Monday, April 24, 2017

ပိတောက်ပင်အို အပိုင်း ( ၂ )

  ပိတောက်ပင်အို အပိုင်း ( ၂ ) 

ရေးသူ - ကနောင်ကိုယ်တော်ကြီး

 အပိုင်း ( ၅ )

 ကိုကို!!!

 ကိုကို!!!

ကိုကိုရေ  နာကြည်းချက်များစွာနဲ့ ခိုင်လေးဖုန်းကိုလည်း မကိုင်!!နောက်ဆုံး ဖုန်းတောင် ပိတ်ထားခဲ့ပြီလား  ကိုကိုရယ်……

ဖုန်းဖွင့်လို့ ခိုင်လေးမက်ဆေ့ကို  "ကိုကိုဖတ်မိပါစေသား "ဆုတောင်းရင်း ရေးပို့လိုက်ပါတယ်

ချစ်ရတဲ့ကိုကို  မြတ်နိုးလေးစားရတဲ့ကိုကို!ကိုကို့ကို ခိုင်လေးတကယ်ချစ်ခဲ့ပါတယ်……အဲဒီတစ်ခုကိုတော့လေးလေးနက်နက်ယုံကြည်ပေးပါနော်………

အဖြစ်အပျက်တိုင်းဟာ ပြောင်းလဲခြင်းရှိတတ်ခြင်းရယ်ကြောင့်  ခိုင်လေး ဘယ်လိုမှထင်မှတ်မထားတဲ့သူက  ခိုင်လေးဆီကို ပြန်ဝင်လာခဲ့တာမို့  ကိုကို့ကိုခိုင်လေးနှုတ်ဆက်ရပါပြီ…ကိုကိုနဲ့တွေ့ဆုံလိုက်တဲ့သူက ခိုင်လေးနဲ့ချစ်ခဲ့တဲ့တစ်ယောက်ပါ"ကိုသိန်းမိုးမြင့်ထွန်း"တဲ့လေ

သူက အသက်လေးဆယ်ကျော်သွားပြီ ကိုကို ဂျပန်မှာ အလုပ်သွားလုပ်နေတာ……… ခိုင်လေးကိုလည်းတစ်ကယ်ချစ်တယ်…… ခိုင်လေးကလည်း တစ်ကယ်ချစ်ခဲ့တယ်……

သူ့အိမ်က ခိုင်လေးနဲ့ သဘောမတူခဲ့သလိုခိုင်လေး မေမေကလည်း သူနဲ့သဘောမတူခဲ့ ပါဘူး…အရွယ်ကလည်း ၁၀ နှစ်ကျော်ကြီးကွာတယ်လေ…

 ဒါကြောင့်သူနဲ့ဝေးခဲ့ပါတယ် ကိုကို…

ကိုကို့ကို အခုခိုင်လေးအသိပေးခဲ့ချင်တဲ့ကိစ္စကသူနဲ့ခိုင်လေး ပတ်သက်ခဲ့ဖူးတဲ့အကြောင်းတွေရယ်…ခိုင်လေးသူနဲ့ဂျပန်ကိုအပြီးလိုက်သွားတော့မဲ့အကြောင်း ကိုကိုသိစေဖို့ပါ..လူအမျိုးမျိုးစိတ်အထွေထွေရှိကြတာမှာ လိင်အပေါ်ခံစားသာယာလိုစိတ်ဟာလည်းတစ်ဦးနဲ့တစ်ဦးမတူကြဘူးလေနော် ကိုကို……

ခိုင်လေးရဲ့ လိင်စိတ်ထကြွမှု ခံစားလိုမှုဟာ နုနုရွရွမဟုတ်ဘူး ကိုကို…ကိုကိုလည်း သိနှင့် သလောက်သိနေနှင့်မှာပါ..ဘဝတစ်ခုလုံးအတွက် ဒီကိစ္စကဘယ်လောက်များအရေးကြီးလို့လဲ ကြည်စင်ခိုင်ရေလို့…မေးလာခဲ့ရင်လည်းအရေးကြီးခြင်းမကြီးခြင်းကခံယူသူအပေါ်မှာမူတည်တယ်လေ ကိုကို…ကိုယ့်အကြိုက်နဲ့မတူတိုင်းမကောင်းဘူးလို့ပြောလို့မရတာမျိုးမဟုတ်လား…

ကိုသိန်းမိုးမြင့်ထွန်းနဲ့ပတ်သက်ခဲ့သမျှမှာ သူက လည်းအကြီးပီပီဆရာလည်းဖြစ်တာမို့ခိုင်လေးကို သိပ်လွှမ်းမိုးတယ်ကိုကို…ခိုင်လေးအကြိုက်ကိုသိသလို  သူ့ကိုယ်တိုင်ကလည်း ခမ်းကြမ်းကြမ်းကိုင်တွယ်ချင်တဲ့ လူကြီးတစ်ယောက်လေ……

သူရဲ့ခပ်ကြမ်းကြမ်းရိုက်ချက်ကြောင့် အနာတရဖြစ်သွားတဲ့နေရာလေးကို လက်နဲ့ဖွဖွလေးပြန်ပွတ်ပေး နှုတ်ခမ်းလေးနဲ့ရွရွလေးပြန်နမ်းပေးတာမျိုးကို ခိုင်လေးအသဲခိုက်အောင်ကြွေတာ..

ခိုင်လေးကလည်း အဲဒါမျိုးဆိုကိုယ့်ချစ်တဲ့သူဆီကနေပဲရချင်တာမျိုးလေ…ထားပါတော့ ကိုကိုရယ်…ခိုင်လေးဆန္ဒ ခိုင်လေးခံစားချက်တွေကိုပြောပြတာပါ……

ခိုင်လေးတို့ ပလူးနေရင်း ကိုကိုဆီကိုဖုန်းဆက်မိတာဟာ သူကဆက်ခိုင်းလို့ပါ ခိုင်လေးမဆက်ချင်ပါဘူး  ကိုကိုအကြောင်းလည်းခိုင်လေးသိနေတာမို့လေ…အဲဒီချိန်မျိုးမှာဆို သူ့အမိန့်တွေကို ခိုင်လေးဘယ်လိုမှ မလွန်ဆန်နိုင်တာမလွန်ဆန်ဝံ့တာ  ဝန်ခံပါတယ်ကိုကို…ဒီစာမက်ဆေ့ရေးတာလည်းသူသိပါတယ်ကိုကိုသူ့ဆီက ခွင့်ပြုချက်နဲ့ ခိုင်လေး ကိုကို့ဆီပို့လိုက်တာပါ…ခိုင်လေး ကိုကို့ကို ဇွတ်အတင်းဝင်လာပတ်သက်ပြီး  ဘာမှလည်းအကျိုးအကြောင်းမပြောပြပဲထွက်သွားတယ်ထင်မှစိုးလို့အသိပေးခဲ့တာပါနော်။

အကြည့်စူးစူးတွေနဲ့လေ့လာတတ်  ကိစ္စတစ်ခုကိုလေးလေးနက်နက်  နက်နက်ရှိုင်းရှိုုင်းခံစားတွေးတောတတ်တဲ့ ကိုကိုတစ်ယောက် မမခိုင်အကြောင်းရောက်သွားပြီဆို  မျက်ဝန်းတွေမှာဆွေးရိပ်သန်းသွားတဲ့ အနေအထားလေးကို ခိုင်လေး သတိရမိရင် ရင်ထဲမှာမချိပါဘူးကိုကိုရယ်……

