ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ် အပိုင်း ( ၂ )
ရေးသားသူ - နတ်သား
အခန်း ( ၂ )
အပြာရောင် တောက်နေသော ကန်ရေပြင်သည် အခိုးအငွေ့များ ရစ်သိုင်းနေအောင် ကန်ရေများ ပလုံစီထနေသည့်တိုင် ရေမျက်နှာပြင်ပေါ်မှ လူသားနှစ်ဦး၏ ပုံရိပ်များကိုမူ ကြည်လင်စွာ မြင်နိုင်သေးသည်။ ယမရာဇာသည် မှော်ရေကန်၏ ထောင့်တစ်နေရာတွင် ငြိမ်သက်စွာရပ်ကာ တစ်ဦးနှင့်တစ်ဦး စကားမဆိုပဲ တိတ်တဆိတ်သွားလာနေကြသည့် လင်းသဒ္ဒါတို့အတွဲကို စိတ်ဝင်စားစွာ ငုံ့ကြည့်နေသည်။ ဤကဲ့သို့ သူရပ်ကြည့်နေသည်မှာ လင်းသဒ္ဒါနှင့် သီဟ ဝံပုလွေရွာထဲမှ ထွက်လာစဉ်ကတည်းကဖြစ်သဖြင့် တော်တော်ကြာပြီဟု ဆိုလို့ရသည်။ ဝံပုလွေမ လင်းသဒ္ဒါ၏ ခြေလှမ်းတွေကို အကဲခတ်ယုံနှင့် သူတို့ဘယ်ကို ဦးတည်နေသည်ဆိုတာကို ယမရာဇာ နားလည်သည်။ သူ၏ နှုတ်ခမ်းထောင့်သည် ကွေးကာ ခနဲ့ပြုံးတစ်ခုက ပေါ်လာသည်။ ကျလဲကျတဲ့ ဝံပုလွေတွေ …။
ယမရာဇာ၏ အတွေးထဲတွင် ရှေးမဆွသော အချိန်ကတည်းက သူ့ကိုကိစ္စတုန်းအောင် လုပ်ချင်ခဲ့တဲ့သူများ၏ အကြောင်းက နောက်ကြောင်းပြန်အဖြစ် ပေါ်လာသည်။ သူ့အသက်၊ ဝိညာဉ်ကို လိုချင်သူတွေကား ရေတွက်လို့မကုန်နိုင်အောင်ပင် များပြားလှသည်။ သို့သော် အခုအချိန်ထိ မည်သူမျှ မအောင်မြင်သေး။ မအောင်မြင်သည့်အပြင် သူ့အသက်အစား ထိုသူများသာ အသက်ဆုံး ခန္ဓာကိုယ် ပျက်ယွင်းခဲ့ရတာချည်း ဖြစ်သည်။ တစ်ချို့ဆို ရိုးရိုးတန်းတန်းတောင် မဟုတ်။ ဆိုးရွားရက်စက်လှသည့် ကံကြမ္မာဆိုးနှင့် မကြုံကြုံအောင်ကို သူကြံစည်ကာ လက်တုံ့ပြန်ခဲ့သည်။ သူမှတ်မိနေသေးသည်။ သူရဲကောင်းတစ်ဦးဟု သတ်မှတ်ထားခဲ့ကြသည့် လူသားတစ်ဦးဆိုလျှင် သူ့ခြေရင်းတွင် ပြားပြားဝပ်ကာ သူ့မိန်းမ၏ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့ဖူးသည်။ ရူးသွတ်မတတ်ဖြစ်နေသော ထိုလူ၏ မျက်နှာကို ယမရာဇာ ကောင်းကောင်းမှတ်မိနေသေးသည်။
သူတို့နှစ်ယောက်စလုံး၏ အသက်ကို ချမ်းသာပေးနိုင်ကြောင်း၊ သို့ပေမယ့် သူမုဒိန်းကျင့်တာကို လင်ရော၊ မယားရောခံမှ ဖြစ်မည့်အကြောင်း ပြောတုန်းက ထိုလူသည် သူ့ကို သွေးပျက်ခြောက်ခြားသည့်နှယ် သူ့ကို မျက်ရည်တွင်တွင်စီးကျကာ စကားတောင် မဆိုနိုင်ခဲ့။ သို့သော် ယမရာဇာတွင် သနားကြင်နာမှုဆိုတာ ရှိခဲ့သည်တဲ့လား။ မေတ္တာတရားဆိုသည်မှာ သူ့အတွက်တော့ ရယ်စရာပြက်လုံးတစ်ခုပင်။ မိန်းမရော၊ ယောကျ်ားကိုပါ လေးဘက်ထောက်ကာ ကုန်းခိုင်းပြီး ပြိုင်တူ ရက်ရက်စက်စက် မုဒိန်းကျင့်ခဲ့ဖူးသည်။ အဲဒီနောက်ရော သူ ထိုအတွဲကို ပြန်လွှတ်ပေးခဲ့သည် အောင့်မေ့ပါသလား။ သူပြီးသွားသည့်အချိန်တွင် တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ထားကြသည့် လင်မယားနှစ်ယောက်စလုံးကို တစ်ချက်တည်းနှင့် ခေါင်းဖြတ်ကာ သူဇာတ်လမ်းဆုံးပေးခဲ့သည်။ ယမရာဇာကို ဘယ်သူ အံ့တုလို့ ရနိုင်ပါ့မလဲ။ အခုလဲ လာပြန်ပြီ။ နောက်ထပ် သူရဲကောင်းလို့ နမိတ်ထွက်နေသည့် လူတစ်ယောက်။ သိပ်မကြာခင် ဘာဖြစ်မလဲ ကြည့်ရသေးတာပေါ့ …။
“ မောင် .. အဲဒီမှာ ဘာရပ်လုပ်နေတာလဲ .. ဒီကဖြင့် ပျင်းလှပြီကွာ … ”
ချိုသာနွဲ့နှောင်းသည် မိန်းမသံက နောက်ဘက်မှ ပေါ်လာသည်။ ယမရာဇာ ခေါင်းစောင်းကာ နေက်သို့ လှည့်ကြည့်သည်။ မြင်လိုက်ယုံနှင့် သွေးသားဆူဝေတက်ကြွဖွယ်ကောင်းလောက်အောင် ချောမောလှသည့် အမျိုးသမီးတစ်ဦးသည် မလုံ့တလုံ့အဝတ်အစားနှင့် သူ့ဆီသို့ ကနွဲ့ကလျလျှောက်လှမ်းလာသည်။ ဝတ်ထားသည့် ချုံထည်က ပါးလွှာလွန်းအားကြီးသဖြင့် မို့မောက်ထွားကျိုင်းသည့် ရင်အလှကို ဖုံးကွယ်မထားနိုင်ချေ။ လည်တိုင်ကျော့ကျော့မှပတ်ကာ ရင်သားတစ်ခြမ်းပေါ်သို့ ဖြာကျနေသော နက်မှောင်ဖြောင့်စင်းသည့် ဆံကေသာကြောင့်သာ ရင်မို့မို့ တစ်ခြမ်းက ဆံနွယ်တွေအောက်မှာ ပျောက်ကွယ်နေသည်။ မဲနက်တောင်ပြောင်သည့် မျက်ဆံသားတွေကို ပိုင်ဆိုင်ထားသော ထိုအမျိုးသမီးတွင် ထူးခြားချက်အဖြစ် ငှက်သဖွယ် မည်းနက်သော တောင်ပံတစ်စုံက သူမ၏ ကျောနောက်တွင် ထပ်ကာကြည့်နေသည်။
သူမကား … မာယာဒေဝီ
ယမရာဇာ၏ လက်တွဲဖော် …
မာယာဒေဝီသည် အရင်တုန်းကတော့ နတ်အမျိုးအနွယ်ဝင် (elf) တစ်ပါးဖြစ်သည်။ သူမ၏ အလှဂုဏ်သတင်းကြောင့် စိတ်ဝင်တစား ကမ်းလှမ်းခံရခြင်းကို အပျိုဖော်ဝင်ကတည်းက ကြုံခဲ့ရသူဖြစ်ပြီး၊ ဂုဏ်မက်သည့် မိဘနှစ်ပါး၏ အစီအစဉ်ကြောင့် သူ့မထက်အသက်များစွာကြီးသော အကြီးအကဲတစ်ဦးနှင့် သိပ်မကြာခင်ပင် လက်ထပ်ခဲ့ရသည်။ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံစွာ သူမ နေထိုင်ခဲ့ရသော်လဲ သူမ၏ အခြေအနေက ထိုလူကြီး၏ ထားရာနေ၊ စေရာသွား အရုပ်တစ်ခုအလား ထင်ရသည်။ အနှစ်နှစ် အလလ လှောင်ချိုင့်ထဲမှာ ငှက်ငယ်လေးသဖွယ် နေထိုင်ခဲ့ရသည့်နောက်တွင် မာယာဒေဝီ၏ နုနယ်သော နှလုံးသားတွင် အမုန်းတရားများ တစစကိန်းဝပ်လာခဲ့သည်။ ထိုအချိန်မှာပင် သူမ ယမရာဇာနှင့် ဆုံစည်းခဲ့သည်။ ယမရာဇာအဖို့ မာယာဒေဝီ၏ အလှအပထက် အမုန်းတွေပြည့်နေသော သူမနှလုံးသားက ပိုသဘောကျဖွယ်ပင်။ ထိုအချက်နှင့်ပင် သူမကိုသူရအောင် ဖျားယောင်းသွေးဆောင်ခဲ့သည်။ ယမရာဇာ၏ လက်တွဲဖော်အဖြစ် နေထိုင်ခွင့်ရအောင် မာယာဒေဝီကလဲ သက်သေပြန်ပြခဲ့ရသည်။ မိမိယောကျ်ားကြီးကို ကုတင်တိုင်မှာ ကြိုးနှင့်ချည်တုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့သလို၊ စံအိမ်တော်တစ်ဆောင်လုံးကိုလဲ မီးလောင်တိုက်ပြာသွင်းခဲ့သည်။ ထိုအချိန်ကတည်းမှစ၍ မာယာဒေဝီသည် ယမရာဇာနှင့် တက်ညီလက်ညီမကောင်းမှုတွေကို ပြုလုပ်ခဲ့သည်မှာ အခုအချိန်ထိပင်။ သူတို့နှစ်ဦး၏ ရက်စက်မှု၊ ကောက်ကျစ်မှုသည် တစ်ဦးနှင့်တစ်ဦး လိုက်ဖက်ညီလှသည်ဟု ဆိုလို့ရပေသည်။
မာယာဒေဝီ ယမရာဇာ၏ ကျောပြင်နောက်သို့ တိုးကပ်လိုက်ပြီး သူမလက်နှစ်ဖက်နှင့် သူ့ကို တင်းတင်းပွေ့ဖက်သည်။ သွယ်လျရှည်လျားသည့် လက်ချောင်းကလေးများ၏ အဆုံးသတ်ရှိ လက်သည်းရှည်တွေနှင့် ဝတ်လွှာစလွတ်နေသည့် ယမရာဇာ၏ ရင်ပတ်ကျယ်ကြီးကို ပွတ်သပ်ချော့မြူသည်။ ထို့အပြင် သူမကိုယ်လေးကို ငြိမ်ငြိမ်မနေပဲ တွန့်ကာလှုပ်ရှားပေးလိုက်ရာ ခန္ဓာကိုယ်နှစ်ခုကြားတွင် ညပ်သွားသော နို့အုံကြီးတွေနှင့် ကျောပြင်ကိုပွတ်ပေးသလိုဖြစ်သည်။ သို့ပေမယ့် ယမရာဇာကိုယ်က ဘာမှလှုပ်လှုပ်ရှားရှားမဖြစ်ပဲ သူ့အကြည့်ကို ရေကန်၏ မျက်နှာပြင်သို့သာ စိုက်ကြည့်နေသည်။ မာယာဒေဝီ စိတ်တိုသွားသည်။ ဘာဖြစ်လို့ ဒီလောက်တောင် ယမရာဇာ တခြားဟာကို စိတ်ဝင်စားနေရတာလဲ သိချင်လာသည်။ နောက်ကျောဘက်တွင် ရပ်နေရာမှ ခွာလိုက်ပြီး ယမရာဇာကြည့်နေရာ မှော်ကန်ရေပြင်သို့ သူမလဲ လိုက်ကြည့်သည်။ ခပ်ချောချောဝံပုလွေမကလေးတစ်ယောက်နှင့် ထူးဆန်းသည့်အသွင်အပြင်ရှိသည့် ယောကျ်ားတစ်ယောက်။ မာယာဒေဝီ၏ အကြည့်က လုလင်ပျို၏ မျက်နှာပေါ်သို့ ချက်ချင်းကျရောက်သွားသည်။ စူးရဲသည့်မျက်ဝန်းတစ်စုံနှင့် မာနကြီးမည့်ဟန် ပေါက်နေသော ထိုယောကျ်ားပျို၏ ပုံစံကို သူမသဘောကျမိသည်။ သူ၏ မျက်နှာနှင့် တောင့်တင်းခိုင်မာသည့် ကိုယ်လုံးကိုယ်ထည်က လိုက်ဖက်လှသည်။ အဲဒီကောင်လေးနှင့် သူမ ခပ်ကြမ်းကြမ်း ချစ်လိုက်ရလျှင်ဖြင့် …။
“ ဟင်း … တော်တော်တော့ အရသာရှိမယ့် ကောင်လေးပဲ … ”
“ မရတော့ဘူး .. မာယာ.. ဒီကောင်က မကြာခင် အသက်ပျောက်တော့မှာ .. ”
“ တကယ်လား မောင် .. နှမျောစရာလေး .. ခစ် .. ခစ် … ”
“ မောင် သိလား .. သူ့ကိုကြည့်ပြီး .. မာယာ စိတ်တွေလှုပ်ရှားလာပြီကွာ .. ”
“ မာယာ !!! … ဒီမှာ အလုပ်ရှုပ်နေတယ်ကွာ … ”
“ တကယ်ပြောတာလား မောင် .. ”
မာယာဒေဝီ၏ အသံက ဘယ်ယောကျ်ားသားမဆို ငြင်းဆန်ဖို့ခက်လောက်အောင် ချိုသာနေသလို၊ မြူဆွယ်သည့်အသံလဲ ပေါက်နေသည်။ စကားနှင့်ဆွဲဆောင်သလို လက်ကိုပါ ခါးအောက်ရှိ ဝတ်ရုံကြားသို့ ထိုးသွင်းလိုက်ပြီး လိင်တံကို တင်းတင်းဖမ်းဆုပ်ပြီး သာသာလေးညှစ်သည်။ ပြီးလျှင်မူ လက်ကိုချက်ချင်းပြန်ထုတ်ပြီး ယမရာဇာ၏ အနားကခွာကာ နောက်သို့ ခြေလှမ်းသုံးလှမ်းလောက် ဆုတ်လိုက်သည်။ လက်တစ်ဖက်ကို ခါးမှာထောက်၊ ကျန်သည့်လက်တစ်ဖက်က သူ့ကို လက်ညိုးကလေးကွေးကာခေါ်ရင်း ရုတ်ချည်းဆိုသလို နောက်ကျောရှိ သူမ၏ တောင်ပံတွေကို တဖြတ်ဖြတ်နှင့် ဖြန့်ကာခတ်ပြသည်။ အကြိမ်ကြိမ်အခါခါ အတူချစ်ပွဲဝင်ခဲ့ဖူးသည့်တိုင် ကမ္ဘာပေါ်တွင် ဆွဲဆောင်မှုအရှိဆုံး ကိုယ်လုံးလေးကို ယမရာဇာ ခြေဆုံးခေါင်းဆုံးကြည့်မိသည်။ မာယာဒေဝီ၏ အလှတရားကို အံတုနိုင်မည့် ယောကျ်ား ဒီကမ္ဘာပေါ်မှာ မမွေးသေးဟု သူထင်မိသည်။
ယမရာဇာ ပြုံးစစနှင့် မာယာဒေဝီကို စိုက်ကြည့်ပြီး သူမရှေ့ရာသို့ တစ်လှမ်းချင်းတိုးလာသည်။ မလှမ်းမကမ်းတွင် ရပ်မြဲရပ်နေသည်မို့ မာယာဒေဝီသည် ယမရာဇာ သူမအနားကိုရောက်လာသည်နှင့် လက်တစ်ဖက်ကို လှုပ်ရှားသည်။ ယမရာဇာ ကိုယ်အောက်ပိုင်းကို ပတ်ကာထားသော ဝတ်ရုံစသည် ဗြိခနဲမြည်ပြီး သူမလက်ထဲ ပါသွားသည်။ ယမရာဇာ၏ အင်္ဂါချောင်းသည် သက်ရှိသတ္တဝါတစ်ကောင်အလားနှယ် မတ်တောင်ခါယမ်းနေသည်။ မာယာဒေဝီ သူမ၏လျှာလေးကို ညို့မြူသကဲ့သို့ နီးထွေးလှသော နှုတ်ခမ်းပါးပေါ်ဝယ် သပ်ကာပြလိုက်ပြီး ယမာရာဇာရှေ့မှောက် ဒူးထောက်ထိုင်ချသည်။ သူမမျက်နှာရှေ့တည့်တည့်နှင့် တဆတ်ဆတ်တုန်ခါနေသော အချောင်းကြီးက တည့်တည့်ပင်။
“ အီး … ”
မာယာဒေဝီ ပါးစပ်က သူ့လိင်အင်္ဂါကို ငုံလိုက်မိသည်နှင့် ယမရာဇာ မျက်လုံးအစုံကိုမှိတ်ကာ ခေါင်းမော့သည်။ သူမ အပြုအမူက ယမရာဇာကို ဘယ်လိုဖြစ်သွားစေသည်ဆိုတာကို မာယာဒေဝီသိသည်။ လက်တစ်ဖက်နှင့် လိင်တံအရင်းကိုကိုင်၊ ခေါင်းကိုနိမ့်လိုက် ကြွလိုက်ဖြင့် အားရပါးရ စုပ်ပေးလိုက်ယုံမက၊ ကျန်သည့်လက်တစ်ဖက်နှင့် ဂွေးဥတွေကိုပါ ပွတ်ကာဆော့ကစားသည်။ အချိန်မဆိုင်း မိနစ်ပိုင်းလေးအတွင်း ယမရာဇာ၏ အချောင်းကြီးသည် သူမပါးစပ်ထဲဝယ် မဆန့်မပြဲ ကြီးထွားလာသည်။ အချိန်ကြပြီလို့ မာယာဒေဝီ ဆုံးဖြတ်သည်။ ပါးစပ်ထဲ ဝင်နေသည့်အပိုင်းကို တစ်ချက်နှစ်ချက်လောက် စိတ်ကြိုက်စုပ်လိုက်ပြီး သူမထိုင်နေရာမှ ထသည်။ စုပ်ပေးရတာကို သူမ ဘယ်လောက်ပဲကြိုက်တယ်ပြောပြော၊ လိုးဆောင့်ရတာလောက်တော့ သူမ သဘောမကျ။ မာတောင်နေပြီဖြစ်သည့် အချောင်းကြီးကို သူမ မြန်မြန်တက်ခွချင်လှပြီ။
မာယာဒေဝီ၏ အကြံကို ယမရာဇာ ရိပ်မိသည်။ သို့သော် သူ့တွင်လဲ သူ့အကြံနှင့်သူ။ မာယာဒေဝီ သူ့အပေါ်က တက်ဆောင့်လုပ်ပေးတာ ဘယ်လောက်ပဲကောင်းသည်ပြောပြော သူတို့နှစ်ယောက်တွင် ဘယ်သူက သခင်ဆိုတာကိုတော့ သူပြချင်သေးသည်။ မာယာဒေဝီ သူနှင့်ခြေရာတိုင်းချင်တိုင်း သူခွင့်ပြုနိုင်သည်မဟုတ်။ တလောကလုံး ဖိတ်ဖိတ်တုန်အောင် ကြောက်ရသည့် ယမရာဇာက မိန်းမတစ်ယောက် လုပ်ပေးချင်တိုင်း ဇိမ်နှင့်ငြိမ်ခံနေမှာလား။ ကျောပြင်ထက်တွင် ဖွားလားကျနေသော မာယာဒေဝီ ဆံနွယ်တွေကို လက်နှင့်ခပ်ကြမ်းကြမ်း လှမ်းဆွဲလိုက်ပြီး ကိုယ်ကိုလှည့်လိုက်သည်။ “အား“ခနဲ မာယာဒေဝီ အော်ပြီး သူ့ကိုကျောပေးလျှက် ဖြစ်သွားသည်။ ယမရာဇာ မာယာဒေဝီကိုယ်ကို ထိုအနေအထားတိုင်း အနားတွင်ရှိသော ကျောက်သားနံရံသို့ ပစ်တွန်းသည်။ မာယာဒေဝီသာ လက်ဖြင့် အထောက်မမြန်ဘူးဆိုလျှင် သူမမျက်နှာက နံရံနှင့် ပြေးဆောင့်မှာ သေချာသည်။
“ အား .. ကြမ်းလှချည်လား မောင် … ”
“ ဖြန်း .. ”
“ အား ”
နောက်ကော့ထုတ်ပေးထားသော ဖင်ကြီး ယမရာဇာ လက်ဝါးချက်မိသည်။ မာယာဒေဝီက မှတ်သည် အောင့်မေ့လား။ နောက်ထပ်ပင် တင်းရင်းမောက်တက်နေသည့် ဖင်ကိုထပ်လှုပ်ပြလိုက်သည့်အပြင် တင်ပါးပေါ်ဖုံးနေသည့် ချုံထည်လွှာကိုပါ ပင့်မပေးသည်။ ယမရာဇာ အချောင်းကြီး တိုးဝင်လာဖို့အတွက် သူမအသင့်ဖြစ်နေလေပြီ။ ယမရာဇာ အရည်လဲ့လဲ့ထနေသော စွဲမက်ဖွယ် မာယာဒေဝီ၏ နှုတ်ခမ်းသားတွေကိုမြင်တော့ သူကိုယ်တိုင်လဲ ရမ္မက်ဆန္ဒတွေ မီးတောက်မတတ်ဖြစ်လာသည်။ မာယာဒေဝီ တင်ပါးနောက် တရှိန်ထိုးကပ်မိပြီး တစ်ချက်ထဲနဲ့ ကျွင်းဝင်အောင် ထည့်ပစ်လိုက်သည်။
“ အိုး … ကောင်းတယ် … အဲဒါမှ ထိတာ .. အီး … ကျွတ် .. ကျွတ် … ”
ယမရာဇာ ဘယ်လောက်ကြမ်းကြမ်း၊ မာယာဒေဝီက ဖြုံတောင်မဖြုံ၊ ထိုသို့ ကြမ်းနိုင်လေ ၊ သူမက သဘောကျလေဖြစ်သည်။ ဖြူဖွေးနေသော တင်ပါးပေါ်တွင် လက်ဝါးရာထင်အောင် ရိုက်တာလဲ သူမက အေးဆေး။ ဆံပင်ကိုဆောင့်ဆွဲပြီး တရစပ် လိုးဆောင့်တာကိုလဲ သူမကတောင် နောက်ပြန်ပစ် ကူဆောင့်ပေးလိုက်သေးသည်။ သူတို့နှစ်ယောက်ကြည့်ရတာ ကာမစပ်ယှက်နေကြသည်နှင့်မတူပဲ တစ်ယောက်နှင့်တစ်ယောက် သတ်နေကြတာနှင့်တူသည်။ အချိန်တော်တော်ကြာ နှစ်ဦးသား သတ်ပွဲဟုခေါ်ရမလား၊ အချစ်ပွဲဟုခေါ်ရမလား မသိသည့် လိုးပွဲသည် ယမရာဇာ လရည်တွေပန်းထွက်တော့မှပဲ တစ်စခန်းရပ်ခဲ့သည်။ ယမရာဇာနှင့် မာယာဒေဝီ။ တော်တော်လဲ လိုက်သည့်အတွဲပင် …။
လင်းသဒ္ဒါက ကိုယ့်အိမ်ကိုယ်ယာကို ရောက်နေသည့်အလား အေးအေးလူလူနှင့် သွားလာနေသည့်တိုင် သီဟကတော့ ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ထားကာ ကြည့်နေမိသည်။ ဘာမှန်းမသိသည့် ဒီကမ္ဘာကိုရောက်ကတည်းက တောထဲမှာ ဝံပုလွေတွေ ရန်ပြုတာခံခဲ့ရသည်။ မှင်စာဆိုသည့်အကောင်တွေနှင့်လဲ ချခဲ့ရသည်။ ထို့ကြောင့် အရာရာကို စိတ်မချနိုင်ဖြစ်သည်မှာ သူ့အတွက် မဆန်းချေ။ တောနက်လာလေလေ၊ သူက ပိုသတိထားလေလေပင်။ အခုလဲ လူတစ်ရပ်သာသာလောက်ကို အသာလေးမြင့်သည့် မြက်ရိုင်းတောလိုမျိုး ကွင်းပြင်ကြီးကို သူတို့ဖြတ်သန်းနေကြရသဖြင့် မျက်စိရှင်ရှင် နားရှင်ရှင်ထားနေရသည်။
သီဟနှင့် လင်းသဒ္ဒါသည် အခုအချိန်မှာတော့ တစ်ယောက်ကရှေ့၊ တစ်ယောက်ကနောက် ခပ်ကွာကွာ မဟုတ်တော့ပေ။ လူသွားလမ်းဆိုပြီး မရှိသလောက်ဖြစ်လာသည့် တောအနေအထားကြောင့် တစ်ဦးနှင့်တစ်ဦး ဘေးချင်းဆိုင်ကာ အလိုလိုသွားမိနေပြီဖြစ်သည်။ သို့ဖြစ်၍ တမင်တကာလှည့်ကြည့်တာ မဟုတ်သည့်တိုင် စိုးရိမ်စိတ်ကြီးကာ ပတ်ဝန်းကျင်ကို မျက်ချည်မပြတ်ကြည့်နေသော သီဟ၏ အနေအထားကို လင်းသဒ္ဒါ လှမ်းမြင်နေရသည်။ တစ်ချက်တစ်ချက် သူမကို အကဲခတ်သလို စိုက်ကြည့်နေသည်ကိုလဲ သတိပြုမိသည်။
“ ရှင် .. စိတ်အေးအေးထားစမ်းပါ .. ဒီလမ်းနဲ့ဒီတောကို ကျမသိပါတယ် .. ”
နွဲ့နှောင်းပျော့ပြောင်းသည့် အသံမဟုတ်သည့်တိုင် လင်းသဒ္ဒါထံမှ ပထမဆုံးအကြိမ်အဖြစ် စကားသံထွက်လာခြင်းအတွက် သီဟပျော်မိသည်။ စကားစလို့ရပြီဖြစ်သည့်အတွက် သူချက်ချင်းဆိုသလို တုံ့ပြန်သည်။
“ ကိုက အကျင့်ဖြစ်နေလို့ပါ သဒ္ဒါ .. ဒါနဲ့ သဒ္ဒါအဖေ ပြောတဲ့အတိုင်းသာဆို တောင်တော်ရှင်မက ကို့အကြောင်း တစ်ခုခုပြောပြနိုင်မယ် ထင်တယ် .. ကိုယ့်ကမ္ဘာကို ပြန်ဖို့လမ်းစရော ပြောပြနိုင်မလား မသိဘူး …ဒါပေမယ့် အမှန်အတိုင်းဝန်ခံရရင် ကို သဒ္ဒါဆီကနေ ခွဲမသွားချင်ဘူး .. ”
လင်းသဒ္ဒါ၏ ကိုယ်ကလေးသည် သီဟစကားအကြားတွင် တစ်ချက်တုန်ခါသွားယုံမက သွားနေသည့် ခြေလှမ်းတွေတောင် ရပ်တန့်သွားသည်။ သီဟ သူ့စကားကြောင့် လင်းသဒ္ဒါ စိတ်အနှောင့်အယှက်ဖြစ်သွားသလားဟု ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။ လင်းသဒ္ဒါတွင် အခက်အခဲတစ်ခု ရှိနေမှန်း သူမှန်းဆမိသည်။ သူမအနားသို့တိုးကာ အားပေးယုယသည့်အသွင်နှင့် ပုခုံးအား အသာလေးပွေ့ပိုက်သည်။ သို့သော် လင်းသဒ္ဒါက သူ့လက်နှင့် သူမပုခုံးကို အထိမခံပါ။ ချက်ချင်းပင် ရှောင်ထွက်သွားပြီး ခပ်လှမ်းလှမ်းတွင် သွားရပ်နေသည်။ သူမမျက်နှာပြင်တွင် ကြေကွဲမှုက အတိုင်းသား ပေါ်လွင်နေသည်။
“ ရှင် .. ဒီမှာနေလို့ မရဘူး !!! .. ”
“ ဘာဖြစ်လို့လဲ … သဒ္ဒါ …ဘာတွေဖြစ်နေတာလဲ .. ”
လင်းသဒ္ဒါ သူမ နှုတ်ခမ်းကို ကိုက်သည်။ စကားတစ်ခွန်းပြောဖို့အရေး သူမခမျာ အားအင်ယူနေရသည်မှာ လူမမာနှင့်တောင် တူနေသည်။
“ ရှင်က ကျမတို့ကမ္ဘာနဲ့ ဘာမှမသက်ဆိုင်တဲ့သူ … ရှင်က အပြင်ကလူ … အို .. ရှင်နဲ့ကျမနဲ့လဲ ဘာမှ မဆိုင်ပါဘူး .. ”
“ ဟာ .. သဒ္ဒါ .. မင်းတကယ်ပြောနေတာလား … ဒါဆို ကိုယ်တို့ ညတုန်းက အဖြစ်ကရော … ”
“ ညတုန်းက ဘာဖြစ်လို့လဲ ??? …ရှင်နဲ့ကျမ အတူအိပ်ယုံနဲ့ ကျမက ရှင့်ကို ချစ်သွားမယ် ထင်လို့လား … ”
“ ဒါဆို .. ညက .. ညက မင်း ကိုယ့်အပေါ် ဘာခံစားချက်မှ မရှိဘူးပေါ့ .. ”
“ ခံစားချက် ??? … ခံစားချက်ဆိုတာ ဘာလဲ၊ အချစ်ဆိုတာကရော ဘာလဲ .. ကျမအတွက်တော့ ရှင်ဟာ ကျမဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်ဆိုတာကလွဲလို့ ဒီထက်ဘာမှမပိုဘူး … ”
လင်းသဒ္ဒါ၏ စကားက သီဟ အသည်းနှလုံးကို ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူသွားသကဲ့သို့ ဖြစ်စေသည်။ သီဟ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတော့သည်။ ပြောရမည်ဆိုလျှင် သူ့ဘဝတွင် မိန်းမဆိုတာ လင်းသဒ္ဒါနှင့်ကျမှ တွေ့ဖူးတာမဟုတ်။ လင်းသဒ္ဒါရှေ့တွင် စိတ်တူကိုယ်တူချစ်ခဲ့ဖူးသော မိန်းကလေးတွေရှိခဲ့ဖူးသည်။ ထို့အပြင် လင်းသဒ္ဒါကဲ့သို့ပင် တော်တော်များများသော မိန်းကလေးတွေကို သူထိုစကားမျိုးပြောကာ လမ်းခွဲခဲ့ဖူးသည်။ သို့သော် ထိုစဉ်အခါတုန်းက သူမတို့ ဘယ်လိုခံစားရမည်ဆိုတာကို သီဟ သဘောမပေါက်ခဲ့။ ကိုယ်ချင်းမစာခဲ့ဘူးဟုပဲ ပြောကြပါစို့။ အခုမှ သူနှလုံးသားနှင့် ရင်းကာ ပြန်လည်၍နားလည်ခဲ့ချေပြီ။ သူခေါင်းငိုက်စိုက်ကျသလို နောင်တလဲရမိသည်။ ဘာမှထပ်မပြောဖြစ်တော့ပဲ လင်းသဒ္ဒါခေါ်ဆောင်ရာနောက်သို့သာ သက်မဲ့အရုပ်လို သူလိုက်လာခဲ့သည်။
“ အင်း .. တကယ်လို့ မနေ့ညက အဖြစ်အပျက်ကြောင့် ရှင့်စိတ်ထဲမှာ တမျိုးဖြစ်ခဲ့တယ်ဆိုရင် .. အဲဒီလိုဖြစ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ် .. ”
မျက်နှာအမူအရာပျက်ကာ သူမကိုမကြည့်တော့ပဲ ငေးငေးငိုင်ငိုင်ဖြစ်သွားသည့် သီဟကို ကြည့်ပြီး လင်းသဒ္ဒါရင်ထဲမှာလဲ မကောင်းပါ။ သို့ပေမယ့် သူမ မတတ်နိုင်။ သူမအဖို့ ရွေးချယ်စရာ လမ်းမရှိပေ။ အပ်နှင့်ထွင်းရာမည့် အရာကို ပုဆိန်နှင့်ပေါက်ရမည်အထိတော့ သူမအဖြစ်မခံနိုင်။ ရောဂါမရင့်ခင် အမြစ်ဖြတ်ဖို့သာ သူမ ဆုံးဖြတ်ထားသည်။
“ ကောင်းပြီလေ သဒ္ဒါ .. မင်းအတွက် အဆင်ပြေမယ်ဆို မင်းဆုံးဖြတ်ချက်ကို ငါ လက်ခံပါ့မယ် .. ”
သီဟ၏ ပြန်ဖြေမှုက ဆွေးမြေ့နေသည့်တိုင်၊ လေယူလေသိမ်းကမူ မာထန်ထန်ဖြစ်လာသည်။ ငိုချင်လာသည့် စိတ်ကို လင်းသဒ္ဒါ ကြိုးစားကာထိမ်းပြီး သူ့ကို စကားပြန်ဖို့ ကြိုးစားသည်။ သို့သော် သူမနားထဲတွင် ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် တကိုယ်လုံး တုန်ခါသွားသည်။ ရှေ့ကနေ သွားနေမှုကို ရပ်ပြီး သူမတို့ ဖြတ်သန်းနေသည့် မြက်ရိုင်းတော၏ အလွန်ကို စိုးရိမ်တကြီး လှမ်းကြည့်သည်။ လင်းသဒ္ဒါ၏ အပြုအမူကို ကြည့်ကာ သီဟ အံ့အားသင့်သည်။ သို့သော် ကွန်မန်ဒိုစစ်သားတစ်ဦးမို့ ချက်ချင်း ဘယ်လိုအခြေအနေဆိုတာကို ရိပ်မိသည်။ လက်ထဲရှိ ရိုင်ဖယ်ကို အသင့်အနေအထားပြင်လိုက်ပြီး လင်းသဒ္ဒါ မျက်တောင်မခတ်တမ်းကြည့်နေရာ တောစပ်သို့ ကြည့်သည်။ လောလောဆယ်တော့ သူ ဘာမှ ထူးခြားသည်ကို မတွေ့။ သို့သော် စက္ကန့်ပိုင်းအကြာတွင်မူ တောအုပ်၏ အစွန်ဖျားက သစ်ပင်များ ယိမ်းထိုးလာသည်ကို တွေ့ရသည်။ လင်းသဒ္ဒါ ချက်ချင်းဆိုသလို သူမနောက်ကျောတွင် လွယ်လာသည့် လေးနှင့်မြားကိုထုတ်ကာ ချိန်ရွယ်လိုက်သည်ကို တွေ့သည်။ နှုတ်မှလဲ ..
