်တော့မှ ထင်တဲ့အတိုင်းပဲ.. သူ့စာလေးတွေ တစ်နေ့ တစ်ပိုစ့် တင်ပေးပါ ဆိုပြီး ပေးသွားတာတဲ့ ဗျာ။ သူ အနားယူတော့မယ် လို့လည်း ဖိုရမ် အုပ်ချုပ်ရေး အဖွဲ့ကို နှုတ်ဆက် သွားတယ်တဲ့။
ပြတ်သားလိုက်တာ ငယ်ရယ်.. ကိုကို့ကို အပြစ် ပေးသွားတာလား.. ကိုကို တောင်းပန်တယ်ကွာ ငယ်လေး.. ကိုကို့ကို သနားရင် ပြန်လာပါ.. ခွင့်လွှတ် ပေးပါ ငယ်ရယ်.. ။ နေ့စဉ်ရက်ဆက် ကျနော် ပို့ခဲ့တဲ့ မက်ဆေ့တွေ။ အရူး တစ်ယောက်လိုပါပဲဗျာ။ ဒါပေမယ့် ငယ် ကျနော့် ဆီ လုံး၀ ပြန်မလာတော့ပါဘူး။ အဲ့ဒီအချိန်က စ ပြီး ကျနော်လည်း အလုပ်ချိန်ကလွဲရင် အရက်ပုလင်းထဲ ခေါင်းစိုက်။ နောက်ဆုံးတော့ မြန်မာပြည် ပြန်ရောက်ရင် တွေ့အောင်ရှာမယ် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျနော် ပြန်လာဖြစ်ခဲ့တယ်။ ကျနော် အရင်ဆုံး ရောက်သွားခဲ့တာ ညို နေခဲ့တဲ့ အိမ်ကလေးပေါ့။ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က အိမ်ကို ရှာရတာ ကောက်ရိုးပုံထဲက အပ်လိုပါပဲဗျာ။ ဘာမှ မတူတော့တဲ့ မြန်မာပြည် မြင်ကွင်းကြီးက ကျနော့်ကို ပိုးစိုးပက်စက် လှောင်ပြောင်နေလေရဲ့လေ။
ညို နေခဲ့တဲ့ အိမ်ကလေး.. ယုန်လေး လို့ ကျနော် ခေါ်ခဲ့ဖူးတဲ့ ကျနော့် ငယ် နေခဲ့တဲ့ အိမ်လေးက အခု အထပ်မြင့်တိုက်ကြီး ဖြစ်နေပြီ။ တိုက် နှဖူးစီးမှာ ငွေလမင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက် သည် လို့ စာတမ်း ထိုးထားတယ်။ တိုက်ဆိုင်လိုက်တာများ ငယ် ရယ်.. ငယ်လေး နေခဲ့တဲ့ အိမ်ကို ဆောက်သွားတဲ့ ကုမ္ပဏီ နံမည်က ငွေလမင်း တဲ့လား။ အချစ် ဇာတ်လမ်းလေးတွေ စ ရေးတော့ ကလောင်နံမည် လေးတော့ လှလှပပလေး ပေးပါ ဆိုပြီး ကျနော် ပြောခဲ့လို့ ဖိုရမ် နံမည်နဲ့ လိုက်အောင် သူ ရွေးခဲ့တဲ့ နံမည်လေး လေ။ မီးက တက္ကသိုလ်ကျောင်းက ငွေလမင်း ဖြစ်ချင်တာ ဆိုပြီး သူ ပြောတုန်းက ကျနော် ရယ်လိုက်မိလို့ စိတ်ကောက် သွားခဲ့သေးတယ်။ အခုတော့ ကိုကို့ ရင်ထဲက ငွေလမင်းလေးကို ကိုကို ရှာနေရပြီ ငယ်ရယ်။ ကန်ထရိုက်တိုက် ဆိုတော့ မြေရှင်ကို သိလိုသိငြား အနားဝန်းကျင်မှာ စုံစမ်း ကြည့်ပါသေးတယ်။ ဖြစ်ချင်တော့ ဒီ တိုက် မဆောက်ခင်ကိုပဲ အိမ်ရှင် အပြောင်းအလဲက သုံးလေးဦးတဲ့။ ငွေလမင်း ဆောက်လုပ်ရေးကုမ္ပဏီ ရဲ့ အနီးဆုံးရုံးခွဲတစ်ခု အထိ ကျနော် ရောက်သွားတယ်။ ဒီလိပ်စာ ပြောပြပြီး မြေပိုင်ရှင် ဘယ်သူလဲ မေးဖြစ်တယ်။ သူတို့ နဲ့ စာချုပ်တဲ့ အချိန်မှာ ဒီနေရာရဲ့ မြေပိုင်ရှင်က တခြား တစ်ယောက် ဖြစ်နေပါပြီ။ နောက်ဆုံး သူ့ မွေးနေ့ အလှူလေးက တဆင့်များ သဲလွန်စ ရမလားလို့ ရန်ကုန်မှာ ရှိသမျှ ဘိုးဘွားရိပ်သာတွေ တစ်ခုပြီးတစ်ခု သွားပြီး ဒီနံမည်လေးနဲ့ အလှူရှင်ကို မေးခဲ့သေးတယ်။ မရခဲ့ပါဘူးဗျာ..။
ကုတင်ပေါ် ငုတ်တုပ်ကြီး ထိုင် ငိုင်နေတုန်းမှာပဲ ဒီနေ့အဘို့ ဒုတိယမြောက် နာရီနှိုးစက် မြည်လာတယ်။ ရေချိုးပြီး အလုပ်သွားရမယ့် အချိန်ပေါ့။ ကျနော့် အဖြစ်က အဲ့ဒီလိုပါပဲဗျာ။ တင်စားရရင်တော့ နှလုံးခုန်နေတဲ့ စက်ရုပ် တစ်ကောင်ပေါ့။ ဘယ်အချိန် ဘာလုပ် ဆိုတဲ့ နိစ္စဓူဝတွေ သတိပေးမယ့် အရာက ဖုန်းထဲက နာရီနှိုးစက်လေ။ တနေကုန်လို့ အလုပ်တွေ ပြီးရင် ငယ့်ကို ရှာမယ်။ ညစာကို ကြုံသလို စားမယ်။ ညည့်နက်တဲ့ထိ အရက်သောက်မယ်။ မူးပြီး မှောက်သွားတဲ့အထိ သောက်တယ်။ နောက်နေ့ မနက်လင်း နှိုးစက်မြည်ရင် ခုလိုပဲ ထ ထိုင်။ ငယ့် အကြောင်း တွေး။ ပြီးတော့.. နေ့တစ်နေ့ စ ပေါ့။ ဒီလိုနဲ့ ကျနော့် ရုံးခန်းရှိရာ အဆောက်ဦးဝန်းထဲ ရောက်တော့ ကားရပ်လိုက်တယ် ဆိုရင်ပဲ ဂိတ်စောင့် ချာတိတ်က ကျနော် ကားထိုးမယ့် ပါကင် နေရာဆီ လာကြိုတယ်။
“ ဧည့်သည် စောင့်နေတယ် ကိုနေ..”
မိုးက တော်တော် သည်းနေတယ်ဗျ။ parking အမိုးအောက် ကားရပ် လိုက်ပြီး ကားပေါ်က အဆင်းမှာ ချာတိတ်က ထီး လာမိုးပေးရင်း ပြောတယ်။ ကားထားတဲ့ နေရာနဲ့ ရုံးခန်း အဆောက်ဦးက နဲနဲလှမ်းတယ်လေ။ ကျနော်လည်း ထီး မဆောင်တတ်တာ အကျင့် ပါနေပြီ။
“ အော.. ဒီနေ့ ကိုယ် ချိန်းထားတာ ရှိလို့လား ညီလေး..”
“ အမျိုးသမီး တစ်ယောက်ပဲ.. ကိုနေ့ အသိလို့ ပြောတယ်.. အလုပ်ကိစ္စတော့ မဟုတ်ဘူးထင်တယ်..”
“ ဘယ်သူပါလိမ့်..”