ခိုင်လေးလည်း ကိုကို့ကိုဖေးကူမပြီးလက်တွဲဖို့စိတ်ကူးခဲ့ပေမဲ့ အခြေအနေက သတ်မှတ်ထားသလိုဖြစ်မလာတော့စိတ်မကောင်းပါဘူး ကိုကို။

ခုကလည်း အခြေအနေကြောင်းအရာတွေကို ကိုကိုသိရအောင်ရေးပြခဲ့သလို  ဒီစာထဲမှာခိုင်လေး ကိုကို့ကို  "ကိုကို"လို့ နောက်ဆုံးခေါ် ခဲ့ပါတယ်နော်……

ဟိုရောက်လို့ သူနဲ့ခိုင်လေးတို့ လပ်ထပ်ပြီးတဲ့အခါ  ကိုကိုခေါ်ခွင့်မရှိတော့ဘူး မဟုတ်လားးး

 နှုတ်ဆက်ခဲ့ပါတယ် ကိုကို

ဘဝဆက်တိုင်းချစ်တဲ့သူနဲ့ကွေကွင်းရခြင်း ဒုက္ခတွေမရှိရပါစေနဲ့လို့


                         ဆုတောင်းပေးရင်း

 

                                        ခိုင်လေး……


သံဒိုင် ခိုင်လေးစာကိုဖတ်ပြီးတစ်ယောက်တည်းခေါင်းညိမ့်ကာ…

 "အပြစ်မတင် ဗွေမယူပါဘူးကွာ  နားလည်ပါတယ်ခိုင်လေးရေ ဘိုင့်ဘိုင်"လို့ ပါးစပ်ကအသံထွက်ပြီး ပြောမိရတော့သည်။

ပါးစပ်က အသံထွက်ပြောဆိုပြီးကာမှ ခြေထောက်တွေကတော့ အလိုအလျောက် ပင်အိုပိတောက်ရှိရာဆီသို့။          ။

.................................................................................................................................................................

 "ခိုင်နော်  မောင့်ကိုဆို အလိုမလိုက်ချင်ဘူး မောင့်အလိုလိုက်မဲ့ တစ်ခြားမိန်းမတစ်ယောက် ဆီကို သွားချစ်ပြီး သွားတွဲလိုက်ရမလား ပြော"

"အမယ်မယ်!!အမယ်လေးလေး မောင်သွားချင်သွားပေါ့  တွဲချင်တွဲပေါ့…… ကျန်တဲ့မိန်းမတွေက မောင့်အပေါ်ဟောဒီက ခိုင်လောက်သိတတ်နားလည်တတ် လိုက်လျောတတ်ရင် ခိုင် ခွင့်ပြုပါတယ်နော်။

မောင့်ရင်ထဲကိုသိယုံနားလည်ယုံတင်မဟုတ် ဘူးနော် သိခြင်းနှင့်အတူ လုပ်ဆောင်ချက်ပါ ခိုင်လို့ လုပ်ပေးနိုင်ရမှာ"

 "အဲဒါတော့  ခိုင်ကလွဲပြီး ဘယ်သူရှိဦးမှာလဲ"

 "အဲဒါဆို ခုနကဘာကြောင့်  တစ်ခြားမိန်းမနဲ့  သွားတွဲမယ်ပြောလဲ"

 "ခြိမ်းခြောက်ကြည့်တာလေ  ရမလားလို့ ဟီး"

 "နေဘာနော်!! ချိန်းခြောက်ရင် ဆီသုတ်လေ  ခိုင့်ကိုတော့ လာမပြောနဲ့"

 "ဆီလည်းသုတ်မယ် ဟွာလဲလုပ်မယ်ကွာ ကဲ"

သံဒိုင် ပြောရင်း ချစ်သူခိုင့်ကိုဆွဲဖက်နမ်းမိသည်။

 ရွှတ်!!

 "အာကွာ!!မောင်နော် နေမကောင်းပါဘူးပြော နေတဲ့ဟာကို"

 "ခိုင်ပဲနားလည်လို့ လိုက်လျောနိုင်တယ်ဆို"

"စိတ်ကလိုက်လျောနိုင်ပေမဲ့ဟွာကမလိုက် လျှော့နိုင်ဘူးမောင်ရဲ့လုံချည်လာနေတယ် ကဲ!

 "ဟားး!! ပြောပြောက မစောပဲနဲ့"

 "သိတတ်မလားမှတ်တယ်"

 "နို့!! သိမှမသိပဲ  ခိုင်ရ  ဟီး"

သံဒိုင်အရှက်ပြေရယ်ပြရင်းတစ်ခါထပ်နမ်းလိုက်မိပြန်သည်။ချစ်သူရဲ့ ပါးပြင်မို့ဆိုတာ မွှေးလွန်းသည်လေ……

 "လူကို ချစ်တယ်လို့လည်းပြောတာမဟုတ်ပဲနဲ့ နမ်းကနမ်းသေးတယ် လုပ်ကတက်လုပ်သေး တယ်…မောင်ကလေ လူဆိုး"

 "ခိုင်လဲ  မောင့်ရင်ဘတ်ထဲကိုမြင်တတ်သလို  မောင်လည်း ခိုင့်ရင်ဘတ်ထဲကိုမြင်တယ်လေ"

 "ဘာတွေဘယ်လိုမြင်လို့လဲမောင်"

 "ဒီကောင်မလေး  ငါ့နမ်းမှာကိုလိုလားနေတာ  ရယ်  ဒီကောင်မလေး ငါလုပ်တာကိုခံချင်နေ  တာရယ်ဆိုတာ မြင်တာသိတာပေါ့ ခိုင်ရ"

 "အာ!!မောင်နော်"

ခိုင်ရဲ့လက်သီးဆုပ်တွေက တဘုန်းဘုန်းသံဒိုင့် ရင်ဘတ်ကိုထုလာတော့ သံဒိုင် တဟားဟား အော်ရယ်ပြစ်ရသည်။

"ဟား ဟား အလိုလိုနေရင်းလည်းသတိရတယ် စိတ်ရှုပ်ထွေးမှုတွေရှိရင်လည်းသတိရမိပါတယ် ခိုင်ရေ………"

သံဒိုင် ပိတောက်ပင်အောက်အရောက် ခိုင်နဲ့ ပတ်သက်မှုကို သတိရသွားမိရသည်။အရာရာဟာသတိရစရာတွေချည်းပါပဲ ခိုင်ရေ…သံဒိုင် ပိတောက်ပင်ခြေရင်းပင်စည်ကို ကျောမှီ ပြီး တဖြေးဖြေးထိုင်ချ လိုက်ရင်း အတွေးတွေ ထဲမှာ ခိုင်သည်သာ လွှမ်းမိုးနေစဲ……

တစ်ရက် ထိုတစ်ရက်က……သံဒိုင်နဲ့ခိုင်ရဲ့ဖိုင်နယ်အိပ်ဇန်းနောက်ဆုံးနေ့……

.........................................................................................................