“ ကျေးဇူးပြုပြီး .. မဟုတ်ပါစေနဲ့… မဟုတ်ပါစေနဲ့ .. ”
ရုတ်တရက်ဆိုသလို ကြီးမားထွားကျိုင်းသည့် ငှက်ကြီးတစ်ကောင် သစ်ပင်များ၏ နောက်မှ လေထဲသို့ပျံတက်ကာ သူတို့နှစ်ဦးရှိရာသို့ ဦးတည်လာသည်ကို သီဟတွေ့လိုက်သည်။ သီဟ မျက်မှောင်ကုတ်မိသည်။ မဟုတ်သေးဘူး။ ဒါ ဘယ်လိုနည်းနှင့်မှ ငှက်မဖြစ်နိုင်ဘူး။ တဟုန်ထိုး လေဟုန်စီးသလို ပျံဝဲလာသောအကောင်သည် သာမန်ငှက် ဘယ်လိုမှမဖြစ်နိုင်။ သူ့ခေါင်းထဲတွင် ရာဇဝင်တွေထဲမှာ ကြားဖူးသော သတ္တဝါတစ်ကောင်၏ အမည်ကပေါ်လာသည်။ ဒါ .. ဒါ … နဂါး။ နဂါးမှ ရိုးရိုးတောင် မဟုတ်။ နဂါးပျံ .. ။ ဘယ်လိုရန်သူမှန်းသိလိုက်သည်နှင့် သီဟ တကိုယ်လုံးတောင့်တင်းသွားပြီး လင်းသဒ္ဒါကို လှည့်ကြည့်သည်။
“ သဒ္ဒါ .. ဒါ !!!! … ”
“ ပြေးးးးးးးးး တောဆီ ပြန်ပြေးးးးးး … ”
လင်းသဒ္ဒါက သူ့ထက်မြန်သည်။ သတိပေးသံအဆုံး၌ သူမကိုယ်က သူ့ဘေးကနေ လှစ်ခနဲ ပျောက်သွားသည်။ ဘယ်လိုစွမ်းရည်ရှိမှန်း မသိသည့် နဂါးတစ်ကောင်နှင့်တော့ သီဟ တစ်ယောက်ထဲ မိုက်မိုက်ကန်းကန်း ခံချဖို့ မစဉ်းစားပါ။ ဒဏ္ဍာရီလာ နဂါးဆိုသည့် သတ္တဝါသာမှန်လျှင် သူလို လူသားတစ်ယောက်က နှိမ်နင်းနိုင်ပါမည်တဲ့လား။ သီဟ သူ့ကိုယ်သူ မောင်ပေါက်ကျိုင်းမဟုတ်မှန်း သေချာသိသည်။ ကိုယ်ကိုနောက်ပြန်လှည့်၍ လင်းသဒ္ဒါ ပြေးထွက်သွားရာနောက် ထပ်ကြပ်မကွာ လိုက်ပြေးသည်။ သူတို့နှစ်ယောက် ပြေးသည်မှာ ပေ၁၀၀ကျော်လောက်ပဲ ရောက်ဦးမည်။ နှစ်ဦးသားပြေးနေရာ မြက်ရိုင်းတောသည် ရုတ်ချည်းတိမ်တိုက်တွေ ဖုံးအုပ်သွားသလို မဲမှောင်သွားသည်။ နဂါးသူတို့ဆီသို့ ရောက်လာပြီ။ ထို့နောက်တွင် နားကွဲမတတ်ကျယ်လောင်သော ဟိန်းသံကြီးတစ်ခုကို ကြားလိုက်ရပြီး သီဟ နောက်ခပ်လှမ်းလှမ်းက မြက်ခင်းပြင်သည် ရုတ်တရက် အလျှံညီးညီး မီးထလောင်သည်။ ကိုယ်ကိုလာဟတ်သည့် မီးအပူရှိန်ကြောင့် သီဟ စိုးရိမ်တကြီး နောက်ပြန်လှည့်ကြည့်သည်။ ဝိုးတဝါးမြင်ခဲ့ရသော နဂါးဆိုသည့် အကောင်ကို အထင်အရှားမြင်လိုက်ရပြီး ပါးစပ်မှ မီးတန်းတစ်ခု မှုတ်ထုတ်လိုက်သည်ကို တွေ့ရသည်။ မီးစွဲလောင်နေသည့် မြက်ရိုင်းတွေသည် သူနှင့်ပိုပို နီးကပ်လာသည်။ သီဟ ရိုင်ဖယ်ဆီမှ ကျည်ဆံတွေက အတွဲလိုက်ထွက်သည်။
“ သဒ္ဒါ .. ညာဘက်ကို ပြေး … ”
ပြောပြီးသည်နှင့် သီဟ လင်းသဒ္ဒါနှင့် ဆန့်ကျင်ဘက်ကို ယူလိုက်ပြီး နဂါးခေါင်းသို့ ဦးတည်ပစ်ရင်း ဘယ်ဘက်သို့ ပြေးထွက်သည်။ သူ၏ အကြံက နှစ်ယောက်စလုံး မလွတ်တောင် တစ်ယောက်ယောက်တော့ နဂါးလက်မှ လွတ်အောင်ဖြစ်သည်။
“ နဂါးစုတ် !!! … ”
လေထဲတွင် ပျံဝဲနေသော နဂါးသည် တောင်ပံခတ်ကာ ကိုယ်ကိုလှည့်လိုက်သည်နှင့် ဘယ်သူ့ဘက်ကို ဦးတည်လာပြီဆိုတာ သီဟ သိလိုက်သည်။ ဒေါသနှင့် ကျိန်ဆဲမိသည့်တိုင် ခြေထောက်တွေ၏ ပြေးအားကိုတော့ သူမလျှော့ရဲပါ။ မြွေလိမ်မြွေကောက် ပြေးလိုက်၊ နောက်ပြန်လှည့် ပစ်လိုက်နှင့် အသက်ဘေးကလွတ်အောင် ကြိုးစားနေရသည်။ ဒါတောင်မှ နဂါးရန်က လွတ်ဖို့ သိပ်မကြိမ်းသေ။ သူ့ရှေ့တွင် ပီပီပြင်ပြင်မြင်လာပြီဖြစ်သော အရှေ့ဘက်က တောအုပ်သည်သာ သူ့အတွက် အားကိုးရာဖြစ်သည်။ နောက်ဆုံးအနေနှင့် နဂါးဘက်သို့လှည့်ကာ လေးငါးချက်ဆက်တိုက် ပစ်ပြီးနောက် လုံးလုံးပြန်လှည့်မကြည့်တော့ပဲ သူခြေကုန်ထုတ်ပြေးသည်။ နီးလာပြီ။ တောစပ်နှင့် နီးလာပြီ…။
သို့သော် …
သူ့နောက်ဘက်မှ လေပြင်းမုန်တိုင်းကျသလို လေလှိုင်းက ကျောပြင်ကို ရိုက်ခတ်လာသည်နှင့် သီဟ နဂါးလက်က မလွတ်နိုင်တော့ဆိုတာ သိသည်။ ပြေးနေရာမှ ရပ်ကာ နဂါးဘက်သို့ ရိုင်ဖယ်ကို ထိုးချိန်မည်အပြု သူ့မျက်စိထောင့်တွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို မြက်ရိုင်းတောထဲမှာ တွေ့လိုက်ရသည်။ သီဟ ဝမ်းသာသွားသည်။ အချိန်ဆိုင်းမနေပဲ ကျောက်တုံး၏ နောက်ဘက်သို့ ပြေးကာခုန်ဝင်လိုက်ပြီး မြေပြင်ပေါ် ပြားပြားအပ် ဝပ်ချသည်။ သီဟ ကံကောင်းသည်။ သူ ကျောက်တုံးနောက် ရောက်သည်နှင့် တပြိုင်နက် ချက်ချင်းဆိုသလို နဂါး၏ ပါးစပ်မှ မီးလျှံက ဟူးခနဲ ထိုးထွက်လာပြီး သူ့ဘေးနာက မြက်ခင်းပြင် မီးစွဲကာထလောင်သည်။ သီဟ ကျောက်တုံးကို အကာအကွယ်ယူပြီး သူ့အပေါ်က ကျော်သွားသော နဂါးကို လှမ်းပစ်သည်။ ရိုင်ဖယ်ကျည်ဆံတွေ နဂါးကို ထိပေမယ့် နဂါးသည် ဘာမှဖြစ်သည့်ပုံမပေါ်။ နောက်ထပ်တစ်ဖန် ကျယ်လောင်စူးရှသော အသံကို ပြုလုပ်၍ တဟုန်ထိုး ပြန်ကွေ့ကာ ဆင်းလာသည်။ သီဟ ကျောက်တုံးနောက် စိတ်ပျက်လက်ပျက် ပြန်ထိုင်ချလိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ ဒီနေ့တော့ သူသေမည့်ပြေးက ပြေးမလွတ်နိုင်တော့။ သေမင်းလက်မှ သူအကြိမ်ကြိမ်လွတ်ဖူးသည့်တိုင် ဒီတစ်ချီတော့ လွတ်နိုင်မည့် ကိန်းမမြင်။ ဘေးနားကို တစတစဝိုင်းလာမည့် မီးတောက်မီးလျှံများကို စောင့်မျှော်နေမိသည်။
...........................................
“ ဂီး … ”
ရုတ်တရက်ဆိုသလို သီဟနောက်ကျောဘက်မှ သတ္တဝါတစ်ကောင်၏ စူးရှစွာအော်ဟစ်သံကို ကြားလိုက်ရသည်။ သီဟ လန့်ဖြန့်ကာ လှည့်ကြည့်မိချိန်တွင် သူ့မျက်လုံးကိုတောင် သူမယုံနိုင်။ အဖြူရောင်အဆင်းရှိသော နောက်ထပ်နဂါးတစ်ကောင်သည် ဘယ်ကနေ ထွက်လာမှန်းမသိ။ တရှိန်ထိုး သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့ရသည်။ သီဟ ခေါင်းကိုသာ ခါယမ်းမိတော့သည်။ လတ်စသတ်တော့ သူခမျာ နဂါးတစ်ကောင်ရဲ့လက်ချက်နှင့်တောင် သေရမည်မဟုတ်။ နှစ်ကောင်ရဲ့လက်ချက်နဲ့ သေရပေဦးမည် ….။
သို့သော် …
ဒုတိယပေါ်လာသော နဂါး၏ ဦးတည်ရာက သီဟဆီမဟုတ်။ ဂျက်လေယာဉ်တစ်စင်းနှယ် “ဟူး“ခနဲ သူ့အပေါ်က ကျော်သွားပြီးနောက် သီဟနားသို့ ပျံဝဲလာသည့် နဂါးမည်းကို ထိုးသုတ်သည်။ သီဟ ပါးစပ်အဟောင်းသား ဖြစ်သည်။ သူ့မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်စွာနှင့် စိုက်ကြည့်နေမိသည်။ နဂါးမည်းနှင့် အဖြူသည် သူ့ရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် အသေအကြေ သတ်နေကြသည်။ ဖန်တီးလာသည့် အဖြစ်အပျက်သည် သူ့မျက်စိနှင့်သာ မမြင်ရလျှင် ဘယ်လိုမှ ယုံနိုင်စရာမရှိပေ။ ခေတ္တခဏတော့ သေဘေးမှ သူလွတ်သွားပြီးမှန်း သီဟ သိသည်။ အခုအချိန် ထွက်ပြေးလျှင် ရနိုင်သော်လဲ ဘာကြောင့်ရယ်မှန်းမသိ။ သူထွက်မပြေးဖြစ်။ မြက်ရိုင်းတောတစ်ခုလုံး မွစာကြဲအောင် သတ်ပုတ်နေကြသည့် နဂါးနှစ်ကောင်ကိုသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။
နဂါးအဖြူသည် နဂါးမည်းထက်စာလျှင် အနည်းငယ်အကောင်သေးသည်။ သို့သော် သူ၏ လှုပ်ရှားမှုက သွက်လက်သည်။ ပို၍လဲ စဉ်းစားဉာဏ်ရှိပုံပေါ်သည်။ နဂါးမည်းနှင့် ကိုယ်ချင်းအလုံးမခံပဲ ပတ်ချာလည်လှည့်၍သာ တိုက်ခိုက်သည်။ နဂါးအဖြူ၏ အကွက်ကျလှသော ထိုးနှက်ချက်များကြောင့် တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ နဂါးအဖြူဘက်က အရေးသာလာသည်။ နဂါးမည်းကိုယ်တွင် ဒဏ်ရာဒဏ်ချက်မနည်းတော့သည်ကို သီဟ ခပ်ခွာခွာက ကြည့်နေသည်တိုင် မြင်နေရသည်။ နဂါးအဖြူနိုင်ပေတော့မည်။
“ ဂီး .. ”
ထိုအခိုက် နဂါးမည်းက ထူးဆန်းသောအသံဖြင့် သံရှည်ဆွဲကာ ရုတ်ချည်းအော်မြည်လျက် နောက်သို့ဆုတ်သည်။ နဂါးမည်း၏ အပြုအမူကြောင့် သီဟသာမက နဂါးဖြူပါ အံ့အားသင့်သည့်ပုံပေါ်၏။ နှစ်ကောင်သား အသည်းအသန်သတ်ပုတ်နေသည့်ပွဲသည် ချက်ချင်းရပ်တန့်သွားသည်။ သီဟ ကြည့်နေစဉ်မှာပင် နဂါးမည်း၏ မျက်လုံးအစုံသည် သူ့ရန်သူ နဂါးဖြူကိုကြည့်နေရာမှ သူ့ဘက်သို့လှည့်လာသည်။ တစ်ခုခုတော့ မှားယွင်းနေပြီ။ သီဟ သံသယမှ မဆုံးသေး။ နဂါးမည်း ပါးစပ်က တမဟုတ်ချင်းဟသွားပြီး မီးတောက်မီးလျှံများ သူ့ဆီပြေးထွက်လာသည်။
“ အား … ”
သီဟ အလန့်တကြားအော်ကာ လက်နှစ်ဖက်နှင့် မျက်နှာကိုကာလိုက်ပေမယ့် သူ့လက်ဖျားမှ ဘာပူလောင်မှုမှ မခံစားရပေ။ လက်ကို တဖြေးဖြေးအောက်ချ၍ ကြည့်လိုက်သောအခါ နဂါးဖြူသည် သူ့ရှေ့တွင် ရောက်နေသည်ကိုတွေ့ရသည်။ မီးတောက်မီးလျှံတွေသည် သီဟကို ကာထားပေးသော နဂါးဖြူကိုယ်လုံးကို မကျော်ပဲ တစ်ဖက်ခြမ်းတွင်သာ ရှိနေလေသည်။ ထို့နောက်တွင်တော့ ဝုန်းခနဲအသံကြီးတစ်ခု ကြားလိုက်ရပြီး ခြေထောက်အောက်က မြေပြင်သည် သိမ့်ခနဲခါသည်။ သီဟ လှမ်းအကြည့်တွင် နဂါးမည်းသည် သူ့အကြံမအောင်မြင်ဆိုတာကို သိသွားသည့်နှယ် နောက်ဆုတ်ကာ ပြန်ပြေးသွားချေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးမည်း၏ကိုယ်က တော်တော်ဝေးဝေးသို့ ရောက်ရှိသွားပြီး ခဏအကြာတွင် မြင်ကွင်းမှ ပျောက်သွားသည်။
“ ကျေးဇူးပဲဗျာ .. ကျနော့်အသက်ကို ကယ်တဲ့အတွက် .. ”
ရန်သူလား မိတ်ဆွေလား ကွဲပြားသွားပြီမို့ နဂါးဖြူ သူ့ဘက်သို့ ခေါင်းလှည့်အလာတွင် သီဟ ကျေးဇူးတင်စကား လှမ်းပြောသည်။ ပြောပြီးမှ သူ့ဖာသာသူ သဘောကျပြီး ဟက်ခနဲ ရယ်မိသည်။ သူလဲ ဒီလောကထဲရောက်မှ လူမဟုတ်သည့်သူတွေကို စကားပြောပြောဖြစ်နေသည်လေ။
“ ဘာလဲ .. ရှင့်စကားကို ကျမက နားမလည်ဘူးထင်လို့လား .. ”
“ ဟာ …. ခင် .. ခင်ဗျား !!! … ခင်ဗျားက လူစကားပြောတတ်တယ် ”
“ ဝံပုလွေတောင် စကားပြောတတ်မှတော့ နဂါးက စကားပြောတာ ရှင့်အတွက် အဆန်းဖြစ်နေရလား မောင်သီဟရယ် .. ”
“ ဝိုး !!! ”
သီဟ ဘာကိုဆက်ပြောရမှန်း မသိတော့။ ပါးစပ်လေး အဟောင်းသားနှင့်သာ ဖြစ်နေရှာသည်။ နေစမ်းပါဦး။ ဒီနဂါးက သူ့နာမည်ကို ခေါ်လိုက်သလား။ နောက်ပြီး နဂါး၏ အသံက တကယ့်မိန်းကလေးတစ်ယောက်၏ အသံအတိုင်းပင်။
“ နေ .. နေစမ်းပါဦး .. ခင်ဗျားက ကျနော့်နာမည်ကို သိနေတယ် ?? .. ”
“ ကဲ .. မောင်သီဟ .. ကျမတို့ ဒီနေရာမှာ လေထိုင်ကန်နေလို့မရဘူး .. ဒီတော့ အတိုချုံးပြီးတော့ မိတ်ဆက်ရရင် .. ကျမနာမည်အရင်းက ကလျာဏီ .. ဒါပေမယ့် တော်တော်များများက တောင်တော်ရှင်မလို့ သိကြတယ် .. ဒီလောက်ဆို ရှင့်နာမည်ကို ကျမသိနေတဲ့အကြောင်းကို ရှင်စဉ်းစားလို့ရပြီ မှတ်လား .. ”
“ ခင်ဗျားက .. တောင်တော်ရှင်မ ???.. ”
သီဟ နောက်ထပ်တစ်ဖန်အံ့အားသင့်ရပြန်သည်။ သူ့စိတ်ထဲတွင် တောင်တော်ရှင်မဆိုတာ ဘယ်လိုမှ နဂါးတစ်ကောင်ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားပေ။ ကလျာဏီသည် သီဟစကားကို ဂရုစိုက်မနေပဲ နဂါးမည်း ပျံသန်းရာဘက်သို့ ဦးလှည့်ကာ ကြည့်သည်။ သီဟ ထိုရောအခါမှ သတိထားမိသည်။ နဂါးဖြူ၏ လည်တိုင်အောက်တွင် အကြေးခွံများလန်ကာ ပေါက်ပြဲနေသည်ကို တွေ့ရသည်။
“ မောင်သီဟ .. ကျမတို့ ဒီနေရာကနေ အမြန်ဆုံးခွာကြရင် ကောင်းမယ် .. ဒက္ခရဲ့ရန်က စိတ်ချရတာ မဟုတ်ဘူး .. ”
“ ဒက္ခ .. ထွက်ပြေးသွားတဲ့ နဂါးကို ပြောတာလား ?? ”
“ ဟုတ်တယ် … ဒါပေမယ့် ထွက်ပြေးသွားတယ်ဆိုတာ မသေချာဘူး .. စစ်ကူသွားခေါ်တာဖြစ်နေရင် ကျမဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး .. ”
ကလျာဏီ၏ စကားက သီဟကို တပ်လှန့်လိုက်သလိုဖြစ်သည်။ ရိုင်ဖယ်ကို ပုခုံးထက်ဝယ် လွယ်လိုက်ပြီး ကျကျန်ခဲ့သည့် သူ့ကျောပိုးအိတ်ကို သွားပြန်ကောက်သည်။ ကျောပိုးအိတ်ထဲတွင် first aid ပစ္စည်းများ ပါသည်ကို သီဟ သတိရသည်။ ကလျာဏီ၏ ဒဏ်ရာကို သူဆေးထည့်ပေးရင် ကောင်းမလား။ စဉ်းစားခန်းဝင်နေသော သီဟကို ကြည့်ကာ ကလျာဏီဆီမှ လောဆော်သံကပေါ်လာသည်။
“ သီဟ … အချိန်မရှိတော့ဘူး .. သွားကြရအောင် .. လာကျမ ကျောပေါ်တက် .. ”
“ နေဦးဗျ… ကျနော့်မှာ အဖော်ပါသေးတယ် ”
“ ဟို .. ဝံပုလွေကောင်မလေးကို ပြောတာလား … စိတ်ပူမနေနဲ့ .. သူအသက်ဘေးက လွတ်ပါလိမ့်မယ် .. ”
“ ဟာ .. မဟုတ်သေးပါဘူး .. တော်ကြာနေ ဟိုနဂါးပြန်လာတော့ ဘယ်လိုလုပ်မလဲ .. ”
“ မောင်သီဟ !!! .. ”
ကလျာဏီ စိတ်မရှည်စွာ အော်ငေါက်သည်။ သို့သော် သီဟမျက်နှာပေါ်က သူ့အဖော်အတွက် စိတ်ပူပန်သည့် အသွင်ကို မြင်လိုက်သည်တွင် သူမ စိတ်လျှော့လိုက်သည်။ ပြီးမှ …
“ သီဟ သူ့အတွက် စိတ်မပူပါနဲ့ .. ဝံပုလွေတွေဟာ ဒီလိုမျိုးတောထဲမှာ ကျင်လည်နေကြပါ .. နောက်ပြီး ဒက္ခနဲ့ သူ့သခင်ရဲ့ပစ်မှတ်က ရှင်ပဲ .. သူမဟုတ်ဘူး .. ”
“ ဘယ်လို .. ဟိုနဂါးမှာ သခင်ရှိတယ် .. နေစမ်းပါဦး .. ကျနော့်ကို ဘာဖြစ်လို့ ဒီကောင်က သေစေချင်ရတာလဲ .. ”
“ အဲဒါကို ရှင်းပြဖို့ဆိုရင်တော့ အချိန်ပေးရလိမ့်မယ် .. လောလောဆယ်တော့ ကျမတို့ လုံခြုံစိတ်ချရတဲ့နေရာကို သွားရအောင် .. ကျမလဲ ဒဏ်ရာကို ကုရဦးမယ် .. ”
ဒီတစ်ခါတော့ သီဟ အထွန့်တက်ကာ စကားရှည်မနေတော့ပါ။ ကလျာဏီသည် သူ့ကို ဝင်ကယ်ရင်း ဒဏ်ရာရခဲ့တာမို့ သူမဒဏ်ရာကို ကုဖို့က ပိုအရေးကြီးမှန်း သူသိသည်။ ကလျာဏီနှင့် လိုက်သွားပြီး အကြောင်းစုံသိရတော့မှ လင်းသဒ္ဒါကို ပြန်လာရှာဖို့ ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ချက် ချလိုက်သည်မို့ သီဟ တွေဝေမနေတော့ပါ။ ချက်ချင်း ကလျာဏီနားတိုးလာသည်။ သူမအနားရောက်သည်နှင့် ကလျာဏီသည် ခေါင်းကိုမြေပြင်ပေါ်သို့ အသာနှိမ့်ချပေးသည်။ သီဟ ကလျာဏီပေါ်သို့ ရောက်သွားသည်။
“ မြဲမြဲကိုင်ထား .. သီဟ .. ”
“ ဟုတ် … ”
“ ဝိုးးးးးး … ”
သီဟ “ဟုတ် ” လို့ပဲ ဆိုရသေးသည်။ သူ့ကိုယ်သည် ရှေ့နောက်ယိမ်းထိုးသွားပြီး လေထဲသို့ တမဟုတ်ချင်းမြောက်တက်သည်။ ရင်ထဲလှပ်ခနဲ ဖြစ်သွားပြီး သီဟ ပြုတ်မကျအောင် ကလျာဏီ၏ လည်တိုင်ကို တအားဖက်ထားသည်။
“ ခစ် .. ခစ် .. တအားလန့်သွားတာလား သီဟ .. ”
သီဟ ဖြစ်ပျက်သွားပုံက လည်ပြန်လှည့်ကာ ကြည့်ရင်း ကလျာဏီက သူ့ကိုကြည်စယ်သည်။ သီဟ ပြန်မဖြေနိုင်အားသေးပဲ မရဲတရဲနှင့် အောက်ခြေတွင် ကျန်ခဲ့သည့် မြေပြင်ကို ငုံ့ကြည့်သည်။ မြေပြင်နှင့် သူအောက်တွင် တစစနှင့် ကျန်ရစ်ခဲ့သည်။ စစပျံတက်တုန်းကသာ သူ့တကိုယ်လုံး တုန်ခါသွားခဲ့သော်လဲ အခုအချိန်တွင်မူ သူ့ကိုယ်သည် လေဟုန်စီးရသလို ခံစားနေရသည်။
“ စစချင်းမို့ပါဗျာ .. အခုကျတော့လဲ စီးရတာအငြိမ့်သားပဲ .. ”