အမျိုးသမီး တစ်ယောက် တဲ့လား။ ကျနော့်ဆီ အလုပ်ကိစ္စ မဟုတ်ဘဲ ရောက်လာမယ့် အမျိုးသမီးက ဘယ်သူများ ဖြစ်မလဲ။ ဓာတ်လှေခါး ကနေ တက်လာခဲ့ပြီး ရုံးခန်းရှေ့ အရောက်.. တံခါးဖွင့် ဝင်လိုက်ချိန်မှာ ကျနော့်ကို စောင့်နေတဲ့ ဧည့်သည် ဆိုတဲ့ အမျိုးသမီးက ဝင်ပေါက်ဘက် ကျော်ပေးလျက်၊ ကျနော့် စားပွဲကို မျက်နှာမူပြီး ထိုင်နေတယ်။ တံခါးဖွင့် ဝင်လာသံ ကြားတဲ့အချိန် သူ မတ်တပ် ရပ်လိုက်တယ်။ ကျနော့် ဘက်ကို ဖြည်းဖြည်းချင်း လှည့်လာတဲ့ သူ့ မျက်နှာကို မြင်လိုက်ရတဲ့ အချိန်မှာ…....
.....................................
“ ညို..”
“ ……”
“ ……”
“ နေ.. တကယ်ပဲ နေ.. နေ သွေး နော်.. နေသွေး ဟုတ်ပါတယ်နော်..”
မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေ ကျိုးတိုးကျဲတဲ နဲ့ ကျနော့် ရုပ်က ညင်းသိုး စုတ်ပြတ်နေမှာပဲ။ ကျနော့်ကို ကြည့်နေတဲ့ ညို့ မျက်ဝန်းမှာ ကျေကွဲရိပ် မျက်ရည်ဥတွေ သီးခိုလို့။ “ဟုတ်ပါတယ် ညို.. ကျနော် နေသွေးပါ..” ထင်မှတ်မထားတဲ့ အချိန်မှာ ညို့ကို မျက်နှာချင်း ဆိုင်နေရတာ ပင်ပန်းလှပေမယ့် ကျနော် ပျော်မိတယ်ဗျာ။ “ထိုင်လေ ညို.. ဒါ မှ မဟုတ် တစ်နေရာရာ သွားမလား..” ကျနော့် စကားအဆုံးမှာ ညို ပြန်ထိုင်လိုက်တယ်။ ကျနော်လည်း ညို့ ဘေးက ခုံတစ်လုံး ဆွဲယူပြီး စားပွဲ ဘေးမှာပဲ ထိုင်လိုက်တယ်။ ခုခြေနေမှာ အလုပ်စားပွဲက လယ်သာခုံကြီးပေါ် ကျနော် မထိုင်ချင်ဘူး။ ဖြစ်နိုင်ရင် ညို့ရှေ့ ဒူးထောက် ပစ်လိုက်ချင်တာ။ ကျနော့်ကို ယုန်လေးဆီ ခေါ်သွားပေးပါလို့ ဒူးထောက် တောင်းပန်လိုက်ချင်တာပါ။
“ ညို.. ညို ဘယ်က စ ပြောရမှန်း မသိဘူး နေနေရယ်..”
“ ………..”
ဟုတ်မှာပါ။ ယောင်္ကျားရင့်မာကြီး ဖြစ်တဲ့ ကျနော်တောင် လည်ချောင်းတစ်ခုလုံး ပူလောင် တစ်ဆို့ နေတာ။ ညို ဘယ်လောက် ကျေကွဲနေလိုက်မလဲ။ ဒါပေမယ့် ညိုရယ်.. ခုချိန်မှာ ကျနော် အသိချင်ဆုံးက ယုန်လေး ဆိုတဲ့ ငယ်၊ ငယ် ဘယ်မှာလဲ ဆိုတာကိုပါပဲ။ ကျနော့်ကို ခွင့်လွှတ်ပါတော့ဗျာ..
“ ငယ်.. ဟို.. ယုန်လေး နေကောင်းရဲ့လား ညို..”
“ ………..”
ကျနော့်ကို ငေးကြည့်နေတဲ့ ညို့ပါးပေါ်မှာ မျက်ရည်မြစ်ကြီး စီးဆင်းနေပါပြီ။
“ ကျနော့်ကို ခွင့်လွှတ်ဘို့ မပြောပါဘူး ညို.. ဒါပေမယ့် ကျနော် တကယ် မသိခဲ့တာ.. ဘာမှ မသိခဲ့တာပါ..”
“ ဒီထက် သိစရာတွေ ရှိသေးတယ် ဆိုရင် ရော..”
“ ယုန်လေးနဲ့ ပတ်သက်ပြီးတော့လား..”
“ ………”
ညို ကျနော့်ကို ခေါင်းငြိမ့်ပြတယ်။
“ ယုန်လေးက ကျနော့် ဘဝပါ ညို.. ဒီလို ပြောဘို့..”
“ ………….”
“ ဒီလို ပြောဘို့..”
“ ………….”
“ ကျနော့်မှာ.. ဒီလို ပြောဘို့ အခွင့်ရေး ရှိရဲ့လား မသိပေမယ့်..”
“ ………...”
“ ယုန်လေးက ကျနော့် ဘဝပါ ညိုရယ်..”
“ ဒါဆို လိုက်ခဲ့ ပေးပါ..”
“ ………...”
“ ယုန့် အမေ နေရာကနေ တောင်းဆိုတာပါ နေနေ.. ညိုတို့ အတိတ် အားလုံးကို ချန်ထားပြီး..”
“ ………...”
“ ယုန်လေးဆီ လိုက်ခဲ့ပေးပါ.. နော်..”
...............................................................................
စကားအဆုံးရဲ့ နောက်မှာ နေ့ မျက်နှာကို ကျမ ငေးကြည့်မိတယ်။ မျှော်လင့်ခြင်းတွေ အပြည့်နဲ့ပါ။ သားသမီးအတွက် ပေးဆပ်ချင်တဲ့ မျှော်လင့်ခြင်း၊ ကိုယ့်သားသမီးကလွဲပြီး ကျန်တာဘာကိုမျှ မမြင်တော့တဲ့ အမေ တစ်ယောက်ရဲ့ အတ္တများစွာနဲ့ ပြည့်နေတဲ့ မျှော်လင့်ခြင်းပေါ့လေ။ တကယ်ဆို ကျမ အနေနဲ့ နေ့ကို ဒီလို မတောင်းဆိုသင့်တော့ဘူး မဟုတ်လား။ ကျမတို့ကြားမှာ ဘာ ပတ်သက်မှုမှ မရှိခဲ့ဖူးရင်တောင် နေ့ကို ခုလို လာမတွေ့သင့်ပါဘူး။ ဒါပေမယ့် သမီးလေးရဲ့ နောက်ဆုံး အချိန်တွေကို ကြည်နူးခြင်း အပြည့်နဲ့ ကုန်ဆုံးစေချင်မိတယ်။ ဒီလို လုပ်ပေးနိုင်တာ နေ တစ်ယောက်ပဲ ရှိလို့ပါ။ သမီးလေး မရိပ်မိပေမယ့် သူတို့ နှစ်ယောက် ဘယ်အတိုင်းတာထိ ပတ်သက်နေကြတယ် ဆိုတာ ကျမ သိတယ်လေ။
“ ကျနော် ဟိုဘက်အခန်း ခဏ သွားပြီး ဒါလေး တစ်ချက် ဝင်ပေးမယ်.. ချက်ချင်း ပြန်လာမယ်နော်.. ညို ဒီမှာပဲ စောင့်မလား..”
“ …..”