စားမေးပွဲဖြေပြီးတော့ သံဒိုင်တို့သူငယ်ချင်းတွေကိုယ့်နယ်ကိုယ့်ပြန်ရမှာမို့သိမ်းစရာပစ္စည်းတွေသိမ်းဆည်းပြီး  အော်ဒါခေါ်ထားတဲ့ ကားနဲ့ပစ္စည်းတွေကို တင်ပေးလိုက်တော့သည်။

လူတွေကတော့  ဆိုင်ကယ်နဲ့ကျောင်းလာတက်တာမို့ ကိုယ့်ဆိုင်ကယ်ကိုယ်စီးပြီး ပြန်မည်လေ။မြို့မှာလည်ပတ်ယောကျ်ားလေးသူငယ်ချင်းတွေ စု ဘီယာလေးဘာလေးစုပ်ပြီး လမ်းခွဲလိုက် ကာ ခိုင်နေတဲ့သူ့အမျိုးအိမ်ထွက်ခဲ့လိုက်တော့သည်။ခိုင်ကအဆောင်မှာမနေ။သူ့အမူ ိးအိမ်မှာ ပဲနေရင်း ကျောင်းတတ်သူ။သံဒိုင်ရောက်သွား တော့ သူ့အမျိုးတွေက ကိစ္စတစ်ခုပေါ်လာလို့ ထွက်သွားကြသည်။ခိုင်က တစ်ယောက်တည်း အိမ်စောင့်ပေးနေရသေးသည်။

 ခိုင်က သံဒိုင်ဆိုင်ကယ်ပေါ်ကဆင်းလာတာ တစ်ချက်ကြည့်ပြီး……

 "ဘီယာတွေ သောက်လာတယ် ဟုတ်"

 "ဟုတ်တယ်ခိုင် သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပွဲ လေး ကစ်လာတာဟ"

 "အင်းပါသောက်ရမှာပေါ့ ဘာဖြစ်လဲအများကြီး  တော့မသောက်ခဲ့ဘူး မဟုတ်လား ဆိုင်ကယ်  စီးရဦးမှာနော်"

 "နည်းနည်းမှ နည်းနည်းလေးပဲ သောက်လာ တာပါ ခိုင်ရ"

သံဒိုင် မျက်လုံးတစ်ဘက်မှိတ်ပြီး လက်ညှိုးနဲ့လက်မ ထိပြပြီး အပြုံးတစ်ဝက်နဲ့ပြန်ပြောလိုက် တော့  ခိုင်က  မျက်စောင်းထိုးသည်လေ။မိန်းကလေးတွေရဲ့မျက်စောင်းက အသည်းယား ပြီးချစ်ဖို့ကောင်းတယ်လို့ဆရာတွေပြောကြပေ မဲ့ ခိုင်ရဲ့မျက်စောင်းကမှချစ်စရာပိုကောင်းသည် လို့ တစ်ယောက်တည်းအမှတ်ပိုပေးဖြစ်သည်။

အမှတ်လည်းပိုပေးသင့်သည်လေ။ခိုင်ကလှသည်။အကြည့်ခံသည်။မိပ်ကပ်ဘာညာသရကာပစ္စည်းစုံဖို့မှ လှတဲ့ရုပ်မျိုးမဟုတ်ဘူး။ဒီတိုင်းနဂိုအတိုင်းသားလေးပဲ လှနေပြီလား။ပါးပြင်မို့ နဲ့ နှာတံစင်းပြီး ရယ်လိုက်ရင်ဖြူ ဖွေးတဲ့သွားတန်းလေးပေါ်လာတာကကို သံဒိုင်ရင်ထဲ မှာ ကဗျာဆန်သည်။

အသားအရည်ရဲ့ ဖြူ ဖွေးဝင်းမွတ်ခြင်းနှင့်အတူ မိန်းမတစ်ယောက်ရဲ့ နူးညံ့ခြင်းမျိုးတွေပိုင်ဆိုင် ပြန်သည်။ရှိုက်ဖိုကြီးငယ်အသွယ်သွယ်တွေကလည်းဆိုဒ်ကြီးစာရင်းဝင်ကာ မြင်ရသူပုရိသကိုရင်ထဲဗလောင်ဆူသွားလောက်အောင်လည်းမကြီးဘဲ   ဟိုး ငပိန်မများလို ပြားချပ်ချပ်လည်းမဟုတ်။သူ့နေရာနှင့်သူတင့်တယ်လွန်းနေသည်

သံဒိုင်သဘောအကျဆုံးက စိတ်နေစိတ်ထားနဲ့စကားပြောဟန်။စကားပြောတာမှာစကားပြော သိပ်မြန်တဲ့ မိန်းကလေးတစ်ယောက်လို သွက်လက်လွန်းတဲ့ပုံလည်း မဟုတ်သလိုတုံဏိဘာဝေ တိတ်ဆိတ်စွာ အေးလွန်းတဲ့သူ တစ်ယောက်ပုံစံလည်း မဟုတ်။

ပတ်ကနဲပြန်ပြောစရာဆိုရင် ဉာဏ်ရည်ထက်မြက်တဲ့ သူတွေအတိုင်း မြန်မြန်ပြန်ပြောတတ်ပေမဲ့ကိစ္စတစ်ခုအပေါ်သေချာရှင်းရှင်းလင်းလင်း ပြောရတော့မည်ဆိုရင် စကားလုံးတစ်လုံးခြင်း ပီသစွာ ပြောပြနိုင်စွမ်းရှိပြန်သည်။

စိတ်အစဉ်က သံဒိုင့်ကိုနားလည်နိုင်စွမ်းရှိသလိုတစ်ဦးတစ်ယောက်အပေါ်မှာမှ မနာလိုခြင်းစိတ် မရှိခြင်းပင် ။လူ့စိတ်ဖွဲ့စည်းဖြစ်ပေါ်ခြင်းကိုက အတ္တတစ်ခုနှင့်အတူ ဒေါသလည်းပါလာတာမို့ခိုင် စိတ်ဆိုးဒေါသအနည်းငယ်ဖြစ်သွားပြီဆိုရင်တော့သံဒိုင်မကြိုက်တဲ့ခနဲ့တဲ့တဲ့လှောင်ပြုံးတော့ လည်းပြုံးတတ်ပါသေးသည်။

"ဘာလို့လူကို ဒီလောက်စိုက်ကြည့်နေတာလဲ"

ခိုင်က သံဒိုင်ကြည့်ပြီးတွေးနေတာကိုမနေတတ် တော့လို့ထင်  အပြုံးတစ်ခုနဲ့မေးလာတော့…

 "ခိုင်က လှလို့ ခိုင်ရဲ့"

 "မင်းသမီးတွေကိုတော့ မမှီပါဘူးနော်"

 "မတူဘူးပေါ့  ခိုင်ရယ်"

သံဒိုင်စကားပြောရင်း ခိုင့်နားတိုးကပ်မိသွားရ သည်။တစ်အိမ်လုံးမှာ နှစ်ယောက်တည်းပဲ ရှိတယ်ဆိုတဲ့အသိရယ် လုံခြုံ ခြင်းဖြစ်တာနှင့်အတူ ယမကာတန်ခိုးလည်း ပါသည်မို့……သံဒိုင် ခိုင့်ပါးပြင်မို့ကို နမ်းမိရတော့သည်။