သူ့အဖြစ်ကိုကြည့်ကာ ကလျာဏီက ရယ်မောခဲ့သည်ကို မမေ့သေးသည့် သီဟ တမင်တကာ ခပ်ကြောကြောနှင့် ဖြေလိုက်သည်။ ကလျာဏီက သူ့ကို “တကယ်လား“ ဟု လှမ်းမေးသည်။ သီဟ “တကယ်ပေါ့“ ဟု ပြန်ဖြေမည် ပြုတုန်း ရှိသေးသည်။ ရုတ်တရက်ဆိုသလို ကလျာဏီသည် ဦးခေါင်းကိုငိုက်ကာ ကောင်းကင်ထက်မှ တဟုန်ထိုးဆင်းသည်။ နားထဲက လေတွေ တဝူးဝူးနှင့် ပြန်ထွက်သလို ခံစားလိုက်ရပြီး သီဟတစ်ယောက် ရိုလာကိုစတာပေါ်က ပြုတ်ကျသလို ခံစားရသည်။ ကလျာဏီ ထိုးဆင်းသည့် အဟုန်က မြန်လွန်းလှသဖြင့် သူ့မျက်နှာပေါ်မှအသားတွေပင် တွန့်ကုန်သလားထင်ရသည်။ သီဟ သူမကိုယ်ပေါ်မှ ပြုတ်ကျမသွားအောင် လည်တိုင်ကို တင်းတင်းဖက်ထားရသည်။ ကလျာဏီသည် ပေသုံးရာလောက် ထိုသို့ ထိုးဆင်းသွားပြီးမှ သူမ၏ အတောင်တွေကို ဖြန့်ကာ အရှိန်သတ်ပြီး လေဟုန်စီးသည်။ သီဟ ထိုတော့မှ အသက်ကို ၀၀ပြန်ရှူရသည်။
“ မှတ်ပြီလား .. ရိုရိုသေသေဆက်ဆံ .. ”
“ ဟုတ်ကဲ့ပါ ဆရာမရယ် .. မှတ်ထားပါ့မယ် ..နောက်တစ်ခါတော့ မလုပ်လိုက်ပါနဲ့ .. ”
“ ခစ် .. ခစ် .. ”
ကလျာဏီ သဘောကျစွာရယ်သည်။ ထို့နောက် သူမသည် အထက်သို့ ပြန်တက်ပြီး ခပ်လှမ်းလှမ်းတွင် မြင်နေရသော တောင်ထိပ်တစ်ခုဆီသို့ ဦးတည်ကာပျံသွားသည်။ အဆိုပါတောင်နှင့် နီးကပ်လာမှ သီဟ သတိထားမိသည်။ ဒါ ဦးသဒ္ဓိ ပြောတဲ့တောင်ပဲ။ တဖြေးဖြေးနှင့် တောထိပ်ပိုင်းကို ပို၍ထင်ရှားစွာ မြင်လာပြီးနောက် ဂူဝဟု ထင်ရသော အပေါက်တစ်ခုကို ခပ်ကျယ်ကျယ်အနေအထားနှင့် တွေ့ရသည်။ သီဟ အထင်မမှားပါ။ ကလျာဏီသည် ထိုဂူဝသို့ လေဟုန်စီးကာ ပျံသန်းသွားပြီးနောက် အရှိန်သတ်ကာ ထိုးဝင်သည်။ ဂူထဲသို့ ပေတစ်ရာလောက် ရောက်သွားသောအခါ သူမ ခြေထောက်အစုံသည် မြေကြီးနှင့် ထိကာ ရပ်တန့်သည်။
“ ဒါ … ခင်ဗျားရဲ့နေရာလား .. ”
သီဟ ကလျာဏီပေါ်မှ ဆင်းလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ ဂူသည် တော်တော်ကျယ်ဝန်းပုံရပြီး အထဲပိုင်း၌ အခန်းသဖွယ် အကန့်များရှိသည်ကိုတွေ့ရသည်။ တံခါးဟူ၍ မရှိသည့် ထိုအခန်းများထဲမှ တစ်ချို့နေရာများတွင် လူအသုံးအဆောင် ပစ္စည်းများရှိနေလေသည်။ သီဟ ဝေခွဲမရဖြစ်သည်။ သေးငယ်လှသော ထိုအခန်းကျဉ်းများ၏ အနေအထားအရ နဂါးမကလျာဏီ လက်ရှိအနေအထားနှင့် ဘယ်လိုမှ ဝင်ဆန့်စရာ အကြောင်းမရှိ။ ဒီဂူအတွင်း ကလျာဏီအပြင် တခြားသူများ ရှိနေတာလား။ မေးမြန်းဖို့ အကြောင်းရှိလာပြီမို့ အထဲဘက်သို့ ကြည့်နေရာမှ ကလျာဏီဘက်သို့ လှည့်သည်။
ကလျာဏီကို မျက်လုံးစုံမှိတ်လျက် ငြိမ်သက်စွာ ရှိနေသည်ကို တွေ့ရသည်။ သူမပုံစံက သမထကျင့်နေသူများနှယ် တစ်ခုခုကို အာရုံစူးစိုက်နေသည့်အသွင်ရှိသည်။ ဘာလုပ်နေတာလဲဟု မေးဖို့ သီဟ ပါးစပ်ဟတုန်းရှိသေးသည်။ ကလျာဏီဆီမှ ထူးခြားမှုကို စမြင်ရသည်။ သူမ၏ နဂါးကိုယ်သည် တဖြေးဖြေး သေးကွေးလာသည်။ ဒါတွင်ပင်မက နဂါးကိုယ်ထည်၏ အစိတ်အပိုင်းများသည် လူသား လက္ခဏာများအဖြစ် ကူးပြောင်းသည်။ ကြီးမားသော တောင်ပံနှစ်ခုသည် ကျုံဝင်လာပြီး သွယ်လျသည့်လက်ကလေးများအဖြစ် အသွင်ပြောင်းသည်။ သိသိသာသာ ချွန်ထွက်နေသော နှာခေါင်းသည်လဲ တိုးဝင်သွားပြီး တဖြေးဖြေးပီသလာသည့် လူ့မျက်နှာပေါ်တွင် ချပ်ချပ်ရပ်ရပ်သွားရှိသည်။ လည်တိုင်အောက်ရှိ ရင်အုပ်နေရာတွင်လဲ အဖုအထစ်များပေါ်လာပြီး လူ့မိန်းမနှင့်မခြား နို့အုံအဖြစ် ဖြစ်ထွန်းလာသည်။ သီဟ ရင်ထဲလှပ်ခနဲဖြစ်ပြီး စိတ်ဝင်တစား စိုက်ကြည့်မိသည်။ သို့သော် ဘယ်ကဘယ်လိုပေါ်ထွက်လာမှန်း မသိသော အနက်ရောင် သားရေ(leather) စပေါ့ဘရာက မျက်စိတမှိတ်အတွင်းမှာပင် ဖုံးကွယ်ပြီးသား ဖြစ်သွားသည်။ သီဟ သတိရ၍ နဂါးခြေချောင်းနေရာကို မျက်စိအကြည့်ရွှေ့လိုက်သည်တွင် ဖြောင့်စင်းသော ပေါင်တံနှစ်ချောင်း၌ အနက်ရောင် သားရေစကတ်က ရောက်နေပြီဖြစ်သည်။ သီဟ သူ့အဖြစ်ကိုသူ သဘောကျပြီး နှုတ်ခမ်းထောင့်ကွေးကာပြုံးသည်။ မျက်စိကို အပေါ်ပိုင်းသို့ ပြန်လွှဲလိုက်စဉ်တွင် အင်မတန်မှလှပသည့် မိန်းမချောတစ်ဦးက သူ့ကို မခို့တယို့နှင့် ကြည့်ကာနေသည်။
ကလျာဏီပုံစံကို ကြည့်ရသည်မှာ ဖော်မျူလာဝမ်းကားမောင်းပြိုင်ပွဲတွင် အလံကိုင်သော အလှမယ်လေးတစ်ဦးနှင့်တောင် တူနေသည်။ ဒီမိန်းကလေး အစောပိုင်းတုန်းက နဂါးတစ်ကောင်ဖြစ်ခဲ့သည်ဆိုတာ ဘယ်လိုမှ လက်ခံချင်စရာကောင်းမနေချေ။ သီဟ ငေးကြောင်ကြောင်ဖြစ်နေစဉ်တွင် ကလျာဏီက သူ့အနားသို့ တိုးလာသည်။ သို့သော် ခြေလှမ်းသုံးလှမ်းလောက် လှမ်းပြီးချိန်တွင်မူ သူမမျက်နှာသည် သွေးဆုတ်ဖြူရော်သွားပြီး ကိုယ်ကယိမ်းယိုင်သည်။
“ ကလျာဏီ !!! ”
သီဟ စိုးရိမ်တကြီးနှင့် လှမ်းခေါ်လိုက်စဉ်မှာပင် သူမခြေထောက်တွေသည် မနိုင်တော့သည်နှယ် ခွေခနဲလဲသည်။ သီဟ ချက်ချင်းအပြေးအလွှား ရောက်သွားသည်။ သီဟ အရောက်မြန်သဖြင့် ကလျာဏီကိုယ်ကလေးသည် ကျောက်သားပြင်ပေါ်ရောက်မည့်အစား သူ့ရင်ခွင်ထဲသို့ ရောက်သည်။ ကလျာဏီ၏ခေါင်းကို သူ့လက်မောင်းပေါ်တင်ပြီးပွေ့ထားရင်း ချွေးစေးများပြန်နေသော မျက်နှာလှလှလေးကို ငုံ့ကြည့်သည်။ ကလျာဏီက မျက်လုံးမှိတ်ထားသဖြင့် သူငုံ့ကြည့်နေတာကို မသိ။ ကော့ညွှတ်နေသည့် မျက်တောင်စင်းစင်းလေးများကိုသာ တွေ့ရသည်။ လှပသော မျက်နှာလေးက သွေးမရှိသလို ဖြူရော်ရော်ဖြစ်နေသည်။ ကလျာဏီ အတော်မောပန်းနေရှာသည် ထင်သည်။ နီထွေးစိုရွှမ်းနေသော နှုတ်ခမ်းပါးလေးများကို ဟ၍တောင် အသက်ကိုရှူနေရရှာသည်။ အသက်ကိုခပ်ပြင်းပြင်းရှူနေမှုကြောင့် ရင်မို့မို့ထွားထွားတစ်စုံက လှိုင်းထသည့်နှယ် တုန်ခါနေသည်။ ဒါကိုမြင်တော့ သီဟ စိတ်လှုပ်ရှားသွားပြီး တံတွေးကို ကမန်းကတမ်း မြိုချရသည်။ မျက်စိကို နိမ့်ချည်မြင့်ချည်ဖြစ်နေသော ထိုနေရာကို မကြည့်ဖြစ်အောင် သတိထားရသည။ သူ့ပွေ့ထားပြီး တော်တော်လေးကြာမှ ကလျာဏီ၏ အခြေအနေက ပုံမှန်ပြန်ဖြစ်သည်။ မျက်တောင်စင်းစင်းလေးများ အသာလေး ပြန်ပွင့်သွားပြီးနောက် သီဟရင်ခွင်ထဲမှ ရုန်းထွက်သည်။ သို့သော် သူ့အနားကမူ ခွာမသွားပဲ မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်ကာ
“ ကျေးဇူးပဲ သီဟ … လူအဖြစ်ကို အသွင်ပြောင်းရတာ တယ်မလွယ်လှဘူးကွယ် .. အားအင်အတော်ကုန်တဲ့ကိစ္စ .. အဲဒါကြောင့် တတ်နိုင်ရင် အစ်မတို့က ပုံစံတစ်မျိုးနဲ့ပဲ နေကြတာ များတယ် .. ”
“ ဒါဆို အစ်မက ဘယ်လိုပုံစံကို ပိုသဘောကျလဲ .. ”
သီဟ အမေးကို ကလျာဏီက လက်နှစ်ဖက်ကို ဟန်ပါပါဖြန့်ပြရင်း အဖြေပေးသည်။ လူသားအသွင်နှင့်နေရသည်ကို ပိုသဘောကျသည့်သဘော။ သီဟ ကလျာဏီကို နောက်ထပ်တစ်ဖန် ခြေဆုံးခေါင်းဆုံးကြည့်မိသည်။ ဘယ်လိုကြည့်ကြည့် အပြစ်ပြောစရာ ထူးထူးခြားခြားမရှိသည့် ကိုယ်လုံးလေးပင်။ သူ့အတွေးတွေက ဘယ်ကိုဦးတည်နေပြီဆိုတာကို သီဟ ချက်ချင်းသိသည်။ ဟေ့ကောင် သီဟ .. ဒါ နဂါးမလေကွယ် .. စိတ်ထိန်းဦး ။ ကိုယ့်စိတ်ကိုယ် ပြန်ဆုံးမနေမိသည့်တိုင် ပါးစပ်ကတော့ စကားတစ်ခွန်းလွှတ်ခနဲထွက်သည်။
“ အစ်မနဲ့ ဒီပုံစံက ပိုလိုက်တယ် ထင်တာပဲ .. ”
“ ဟုတ်လား .. ဒီလိုပြောလို့ ကျေးဇူးတင်ပါတယ် … အသက် ၅၀၀ ကျော်လောက်ရှိနေတဲ့ အဖွားကြီးတစ်ယောက်ဖို့ ဒီစကားကြားရတာ မင်္ဂလာတစ်ပါးပဲ .. ခစ် .. ခစ် ..
“ အဖွားကြီး ?? . အသက်၅၀၀ကျော် ?? နောက်မနေပါနဲ့ အစ်မရာ .. ကျနော့်မျက်စိထဲမှာ ဘယ်လိုမှ အစ်မကို ၁၈နှစ်ထက်ပိုကျော်တယ်လို့တောင် မထင်ဘူး .. ”
“ ခစ် .. ခစ် ”
“ ဟား .. ဟား . ”
ကလျာဏီရော၊ သူပါ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ရယ်မောမိကြသည်။ အရယ်ရပ်တော့မှ ကလျာဏီက သူ့ကို စိုက်ကြည့်ရင်း ..
“ ကဲ .. သီဟ .. သီဟ သိချင်တဲ့အကြောင်းကို အစ်မပြောပြမယ် .. လာ အစ်မနောက်က လိုက်ခဲ့ .. ”
“ ဟုတ်ကဲ့ .. ”
ကလျာဏီ၏ ဦးဆောင်မှုဖြင့် ဂူ၏အတွင်းပိုင်းသို့ သီဟ ရောက်လာခဲ့သည်။ ခြေလှမ်းတော်တော် လှမ်းမိသည့်အချိန်တွင် ဂူ၏ နံရံများတွင် ဆေးရေးပန်းချီလို ရုပ်ပုံများရှိနေသည်ကို တွေ့ရသည်။ ရုပ်ပုံများ၏ အနေအထားနှင့် လက်ရာကို အခြေခံ၍ သူခန့်မှန်းကြည့်သည်မှာ အဆိုပါပုံတွေသည် ရှေးနှစ်ပေါင်းများစွာကတည်းက ဆွဲထားသည့်ပုံပေါက်သည်။ သီဟ သူ့ကိုယ်သူ ရှေးဟောင်းပုထိုးတော်တစ်ခုအတွင်းမှ ရာဇဝင်ဇာတ်နိပါတ်တော်များကို ဖတ်နေရသည်ဟု ထင်မြင်မိလာသည်။ တစ်ချပ်ချင်း၊ တစ်ကန့်ချင်းစီ ဖြစ်နေသော ပုံများကို သေချာကြည့်သည်။
ပထမဦးဆုံးရေးဆွဲထားသည့် အခန်းတွင် မကောင်းဆိုးဝါးနှစ်ကောင် တစ်ဦးနှင့်တစ်ဦး ငြင်းခုံနေကြပုံကိုတွေ့သည်။ ဒုတိယကားချပ်တွင်မူ အဆိုပါမကောင်းဆိုးဝါးနှစ်ကောင်ထဲမှ တစ်ကောင်သည် ပုံသဏ္ဍာန်ဖော်ပြရန်ခက်ခဲသော သတ္တဝါများကို ဦးဆောင်၍ နန်းတော်လိုနေရာအား စီးနင်းတိုက်ခိုက်သည်ကို ပြထားသည်။ တတိယကားချပ်တွင်မူ ပုန်ကန်သူ မကောင်းဆိုးဝါး တိုက်ပွဲတွင်ရှုံးနိမ့်ပြီး နယ်မြေမှထွက်ခွာပေးရပုံ ဆွဲထားသည်။ ထို့နောက် ကားချပ်တစ်ခုသည် တောင်ကြားရှိ ရွာတစ်ရွာကိုဆွဲထားပြီး ထိုရွာကို exiled ဖြစ်လာသူ မကောင်းဆိုးဝါးက မီးလောင်တိုက်သွင်းနေသည်ကို ပြသည်။ ရွာ၏ သွင်ပြင်ပုံကိုအမြင်တွင် သီဟ စိတ်ထဲထိတ်ခနဲဖြစ်သည်။ လင်းသဒ္ဒါတို့ ဝံပုလွေရွာနှင့် တူညီနေသောကြောင့်ဖြစ်သည်။ သိချင်စိတ်ပိုပြင်းလာသည်နှင့် ကျန်သည့်ပုံများကို ခပ်မြန်မြန် သူကြည့်သည်။ ဘယ်ပုံမှ ကောင်းကောင်းကန်းကန်းမရှိပဲ ပုံများအားလုံးတွင် အန္ကိဌာရုံများသာ ကြီးစိုးထားသည်။ သူ့အကြည့်က သိပ်မကျန်တော့သည့် နောက်ဆုံးပိုင်းသို့ ရောက်လာသည်။ စိတ်ဝင်တစားကြည့်နေသော သီဟမျက်လုံးသည် ပို၍ ပြူးကျယ်သည်။
သူရဲကောင်းဟု ထင်ရသော လူတစ်ယောက်သည် မကောင်းဆိုးဝါးကောင်နှင့် ယှဉ်ကာတိုက်ခတ်နေသည်။ ပုံမှန်အတိုင်းသာဆို ဒီလိုပုံက သူ့အတွက် ထူးဆန်းမည်မဟုတ်။ ထူးဆန်းနေသည်က ထိုသူရဲကောင်း ကိုင်ထားသည့်လက်နက်။ ထိုလက်နက်သည် ဓါးလဲမဟုတ်၊ လှံလဲမဟုတ်။ တုတ်တစ်ချောင်းနှင့်တူပြီး ထိုတုတ်၏ ထိပ်မှ မီးခိုးငွေ့များဖြာထွက်နေသည်ကိုတွေ့ရသည်။ သီဟ သူ့ပုခုံးတွင် ထပ်ချပ်မကွာလွယ်ထားခဲ့သော ရိုင်ဖယ်ကို ပြန်လှည့်ကြည့်သည်။ သူ့နောက်တွင် ထပ်ကြပ်မကွာပါလာသော ကလျာဏီက သီဟ အတွေးကို ထောက်ခဲ့သည့်အနေနှင့် ခေါင်းကိုညိတ်ပြသည်။
“ ဒက္ခရဲ့သခင် ယမရာဇာဆိုတာ အဲဒီပုံထဲက မကောင်းဆိုးဝါးကိုပြောတာ သီဟ .. ”
“ ယမရာဇာ ?? … သူက ဘယ်သူလဲ .. ”
“ အင်း .. ဒါကိုမပြောခင် သီဟကို အစ်မတစ်ခုမေးမယ် .. ငရဲရှိတယ်ဆိုတာကို ယုံလား .. ”
“ မယုံဘူးလို့ရော ပြောလို့ရပါ့မလား အစ်မရယ် .. ကျနော်အစတုန်းက သမန်းဝံပုလွေတို့၊ နဂါးတို့ရှိတယ်ဆိုတာတောင် မယုံခဲ့တာ .. ”
“ ဒါဆိုရင်လဲ အစ်မဆက်ပြောမယ် .. ယမရာဇာဆိုတာ ငရဲမင်းရဲ့သားတော်ပဲ .. ပုံမှန်အတိုင်းသာဆိုရင် ယမရာဇာဟာ တစ်နေ့ကျရင် ငရဲမင်းရဲ့နေရာကို ဆက်ခံရမှာ .. ဒါပေမယ့် ယမရာဇာက အဲဒီနေ့ကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်သူ မဟုတ်ဘူး .. သူ့အဖေကို တော်လှန်ပုန်ကန်ပြီး နေရာကချဖို့ကြိုးစားခဲ့တယ် .. ဒါပေမယ့် သူမအောင်မြင်ဘူး .. ငရဲမင်းကို ရှုံးနိမ့်ခဲ့ပြီး ငရဲပြည်ကနေ နှင်ထုတ်ခြင်းခံခဲ့ရတယ် .. အမှန်ဆို ဇာတ်လမ်းက အဲဒီမှ ပြီးသင့်ပြီ .. ဒါပေမယ့် အများထင်သလို ဇာတ်လမ်းက ပြီးတာမဟုတ်ပဲ အဲဒီကျမှ စပြီးဖြစ်လာခဲ့တယ် .. ယမရာဇာဟာ ငရဲပြည်ကနေ အစ်မတို့လောကထဲကို ရောက်လာပါရော .. ယမရာဇာဟာ သူ့အဖေအပေါ်ကို နာကျည်းချက်တွေနဲ့ သူရောက်လာတဲ့နေ့ကတည်းက စပြီး အစ်မတို့လောကကို ဒုက္ခအမျိုးမျိုး၊ ကံကြမ္မာဆိုးအမျိုးမျိုးနဲ့ ကြုံအောင် နှိပ်စက်ခဲ့တယ် .. သူဟာ တကယ့်ကို မကောင်းဆိုးဝါးကောင်စစ်စစ်ပဲ .. သူ့ကြောင့် မမတို့ နဂါးတိုင်းပြည်ပျက်စီးခဲ့တယ် .. မြောက်ဘက်အရပ်မှာ ရှိတဲ့ dwarf လို့ခေါ်တဲ့ လူပုလေးတွေ တိုင်းပြည်လဲ ပျက်စီးခဲ့တယ် .. ယမရာဇာ ရောက်တဲ့နေရာမှာ မပျက်စီးတဲ့နေရာ မရှိသလောက်ပဲ သီဟ .. ဒါဆိုရင် အစ်မတို့ ဘာဖြစ်လို့ ယမရာဇာကို အန်တုနိုင်တဲ့ သူရဲကောင်းကို စောင့်မျှော်နေတယ်ဆိုတာ နားလည်လောက်ပြီ ထင်တယ် .. သီဟ မင်းဟာ နမိတ်တော်လာ သူရဲကောင်းပဲ .. ”
“ နေ .. နေပါဦး .. အစ်မ .. ကျ .. ကျနော်က သူရဲကောင်း ??… အစ်မရဲ့ဉာဏ်ရည်ကို စော်ကားတာတော့ မဟုတ်ဘူး .. ဒါပေမယ့် ကျနော့်စိတ်ထင် အစ်မတို့ လူမှားနေပြီ ထင်တယ်နော် … ”
“ အို ကွာ .. ဘာဖြစ်လို့ မှားရမှာလဲ .. မမှားနိုင်ပါဘူး .. မင်းရဲ့မျက်စိနဲ့ပဲ ပုံတွေကိုကြည့်ခဲ့တာ မှတ်လား .. နောက်ပြီး ပုံရဲ့အောက်ခြေမှာ ဖော်ပြထားတဲ့ အညွှန်းစာအရာ ဒီသူရဲကောင်းဟာ အစ်မတို့ကမ္ဘာက မဟုတ်ဘူး .. တခြားကရောက်လာမယ့်သူ .. သူ့မှာဆန်းပြားတဲ့လက်နက်ပါမယ် .. အဲဒါ မင်းလွယ်ထားတဲ့လက်နက်မဟုတ်ဘူးလား .. ”
“ ဒီ ကျနော့်ရိုင်ဖယ်ကိုပြောတာလား .. အစ်မအမြင်ပဲ ကျနော့်သေနတ်က ဒက္ခကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာ မဟုတ်ဘူး .. ”
“ ဟာ .. သီဟကလဲ .. ဒါက မင်း နဂါးတွေရဲ့အားနည်းချက်ကို မသိလို့ .. ဒီမှာကြည့် .. နဂါးတွေရဲ့အားနက်ချက်က ဒီမေးအောက်ကနေရာ .. ဒီနေရာကိုသာ ဒဏ်ရာအကြီးအကျယ်ရအောင် လုပ်နိုင်ရင် ဘယ်နဂါးမှ မသေဘူးဆိုတာ မရှိဘူး .. အစ်မအပါအဝင်ပဲ .. ”
“ အင်း .. ”
သီဟ ဆက်ငြင်းဖို့ စဉ်းစားသေးသည်။ သို့သော် မျှော်လင့်တကြီးနှင့် ကြည့်နေသော ကလျာဏီ၏ မျက်ဝန်းများကိုကြည့်ကာ သူနှုတ်မှ ထပ်မံ၍ ငြင်းဆန်သော စကားကို မပြောရက်။ သူ့အသက်ကို လောလောဆယ် ကယ်လာခဲ့သူမဟုတ်လား။ သီဟ ထိုရောအခါမှ သူ့အားကယ်ရင်း ဒက္ခကြောင့် ရခဲ့သော ကလျာဏီ၏ ဒဏ်ရာကို သတိရသည်။ လူအသွင်သို့ သူမ ကူးပြောင်းပြီးကတည်းက အချိုးကျလှသည့် သူမကိုယ်လေးကို (ရှက်ရှက်နှင့် ဝန်ခံလျှင်) ငမ်းနေမှုကြောင့် ဒဏ်ရာကိုကြည့်ဖို့ မေ့နေခဲ့သည်။ ကလျာဏီကလဲ ဘာမှမပြော။ နဂါးတို့၏ အစွမ်းနဲ့ပဲပျောက်များ ပျောက်သွားပြီလား။ သီဟ စူးစမ်းသည့်သဘောနှင့် သဘာဝအတိုင်းရှိနေတာလား၊ ဖန်ဆင်းထားတာလား မပြောတတ်သည့် ကလျာဏီဘယ်ဘက်ပုခုံးကို လှမ်းကြည့်သည်။ ဆေးဆိုးထားသည့်အလား အနီရောင်အဆင်းရှိသော ဆံနွယ်တွေက သူမပုခုံးပေါ်တင်နေသဖြင့် သေချာမမြင်ရပေ။ သို့သော် ကလျာဏီက သီဟအကြည့်ကို ရိပ်မိသည်။