ကျမ အသံတိတ်ပဲ ခေါင်းငြိမ့် ပြလိုက်တယ်။ နေနေလည်း အရမ်း စိတ်လှုပ်ရှားနေတယ် ထင်ပါရဲ့။ လက်ဆွဲအိတ်ထဲက စာရွက်စာတမ်းတွေ ထုတ်နေတဲ့ လက်တွေက တဆတ်ဆတ်တုန် လို့လေ။ ပြီးတော့ ကွန်ပြူတာလေး ဆွဲထုတ်ပြီး ဖွင့်၊ မတ်တပ်ရပ်လျှက်ကပဲ ခါးကိုင်းပြီး ဖိုင်တွေ ဖွင့်ကြည့်လိုက် ပြန်ပိတ်လိုက်နဲ့။ ခဏ ကြာတော့ စာရွက်တွေရော ကွန်ပြူတာပါ ယူပြီး ဘေးအခန်းဆီ ခပ်သုတ်သုတ် ထွက်သွားတယ်။ နေ့ ကျောပြင်ကို ငေးကြည့်ရင်း ကျမစိတ်တွေ အတိတ်ဆီ ခဏ ရောက်သွား ရပြန်တယ်။
ကျမ အသက် ၃၀ ကျော်အရွယ်မှာ ခင်ပွန်း ဆုံးတယ်။ အဲ့ဒီတုန်းက သမီးလေးက ဗိုက်ထဲမှာပဲ ရှိသေးတာ။ ငွေကြေးကလည်း ပြောလောက်အောင် မပြေလည်၊ ကိုယ်ဝန်ဆောင် မုဆိုးမဘဝရဲ့ ခါးသီးတဲ့ နေ့တွေကို သားသမီး ဆိုတဲ့ ဇောနဲ့ ကျမ ကျော်ဖြတ်ခဲ့တာပါ။ ဒီလိုနဲ့ သမီးလေး သုံးနှစ်အရွယ်မှာ မောင် လို့ ကျမ ခေါ်ခဲ့ဖူးတဲ့ နေနဲ့ ဆုံတယ်။ မောင် ကျမကို သိပ်မြတ်နိုးတာ သိပေမယ့် အညွန့် တလူလူ တက်နေတဲ့ လူငယ်လေး တစ်ယောက်လေ။ အချစ်နဲ့ ဘ၀ ကို မခွဲခြားတတ်သေးတဲ့ ကလေး တစ်ယောက်ကို ကျမ ဘဝထဲ မခေါ်ရက်ခဲ့ပါဘူး။ ဒီလိုနဲ့ မောင့်ကို ရင်နာစွာ ကျောခိုင်း ခဲ့ရတယ်။ ကျမကို မျက်စေ့ကျ နေတဲ့ အလုပ်က သူဌေးနဲ့ လက်တွဲ ခဲ့တယ်။ ဒုတိယ အိမ်ထောင်ကို ထူထောင်မိတာ အရွယ်ကောင်း မိန်းမသား တစ်ယောက်တည်း ရုန်းကန်ရတဲ့ ဘဝ၊ ပင်ပန်းခက်ခဲလို့၊ လူသူ မလေးစားလို့ ဆိုတာထက် ကိုယ်တိုင်ကပဲ ဘဝကို အလွယ်လိုက်ခဲ့မိလား မပြောတတ်ပါဘူး။
အားကိုးရာ တစ်ခု ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထူထောင်မိတဲ့ အိမ်ထောင်သစ်က ပြောလောက်အောင် မဆိုးရွား ခဲ့ပေမယ့် သက်တောင့်သက်သာ မရှိခဲ့တာတော့ အမှန်ပဲ။ အကိုကြီး (ကျမရဲ့ ဒုတိယ ခင်ပွန်း) မှာ ထူးဆန်းတဲ့ လိင်ဝါသနာတွေ ရှိနေတယ်လေ။ သူ့ စိတ်က ပုံမှန် အချိန်ဆို သာမန်ပေမယ့် အိပ်ရာထဲက ကိစ္စဆီ ရောက်ရင် အရမ်း ပြင်းထန်တယ်။ အဆိုးဆုံးက ကျမကို တခြားယောင်္ကျားတွေနဲ့ ပေးဆက်ဆံချင်တဲ့ ဆန္ဒ ပေါ့။ အိမ်ထောင်သက် ခြောက်လလောက်မှာ အဲ့ဒီကိစ္စ ဖြစ်လာတာ။ ကျမနဲ့ ဆက်ဆံချိန် သူ အမြဲ မေးတတ်တာ သူ့ မတိုင်ခင်က ကျမ အိမ်ထောင်ဦးနဲ့ ဘယ်လို နေခဲ့ ထိုင်ခဲ့တယ် ဆိုတာတွေ။ သူ့ စိတ်ကို ကျမ ဘယ်လိုမှ နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် သူ မေးသမျှ ကျမ ပြန်ပြောပြရင် အရမ်း သာယာတတ်တာ သဘောကျတတ်တာတော့ သိတယ်။ ဒီလိုနဲ့ပဲ ကျမ အတိတ်ကို မေးရင်း နေ နဲ့ ကိစ္စပါ အကိုကြီး သိ သွားတယ်။ ကျမဘက်က မျက်နှာပူ အားနာ မိပေမယ့် သူကတော့ ဒါကိုပဲ ထီဆုကြီး ပေါက်သလို တွေးနေတော့တာ။
“ ပြောပြ ကွာ ညိုလဲ့.. ချာတိတ် ငယ်ငယ်လေးက ညိုလဲ့ကို ဘယ်လိုတွေ လုပ် လဲ..”
“ အကိုကြီးကလည်း..”
“ အကိုကြီး သိချင်လို့ပါ ညိုလဲ့ရယ်.. ပြောပြစမ်းပါ..”
ကျမ စိတ်တွေ ထူပူ အိုက်စပ်လာတဲ့အထိ သူ မေးတတ်တယ်လေ။ မပြောမချင်းလည်း မပြီးဘူး။ နောက်ဆုံး ကျမ မပြောရင် သူ့ ပစ္စည်းနဲ့ ကျမ ပါးစပ်ကို အပြီးထိ ဆက်ဆံတာ။ မခံနိုင်တဲ့ အဆုံးတော့ ကျမလည်း သူ့စိတ်တိုင်းကျ ပြောပြခဲ့ရတာပါပဲ။ ကျမ စိတ်ပါလက်ပါ ပြောပြီ ဆိုမှ သူ့ ကိုယ်ကြီးနဲ့ မိုး ပြီး နေရာ ယူတော့တယ်။ ကျမ ပစ္စည်းလေးဆီ သူ့ တန်ဆာကြီး တေ့ ပြီး ကျမ ပြောသမျှ နားထောင်လိုက်၊ ဒီလို လား ဆိုပြီး မေးရင်း လုပ်လိုက်။ ဒီလို နေရတာ သူ သိပ် အားရတယ်တဲ့လေ။ ကျမ ဘက်ကလား။ ရင်နဲ့အမျှ ချစ်ခဲ့ရသူကို ကျောခိုင်းခဲ့ရပြီးမှ တခြားတစ်ယောက် ရင်ခွင်ထဲ လာနေရတဲ့ ကျမ။ မခံစားနိုင်လွန်းလို့ မေ့ဘို့ ကြိုးစားခဲ့တဲ့ အကြောင်းအရာတွေကို ထမင်းစားရေသောက် ကိစ္စ တစ်ခုလို ပြောပြနေရတဲ့ ကျမ ဘက်က ခံစားချက်က ဘယ်လို ဖြစ်နေမယ် ထင်လဲ။
ကျမတို့ မိန်းမသား အများစုက (ရမ္မက်စိတ်အား ပြင်းထန်တဲ့ မိန်းမတွေကလွဲရင်) အချစ်မပါတဲ့ လိင်ဆက်ဆံရေးကို သာယာနိုင်ခဲပါတယ်။ ခန္ဓာကိုယ် သဘာဝနဲ့ သွေးသား လှုံ့ဆော်မှု အာသီသကြောင့် ကိစ္စတစ်ခု ပြီးသွားတာပဲ ရှိမယ်လေ။ ကိုယ့်ချစ်သူနဲ့ ချစ်ရသလို ကြည်နူးချိုမြိန်တဲ့ အရသာတော့ ဘယ်ရှိမလဲ။ ဒီကြားထဲကမှ ကိုယ် စွန့်ခဲ့ရတဲ့ ချစ်သူနဲ့ နေခဲ့တာတွေ အသေးစိတ် ပြောရင်းဆိုတော့…. ။ မထူးတော့တဲ့ ဘဝကို အဆုံးထိ ဆက်လျှောက်မယ် ဆိုတဲ့အတွေးနဲ့ အကိုကြီး အလိုကျ သရုပ်ဆောင် ပြခဲ့ပေမယ့် ကျမ အတွက်တော့ ကုတင်ပေါ်က အချိန်တိုင်းဟာ တကယ့် ငရဲ ပါပဲ။