 "ရွှတ်"

 "အာ!သံဒိုင်"အဲဒီနေ့က ခိုင်တစ်ယောက် သံဒိုင့်ကို မောင်လို့ မခေါ်သေး။

သံဒိုင်နမ်းလိုက်တဲ့ပါးပြင်မို့ကို ခိုင်တစ်ယောက် သူ့လက်နဲ့အုပ်ကိုင်ပြီး သံဒိုင့်ကိုတွေတွေဝေဝေ ငေးကြည့်နေရှာသည်။အံ့သြခြင်းနှင့်အတူ ပျော်ရွှင်ခြင်းအရိပ်အငွေ့တွေ ခိုင့်မျက်လုံးမှာရစ်သိုင်းမှန်း သံဒိုင်သိသည်။တွေတွေလေး ကြည့်နေတဲ့ ခိုင့်ကိုသံဒိုင့်ရင်ခွင်ထဲ ဆွဲအဖက်မှ

 "တီ တီ"ဆိုသော ကာဟွန်းသံကြားလိုက်ရ၍ ခိုင့်အမျိုးတွေ ပြန်လာခဲ့ကြပြီဆိုတာ သိလိုက် သည်……

...................................................................................................................................................................

အိမ်ပြန်လာရာလမ်းတစ်လျှောက်   သံဒိုင်ဆိုင်ကယ်ကို ဝေ့ဝိုက်ကာ ပုခက်လွဲှစီးပြစ်ခဲ့သည်။ "ဖင်ယားမှုကအာမခံမရှိဘူး"ဆိုတဲ့စကား ပြောချင်လည်းပြောကြပါစေလေ…ငယ်သံဒိုင်ပျော်သည်ပျော်သည့်နောက်မှာကြည်နူးခြင်းတွေပါသေးသည်ယောက်ျားတစ်ယောက်အဖို့ မိမိတစ်ကယ်မြတ်နိုးတဲ့မိန်းမတစ်ယောက် နဲ့ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာခွင့် ရတာ  ဘယ်သူမပျော်ဘဲ ရှိမည်နည်း။

နောက်ကခိုင်က သံဒိုင့်ခါးကိုတင်းတင်းဖက်ရင်း

 "ဖြေးဖြေးစီးကွာ" တဲ့လေ………

 "နောက်ကနေ နမ်းပေးရင် အရှိန်လျှော့မယ်"

  ပြောတော့  ဗိုက်ခေါက်ကို လိမ်ဆွဲသည်။

 ချစ်သူတို့ရဲ့လမ်းစပျော်ရွှင်စရာအတိပါလားခိုင်!

မြို့ဝင်ပြီးလို့  ရပ်ကွက်ထဲအရောက် ဆုံနေကျ ပိတောက်ပင်အောက်တော့ ခဏရောက်ခဲ့ရ သေးသည်။ပိတောက်ပင်အောက်အရောက်သံဒိုင်က မြတ်နိုးခြင်းအနမ်းတစ်ပွင့် ထပ်ချွေတော့ ခိုင်ကလည်း ညင်ညင်သာသာ သံဒိုင့်ကို ပြန်နမ်းသေးသည်လေ……

"မောင်နဲ့ ချစ်သောခိုင်မှာ ဝေါဟာရနဲ့စကားသံတွေမလိုဘူး"ပြောတာ မောင်မှားပါသလားခိုင်!

....................................................................................................................................................................

"အယ် ကြည်စမ်း!!မောင့်ဟာကြီးက ထောင်နေတာပေါ့ ဟုတ်လား"

 "အာ!! ခိုင်ကလဲ!!!"

 သံဒိုင်သိပ်ချစ်တဲ့ချစ်သူရှေ့မို့  လိင်တန်ထောင်ခြင်းကိုရှက်သွားမိသေးသည်။ခိုင်က တစ်ချက် လက်နဲ့ထိမိသွားတဲ့နေရာကို  ပုဆိုးပေါ်ကနေ မိမိရရ ဆုပ်ကိုင်လိုက်ပြီး………

 "လီးတောင်တာပဲ  ရှက်စရာလား မောင်ရဲ့"

အမေးစကားလိုလိုအားပေးစကားလိုလိုပြောပြီးခိုင်က  သံဒိုင့်လိင်တန်ချောင်းကို ထက်အောက်ပွတ်တိုက်ပေးတော့သည်။

"မရှက်ပါဘူးခိုင်ရ…မောင်ကခိုင့်ကိုအားနာတာ"

 "ဘာဖြစ်လို့?"

 ခိုင်က ဂွင်းဆောင့်ပေးရင်း ပြန်မေးတော့သည်။

 "အချစ်စစ်မှာလိင်မှုပါလာရင် မရိုးသားဘူးလားလို့ပါ  ခိုင်ရယ်"

 "ခစ်ခစ် မောင်ကလေ  တစ်ခါတစ်လေ အရူူး!!ဘာမှမဆိုင်ဘူး"

 "ဆိုင်တာပေါ့ ခိုင်ရ!!တစ်ခါတစ်လေ မောင်တို့တွေလေ ရင်ကြီးကြီး ဖင်ကြီးကြီးနဲ့ မိန်းမတွေမြင်ရင် တောင်တယ်လေ…သူတို့ကိုချစ်လို့မှမဟုတ်တာသူ့တို့ဟာကြီးတွေကြောင့်ပဲတောင်စေတာလေ…အဲဒီ စိတ်ဖြစ်စဉ်ကို အချိုးချပြီးကိုယ့်ချစ်တဲ့မြတ်နိုးတဲ့မိန်းမတစ်ယောက်နဲ့ စကားပြောနေရင်းတောင်တာဟာ အချစ်စိတ် အပေါ် လိင်စိတ်လွှမ်းမိုးသွားသလားလို့  ချစ်သူအပေါ် မရိုးသားဘူးလားလို့ပါ"

 "မသိပါဘူးမောင်ရယ်  ဒီနေ့ ခိုင့်စိတ်တွေသိပ်  ဖြစ်နေတာ သိပ်လိုချင်နေတာမောင်ရဲ့"

ခိုင်ကပြောရင်း သံဒိုင့်ဟာကြီးကိုမြန်မြန်ကြီး ထက်အောက်ပွတ်တိုက်ပေးသည်။ သံဒိုင်နဲ့ခိုင် လိင်ကိစ္စစည်းကျော်ခဲ့ကြပြီးပြီ…… ပထမတစ်ခါတုန်းကတော့  ခိုင်ကငြင်းဆန်ချင် သလိုရှိပေမဲ့      ဒုတိယတစ်ခါမှာတော့ လိုလိုလားလားရှိခဲ့သည်။ယခုအချိန်မှာတော့

 "မောင်ရယ် အချစ်စိတ်ဆိုတာလည်း သူချစ်ချင် တဲ့သူဆို ချစ်နေမှာပေါ့…မောင့်တို့ရဲ့ လီးဆိုတာလည်း သူတောင်ချင် ဒါမှမဟုတ် တောင်စရာမြင်ရရင် တောင် ထမှာပေါ့လို့"