“ သီဟ .. စိတ်ထဲ စဉ်းစားချင်သေးတယ်ဆိုရင် အေးအေးဆေးဆေး စဉ်းစားပါ .. ဒါပေမယ့် လောလောဆယ်တော့ မမကို တစ်ခုကူညီပါဦး .. ”
“ ပြောလေ .. မမ .. ဘာကူညီရမှာလဲ .. ”
“ မမ ဒဏ်ရာကို ဆေးထည့်ပေးဖို့ .. ”
“ ဟာ .. မမကလဲ .. ပြောနေစရာလိုသေးလား … လုပ်ပေးရမှာပေါ့ .. ”
“ ဟွန့် .. ”
သီဟ ပြောပုံကိုကြည့်ပြီး ကလျာဏီက မျက်စောင်းထိုးသည်။ နဂါးမျက်စောင်း အကြောင်းမရွေးဘူးလို့ သီဟ ကြားဖူးပေမယ့် သူ့ကိုယ်တွင် ဘယ်လိုမှဖြစ်သည်ဟု မခံစားရ။ ရင်ထဲသာ လှပ်ခနဲဖြစ်သည်။ အင်း .. ငါလဲ ကြားဖူးနားဝနဲ့ တော်တော်ပေါတာပဲဟု သီဟကိုယ့်စိတ်ထဲကိုယ်ပြောမိပြီး သူ့ကို ကျောပေး၍ လျှောက်သွားသော ကလျာဏီနောက်လိုက်သည်။ ထုံးစံအတိုင်း။ မျက်စိက မကြည့်ပါဘူးဟု ဆုံးဖြတ်ထားသည့်တိုင် သူ့မျက်လုံးတွေသည် သားရေစကတ်အောက်က တင်းရင်းနေသော တင်သားတွေကို ကြည့်နေမိသေးသည်။ တောက် .. ဒါ နဂါးတဲ့လားကွာ ..။
“ ရော့ .. သီဟ .. ဒါ မမတို့မျိုးရိုးအစဉ်အဆက် သုံးတဲ့ဆေး … ဒဏ်ရာထဲစိမ့်ဝင်သွားအောင်လိမ်းပေးနော် .. ”
“ ဟုတ် .. ကဲ့ .. ”
ကလျာဏီပေးသည့် အင်တုံလိုလိုခွက်ကို လှမ်းယူလိုက်ပြီး သီဟ သူမအနောက်တွင် အသာကပ်ကာ ထိုင်သည်။ ကလျာဏီက သူ့ဘက်ကို ကျောပေးထားရာမှ ပုခုံးထက်တွင် တင်နေသော ဆံနွယ်တွေကို လက်ဖြင့်သိမ်းယူသည်။ ဖြူဝင်းဖွေးနုသော ပုခုံးသားပေါ်၌ ဟက်တက်ကွဲနေသော ဒဏ်ရာတစ်ခုက အရုပ်ဆိုးစွာရှိနေသည်။ ဒဏ်ရာတစ်ဝိုက်တွင် သစ်ပင်များ၌ အစေးထွက်သလို အစိမ်းရောင်ချွဲကျွိကျွိအရာများနှင့် ဝိုင်းနေသည်။ ဘရာလို သားရေနက်ရင်စီးက ခံနေသဖြင့် အောက်ပိုင်းကို ဘယ်လောက်ရောက်သည်တော့မသိ။ ဖြုတ်ကြည့်မှာသာ သိပေတော့မည်။ သို့သော် ကလျာဏီက သီဟ ပြောဖို့တောင်မလို၊ သူမလက်က ဘရာအောက်နားကိုကောက်ကိုင်ပြီး ခေါင်းမှဆွဲချွတ်လိုက်သည်။ ကျော့ရှင်းလှသည့် ကလျာဏီ၏ ကိုယ်လုံးလေးက ပကတိအတိုင်း ဖြစ်သွားသည်။ သီဟ တံတွေးကို မြိုချလိုက်ပြီး အင်တုံထဲကဆေးကို လက်နှင့်နှိုက်သည်။ အယောင်ယောင် အမှားမှားနှင့်မို့ ဖယောင်းဆီလိုလို ဆေးက သူ့လက်ကချော်ကာ ကြမ်းပြင်ပေါ်ကျသည်။ ကလျာဏီ သူ့ကိုကျောပေးထား၍သာ တော်တော့သည်။ မြင်လိုက်လျှင် သူ့အဖြစ်က ဟားခံရမည့်ကိန်း။ နောက်ထပ်တစ်ခါ ဆေးကိုမြန်မြန်ပြန်နှိုက်ယူပြီးမှ ကျောပြင်၏ အပေါ်ဘက်ရှိအနာပေါ်သို့ သာသာလေးဖိကာ တင်ပေးလိုက်သည်။
“ ရှီး .. ”
ဟိုက် .. သောက်ဂွပဲဟု သီဟ ယောင်မိမတတ်ဖြစ်သည်။ လိမ်းဆေးဆီနှင့် ထိတွေ့သည့် ကျောပြင်က ဒဏ်ရာတစ်ဝိုက်မှ မီးခိုးငွေ့များထွက်လာသောကြောင့်ဖြစ်သည်။ ဆေးများမှားပြီး အသားများလောင်သွားတာလားဟု သီဟ စိုးရိမ်တကြီးတွေးလိုက်စဉ်မှာပင် ဆေးနှင့်ထိသောနေရာတစ်ဝိုက်သည် တဖြေးဖြေးချင်း ပြန်စေ့သွားသည်ကို တွေ့ရသည်။ သီဟ ထိုတော့မှ သက်ပြင်းကို ရဲရဲချရပြီး ကျန်သည့်နေရာတွေကို ဆေးဆက်လိမ်းသည်။ မိနစ်ပိုင်းအတွင်း ကလျာဏီ ကျောပြင်ထက်က ဒဏ်ရာသည် အမာရွတ်တောင်မကျန်ပဲ ပျောက်ကင်းသွားသည်။
“ ကျေးဇူးပဲ ... ”
ကလျာဏီ၏ ကျေးဇူးတင်စကားကို သီဟ တုံ့ပြန်မပြောနိုင်။ မျက်စိက သူ့ဘက်သို့ လှည့်လာသဖြင့် ရှင်းရှင်းလင်းလင်းမြင်နေရသော နို့အုံအဖွေးသားကြီးဆီ ရောက်နေသည်။ သူငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးသော ကြေညာထဲက စာသားလေးတစ်ခုကို ပြန်သတိရသည်။ ဘာဆေးစားလို့ ဒီလောက်လှရတာလဲကွာ။ အကာအကွယ်မဲ့နေသော နို့ကြီးနှစ်လုံးက ဝိုင်းစက်ဖြူဖွေးနေသည်။ နို့သီးနီနီလေးတွေ ရှိနေပုံကလဲ vanilla ရေခဲမုန့်ထိပ်မှာ စတော်ဘယ်ရီသီးလေးနှစ်ခု မြုပ်ထားသည့်အလားပင်။
“ သီဟ ကြိုက်လို့လား .. ”
“ အင်း .. ကြိုက်တယ် .. ”
“ ကြိုက်ရင်ကိုင်ကြည့်လေ … ဘာဖြစ်နေတာလဲ .. ”
“ ဟို .. ဟို .. ”
“ ဘာလဲ .. မမက နဂါးဆိုပြီး အရာမသွင်းတာလား .. ”
“ အာ .. မဟုတ်ပါဘူး .. မမကလဲ .. ကျနော်ဘာပြောရမှန်းမသိလို့ .. ”
သူပဲစိတ်ပါလို့လား၊ ကလျာဏီပဲ ကျေနပ်စေရန်လား မသိ၊ သီဟ လက်ကတော့ ဖြူမို့နေသော ရင်သားတွေဆီ ရောက်သွားသည်။ ကလျာဏီက အားပေးသည့်နှယ် ညို့မျက်ဝန်းတွေနှင့်ကြည့်ပြီး သူမ ရင်ကို သိသိသာသာကော့ပေးသည်။ သီဟ အားမနာတော့ပဲ နူးညံ့နေသော ရင်သားဆိုင်များကို ပွတ်သပ်ကြည့်သည်။ လက်ချောင်းကလေးများနှင့်လဲ နို့သီးနီနီလေးနှစ်ခုကို ဖျစ်ကာချေပေးသည်။
“ အင်း … အင်း … ကောင်းတယ်ကွယ် .. မမနို့ကို စို့ပေးပါဦးလား .. ”
“ ဟုတ် … ”
“ ဒါဆိုလာ .. ဟိုနားသွားရအောင် … ”
ကလျာဏီနှင့် သူ ခပ်လှမ်းလှမ်းရှိ ကျောက်သားကြမ်းပြင်ပေါ်တွင် ခင်းထားသော အိပ်ယာလိုလို အခင်းရှိရာသို့ ရောက်လာသည်။ ကလျာဏီက သီဟကို ခြေဆင်းကာ ထိုင်စေပြီး၊ သူမက သူ့အပေါ်တက်ခွသည်။ သီဟ၏ လည်တိုင်နှစ်ခုကို ဆွဲဖက်၍ အောက်သို့နှိမ့်ချပေးလိုက်သောအခါ သူ့ပါးစပ်နှင့် နို့အုံကြီးနှစ်ခုက အံကိုက်ဖြစ်သွားသည်။ သီဟ သူ့ပါးစပ်ကို ကျယ်နိုင်သမျှဟကာ နို့လုံးကြီးတစ်ဖက်ကို စို့ပေးသလို၊ ကျန်တစ်ဖက်ကိုလဲ လက်ဖြင့်ဆုပ်နယ်သည်။ တစ်ဖက်ပြီးတော့ ကျန်တစ်ဖက်ကိုပြောင်းသည်။ ထို့နောက် အပြန်ပြန်၊ အလှန်လှန်။
“ တော်တော့ .. သီဟရယ် .. မမ မနေနိုင်တော့ဘူး .. ”
လျှာစွမ်းပြနေသည့် သီဟခေါင်းကို ဆွဲဖယ်ပြီးနောက် ကလျာဏီက သူ့ရင်ပတ်ကို အသာတွန်းသည်။ သီဟ အိပ်ယာစပေါ်တွင် ပက်လက်ကလေး ဖြစ်သည်။
“ ဒီတစ်ခါ မမ အလှည့် .. ”
ကလျာဏီ လက်တွေက သီဟ အင်္ကျ ီကြယ်သီးတွေဆီရောက်လာပြီး တစ်လုံးချင်းဖြုတ်သည်။ ယောကျ်ားပီသသော သီဟရင်အုပ်ကို မြင်လိုက်သည်နှင့် ကလျာဏီ ကျေနပ်သလိုပြုံးကာ နှုတ်ခမ်းကိုသပ်ပြသည်။ သူမကိုယ်လေးက သူ့အပေါ် ပြန်ကိုင်းကျလာသောအခါ သီဟ နို့သီးလေးတစ်ခုက အေးခနဲနေအောင် ခံစားလိုက်ရသည်။ ကလျာဏီက သီဟလျှာသောင်းကျန်းခဲ့သမျှကို လက်တုံ့ပြန်သည့်နှယ် သူ့နို့သီးနှစ်ခုကို လျှာဖြင့်ကောင်းကောင်းကြီးထိုးဆွသည်။
“ အီး .. ”
ကလျာဏီလျှာက ထူးခြားလှသည်။ သူမ၏လျှာသည် နူးညံ့သော်လဲ လျှာတလျှောက်တွင် အဖုလေးများက အစီအရီရှိနေသည်။ ထို့ကြောင့် သီဟခမျာ ယားကျိကျိဖြစ်မှုနှင့် စူးရှရှဖြစ်မှုကို တပြိုင်တည်းခံစားရသည်။ အမည်တပ်ရန်ခက်ခဲသော ထိုခံစားမှု၏ အကျိုးဆက်ဖြင့် သူ့လိင်တံသည် တင်းကာထောင်မတ်နေပြီ ဖြစ်သည်။ ဘောင်းဘီအောက်မှာ ဖောင်းဖောင်းကြီး ဖြစ်နေသည်။ ကလျာဏီက ဒါကို သတိပြုမိသည်။ သူမလက်က ကျန်နေသေးသည့် သီဟဘောင်းဘီဆီသို့ ရောက်သွားပြီး ခါးပတ်ကိုဖြုတ်ကာ ဆွဲချွတ်သည်။ လိင်တံမာမာကြီး ခေါင်းယမ်းကာ ထွက်လာသည်။ နဂါးကိုပြန်၍ အမောက်ထောင်ပြနေသည်နှင့်တူသည်။ သို့သော် ထိုထိပ်ခေါင်း ကြာရှည် မယိမ်းခါနိုင်ပါ။ ဖတ်ခနဲ ကလျာဏီက ပိုင်ပိုင်နိုင်နိုင်ဖမ်းဆုတ်သည်။ လက်ထဲရောက်လာသော တနင့်တပိုးရှိလှသည့် အချောင်းကြီးကြောင့် ကလျာဏီ စိတ်တက်ကြွမှုတွေ များလာသည်။ သူမ ကောင်းကောင်းအချစ်မခံရတာ ကြာလှပြီ။
“ ကဲ .. မမနဲ့ သီဟ တစ်ယောက်နဲ့တစ်ယောက်အရသာ ဘယ်လိုရှိတယ်ဆိုတာ စမ်းလိုက်ရအောင် .. ”
“ ရတယ်လေ .. မမ .. ”
သူမ၏ အဆိုပြုချက်ကို သီဟ လက်ခံလိုက်သည်နှင့် ကလျာဏီက သူမကိုယ်ပေါ်က စကတ်ကို ချွတ်လိုက်သည်။ ပြီးသည်နှင့် ကိုယ်ကိုလှည့်ကာ နေရာယူသည်။ သူမမျက်နှာက သီဟခြေရင်းဘက်မှာ၊ သူမ၏ အင်္ဂါစပ်ကတော့ သီဟ မျက်နှာပေါ်မှာ။ 69 ပုံစံ။ နဂါးတွေ အဆင့်မြင့်လှချည်လား ဟ ..။
မို့မို့ဖောင်းဖောင်းနေသော အသားဆိုင်၏ အလယ်တည့်တည့်တွင် အကွဲကြောင်းတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အောက်ခြေဘက်နားရှိ အဝနေရာတွင် အခန်းဝတစ်ခုကို ကာရံထားသည့်နှယ် အဖတ်လေးနှစ်ခုက တံခါးရွက်လို ပိတ်ကာထားသည်။ ဒါမျိုး သီဟကို လာစမ်းလို့ ဘယ်ရမလဲ။ တြိဂံပု မကျတကျ ထိုအသားဖတ်လေးနှစ်ခုကို လက်နှင့်တွန်းဖယ်လိုက်ပြီး အရသာစမ်းရမည့် ပန်းနုရောင်နေရာလေးကို ပေါ်လာအောင်လုပ်သည်။ အရည်လဲ့လဲ့ဖြစ်နေသည်ကို မြင်လိုက်သည်နှင့် သူ့ခေါင်းက အလိုလိုကြွမိသွားသည်။ ခေါင်းကြွသည့်နောက်တွင်တော့ လျှာကပါ အလိုလိုရောက်ပြီးသားပင်။
သီဟ ဒီလိုဆိုလို့ ကလျာဏီကလဲ နောက်ကျခံမနေပါ။ သူမအဖုတ်ပေါ်သို့ သီဟလျှာရောက်လာသည့်အချိန်နှင့် သူမပါးစပ်က လိင်တံကြီးကို ငုံလိုက်သည့်အချိန်က တပြိုင်တည်းပင်။ ကလျာဏီ ဒီလိုမျိုး စုပ်လျက်ရတာ သဘောကျသည်။ အရင် သူမရဲ့mate ရှိစဉ်တုန်းကဆို အမြဲတမ်းမလုပ်ခင် ဒီလိုပုံစံနဲ့ တစ်ယောက်ကိုတစ်ယောက် လျက်ပေးနေကြ။ ယမရာဇာကြောင့် သူမအဖော် သေဆုံးသွားသည့်နောက်တွင် ပြတ်လတ်နေခဲ့သည်မှာ တော်တော်ကြာလှပြီ။ သီဟကိုတွေတော့ သူမ မရှိတော့သည့်အဖော်နေရာတွင် အစားထိုးချင်လာခဲ့သည်။ သီဟလက်ခံသည် မခံသည်တော့ သူမ မသိသေး။ နောင်ခါလာနောင်ဈေးပဲဟု သဘောထားလိုက်ပြီး ပါးစပ်ထဲရောက်နေသည့် အချောင်းကြီးကိုသာ လျှာစွမ်းပြကာ စုပ်ယူနေတော့သည်။
ပေါင်လေးချောင်းကြားတွင် တလှုပ်လှုပ်ဖြစ်နေသော ခေါင်းနှစ်ခု၏ လှုပ်ရှားမှု မြန်သထက်မြန်လာသည်။ ကလျာဏီတော့ ဘယ်လိုနေသည်မသိ။ သီဟကတော့ တဖြည်းဖြည်းသူ့အပေါ်ပိကျသလို ဖြစ်လာသော ကလျာဏီ တင်ပါးကြီးနှစ်ခုကြောင့် အသက်ရှူရန်ပင်ခက်လာသည်။ မဖြစ်တော့။ ဒီနဂါးမကို မြန်မြန်ပြီးအောင် လုပ်ပေးမှဖြစ်မည်။ ကြာလျှင် ဟိုနဂါးလက်ချက်နှင့်မသေပဲ ဒီနဂါးမလက်ချက်နှင့် အောက်ဆီဂျင်ပြတ်ကာ သေနိုင်သည်။ သူ့လျှာကို ကလျာဏီအထဲသို့ ရောက်နိုင်သမျှရောက်အောင် ထိုးထည့်ကာ လျက်ပေးသည်။ ပါးစပ်ထဲအပြည့်အ၀ ဝင်နေသော လိင်တံကြောင့် ကလျာဏီအော်ညည်းမှုကို သိသိသာသာ မပြုလုပ်နိုင်။ သူမတင်ပါးကြီးတွေကို လှုပ်ရှားကာ ဖိပွတ်ခြင်းနှင့်ပင် တုံ့ပြန်နိုင်သည်။ သူမ မဝေးတော့ပြီဆိုတာ သိသည်။
သူမပြီးသွားပြီး သီဟ မပြီးသွားသည့် အဖြစ်မျိုးကို ကလျာဏီ အရောက်မခံနိုင်ပါ။ ပြိုင်တူပြီးလျှင် ပိုကောင်းသည်ဆိုတာ သူမသိနေသည်မို့၊ လိင်တံအရင်းပိုင်းရှိ ဂွေးဥနှစ်လုံးကို လှမ်းကိုင်သည်။ လက်နှင့်ရွရွလေး ပွတ်ပေးသလို၊ ပါးစပ်ထဲရောက်နေသည့်အပိုင်းကိုလဲ တအားကုန်စုပ်သည်။ သီဟ တောင့်ခံမထားနိုင်။ အရည်ရွှဲရွှဲစိုနေသည့် အဝနှင့် ပါးစပ် တေ့ကာထားသည့်ကြားမှ သူ့အော်သံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်သည်။ သူ့ဖင်ကြီးက ကြမ်းပြင်ပေါ်က ကြွတက်ပြီး ကလျာဏီ ပါးစပ်အတွင်းပိုင်း၌ လရည်တွေ ဗျစ်ခနဲ ဗျစ်ခနဲ ပန်းထွက်ကုန်သည်။ ခံစားရသော အရသာကောင်းလွန်းလှသဖြင့် ကလျာဏီ အင်္ဂါစပ်မှ အရည်တွေစီးကျနေသည့်တိုင် မလျက်ပေးနိုင်တော့။ ပါးစပ်ကိုဟ၍သာ အပေါက်ဝနှင့် မလွတ်အောင်ထားလိုက်ရသည်။
“ ဘယ်လိုလဲ .. မမရဲ့အရသာက ကောင်းရဲ့လား .. ”
“ ကောင်းတယ် မမ .. ကောင်းလွန်းလို့ ကျနော်လဲ မေးတောင်တော်တော်ညောင်းသွားပြီ ..အသက်ရှူမရပ်တာတောင် ကံကောင်း ”
“ လူဆိုး .. မမကို ဒီလိုပြောရလား .. ခစ် … ခစ် .. ”
ကလျာဏီက သူ့ကို မျက်စောင်းထိုးကာ ကနွဲ့ကလျပြောရင်း သူမနှုတ်ခမ်းထောင့်စွန်းတွင် ကျန်နေခဲ့သော သီဟ၏အရည်ကို လက်ဖျံနှင့်အသာတို့သည်။ ပြီးတော့ လျှာလေးနှင့် သိမ်းလျက်သည်။ ထိုအပြုအမူကြောင့် တစ်ချီပြီးကာ ငြိမ်ကျသွားချင်သလို ဖြစ်နေသော သူ့အကောင်က ဆတ်ခနဲထတုန်သည်။
“ ဟ .. ငါ့မောင်က အားကြီးလှချည်လား .. မမတော့ သဘောကျသွားပြီ .. ဒီလောက်တောင် ခေါင်းထောင်ချင်တဲ့ကောင် … မမ သေအောင် သတ်လိုက်မယ် .. ခစ် .. ခစ် ”
“ မမ သဘော .. ”
ကလျာဏီက သီဟ ခါးစပ်ကို တက်ခွပြီး နေရာယူသည်။ လိင်တံကို ချက်ချင်းမသွင်းသေးပဲ အဖုတ်နှင့်ဖိကာ ပွတ်ပေးသည်။ သူမအဝထဲမှ စိမ့်ထွက်နေသော အရည်မျာကြောင့် လိင်တံချောင်းက ချောကျိကျိ ဖြစ်သည်။ ထို့အပြင် အကွဲကြောင်းတလျှောက် အလျားလိုက်ညှပ်ကာ ရှေ့နောက်အဆွဲခံရသည့်အတွက်လဲ အချိန်ခနလေးအတွင်း လိင်တံက ပြန်၍ မာတက်လာသည်။
“ ကြိုက်ပြီဟေ့ .. ”
လိင်တံထိပ်ဖူးကို သေချာကိုင်ပြီး ကလျာဏီအပေါ်က ထိုင်ချသည်။ အရည်တွေရွှဲနေသည့်တိုင် တင်းစီးပြီး အထဲသို့ ဝင်သည်။ နောက်ထပ်တစ်ခါ ခံစားရသော အရသာသစ်ကြောင့် သီဟ နှုတ်မှ အီးခနဲ ညည်းမိသည်။ ကလျာဏီ စုပ်ပေးမှုကို ကောင်းလှသည်ဟု သူထင်ထားခဲ့သည်။ သို့သော် အခု သူခံစားနေရသော အရသာက ထိုထက်ဆယ်ဆသာ၍ ကောင်းနေသည်။ ကလျာဏီ၏ အတွင်းပိုင်းသည် မယုံနိုင်စွာ ကျဉ်းမြောင်းလှပြီး စွတ်စိုစွာ ပူနွေးနေသည်။ ဥပမာပေးရလျှင် ရေချိုးပြီးခါစ လူတစ်ယောက် sauna ထဲ ရောက်သွားသည့်နှယ် သူ့လိင်တံက ခံစားရသည်။ သူ့လိင်တံသည် ချက်ချင်းပင် ဒင်ပြည့်ကျပ်ပြည့် ပြန်မာလာပြီး အတွင်းသားနုနုလေးတွေကို ထောက်ထိုးသည်။
“ အီး .. ”
“ အင့် .. အား … ”
နှစ်ဦးစလုံး နှုတ်မှ ထုတ်ဖော်ကာ ညည်းမိကြသည်။ တအိအိ ဝင်သွားသော လိင်တံကြီးသည် ကလျာဏီတင်ပါးနှစ်ဖက်က သီဟ ဆီးစပ်ပေါ်ထိကပ်ချိန်တွင် အဝင်ရပ်သည်။ ထို့နောက်တွင်တော့ ..
ကလျာဏီသည် သီဟက သူ့ဂုတ်ပေါ်တက်စီးခဲ့သည်ကို ကောင်းကောင်းကြီး လက်စားချေတော့သည်။ သီဟပေါ်ရှိ သူမတကိုယ်လုံးက ပိုစရှင်အမျိုးမျိုးနှင့် ယိမ်းခါနေသည်။ ဒါတွင်မက အထဲရောက်နေသည့် အကောင်ကိုလဲ သူမစကားအတိုင်း အတင်းဖျစ်ညှစ်ကာ သေအောင်သတ်နေသည်။ တအားစောင့်ကာ၊ တအားညှစ်နေမှုကြောင့် သီဟ ဘယ်လိုမှ အချိန်အကြာကြီးကြာအောင် တောင့်ခံမထားနိုင်။ စကောဝိုင်းသလို ကလျာဏီက သူမတင်ပါးကြီးတွေကို ဖိကာ ဝိုင်းပေးလိုက်ချိန်တွင် ဒုတိယအကြိမ်မြောက် သုတ်ရည်ပူတွေ ပန်းထုတ်သည်။ ကလျာဏီလဲ ထိုရောအခါမှ စိတ်ကျေနပ်သွားသည့်နှယ် သီဟရင်ခွင်ပေါ် မှောက်ချကာ အနားယူရင်း ငြိမ်ကျသွားသည်။ တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ရင်း သူတို့နှစ်ယောက်သည် တုတ်တုတ်မျှမလှုပ်နိုင်ရှာတော့ပေ …။
...........................................................
