Tuesday, August 11, 2015

အချစ်မရှိ အမုန်းမသိ ငါရင်ခုန်တာ ငါမသိ အပိုင်း ( ၃ )

အချစ်မရှိ အမုန်းမသိ ငါရင်ခုန်တာ ငါမသိ အပိုင်း ( ၃ )

ဘုံခုနှစ်ဆင့် (အတွေးပင်လယ်ပြာတွင်ရေးသားသည်)

" ဟယ် … ခေါင်လေး … ရောက်နေတာ ကြာပြီလား "

" ဟုတ် … မမခင် … နဲနဲတော့ ကြာနေပြီ "

နုနုထွဋ်ခေါင်မှာ မိုးစက်နှင့် စကားပြောရင်း ဒေါ်ခင်မိုးမြင့်အား ပြန်နုတ်ဆက်လိုက်သည်။ ဒေါ်ခင်မိုးမြင့် ရောက်လာသည်နှင့် မီးငယ်မှာ စတီးချိုင်အား ပြောင်းယူရင်း နေမင်းခန့် လက်မောင်းအား ဆွဲရင်း ထရပ်လိုက်၏။ နုနုထွဋ်ခေါင်စိတ်ထဲ တင်းကနဲ့ ဖြစ်နေစဉ် နေမင်းခန့်က မီးငယ်အလိုကျ ထရပ်လိုက်သည်။ နုနုထွဋ်ခေါင်တစ်ယောက် မျက်နှာလေးပျက်ကာ နေမင်းခန့်တို့နှင့် ရှေ့ဆင့်နောက်ဆင့် ထရပ်ရင်း မိုးစက်အား လှမ်းပြောလိုက်၏။

" ကဲ … ကိုမိုးစက် … ရှင့် မြေနေရာ အလွတ်ပုံတွေ ဒီကပြန်ရင်း ကျမကြည့်သွားချင်လို့ သွားရအောင် "

" ဟော် … ပြန်တော့မလား … ခေါင်လေးရဲ့ "

" ဟုတ် … မမခင် … ဒီမှာ အလုပ်လေးလည်း ပေါ်လာလို့ပါ "

" မယ့်လေး … ခေါင်လေးတို့များ … အလုပ်နားရက်တောင် … မအားပါလားနော် … ဘာလဲ … ဒို့အပျိုရီး တွေ့နေပြီလား … ခ်ခ် ခ်ခ် "

" အို့ … မမခင် ကလည်း "

နုနုထွဋ်ခေါင် မျက်နှာလေး ပန်းရောင်ပြေးသွားကာ မိုးစက်အား အားတုံ့အားနာလေး လှမ်းကြည့်မိသည်။မိုးစက်မှာ ဒေါ်ခင်မိုးမြင့် စကားကြောင့် ကျေနပ်အားရနေသည်မှာ အထင်းသားပင်ဖြစ်၏။နုနုထွဋ်ခေါင်မှာ စကားပြောပြီး နေမင်းခန့်တို့တက် အရင်ဦးအောင် ထွက်ခဲ့လိုက်သည်။နေမင်းခန့်၏ ဆွေးရိပ်သန်းသွားသော မျက်ဝန်းလေးအား မြင်လိုက်ရသဖြင့် သူမစိတ်ထဲ ကျေနပ်နေ၏။အမှန်တော့ သူမရှိနေလျက် မီးငယ်အား အိမ်ထိလိုက်ပို့ပေးသော အပြုမှုတွက် တုံ့ပြန်ချင်းသာဖြစ်သည်။မီးငယ်နှင့် ပူးကပ်စွာ ရင်းနှီးနေသည့် နေမင်းခန့်အပေါ် သဝန်တိုနေတော့၏။

" မင်း မှတ်ထား … နေမင်းခန့် … နုနုထွဋ်ခေါင်ဆိုတာ … ကျန်နေရစ်မယ့် မိန်းမ မဟုတ်ဘူးကွ … လိုအပ်ရင် အရင်ထွက်သွားမယ့် မိန်းမ "

ဒီစကားကို သူမစိတ်ထဲပြောကာ နုနုထွဋ်ခေါင်တစ်ယောက် နေမင်းခန့်တို့ ခြံဝင်းထဲရှိ ကားပါကင်နေရာသို့ လျှောက်လာခဲ့လိုက်သည်။သို့သော် နေမင်းခန့်တို့ အိမ်နှင့် ခပ်လှမ်းလှမ်း အရောက် သူမကားလေးရပ်ကာ ရှေ့ခပ်လှမ်းလှမ်းမှ မောင်းနှင်နေသော မိုးစက်ဆီ ဖုန်းလှမ်းခေါ်လိုက်၏။နေမင်းခန့်တို့အိမ်တွင် မိုးစက်မှ လိပ်စာကပ်လေးပေးထားသဖြင့် ပထမဆုံး ဖုန်းနံပတ် ခေါ်ရာ ချက်ချင်း ဝင်သွားတော့သည်။

" ဟဲလို … ကျနော် မိုးစက်ပါ "

" ကိုမိုးစက် … ကျမ နုနုထွဋ်ခေါင်ပါ … အရေးကြီး ကိစ္စလေးပေါ်လာလို့ … ရှင့်အိမ် လိုက်မကြည့်နိုင်တော့ပါဘူး … အားနာလိုက်တာရှင် "

" ဟာ … ရပါတယ် ခင်ဗျာ … ဒေါ်နုနုထွဋ်ခေါင် … အဆင်ပြေချိန် ဆက်သွယ်ပေးပါ … ပြစ်တော့ မထားပါနဲ့ဗျာ "

" ဟုတ် … သေချာပေါက် ဆက်သွယ်ပါ့မယ်ရှင် … ကျေးဇူးပါ "

သူမဖုန်းလေးပိတ်ကာ အိမ်သို့ တန်းပြန်လာခဲ့တော့သည်။အိမ်ရောက်သည်နှင့် မိခင်ဖခင်အား ခေါင်းထဲ ငြီစီစီဖြစ်လာလို့ အနားယူမယ်ပြောပြီး အိမ်အပေါ်ထပ် သူမအိပ်ခန်းထဲ ဝင်လာခဲ့၏။စိတ်ထဲ မီးငယ်ဆိုသော မိန်းကလေးမှ နေမင်းခန့်အား လက်ဆွဲခေါ်သွားသည်ကို မြင်ယောင်ရင်း တနုံ့နုံ့ခံစားနေရသည်။

" ဘာ … ခုထိ စာရင်းတွေ မပြီးသေးဘူး ဟုတ်လား … သေချင်တယ် … နင်တို့နဲ့တော့ … သွား ဒီနေမပြီးရင် အိမ်မပြန်နဲ့ … လာခဲ့ ဟိုတစ်ယောက် "

စာရင်းကိုင်ကောင်မလေး ဇတ်ကလေးပုကာ ထွက်ခွာသွားတော့၏။နောက်တစ်ယောက် သူမရှေ့ တိုးကပ်လာရာ…