ထူးဆန်းတဲ့ သူ့ လိင်စိတ်တွေနဲ့ ပတ်သက်ပြီး ကျမ စိုးရိမ်မိတာ သမီး ယုန်လေးကို။ ခေတ်ကလည်း လိင်မှုရေးရာ ယုတ်မာမှုတွေက ခပ်များများ။ ငါ့သမီးလေးကိုများ မတော်တရော် ကြံစည်လိုက်ရင် ဆိုတဲ့ စိုးစိတ်ပေါ့။ ယုန့် အဘွား၊ ကျမ အမေ ကလည်း ကျမ အိမ်ထောင်သစ် ထူ အပြီးမှာ တရားရိပ်အောက်ပဲ နေချင်ပြီ ဆိုပြီး ရိပ်သာတွေမှာ အနေများလာတယ်။ ကျမလည်း ပင်ကိုယ် အဖော်မဲ့ရှာတဲ့ သမီးလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိပ်ခန်း ခွဲပေးပြီး သီးသန့် ထားပေးခဲ့မိတယ်။ ကျမတို့ လင်မယားနဲ့ အတူသိပ်ရင် မလုံခြုံမှာ စိုးတယ်။ နောက်တစ်ချက်က၊ အကိုကြီး ကြမ်းတမ်းတာတွေ ကလေး မြင်သွားမှာ စိုးတယ်။ သမီးကို အိပ်ခန်း ခွဲပေးပြီး တံခါးကို အတွင်းဘက်က ဖွင့်နိုင်အောင် ဒိုးလော့ တပ်ပေးထားတယ်။ ကလေးအိပ်သွားရင် အခန်းကို သော့ခတ်ပြီး သော့ကို ကျမပဲ သိမ်းထားတယ်။ ညဘက်တွေ၊ အိမ်မှာ အကိုကြီး ရှိနေတတ်တဲ့ ပိတ်ရက်တွေ သူ့ အရိပ်အချည် ကြည့်ရင်း သမီးကို ကာကွယ်ရင်း ပေါ့လေ။
သူ နဲ့ သမီးလေးကြားမှာ ကျမ စိုးရိမ်သလို ကိစ္စ ဖြစ်မလာပေမယ့် အရွယ်ငယ်သေးတဲ့ သမီးလေး အတွက်က ကျမ လုံး၀ ထည့်မတွေးခဲ့မိတဲ့ အထီးကျန်ခြင်း ဝေဒနာလေး တစ်ခု စွဲကပ် သွားခဲ့တာပေါ့။ သမီးလေးခမြာ တီတီတာတာ ချွဲနွဲ့ရမယ့်သူ မရှိ၊ အတူဆော့ အတူကစား၊ နောက်ဆုံး ကလေးတို့ သဘာ၀ မေမေ့အိပ်ရာဝင် ပုံပြင် ဆိုတာတောင် မရှိဘဲ ကြီးပြင်း လာခဲ့ရရှာတယ်။ မျက်ရည်လေး စို ပြီး တစ်ယောက်တည်း အိပ်ရာဝင်ရရှာတဲ့ သမီးလေး။ ညည့်နက် သန်းခေါင်တွေမှာ သူ့အနား လာဖက်အိပ် ပေးတတ်တဲ့ ကျမကို မသိရှာဘူးလေ။ အရွယ်လေး ရောက်လာတော့ လင်နားပဲကပ် လင့်အရိပ်ပဲ ကြည့်နေတတ်တဲ့ ငါ့ အမေ ဆိုပြီး ကျမကို မုန်းတာပေါ့နော်။ စကားလည်း နည်းသထက် နည်းလာပြီး အချိန်တိုင်း တကုပ်ကုပ် စာအုပ်တွေနဲ့ပဲ နပန်းလုံး နေတတ်တော့တာ။
ဒီလိုနဲ့ တစ်နေ့မှာ အကိုကြီးရဲ့ တောင်းဆိုမှု တစ်ခုက ကျမ ဘဝကို အမှောင်ထုထဲ တွန်းပို့ခဲ့တယ်။ ကျမ ငြင်းပေမယ့် သူပြောသလို လုပ်မပေးရင် ကျမတို့ မိသားစု ဘဝကြီး ပျက်မှာ။ သူလည်း ထောင်ထဲ ရောက်မှာတဲ့။ အလုပ်ထဲမှာ ငွေကြေး အရှုပ်အရှင်းတွေ ဖြစ်လာလို့ လုပ်ငန်းရှင် အချင်းချင်း ပြသနာ တက်ကြတယ်တဲ့။ တစ်ဘက်လူက သူတောင်းတာ မပေးရင် အကိုကြီးကို ဘ၀ ပျက်သွားအောင် လုပ်ပစ်လိုက်လို့ ရတယ်တဲ့လေ။ သူလိုချင်တာ ဘာလဲ ဆိုတော့ အကိုကြီး မိန်းမ၊ ကျမကို အကိုကြီး ရှေ့မှာ လိင်ဆက်ဆံခွင့်။ ကျမ သွေးပျက် ခြောက်ခြားခဲ့ရပေမယ့် အကိုကြီး ကိုယ်တိုင်ကတော့ ဒီကိစ္စကို လိုလိုလားလား ဖြစ်စေချင်ခဲ့တယ်။ သူ့ရှေ့မှာ ကျမ တခြားတစ်ယောက်နဲ့ လိင်ဆက်ဆံ နေတာကို ထိုင်ကြည့်ဘို့ သူ့ အနေနဲ့က ဘာမှ ဖြစ်မသွားဘူး၊ ကျမဘက်က မလိုက်လျောရင်သာ သူ့ ဘဝကြီး ပျက်မှာ ဆိုတဲ့သဘော ကျမကို ပြောလာတယ်။ နောက်ဆုံးတော့ ဒီလို ထူးဆန်းတဲ့ အပေးအယူကြီးကို ကျမ ရင်နာစွာပဲ လက်ခံခဲ့ရတယ်။
ကျမ အဲ့ဒီတုန်းက တွေးမိတာ.. ငါ့ဘဝက သွေးသားဈေးသည်၊ သွေးသား ဈေးသည်တောင်မှ ကိုယ့်ခန္ဓာကိုယ် ကာကွယ်ခွင့် မရှိတဲ့ ဈေးအပေါဆုံး အဆင့် ရောက်မှန်းမသိ ရောက်နေပါပေါ့လား လို့လေ။ အကိုကြီးက ကျမကို သူ့ ဝါသနာနဲ့ အတူ မြောပါဘို့ အမျိုးမျိုး ကျုံးသွင်းပါတယ်။ ဒီကိစ္စက ထူးဆန်းပေမယ့် လူ့သဘာ၀ တစ်ချို့ ဆိုတာ ကျမ သိအောင် သင်ပေးတယ်။ ရှင်းပြတယ်။ ဒါကို သာယာတဲ့ မိန်းမတွေလည်း ရှိတယ်ပေါ့။ ဟုတ်မှာပါ။ ဒါပေမယ့် အခြေအနေချင်း လူချင်း တူမှ မတူတာ။
ကျမ လေ့လာမိသလောက် ဒီလိုဝါသနာကို လင်နဲ့မယား တက်ညီလက်ညီ ရှိကြတဲ့ စုံတွဲအများအားဖြင့်က တကယ်ချစ်လို့ လက်တွဲ ထားကြသူတွေလေ။ အတိတ်က ဖြစ်ရပ်တွေအပေါ်မှာ ဆွေးမြေ့ ေနေကြသူတွေ မဟုတ်ဘူး။ အတိတ်ကို ပြန်မတွေးရဲ လောက်အောင် ရင်နာ စိုးထိတ် နေကြသူတွေလည်း မဟုတ်ကြဘူး။ သူတို့က လက်ရှိအိမ်ထောင်ကို အကောင်းဆုံး ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်ထားကြတာ။ ရည်းစားဟောင်းထက် သာတဲ့သူ ဒါမှမဟုတ် ပိုချစ်ရတဲ့သူကို လင်ယောင်္ကျား အဖြစ် ရွေးချယ် ထားကြတာ။ သူတို့အတွက် ရည်းစာဟောင်း ဆိုတာက ကိုယ်နဲ့ မတော်တော့လို့ စွန့်ပစ်လိုက်ရတဲ့ အဝတ်လိုပဲ။ ဒီတော့ ရည်းစားဟောင်းနဲ့ အကြောင်းတွေ ပြန်ပြောရလို့ စိတ်ထိခိုက်စရာ ဘာ ရှိမှာလဲ။ ကျမ အနေနဲ့က ကျမ ချစ်လို့ လက်ထပ်ခဲ့တဲ့ ခင်ပွန်းနဲ့ သေကွဲ ကွဲခဲ့ရတာ။ ဒုတိယမြောက် ချစ်ရသူကိုလည်း ချစ်လွန်းလို့ ရင်နာနာနဲ့ စွန့်လွှတ်ခဲ့ရတာ။ အကိုကြီးကို လက်တွဲခဲ့တယ် ဆိုတာလည်း အားကိုးရှာချင်တာ အပြင် နေ နဲ့ ကျမ ဝေးသထက် ဝေးသွားစေဘို့ ရည်ရွယ်တဲ့ အကြောင်း တစ်ရပ်ပဲ။
အကိုကြီး အရိပ်မှာ နေနေပြီး ရင်ထဲမှာ သူ့အတွက် ပေးစရာ အချစ် မရှိတော့လို့ ကျန်တာမှန်သမျှ တတ်စွမ်းသမျှ ပေးဆပ်မယ်လို့ ကျမ ဆုံးဖြတ်ထားပါတယ်။ သူ့ အစီစဉ်ကို ကျမ လက်ခံ ပေးလိုက်လို့ အကိုကြီး သဘောတွေ ကျနေတယ်လေ။ ဘယ်ကိစ္စ မဆို အလိုတူမှသာ သာယာမှု ဖြစ်နိုင်မယ်။ တစ်ဘက်သတ် ဆန္ဒတိုင်းဟာ တစ်ဘက်ကို သတ် နေသလိုပဲ ဆိုတာကို အကိုကြီး ထည့်တွေးခဲ့ပုံ မရပါဘူး။
...................................