 ခိုင့်ရဲ့နောက်ဆုံးပြောတဲ့ "တောင်ထမှာပေါ့လို့"

ဆိုတဲ့ စကားသံတွေမှာကို ရမ္မက်တွေပါမှန်းသံဒိုင် သိလိုက်ပြီ။ခိုင် တော်တော်လေးလိုချင် နေပါပြီကောလေ။စကားလုံးသုံးတာတွေလည်းဒဲ့။လက်ရဲ့"တဖတ်ဖတ်"လှုပ်ခပ်မှုတွေကလည်း ဒဲ့။ခိုင်ကဆက်ပြီး ပုဆိုးကိုဖြေချကာ ငေါထွက်လာသော လိင်တန်ကို……

 "ပလွတ်"မြည်အောင် ပါးစပ်နဲ့ ဆွဲစုပ်လိုက်ရင်း စုပ်ပြီးလို့ ပါးစပ်နဲ့ အကွာမှာ……

"လီးကြီးကလည်း ကြီးလိုက်တာမောင်ရယ်"တဲ့

 ခိုင် ဒီနေ့  တစ်တစ်ခွခွတွေပဲ ဆက်တိုက်ပြောနေတော့သည်။တစ်တစ်ခွခွတွေပဲပြောဖြစ်နေတဲ့ ခိုင့်အတွက် တစ်တစ်ခွခွခံစားမှုရစေရန် သံဒိုင် လှုပ်ရှားပေး မိရတော့သည်။ပုံရိပ်ယောင်တွေကိုဖမ်းဆုပ်ခွင့်ရလျှင် ခိုင်ဆို သောပုံရိပ်တစ်ခုသာမောင်ဖမ်းဆုပ်ချင်ပါတယ်

 ခိုင်   ရေ…………

.........................................................................................................................................

အခန်း (  ၆  )

ဇာတ်သိမ်းပိုင်း

ပုံရိပ်ယောင်တွေ ဖမ်းဆုပ်ရမလား သံဒိုင်ရှေ့ကိုသေချာစိုက်ကြည့်လိုက်တော့ ပုံရိပ်ယောင်တွေမဟုတ်ဘူး။ရပ်ကွက်ထဲကကလေးငယ်တွေဖြစ်တဲ့ ကလေးတွေရဲ့ ပုံရိပ်အစစ်တွေ။သူ့ကိုကလေးတွေက စပ်ဖြီးဖြီးနဲ့ကြည့်နေသည်လေ။

စပ်ဖြီးဖြီးလုပ်နေတဲ့အထဲပါတဲ့ကလေးတစ်ဦးက "ဒီမှာ ဦးသံဒိုင်ကြီးရှိနေပြီကွာ တစ်ခြားပဲသွားကစားအောင်!!!"ဆိုတဲ့ စကားကြားတော့သံဒိုင် ပိတောက်ပင်ရဲ့ပင်စည်ကို မှီနေရာမှဇွတ်ထလိုက်ပြီး……

"ကစားကြပါကွာ ဦးသံဒိုင်ပြန်တော့မှာပါကွ"လို့ပြောပြီး ပင်အိုပိတောက်အောက်က ထခဲ့ပေးလိုက်မိသည်။ကလေးတွေခမျာသံဒိုင်တို့ငယ်စဉ်ကလိုကစားစရာနေရာ ကျယ်ကျယ်ဝန်းဝန်းမရှိတော့တာ သံဒိုင်သိပါသည်။

အလွမ်းဆိုတာမျိုးကအိမ်ပြန်လွမ်းလည်းလွမ်း လို့ရသည်လေ။အလိုက်သိစွာ ပိတောက်ပင်အို အောက်က သံဒိုင်ထွက်သွားပေးခဲ့သည်။တစ်ခါတစ်ရံလည်းအတွေးထဲမှာခိုင့်ပုံရိပ်တွေပဲ လွှမ်းမိုးနေတဲ့အခါမျိုးမှာ ကလေးတွေကလည်းအလိုက်တသိထွက်သွားခြင်းမျိုးရှိကောင်းရှိပါ လိမ့်မည်။ရပ်ကွက်ထဲက ကလေးတွေကတော့ သံဒိုင့်ကို"အရူးကြီး"လို့သတ်မှတ်ကောင်းသတ် မှတ်မည်။ကလေးတစ်ခူ ိ့တင်မဟုတ်ပါဘူး လူကြီးအချို့လည်း ပါကောင်းပါ ပါလိမ့်မည်။

 မတတ်နိုင်ဘူးခိုင်ရေ မောင်ကချစ်မိတာကိုး!!!!

ခိုင်နဲ့အပြင်သွားမလို့ ချိန်းတဲ့နေ့မှာပဲ မောင့်သူငယ်ချင်းတွေက ဘောလုံးကန်ဖို့အတင်းခေါ်ရာ လိုက်မိတော့ ခိုင်ကစိတ်ကောက်မှန်းသိလို့မောင်တစ်ယောက် ဖြစ်ကြောင်းကုန်စဉ်ကိုစာဖွဲ့ကာ ခိုင့်ကိုရေးပြလိုက်ချိန်………

 "မောင်က စာရေးဆရာလုပ်သင့်တယ်"

နော်လို့ခိုင်က ပြောလိုက်တာကို မမေ့ပါဘူး ခိုင်ရယ်။စာရေးခြင်းသက်သက်နဲ့ ဘဝကိုရပ်တည်ဖို့ရာ မောင့်တို့တိုင်းပြည်မှာလွယ်တာမှ မဟုတ်တာ။ မလွယ်ကူလှတဲ့အခြေအနေထဲမှာကို ဝါသနာ ဖြင့် စာရေးခြင်းအလုပ်တစ်ခုနဲ့ပဲ ရှင်သန်သွား ကြတဲ့ စာရေးဆရာကြီး ဆရာမကြီးများကို လေးလေးစားစားဦးညွှတ်မိရသည်။စာရေးခြင်း အနုပညာကိုတော့ မောင် သိပ်ပြီးဝါသနာပါ ပါ တယ် ခိုင်ရေ…………

.................................................................................................................................................................

 "မောင် ခိုင့်ကိုလွမ်းနေလား ဆေးရုံမှ နှစ်ပတ်  ကြီးတောင်နေခဲ့ရတာဆိုတယ်လေ"

 "လွမ်းတာတော့ ပြောမနေပါနဲ့တော့ ခိုင်ရယ်"

 "ခိုင့်ကိုလွမ်းရင် မောင်ဘာတွေလုပ်လဲ?"