" ကဲ … ဒီက မမချောလေး … ပြီးခဲ့တဲ့လက … အိမ်တွင်းအလှဆင်ပစ္စည်း စာရင်းတွေ ရပြီလား "

" ဟို … ပြီးသလောက်ရှိပါပြီ … မမ … အဆောက်ဦးတလုံးက … စာရင်း မတင်သေးလို့ … အဲဒါ

" ဘာရယ် … သူတို့မတင်ရင် … တင်ခိုင်းဖို့က ရှင်တို့အလုပ်လေ … ဒီနေရာ ရောက်လာပြီးမှ အောက်ကဝန်ထမ်းတွေကို ဖိဖိစီးစီး မထိန်းနိုင်ဘူးလား "

" ဟုတ် … မမ … သမီး ဒီနေ့ အပြီးအပ်ပါ့မယ် "

ဒေါ်နုနုထွဋ်ခေါင်တစ်ယောက် ဒီနေ့ ကုမ္ပဏီရောက်ကတည်းက တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆူကာ မျက်နှာက တင်းမာနေ၏။လက်ချောင်းလေးများ ချိုးကား သူမစိတ်တခုခုကို မကျေမနပ်ဖြစ်နေမိသည်။မနေ့ထဲက မီးငယ်ဆိုသောမိန်းကလေးမှ နေမင်းခန့်လက်မောင်အား ဆွဲခေါ်သွားသောမြင်ကွင်းမှာ အလုပ်ထဲထိ ကပ်ပါလာခဲ၏။

" ကျွိ … ကျွီ "

" အမေ့ "

သူမအတွေးလွန်နေစဉ် တံခါးဖွင့်သံကြောင့် လန့်အော်မိသည်။

" မမခေါင် … ဧည့်သည်က အရေးတကြီး … တွေ့ခွင့် တောင်းနေလို့ "

" နေ မင်း ခန့် "

" ဗျာ "

" ဒီအခန်းထဲ ဝင်ရင် … တံခါး အရင်ခေါက်ရမယ် ဆိုတာ နားမလည်ဘူးလား "

" ဟုတ်ကဲ့ … စကိုင်းဝေါလ် ကုမဏ္ဏီက ကိုယ်စားလှယ်က … မမခေါင်နဲ့ အရေးတကြီး တွေ့ချင်လို့ ပြောခိုင်းလို့ပါ … ဖုန်းဆက်တာလည်း အဆက်သွယ်မရဘူး ပြောနေပါတယ် "

နေမင်းခန့်စကားကြောင့် သူမပိုက်ဆံအိတ်ဖွင့်ကာ ဖုန်းအားထုတ်ကြည့်လိုက်မိသည်။သူမမျက်နှာလေး ဖျက်ကနဲ့ ပျက်သွားမိ၏်။ဖုန်းက ပါဝါပိတ်ထားမိရဲ့သား ဖြစ်နေရသည်။

" ဟူးးးးး … ကောင်းပြီ … ခုလွတ်လိုက် "

" ဟုတ်ကဲ … မမခေါင် … ကော်ဖီ လာပို့ ပေးရမလား ခင်ဗျာ "

" နေမင်းခန့် … အလုပ်ချိန် အပိုစကားတွေ မပြောနဲ့ ငါမကြားချင်ဘူး "

" ဗျာ … ဟုတ်ဟုတ် "

သူ့အား မကြည်မသာ ဖြစ်နေသည်ကို နေမင်းခန့်ရိပ်မိလိုက်သည်။ဘာပြက်သနာလည်း စဉ်းစားမရပေ။အခန်းပြင်ထွက်ကာ စကိုင်းဝေါလ်ကုမ္ပဏီမှ ကိုယ်စားလှယ်အား ဝင်တွေ့နိုင်ကြောင်း ပြောပြီး ရုံးခန်းအပြင်ဘက် ထွက်ထိုင်နေလိုက်၏။

" ကိုခန့် … မမခေါင် ဒီနေ့ ဘာဖြစ်တာလည်း "

" ဟုတ်တယ် … သမီးလဲ ဆူလွတ်နေတာ "

" ကျမလဲ… အော်လွတ်နေတာ … ခါတိုင်း ဒီလိုမဟုတ်ပါဘူး "

နေ့မင်းခန့် ခုံအလွတ်လေးပေါ်ထိုင်လိုက်သည်နှင့် စာရင်းကိုင်မလေးများ အခြားဝန်ထမ်းများ တစ်ယောက်ပြီးတစ်ယောက် အုံလာကာ လာမေးနေကြသည်။

" ကျနော်လည်း မသိဘူးဗျ … ကျနော့်လည်း … အော်လွတ်နေတာ … ကော်ဖီသောက်ဦးမလား မေးမိတာလေးကိုဗျာ "

နေမင်းခန့်နှင့်ဝန်ထမ်းများ ပွစိပွစိ ပြောနေစဉ် ရုံးခန်းအတွင်းမှ နုနုထွဋ်ခေါင်နှင့် ကိုယ်စားလှယ်တို့ ထွက်လာသဖြင့် အမြန်လူစု ခွဲလိုက်ကြသည်။

" ကဲ … ကျမ အမြန်ဆုံး ဆက်သွယ်ပေးပါ့မယ် … ဒီရက် အလုပ်များနေတာနဲ့ … အဲဒီ ပရောဂျက် ကို့ မေ့သွားတာပါ "

နုနုထွဋ်ခေါင်အား ကိုယ်စားလှယ်မှ စကားပြန်ပြောကာ နှစ်ဦးသား ရုံးခန်းမှ ထွက်ခွာသွားတော့သည်။နုနုထွဋ်ခေါင် ထွက်သွားသည်နှင့် ခုန လူစုခွဲလိုက်သောသူများ နေမင်းခန့်ဘေးနား ပြန်အုံလာရင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။

" ဟေးးး … ကိုယ့်နေရာ ကိုယ်သွား … ကိုယ့်အလုပ် ကိုယ် ပြီးအောင်လုပ်ကြ … မမလေး အလုပ် ၅ ရက် နားသွားပြီ "

ဝန်ထမ်းမလေးများနှင့် နေမင်းခန့် တွတ်ထိုးနေစဉ် နောက်ကျောဘက်မှ MD ဦးအောင်မိုး အသံကြောင့် လူစုပြန်ခွဲသွားတော့၏

" မေကြီး "

" ပြောလေ … အသဲလေး "

" သမီး … အလုပ်လုပ်ရတာ ဒီရက် မပျော်တော့ဘူး "

" အလုပ်တွေတအားလုပ်တာကို … သဲလေးက … မေကြီးတို့ … ခရီးထွက်ကြမလား … စိတ်အပန်းဖြေရင်း "

" ဟင့်အင် "

ဒေါ်နန်းသဇင်မှာ ကိုယ်လုံးထွားထွားကြီးနှင့် သူမရင်ခွင်ထဲ တိုးဝှေ့ပြောနေသော သမီးဖြစ်သူအား ခပ်တင်းတင်းလေး ပွေ့ဖက်ထား၏။သူမတို့နေအိမ်၏ အောက်ထပ် ဧည့်ခန်းတွင် ဆိုဖါခုံ အရှည်ကြီးပေါ်တွင် သားအမိနှစ်ယောက် ထိုင်ရင်း စကားပြောနေကြသည်။