အဲ့ဒီနေ့က အဖြစ်ဆိုးတွေကို ကျမ ဘယ်လိုမှ မမေ့ခဲ့ဘူး။ နေ့လည် သမီးလေး ကျောင်းသွားနေတဲ့ အချိန် ဧည့်သည် ဆိုတဲ့လူကို ခေါ်ပြီး အိမ်ပြန်လာတယ်။ ကြိုတင်စီစဉ်ထားပြီးသား၊ သဘောလည်း တူထားပြီး သားပေမယ့် တကယ် ရင်ဆိုင်ရချိန်မှာ ကျမ အဖြစ်က သေဒဏ်ကျ တရားခံ တစ်ယောက် လိုပါပဲ။ လူကြီးလူကောင်းဆန်ဆန် သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ လူတစ်ယောက် ကျမ အိပ်ခန်းထဲ ရောက်လာတယ်။ အကိုကြီးနဲ့ အတူပေါ့။ ကုတင်စွန်းမှာ ထိုင်နေတဲ့ ကျမနားကို သူ လာထိုင်တယ်။ အဆုံးထိ သဘောတူညီမှု ယူပြီးသားပီပီပဲ အချိန် ဆွဲ မနေပါဘူး။ ဘယ်တုန်းကတည်းက လိုချင်နေမှန်း မသိတဲ့ သူ့လက်တွေ ကျမ ပေါင်တစ်ဘက်ကို လာကိုင်တယ်။ အိပ်ရာခင်းကို ကျစ်ကျစ်ဆုပ်ထားမိတဲ့ ကျမလက်တွေကတော့ အေးစက် တုန်ရီနေခဲ့ပါတယ်။ အကိုကြီးက ကျမ နောက်ကျောကို လာထိုင်ပြီး ဝတ်ထားတဲ့ အကျီကို ချွတ်ပစ်တယ်။ ပြီးတော့ ဘရာလေးရယ်။
ကိုယ်အပေါ်ပိုင်း ဗလာ ဖြစ်သွားတဲ့ ကျမကို နောက်က ပွေ့ထားရင်း လက်နှစ်ဘက်က ကျမ နို့သီးခေါင်းလေးတွေကို ဖွဖွ ညှစ်ချေပေးတယ်။ ကျမ ခန္ဓာကိုယ်ကို ယောင်္ကျား နှစ်ယောက် ရှေ့မှာ ခုလိုကြီး ချွတ်ပြဖြစ်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ ကျမ ရင်တွေ ပူပြီး အသက်ရှုတွေ ကြပ်လာလိုက်တာ လူတစ်ကိုယ်လုံး မီးခိုးငွေ့ ဖြစ်သွားမတတ်ပါပဲ။ ဒါပေမယ့် ခဏနေရင် ခုထက်ဆိုးတဲ့ လောင်မြိုက်မှုမျိုး ခံစားရတော့မယ် ဆိုတာ ကျမ သိနေတယ်။ ဘာပဲဖြစ်ဖြစ် အဆုံးထိ၊ အဆုံးထိ သွားရမှာပါ။ သွားဘို့ ဆုံးဖြတ်ခဲ့ပြီပဲလေ။ ရင်ထဲက ဝမ်းနည်းမှုကတော့ အတိုင်းအဆမဲ့ပါပဲ။
နှလုံးသားကနေ စတင် ငိုရှိုက်မိချိန်မှာ ဟိုလူက ကျမ ပေါင်ကြားမှာ နေရာယူဘို့ ပြင်ပြီလေ။ ကျမလည်း မျက်နှာကို နောက်ပြန် လှည့်ပြီး အကိုကြီး လည်ပင်းကြားမှာ ဖွက်ထားမိတယ်။ လုပ်ချင်သလိုသာ လုပ်ကြပါစေတော့။ ကျမ ထမီကို ချွတ်လိုက်တာ ဟိုလူလား အကိုကြီးလား ကျမ မသိလိုက်ပါဘူး။ သိလည်း မသိချင်တော့ဘူး။ ရင်ထဲမှာ အတောင့်တဆုံးအရာက ဒီအချိန်တွေ မြန်မြန် ကုန်သွားဘို့ ပဲ။ “စိုရွဲ ဖောင်းကားနေတာပဲ ကွာ.. မင်းမိန်းမ ခံချင်နေပြီထင်တယ်.. ငါလည်း လိုးချင်လာပြီ..” ။ ဟိုလူ ပြောလိုက်တဲ့ စကားပါ။ ကျမ နှလုံးသားထဲက ဆစ်ကနဲ ကျဉ်သွားတယ်။ မိန်းမတစ်ယောက်ရဲ့ ပစ္စည်း စိုလာရင် အလိုးခံချင်လို့ပဲ ဆိုပြီး ဘာကြောင့်များ တရားသေ မှတ်ကြပါလိမ့်နော်။
မ သဘာ၀ ခန္ဓာ တည်ဆောက်ပုံအရ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ထက် ပိုနေတဲ့ ကိစ္စနဲ့ ရင်ဆိုင်ရရင် (လိင်ကိစ္စရယ်လို့မှ မဟုတ်) ဒီလိုပဲ မိန်းမကိုယ်တွေ စိုလာ တတ်ကြပါတယ်။ ကားအက်ဆီးဒင့်လို ထိတ်လန့်စရာမျိုး အပါအဝင်ပေါ့။ အချို့ မိန်းကလေးတွေဆို ထိတ်လန့်စရာ တစ်စုံတစ်ခုနဲ့ ကြုံရင် အဖြူဆင်းတာတို့ ရာသီသွေး ကမောက်ကမ ဖြစ်လာတာတို့ပါ ဖြစ်တတ်တယ်။ တကယ်တမ်း သားအိမ် ဆိုတာ ကျမတို့ မိန်းမသားတွေအဘို့ စိတ်လှုပ်ရှားမှုဆိုင်ရာ ခံစားချက် အားလုံးနဲ့ ဆက်စပ်နေတဲ့ ခန္ဓာ အစိတ်အပိုင်း တစ်ခုပါ။ စိတ်လှုပ်ရှားတယ် ဆိုတာထဲမှာလည်း လိုချင်တာရော မလိုချင်တာရော အကုန် ပါတယ်လေ။ ဒါကို မသိတဲ့သူတွေက မိန်းမကိုယ်က အရည်ထွက်တာ မြင်ရင်ပဲ မိန်းမတွေ ခံချင်ပြီလို့ တွေးကြတယ်။ အနားနား ရှိတာနဲ့ ကောက်ထိုးလည်း သာယာ လိမ့်မယ်များ တွေးကြလေသလားပဲ။ အခုလည်း ကျမစိတ်ထဲမှာ ဝမ်းနည်းနာကျဉ်မှုကြောင့် လှုပ်ရှား လာလို့ ကျမ ပစ္စည်းထဲက အရည်တွေ စိမ့်ကျနေပေမယ့် ဆုတောင်း နေမိတာကတော့ ခုနေ နှစ်ယောက်လုံး ဒီအခန်းထဲက ထွက်သွားရင် အတော်ကောင်းမှာလို့လေ။