လင်းသဒ္ဒါ သူမဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် အခြားသူတစ်ဦးအတွက် စိတ်ပူပန်မိသည်။ သူမ မနေ့ညက တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ပါ။ သီဟနှင့် ပတ်သက်သည့် အတွေးတွေနှင့် စိုးရိမ်စိတ်က သူမကို နှိပ်စက်လျက်ရှိသည်။ သီဟနှင့်အတူ ခရီးထွက်မလာခင်တုန်းက သူမ ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။ သီဟကို သူမနှလုံးသားထဲမှ မောင်းထုတ်ဖို့။ သို့သော် တကယ်တမ်း မမျှော်လင့်ပဲ သီဟနှင့် ခွဲခွာရသောအခါ သူမ ထိုသို့မတွေးနိုင်။ အထူးသဖြင့် သီဟက သူမလွတ်ဖို့ နဂါးကို မျှား၍ ခေါ်ဆောင်သွားသည့်အချက်က သူမရင်ထဲ ချိုးနှိမ်ထားခဲ့သော အချစ်စိတ်ကို ပြန်လည်ခေါင်းထလာစေခဲ့သည်။
သီဟ .. သူ .. နဂါးလက်က လွတ်ပါ့မလား …
လင်းသဒ္ဒါ သူမ၏ လက်နက်ဖြင့်သော လေးနှင့်မြားကို အသင့်ပြင်လျက် သီဟ ပြေးသွားရာ တောစပ်ဆီသို့ တိတ်တဆိတ် ချည်းကပ်လာခဲ့သည်။ သူမ မနေ့ညကတည်းက ဒီနေရာကို လာရှာဖို့ စဉ်စားခဲ့သေးသော်လဲ ကောင်းကင်တွင် လူးလာပျံဝဲနေသည့် နဂါးကြောင့် ပြန်လည်ထွက်ခွာခဲ့ရသည်။ အခု မနက်လင်းသည့် အချိန်မှ သူမ တစ်ခေါက်ပြန်လာခြင်း ဖြစ်သည်။ သူမတို့ကို ရန်ပြုခဲ့သည့် နဂါးကို မတွေ့ရတော့။ မီးလောင်ကျွမ်းကာ ပြာအတိနှင့်ပြည့်နေသော မြက်ရိုင်းတော၏ မြင်ကွင်းကသာ သူမရှေ့မှာ ရှိနေသည်။ လင်းသဒ္ဒါ ခြောက်သွေ့မဲပြာနေသော မြေပြင်ကို သေချာလေ့လာကြည့်သည်။ လူအရိုးစုလိုမျိုးဟာကို မတွေ့ရသလို၊ သီဟ၏ လက်နက်အပိုင်းအစများကိုလဲ မတွေ့။ မျက်စိကို ရှင်ရှင်ထား၍ မလှမ်းမကမ်းတွင် မြင်နေရသော တောစပ်နားသို့ သူမ တိုးလာခဲ့သည်။
“ ခြောက် … ”
လင်းသဒ္ဒါရှေ့ရှိ တောစပ်မှ ချုံပုတ်တစ်ခု ယိမ်းခါသည်။ လင်းသဒ္ဒါ လက်ထဲရှိ မြားတံက အသင့်ဖြစ်ကာ အသံလာရာသို့ ချိန်ရွယ်ပြီးသား ဖြစ်သည်။ လူတစ်ယောက် လက်နှစ်ဖက်ကို မြှောက်လျက် ချုံပုတ် နောက်ကွယ်မှ တစ်လှမ်းချင်း ထွက်လာသည်။ ဟင် .. သီဟ။ လင်းသဒ္ဒါတစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသည့်နှယ် ခံစားလိုက်ရပြီး ချိန်မြှောက်ထားသည့် လေးကိုင်းကို အောက်သို့နှိမ့်ချသည်။ စိတ်ထဲမှနေ၍ တောစောင့်နတ်တွေကို ကျိတ်ကာကျေးဇူးတင်မိသည်။ အခုအချိန်တွင်မူ လင်းသဒ္ဒါ သူမ နှလုံးသားကို နားလည်သွားပြီ ဖြစ်သည်။ သီဟဆီ အားရဝမ်းသာစွာ ပြေးသွားဖို့ပြင်သည်။
သို့သော် ..။
ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်း လှမ်းပြီးသည့်အချိန်တွင် သီဟ၏ နောက်ကွယ်၌ ပေါ်ထွက်လာသော အဖြူရောင်လူရိပ်တစ်ခုကြောင့် လင်းသဒ္ဒါ သူမခြေလှမ်းတွေ၏ အရှိန်ကို လျော့ချလိုက်သည်။ တကိုယ်လုံးနှင်းပွင့်သဖွယ် ဆွတ်ဆွတ်ဖြူသော အသားအရည်ကို ပိုင်ဆိုင်ထားသော ချောမောလှပသည့် အမျိုးသမီးတစ်ယောက်က သီဟ နောက်ကွယ်နားမှ ပေါ်ထွက်လာသည်။ သူမ ဘယ်သူလဲ။ သီဟတို့နှင့် တဖြေးဖြေး နီးလာသည်နှင့်အမျှ ထိုအမျိုးသမီး၏ အလှကို သူမ ပိုသတိထားမိသည်။ မျက်နှာအနေအထားနှင့် ကိုယ်လုံးကိုယ်ပေါက်က သူမထက် မသာလျှင်တောင်မှ မလျော့နိုင်ပေ။ ထို့အပြင် အမျိုးသမီး၏ မျက်လုံးတွေသည် ကျောက်မျက်ရတနာတစ်ခုအလား ထူးခြားစွာ ပြာလဲ့နေသည်။ လူမဟုတ်ပဲ သူမတို့လို အမျိုးအနွယ်တစ်ခုက ဖြစ်ရမည်။ လင်းသဒ္ဒါ ရင်ထဲအစာမကျေသလိုဖြစ်ပြီး သီဟကို မေးခွန်းထုတ်သည့် အကြည့်နှင့် ကြည့်သည်။
“ သီဟ .. သူ ဘယ်သူလဲ .. ”
“ လင်းသဒ္ဒါ … ဒီက မမက ကလျာဏီတဲ့ .. ကိုယ်တို့တွေ့ရမယ့် တောင်တော်ရှင်မဆိုတာ သူပဲ .. ”
“ တောင်တော်ရှင်မ ?? .. ကျမတို့ တွေ့ရမှာ သူလား .. ”
လင်းသဒ္ဒါ၏ အမေးကို သီဟ ဝင်ဖြေဖို့ မလိုတော့ပါ။ ကလျာဏီက အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ကာ ပြရင်း ရှေ့တိုးထွက်သည်။ ပြီးမှ …
“ ညီမရဲ့ အဖေ .. ဝံပုလွေတွေရဲ့ခေါင်းဆောင် သိဒ္ဓိက သူ့ကို တောင်တော်ရှင်မနဲ့ တွေ့ရအောင် ညီမကို လိုက်ပို့ခိုင်းတာ မှတ်လား .. ညီမ တာဝန်ကျေပြီလို့ မှတ်လိုက်တော့ .. ညီမ ပြန်ချင်ပြန်လို့ရပြီ ..“
“ ရှင် !!! .. ဘာပြောတယ် ... ”
ကလျာဏီ၏ စကားက လင်းသဒ္ဒါ ရင်ထဲမှ မကျေနပ်ချက်ကို အစထုတ်ပေးသလို ဖြစ်စေသည်။ လင်းသဒ္ဒါသာမက သီဟပင်လျှင် ကလျာဏီ စကားကြောင့် အံ့အားသင့်သည်။ နောက်မှ လင်းသဒ္ဒါအား မလိုလားသော အသွင်နှင့် ကြည့်နေသော ကလျာဏီ၏ သဘောကို အနည်းငယ် ရိပ်မိသည်။ သူမ မနာလိုနေတာ ဖြစ်ရမည်။ မဖြစ်သေး။ ဒီကိစ္စကို သူဝင်ဖြေရှင်းမှ ရမည်။ ယမရာဇာကို ရင်ဆိုင်ဖို့တွင် ကလျာဏီကို သူလိုအပ်သလို၊ လင်းသဒ္ဒါကိုလဲ လိုအပ်သည်။ လင်းသဒ္ဒါသည် တိုက်ခိုက်ရေးသမားကောင်း။ သူနှင့် သူမ အချစ်ရေးတွင် လက်တွဲဖြုတ်ဖို့ စဉ်းစားခဲ့ကြပေမယ့်၊ ယမရာဇာကို ရင်ဆိုင်ဖို့အရေးတွင်တော့ လက်တွဲမဖြုတ်နိုင်။ ကလျာဏီ ဒီလောက်တော့ နားလည်ပေးရမည်။
“ မမ .. လင်းသဒ္ဒါဟာ တကယ်တော်တဲ့ warrior တစ်ယောက် ... ယမရာဇာကို ရင်ဆိုင်ဖို့ဆိုရင် ကျနော်တို့ဘက်က လူအင်အားတောင့်ဖို့ လိုအပ်တယ် .. ”
“ အင်း ... သီဟက ဒီလိုဆိုရင်တော့ မမလက်ခံပါတယ် ... မမက သူ့ကို မမတို့နှစ်ကိုယ်ကြားကိစ္စမှာ ဝင်ပါလာမှာ စိုးလို့ပါ .. ”
ကလျာဏီက စကားအဖြစ်သာ ပြောခြင်းမဟုတ်။ အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြသည့်အနေနှင့် သီဟနှင့်ကိုယ်ချင်းထိကပ်ပြီး နွဲ့နွဲ့လေး မှီလိုက်သည်။ ရုတ်တရက်မို့ သီဟ ဘာလုပ်ရမှန်းမသိ။ လင်းသဒ္ဒါကို မျက်နှာပူမိပေမယ့် ကလျာဏီ စိတ်ဆိုးသွားမှာကိုလဲ မဖြစ်စေချင်။ သ့ူမျက်နှာက ရှက်စိတ်နှင့် နီရဲနေသည်။
“ သီဟ .. ရှင် .. ရှင်တို့က ?? ”
သီဟတို့နှစ်ယောက်၏ အနေအထားကို ကြည့်ပြီး လင်းသဒ္ဒါ စကားကိုတောင် ဆက်မပြောနိုင်။ သီဟနှင့် သူ တစ်ညတာပဲ ကွဲကွာသွားခဲ့သည်။ ထိုတစ်ညအတွင်း သူတို့နှစ်ယောက်က ... ။ သူမရင်ထဲရှိ သီဟအပေါ် ချစ်သည့် အချစ်စိတ်နေရာတွင် ဒေါသက အစားထိုးကာ ဝင်လာသည်။
“ သီဟ !!! ... ရှင်သူနဲ့ အိပ်ခဲ့တာလား .. ”
သီဟ နှုတ်မှကြိုးစားဖြေရှင်းဖို့ စဉ်းစားသော်လဲ ဘယ်လိုဖြေရှင်းပြရမည်မှန်း သူ မသိ။ နှုတ်ခမ်းတလှုပ်လှုပ် ဖြစ်နေသည့်တိုင် ဘာစကားမှ အပြင်ကို ရောက်မလာပါ။ လင်းသဒ္ဒါကို တောင်းပန်သည့် အကြည့်နှင့်သာ သူ့ကြည့်နေနိုင်သည်။ ဤသည်ကပင် လင်းသဒ္ဒါ သိချင်သော အဖြေကို တနည်းတဖုံပေးလိုက်ရာရောက်သည်။ လင်းသဒ္ဒါ သီဟကို နာနာကျည်းကျည်း စိုက်ကြည့်သည်။ သူမ နဂါးတစ်ကောင်မဟုတ်ပဲ ဝံပုလွေမဖြစ်နေလို့သာ တော်တော့သည်။ သို့မဟုတ်လျှင် သီဟ နေရာမှာပင် ပြာကျသွားနိုင်လောက်သည်။
သီဟ လင်းသဒ္ဒါ၏ အခြေအနေကိုကြည့်ပြီး နားမလည်နိုင်။ သူမအကြည့်တွေက ဘာဖြစ်လို့ စိမ်းကားသည့်အသွင် ဆောင်နေရတာလဲ။ တကယ်ဆို သူမကပဲ စ၍ သူတို့နှစ်ယောက်ဇာတ်လမ်းကို ဖြတ်ခဲ့တာ မဟုတ်လား။ သီဟ မိန်းကလေးတွေကို တကယ်ပင် နားမလည်တော့ပါ။
လင်းသဒ္ဒါ သူမကိုယ်ကို မနည်းအားတင်း၍ထိန်းကာ ရပ်နေရသည်။ ရင်ထဲရှိ အသည်းနှလုံးတွေ ကျေမွပြတ်သုန်းကုန်သည့်နှယ် သူမ စူးစူနစ်နစ် ခံစားရသည်။ အမြဲထောင်နေတတ်သော ဝံပုလွေတို့၏ အင်္ဂါရပ်ဖြစ်သော သူမနားရွက်နှစ်ဖက်ဆိုလျှင် ဝမ်းနည်းမှုကြောင့် ငြိမ်ကုပ်နေကြသည်။ သီဟ .. နင် … နင် ရက်စက်လှချည်လား ..။ သစ္စာမဲ့လှချည်လား။ သို့သော် သူမ၏ သီဟအပြစ်တင်မှုက တစ်ပိုင်းတစ်စနှင့် ရပ်တန့်သည်။ ဒါတွေသည် တကယ်တမ်းကျတော့ သူမက စခဲ့သော စနက်မဟုတ်လား။ အခုတော့ နောက်ကျသွားချေပြီ။ သူမ သီဟကို ပြန်လိုချင်သည် ဆိုလျှင်တောင် သီဟက သူမဘက်မှာ ရှိနေပါတော့မလား။ ဘဝတွင် ရှုံးနိမ့်မှုဆိုတာကို မခံစားခဲ့ဖူးသေးသော လင်းသဒ္ဒါအဖို့ အချစ်မှာ ဆုံးရှုံးခြင်းသည် လွန်စွာမှ ခါးသီးလှသည်။
“ နေ .. နေကြပါစမ်းဦး … ရှင်တို့နှစ်ယောက်က ချစ်သူတွေလား … ”
အသံရှိန်မြင့်ကာ မေးလိုက်သော ကလျာဏီ၏ အမေးက လင်းသဒ္ဒါ၏ အတွေးစတွေကို ရပ်တန့်စေသည်။ လင်းသဒ္ဒါ သီဟကို စူးစူးရဲရဲ စိုက်ကြည့်ပြီး တင်းမာသော လေသံနှင့် တုံ့ပြန်မိသည်။
“ မဟုတ်ဘူး .. ကျမတို့နှစ်ယောက်က ဘာမှ မဟုတ်ဘူး !!! ”
..............................................................................
မှော်ရေကန်ထဲမှ ပလုံစီထနေသော ရေမြုပ်တွေနည်းတူ ယမရာဇာ၏ ဒေါသက ပွက်ပွက်ဆူကာ လောင်မြိုက်နေသည်။ ဒက္ခတစ်ယောက် အောင်မြင်လုဆဲဆဲတွင်မှ ဟိုနဂါးမ ဝင်ရှုပ်ရသည်လို့ ..
“ တောက် ”
စိတ်မထိန်းနိုင်သည့် အဆုံး အနားတွင် ရှိသော ကျောက်စားပွဲကို ဒေါသတကြီး လက်ဝါးနှင့်ရိုက်သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ စားပွဲက နှစ်ပိုင်းပြတ်ကာ ကျိုးသည်။ ဒါတောင် ယမရာဇာ ဒေါသက မပြေ။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ ဘယ်သူမှ မတွေ့။ သူ့အနားက လူတွေသည် ယမရာဇာ၏ ဒေါသကို သိနေသည့်နှယ် အားလုံးပျောက်ကွယ်နေကြသည်။ ယမရာဇာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျှက် မှော်ရေကန်နားမှ ခွာလာခဲ့သည်။
တကယ်ဆိုလျှင် ဒက္ခသည် ယမရာဇာ၏ ယုံကြည်ရဆုံး၊ စိတ်အချရဆုံး assassian ဖြစ်သည်။ အခုတော့ သူ့အတော်ဆုံးဆိုသည့်လူ (သတ္တဝါ)တောင်မှ ဟိုလူသားကို မသတ်နိုင်ခဲ့။ ဒီကောင် ကံပဲကောင်းတာလား။ ဒါမှမဟုတ် နမိတ်တော်ထဲမှာ ပြောထားသလိုပဲ ဒီလူက သူရဲကောင်းဖြစ်နေမှာမို့လား။ မဖြစ်တော့။ ဒီကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်မှ ဖြစ်တော့မည်။
စင်္ကြ ံလမ်းတလျှောက် လျှောက်လာသော ယမရာဇာသည် သူ၏ ညာဘက်ရှိ အခန်းတစ်ခုထဲမှ ထွက်လာသော အသံဗလံများကြောင့် ခြေလှမ်းရပ်သွားရသည်။ ဒါ မာယာဒေဝီ၏ အိပ်ခန်း။ လွဲမမှားနိုင်သော ညည်းသံလိုလို အသံများက အခန်းထဲမှ ပျံ့လွင့်ကာ ထွက်နေသည်။ မာယာဒေဝီ ဘာလုပ်နေသည်ဆိုတာ သူ မှန်းဆနေစရာမလို။ ယမရာဇာ နှုတ်ခမ်းထောင့်ကွေးကာ ပြုံးသည်။ အခန်းကို ကျော်ကာ ဆက်လျှောက်သွားမည်အပြု သူ့ခေါင်းထဲတွင် အကြံတစ်ခုဝင်လာသည်။ ဟုတ်ပြီ။ ဒီအကြံအတိုင်း လုပ်ရမည်။ ယမရာဇာ ရှေ့ဆက်မသွားတော့ပဲ မာယာဒေဝီ၏ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
မာယာဒေဝီကို တကိုယ်လုံး အဝတ်အစားမဲ့စွာနှင့် သူမ ကုတင်ပေါ်တွင် တွေ့ရသည်။ သို့သော် သူမတစ်ယောက်ထဲတော့ မဟုတ်။ ငယ်ရွယ်နုပျိုသော ကောင်လေးတစ်ယောက်က သူမ အောက်တွင် ရှိနေသည်။ ယမရာဇာ ဒီကောင်လေးကို သိသည်။ သူ့အဖေ၏ အသက်အတွက် သူ့အား လက်စားချေဖို့ လိုက်ရှာနေသည့်ကောင်လေး။ တွေ့ချင်းတွေ့တော့ ယမရာဇာနှင့်တောင် မတွေ့လိုက်ရ။ မာယာဒေဝီနှင့် ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ကာ သူမ၏ ညွှတ်ကွင်းထဲ သက်ဆင်းခဲ့ရရှာပြီ။ ယမရာဇာ မဲ့ပြုံးပြုံးရင်း ကုတင်ပေါ်က စုံတွဲ၏ လှုပ်ရှားမှုကို မနှောင့်ယှက်ပဲ အသာရပ်ကြည့်နေလိုက်သည်။ ကောင်လေးသည် မာယာဒေဝီ၏ ဆောင့်ချက်တိုင်း၌ မျက်နှာတပြင်လုံး ရှုံ့မဲ့ကာ ညည်းတွားနေသည်။ မျက်လုံးကို စုံမှိတ်ကာထားပေမယ့် သူ့မျက်နှာပေါ်တွင် မကြုံဖူးသောအရသာကို မချိမဆန့် ခံစားနေရမှုက အတိုင်းသားမြင်နေရသည်။
ဒီအတိုင်းသာဆိုလျှင် နောက်ထပ် လေးငါးမိနစ်ထက် ဒီကောင်လေး ပိုမခံနိုင်တော့ဆိုတာ သူသိသည်။ ယမရာဇာ ထင်ထားသည့်အတိုင်းပင်။ ကောင်လေး၏ ဆီးစပ်ပေါ်သို့ မာယာဒေဝီ တင်ပါးနှစ်ဖက်ကာ ဖန်းခနဲမြည်အောင် ပိကာ ကျချိန်တွင် ချာတိတ်တကိုယ်လုံးက အကြောအချဉ်တွေ တုန်ခါသည်။ ထိုစဉ်မှာပင် ကောင်လေး၏တကိုယ်လုံး ဓါတ်လိုက်ခံရသည်နှယ် တုန်ရင်လာပြီး မျက်တွင်းတွေချိုင့်ဝင်သည်။ အရေးပြားတွေ တွန့်လိမ်သည်။ မဲနက်နေသော ဆံပင်တွေက ဖြူဖွေးကုန်သည်။ သွေးကြောတွေ၊ အသားတွေသည် တဖြေးဖြေးချင်း ခြောက်ခန်းသည်။ မျက်စိတမှိတ်အတွင်း တောင့်တင်းသန်မာသည့်ကိုယ်သည် အရိုးငေါငေါနှင့်သာ ကျန်ရစ်ခဲ့တော့သည်။ အသက်မဲ့နေသော ခန္ဓာကိုယ်သည် သစ်ကိုင်းခြောက်တစ်ခုနှယ် …
“ ကျွတ် .. ကျွတ် .. နှမျောစရာလေး မာယာရယ် … မင်းအတွက် ကစားစရာ မရှိတော့ဘူးပေါ့ … ”
“ မတတ်နိုင်ဘူး မောင် .. မာယာမှ ကစားစရာတစ်ခုကို နှစ်ခါ မဆော့တာ မောင်အသိသားပဲကိုး .. ”
“ ဒီလိုဆိုရင်တော့ .. မာယာအတွက် ကစားစရာ အသစ်တစ်ခု ရှာပေးရဦးမှာပဲ .. ”
ယမရာဇာ၏ စကားတွင် မာယာဒေဝီသည် သဘောကျဟန်နှင့် တဟင်းဟင်း ရယ်ရင်း သူ့အနားသို့ ကနွဲ့ကလျ ချဉ်းကပ်လာလေသည်။
...............................................................................................