ဆိုဖါခုံနှင့် မျက်နှာချင်းဆိုင် မျက်နှာပြင်အား ဖန်သားဖြင့် ပြုလုပ်ထားသော စားပွဲခုံပေါ်မှ သောက်လက်စ အချိုရည် ဖန်ခွက်လေးအား ဒေါ်နန်းသဇင် မော့လိုက်ရင်း သမီးဖြစ်သူ မျက်နာအား ကြည့်နေလိုက်သည်။ဒီနေ့ နုနုထွဋ်ခေါင် ကုမ္ပဏီမသွားတာ ၃ ရက်ရှိပြီဖြစ်သည်။စိတ်ရှုတ်နေသောပုံစံလေးနှင့် သမီးဖြစ်သူအား မေးကြည့်သော်လည်း ရေရေရာရာ မသိရပေ။အလုပ်ပင်ပန်းတာပဲ အကြောင်းပြနေ၏။

" တီတီ … တီ … တီ … တီ "

သားအမိနှစ်ယောက် စကားပြောနေစဉ် ခြံဝမှ ကားဟွန်းသံကြောင့် နှစ်ဦးသား ကြည့်မိလိုက်သည်။ခြံစောင့်မှ တခါးဖွင့်ပေးသည်နှင့် ကားလေးတစ်စီး ခြံဝင်းထဲ ဆင်ဝင်အောက်ထိ မောင်းဝင်လာ၏။ကားလေး မြင်ကတည်းက နုနုထွဋ်ခေါင် မျက်လုံးလေး အရောက်တောက်ကာ မျက်နှာလေး ဝင်းလက်လာသည်။

" မေကြီး … သမီး မေးရင် … နေမကောင်းဘူးပြောနော် … သူတွေ့ချင်ရင် … သမီး အခန်းထဲ လာတွေ့လိုကလို့… ဟီဟိ "

" ဟော တော် … ခ်ခ် ခ်ခ် "

သမီးဖြစ်သူ စကားကြောင့် ဒေါ်နန်းသဇင် ပြုံးမိတော့သည်။ထိုစဉ် လက်ထဲ မုန့်ထုပ်များကိုင်ကာ ခပ်ချောချော လူရွယ်လေး ဧည့်ခန်းထဲ ဝင်ခွင့်တောင်းနေသည်ကို ကြားလိုက်ရ၏။

" မမခေါင် ရှိပါသလား ခင်ဗျာ … ကျနော်က သူ့တပြည့်ပါ "

အသံနှင့် အတူ လူက ဧည့်ခန်းထဲဝင်လာရင်း မျက်လုံးများက ဟိုရှာဒီရှာ ကြည့်နေတော့သည်။

" အေးအေး … ထိုင်ဦးကွယ့် … မောင်ရင် … ဒါနဲ့ … မောင်ရင့် နာမည် "

" ကျနော့် နာမည် … နေမင်းခန့်ပါ … အန်တီ … မမခေါင် အလုပ်မလာတော့ နေမကောင်းဘူးထင်လို့ လာမေးတာပါ "

ဒေါ်နန်းသဇင်မှာလည်း ငယ်ရာက ကြီးလာသူမို့ နေမင်းခန့် ပုံစံအားကြည့်ကာ နားလည်လိုက်သည်။နေမင်းခန့် ရောက်ကတည်းက မျက်လုံးများ ဂနာမငြိမ်ပဲ သမီးဖြစ်သူအား တွေ့ချင်မြင်ချင်နေသည်မှာ သိသာလွန်း၏။သမီးဖြစ်သူကလည်း ၃ ရက်ဆက်တိုက် မှိုင်နေရာမှ ကားလေးမြင်လိုက်သည်နှင့် မျက်နှာလေးဝင်းလက်လာကာ အိမ်အပေါ်ထပ်အား ကလေးတစ်ယောက်လို ခုန်ပေါက်ပြေးတက်သွားသည်။

တက်သွားသည်လှေကားတစ်လျှောက်တွင် နို့အုံထွားထွားကြီးက တုန်ခါလျက် ခါးအောက် ဖင်သားကြီးများ ရမ်းခါသွားတော့၏။သမီးဖြစ်သူနှင့် ပက်သက်မှု့ရာခိုင်နုန်းလည်း သိချင်နေမိသည်။သို့သော် သမီးဖြစ်သူက အိပ်ခန်းထဲထိ တွေ့ခွင့်ပေးနေသဖြင့် သာမာန်ထက် ပက်သက်မှု့က ပိုနေပြီလား စဉ်းစားမိသေးသည်။ဒေါ်နန်းသဇင်မှာ သူမရှေ့ ကုန်းကုန်းကွကွ ဖြင့် စိတ်လှုပ်ရှားနေသော နေမင်းခန့်အား ကြည့်ပြီး ရယ်ချင်လာတော့၏။စကားမပြောပဲ အတန်ကြာငြိမ်သက်နေရာမှ နေမင်းခန့် ကုန်းအထ…

" အော် … မောင်ရင် … ပြန်တော့ မလို့နဲ့ တူတယ် "

" ဗျာ … အန်တီ … ဟုတ် ဟုတ်ကဲ့ "

အမှန်တော့ နေမင်းခန့်မှာ ဒေါ်နန်းသဇင်မှ စကားစမပြောတော့သဖြင့် မုန့်ထုပ်တွေမှကြည့်လိုက် ကားသော့အား ဘောင်းဘီအိပ်ထဲ ထိုးကာ မတ်တပ်ရပ် ပြန်ထုတ်လိုက်နှင့် စကားအပြော စောင့်နေမိသည်။သို့သော် ဒေါ်နန်းသဇင်မှ အိမ်ပြန်တော့မည်ထင်ပြီး မေးနေသဖြင့် ချော်လဲရောထိုင် ဖြေရင်း ခါးဆန့်ကာ ထရပ်လိုက်တော့သည်။

" သမီးကဖြင့် … မောင်ရင်တွေ့ချင်ရင် … သူ့အိပ်ခန်းထဲ လာတွေ့ဖို့ မှာထားသေးတာ … ကောင်းပြီလေ … သမီးလေး ဆင်းလာရင် မောင်ရင် လာသွားတာ ပြောလိုက်ပါ့မယ် "

" ဟာ … အာ့ဆို … မပြန်တော့ဘူး အန်တီ "

" ဟင် … မပြန်ဘူးဆို … မောင်ရင်က ဒီအိမ် နေမလို့လား "

" ဗျာ … မနေပါဘူး ခင်ဗျာ "

" ပြန်တော့မယ် … ဆိုပါတော့ "

" ဟုတ် … အဲ …… မပြန် သေး ပါ ဘူး "

" ခိခိ "

ဒေါ်နန်းသဇင်မှာ နေမင်းခန့် ဖြစ်ပျက်နေပုံအား ကြည့်ကာ မထိန်းနိုင်ပဲ ရယ်မိလိုက်တော့၏။