မဖြစ်နိုင်တဲ့ ဆုကို တောင်းနေမိစဉ်မှာပဲ လူစိမ်းရဲ့ ကိုယ်လုံးတီးကြီးက ကျမ ပေါင်ကြားမှာ နေရာယူလိုက်ပါပြီ။ အကိုကြီးကတော့ ကျမကို ပွေ့ထားရင်း ကိုယ်အပေါ်ပိုင်းကို ပွတ်သပ်ပေးနေတယ်။ သူ ပြဖူးတဲ့ ရုပ်ရှင်တွေ ထဲကလိုလေ။ တကယ်ပဲ ဒါကို လက်ခံနိုင်တဲ့ မိန်းမတစ်ယောက် ဆိုရင်တော့ ဒီအခြအနေကို သာယာကောင်း သာယာပါလိမ့်မယ်။ ကျမရော.. မထူးတော့တဲ့ အခြေနေတစ်ခုမှာ သူတို့နဲ့အတူ လိုက်ပါ စီးမြောလိုက်ရမလား။ ဒီအတွေးနဲ့ပဲ သာယာခြင်းကို ခံစားကြည့်ဘို့ ကြိုးစားကြည့်တယ်။ ဒါပေမယ့် အရာမထင်ပါဘူး။ အကိုကြီးရဲ့ ဝါသနာဆန်းကို စ သိကတည်းက အနေရခက်ခဲ့တဲ့ ကျမ အတွက်တော့ အထိအတွေ့တိုင်းက တကယ့် ငရဲပါပဲ။ လိင်သာယာမှုကို ထူးပြီး မတပ်မက်တော့တဲ့ ကျမ ပစ္စည်းကလည်း သဘာဝအရ ချောဆီတွေ စိမ့်ကျ နေပေမယ့် ခံစားချက်အရ ဘာမှ ထူးထူးခြားခြား တောင့်တ မလာပါဘူး။
လူစိမ်းရဲ့ လက်တစ်ဘက်က ကျမ ပေါင်တွင်းသားတွေကို ဖွဖွ ပွတ်နေတယ်။ ကျန်တဲ့ တစ်ဘက်က ကျမ ညီမလေးကို အုပ်ကိုင်လို့ပေါ့။ ဒီနေ့မှ တွေ့ဖူးတဲ့ သူစိမ်း တစ်ယောက်ရဲ့ လက်ဖဝါး အောက်မှာ ကျမ ဆီးခုံ အိအိဖောင်းဖောင်းလေး ချွေးတွေ စို့လာခဲ့ပါတယ်။ တကိုယ်လုံးပေါ် ပိုးကောင်တွေ တရွရွ တက်လာသလို တရှိန်းရှိန်းနဲ့ ။ အနေရ ခက်လွန်းလို့ ကျမကို သနားကြပါ လို့ အော်ပစ်ချင်လာတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ ပစ္စည်းကြီးက ကျမ ကိုယ်ထဲ တအိအိ တိုးဝင်နေပါပြီ။ နောက်က ဖက်ပေးထားတဲ့ အကိုကြီးလည်း ကျမကို အသာချပြီး သူ့ အဝတ်အစားတွေ ချွတ်လို့ ။ ကျမကတော့ နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားရင်း မျက်ရည်တွေ တလိမ့်လိမ့် ကျနေခဲ့တယ်။ “အရမ်း ကောင်းတယ် ကွာ.. စီးပိုင် နေတာပဲ.. ညှစ်အားကလည်း ရှယ်..” လူစိမ်းက ကျမကို သဘောတွေ ကျနေတာလေ။ သူ သဘောကျနေတဲ့ ကျမ ညီမလေးရဲ့ ညှစ်အားက သူ့ကို သာယာ စေချင်လို့လား၊ အလိုမတူဘဲ မုဒိမ်းကျင့်ခံရလို့ အတင်းကျိတ်မှိတ် ညှစ်ထားတာလား ဆိုတာ ကျမ ကိုယ်တိုင်ပဲ သိပါတယ်။ အထိအတွေ့တိုင်းက ကျမအတွက် ငရဲဖြစ်နေပေမယ့် တဏှာစိတ် တစ်ခုပဲ သိတဲ့ သူတို့အတွက်ကတော့ တကယ့် နိဗ္ဗာန်ပေါ့။
နောက်တော့ အကိုကြီးက အဝတ်မဲ့ ကိုယ်လုံးတီးနဲ့ ကျမခေါင်းရင်းဘက် လာထိုင်တယ်။ “ကောင်းရဲ့လား ညိုလဲ့.. စိတ် လျှော့ ထားလေ..” ချွေးတွေနဲ့ စေးကပ် နေတဲ့ ကျမ နှဖူးစပ်က ဆံပင်တွေ သပ်ပေးရင်း သူ ပြောတယ်။ တကယ့်ကို သူ ကျမကို ပြ နေကျ ရုပ်ရှင်တွေထဲက အတိုင်းပါပဲ။ ကျမ နှုတ်ခမ်းတွေကို ငုံ ပြီး ဖွဖွ စုပ်နမ်းတယ်။ လက်တစ်ဘက်က နို့အုံကို ပွတ်သပ်ရင်း နို့သီး ထိပ်လေးတွေကို ချေ ပေးနေတယ်။ “ကြည့်စမ်း.. အကိုကြီး မိန်းမ လှလှလေးကို အကိုကြီး သူငယ်ချင်းက လိုးပေးနေတာ..” သူ ထပ်ပြောပြန်တယ်။ ကျမ စိတ်တွေ ပိုပိုပြီး မွန်းကြပ်လာရပါတယ်။ “အကိုကြီး ရယ်..” ငိုသံမပါအောင် ထိန်းထားရတဲ့ ကျမ အသံလေ။ ဖြစ်နိုင်ရင် ဒီနေရာကနေ အမြန်ဆုံး လွတ်မြောက်အောင် ထွက်ပြေး လိုက်ချင်ပါတယ်။ ကျမကို သနားကြပါ.. လွှတ်ပေးပါတော့ နော် လို့ တောင်းပန် လိုက်ချင်မိတယ်။ ဒါပေမယ့် ငိုချင်စိတ်ကို ထိန်းထားရတဲ့ ကျမ စကားက ရှေ့ဆက် ထွက်မလာပါဘူး။ ကျမ သိတယ်။ ကျမ ခုလို တုန်ရီ နေတာကိုက အကိုကြီးအတွက် ကျေနပ်စရာ သာယာမှုလေ။ သူ့မျက်နှာကို မော့ကြည့်နေတဲ့ ကျမ မျက်ဝန်းတွေမှာ သူ့အတွေးနဲ့သူ မြင်နေတာက ကျမ သူ့ကို အားနာနေလို့ မသာယာနိုင်သေးတာ.. ဒါမှမဟုတ် အားနာမှုတွေ စွက် နေတဲ့ သာယာခြင်းပေါ့။
“ စိတ်လျှော့ပြီး ခံစားလိုက်.. အကိုကြီး သူငယ်ချင်းက ညိုလဲ့ကို ကောင်းကောင်း လိုး ပေးမှာ.. နော်..”