အခန်း ( ၃ )
အပြောကျယ်ကာ ရှည်လျားလှသော လမ်းမကြီးတလျှောက် လူသုံးယောက် လမ်းလျှောက်ကာ ခရီးနှင်နေကြသည်။ လူသားသုံးယောက်ဟု ဆိုသော်လဲ ခရီးဖော် ယောကျ်ားသားမှလွဲ၍ ကျန်သည့် မိန်းမပျိုနှစ်ဦး၏ ပုံစံက အနည်းငယ် ထူးဆန်းနေသည်။ ကြည့်လိုက်လျှင် ဆာမူရိုင်းမလေးဟု ယူဆနိုင်သော မိန်းမပျိုသည် ဝံပုလွေပုံစံ နားရွက်ချွန်ချွန်တစ်စုံကို ပိုင်ဆိုင်ထားပြီး၊ အခြားတစ်ယောက်ကမူ တဖျတ်ဖျတ် အရောင်တောက်နေသည်ဟု ထင်ရသော မျက်လုံးပြာတစ်စုံကို ပိုင်ဆိုင်ထားသည်။ သူတို့ကား သီဟ၊ လင်းသဒ္ဒါနှင့် ကလျာဏီ ..။
သီဟတစ်ယောက် ကလျာဏီ ခေါ်ဆောင်ရာနောက်သို့ လိုက်သာလိုက်လာခဲ့ရသည်။ Prophecy လာ သူရဲကောင်းဆိုသည့် အယူအဆကို အခုထက်ထိ လက်မခံနိုင်သေး။ သီဟ နဂိုကတည်းက ဒါတွေကို ယုံသည် မဟုတ်။ သူက လက်တွေ့ကျကျ ဖြစ်ရပ်များကိုသာ ယုံကြည်ခဲ့သူ။ သီဟ ပုခုံးထက်က ရိုင်ဖယ်သေနတ်ကို ခေါင်းစောင်းကာ ကြည့်မိသည်။ ဒါ နမိတ်တော်လာ လက်နက်တဲ့လား။ ယမရာဇာ မပြောနှင့် သူ့အစေခံ ဒက္ခဆိုသည့် နဂါးကိုတောင် သေအောင် ပစ်နိုင်ခဲ့သည်မဟုတ်။ ကလျာဏီကတော့ ပြောသည်။ သူ နဂါးတွေ၏ အားနည်းချက်ကို မသိခဲ့လိုတဲ့။ အင်း .. ထားလိုက်ပါတော့။ ယမရာဇာကရော အားနည်းချက် ရှိသတဲ့လား။ ကြားရသမျှတော့ ယမရာဇာဆိုသော ငနဲသည် တော်ယုံအစွမ်းရှိသူ မဖြစ်နိုင်။ ကလျာဏီပြောသော ဒဏ္ဍာရီသည် ဟုတ်သည် မဟုတ်သည် အပထား၊ သူမတို့လောကထဲမှ နေရာတော်တော်များများ၊ အမျိုးအနွယ်တော်တော်မျာများကို ပျက်စီးအောင် လုပ်နိုင်သည်ဆိုကတည်းက ဘယ်လိုမှ လျှော့တွက်လို့ရမည့်သူ မဟုတ်ပင်။ အင်း .. ယမရာဇာကို သူဘယ်လိုအနိုင်ယူရပါ့မလဲ ..။
သီဟတစ်ယောက် သူ့အတွေးနှင့်သူ ငြိမ်နေသည့်တိုင် ကလျာဏီက သူနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ သီဟနှင့် ဘေးချင်းယှဉ်ကာ လျှောက်လာရင်းမှ စကားတွေကို ဖောင်ဖွဲ့ကာ ပြောနေရှာသည်။ အများစုက သီဟရောက်နေသာ သူမတို့ ကမ္ဘာအကြောင်း။ ရှေးအစဉ်အဆက်မှ ရှိခဲ့သော မျိုးနွယ်စုများအကြောင်း။ အစရှိသဖြင့် ရှင်းပြနေရှာသည်။ သူမပြောသည့်အထဲတွင် သမန်းဝံပုလွေပါသည်။ နဂါးတွေပါသည်။ ထို့နောက် elf လို့ခေါ်သော လူလိုလို နတ်လိုလို သတ္တဝါ၊ ဒါ့အပြင် Orc လို့ခေါ်သော လူ့ဘီလူးကြီးတွေလဲပါသည်။ သမန်းဝံပုလွေတို့ နဂါးတို့ကတော့ ဘယ်လိုသွင်ပြင်ရှိသည်ဆိုတာ သီဟကို ရှင်းပြစရာမလိုပေမယ့်၊ ကျန်သည့် သတ္တဝါများကိုတော့ သီဟ မျက်စိထဲမြင်လာအောင် သူမ ကြိုးစားပြီး သရုပ်ဖော်ပေးရသည်။
“ သီဟ .. မေးနေတာ မကြာဘူးလား .. ”
“ ဟင် မမ .. ဘာမေးလိုက်တာလဲ ?? .. ”
“ သီဟကကွာ … ဘာတွေ တွေးနေရပြန်တာလဲ .. မမ မေးတာက သီဟတို့ လောကကရော ဘယ်လိုပုံစံ ရှိလဲလို့ ..“
“ အော် .. ဒါလား .. ”
ယမရာဇာဆီ အတွေးက ရောက်နေသဖြင့် အခုမှ ကလျာဏီ ဘာကိုမေးသည်ဆိုတာ သီဟ နားလည်သည်။ သူ ကလျာဏီကို ဘယ်လို ရှင်းပြရမည်နည်း။ အတတ်နိုင်ဆုံး ကလျာဏီ နားလည်အောင် ရှင်းပြဖို့ သူကြိုးစားသည်။
“ ကျနော်တို့ဆီမှာလဲ မမတို့ဆီမှာလို နိုင်ငံတွေ၊ မြို့တွေရှိတယ် .. မြို့ကြီးတွေဆိုရင် လူဦးရေ သန်းနဲ့ချီပြီးတော့တောင် ရှိကြတယ် … အဲဒီမှာ မိုးထိအောင်ဆောက်ထားတဲ့ တိုက်တာအဆောက်အအုံတွေ ရှိတယ် .. မြို့ပြက လူတွေဟာ တစ်နေရာကတစ်နေရာကို သွားဖို့ဆိုရင် စက်တပ်ယာဉ်တွေကို သုံးကြတယ် .. လေယာဉ်ပျံလို့ခေါ်တဲ့ယာဉ်ဆိုရင် လူတွေအများကြီးကို ကောင်းကင်ထက်ကနေ သယ်သွားပေးနိုင်တယ် .. နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့အတွက် ဆက်သွယ်ရေးကိရိယာတွေရှိတယ် .. အခုနောက်ပိုင်းပေါ်နေတဲ့ အင်တာနက်ဆိုတာကို သုံးမယ်ဆိုရင် မိုင်ပေါင်းထောင်သောင်းချီနေပြီး ဝေးပါစေ .. တစ်ယောက်ကိုတစ်ယောက် အနားမှာမြင်တဲ့အထိ စွမ်းဆောင်ပေးနိုင်တယ် .. ”
“ ဟင် .. တကယ်လား .. အဲဒါ မမတို့ဆီက မှော်ကြေးမုံနဲ့ တူတာပေါ့ နော် .. အဲဒါကို ဘယ်လိုခေါ်လဲ .. ”
“ အဲဒါကို ချက်တင်လို့ ခေါ်တယ် … ”
“ ချက်တင် ??? … ချက်အပေါ်မှာ တင်ထားရလို့လား … ”
တကယ်ကို အံ့သြတကြီးနှင့် မေးနေသော ကလျာဏီ၏ ပုံစံကိုကြည့်ပြီး သီဟ မရယ်ပဲ မနေနိုင်။ တဟားဟား အသံထွက်အောင်ပင် ရယ်မိသည်။ သီဟ ဘာကြောင့်ရယ်သည်ဆိုတာကို ကလျာဏီ နားမလည်ပေမယ့် သူမပြောလိုက်တာ တစ်ခုခု မှားသွားမှန်းသိသည်။ ရှက်သလိုလို ဖြစ်သွားပြီးမှ သီဟ၏ ပုခုံးကို ခပ်သာသာရိုက်ပြီး သူမလဲ လိုက်ရယ်တော့သည်။
သူတို့နှစ်ယောက်နှင့် ခြေလှမ်းဆယ်လှမ်းလောက် အကွာ၌ လင်းသဒ္ဒါ ရှိနေသည်။ သူမ မရောက်ဖူးသော လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်နေသဖြင့် လင်းသဒ္ဒါသည် ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ထားကာ ကြည့်နေသည့်တိုင် ရှေ့မှအတွဲဆီသို့ တစ်ချက်တစ်ချက် အကြည့်ရောက်သည်။ သူမစိတ်ကိုထိန်းကာ သူတို့နှစ်ဦးဆီမှ အကြည့်ကိုလွှဲသည့်တိုင် ကလျာဏီ၏ အပြုအမူအချို့ကြောင့် သူမ မနေနိုင်ပဲ ပြန်ပြန်ကြည့်ဖြစ်သည်။ ကြည့်လိုက်တိုင်း ဒီနဂါးမကို မနာလိုဖြစ်မှန်းမသိ ဖြစ်ရသည်။ မိန်းကလေးချင်းမို့ ကလျာဏီ၏ အထာက ဘာဆိုတာ သိသည်။ သီဟ သူမကို မကျကျအောင် နဂါးမက ညို့ယူနေမှန်း သိသာလှသည်။ ကလျာဏီ သီဟနားသို့ တိုးကာ မထိတထိ နွဲ့နေတိုင်း သူမ ရင်ဝယ်နာကျင်မိသည်။ တကယ်ဆိုလျှင် သီဟနားတွင် ရှိရမည့်သူက သူမသာ။ အခုတော့ သူမလက်ထဲကအစာကို နဂါးမက သုတ်သွားချေပြီ။ လင်းသဒ္ဒါ ကလျာဏီကို ဒေါသထွက်သလို သူမကိုသူမလဲ အပြစ်တင်မိသည်။
ဦးဗျဂ္ဂ၏ သွေးထိုးမှုကြောင့် သူမ စိတ်တွေယောင်ယက်ခတ်ခဲ့ခရသည်။ သေချာမမှတ်မိလိုက်သော အမေဖြစ်သူနှင့် ပတ်သက်၍ ဖခင်ဖြစ်သူအား ဝိုင်းတော်လှန်ကြသည့်အကြောင်းကို သူမငယ်စဉ်ကတည်းကပင် ကြားဖူးခဲ့သည်။ ထိုအဖြစ်အပျက်ကို သူမ ရေရေရာရာ မသိသည့်တိုင် ဦးဗျဂ္ဂစကား၏ ကြောက်စရာကောင်းပုံကို သိနေသည်။ သူမဘဝတလျှာက်လုံး မျှော်မှန်းခဲ့သော ဝံပုလွေအမျိုးအနွယ်၏ ခေါင်းဆောင်ဆိုသော ဂုဏ်ပုဒ်နှင့် သီဟကို မလဲချင်ခဲ့။ ထို့ကြောင့်ပင် သူမ သီဟကို စွန့်ခွာခဲ့တာဖြစ်သည်။ အခုတော့ …
သီဟနားသို့ တိုးကပ်ကာ စကားပြောနေသည်တိုင် ကလျာဏီသည် တစ်ချက်တစ်ချက် လင်းသဒ္ဒါကို မသိမသာ လှည့်ကြည့်မိသည်။ သူမ လှည့်ကြည့်တိုင်း အကြည့်ချင်းဆုံလျှင် လင်းသဒ္ဒါက တခြားသို့ လွှဲဖယ်သွားတာကို တွေ့ရသည်။ သူမ စစတွေ့ချင်းတုန်းကတော့ လင်းသဒ္ဒါကို ကြည့်မရပါ။ အဓိကတော့ လင်းသဒ္ဒါသည် သူမထက်အရင် သီဟနှင့် တွေ့ခဲ့တာမို့ သူတို့နှစ်ယောက်ကြားမှ သံယောဇဉ်ရှိနေမှာကို စိုးရိမ်လို့ဖြစ်သည်။ သို့သော် လင်းသဒ္ဒါ နှုတ်ဖျားမှ သီဟနှင့် ဘာမှမဆိုင်ဘူးဆိုသော အသိပေးချက်ကို ကြားရပြီးနောက် သူမ စိတ်သက်သာရသည်။ အခုအချိန်တွင် သူမ လင်းသဒ္ဒါကို သူစိမ်းတစ်ယောက်လို မထင်တော့ပါ။ လင်းသဒ္ဒါက သူမကို စစကားမပြောသည့်တိုင် သူမက အရင် စကားပြောဖို့ ဆုံးဖြတ်သည်။ သူမခြေလှမ်းတွေကို တမင်တကာနှေး၍ နောက်ချန်ကာ နေခဲ့သည်။ လင်းသဒ္ဒါနဲ့ သူမ ရင်ပေါင်တန်း လျှောက်သလို ဖြစ်သွားသည်။
“ အစောတုန်းက မမရဲ့အပြောအဆိုအတွက် ညီမကို တောင်းပန်ပါတယ် … ”
“ ရပါတယ် .. ”
ကလျာဏီ၏ စကားကို လင်းသဒ္ဒါက တုံ့ပြန်ပေမယ့် သူမ၏အကြည့်ကမူ ရှေ့ကို ကြည့်မြဲကြည့်နေသည်။ လင်းသဒ္ဒါ ကြည့်ရာသို့ ကလျာဏီ အလိုလို လိုက်ကြည့်မိသည်။ ကွန်မန်ဒိုစစ်သားတစ်ဦးမို့ မာန်အပြည့်နှင့် ခရီးနှင်နေသော သီဟ၏ အသွင်က ကလျာဏီ၏ အမြင်တွင် ရာဇဝင်ထဲမှ သူရဲကောင်းတစ်ဦးအလား ထင်နေရသည်။ စစ်နတ်ဘုရားတစ်ပါး မြေပြင်ပေါ်၌ အားမာန်ပါပါ ချီတက်နေသည်နှင့်တူသည်။
“ သူ .. သူက အရမ်းကြည့်လို့ကောင်းတယ်နော် … ”
“ အင်း … ဟုတ်တယ် … မကလျာ သူ့ကို အဖော်အဖြစ်လက်တွဲခွင့်ရတာ ကံကောင်းပါတယ် .. ”
လင်းသဒ္ဒါ၏ စကားသံက ဆွေးမြည့်သံအပြည့်နှင့် ဖြစ်နေသည်။ “ကံကောင်းပါတယ်“ဆိုသော အဆုံးသတ်စကားတွင် မသိမသာလေး တုန်ခါလို့နေသည်။ ကလျာဏီ စိတ်ထဲ ဇဝေဇဝါဖြစ်သည်။ လင်းသဒ္ဒါ နှုတ်မှ သီဟနှင့် မဆိုင်ပါဘူးဟု ပြောထားသည့်တိုင် သူတို့နှစ်ဦးသည် ရိုးရိုးသားသားတော့ မဟုတ်နိုင်ဆိုတာကို သံသယဖြစ်မိသည်။ ကလျာဏီ ဘာစကား ဆက်ပြောရမှန်း မသိပဲ နှုတ်ဆိတ်ကာ သွားသည်။
နောက်ထပ် မိုင်အနည်းငယ်ခန့် သူတို့သုံးယောက် ခရီးနှင်လာပြီးသောအခါ တောင်ကုန်းတစ်ခု၏ ထိပ်သို့ ရောက်လာကြသည်။ သုံးယောက်သား ကုန်းထိပ်မှ အောက်သို့ ငုံ့ကြည့်မိသောအခါ ကလျာဏီ ကြိုတင်ပြောဆိုထားခဲ့သည့်အတိုင်း နွယ်ငြိမ်းဆိုသော မြို့လေးကို လှမ်းမြင်ရသည်။ လင်းသဒ္ဒါတို့၏ လောကကို ရောက်ပြီးကတည်းက ပထမဦးဆုံးအဖြစ် မြင်ရသော မြို့ပြ၏ အနေအထားမို့ သီဟ အသေးစိတ်လေ့လာမိသည်။ နွယ်ငြိမ်းသည် သူရောက်ခဲ့သော ဝံပုလွေရွာလိုပင် တောင်ပတ်လည်ဝိုင်းနေသော မြို့လေးဖြစ်သည်။ လင်းသဒ္ဒါတို့ ရွာနှင့်ကွာခြားချက်က အဆောက်အဦးတွေ၏ပုံစံသည် လူသားတို့၏ လက်ရာမှန်း သိသာနေခြင်းပင်။ လမ်းများရှိနေပုံ၊ အိမ်များဖွဲ့စည်းထားပုံသည် သေသပ်စနစ်ကျနေသည်ကိုတွေ့ရသည်။ ဒီကမ္ဘာကို ရောက်ကတည်းက လူစစ်စစ်ဆိုတာနှင့် မတွေ့ဖူးသေးသည်မို့ သီဟ စိတ်လှုပ်ရှားနေမိသည်။ ဘယ်လိုမှ မအောင့်အည်းနိုင်တော့သည့်အဆုံး ကလျာဏီတို့ရှေ့မှပင် ခြေလှမ်းကျဲကြီးတွေနှင့် ပြေးဆင်းလာခဲ့သည်။
“ သီဟ .. မမတို့ကို စောင့်ဦး .. ”
ကလျာဏီနှင့် လင်းသဒ္ဒါ နောက်ကနေ အပြေးအလွှား လိုက်လာခဲ့သည်။ သူတို့ရပ်ကြည့်ခဲ့ရာနှင့် မြို့တံခါးဝက သိပ်မဝေးသဖြင့် အချိန်အနည်းငယ်အတွင်း သီဟတို့ မြို့ထဲရောက်လာခဲ့သည်။ ဆိုခဲ့သလို သီဟတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် လူအချင်းချင်း ပြန်တွေ့ရသဖြင့် နွယ်ငြိမ်းမြို့သူမြို့သားတွေကို အားရဝမ်းသာကြည့်မိသလို၊ ထိုလူတွေကလဲ ရင်ဘောင်တန်းကာ ဝင်လာကြသော သီဟတို့ကို ပြန်စိုက်ကြည့်နေကြသည်။ အချို့ဆိုလျှင် လုပ်နေကြ အလုပ်ကိုတောင် ရပ်၍ သူတို့ကို အကဲခတ်နေသည်။ Western ကားတွေတွင် မြို့ထဲကို သူစိမ်းတွေဝင်လာသောအခါ အကဲခတ်ကြည့်နေကြပုံနှင့်တူသည်။ နွယ်ငြိမ်းသားတွေကိုလဲ အပြစ်ပြောလို့မရပါ။ သီဟတို့ပုံစံကလဲ သူတို့နှင့်မတူပဲ ဆန့်ကျင်ဘက်ဖြစ်နေသည်မဟုတ်လား။
လင်းသဒ္ဒါ … သူမ ပုံစံက ဖော်ပြခဲ့သလို ဆာမူရိုင်းမလေးအသွင်ပေါက်နေယုံမက ဝံပုလွေအင်္ဂါ နားရွက်နှစ်ဖက်ကြောင့် လူမဟုတ်မှန်း သိသာသည်။ ကလျာဏီ … ဘယ်လောက်ပင် လူအသွင်ဖန်ဆင်းထားပါစေ၊ တောက်ပြောင်သော မျက်လုံးအစုံနှင့် ဖြူဖွေးလွန်းလှသည့် အသားအရည်က လူမဟုတ်ဆိုတာ ပြောပြနေသည်။ နောက်ဆုံး ကျန်သူက သီဟ … ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်၍၊ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ရှိလို့သာ လူဟုခေါ်ရမည်။ ကွန်မန်ဒိုဝတ်စုံနှင့် ရိုင်ဖယ်သေနတ်ကို လွယ်ကာ တစ်လှမ်းချင်း လျှောက်လာပုံက နွယ်ငြိမ်းရှိ မြို့သူတွေ ဝတ်စားထားပုံနှင့် ဘယ်လိုမှမတူ။ သည်တော့ အားလုံးက သူတို့ကို ဝိုင်းကြည့်နေကြသည်သာမက ၊ တစ်ချို့ဆို မနှစ်မြို့သော အမူအယာကိုပင် ပြနေသည်။
သီဟ စိတ်ထဲမသက်မသာဖြစ်ရသည်။ ဒီလူတွေ၏ အကြည့်က နွေးထွေးမှု မရှိ။ အကျင့်ပါနေသာ လက်က အလိုအလျောက် သေနတ်ကို ထုတ်ကိုင်ပြီးသား ဖြစ်သည်။ ကလျာဏီက ဒါကို မြင်လိုက်သည်နှင့် ..
“ သီဟ .. နေ …. နေဦး .. အလျင်မလိုနဲ့ .. ဒီမြို့ကို မမလာနေကြပါ .. ဒီမြို့ကလူတွေက အေးဆေးပါတယ် .. ”
“ ကျနော်တော့ ဒီလိုမထင်ဘူး .. မမ .. သူတို့ပုံစံက ကျနော်တို့လာတာကို မလိုလားတဲ့ အသွင်ပြနေတယ် .. ”
“ ဒါတွေကို ဂရုမစိုက်ပါနဲ့ သီဟ .. မမတို့လဲ ဒီမှာ တစ်ထောက်ပဲ နားမှာပါ .. စိတ်လျှော့ထား … ဘာပြသနာမှ မဖြစ်တာ အကောင်းဆုံးပဲ .. ”
“ မကလျာပြောတာ မှန်တယ် .. သီဟ .. ”
ပထမဦးဆုံးအကြိမ်အဖြစ် လင်းသဒ္ဒါဆီမှ ကလျာဏီဘက်ကို ထောက်ခံသော စကားကိုကြားရသည်။ သီဟ သူမကို လှည့်ကြည့်သည်။ လင်းသဒ္ဒါ၏ မျက်နှာက တကယ်ကို လေးနက်သည့်အသွင်ဆောင်နေသည်။ သီဟ အလိုလို ရိုင်ဖယ်ကို ပုခုံးထက်ပြန်လွယ်ပြီးသား ဖြစ်သွားသည်။ ကလျာဏီက လင်းသဒ္ဒါကို ကျေးဇူးတင်သည့်အသွင်နှင့် စိုက်ကြည့်ပြီးမှ ..
“ ဒီလိုလုပ်ကြရအောင် .. မမနဲ့ လင်းသဒ္ဒါက ရှေ့နားမှာ တည်းခိုဖို့နေရာကို သွားရှာလိုက်မယ် .. သီဟက တို့ရဲ့ရှေ့ခရီးအတွက် ရိက္ခာသွားဝယ်လိုက် .. ”
“ ကျနော်က … ရိက္ခာသွားဝယ်ရမယ် ?? ”
“ မကလျာပြောသလိုသာ လုပ်ပါ သီဟ .. ကျမဆီမှာလဲ ရိက္ခာနဲနေပြီ .. ဟောဒီမှာ ရိက္ခာဝယ်ဖို့ .. ”
သီဟလက်ထဲ အသပြာထုပ်လို အထုပ်တစ်ခုရောက်လာသည်။ သီဟ နောက်ထပ် စကားရှည်မနေတော့။ ခပ်လှမ်းလှမ်းတွင် မြင်နေရသောညဈေးလို နေရာကို ဦးတည်ကာ လျှောက်လာမိသည်။ သူ အခုအချိန်တွင် လင်းသဒ္ဒါနှင့် အတိုက်အခံ ဘာစကားမှ မဆိုချင်။ ဘယ်လောက်ပဲ သူမနှင့် ကင်းရှင်းသည်ပြောပြော၊ သူ့အတွင်းစိတ်ထဲ၌ လင်းသဒ္ဒါက ကိန်းအောင်းနေပြီး ကလျာဏီနှင့်အဖြစ်အတွက် သူ့ကိုယ်သူ အပြစ်ရှိသူတစ်ယောက်နှယ် ခံစားနေရသည်။ သီဟ ပတ်ဝန်းကျင်ကို လေ့လာရင်းနှင့်ပင် လူစည်ကားနေသော ဈေးတန်းသို့ ရောက်မှန်းမသိရောက်လာသည်။
ဟိုကြည့်ဒီကြည့် ဟိုငေးဒီငေးနှင့်မို့ သီဟ တော်တော်အချိန်ကုန်သွားခဲ့သည်။ နောက်မှ ဒီအတိုင်း အချိန်လင့်နေလို့ မဖြစ်ဆိုတာကို ပြန်သတိရပြီး ကလျာဏီညွှန်ကြားခဲ့သည့်အတိုင်း ရိက္ခာခြောက်အချို့ကို ရွေးကာ ဝယ်သည်။ သယ်ရပြုရလွယ်အောင်လဲ ခရီးဆောင်အိတ်သုံးလုံးကို သီးသန့်ဝယ်လိုက်သေးသည်။ ရက်တော်တော်ကြာအတွက် လုံလောက်အောင် ဝယ်ပြီးပြီလို့ သူထင်သောအခါ ရိက္ခာခြောက်တွေကိုသယ်၍ ကလျာဏီတို့ ထွက်သွားရာဘက်သို့ ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။ ဈေးဆိုင်တန်းတွေ လွန်ရာသို့ ရောက်ခါနီး၌ လမ်းဘေးဈေးသည်တစ်ဦး၏ ဈေးဗန်းထဲမှ ပစ္စည်းတစ်ခုကြောင့် သူခြေလှမ်းတွေ ရပ်တန့်သွားသည်။
တိုလီမုတ်စတွေ စုံပြုံကာထည့်ထားသော သစ်သားဗန်းအတွင်း၌ အင်မတန်မှ လှပသော လည်ဆွဲတစ်ခုက ရှိနေသည်။ သီဟ ထိုဆိုင်ရှေ့သို့ ရောက်သွားပြီး လည်ဆွဲကို ကောက်ယူကြည့်သည်။ လည်ဆွဲ၏ ကြိုးသည် ထူးဆန်သော အနီးရောင် သားမွှေးတစ်ခုဖြင့် ရက်လုပ်ထားသည်ဟုထင်ရပြီး၊ အဝိုင်းပုံရှိသော လည်ဆွဲ၏ အလယ်တွင် ပန်းရောင်ကျောက်တစ်လုံးက ဝင်းလဲ့နေသည်။ ထိုပန်းရောင်ကျောက်၏ ထူးခြားချက်က သီဟတို့ဆီက စက္ကူဖိသော ဖန်တုံးလေးများနှယ် အထဲတွင် အရည်တစ်ခုခုရှိသည်ဟု ထင်ရပြီး သူလက်၏ လှုပ်ရှားမှုအတိုင်း အလင်းရောင်က တစ်နေရာမှတစ်နေရာသို့ ပြေးနေသည်။ လှပသည့် လည်ဆွဲကို ကိုင်ထားရင်း သီဟ၏ အတွေးထဲတွင် လင်းသဒ္ဒါ မျက်နှာလေးကို အလိုလို မြင်လာသည်။ လင်းသဒ္ဒါ သူ့ကို စိတ်ဆိုးနေမည်မှာ မလွဲမှန်း သူသိသည်။ ကလျာဏီနှင့် အတူအိပ်ခဲ့သည်ဆိုသောအချက်ကို လင်းသဒ္ဒါသိသွားတုန်းက သူမမျက်နှာပေါ်က စိတ်ထိခိုက်သည့်အမူအယာကို ယခုတိုင် မျက်စိထဲမှ မထွက်သေး။ သူ့ကြောင့် သူမ ခံစားသွားရသည်ဆိုသည်မှာ သေချာလှသည်။ သို့သော် လင်းသဒ္ဒါ ထိုသို့ဖြစ်ခြင်းအတွက်လဲ သူ နားမလည်နိုင်။ တကယ်ဆို သူမက စ၍ လမ်းခွဲခဲ့သည်မဟုတ်လား။ ကြည့်ရတာ သူမနှင့် ပြတ်ပြီးပြီးချင်း ကလျာဏီနှင့် ကြိုက်သည့်အတွက်ကြောင့်ပဲ ဖြစ်ရမည်။
သီဟ မမကလျာဏီကို စိတ်ဝင်စားပါသည်။ ကလျာဏီက အပြစ်ပြောစရာမရှိအောင်လှသည်။ ထို့အပြင် typical girlfriend ဟု ဆိုလောက်သင့်သာ ကောင်မလေးတစ်ယောက်၏ အမူအယာအားလုံးရှိသည်။ တီတီတာတာ စကားဆိုတတ်သည်။ ချွဲတတ်သည်။ နွဲ့တတ်သည်။ သူမ သူ့ကို စိတ်ဝင်စားမှန်း၊ ဂရုစိုက်မှန်း သိသိသာသာဖြစ်အောင် ပြတတ်သေးသည်။ အင်း … တစ်ခုတော့ရှိသည်။ ကလျာဏီက သူ့ကို ဘယ်လောက်အမူအယာနှင့် ဂရုစိုက်ကြောင်းပြပါစေ၊ သီဟ စိတ်ထဲတွင်တော့ ဒါတွေက စစ်မှန်လှသော သံယောဇဉ်ကို အခြေခံထားသည်ဟု မထင်။ သူစိတ်ထဲတွင် သူမအချစ်က ဆားမပါသောဟင်းနှယ်။ သီဟ တွက်သည်က ကလျာဏီသည် သူ့ကို ဒဏ္ဍာရီလာသူရဲကောင်းဟု ယူဆလို့သာ ဒီလိုဆက်ဆံနေခြင်း ဖြစ်နိုင်သည်။ ယမရာဇာကို ရင်ဆိုင်ဖို့အတွက်သာ သူ့ကို လိုလားတာလဲ ဖြစ်ချင်ဖြစ်နိုင်သည်။ ပြောရမည်ဆိုလျှင် လင်းသဒ္ဒါပေါ် သူခံစားခဲ့ရသလို ကလျာဏီအပေါ် သူမခံစားရသေးချေ။
“ ကောင်လေး … နင် .. ဒီလည်ဆွဲကို ယူမှာလား .. ”
လည်ဆွဲကို ကိုင်ကြည့်ရင်း ငိုင်နေသော သီဟကို ဈေးရောင်းသူ အဖွားအိုက လှမ်းမေးသည်။ သီဟ အလိုလို ဈေးပြန်မေးမိသား ဖြစ်သည်။ လည်ဆွဲက ဈေးမသေး။ တော်တော်ငွေအကုန်ခံကာ ဝယ်ရမည်။ သီဟ မဝယ်တော့ဘူးလို့တောင် ဆုံးဖြတ်မိမလိုဖြစ်သည်။ သို့သော် သူ့စိတ်ထဲတွင် လင်းသဒ္ဒါ၏ မျက်နှာလှလှလေးက ပေါ်လာပြန်သည်။ သူမ၏ လည်တိုင်သွယ်သွယ်လေးပေါ်တွင် ဒီလည်ဆွဲသာ ရှိနေလျှင် ကြည့်ကောင်းလိုက်မည့်ဖြစ်ချင်းဟု သူတွေးသည်။ သီဟ စိတ်ဆုံးဖြတ်လိုက်သည်။ ဈေးရောင်းသူ အဖွားအိုကို ဈေးနည်းနည်းလျှော့ခိုင်းပြီး သဘောတူသည်နှင့် ငွေချေသည်။ လည်ဆွဲကို ကောက်ယူကာ သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပြီးနောက် တည်းခိုခန်းရှိသည့်ဘက်ကို လျှောက်လာခဲ့သည်။
ဈေးထဲတွင် သူကြာနေလို့ထင်သည်။ ကလျာဏီနှင့် လင်းသဒ္ဒါ လိုက်လာသည်ကို မျက်နှာချင်းဆိုင်မှ လှမ်းမြင်ရသည်။
“ ရိက္ခာဝယ်ပြီးပြီလား … ”
“ တည်းခိုဖို့ အဆင်ပြေလား .. ”
လင်းသဒ္ဒါနှင့် သူ ပြိုင်တူမေးမိသည်။ ထို့နောက် နှစ်ယောက်သား ပြိုင်တူပင် ခေါင်းညိတ်ပြကာ အဖြေပေးမိပြန်သည်။ လင်းသဒ္ဒါ၏ မျက်နှာက ပထမဦးဆုံးအကြိမ်အဖြစ် ပြုံးယောင်သမ်းသွားသည်။ သို့သော် သူမ ဘေးနားတွင် ကလျာဏီရှိနေသည်ကို သတိရဟန်တူသည်။ အပြုံးက ပီပီပြင်ပြင်မဖြစ်ခင်မှာပင် ချက်ချင်းပျောက်ကွယ်သွားပြီး သီဟကို ဆက်မကြည့်တော့။ ကလျာဏီက ဒါကို သတိမပြုသလိုပင် နေလိုက်ပြီး ရှေ့တိုးကာ သီဟလက်ထဲမှ ပစ္စည်းတွေကို ဝိုင်းယူသည်။
“ အခန်းကတော့ရတယ် သီဟ .. ဒါပေမယ့် အရေအတွက်ကတော့ နှစ်ခန်းပဲ .. ”
“ ဒါ .. ဒါဆို ?? ”
“ စိတ်မပူပါနဲ့ သီဟကလဲ .. မမတို့ အဆင်ပြေအောင် လုပ်လို့ရပါတယ် .. ”
ကလျာဏီက သီဟကို မျက်စတစ်ချက်ပစ်ကာ ပြောရင်း ဟန်ပါပါနှင့် ရှေ့ကလျှောက်သွားသည်။ ကိုယ့်ကိုကိုယ် သတိထားကာ ထိန်းနေသည့်တိုင် သီဟမျက်စိက ဘယ်တစ်ဖက်၊ ညာတစ်ဖက် လွင့်ခါသွားသော သူမ၏ နောက်ပိုင်းအလှကို ငေးကြည့်မိသားဖြစ်သည်။ သူသတိရလို့ ဘေးကို မျက်စိအလွှဲတွင် လင်းသဒ္ဒါက သူ့ကိုမကျေမနပ်ကြည့်နေသည်ကို တွေ့ရသည်။ သီဟကိုယ့်ကိုကိုယ် အပြစ်တင်ရင်း လင်းသဒ္ဒါအား တောင်းပန်သောအကြည့်နှင့် ကြည့်မလို့ပြင်သည်။ သို့သော် သူမက ဇိုးခနဲ ဇတ်ခနဲ လှည့်ထွက်၍ သွားသည်။ သီဟ ဘာလုပ်ရမှန်းမသိပဲ နောက်ကသာ လိုက်ခဲ့ရတော့သည်။
သိပ်ကြာကြာ မသွားလိုက်ရ။ လမ်းကွေ့တစ်ခု ချိုးပြီးသည်နှင့် ကလျာဏီတို့ ရွေးထားခဲ့သော တည်းခိုခန်းဆီသို့ ရောက်သည်။ တည်းခိုခန်းက စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသည်မို့ အောက်ဘက်တွင် လူစည်းကားနေသည်။ သူတို့ သုံးယောက် စားသောက်ခန်းထဲ ဝင်လာချိန်တွင် ဝိုင်းထိုင်နေကြသော လူအားလုံးလိုလိုက လှည့်ကြည့်ကြသည်။ သီဟ ဒီတစ်ခါတော့ ဂရုစိုက်မနေတော့ပါ။ ခပ်တည်တည်ပင် စားသောက်ခန်းအလယ်ကနေ ဖြတ်လျှောက်သည်။ သူ၏ ဦးတည်ရာက စားသောက်ဆိုင်ပိုင်ရှင်ဟု ထင်ရသော လူဝကြီးတစ်ယောက် ထိုင်နေသည့် နေရာသို့။ နွယ်ငြိမ်းတွင် ဘာရမယ်မှန်း မသိသေးသော်လဲ လောလောဆယ် သူစိတ်ညစ်ညူးနေတာကို ဖြေဖျောက်ချင်သည်။
“ သီဟ ဘယ်လဲ .. ”
“ ကျနော် တော်တော်ပင်ပန်းနေပြီ မမ .. အဲဒါကြောင့် .. ”
“ ဟုတ်သားပဲ .. မမတို့လဲ ဘာမှ မယ်မယ်ရရ မစားရသေးဘူး .. ညစာစားကြမယ်လေ .. စားရင်းနဲ့လဲ သောက်ကြတာပေါ့ .. ”
“ သောက်ကြမယ် .. ဒီမှာ ဘာရလို့လဲ .. ”
“ ဝိုး .. သီဟ .. မမတို့ကမ္ဘာကိုလဲ အထင်မသေးပါနဲ့ .. လာစမ်းပါကွ .. ”
ကလျာဏီက သီဟကိုပင်ဖြတ်ကျော်ကာ ရှေ့ကရောက်သွားသည်။ သီဟနှင့် လင်းသဒ္ဒါ နောက်ကလိုက်လာခဲ့သည်။ သီဟတို့ သုံးယောက်ရောက်လာသည်နှင့် လူဝကြီးသည် မတ်ခွက်လိုလို သစ်သားခွက်တွေကို အဝတ်စတစ်ခုဖြင့် သုတ်နေရာမှ ..