" ဟိုလေ … အန်တီ …… ဟို ဟို "

" ရဲရဲ ပြောပါကွဲ့ … တဟိုဟိုနဲ့ "

" မမခေါင်နဲ့ … တွေ့လို့ ရပြီလား … အန်တီ "

" ဟယ် … သမီးက … မောင်ရင့်ကို … တွေ့ချင် သူ့အိပ်ခန်းထဲ လာတွေ့လို ပြောခိုင်းထားလေ … အန်တီလည်း ပြောပြီးသားလေ "

" ဟုတ် … ဒါဆို … ကျနော် သွားတွေ့ဦးမယ်နော် "

" ဟဲ့ … ဒါက ဘယ်တုန်း "

" ဟို … အိမ်ပေါ် လေ … အန်တီ "

" မောင်ရင်က … သမီး အခန်း … သိလို့လား "

" ဗျာ … မသိသေးဘူး ဗျ "

နေမင်းခန့်မှာ နုနုထွဋ်ခေါင်နှင့် တွေ့ချင်နေရာ ဒေါ်နန်းသဇင်မှ ကြပ်နေသဖြင့် အခက်တွေ့နေရသည်။

" လှေကား အတိုင်းတက်သွားလိုက် … ဧည့်ခန်း တောင်ဘက်က သမီးအိပ်ခန်းပဲ … မြောက်ဘက်က ငါတို့အိပ်ခန်းနော် မှားမဝင်နဲ့ "

" ဟုတ်ဟုတ် … ကျနော် တက်ပြီနော် … အန်တီ "

နေမင်းခန့် အိမ်ပေါ်ရောက်သည်နှင့် ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော ပရိဘောဂ ပစ္စည်းများ ဧည့်ခန်းတွင်း တွေ့လိုက်ရသည်။ပြတင်းပေါက်များ ဖွင့်ထားသဖြင့် အပြင်မှ ဝင်ရောက်လာသော လေပြေလေးများကြောင့် ခန်းစည်းစလေးများ တဖျတ်ဖျတ် လွင့်နေတော့၏။

ဧည့်ခန်း တောင်ဘက် အိပ်ခန်းတံခါးလေးအား ဖွင့်ကာ ဝင်ခဲ့လိုက်သည်။တခန်းလုံး နှင်းဆီအနံ့လေး မွှေးကြိုင်နေကာ အဝတ်ဗီဒိုကြီးတစ်လုံးက အိပ်ခန်းအနောက်ဖက် နံရံကပ်လျက် မျက်နှာချင်းဆိုင် အရှေ့ဘက်နံရံတွင် အလှပြင် မှန်တင်ခုံတစ်ခုတွေ့ရှိရ၏။မှန်တင်ခုံနင့် ကုတင်ကြား မြောက်ဘက်တွင် ရေခဲသေတ္တာ အသေးတစ်လုံး ထားရှိသည်။ကုတင်ပေါ်တွင် စောင်အပါးလေးခြုံကာ အိပ်ပျော်နေသော နုနုထွဋ်ခေါင်အား တွေ့လိုက်ရတော့သည်။

...................................................................................................................

ဒေါ်နန်းသဇင်မှာ ဧည့်ခန်းတွင် ထိုင်ရင်း နေမင်းခန့်အား စချင်သဖြင့် ဧည့်မခံမိရာ ခုမှ သတိရတော့သည်။အအေးတစ်ဗူးဖြင့် ဖန်ခွက်တစ်လုံးနှင့် ကိတ်မုန့်ပန်းကန်လေးအား လင်ဗန်းအသေးတခုထဲ ထည့်ကာ အိမ်ပေါ်တက်ခဲ့လိုက်၏။သမီးဖြစ်သူ အိပ်ခန်းနားအရောက် ထွက်ပေါ်လာသော အသံကြောင့် ခြေလှမ်းများရပ်တန့်ကာ လင်ဗန်းလေးကိုင်ရင်း မျက်လုံးပြူးသွားရ၏။

" ဖြည်းဖြည်းကွာ … နေမင်းခန့် "

" အင်းပါ "

" အ … ကျွတ် ကျွတ် "

" တအားနာလို့လား … မမခေါင် "

" အွန်း … ကြပ်တယ်ဟ "

ဒေါ်နန်းသဇင်တစ်ယောက် ရင်တုန်ပန်းတုန်ဖြစ်ကာ စိုးရိမ်စိတ်များ ငယ်ထိပ် တက်လာရသည်။ဘယ်လောက်ပဲ အလိုလိုက်ပြီး ချစ်ခဲ့ချစ်ခဲ့ မအေတစ်ယောက်လုံးရှိနေလျက် ဒီလို အပြုမူမျိုး ဒေါ်နန်းသဇင် လုံးဝလက်မခံပေ။တံခါးဖွင့်ရမလား မဖွင့်သင့်ဘူးလား စဉ်းစားနေရင်း ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် အအေးလင်ဗန်းကိုင်ထားလျက် ပုခုံးဖြင့် အိပ်ခန်းတံခါးအား တွန်းဖွင့်လိုက်ရာ…

" ဟင် … မေကြီး "

" ဟာ … အန်တီ "

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒေါ်နန်းသဇင် တစ်ယောက် မျက်နှာဖြဲလေးနှင့် အအေးဗန်းလေးအား မှန်တင်ခုံပေါ်တင်ရင်း ကြိတ်ရယ်နေတော့၏။နုနုထွဋ်ခေါင်မှာ ကုတင်ပေါ်ခြေတွဲလောင်းချထိုင်နေလျက် နေမင်းခန့်မှာ နုနုထွဋ်ခေါင်လက်မှ ဆင်းမှီးလက်စွပ်လေးအား ဆွဲချွတ်ပေးနေရှာသည်။

" ဟူးးး … တော်ပါသေးရဲ့ နေမင်းခန့်ရယ် … လက်စွပ်က အသားထဲ မြုတ်နေတာဟ "

" နောက်ခါ … မဝတ်နဲ့ပေါ့ … မမခေါင်ရယ် … လက်တောင် အရည်ခွံလန်သွားတာ မလား "

" အင်း "

" ပေး "

နေမင်းခန့်တစ်ယောက် နုနုထွဋ်ခေါင် လက်ကလေးအား ပါးစပ်ဖြင့် တဖူးဖူးမူတ်ပေးနေရှာ၏။

" ကဲ … အေးဆေး စကားပြောကြ … အန်တီ ခဏ သွားလှဲဦးမယ် "

ဒေါ်နန်းသဇင်မှာ ရယ်မောရင်း ပြောပြောဆိုဆို နုနုထွဋ်ခေါင် အိပ်ခန်းမှ ထွက်ခွာသွားတော့သည်။

" ရပါပြီဟာ … ခုမှ အကဲပိုနေတာ "

" ဟာ … ဘာလို့လဲ … မမခေါင်ရယ် "