 "ခိုင့်အကြောင်းတွေတွေးတယ် ပြီးရင်စာတွေလျှောက်ရေးတာပေါ့ ခိုင်ရ"

 "ခိုင့်ကိုပေးဖတ်လေ မောင်!! ခိုင့်ကမောင့်ရဲ့ အမာခံပရိတ်သတ်ပဲ ဟာ"

"ခိုင် ဆေးရုံကဆင်းကာစကြီး ဘာစာမှမဖတ်ပါ နဲ့ဦးကွာ  နောက်အေးဆေးကြမှ ဖတ်ပေါ့"

 "ဟုတ်ကဲ့ပါရှင်"

အားဖျော့ဖျော့ချစ်သူခေါင်းလေးကို ဆွဲယူပြီး ရင်ခွင်ထဲထည့်ကာ မှီစေခဲ့လိုက်သည်။ ခန္ဓာကိုယ်ထဲ အမြစ်တွယ်နေတဲ့ရောဂါဆိုးကြီး အမြန်ဆုံးကင်းပျောက်စေချင်မိသည်။ မပျောက်နိုင်ရင်လည်း ရောဂါဝေဒနာခံစားသူ က မိမိသာဖြစ်ချင်တော့သည်။

ဖြစ်ချင်သလိုမဖြစ် မဖြစ်ချင်သလိုဖြစ်တဲ့လောကပြဇာတ်ကို မလွန်ဆန်နိုင်တာ ခက်လွန်းသည်။အန်တီခိုင်လည်း  ခိုင့်ရောဂါအကြောင်းကိုသိ သွားတော့ မျက်ရည်တွေပါဝိုင်းပြီး………

 "ဘုရား ဘုရား    ခိုင်ရယ်"ဟုသာ ဆိုနိုင်ခဲ့တော့သည်။သံဒိုင်နဲ့အန်တီခိုင် သိပ်မတွေ့ဖြစ်စကားသိပ်မပြောဖြစ်ခဲ့ကြပေမဲ့  ခိုင့်ကိစ္စနဲ့မှအနည်းငယ်ပြောဖြစ်ကြတော့လည်း……

"တစ်ယောက်သာသွားနှင့်ရင်……နောက်တစ်ယောက်ရဲ့ ဘဝလည်းသွားမှာပဲဆိုတာ အန်တီခိုင်သိနေတာ…အရှုံးမပေးဘူးစိတ်ပျက်ခြင်းမရှိရဘူးလို့ အန်တီခိုင့်ကို ကတိပေးထားစမ်း မောင်ငယ်"လို့ သံဒိုင့်ကို ကတိတောင်းခဲ့သေးသည်။သံဒိုင် ခေါင်းမညိမ့်ခဲ့သလို ခေါင်းလည်းမခါခဲ့ပါ။

"ခေါင်းမညိမ့်ခေါင်းမခါ မတုန်မလှုပ်ကျောက်ရုပ်ကြီးလို ငူငူကြီး ဘာလုပ်နေတာလဲ မောင်ရ"

သံဒိုင်ခိုင်အိမ်ရောက်နေပြီးဘာစကားမှမဆိုဖြစ်ပဲ ငြိမ်နေမိချိန် ခိုင်ကမေးလာတော့မှ…

 "စဉ်းစားနေတာပါ ခိုင်ရယ်!!လူတွေရဲ့အချိန်တွေကိုကိုယ့်ရပ်ချင်တဲ့အချိန်မှာရပ်တန့်လိုက်ပြီး  ပျောက်ကွယ်လို့ရရင်သိပ်ကောင်းမယ်လို့လေ"

ခိုင်က ယဲ့ယဲ့ပြုံးရင်း……

 "တစ်ခြားလူတွေက  ရပ်တန့်ချင်မှရပ်တန့်ချင် မှာလေ  မောင်ရဲ့"

 "မဟုတ်ဘူးလေ ခိုင်!!မောင်နဲ့ခိုင်ရဲ့အချိန်တွေကိုပဲ ဆိုလိုချင်တာပါ တစ်ခြားလူအတွက်မပါပါဘူး"

 "ခစ်ခစ် မောင်ကလေ  အချိန်ဆိုတာလူတိုင်းအတူတူပိုင်ဆိုင်တာပဲဟာ မောင်နဲ့ခိုင်ကအခွင့်အရေးပိုယူပြီး လုပ်လို့မှ မဖြစ်တာ……၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီနဲ့ လည်ပတ်နေတဲ့ ကမ္ဘာမြေကြီးကို ရပ်တန့်လိုက်တာမျိုး…ထပ်ပြီး မြန်မြန်လည်ပတ်လိုက်တာမျိုးဆို သတ္တဝါအားလုံး ဒုက္ခရောက်ကုန်မှာပေါ့…… ကိုယ့်အတ္တနဲ့လောဘအတွက်နဲ့တော့… စိတ်ကူးယဉ်ပြီးတောင်မရူးသွပ်ပါနဲ့မောင်ရယ်"

 သံဒိုင် ခေါင်းညိမ့်လိုက်ပြီးသက်ပြင်းမောသာဟင်းကနဲ ချမိသည်။

 "ခိုင့်ရဲ့မောင်က မပျော့ညံ့ဘူးဆိုတာခိုင်သိပေမဲ့ မောင့်ကို ခိုင်တစ်ခုတော့စိုးရိမ်တယ်"

 "ဘာကိုများလဲ ခိုင်ရ"

 "ခိုင် သွားခဲ့သည်ရှိသော်ခိုင့်နောက်ကိုချက်ခြင်း လိုက်မလာခဲ့နဲ့နော် ရပ်တည်ရှင်သန်နိုင်သလောက် ရပ်တည်ပေးဦး"

 "ကျေနပ်စွာ ပျော်ရွှင်မှာတော့မဟုတ်ပါဘူး ခိုင်"

 "ဘယ်လူကတော့  အမြဲပျော်ရွှင်နေရပါသလဲ မောင်"

 "-----"

"မောင်က တစ်ခါတစ်လေ ကလေးနဲ့တူတယ်တစ်ခါတစ်လေကျတော့လည်း သူမဟုတ်သလိုလူကြီး  အကြီးကြီး"

သံဒိုင်ခိုင့်စကားကြားတော့ဟတ်ကနဲရယ်လိုက်မိသေးသည်။

 "အန်တီခိုင်က မောင့်အကြောင်းပြောပါတယ်နော် ခစ်ခစ်"

ခိုင် စကားလမ်းကြောင်းလွဲှနေပြီမို့ သံဒိုင်အသာ ပဲ ပြန်မေးမိရသည်။

 "အန်တီခိုင်က မောင့်အကြောင်းဘာတွေပြော  လို့လဲ"

 "အားလုံးပေါ့"

 "ဟုတ်လား ခိုင်ကလည်းသိနေနှင့်တာပေါ့"

 "သိပါတယ် မောင်ရယ်…ခိုင်နဲ့ မပတ်သက်ခင် ကလေ  ဘာဖြစ်လဲမောင်ရယ်…

ခိုင်ကတော့  ကိုယ်နဲ့မပတ်သက်ခင်ကကိုယ့် ချစ်သူဘာပဲဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ခဲ့ဖြစ်ခဲ့  ဘယ်သူနဲ့ ချစ်ခဲ့ ချစ်ခဲ့ စိတ်မဝင်စားတာအမှန် ပါ  ဒါမဲ့ကိုယ်နဲ့ပတ်သက်ပြီးသွားရင်တော့…ကိုယ့်ကိုပဲတန်ဖိုးထားစေချင်တာမျိုးပါ…"

 "မောင်က…???"