“ ဘာသောက်မလဲ .. အမိတို့ .. ”
“ တက်ကီလာ သုံးခွက် .. ”
“ မမ .. ဘာမှာလိုက်တယ် .. တက်ကီလာ ဟုတ်လား .. ”
“ အင်းလေ .. ဘာဖြစ်လို့လဲ … သီဟ သောက်ဖူးလို့လား .. ”
“ ကျ .. ကျနော် .. ”
“ ဟာ ကွာ .. ပြောမနေနဲ့တော့ .. စမ်းသာသောက်ကြည့် .. ”
ကလျာဏီပြောစကားဆုံးသည်နှင့် သူတို့ သုံးယောက်ရှေ့သို့ နီညိုရောင်အဆင်းရှိသော အရည်များပြည့်နေသော သစ်သားမတ်ခွက်သုံးလုံးက ရောက်လာသည်။ ကလျာဏီက မြန်မြန်ဆန်ဆန်ပင် သစ်သားခွက်ကို ကောက်ယူလိုက်ပြီး ..
“ ကဲ .. အားလုံး .. ”
လင်းသဒ္ဒါရော၊ သီဟပါ ယောင်ယောင်ကန်းကန်းနှင့် ကျန်နှစ်ခွက်ကို ကောက်ကိုင်လိုက်သည်။ ကလျာဏီက သီဟတို့ ခွက်ကိုင်ပြီးသည်နှင့် သုံးယောက်သားမျက်နှာချင်းဆိုင်ဖြစ်အောင် ရပ်လိုက်ပြီး ..
“ အောင်မြင်ပါစေ !!! .. ”
“ အောင်မြင်ပါစေ .. ”
“ အောင်မြင်ပါစေ .. ”
ကလျာဏီ ပြောသည့်အတိုင်း သီဟတို့နှစ်ယောက် ခွက်မြောက်ကာ ပြောပြီးသည့်နောက်တွင်တော့ သူတို့ကို အထူးတလေ တိုက်တွန်းနေစရာ မလိုတော့ပါ။ ခွက်ကိုယ်စီက နှုတ်ခမ်းများဆီသို့ ရောက်သွားကြသည်။
“ အား … ”
လည်ချောင်းတလျှောက် စူးရှကာပူဆင်းသွားသည့်အရှိန်ကြောင့် သီဟနားထဲကနေ အခိုးအငွေ့တွေထွက်သွားသလို ခံစားရသည်။ သီဟ အရက်ပြင်းတွေကို သောက်ဖူးသည်။ မီးတောက်အရက်ဆိုတာမျိုးကိုလဲ ချခဲ့ဖူးသည်။ ကလျာဏီ၏ တက်ကီလာသည် မီးတောက်အရက်ထက်မညံ့။ ခြေထောက်ကို မနည်းထိန်း၍ပင် လူကို မတ်မတ်ရပ်နိုင်အောင် ကြိုးစားရသည်။ သီဟတောင် ဒီလောက်ဖြစ်သည်ဆိုမှတော့ လင်းသဒ္ဒါဆိုလျှင် ပြောစရာမလိုတော့ပါ။ သူမမျက်လုံးတွင် ချက်ချင်းမျက်ရည်များဝိုင်းတက်လာပြီး ချောင်းတဟွတ်ဟွတ်ဆိုးသည်။
“ ကောင်းတယ် မှတ်လား .. ”
“ မကလျာ !!! … ရှင်နောက်နေတာလား … ဒီလောက်ဆိုးတဲ့အရသာကို … ”
“ ဟေး .. လင်းသဒ္ဒါ ညီမ … ဝံပုလွေမလုပ်နေပြီး ဒီလောက်တောင် ပျော့ရလား .. ”
ကလျာဏီ၏ စကားက လင်းသဒ္ဒါအား မခံချင်အောင် ဆွပေးသလိုဖြစ်သည်။ ကလျာဏီကို သူမတည့်တည့်စိုက်ကြည့်ပြီး လက်တစ်ဖက်ကို ဘားကောင်တာပေါ်ထောက၍ကိုယ်ကိုထိန်းသည်။ ပြီးလျှင် မတ်ခွက်ကိုမြှောက်၍ တဟုန်ထိုး မော့သောက်သည်။ လင်းသဒ္ဒါ၏ အပြုအမူကိုကြည့်၍ သီဟ အံ့သြသွားသည်။ သီဟ သာမဟုတ်။ ခေါင်းကို မော့ထားပြီး နှုတ်ခမ်းနှင့်ခွက် မလွတ်တမ်း မော့သောက်နေသော လင်းသဒ္ဒါကို ဆိုင်ရှင်လူဝကြီးကရော၊ စားသောက်သူများကပါ ဝိုင်းကြည့်နေကြသည်။
“ ခွပ် ”
သစ်သားခွက်နှင့် ဘားကောင်တာထိသံက ကျယ်ကျယ်လောင်လောင်ပင် ထွက်သည်။ ကလျာဏီ .. သီဟ ... တစ်ဆိုင်လုံး …. ရဲရဲတွတ်နေသော မျက်လုံးနှင့် လင်းသဒ္ဒါကို ပါးစပ်အဟောင်းသားနှင့် လှမ်းကြည့်နေကြသည်။ ခဏနေသည်တွင် တိုင်ပင်မထားပဲ ..
“ ရွှီး .. ဖြောင်း .. ဖြောင်း … ”
တစ်ဆိုင်လုံး၏ လက်ခုပ်သံနှင့် သြဘာပေးသံများက ညံထွက်သည်။ အချို့စားသောက်သူများဆိုလျှင် ထိုင်နေရာမှပင် ထ၍ လင်းသဒ္ဒါကို ချီးကျူးကြသည်။ သူတို့ဘဝတွင် နွယ်ငြိမ်း၏ တက်ကီလာခွက်အပြည့်ကို တခါတည်းကုန်အောင် သောက်နိုင်သူ မတွေ့ဖူးခဲ့။
“ ကဲ .. ရှင်ကျေနပ်ပြီလား .. မကျေနပ်ရင်ပြန်စမယ် .. ဆိုင်ရှင်နောက်တစ်ခွက် .. ”
“ ဝိုး … ဝိုး … တော်ပြီ … လင်းသဒ္ဒါ .. မမတို့အခန်းပြန်ပြီး နားရင်ကောင်းမယ် … ”
အာလေးလျှာလေးသံ ပေါက်နေပြီဖြစ်သဖြင့် လင်းသဒ္ဒါလက်က ခွက်ကို ဆွဲယူလိုက်ရင်း ကလျာဏီ ထိန်းကာခေါ်သည်။ လင်းသဒ္ဒါက ကလျာဏီ၏ လက်ကို ပုတ်ထုတ်လိုက်သည်။
“ ရတယ် .. ကျမဖာသာလျှောက်မယ် .. ရှင်တွဲစရာမလိုဘူး … ရှင်နဲ့ သီဟ ကိုယ့်ဖာသာကိုယ်သာနေကြ .. ”
ကလျာဏီနှင့် လင်းသဒ္ဒါ အပြန်အလှန်ပြောနေကြသည်ကို ကြည့်ရင်း သီဟ ငိုင်နေမိသည်။ သူ ဒီညကို ဘယ်လိုဖြတ်သန်းရပါ့မလဲ။ ကောင်မချောလေးနှစ်ယောက် သူ့ဘေးမှာ ရှိနေခြင်းသည် မသိလျှင် သူကပင် သရီးဆမ်းလေး ဆွဲနေသည်ဟု ထင်ကြဦးမယ်။ တကယ့်လက်တွေ့တွင် ဒီလိုဖြစ်ဖို့ နေနေသာသာ ခေါင်းခြောက်၍ပင် ရူးချင်ချင် ဖြစ်နေသည်။ သီဟ ခွက်ထဲတွင် ကျန်နေသော တက်ကီလာကို မော့သောက်သည်။
“ ခင်ဗျားတို့ စိတ်ဝင်စားတယ်ဆိုရင် … ကျုပ်တစ်ခု လမ်းညွှန်ပါရစေ … ”
ဆိုင်ရှင်လူဝကြီးထံမှ စကားသံကြောင့် သူတို့သုံးယောက်လှည့်ကြည့်ကြသည်။
“ ကျုပ်တို့ဆိုင်ရဲ့ရှေ့ကလမ်းမှာ ဖျော်ဖြေပွဲတစ်ခုရှိတယ် .. ဆပ်ကပ်သဘောမျိုးကပွဲတစ်ခုရှိတယ် .. အဲဒါ စိတ်ဝင်စားရင် သွားကြည့်လို့ရတယ် .. ကျုပ်ဆီမှာ လက်မှတ်သုံးစောင်ပိုနေတယ် .. ဟောဒီက မိန်းကလေးရဲ့အသောက်စွမ်းရည်ကို ကျုပ်လေးစားလို့ပါ .. ”
လူဝကြီးက ဘားကောင်တာအောက်က တစ်စုံတစ်ခုကို လက်နှင့်နှိုက်ယူသည်။ အနီရောင်စက္ကူဖြတ်ပိုင်းလေး သုံးခု။ သူတို့ သုံးယောက် တစ်ယောက်မျက်နှာ၊ တစ်ယောက်ကြည့်သည်။ သီဟ ဒါလဲ မဆိုးဟု တွေးမိသည်။ အခုနေတွင် ဘယ်အခန်းဝင်အိပ်ရမလဲ မသိတာထက်စာရင် ပွဲသွားကြည့်ရင်း အချိန်ကုန်တာကမှ တော်သေးသည်။ သူတွေးသလို လင်းသဒ္ဒါလဲ တွေးသည်ထင်သည်။ သူမကပင် ဦးအောင် လက်မှတ်တွေကို ကောက်ယူလိုက်တော့သည်။
ည၏ အမှောင်သည် နွယ်ငြိမ်းမြို့လေးထဲသို့ တိတ်တဆိတ်နှင့် ဝင်ရောက်နေရာယူခဲ့ချေပြီ။ သီဟတို့ သုံးယောက် ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီး အခန်းထဲမှ ပြန်ထွက်လာချိန်တွင် အစောတုန်းက စည်းကားနေသော စားသောက်ခန်း၌ လူအနည်းအကျဉ်းသာ ကျန်တော့လေသည်။ ဆိုင်ရှင်လူဝကြီး ညွှန်းဆိုခဲ့သော ဖျော်ဖြေပွဲဆိုတာကို မြို့သူမြို့သားတွေ သွားနေကြတာ ဖြစ်ရမည်။ ကလျာဏီက ဦးဆောင်၍ပင် သူတို့သုံးယောက် ဆိုင်ထဲမှထွက်လာခဲ့သည်။ ဖျော်ဖြေပွဲ လုပ်မည့်နေရာကို ထူးထူးထွေထွေ ရှာဖွေဖို့ မလိုတော့ပါ။ ကိုယ့်အစုနှင့်ကိုယ် သွားနေကြသော မြို့ခံတွေနောက်မှ လိုက်လာယုံနှင့် သူတို့ ရောက်လာခဲ့ကြသည်။
ဖျော်ဖြေပွဲသည် အားကစားကွင်းလိုမျိုး အသွင်ရှိသော ကွင်းပြင်ကြီးတစ်ခုထဲ၌ ကျင်းပတာဖြစ်သည်။ ကွင်းကြီးနား နီးလာသည်နှင့်အမျှ အထဲမှ ဖျော်ဖြေတီးခတ်နေသော အသံများနှင့် ပွဲလာပရိတ်သတ်တို့၏ အသံများကို ကြားလာရသည်။ သီဟ ဂိတ်ပေါက်ဝဟု ထင်ရသော မုဒ်ဦးတွင် ထောင်ထားသော ပိုစတာကို လှမ်းကြည့်သည်။ မြင်ရိုင်းများ ပြေးနေသည့်ပုံကို သရုပ်ကျစွာရေးဆွဲထားပြီး ဆပ်ကပ်မယ်ဟုထင်ရသော အမျိုးသမီးတစ်ယောက်က ကြိမ်ကွင်းကိုကိုင်ကာ ခါးထောက်ရပ်နေသည်။
“ အော် ..တခြားမှတ်လို့ မြင်ရိုင်းကပွဲကိုး .. အဲဒါကြည့်လို့ကောင်းတယ် .. ”
“ ဟုတ်လား … ”
ကလျာဏီက သူ့နားကို ကပ်ကာ ပြောသည်။ သီဟ ကလျာဏီအား အလိုက်အထိုက်သာ ပြန်ပြောမိသည်။ တကယ်တမ်းပြောရလျှင် သူ့ခေါင်းထဲတွင် ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု သိပ်မရှိ။ မိန်းကလေးနှစ်ယောက်က ကြည့်ချင်သည်ဆို၍သာ သူက အဖော်လိုက်ခဲ့ခြင်းဖြစ်သည်။ သူ့သဘောနှင့်သာဆိုလျှင် သူမတို့ ကြည့်နေတုန်း အခန်းထဲမှာ နားနေပြီး သူတို့နှစ်ယောက်ပြန်လာလျှင် သူက အပြင်မှာ ထွက်ကာနေလိုက်ချင်သည်။ ပြောရလျှင် ကလျာဏီနှင့် တစ်ခန်းထဲ အတူနေဖို့အရေးကို နောက်ကျောမလုံဖြစ်နေသည်။ ကလျာဏီရော၊ လင်းသဒ္ဒါပါ ဘာဖြစ်လို့ မိန်းကလေးအချင်းချင်း အတူတူ မအိပ်နိုင်တာကိုလဲ သူစဉ်းစားမရ။ တော်တော်တော့ ခက်သည့် ပြသနာပင်။
သီဟ ခေါင်းထဲရှိ အတွေးက ဒါတွင်ပဲလားဆိုတော့လဲ မဟုတ်သေး။ အခုထက်ထိ သတင်းအစအန မရသေးသော ယမရာဇာအကြောင်းကလဲ ရှိနေသည်။ တကယ်တော့ သူတို့ ကလျာဏီဦးဆောင်ရာသို့သာ လိုက်ခဲ့ရသည်။ သူမကိုယ်တိုင်ကလဲ ယမရာဇာရှိသည် ဆိုသောနေရာကို တိတိကျကျသိသည် မဟုတ်။ ပစ္စလက်တောအုပ် (Dark Forest) ဟု ခေါ်သော နေရာတွင် ယမရာဇာရှိတတ်သည်ဆိုတာသာ သိထားသည်။ ထို Dark Forest ဘယ်နေရာတွင် ရှိလဲဆိုတာကို သီဟ မေးတော့လဲ သူမ မဖြေနိုင်။ နွယ်ငြိမ်းမြို့၏ မြောက်ဘက်အရပ်တွင်ရှိသည်ဆို၍ သူတို့ ဒီကို ရောက်လာခဲ့ကြတာဖြစ်သည်။ ကလျာဏီ သူ့ကို ဖျောင်းဖျသည်က ယမရာဇာကိုရှာဖို့ စိတ်မပူရန်ဖြစ်ပြီး၊ တွေ့ချိန်တန်လျှင် တွေ့ကိုတွေ့ရမည်ဟု ဆိုသည်။ သီဟသာ ဒဏ္ဍာရီလာ သူရဲကောင်းဖြစ်ခဲ့လျှင် ယမရာဇာကပင် ပြန်လိုက်ရှာမှာ သေချာသည်ဟု သူမပြောခဲ့သည်။ အင်း … ဒဏ္ဍာရီလာ သူရဲကောင်း။ သူရဲကောင်းဆိုလို့ သူ ရာဇဝင်ထဲက ကျန်စစ်သားများ ပြန်ဝင်စားတာလား။ ကျန်စစ်သားတုန်းကတော့ မိန်းမလေးယောက်ရသည်။ သူကတော့ အခုနှစ်ယောက်ထဲနှင့်တောင် တိုင်ပတ်နေသည်။
“ ရွှီး .. ဖြောင်း .. ဖြောင်း .. ”
ပရိသတ်ဆီမှ လက်ခုပ်သံတဖြောင်းဖြောင်းကြောင့် သီဟ မျက်စိက သူ့ရှေ့ရှိ စတိတ်ဆီသို့ ပြန်ရောက်သည်။ မြင်းရိုင်းမျိုးစုံသည် ကွင်းပြင်ကြီးကို ဖြတ်ကာ ပြေးလာကြပြီး မီးထိန်ထိန်ထွန်းထားသော စတိတ်နား၌ ညီညီညာညာရပ်နေကြသည်။ ထိန်းကျောင်းသူမပါပဲ မြင်းတွေချည်းသပ်သပ် တန်းစီကာ ရပ်နေမှုကြောင့် ပရိတ်သတ်က သဘောကျကာ လက်ခုပ်တီးခြင်းဖြစ်သည်။ ပရိတ်သတ် လက်ခုပ်သံစဲခါနီးတွင်မှ အဖြူရောင်နှင့် အနက်ရောင်မြင်းတစ်စီးစီက ကွင်း၏ ဘယ်ဘက်နှင့် ညာဘက်ထောင့်မှ ပြေးထွက်လာကြသည်။ ထိုမြင်းများပေါ်တွင် ဆပ်ကပ်မောင်မယ်ဟု ထင်ရသော စုံတွဲက မတ်တပ်ရပ်ကာ လက်လွတ်စီးရင်းလိုက်ပါလာသည်။ တန့်သွားမလိုဖြစ်သော ပရိတ်သတ်၏ လက်ခုပ်သံက ပြန်လည်၍ ဆူညံစွာထွက်သည်။ သီဟကိုယ်တိုင်လဲ မြင်းစီးသမားနှစ်ဦး၏ စွမ်းရည်ကို အသိအမှတ်ပြုလိုက်ပြီး လက်ခုပ်တီးမိသည်။
မြင်းရိုင်းကပွဲ၏ ဖျော်ဖြေမှုက အဆင့်အတန်းမြင့်လှသည်။ စိတ်မပါတပါဖြစ်ခဲ့သော သီဟပင်လျှင် ကျန်တာတွေကို မေ့ကာ ဆပ်ကပ်သမားများ၏ ရင်သပ်ရှုမောဖွယ် ပြသချက်များကို အားပေးကာ ကြည့်နေမိသည်။ သီဟ စိတ်ဝင်အစားဆုံးက ခေါင်းဆောင်ဆပ်ကပ်မယ်ဟုထင်ရသော အမျိုးသမီး၏ ဖျော်ဖြေတင်ဆက်မှုကြောင့် ဖြစ်သည်။ ထိုအမျိုးသမီးသည် ပြပွဲ၏ သုံးချိုးနှစ်ချိုးသော အချိန်လောက်မှ ဝင်ရောက်တင်ဆက်တာဖြစ်သည်။ ကောင်းဘွိုင်လိုမျိုး ဝတ်စုံနှင့် ထိုဆပ်ကပ်မယ် ဝင်လာကတည်းက သီဟ မုဒ်ဦးရှိ ပိုစတာပုံကို ပြန်မြင်ယောင်သည်။ ဝတ်ထားသည့်အဝတ်အစားနှင့် အဆင်အပြင်အရ ထိုအမျိုးသမီး၏ပုံကို ရေးဆွဲထားမှန်းသိသာသည်။ မိန်းမချောတစ်ဦးဟု သတ်မှတ်ရမည့် သူမသည် သီဟတို့ အသက်အရွယ်လောက်ပဲ ရှိပေလိမ့်မည်။ ခါးလယ်လောက်ရှည်သောဆံပင်ကို ကျစ်ဆံမြီးနှစ်ချောင်းကျစ်ထားသဖြင့် သူမစီးလာသော မြင်း၏ခုန်ပေါက်မှုအတိုင်း ထိုကျစ်ဆံမြီးနှစ်ချောင်းက ကျောပေါ်တွင် ခုန်ပေါက်နေသည်။ ဝတ်ထားသည့် ဘောင်းဘီရှည်က ဂျင်းဘောင်းဘီလို အသားကပ်အမျိုးအစားဖြစ်သဖြင့် ကိုယ်အောက်ပိုင်း၏ အချိုးကျလှမှုကို လှစ်ဟပြနေပြီးသားဖြစ်သည်။ ပြောရမည်ဆိုလျှင် သူမစတိုင်နှင့် သူမပြသသော စတန့်များက လိုက်ဖက်လှသည်။ သီဟ အကြိုက်ဆုံးက မြင်းနှစ်ကောင်၏ ကျောကုန်းပေါ်တွင် ခြေထောက်တစ်ဖက်စီတင်၍ ဒုန်းဆိုင်းစီးပြခြင်းဖြစ်သည်။ မြင်းရိုင်းကပွဲ၏ ပရိတ်သတ်လက်ခုပ်သံအရဆုံးသူသည်လဲ သူမသာလျှင် ဖြစ်သည်။
“ ကဲ .. ပွဲပြီးပြီဆိုတော့ မမတို့ ပြန်နားကြရအောင် .. ”
ကလျာဏီ၏ စကားကို ဘယ်သူမှ မငြင်းတော့ပဲ သူတို့သုံးယောက်တည်းခိုခန်း ရှိရာသို့ ပြန်ခဲ့ကြသည်။ ပွဲအရှိန်ကြောင့်ပဲလား၊ ဒါမှမဟုတ် ကိုယ့်အတွေးနှင့်ကိုယ်ပဲမို့လား မသိ သုံးဦးစလုံး စကားဟူ၍ မည်မည်ရရ မပြောဖြစ်ကြ။ တည်းခိုဆောင်သို့ တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ပြန်ရောက်လာခဲ့သည်။ စားသောက်ခန်းကို အဖြတ်တွင် ကလျာဏီက ဘာစိတ်ကူးပေါက်သည်မသိ။ ဘားကောင်တာတွင် သူမ ခဏနေခဲ့ချင်ကြောင်း ပြောသည်။ သူမ လိုက်မလာခြင်းက ပိုကောင်းသည်မို့ သီဟ ထူးထူးထွေထွေပြောမနေတော့ပဲ လင်းသဒ္ဒါနှင့် အိပ်ခန်းတွေရှိရာ ဆိုင်နောက်ဘက်သို့ လျှောက်လာခဲ့သည်။
ကလျာဏီ၏ အခန်းနှင့် လင်းသဒ္ဒါအခန်းက မျက်နှာချင်းဆိုင်ဖြစ်သည်။ လင်းသဒ္ဒါ သူမ အခန်းဝတံခါးကို ဖွင့်သည်။ ထို့နောက် သီဟကို တစ်ချက်လှည့်ကြည့်ပြီး ချက်ချင်းဆိုသလို အခန်းထဲဝင်သွားသည်။ သီဟ သက်ပြင်းတစ်ခုကို ကျိတ်ကာချရင်း ကလျာဏီနှင့် တစ်ညတာအတူ တည်းခိုရမည့် အခန်းဆီသို့ ဝင်လာခဲ့သည်။ သို့သော် အခန်းထဲရောက်လာသည့်တိုင် ကုတင်ရှိရာသို့ မသွားဖြစ်ပဲ အပေါက်ဝ၌ပင် ရပ်ကာနေမိသည်။ တံခါးဝတွင် သူ့အား စောင်းငဲ့ကြည့်သွားသော လင်းသဒ္ဒါ၏ အကြည့်ကို မျက်စိထဲက မထွက်။ လက်က ဘောင်းဘီအိတ်ထဲကို အလိုလိုနှိုက်မိသွားသည်။ ပန်းနုရောင်လဲ့နေသော လည်ဆွဲက သူလက်ထဲပါလာသည်။ သီဟ ရင်အုပ်တစ်ခုလုံး မောက်တက်လာသည်အထိ လေကိုဝအောင် ရှူသွင်းလိုက်ပြီးနောက် လင်းသဒ္ဒါ၏ အခန်းဆီသို့ ပြန်ထွက်လာခဲ့သည်။
“ ဒေါက် .. ဒေါက် .. ”
“ ဝင်ခဲ့ပါ .. ”
သီဟ တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ ကုတင်ပေါ်တွင် ထိုင်၍ ခေါင်းဖြီးနေသူ လင်းသဒ္ဒါသည် သီဟကို မြင်သည်နှင့် သူမလုပ်လက်စကို ရပ်ကာ မေးငေါ့ကြည့်သည်။ ခေါင်းရင်းပြတင်းပေါက်မှန်၌ ထင်ဟပ်နေသော သူမ၏အရိပ်ကို ကြည့်ရင်း ခေါင်းဖြီးနေတာမို့ အခုလိုလည်ပြန်အကြည့်တွင် သူမကိုယ်ကလေးအား ခါးနေရာမှ လိမ်ပြသလို ဖြစ်နေသည်။ လင်းသဒ္ဒါသည် အိပ်စက်အနားယူဖို့အတွက် အသင့်ပြင်ထားမှန်း သိသာသည်။ သူမ၏ ဆာမူရိုင်းဝတ်စုံက ခြေရင်းက တန်းပေါ်တွင် ခေါက်လျက်သားရောက်နေသည်။ ထို့အတွက်ကြောင့် သူမ၏ အပေါ်ပိုင်းတွင် ဘာအဝတ်အစားမှ မရှိ။ ကိုယ်အရှေ့ပိုင်းတွင် ဖားလျားချထားသော ဆံပင်ကြောင့်သာ မဟုတ်လျှင် ရွှေရင်အစုံကို မြင်နေရနိုင်သည်။ သီဟစိတ်ထဲတွင် ဝံပုလွေရွာတုန်းက မသူဇာ၏ အိမ်တွင် သူရေချိုးနေတုန်း လင်းသဒ္ဒါနှင့်တိုးသည့် အဖြစ်ကို ပြေးမြင်ယောင်သည်။
“ သီဟ .. ဘာလိုလို့လဲ .. ”
“ အင်း … ဘာ .. ဘာ မှ မလိုပါဘူး .. တကယ်တော့ ကိုယ်က သဒ္ဒါကို ပေးချင်တာပါ .. ”
သီဟ လက်ထဲမှ လည်ဆွဲကို ထုတ်ပြပြီး လင်းသဒ္ဒါရှိရာသို့ တိုးလာသည်။ ကုတင်ခေါင်ရင်းတွင် ချိတ်ဆွဲထားသော မီးအိမ်၏ အလင်းရောင်အောက်တွင် ပန်းရောင်ကျောက်ကတလဲ့လဲ့ တောက်ပနေသည်။