" ဟိုတနေ့က … မင်းအိမ်မှာ ခပ်ချောချောကောင်မလေးက အပြင်ခေါ်တော့ … ငါရှိနေတာတောင် … ကောက်ကနဲ့ ထလိုက်သွားတာလေ "

" ဗျာ … မမခေါင်က … အဲတာ စိတ်ဆိုးနေတာလား … ဒါဆို စိတ်ဆိုးပြေတော့ "

" ဘာရယ် "

" အဲဒါ … ကျနော့် ညီမဝမ်းကွဲလေ … သူ့အဖေနဲ့အမေက ကားမှောက်ဆုံးသွားရှာတာ အိမ်မှာ ကလေးလို နေတာပါ "

" ဟင် … တကယ် "

" တကယ်ပေါ့ … အဲနေ့က သူ့မွေးစား အဖေနဲ့ အမေဆီကို အုန်းနို့ခေါက်ဆွဲ သွားပို့ကြတာပါ … မမခေါင် က သာ "

" ဟယ် … ငါက … ဘာဖြစ်လို့ "

" မမခေါင်ကသာ … ဟိုလူနဲ့ လိုက်သွားတာလေ "

နေမင်းခန့်၏ မချိတင်ကဲ သဝန်တိုပုံလေးကြောင့် နုနုထွဋ်ခေါင်မှာ စိတ်ထဲ ကြိတ်ပျော်နေတော့သည်။ခုတော့လည်း အရာအားလုံးက သူမအတွက် ပျော်ရွှင်ခြင်း အတိပေါ့။

" မင်း ထင်သလို … မဟုတ်ပါဘူး … ငါ အဲဒီနေ့က … သူ့အိမ် မလိုက်ဖူးရယ် "

" ဟင် … တကယ်လား "

" အွန်း "

နုနုထွဋ်ခေါင် စကားဆုံးသည်နှင့် နေမင်းခန့်မှာ ပါးပြင်မို့မို့အား ဖက်နမ်းပစ်လိုက်တော့၏။

" အို့ … ဟဲ့ ဟဲ့ … ဒါ ဘာလုပ်တာလဲ … လွတ်ကွာ "

" မလွတ်သေးဘူး … ခဏလေးဗျာ … ကျနော် မမခေါင်ကို ချစ်နေမိပြီဗျ "

" အာ ကွာ "

နုနုထွဋ်ခေါင် တစ်ယောက် နဖူးတွေဒူးတွေ့မို့ ရှက်သွေးဖျာကာ မျက်နှာလေး ရဲတက်လာတော့သည်။သူမ ပါးပြင်အား မိဘနှစ်ပါးမှ လွဲ၍ ဘယ်သူမှ မနမ်းဘူးပေ။ခုတော့ နေမင်းခန့် နှာခေါင်းချွန်ချွန်လေးမှာ သူမပါးပြင်ထဲ နှစ်မြုတ်နေတော့၏။ကုတင်ပေါ်ထိုင်လျက်အနေထားဖြင့် နေမင်းခန့်အား တွန်းထားရာ သူမ ညာဘက်လက်ဖဝါးလေးထဲ တစုံတခုက ထိကပ်ရင်း မာကျောလာသဖြင့် မျက်လုံးလေး အောက်စိုက်ကြည့်လိုက်မိသည်။

" အိုရ် … နေမင်းခန့် "

" ဗျာ "

နေမင်းခန့်မှာ ပါးစပ်က ထူးသော်လည်း နုနုထွဋ်ခေါင် ပါးပြင်အား အနမ်းမပျက်ပေ။နုနုထွဋ်ခေါင်မှာလည်း ပြောရအခက်ဖြင့် သေချာရန် လက်ကလေးအား ညှစ်ကြည့်လိုက်သည်။ပထမဆုံးအကြိမ် ရှိန်းကနဲ့ ခံစားမှု့လေး ဖြစ်နေမိ၏။

" မင်းဟာ … ကြည့်ဦးကွာ "

" ဟမ် "

နေမင်းခန့်မှာ အနမ်းအာရုံထဲ ရောက်နေကာ ဘောင်းဘီအတွင်းမှ လီးက အမြှောင်းလိုက် တင်းမာနေသည်ကို နုနုထွဋ်ခေါင် ပြောမှ ရိပ်မိတော့သည်။ပေါင်ကြားသို့ကြည့်ရာ နုနုထွဋ်ခေါင်၏ လက်ကလေးမှာ သူ့လီးအား အုက်ကိုင်ထားသည်ကို မြင်တွေ့လိုက်၏။

" ဟာ … ဆောရီးနော် … မမခေါင် "

ဒီတကြိမ် မျက်နှာလေးရဲတက်သွားရသူမှာ နေမင်းခန့် ဖြစ်သည်။နုနုထွဋ်ခေါင်ဘေး ဝင်ထိုင်ရင်း ဘောင်းဘီအား အပေါ်ဆွဲက အမြှောင်းလိုက်ထင်းနေသော လီးအား ဖုံးကွယ်ရန်ကြိုးစားနေ၏။

" ခ်ခ် "

" မမ ကလည်း ဗျာ "

" ဟောတော် … ခေါင် ဘာလုပ်လို့ … မင်းဟာမင်း ဖြစ်နေတာလေ "

နေမင်းခန့်၏ မျက်နှာချောချောလေးမှာ ရဲတွတ်နေကာ နှာခေါင်းဝတွင် ချွေးစေးများ ထလာတော့၏။နုနုထွဋ်ခေါင် တစ်ယောက် ကြိတ်ကြွေနေသော ချစ်သူလေးအား ကြည့်ရင်း ရင်ထဲ ဘဝင်ခိုက်နေရသည်။ခဏ အကြာမှ နေမင်းခန့်လည်း စိတ်သက်သာဟန်ဖြင့် ဟူးကနဲ့ သက်ပြင်ရှည်ကြီး ချလိုက်တော့၏။

" မမခေါင် "

" ရှင့် "

" နက်ဖန် … ရုံးလာတော့ဗျာ "

" ခေါင် က … ခွင့် ၅ ရက် ယူထားတာလေ … ၂ ရက် ကျန်သေးတယ် "

" ဒါဆို … ကျနော် ၂ ရက် လွမ်းရဦးမှာပေါ့ "

" မယ့်လေး … ခါတိုင်း ဂျစ်တီးဂျစ်ကပ်လုပ်ရင် … ဒီမျက်နှာ မဟုတ်ဖူး "

" ခုက … မတူဘူးလေဗျာ "

" ဘာမတူတာလဲ … ရော် "

" ဟာဗျာ … ခု ချစ်သူတွေ ဖြစ်ပြီလေဗျာ "

" အမလေးတော် … အံ့အောပ "