အကိုကြီး စကား အဆုံးမှာ လူစိမ်းရဲ့ လှုပ်ရှားမှုတွေ မြန်လာတယ်။ သူ ပြီးတော့မှာလား.. ပြီးသွားပါစေ.. မြန်မြန် ပြီးသွားပါစေ.. ။ ကျမ ဆုတောင်း မပြည့်ပါဘူး။ သူ့ ကြည့်ရတာ အခွင့်အရေး ရတုန်း ကျမကို ပုံစံ မျိုးစုံနဲ့ လုပ်သွားချင်ပုံပဲ။ သူတို့ချင်း ဘယ်လို အချက်ပြလိုက်လဲ မသိပါဘူး။ အကိုကြီးက ကျမကိုယ်လုံးကို ဆွဲ ပွေ့ပြီး မှောက်ခုံ ပုံစံ ပြောင်းယူတယ်။ အင်းပေါ့.. တင်စိုင် ထွားတဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ပိုင်းအလှကို ကြည့်ရင်း နောက်ကနေ လုပ်ချင်တာ မဆန်းပါဘူး။ လူစိမ်းက အကိုကြီး နေရာ ချပေးတဲ့ ကျမ ကိုယ်လုံးကို စိတ်ကြိုက် ပြင်ယူတယ်။ ကျမအဘို့ အရှက် ကုန်ရတာချင်းတူတူ ကိုယ့်မျက်နှာကို နှစ်ယောက်လုံး မမြင်အောင် ဖွက်ထားခွင့် ရတယ်ပဲ တွေးလိုက်ပါတယ်။
ခေါင်းအုံးဆီ မျက်နှာအပ်ပြီး ငိုချဘို့ ကြံစည်မိတုန်း အကိုကြီးက ကျမ မျက်နှာရှေ့ကို လာ ခွ ထိုင်တယ်။ ထိုးထောင် ထွက်နေတဲ့ သူ့ပစ္စည်းကြီးကို ကျမ ပါးစပ်ဆီ လာတေ့ရင်းလေ။ သူ ဘာလိုချင်လဲ ကျမ သိလိုက်ပြီပဲ။ ကျလုလု မျက်ရည်တွေက ကျမ ပါးပြင်မှာ ချွေးစက်တွေနဲ့ ရောထွေးနေတယ်။ ဘာမှ မတွေးတော့ပါဘူး ခါတိုင်းထက် ပိုကြီးပြီး ပို ပူ နေသလို ဖြစ်နေတဲ့ အကိုကြီး အတံကြီးကို ငုံလိုက်တယ်။ အနောက်က ဆောင့်သွင်းနေတဲ့ ဒဏ်ကို အံကျိတ်ခံရင်း အကိုကြီး ပစ္စည်းကို စုပ်ပေးနေလိုက်တော့တယ်။ နောက်က နာလွန်းတဲ့ တချက်နှစ်ချက် ပါးစပ်ထဲကဟာကို သွားနဲ့ ခဲမိတယ်။ အကိုကြီး က ဒါကို ကြိုက်တယ် ထင်ပါရဲ့။ ကျမ ဆံပင်တွေကို စုကိုင်ပြီး သူ့ ပစ္စည်းကြီး ကော့ကော့သွင်းတာ လည်ချောင်းထဲက ကွဲမတတ် နာကျင်ရပါတယ်။ ကျမ တကိုယ်လုံး နာကျင် အောင့်မြက်နေသလို မျက်နှာ တစ်ခုလုံးလည်း မျက်ရည်တွေ ချွေးတွေ အလိမ်းလိမ်းပေါ့။ သူတို့ကတော့ အကျေနပ်ကြီး ကျေနပ်ကြပုံပါပဲ။ နောက်ဆုံး တစ်ယောက်က ကျမသားအိမ်ထဲမှာ တစ်ယောက်က ပါးစပ်ထဲမှာ ကိစ္စ ပြီးသွားကြတယ်။ ဟိုလူ ပြန်သွားပြီးတဲ့အထိ အကိုကြီးက ကျမကို ဖက်ထားပြီး တယုတယ အနမ်းတွေ ပေးရင်း ချော့ တယ်လေ။ ပင်ပန်း နာကျင် လွန်းတာကလွဲပြီး ဘာမှ မသိတဲ့ ကျမကတော့ သူ့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားတယ် .. ။
အချိန်တွေ ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘူး။ ကျမ ဖြပ်ကနဲ လန့်နိုးတော့ မိုးချုပ်နေပြီ။ သမီးရော.. သမီး ပြန်ရောက်ပြီလား.. ။ အိပ်ရာထဲက ကုန်းရုန်းအထမှာ အောက်ထပ် ဧည့်ခန်းဆီက ဖုန်းသံ မြည်လာတယ်။ သမီးလေး ကားတိုက်ခံရလို့ ဆေးရုံကြီး အရေးပေါ် ဌာန မှာ တဲ့..။ ကျမ အော်ငိုမိတယ်.. သမီးရေ.. မေ့ သမီးလေး ယုန်လေး ရေ.. ယုန်လေး ဘယ်မှာလဲ..
............................................................................................
“ ယုန်လေး ဘယ်မှာလဲ ညို..”
အခန်းထဲ ပြန်ဝင်လာတဲ့ နေ့ အမေးစကားကြောင့် ကျမ စိတ်တွေ လက်ရှိအချိန်ကို ပြန်ရောက်လာတယ်။
“ သွားကြမယ်လေ..”
နေ့ကို ခေါင်းပြန်ညိမ့်ပြလိုက်ပြီး နှစ်ယောက်သား ထွက်လာခဲ့ကြတယ်။
..................................................................................................................
“ ဧည့်သည် ပါလာပြီ ဆရာမ.. လာလေ နေ..”
သမီးအတွက် ငှားပေးထားတဲ့ နာ့စ် လေးကို ပြောလိုက်ရင်း နေ့ကို အခန်းထဲ ခေါ်လိုက်တယ်။ ဆရာမလေးက ခေါင်းငြိမ့် နှုတ်ဆက်ရင်း “အိပ်ပျော်နေတယ် အန်တီ.. နိုးတော့မယ် ထင်ပါတယ်.. ကျမ အပြင်မှာရှိမယ်နော်.. လိုရင်ခေါ်လိုက်ပါ..” လို့ ပြောပြီး အိပ်ခန်း အပြင်ဘက် ထွက်သွားပေးတယ်။ ကျမလည်း သမီးကုတင်ဆီ တစ်လှမ်းခြင်း လျှောက်သွားတဲ့ နေ့ ခြေလှမ်းတွေကို ကြည့်နေလိုက်မိတယ်။
“ ငယ် ရယ်..”
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သမီး လက်လေးကို ကိုင်ပြီး တိုးတိုးလေး ရေရွတ်လိုက်တဲ့ နေ့ အသံက ကျမ ရင်ထဲကိုပါ နင့် သွားစေပါတယ်။ အလာလမ်း တလျှောက်လုံးမှာ သမီးလေး မပြောဖြစ်ခဲ့တဲ့ သူ့ အတိတ်တွေ၊ လက်ရှိ ကျန်းမာရေး အခြေအနေ အားလုံး နေ့ကို ကျမ ပြောပြခဲ့တယ်။ နေ နဲ့ ပတ်သက်ပြီး ခံစားရသမျှ ရေးထားတဲ့ ဒိုင်ယာရီလေးလည်း အိမ်ပြန်ရောက်ရင် ဖတ်ပါ ဆိုပြီး ပေးခဲ့တယ်။ အကြောင်းအရာ အားလုံး မဟုတ်တောင် သမီးရဲ့ လက်ရှိ အခြေအနေက နေ့ကို ရင်နာစေမှာ အမှန်ပဲ။ ဟိုး ငယ်ငယ်လေးကတည်းက ခဏခဏ ခေါင်းကိုက် တတ်တာတွေ၊ အရွယ်လေး ရလာတော့ မူးလဲ သတိလစ် ဖြစ်တတ်တာတွေ။ ဒါတွေက စာကျက်လွန်လို့၊ အိပ်ပျက်လို့ အာရုံကြော အားနည်းလို့၊ နောက်ဆုံး တစ်ယောက်တည်း အထီးကျန် နေတတ်တဲ့ စရိုက်ကြောင့် ဖြစ်လာတဲ့ စိတ်ဝေဒနာ တစ်မျိုး ဆိုပြီး ထင်မှတ် မှားနေခဲ့ကြတာ။ လွန်ခဲ့တဲ့ ခြောက်လလောက်က မနက်ခင်း အိပ်ရာထချိန် နိုးမလာလို့ သွားနှိုးတော့ သမီးလေး အိပ်ရာထဲမှာ သတိလစ်နေတယ်။ နွေးနေတဲ့ အိပ်ရာမို့သာ တော်တော့တာပေါ့။ ဆေးရုံ ရောက်လို့ လိုအပ်တာတွေ စစ်ဆေးလိုက်တော့ အဖြေက Brain tumor တဲ့။ သမီးလေးကို ပွေ့ထားပြီး ကမ္ဘာကြီး ပြိုကျ ပျက်စီးသွားတဲ့ ခံစားချက်ကို ကျမ ရလိုက်တယ်။ သိရတဲ့ အချိန်မှာ ဝေဒနာက အမြင့်ဆုံး အဆင့်ကို ရောက်နေလို့ ခွဲစိတ်ကုသဘို့တောင် အာမခံချက် မပေးနိုင်တော့တဲ့ အနေအထားပါ။ ဒါပေမယ့် ကျမ ကြိုးစား ကြည့်ချင်မိတယ်။