"မောင်ကလည်း တန်ဖိုးထားမှန်းသိပါတယ်……  ခိုင်မရှိတော့ရင်………လေ"

ချစ်တဲ့ခိုင်ဆီက စကားသံဆက်ထွက်မလာပဲတိမ်ဝင်သွားတော့  သံဒိုင်ရင်ထဲမချိအောင် ရှိပြန်သည်။ကျန်းမာရေးမှမကောင်းတဲ့ ခိုင့်မှာဝေဒနာကတစ်ဘက် မိမိအတွက်စိတ်ပူခြင်းတစ်ဘက် ဗျာပါဒတွေဘယ်လောက်တောင်များနေပြီမသိပြီမို့…………

 "ခိုင်မရှိတော့ရင်လည်း  ခိုင်အမြဲစောင့်ခိုင်းတဲ့ပိတောက်ပင်အောက်က စောင့်မယ်လေ… မောင်နဲ့ခိုင် ငယ်ငယ်ကတည်းက ပိတောက် ပင်အောက်မှာ ဆုံနေကြပဲဟာ!!"

 ခိုင်မျက်နှာလေး ပြန်မော့လာပြီး……

"ဟုတ်ပမောင်ရယ် မောင်အိမ်နဲ့လည်းမဝေး ခိုင့်အိမ်နဲ့လည်းမဝေးတဲ့ ပိတောက်ပင်အောက် မှာပဲ  ခိုင်တို့တွေကစားကြ ပျော်ခဲ့ကြတာနော်"

 ခိုင့်စိတ်တွေ အတိတ်ဆီကို ခဏပြန်ရောက် သွားသည့်ထင် မျက်နှာမှာ ပြုံးယောင်သမ်းလာ သည်။

"ပိတောက်ပင်ကြီးကပွင့်ပြီဆိုတစ်ပင်လုံးဝါထိန် နေအောင်ပွင့်တာနော် မောင်! ပိတောက်အနံ့ကလည်းမွှေးနေရော"

 "ဟုတ်ပ ခိုင်ရာ"

 "မောင်က ပုဆိုးလေးဖင်မြောင်းပေါ်အောင် ခါးတောင်းကျိုက်ပြီး ခိုင်တို့တွေအတွက်အပင်ပေါ်တက်ခူးပေးခဲ့သေးတာနော်"

 "ခိုင်ပဲ အိပ်ရာမထရင်တောင် ဇွတ်လာနိုးပြီး  ခူးခိုင်းခဲ့တာကိုး ဒီမောင်ငသံဒိုင်တက်ခူးရတာ  ပေါ့"

"မောင်ကလိမ္မာတယ်နော် ခိုင့်ဆိုဦးစားသိပ်ပေးတယ်  မောင့်ကို ရယ်ချင်တာရှိသေးတယ် မောင်က ဆံပင်ရှည်နဲ့ကြည့်ကောင်းတယ် ပြောမိပါတယ် ကျောင်းတက်တော့ဆံပင်လုံးဝ မညှပ်ပဲထားလိုက်တာ ကျောလယ်လောက်ထိ အောင် ရောက်သွားလို့  ပုခုံးပေါ်လောက်ပဲ ထားပါလို့  အတော်တောင်းပန်ယူရတယ်  အဟင်း ဟင်း ခ်"

 "ဟား ဟုတ်ပ  ခိုင်ကလိုက်တယ်ပြောတာရော  အီတလီစီးရီးအေက ဘောလုံးသမားတွေအား  ကျတာရောနဲ့ ထားလိုက်တာ ကိုယ့်ကိုကိုယ် သရဲရုပ်ပေါက်မှန်း မသိခဲ့ဘူးလေ  ဟီးးး"

 "အံမယ်!! မပေါက်ပါဘူးမောင်ရ…… ခိုင့်ရဲ့မောင်က ဆံပင်ရှည်နဲ့လိုက်တဲ့သူတွေထဲကတစ်ယောက်ပါနော်ကျောလယ်လောက်ကြီး ရှည်ရင်ကျ ယောက်ျားလေးတစ်ယောက်အနေ နဲ့ထိန်းသိမ်းရခက်မှာစိုးလို့ပါ  ပုခုံးပေါ်လောက် ပဲထား  သိပ်ကြည့်ကောင်းတယ်"

 "ဟုတ်ကဲ့"

သံဒိုင် ဟုတ်ကဲ့ပြောတော့ အိပ်ရာထဲကခိုင်ကလက်လှမ်းလာလို့ သံဒိုင် လူကိုကုန်းလိုက်ပြီး ခိုင့်နား ကပ်ပေးလိုက်ချိန် ခိုင်ကသံဒိုင့်ခေါင်းပေါ်ရှိဆံပင်တွေကိုရှုပ်ပွသွားအောင်လက်ထိုးပွပြစ်သည်။ပြီးမှတစ်ခါပြန်ရှင်းပေးပြန်သည် ခိုင်က အရင်ကတည်းကဒီလိုလုပ်နေကျ………

 "စကားတွေလည်းအများကြီးပြောနေတယ် မမောဘူးလား နားချင်နားလေ ခိုင်"

 "မမောပါဘူး မောင်ရ…မောင်နဲ့စကားပြောရင်း သေသွားရမယ်ဆိုရင် ခိုင် ပိုတောင်သဘော ကျဦးမယ်လေ"

 "ခိုင်ရယ်  မောင်က ခိုင်ပင်ပန်းမှာစိုးလို့ပါ"

 ခိုင်က ဆံပင်တွေနောက်ဆုံးတစ်ချက်အနေနဲ့ ပြန်ရှင်းလိုက်ပြီး………

 "မောင် နားဆိုခိုင်နားလိုက်ဦးမယ်လေ မောင်"

 "အင်းလေ နားပါဆို ခိုင်"

 သံဒိုင် အိပ်ရာပေါ်ကခိုင်ကို စောင်ပါးလေးတစ်ထည်လွှမ်းခြုံ ပေးလိုက်ကာ

 "အိပ်လိုက်ဦး ခိုင်"

လို့ပြောပြီး ခိုင့်ရဲ့နဖူးပြင်ပေါ်တစ်ချက်အနမ်းမှာ ခိုင်ကအပြုံးလေးတစ်ခုနဲ့အတူ မျက်လုံးတွေကို မှိတ်သွားပါတော့သည်။ မှိတ်သွားတဲ့မျက်လုံးတွေက နောက်တစ်ကြိမ် ပြန်ဖွင့်မလာတော့ဘူးလို့သိခဲ့ရင် မောင် မမှိတ်ခိုင်းခဲ့ပါဘူး  ခိုင်ရယ်…………

 ခိုင်အိပ်သွားပြီထင်ပြီး သံဒိုင်အိမ်ခဏပြန်လာရေချိုးထမင်းစားပြီးချိန်မှာ အန်တီခိုင်အိမ်ကို လိုက်လာပြီး သံဒိုင့်ကိုလာခေါ်တော့သည်။

 "မောင်ငယ် သား  မင်းရဲ့ခိုင်တော့သွားနှင့်ပြီ"

 "ဗျာ ာာာာာာာာာာာ  အန်တီခိုင်!!"