နုနုထွဋ်ခေါင်မှာ စကားပြောပြီတာနှင့် နေမင်းခန့်အား မျက်လုံးရွဲကြီးများနှင့် ဆွေကြည်ကာ ချစ်စဖွယ် မျက်နာလေးအား ချေထားလိုက်သည်။နေမင်းခန့်ရင်ထဲ ဗြောင်းဆန်ကုန်တော့၏။နုနုထွဋ်ခေါင်အား ကြည့်ရင်း အသည်းယားလာကာ လှမ်းဖက်လိုက်တော့သည်။ဒီတကြိမ် အပိုင်တွက်ထားပြီးသားမို့ နေမင်းခန့် ဖက်သည်နှင့် ကိုယ်လုံးအား ရွေ့ကာ ထရပ်လိုက်သည်။မချင့်မရဲ ဖြစ်နေသော နေမင်းခန့်အား လျှာထုတ်ပြကာ မျက်စိတဖက် မှိတ်ပြလိုက်၏။ချက်ချင်း အိပ်ခန်းတံခါးဘက် ပြေးကာ တံခါးဖွင့်ပြီး ပြေးအထွက်…

" ဟဲ့ ဟဲ့ … အမလေး …… သဲရယ် … ကလေး ကျနေတာပဲ "

မိခင်ဖြစ်သူ ဒေါ်နန်းသဇင်ဖြင့် အိပ်ခန်းပြင်ဘက် တန်းတိုးတော့သည်။မိခင်ဖြစ်သူအား ဇက်ကလေးပုပြစဉ် နောက်မှ ပြေးလိုက်လာသော နေမင်းခန့်မှာ လှမ်းဖက်ထားတော့၏။

" လာခဲ့ … ဘယ်ပြေးမလဲ … ဟဲ ဟဲ "

နုနုထွဋ်ခေါင်မှာ နောက်လှည့်မကြည့်ပဲ ညာဘက်လက်လေးဖြင့် လက်ညိုးထိုးပြနေ၏။နေမင်းခန့်မှာ နုနုထွဋ်ခေါင် လက်ညိုးညွှန်တဲ့ဆီ ကြည့်လိုက်ရာ…

" ဟာ … အန်တီ … ကန်တော့နော် ကန်တော့ … မမခေါင် အင်္ကျီမှာ အကောင်ကပ်နေတာ ခါပေးမလို့ပါ "

" ဟေ "

" ဟုတ် … မခါတော့ ပါဘူး … ပြန်လိုက်ပါတော့မယ် "

နေမင်းခန့်မှာ ဒေါ်နန်းသဇင်ရှေ့ ဖေါရှော ရိုက်ကာ မျက်နှာဖြဲလေးနှင့် အိမ်အောက် ဆင်းပြေးတော့သည်။

" နက်ဖန် … ရုံးမသွားခင် အိမ်ဝင်ခဲ့ "

အောင်ဆင်းပြေးသော နေမင်းခန့်အား နုနုထွဋ်ခေါင် လှမ်းအော်ပြောလိုက်တော့သည်။

...........................................................................................................

နောက်ရက်မနက် အစောကြီး နေမင်းခန့်တစ်ယောက် နုနုထွဋ်ခေါင်အိမ်သို့ ရောက်ရှိခဲ့တော့သည်။

" ဘာစားပြီးပြီလဲ "

" မစားသေးပါဘူး … နိုးတာနဲ့ … ရေချိုးပြီး မမခေါင်ဆီ လာခဲ့တာ … ရုံး ၈နာရီ အရောက်ဆိုတော့ တစ်နာရီလောက် အချိန်ရသေးတယ် ခုမှ ၆ခွဲလေ … ဒီကနေ ရုံးမောင်းရင် နာရီဝက်ဆို ရောက်ပါတယ် "

" ခဏစောင့် … ကြက်ဥနဲ့ ပေါင်မုန့် ကြော်ပေးမယ် "

နုနုထွဋ်ခေါင်မှာ နေမင်းခန့်အား ပြောပြီးပြီးချင်း ဧည့်ခန်းတွင်းမှ ထရပ်ကာ မီးဖိုခန်းဘက် လျှောက်လာခဲ့သည်။ပေါင်လယ်သာဖုံးသော ညဝတ်အင်္ကျ ီလေးနှင့် ခါးသေးကျဉ်လေးအောက်မှ တုန်ခါသွားသော ဖင်သားကြီးများအား ကြည့်ရင်း နေမင်းခန့် တစ်ယောက် နုနုထွဋ်ခေါင် နောက်မှ ကပ်လိုက်ခဲ့၏။မီးဖိုခန်းထဲတွင် မတ်တက်ရပ်လျက်လေး ကြက်ဥကြော်နေသော နုနုထွဋ်ခေါင်၏နောက်တွင် ကပ်ထားရင်း ဂုတ်သားဖွေးဖွေးလေးအား နမ်းလိုက်မိသည်။မိန်းမတစ်ယောက်၏ မနက်အိပ်ယာထ ကိုယ်သင်းနံ့လေး ရရှိလိုက်၏။

" ဟိတ် … မနံဘူးလား … ခေါင်က ခုမှအိပ်ရာနိုးတာ "

" မနံပါဘူး … မမခေါင်ရယ် … နောက်ဆို အမြဲရနေမယ့် အနံ့လေး "

နေမင်းခန့်မှာ စကားပြောရင် နုနုထွဋ်ခေါင်ခါးလေးအား နောက်မှ သိုင်းဖက်လိုက်ပြန်သည်။ဂုတ်သားလေးနမ်းနေရာမှ မျက်နှာအား ရှေ့တိုးကပ်ကာ ပါးပြင်လေးအား နမ်းရှိုက်လိုက်၏။နမ်းရင် ကော့ထွက်နေသော ဖင်သားကြီးအား ဖိကပ်ပစ်လိုက်သည်။ခဏအကြာ ပေါင်မုန့်နှင် ကြက်ဥကြော် စားနေစဉ် နုနုထွဋ်ခေါင်မှာ ကောဖီခွက်လေး ကိုင်ကာ ဧည့်ခန်းထဲ ပြန်ဝင်လာခဲ့သည်။

နေမင်းခန့်နှင့် မျက်နှာချင်းဆိုင် ခုံတွင် ဝင်ထိုင်ကာ ကော်ဖီခွက်အား ချပေးလိုက်၏။နေမင်းခန့်က ပေါင်မုန့်စားရင်း နုနုထွဋ်ခေါင်၏ ပေါင်သားဖွေးဖွေးလေးအား လှမ်းကြည့်ရာ မျက်နှာချင်းဆိုင်အနေထားမို့ ပေါင်လယ်ထိသာဖုံးသော အင်္ကျီစကပ်လေးမို့ ပေါင်အတွင်းဘက်ထိ မြင်လိုက်ရသည်။နုနုထွဋ်ခေါင်မှာလည်း နေမင်းခန့်မျက်နှာလေးအား တချိန်လုံးလိုက်ကြည့်နေသူမို့ နေမင်းခန့်မျက်လုံးအစုံက သူမပေါင်ကြားထဲရောက်နေရာ ပေါင်နှစ်ဖက်အား မသိမသာ စိထားလိုက်ရ၏။

" ဟိတ် … နေမင်းခန့် "

" ဝု … ဖလွပ် "