သမီးလေးက သိပ်ငယ်လွန်းပါသေးတယ်။ လောကစည်းစိမ်တွေ ခံစားဘို့ ဆိုတာထက် ချမ်းမြေ့တဲ့ ဘဝလေးတစ်ခုမှာ ပျော်ပျော် နေစေချင်သေးတယ်။ အထူးသဖြင့် ခုလို သူ့ကို သိပ်ချစ်တဲ့သူ၊ သူက သိပ်ချစ်ရတဲ့သူနဲ့ အတူပေါ့။ ကျမ ပြောပြတဲ့ သမီး အခြေအနေတွေကို နေက အံတင်းတင်းကျိတ်ပြီး နားထောင် ရှာတယ်။ သူလည်း အရမ်း ကြေကွဲရရှာမယ် ဆိုတာ ကျမ မှန်းဆ မိပါတယ်။ ကျမ စကား ဆုံးတော့ သူ မျက်ရည်တွေ မြိုချလိုက်တာ တွေ့တယ်။ အသက် ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး ခေါင်းတဆတ်ဆတ် ငြိမ့်တယ်။ ကျမကို ဘာစကားမှ ပြန်မပြောပေမယ့် နေ့ ရင်ထဲမှာ ပြင်းပြင်းထန်ထန် ငို နေပြီ ဆိုတာ ကျမ ကောင်းကောင်း သိတာပေါ့။ တစ်လမ်းလုံး တိတ်ဆိတ် နေခဲ့ပြီး အခု သမီးရှေ့ရောက်မှ သူ့ဆီကနေ ပထမဆုံး ထွက်လာတဲ့ ငယ် ရယ် ဆိုတဲ့ စကားသံလေး။ သမီးလက်လေး တစ်ဘက်ကို ကိုင်ဆုပ်ပြီး သူ့နှုတ်ခမ်းမှာ ကပ်ထားတယ်။ သမီးမျက်နှာလေးကို စိုက်ကြည့်နေတဲ့ သူ့ မျက်လုံးတွေကိုတော့ ကျမ မမြင်ရပါဘူး။
ကျမ ဆက်မကြည့်ရက်တော့ဘူး။ စီးကျလာတဲ့ မျက်ရည်တွေ သုတ်လိုက်ပြီး အခန်း အပြင်ကို ပြန်ထွက်လာ ခဲ့လိုက်တယ်။ သမီးဇောနဲ့ အတ္တကြီးမိတဲ့ ကျမ။ ကျမရဲ့ အတ္တကြောင့် ကျမ ချစ်တဲ့သူ တစ်ယောက် ကြေကွဲ နေရပြန်တယ်လေ။ ကျမကြောင့် နေ့ ဘ၀ ဒုတိယအကြိမ် သေဆုံးရပြန်ပြီပေါ့။ ဒါပေမယ့် ကျမ နောင်တ မရပါဘူး။ ပြန်စဉ်းစားရင် သမီးလေးအတွက် ကျမ ဘာတစ်ခုမှ ကောင်းကောင်း ပေးနိုင်ခဲ့တာ မရှိဘူးပဲ။ အခုတော့ သူ အမျှော်လင့်ဆုံး လူ တစ်ယောက် သူ့နားရောက်အောင် ကျမ လုပ်ပေးနိုင်ခဲ့ပြီ။ ဒီအတွက် ကျမ နှလုံးသားကိုလည်း ကျမ ပြန်နင်းချေခဲ့ရတယ်။ နေ့ ဘဝကိုလည်း နောက်တစ်ကြိမ် ထပ် သတ် သလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျမ ကျေနပ်တယ်။ တကိုယ်ကောင်း ဆန်လွန်းတယ်ပဲ ပြောပြော ခုအခြအနေကို အဆိုးထဲက အကောင်း တစ်ခုအဖြစ်နဲ့ အရမ်းကို ကျေနပ် မိပါတယ်။
“ ညို..”
ပြတင်းပေါက်နားမှာ ရပ်ရင်း အဝေးကို ငေးနေမိတဲ့ ကျမ အနား နေ ရောက်လာတယ်။ နေ ထွက်လာတော့ ဆရာမလေးက သမီး အိပ်ခန်းထဲ ပြန်ဝင်သွားပေးတယ်။ ကျမ နေ့ကို လှည့်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်တော့ နေက…
“ ဆေးရုံမှာ ထားတာ ပို မကောင်းဘူးလား..”
“ ယုန်လေး ဆန္ဒကြောင့်ပါ နေ.. သူ ဆေးရုံမှာ မနေချင်ဘူးတဲ့..”
“ ဆရာဝန်တွေကရော..”
“ လူနာ စိတ်ချမ်းသာသလို နေပါစေ တဲ့..”
“ …………”
“ …………”
“ ကျနော်.. … …”
“ …………”
“ ကျနော် သူ့ကို လက်မလျှော့ချင်ဘူး ညို..”
“ …………”
“ ဒီတိုင်းကြီး..”
“ …………”
“ ဒီတိုင်းကြီး သွားခွင့် မပေးလိုက်နိုင်ဘူး..”
ပြောပြီး သူ နှုတ်ခမ်းကို ဖိကိုက်ထားတယ်။ နံရံကို မှီလိုက်ပြီး မျက်စိစုံမှိတ်၊ ခေါင်း မော့ ထားတယ်။ ခုချိန်ထိ သူ သက်ပြင်း လုံး၀ မချဘူး။
“ အရမ်း ပင်ပန်းနေလား နေနေ..”
မေးလိုက်တဲ့ ကျမလည်း မျက်ရည် မဆည်နိုင်တော့ပါဘူး။
“ ညို.. ညို နေ့ကို ဒုက္ခ ပေးသလို ဖြစ်သွားလား.. ဟင် .. ဒီတိုင်း ထားလိုက်လည်း မထူးတော့တာကို နေ့ဆီ မရောက်ရောက်အောင် လာမိတယ်..”
ကျမ စကား ဆုံးတော့ သူ ခေါင်းခါ ပြတယ်။
“ ဘာလို့ မထူးရမှာလဲ..”
“ …………”
“ ဘာမှ မသိရဘဲ ပျောက်နေတာကြီးက ပို ပင်ပန်းတာ..”
“ …………”
“ ကျနော် ရှာ နေတာ ညို..”
“ …………”
“ ခြောက်လ ရှိပြီ ဗျ.. ကျနော် နဲ့ ငယ် လုံး၀ အဆက်သွယ် မရတာ..”
“ …………”
“ ဒီလို အခြေနေထိ ဖြစ်နေတာ လုံး၀ မသိရဘဲ..”
“ …………”
“ အရမ်း ဆိုးတယ်.. အဲ့လို ဘာမှ မသိရတာကြီးက..”
“ …………”
“ တကယ်ဆို ကျနော့်ကို အဲ့တုန်းကတည်း ဆက်သွယ် လိုက်သင့်တာ..”
“ ညို စဉ်းစားပါသေးတယ် နေရယ်.. …”
“ …………”
“ သမီး ဖုန်းကနေပဲ ဖြစ်ဖြစ်.. လှမ်းခေါ်လိုက်ဘို့ စဉ်းစားသေးတယ်..”
“ …………”
“ ညို့ အနေနဲ့ လုပ်သင့်ရဲ့လားပေါ့..”
“ …………”
“ နေ့ကို ဒုက္ခ ပေးသလို ဖြစ်သွားမလား တွေးတာ..”
“ ကဲပါ.. ထားတော့.. ခုလည်း ကျနော် အရမ်း နောက်ကျ သွားပြီလို့ မတွေးချင်ဘူး..”
“ …………”
“ ကျနော် လက်လျှော့ချင်ဘူး ညိုရာ..”
“ …………”
“ ယုန်လေးက ကျနော့် ဘဝပါလို့ ညို လက်ခံပေးနိုင်လား..”
“ …………”
ကျမ မျက်ရည်တွေ သုတ်ရင်း ခေါင်းငြိမ့် ပြလိုက်တယ်။ နေ တကယ် ရင့်ကျက် နေပြီပဲ။ ဒီအတွက် ကျမ သူ့ကို ကျေးဇူးတင်တယ်။ အားလည်း ကိုးမိတယ်။ ပြီးတော့ သမီးလေးအတွက်လည်း ကျေနပ်မိတယ်။ သမီးလေးကို လုံး၀ လက်မလျှော့နိုင်ဘူး ဆိုတဲ့ နေ့ စကားက ကျမ နှလုံးသားတွေ ကြေလုမတတ် နာကျင်နေတဲ့ ကြားကနေ ပထမဆုံး ရလိုက်တဲ့ ခွန်အားပါပဲ။
“ ကျနော့်ကို တစ်ခု ခွင့်ပြု ပေးမလား ညို..”
“ ပြော လေ..”
“ ကျနော် ယုန်လေးကို လက်ထပ် ပါရစေ..”
“ …………”
“ …………”
“ …………”
“ အချိန် ဘယ်လောက်ပဲ ကျန်ကျန် ဗျာ..”
“ …………”
“ ကျနော် သူ့ကို အနီးကပ် စောင့်ရှောက်ချင်တယ်…”
“ ဒီအခြေအနေနဲ့..”
“ ဘာလို့ မဖြစ်ရမှာလဲ..”
“ …………”
“ သူ နှလုံး ခုန်နေသေးတယ် ဗျ..”
“ …………”
“ ခဏနေ နိုးလာမှာ မှတ်လား..”
“ နေရယ်..”
“ လုပ်ပါ ညို.. ကျနော် ငယ့်ကို အမြန်ဆုံး လက်ထပ်ပါရစေ..”
အပိုင်း (၃) ဆက်ရန် >>>>
No comments:
Post a Comment