“ လှ .. လှတယ် !!! . အရမ်းလှတာပဲ သီဟ .. ”
“ ဟုတ်တယ် .. ညနေတုန်းက ဈေးတန်းမှာ တွေ့တာ .. တွေ့တွေ့ချင်း သဒ္ဒါကို သတိရလို့ .. ”
“ ဟုတ်လား … ”
လင်းသဒ္ဒါ၏ အသံက နူးညံ့မှုအပြည့်နှင့်ဖြစ်နေသည်။ လက်ထဲရှိဘီးကို ကုတင်ပေါ်တင်လိုက်ပြီး ဖြီးလက်စဆံပင်တွေကို အရှေ့ဘက်သို့ ပင့်ကာသိမ်းပေးသည်။ ဝင်းဝါလှသော လည်တိုင်ကျော့ကျော့က အရှင်းသားပေါ်လာသည်။ သီဟ အလိုက်တသိနှင့် လည်ဆွဲ၏ ကြိုးစနှစ်ဖက်ကို တစ်ဖက်စီကကိုင်ပြီး သူမ၏လည်တိုင်နောက်တွင် ချည်ပေးသည်။ လူချင်းနီးကပ်သွားသည့်အလျောက် လင်းသဒ္ဒါဆီမှ သင်းပျံ့သောကိုယ်သင်းနံ့ကို သူရှုရှိုက်မိသည်။ သီဟရင်ခုန်နှုန်း မြန်လာသည်။ ကြိုးစနှစ်ခုကို မြဲအောင်ထုံးပြီးချိန်တွင် သူ့လက်က မသိမသာတုန်ရင်လို့နေသည်။
“ လှလား .. ”
ကိုယ်ကိုသူ့ဘက်လှည့်ကာ မေးသည့် လင်းသဒ္ဒါ၏ အမေးကို သူမဖြေနိုင်။ မျက်စိက မို့ဝန်းနေသာရင်နှစ်မွှာ၏ အလယ်တွင် လင်းလဲ့နေသော လည်ဆွဲကျောက်ဆီ ရောက်နေသည်။ သို့သော် ဒါက ခနဖြစ်သည်။ သီဟ အကြည့်က စက္ကန့်ပိုင်းအတွင်း နေရာပြောင်းသွားသည်။ ကိုယ့်ကိုကိုယ်ပြန်သတိရသည့်အချိန်တွင်မူ သီဟ ခေါင်းကိုမသိမသာခါမိပြီး နေရာမှထဖို့ပြင်သည်။
“ သီဟ .. ခန ”
လင်းသဒ္ဒါ၏ လက်က သူ့လက်မောင်းကို ဆွဲထားသည်။ သီဟ သူမကို ပြန်လှည့်ကြည့်သည်။ လင်းသဒ္ဒါ မျက်လုံးဝါဝါလေးသည် အရောင်တောက်ကာ အရည်ကြည်လဲ့နေသည်။ သူမ၏ ဒီလိုအသွင်အပြင်ကို သီဟ မြင်ဖူးခဲ့သည်။ ဝံပုလွေရွာမှ မခွာခင် ညကဖြစ်သည်။ လင်းသဒ္ဒါ၏ နှုတ်ခမ်းလေးက တလှုပ်လှုပ်ဖြစ်နေသည်။
“ သ .. သဒ္ဒါ … ”
သီဟနှင့် နှစ်ယောက်ထဲ သီးသန့်တွေ့လျှင် ပြောဖို့ စကားတွေကို လင်းသဒ္ဒါ စဉ်းစားခဲ့ဖူးသည်။ သို့သော် အခုအချိန်တွင် သူမနှုတ်မှ ဘာစကားမှ ရှာလို့မရဖြစ်နေသည်။ ရင်နှင့်အမျှ စကားတွေပြည့်နေပါလျှက် ဘာစကားကို ဆိုရမှန်းမသိ။ လင်းသဒ္ဒါ .. နင် ငတုံးမပဲ။ ရှင့်ကို သဒ္ဒါ ချစ်နေဆဲပဲလို့ ပြောလိုက်ပါတော့လား။ သူမအတွင်းစိတ်က ဘယ်လိုပဲ တိုက်တွန်းနေနေ ရင်ထဲကအချစ်ကို ထုတ်ဖော်ပြောဖို့ ခဲယဉ်းနေသည်။ တော်တော်လေးကြာမှ သူမ အသက်ကို ပြင်းပြင်းရှူသွင်းပြီး …
“ သီ .. သီဟ … ကို … သဒ္ဒါ တောင်း .. တောင်းပန်ချင်ပါတယ် .. သဒ္ဒါ သီဟကို အပြစ်တင်မိတယ် .. ”
“ ရပါတယ် သဒ္ဒါ .. ”
“ သီဟ သဒ္ဒါကို စိတ်ဆိုးနေတုန်းပဲလား … တကယ်ဆို .. သဒ္ဒါ သီဟ .. ကို .. ”
“ ဟေး … သီဟ က ဒီရောက်နေတာကိုး .. ”
အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်သည်။ အခန်းဝမှ ကလျာဏီပေါ်လာသည်။ ပေါ်လာယုံမက သီဟဟထားခဲ့သော တံခါးကို တွန်းဖွင့်၍ပင် ဝင်လာသည်။ ကုတင်ရှိရာသို့ လျှောက်လှမ်းဝင်လာသည်တွင် အပေါ်ပိုင်းတစ်ခုလုံး ဟင်းလင်းဖြစ်နေသော လင်းသဒ္ဒါ၏ အခြေအနေကို သူမမြင်သွားသည်။
“ သီဟ .. ရှင်တို့ ဘာလုပ်နေကြတာလဲ ??? .. ”
“ ဘာမှ မလုပ်ပါဘူး … စကားပြောနေကြတာ .. ”
“ အယ် .. လှလိုက်တဲ့ လည်ဆွဲပါလား .. ”
ကလျာဏီ၏ မကျေမနပ်စကားသံသည် လင်းသဒ္ဒါလည်တိုင်ရှိ လည်ဆွဲကို မြင်သည်ကြောင့် လေသံပြောင်းသွားသည်။
“ ဟုတ်တယ် .. သီဟ ပေးတာ .. ”
ဖွင့်ဟဝန်ခံသော လင်းသဒ္ဒါစကားကြောင့် ကလျာဏီ ဘယ်လိုတုံ့ပြန်မည်မှန်း သီဟ မခန့်မှန်းတတ်ပါ။ မိန်းကလေးနှစ်ယောက် အချင်းများကြလျှင် ဖျန်ဖြေဖို့တော့ သူက အသင့်ပြင်ထားသည်။ သို့သော် သူထင်သလို ကလျာဏီ မဖြစ်ပါ။ အေးအေးသက်သက်စွာနှင့် လင်းသဒ္ဒါဆီသို့ လျှောက်သွားပြီး မီးရောင်အောက်တွင် ဝင်းလဲ့နေသောလည်ဆွဲကို ကိုင်ကြည့်သည်။ လင်းသဒ္ဒါ၏ အရှေ့ပိုင်းက အပြုးသားဖြစ်နေသော်လဲ ဒီတစ်ခါတော့ သီဟ မကြည့်ဖြစ်အောင် စိတ်တင်းထားရသည်။
“ လှတယ် .. ညီမနဲ့ လိုက်တယ် .. သီဟ မဆိုးဘူး … ရွေးတတ်သားပဲ .. ”
“ ကျေးဇူး .. မကလျာ .. ”
“ အိုကွာ .. မလိုပါဘူး .. တကယ်လိုက်လို့ လိုက်တယ်ပြောတာပဲ .. ကဲ .. သီဟ .. စကားပြောလို့ပြီးပြီဆိုရင် မမတို့ နားကြရအောင် .. ”
“ ဟို .. ဟိုလေ .. ”
“ လာပါကွာ .. သီဟကလဲ .. မမ တိုင်ပင်စရာရှိလို့ပါ .. ”
သီဟ လက်မောင်းကို ဖမ်းချိတ်ကာ ဆွဲခေါ်သွားမှုကြောင့် သူငြင်းဆန်လို့မရတော့ပဲ ကလျာဏီအခန်းဘက်သို့ ပြန်ပါသွားသည်။ လင်းသဒ္ဒါက တစ်ခုခုပြောမည့်ဟန်ဖြင့် ပါးစပ်ဟတုန်းရှိသေးသည်။ ကလျာဏီက သီဟကို အခန်းထဲဆွဲသွင်းကာ တံခါး ပိတ်ပြီးသား ဖြစ်သည်။ လင်းသဒ္ဒါတစ်ယောက် ငိုင်လျက်သာ ကျန်နေခဲ့တော့သည်။
“ မမ … ဘာပြောချင် ?? .. အွတ် .. ”
သီဟ စကားဆုံးအောင် ပြောခွင့်မရလိုက်။ ကလျာဏီ၏ နှုတ်ခမ်းက သူ့ဆီသို့ မွတ်သိပ်စွာရာက်လာသည်။ သီဟ မျက်လုံးပြူးသွားရသည်။ တခြားဘက်ခန်းတွင် လင်းသဒ္ဒါရှိနေသည်ဆိုသောအသိကြောင့် သူဘယ်လိုတုံ့ပြန်ရမှန်း မသိ။
သီဟ အူကြောင်ကြောင်ဖြစ်နေပေမယ့် ကလျာဏီကတော့ သွက်သည်။ နှုတ်ခမ်းချင်းထပ်ကာ မလွတ်တမ်းနမ်းနေရင်းမှ သူမအဝတ်အစားတွေကို ချွတ်သည်။ အဝတ်တွေအကုန်လုံး ခြေရင်းမှာ ပုံသွားသည်။ အဝတ်တွေနှင့်လွတ်အောင် သီဟကို ကိုယ်ချင်းတွန်း၍ နေရာရွှေ့လိုက်ပြီးသည်နှင့် ကလျာဏီက သူ့ရှေ့တွင် ဒူးထောက်ကာ ထိုင်ချသည်။ ချက်ချင်းဆိုသလို လက်က သီဟ ဘောင်းဘီခါးပတ်ဆီသို့ ရောက်လာသည်။
“ မမ .. စကားပြောမယ်ဆို … ”
“ ပြောမယ် … ဒါပေမယ့် သီဟနဲ့ မဟုတ်ဘူး .. သူနဲ့ .. ”
“ မ .. မဟုတ်ဘူး .. မမ .. သဒ္ဒါ .. ကျ .. ကျနော်တို့ကို ကြား .. သွား … အိုး .. ရှစ် … ”
အငမ်းမရ ငုံကာ စုပ်လိုက်သော ကလျာဏီ၏ အတွေ့ကြောင့် သီဟ ခါးရော၊ ခေါင်းပါ တခါထဲ ကော့တက်သည်။ တောင်ထိပ်ရှိ ဂူထဲမှကတည်းက ကလျာဏီ လျှာစွမ်း ဘယ်လောက်ရှိသည်ကို သီဟ သိခဲ့ပြီးဖြစ်သည်။ စိတ်ပါသည်၊ မပါသည် အငြင်းပွားစရာ အကြောင်းမရှိတော့။ ကလျာဏီ ပါးစပ်ထဲတွင် တင်းမာတက်လာသော သူ့လိင်တံက သက်သေပြပြီးသား ဖြစ်သည်။
သီဟ စိတ်တင်းထားသည့်တိုင်အောင် ကလျာဏီ လိင်တံထိပ်ဖူးအောက်ကို လျှာနှင့်ထိုးဆွချိန်တွင် မအောင့်နိုင်ပဲ “အီး“ခနဲ ညည်းမိသည်။ ကျင်ခနဲတက်လာသည့် အရသာကြောင့် ဒူးပင်ခွေချင်သလို ဖြစ်သည်။ ကလျာဏီ ခေါင်းကို အမြန်ဖမ်းဆွဲကာ ထိန်းလိုက်ရသည်။ သို့သော် ထိုသို့ ပြုမူမှုက ကလျာဏီ ပါးစပ်ထဲသို့ လိင်တံအား ဖိသွင်းသလိုဖြစ်ပြီး ထိပ်ဖူးက လည်ချောင်းထဲအထိ ရောက်သည်။ လည်ချောင်းသား အိအိလေးများကို ထိုးမိသည်နှင့် သီဟ ကလျာဏီအတွက် စိုးရိမ်သွားသည်။ ကမန်းကတမ်း ပြန်ဆွဲထုတ်သည်။ သို့သော် ကလျာဏီက ဆွဲထုတ်မခံပါ။ သီဟ တင်ပါးနှစ်ဖက်ကို လက်နှင့်ကုတ်ကာ ဆွဲပြီး ပြန်ဆောင့်သွင်းသည်။ သူမနှုတ်ခမ်းကို အတင်းစုကာ ထားပြီး ပိုက်နှင့်အအေးစုပ်သောက်သလို အားကုန်စုပ်သည်။
“ မမ … အီးးးးးးးးး ….. ”
သီဟ အံကြိတ်ထားသည့်ကြားမှ အသံထွက်အောင်ကို ညည်းရပြန်သည်။ သူ့စိတ်ထဲတွင် ကလျာဏီက တမင်တကာများ အစွမ်းပြကာ လုပ်နေသည်ဟုတောင် ထင်မြင်မိသည်။ လင်းသဒ္ဒါကို သူဂရုစိုက်မှုပြသည့်အတွက် သူမ အတွင်းစိတ်က မကျေနပ်သည်ကို ပြန်ကလဲ့စားချေသည်များလား မသိ။
“ အီး … ”
ကလျာဏီလက်တစ်ဖက်က ဂွေးဥတွေကို ကိုင်ကာ ဆော့ပေးလိုက်သည်တွင် သီဟ ဒုတိယတစ်ကြိမ် အသံထွက်၍ ညည်းရပြန်သည်။ ကလျာဏီသည် သူမပြောခဲ့သည့်အတိုင်း တကယ်ကို သူ့လိင်တံနှင့် စကားပြောနေချေပြီ။ ဘယ်စကားတွေမှန်းတော့မသိ။ လိင်တံလုံးပတ်တလျှောက် ရစ်ပတ်ဆွဲယူကာ လှုပ်ရှားနေသည့် လျှာကြောင့် သီဟ အကြောအချင်တွေ ဖြိုးဖြိုးဖြန်းဖြန်း ဖြစ်ကုန်သည်။
“ မမ .. ကျ .. ကျနော် မရတော့ဘူး ..ပြီး .. ပြီးတော့မယ် ”
“ ပြွတ် ”
ခနဲ မြည်သံနှင့်အတူ ကလျာဏီပါးစပ်ထဲမှ လိင်တံကြီးက တံတွေးအရွှဲသားနှင့် ထွက်လာသည်။ အရှိန်အမြင့်ဆုံး ရောက်ခါနီးဆဲဆဲမို့ သံချောင်းကြီးတစ်ခုလိုပင် မာတင်းနေသည်။ ကလျာဏီက ထိုင်နေရာမှ ဆတ်ခနဲထပြီး သီဟ၏ ရင်ပတ်ကြီးကို တွန်းထုတ်သည်။ နောက်ဘက်ရှိ ကုတင်ပေါ်သို့ သီဟ ဖင်ထိုင်လျက်သားကျသည်။
“ မမ အထဲမှာပဲ ပြီးလိုက် .. အဆုံးထိရောက်အောင် ထည့်ပြီးမှနော် .. ”
ချွဲချွဲနွဲ့နွဲ့ ကလျာဏီ စကားက မီးလောင်ရာ လေပင့်သည်။ ထို့အပြင် ရိုးရိုးတန်းတန်း စကားဆိုယုံသာမက။ ကနွဲ့ကလျနှင့် ကိုယ်ကို ယိမ်းကာအနားတိုးလာရင်း သီဟ ဘေးနားမှ ဖြတ်၍ ကုတင်ပေါ်သို့ တက်သည်။
“ ဘယ်လိုလဲ .. ဒီလိုဆို အဆင်ပြေလား .. ”
“ ဟာ !!! … မ .. မမ .. ”
ကလျာဏီ၏ ပုံစံကိုကြည့်ကာ သီဟ မျက်လုံးက ပုဇွန်လိုဖြစ်သွားသည်။ ခါးကလေးကိုခွက်ကာ လေးဘက်ထောက်ထားရင်းမှ ဘယ်လိုရှိစ ဆိုသည့် အကြည့်နှင့် ကလျာဏီက သူ့ကို လည်ပြန်ကြည့်သည်။ သီဟ ဦးနှောက်က အလုပ်မလုပ်တော့ပါ။ အခုအချိန်တွင် အလုပ်လုပ်သည်က အောက်ကကောင်ပဲဖြစ်သည်။ အနောက်တိုင်းဘာသာစကားတွင် ယောကျ်ားလေးများသည် အပေါ်ကခေါင်းထက် အောက်ကခေါင်းနှင့် တွေးကြတာပိုများသည်ဟု ဆိုထားသည်။ သီဟလဲ ထိုခေါင်းနဲ့ပဲ တွေးတတ်တော့သည်။ ဖြူဖွေးနေသော တင်ပါးကြီးနှစ်ခုကြားမှ ဖောင်းပြူထွက်နေသော နေရာသို့ ထိုခေါင်းက ချဉ်းကပ်သည်။
ကလျာဏီ ဘယ်လောက်တောင် ဆန္ဒပြင်းပြနေသည် မသိ။ ထိပ်ဖူးလေးပဲ သွင်းရသေးသည်။ သူမ၏ အတွင်းသားတွေက ပွစိပွစိနှင့် စုပ်ယူဖျစ်ညှစ်သည်။ အနှီ အရသာ၏ ဆွဲခေါ်မှုနောက်သို့ သီဟ လူရော၊ -ီးပါ ကောက်ကောက်ပါအောင် လိုက်သည်။ တင်းရင်းနေသော ဖင်သားကြီးနှစ်ဖက်ကို ဆုပ်ကိုင်၍ လိင်တံကို ထပ်သွင်းသည်။ အတွင်းသားတွေရော၊ အကွဲကြောင်းအောက်ခြေနားက အစေ့လေးကိုပါ မိမိရရပွတ်တိုက်ပြီး လိင်တံက အဆုံးထိရောက်သွားသည်။
“ အား .. ”
“ အီး … ”
နှစ်ယောက်သား ခေါင်းမော့ကာပင် ညည်းမိသည်။ သီဟ လိင်တံကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားသည်။ သူနှင့်ဆန့်ကျင်ဘက်အဖြစ် ကလျာဏီက အတွင်းသားတွေကို ညှစ်၍ ပြန်ဆွဲသွင်းသည်။ ဒစ်ဖျားအထိရောက်အောင် ခဲခဲယဉ်းယဉ်းဆွဲထုတ်ရသည်။ တင်းပြည့်ကျပ်ပြည့်ဝင်နေသည့် အချောင်းကြီး သူမဆီမှ တစ်လက်မချင်း ထွက်ခွာသွားသည်ကို ကလျာဏီသိသည်။ ရင်ထဲမှာ မချင့်မရဲဖြစ်မိသည်။ မြန်မြန်ပြန်ဝင်လာပါစေဟု ဆုတောင်းရင်း ခါးကလေးကို ခွက်နိုင်သမျှခွက်ထားပြီး တင်ပါးတွေကို ကော့တင်ကာပေးသည်။ ကလျာဏီ ဆုတောင်းပြည့်ပါသည်။ ထိပ်ဖျားသာ ကျန်တော့သည့်အချိန်တွင် သီဟလိင်တံက သူ့ရိုင်ဖယ်ကျည်ဆံလိုပင် တရှိန်ထိုး ပြေးဝင်လာသည်။ မှေးစင်းကာ ကျနေသော ကလျာဏီ မျက်လုံးထဲတွင် ဘာမြင်လို့မြင်မှန်း မသိတော့။ ဆွေမျိုးမေ့အောင် ကောင်းလှသည့် အရသာတွင် သူမ နှစ်မျောပျော်ဝင်သွားသည်။
“ ဆောင့် … ဆောင့် … သီဟ … အင်း … အီး .. ”
သီဟလက်နှစ်ဖက်က ကလျာဏီ၏ ခါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ဇာတ်လမ်းမစခင်တုန်းကတော့ သူ့စိတ်ထဲတွင် လင်းသဒ္ဒါရှိသေးသည်။ ပြောရလျှင် ယမရာဇာပင် ရှိခဲ့သေးသည်။ သို့သော် အခုအချိန်တွင်မူ သူ့အာရုံထဲ၌ တခြားဘာမှ မရှိတော့ပဲ ဆောင့်ချက်တိုင်းကို တန်ပြန်ပစ်ဆောင့်ပေးနေသော ကလျာဏီသာ ရှိသည်။ ကလျာဏီဆိုလို့ မှန်သေးသည်တော့မဟုတ်။ အရည်တွေစိုရွှဲနေသည့်တိုင် ရစ်ပတ်ကာဆွဲနေသော ကလျာဏီ၏ အဖုတ်ဟု ပြောမှသာ မှန်မည်။ သီဟ စိတ်ထဲတွင် ကလျာဏီ၏ အတွင်းသားတွေက သူ့ကို challenge လုပ်နေသည်ဟု ထင်သည်။ မှတ်ပြီလား .. မှတ်ထားကွာဟု စိတ်က ကျိန်းမောင်းရင်း ဖြူဖွေးလှသော ကလျာဏီ တင်ပါးအောက်ပိုင်း ရဲရဲနီတက်လာသည်အထိ အကြမ်းပတမ်းဆောင့်မိသည်။
“ ဆောင့် … ဆောင့်စမ်းပါ … သီဟ …အီး … ပြင်းပြင်း ဆောင့်စမ်း .. ဟုတ် .. ဟုတ်ပြီ .. အဲဒီလို … အီး … ”
သီဟတကိုယ်လုံး ချွေးတွေနှင့် ရွှဲနစ်နေသည်။ ကလျာဏီ လိုလားတောင့်တသည့်အတိုင်း အရှိန်ကိုမြှင့်၍ ဆောင့်သည်။ ကလျာဏီက နဂါး၊ သူက လူဖြစ်သော်လဲ အခုအချိန်တွင် သူတို့နှစ်ယောက်သည် ယုန်တွေအလား ဖြစ်ကုန်သည်။ ယုန်တွေလို -ိုးနေကြသည်။ အသားချင်း ရိုက်ခတ်သံ၊ နှုတ်မှ မချိမဆန့်ညည်းသံတွေက ဆူညံနေသည်။ သိပ်တော့မကြာလိုက်ပါ။ ဆယ်မိနစ်သာသာခန့်အရောက်တွင် သီဟလိင်တံက ပွင့်ထွက်တော့မည့် မီးသတ်ပိုက်ခေါင်းလို ဖောင်းကားတက်လာသည်။ နောက်ဆုံးအနေဖြင့် လိင်တံကိုအဆုံးထိရောက်အောင် ဖိသွင်းလိုက်ပြီးသည်နှင့် တပြိုင်နက် သီဟ အရည်တွေ ပန်းထုတ်လိုက်သည်။ သီဟနှင့် ပြိုင်တူ ကလျာဏီပါ ပြီးသည်။ အစောတုန်းက မုန်တိုင်းထန်ခဲ့သော ကုတင်သည်လဲ အခုကျတော့မှ အနားရသည်။ တော်တော်လေးကြာမှ အနည်းငယ်ပျော့ကျသွားပြီဖြစ်သော လိင်တံကို သီဟ ပြန်ဆွဲထုတ်သည်။ အဖုတ်ဝမှ လိင်တံကျွတ်သွားသည်နှင့် ကလျာဏီက ကုန်းထားနေရာမှ ထပြီး သီဟကို ဆွဲဖက်သည်။ သူမနှင့် မျက်နှာချင်းဆိုဖြစ်သွားသည်နှင့် သီဟရင်ခွင်ထဲတိုးဝင်ပြီး သူ့အား နွေးထွေးစွာ ဖက်ထားလေသည်။
“ အရမ်းကောင်းတာပဲ .. သီဟ .. ”
“ ဟုတ်တယ် … ကျနော်လဲ တအားကောင်းတယ် .. ”
“ သီဟက အရမ်းလုပ်တတ်တာပဲ … မမရဲ့အဖော် (mate) အနေနဲ့ သီဟကို ရွေးလိုက်တာ မှန်သွားပြီ .. ဟင်း.. ဟင်း .. ”
ကလျာဏီနှုတ်ဖျားမှ “အဖော်“ဆိုသော စကားကြောင့် ကာမဆိပ်မွှန်နေခဲ့သူ သီဟ လင်းသဒ္ဒါကို ပြန်ပြောင်းသတိရသည်။ လင်းသဒ္ဒါလဲ သူ့ကိုဒီလိုမျိုး ဝံပုလွေရွာတုန်းက ပြောခဲ့ဖူးသည်။ သူ့ဘေးတွင် ရှိနေသော ကလျာဏီကိုကျော်ကာ အခန်းတံခါးဆီသို့ ယောင်ယမ်းကြည့်မိသည်။ လင်းသဒ္ဒါ သူမအခန်းထဲတွင် အိပ်ပျော်နေပါစေဟု ကျိတ်ကာဆုတောင်းသည်။ စိတ်ထဲမသက်မသာဖြစ်သွားသည့်အလျောက် အသက်ကိုဝအောင် ရှူသွင်းပြီး ..
“ မမက ကျနော့်ကိုလက်တွဲဖော်အဖြစ် တွေးထားတာကိုး … မမ စဉ်းစားဖို့မေ့နေတာလား .. ယမရာဇာနဲ့ ယှဉ်ပြိုင်ပွဲမှာ ကျနော် အသက်မသေဘူးပဲထားပါဦး … မမက နောက်ထပ် အသက်ငါးရာ .. အင်း .. တစ်ထောင်လောက် အသာလေး နေလို့ရတယ် .. ကျနော်က နောက်ထပ်နှစ်ငါးဆယ်တောင်နေရပါ့မလား .. နေရတယ်ဆိုရင်တောင် ဆံဖြူသွားကျိုးပြီး မလုပ်နိုင်မကိုင်နိုင်ဖြစ်လာရင် မမ ကျနော့်ကို လက်တွဲနိုင်ပါဦးမလား … ”
အပိုင်း ( ၃ ) ဆက်ရန် >>>>
No comments:
Post a Comment