နေမင်းခန်းတစ်ယောက် နုနုထွဋ်ခေါင် ပေါင်ကြားအား ခိုးကြည့်နေစဉ် သူ့နာမည် ခေါ်လိုက်သဖြင့် ပါးစပ်အတွင်းမှ စားလက်စ ပေါင်မုန့်များ သီးကာ ထွက်ကျကုန်တော့သည်။

" ခ်ခ် ခ်ခ် … အစား ကောင်းကောင်း မစားဘူး ဟွန့် "

" ဟာဗျာ "

နုနုထွဋ်ခေါင် စကားကြောင့် နေမင်းခန့် မျက်နှာလေး ရဲတက်လာရ၏။

" ရော့ … ပါးစပ်တွေ သုတ် ……… တူတူ…တူတူ…တူ "

နေမင်းခန့်အား စားပွဲပေါ်မှ တစ်ရှုးလိပ် ပေးလိုက်စဉ် ဖုန်းမြည်သံကြောင့် သူမနောက်ကျောဘက် နံရံကပ် စင်လေးပေါ်မှ အားသွင်းထားသော ဖုန်းအား ထယူလိုက်တော့သည်။

" ဟလို … နုနုထွဋ်ခေါင် စကားပြောနေပါတယ် "

" ကျနော် မိုးစက်ပါ … ရုံးလှမ်းဆက်တာ ခွင့်ယူထားတယ်ဆိုလို့ … ဒီဖုံး ဆက်လိုက်တာပါ "

" အော် … ကိုမိုးစက်လား … ပြော "

နုနုထွဋ်ခေါင်မှာ နေမင်းခန့်အား တချက်ကြည့်ကာ အသံနိမ့်ပြောရင်း ဧည့်ခန်း တောင်ဘက် ပြတင်းပေါက်အနီး လျှောက်သွားလိုက်သည်။နေမင်းခန့်မှာ မိုးစက် နာမည်ကြားတာနှင့် မျက်မှောင်ကြုတ်ကာ နုနုထွဋ်ခေါင် ဖုန်းပြောနေသည်ကို အားစိုက်နားထောင်နေ၏။သို့သော် နုနုထွဋ်ခေါင်မှာ အသံနိမ့်ပြောရင်း ပြတင်းပေါက်ဘက် လျှောက်သွားသဖြင့် ထိုင်နေရာမှ ချက်ချင်း ထရပ်ကာ နုနုထွဋ်ခေါင်နောက်ကျောနား လျှောက်လာခဲ့လိုက်သည်။

နုနုထွဋ်ခေါင်မှာ နောက်ကျောဘက်မှ ခြေသံကြောင့် ကြိတ်ပြုံးလိုက်မိ၏။အမှန်တော့ အလုပ်ကိစ္စပြောနေရာ နေမင်းခန့်ရှေ့မို့ မထိတထိလေး ကလိစနေမိသည်။သူမတွက်ထားသည့်အတိုင်း နေမင်းခန့်မှာ နောက်ကျောဘက်တိုးကပ်လာကာ သူမဗိုက်သားလေးအား သိုင်းဖက်ကာ ခပ်ဖွဖွပွတ်ရင်း ဖုန်းပြောတာ ကပ်နားထောင်နေ၏။

" ဒါပဲနော် … ဆီးယူ … ကိုမိုးစက် ……… ဟမ် ……… အိမ်လာမလို့လား "

နုနုထွဋ်ခေါင်၏ နောက်ဆက်တွဲစကားကြောင့် နေမင်းခန့် မျက်နှာလေးပျက်ကာ ဖက်ထားသော လက်နှစ်ဖက်အား ခွာကာ ချာကနဲ့ လှည့်ထွက်လိုက်တော့သည်။

" ဟဲ့ … နေမင်းခန့် နေဦး "

နုနုထွဋ်ခေါင်ဖုန်းချအပြီး နောက်လှည့်အကြည့် နေမင်းခန့်မှာ အိမ်ပေါက်ဝသို့ ရောက်ရှိနေ၏။မိုးစက် အိမ်လာမည်ပြောသော စကားကြောင့် စိတ်ခုသွားမှန်း ရိပ်မိလိုက်သည်။သူမ အသံကြောင့် ရပ်နေပေမယ့် မျက်နှာက လှည့်မလာပေ။

" ဒီဘက်လှည့် "

ပေကပ်ရပ်နေသော နေမင်းခန့် ပုခုံးအား သူမလက်ဖြင့် ဆွဲလှည့်ကာ မှုံတေတေဖြစ်နေသော မျက်နှာလေးအားကြည့်ရင်း နဖူးအား အနမ်းတစ်ပွင့် ပေးလိုက်တော့သည်။

" သေချာနားထောင် … ခု ရုံးသွား … ရုံးတက်ကြောင်း လက်မှတ်ထိုး … ခေါင်ဖုန်းဆက်တာနဲ့ … ခေါင့် သီးသန့်ခန်းထဲက ကွန်ပျူတာယူပြီး … ဒီပြန်လာခဲ့ "

နုနုထွဋ်ခေါင် စကားဆုံးတော့ နေမင်းခန့်မျက်နှာလေး ပြန်လည်ကြည်လင်လာခဲ့သည်။

" ဟုတ် "

ပြောပြီးသည်နှင့် လှည့်ထွက်ရာ…

" ဟဲ့ … နေဦးလေ … သီးသန့်အခန်းသော့က အိမ်ပေါ်မှာ "

နုနုထွဋ်ခေါင်တစ်ယောက် ကလေးတစ်ယောက်လို အိမ်ပေါ်ပြေးတက်ကာ သော့ယူပြီး ပြန်လာပေးလိုက်တော့၏။သူမပါးပြင်အား ရွှတ်ကနဲ့ နမ်းကာ ထွက်ခွာသွားသော နေမင်းခန့် ကျောပြင်အား ဟူးကနဲ့ သက်ပြင်းရှည် ချလိုက်မိသည်။နေမင်းခန့်တစ်ယောက် မိုးစက်ကိစ္စနှင့် ဂျေဝင်သွားမှာ စိုးရိမ်မိ၏။ပူပူနွေးနွေး ချစ်သူလေးက သဝန်တိုပြလို့ ကျေနပ်မိပေမယ့် စိတ်ခုသွားမှာ ကြောက်နေမိသည်။သူမကိုယ်တိုင် နေမင်းခန့်အား ၃ ရက် မတွေ့ရသဖြင့် ပူလောင်စွာ ခံစားနေရသည့်အဖြစ်ကို သတိရမိလိုက်၏။

....................................................................................................