သံဒိုင်ကိုယ့်နားကိုယ့်ပင်မယုံကြည်ချင်တော့…သံဒိုင်ထိုင်ရာမှ ဆတ်ကနဲထမိသွားသည်။ပြီးတော့ရုတ်တရက်ပြိုင်ထိုင်ချလိုက်မိပြန်သည်။ထိုင်ရက်သားဖြင့်အန်တီခိုင့်ကို ကြောင်ငေးငေးကြည့်မိရတော့သည်။အန်တီခိုင့်မျက်နှာပြည့်ပြည့်မှာ မျက်ရည်တွေနဲ့  အငိုမျက်လုံးတွေနဲ့ပဲအန်တီခိုင်က သံဒိုင့်ကို ကြည့်နေရှာသေးသည်။

ကြည့်နေတဲ့အန်တီခိုင့်အကြည့်တွေကို သံဒိုင်ဖယ်ခွာပြီးဟိုးကြမ်းပြင်ကိုငေးကြည့်မိပြန်သည်။ရင်ထဲမှာဗလောင်ဆူနေသည်။စိတ်အစိုးမရခြင်း ဆောက်တည်ရာမရ ဖြစ်ခြင်းဆိုတာမူ ိးတွေက ဒီလိုအခြေအနေမူ ိးကို ဖော်ညွှန်းသတဲ့လား။

သံဒိုင် စိတ်ဂဏှာမငြိမ်ခြင်းများထဲမှကို မျက်ရည်တွေက သူ့အလိုလိုစီးကျလာတော့သည်။လူတိုင်းသွားရမဲ့လမ်း  ကိုယ်တိုင်လည်းသွားရမဲ့လမ်းဆိုတာသိပေမဲ့  ခိုင် ထွက်သွားနှင့်တာစောလွန်းသည်။စောပါတယ်ဆိုမှ ဒီနေ့ကို ဒီနေ့မှ ထွက်သွားတာကံကြမ္မာ ရက်စက်လွန်းသည်။

သံဒိုင် ထိုင်ရာကထတော့ယိုင်တိုင်တိုင်ဖြစ်သွားတာမို့ အန်တီခိုင်ကပဲပြေးကူကာ ဖေးထူသည်။ သံဒိုင်  အန်တီ ခိုင့်ရင်ခွင်ထဲမှာ ငိုချ မိရတော့သည်။

..............................................................................

"မနက်ဖြန်ဆိုလည်းလွမ်းရဦးမယ် ဘယ်ချိန်ထိကိုယ်လွမ်းလို့နေရမလဲ  ကံကြမ္မာရယ်ရက်စက်လွန်းလို့တို့ဝေးပြီကွယ်ဒီအချိန်မှာငါလွမ်းနေတာမင်းမှမသိတာ ရင်ခွင်မှာငိုကြွေးနေမင်းမသိခဲ့!…နောက်ဘဝထိစောင့်လို့နေမှာအချစ်ဆုံးလေးရာငါလည်းပဲ တစ်နေ့တော့ မင့်နောက်………

                       လိုက်လာခဲ့မှာ

.................................................................."

လက်ဖက်ရည်ဆိုင်ကဖွင့်ထားတဲ့သီချင်းက ရင်ထဲက ခံစားချက်နဲ့တိုက်ဆိုင်လွန်းနေတော့လက်ဖက်ရည်မှာပြီးပြီမို့ပိုက်ဆံချထားပေးခဲ့ကာထိုင်ရာမှ သံဒိုင်ထထွက်လာမိသည်။တွေတွေဝေဝေ ယောင်ယောင်ငေးငေးတွေနဲ့ဘဝမှာအသက်ရှင်ရတာမပျော်ရွှင်ပါဘူးခိုင်ရယ်ဘဝနေ့ရက်တွေကို ဖြတ်သန်းတဲ့အခါ"ချင်စိတ်"ရှိမှ တိုးတက်တာတဲ့လေ။စိတ်လေပါတယ် ခိုင်။

အန်တီခိုင်က မောင်စိတ်မလေအောင်ပရဟိတ ကျောင်းတစ်ခုမှာစာသင်ခိုင်းသေးတယ်။မောင် မသင်ပေးချင်ပါဘူးခိုင်ရယ်  ကလေးတွေဆီ မောင့်အလွမ်းဓာတ်တွေ ကူးပြီးအနာဂတ်တွေမလှပမှာစိုးရိမ်လို့လေ…ဘာမှမဆိုင်တာတွေကိုလည်း မောင် စိုးရိမ်စိတ်ပူမိနေတာပါ ခိုင်……

အသက်ရှင်ခြင်းအဓိပ္ပာယ်ရှိအောင်တော့ မောင်အလုပ်တစ်ချို့တော့လုပ်ကိုင်မိပါတယ်…ရပ်တည်ရေးကြောင့်လည်း ပါတာပေါ့…ရပ်တည်ရေးလုပ်ဆောင်ရင်း ခိုင့်ကိုလွမ်းနေရင်းမှာပဲ "ကြည်စင်ခိုင်"ဆိုတာလေးနဲ့ မောင်ထပ်ပတ်သက်မိသွားတာရောခိုင် နားလည်လိမ့်မည်ထင်ပါသည်။

 အန်တီခိုင်…

 ခိုင်…

ကြည်စင်ခိုင်…ဆိုသော မိန်းမသုံးယောက်နဲ့ပတ်သက်ခဲ့သူ ငယ်သံဒိုင်ဆိုတဲ့ 'မောင် ' ဟာ ခိုင့်ကိုမှ လွမ်းတမ်းတနေစဲဆိုတာ သူတို့တွေ လည်းသိပါလိမ့်မည်လေ………

ခုတော့ အန်တီခိုင်လည်းမရှိတော့ဘူး……ခိုင်လေးဆိုတာ ဘယ်ဆီမှန်းမသိတော့…… နှစ်တွေဆိုတာ နည်းတော့တာမှမဟုတ်တာ… တစ်ချိန်က ကလေးတွေခေါ်တဲ့ "ဦးသံဒိုင်" ဆိုတာပဲ  အခုကလေးတွေ "ဘသံဒိုင်"လို့ခေါ် နေကြပါပြီ……

နေချင်လည်းနေလို့မရ  သေချင်လည်းသေလို့ မရတဲ့ ဘဝကို အသိတစ်ချက်အလွတ်မှာယောင်ငေးငေးဖြစ်စဲပါ ခိုင်……

အသိ သတိလွတ်သွားချိန်မှာ…ကောင်းကင်ပြာနဲ့ လမင်းဝါအောက် တို့နှစ်ယောက်အတူ လျှောက်ဖူးတာ သတိရတယ်  ခိုင်…

နေညိုချိန်အိပ်တန်းပြန်တဲ့ ငှက်ငယ်လေးတွေကိုလည်းရေတွက်ကြည့်ဖူးတာမှတ်မိသေးတယ်  ခိုင်…လမ်းလျှောက်ရင်းခိုင့်မကြိုက်တာတစ်ခုခုဖြစ်ဖြစ်ပြောမိရင်  မောင့်ကို ကိုယ်လုံးနဲ့တိုက်ပြစ်တာလေးကို လွမ်းတယ်...................ခိုင်…

ပင်အို ပိတောက်အောက်မှာမောင်တစ်ယောက်စောင့်မြဲစောင့်လျှက်ပါ  ခိုင်ရေ…………


ပြီးပါပြီ


 အလွမ်းသောကဖြင့်ကင်းဝေးကြပါစေသတည်း

                                     ကိုယ်တော်ကြီး




Print Friendly and PDF

No comments:

Post a Comment