နေမင်းခန့် တစ်ယောက် ကုမ္ပဏီရောက်သည်နှင့် အလုပ်ဝင်ကြောင်း လက်မှတ်ထိုးကာ ဂနာမငြိမ် ဖြစ်နေရသည်။မိုးစက်များ မမခေါင်အိမ်ရောက်နေပြီလား သူမရှိချိန် ဘယ်လိုတွေများ ဆက်ဆံနေကြလည်း စသည့်အတွေးပေါင်စုံနှင့် စိတ်ရှုတ်နေတော့၏။

" ကိုခန့် "

" ဟင် … မစု … မမခေါင် ဖုန်းဆက်တာလား "

" ဟာ … မမခေါင်က … ခွင့်ယူထားတာလေ … နက်ဖန် တစ်ရက်ကျန်သေးတယ် … ဘာတွေ လာမေးနေတာလဲ "

" အဲဒါဆို … ဘာလဲ … ပြောဟာ "

" ဟောတော် … ကော်ဖီ သောက်ဦးမလား လာမေးတာ … ဘာလို့ အော်နေတာလဲ "

" ဟူးးးး … ဆောရီး … မစုရာ … ငါ့ စိတ်တွေ … ရှုတ်နေလို့ပါ "

ကုမ္ပဏီ ဝန်ထမ်း မစုတစ်ယောက် မျက်လုံးလေးဝိုင်းကာ လှည့်ထွက်သွားတော့သည်။နာရီဝက် အကြာမှ MD ဦးအောင်မိုး ခေါ်ခိုင်းသဖြင့် ရုံးခန်းထဲ ဝင်လာခဲ့လိုက်သည်။

" နေမင်းခန့် … မမလေး သီးသန့်ခန်းထဲက … ကွန်ပျူတာ ယူပြီး အိမ်လာပို့ပေးပါတဲ့ … ထမင်းချိုင့်ပါ ယူခဲ့တဲ့ … ဟိုမှာ အလုပ်အပ်သူက ကိုယ်ပိုင်ဒီဇိုင်း ဆွဲခိုင်းမှာ ထင်တယ် "

" ဟုတ် … MD "

" အေး … သော့ ပေးထားတယ်ဆို "

" ဟုတ် "

နေမင်းခန့်တစ်ယောက်ခုမှ မျက်နှာလေး လန်းလာကာ နုနုထွဋ်ခေါင် သီးသန့်ခန်းထဲမှ ကွန်ပျူတာအား ယူရင်း ကုမ္ပဏီမှ ထွက်ခဲ့လိုက်သည်။ကားလေး လမ်းမပေါ်ရောက်သည်နှင့် နုနုထွဋ်ခေါင်အိမ်သို့ ဦးတည်လိုက်တော့သည်။ဒီနေ့မှ လမ်းသွားလမ်းလာများ ပိုများနေသည်ဟု စိတ်ထဲခံစားနေရ၏။

" တီတီ … တီတီ "

မီးပွိုင့်တခုတွင် မီးစိမ်းသည်နှင့် ရှေ့မှ ဆိုင်ကယ်အား ဟွန်းတီး အချက်ပေးရာ ဆဲခံရသေးသည်။

" ဒါ … အများပိုင်း လမ်းကွ … မင်းအမေလင်လမ်း မဟုတ်ဘူး … အရေးကြီးရင် လေယဉ်နဲ့သွားကွာ "

ဆဲနေသည်ကို မကြားချင်ယောင်ဆောင်ကာ ကွေ့ပတ်ကျော်မောင်းခဲ့လိုက်၏။နောက်ထပ် မီးပွိုင်နှစ်ခု ကျော်မှ နုနုထွဋ်ခေါင်တို့ ရပ်ကွက်ထိပ် ရောက်ရှိလာသည်။ဟွန်း တချက်တီးကာ ကျောက်ခင်းလမ်းအတိုင်း မောင်းဝင်လာရာ နုနုထွဋ်ခေါင် အိမ်ရှေ့သို့ ရောက်ရှိလာသည်။ခြံစောင့်မှ ခြံဝင်းတံခါးဖွင့်ပေးသည်နှင့် မောင်းဝင်ရာ ခြံဝင်း ညာဘက်ဘေး၌ ကားအနက်လေးတစ်စီး ရပ်ထားသည်ကို တွေ့မြင်လိုက်ရ၏။ကားနက်လေး နောက်နား ကားထိုးရပ်ကာ ကွန်ပျူတာအား ပွေ့မှရင်း အိမ်ထဲလျှောက်လာခဲ့သည်။

" ဟော … လာ … နေမင်းခန့် "

နေမင်းခန့် မြင်သည်နှင့် နုနုထွဋ်ခေါင်မှာ လှမ်းပြောနေ၏။နေမင်းခန့်မှာ ကွန်ပျူတာအား စားပွဲခုံပေါ်ချကာ နုနုထွဋ်ခေါင်ဘေး ကပ်ထိုင်လိုက်သည်။မိုးစက်မျက်နှာ အနည်းငယ်ပျက်ကာ နေမင်းခန့်အား အကဲခတ်နေတော့သည်။

" ကဲ … ကိုမိုးစက် … ဒီထဲမှာ ကျမတို့ကုမ္ပဏီရဲ့ … အဆောက်ဦး ဒီဇိုင်း ၃၀၀ကျော် ရှိပါတယ် … မသုံးရသေးတဲ့ … အသစ်တွေပါ "

" အော် … ကျနော်က … ကျနော့် အိုက်ဒီယာနဲ့ … ဆောက်ချင်တာဗျာ … ဒီက ဒီဇိုင်းတွေက ရိုးနေလို့ပါ "

မိုးစက်မှာ နေမင်းခန့်ယူလာသော ကွန်ပျူတာအား မကြည့်ပဲ ချက်ချင်းပြန်ပြောလိုက်သည်။နုနုထွဋ်ခေါင်ရော နေမင်းခန့်ပါ မျက်နှာအနည်းငယ် ပျက်သွားရသည်။အလုပ်အပ်သူမှာ သထိထားရမည့် ပုဂ္ဂုလ်မှန်း သိလိုက်ရ၏။

" ဟုတ်ပါပြီ … ဒါက … ကျမတို့ ကုမ္ပဏီရဲ့ ဂရပ်ဖစ် ဒီဇိုင်းပညာရှင် နေမင်းခန့်ပါ … သူ ကူညီပါလိမ့်မယ် "

" ကျနော် … မိုးစက်ပါ "

နုနုထွဋ်ခေါင် စကားဆုံးသည်နှင့် မိုးစက်မှာ နေမင်းခန့်အား လက်ကမ်းပေးလိုက်သည်။

" ကျနော်က … နေမင်းခန့်ပါ … bro "

နေမင်းခန့် ချွေးစို့လာရသည်။ ခါတိုင်း နုနုထွဋ်ခေါင်ဆွဲပြီးသော ပုံများအား ဘေးမှ လိုအပ်တာ ဖြည့်ပေးရုံလေးသာ။ ခုဟာ သူတတ်သမျှ ပညာ အစွမ်းကုန်သုံးရတော့မည်မှန်း သိရှိလိုက်သည်။ သို့သော် နုန့ထွဋ်ခေါင်ဆီမရောက်ခင် ဖခင်ဖြစ်သူက သင်ကြားထားသဖြင့် စိုးရိမ်စိတ် အနည်းငယ်လောက်သာ ခံစားမိ၏။

" ဟုတ် … ဒါဆို … ကျနော့် မြေကွက်အတွက် … အဆောက်ဦးကုန်ကျစရိတ်လေး တချက်လောက်ဗျာ "


 
အပိုင်း ( ၄ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment